#Local_News
Published_03 Sept 2025
▪️ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ H.E. Mr. Xi Jinping ၏ ဖိတ်ကြားချက်အရ ပေကျင်းမြို့သို့ ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော် မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ စက်တင်ဘာလ ၃ ရက်နံနက်ပိုင်းတွင် ပေကျင်းမြို့၊ Tiananmen ရင်ပြင်၌ ကျင်းပပြုလုပ်သည့် တရုတ်ပြည်သူများ၏ ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ် ဆန့်ကျင်ရေးစစ်ပွဲ အောင်နိုင်ခြင်းနှစ်(၈၀)ပြည့် အထိမ်းအမှတ်စစ်ရေးပြအခမ်းအနားသို့ ပါဝင်တက်ရောက်ခဲ့ကြောင်းသိရသည်။
▪️ အဆိုပါအခမ်းအနားသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ H.E. Mr. Xi Jinping ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နိုင်ငံတကာမှ ဖိတ်ကြားထားသည့် နိုင်ငံ့အကြီးအကဲများ၊ အစိုးရအဖွဲ့များ၊ မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ တရုတ်ပြည်သူများ တက်ရောက်ကြကြောင်း သိရသည်။
▪️ ဦးစွာပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ နှင့် နိုင်ငံတကာမှ တက်ရောက်လာကြသည့် နိုင်ငံ့ခေါင်းဆောင်များသည် တရုတ်ပြည်သူ့သမ္မတ နိုင်ငံဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကိုခံယူပြီး သတ်မှတ်နေရာတွင် နေရာယူကြရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံသမ္မတက တစ်ဦးချင်းရင်းရင်းနှီးနှီးနှုတ်ဆက်ကြကြောင်း သိရသည်။
▪️ ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံ ရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌနှင့် နိုင်ငံတကာမှ တက်ရောက်လာကြ သည့် နိုင်ငံ့ခေါင်းဆောင်များသည် တရုတ်ပြည်သူ့ သမ္မတ နိုင်ငံသမ္မတနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြကြောင်း သိရသည်။
▪️ ယင်းနောက်ဦးစွာပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော် လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် နိုင်ငံတကာမှ တက်ရောက်လာကြသည့် နိုင်ငံ့ခေါင်းဆောင်များသည် တရုတ် ပြည်သူသမ္မတနိုင်ငံသမ္မတ ဦးဆောင်နိုင်ငံ့အကြီးအကဲများ စစ်ရေးပြအခမ်းအနား ကြည့်ရှုမည့် Tiananmen Rostrum ရှုစင်သို့ တက်ရောက်နေရာယူကြကြောင်း သိရသည်။
▪️ ထို့နောက် တရုတ်ပြည်သူများ၏ ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲအောင်နိုင်ခြင်း နှစ် (၈၀)ပြည့် အထိမ်းအမှတ်စစ်ရေးပြအခမ်းအနား အားကျင်းပပြုလုပ်ရာ ဦးစွာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ H.E. Mr. Xi Jinping က မိန့်ခွန်းပြောကြားပြီး စစ်ရေးပြတပ်ဖွဲ့များအား မော်တော်ယာဉ်ဖြင့်လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
▪️ စစ်ရေးပြတပ်ဖွဲ့များက တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ နှင့် တက်ရောက် လာကြသည့် နိုင်ငံ့အကြီးအကဲများအား စစ်ရေးပြအစီအစဉ်အတိုင်း ချီတက်အလေးပြုကြပြီးနောက် နိုင်ငံတော်လုံခြုံရေးနှင့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နိုင်ငံတကာမှ ဖိတ်ကြားထားသည့် နိုင်ငံ့အကြီးအကဲများက တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ H.E. Mr. Xi Jinping ကတည်ခင်းဧည့်ခံသည့် ဂုဏ်ပြုနေ့လည်စာစားပွဲသို့ တက်ရောက်ကြ ကြောင်း သိရသည်။
▪️ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် စစ်ရေးပြ အခမ်းအနားမစတင်မီအချိန်တွင် တရုတ်ပြည်သူများ၏ ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနှင့်ကမ္ဘာ့ဖက်ဆစ် ဆန့်ကျင်ရေးစစ်ပွဲအောင်နိုင်ခြင်း နှစ်(၈၀)ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားသို့ ပါဝင်တက်ရောက် လာကြသည့် နိုင်ငံတကာမှ နိုင်ငံ့ခေါင်းဆောင်များနှင့် တစ်ဦးချင်း ရင်း ရင်းနှီးနှီးတွေ့ဆုံ၍ နိုင်ငံအလိုက်ပူးပေါင်းဆောင်ရွက်နိုင်ရေး ကိစ္စရပ်များကိုရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြောင်း သိရသည်။
#YMG/PP #Yangon_Times
#Local_News
Published 03 Sept 2025
▪️ တောင်ငူမြို့၌ ယနေ့မနက်အစောပိုင်းတွင် မီးလောင်မှု တစ်ခုဖြစ်ပွားခဲ့ကြောင်းသိရသည်။
▪️ စက်တင်ဘာ ၃ ရက်နေ့၊ မနက်၃ နာရီ ၁၅မိနစ် အချိန်ခန့်က ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ အမှတ်(၁၈)ရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွားကြောင်းသိရသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် တောင်ငူမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ Taungoo Rescue ပရဟိတအသင်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မဟာမေတ္တာပရဟိတအသင်းမှ ရေသယ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ မနက်၃ နာရီ ၃၃မိနစ် အချိန်တွင်မီးငြိမ်းခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#World_Science
Published 03 September 2025
▪️ Astigmasaura genuflexa လို့ခေါ်တဲ့ rebbachisaurid sauropod ဒိုင်နိုဆောမျိုးစိတ်တစ်မျိုးကို ရှေးဟောင်းတူးဖော်ရေးသုတေသီများ ပါတာဂိုးနီးယားမှာ တူးဖော်တွေ့ရှိခဲ့ကြပါတယ်။
▪️ လွန်ခဲ့တဲ့ နှစ်ပေါင်း ၉၅ သန်းခန့် ခရီတေးရှပ်စ်ခေတ်နှောင်းပိုင်းအတွင်း ဆော်ရိုပေါ့ဆင့်ကဲပြောင်းလဲပုံကို သိရှိလာစေမှာပါတယ်။
▪️ အဆိုပါ ဒိုင်နိုဆောရုပ်ကြွင်းကို အာဂျင်တီးနားမှာတွေ့ရှိခဲ့တာဖြစ်ပါတယ်။
▪️ ရုပ်ကြွင်းမှတ်တမ်းများရှိရာ တောင်အမေရိကမှ ဆော်ရိုပေါ့ဒိုင်နိုဆော မျိုးစိတ်ကွဲပြားမှုတွေအကြောင်း အခွင့်အလမ်းဖွင့်ပေးသလို ဖြစ်လာမှာပါ။
▪️ ကမ္ဘာပေါ်မှာ ဆော်ရိုပေါ့တွေက အရွက်စားသတ္တဝါတွေကြား ကြီးစိုးခဲ့ချိန် ခရီတေးရှပ်စ်နှောင်းပိုင်းအတွင်း Astigmasaura genuflexa နေထိုင်ခဲ့တာဖြစ်တယ်လို့ တွေ့ရှိထားပါတယ်။
▪️ Astigmasaura genuflexa က အလျား ၁၈ မီတာ၊ အလေးချိန် ၁၀ တန်ကျော်ရှိပြီး ဆော်ရိုပေါ့တွေရဲ့ ခန္ဓာဗေဒ အရေးကြီးအချက်အလက်များ သိရှိစေနိုင်မှာ ဖြစ်ပါတယ်။
▪️ ရုပ်ကြွင်းလက္ခဏာတွေက အခြားဒိုင်နိုဆောတွေနဲ့ယှဉ်ရင် ထူးခြားကွဲပြားတဲ့ လက္ခဏာတွေရှိပါတယ်။
▪️ ဂွန်ဝါနာမှာဆိုရင် ဆော်ရိုပေါ့ဆင့်ကဲပြောင်းလဲခြင်းအတွက် အရေးပါတဲ့နေရာဖြစ်ပြီး ဒီလိုဧရာမသတ္တဝါကြီးတွေဟာ မတူညီတဲ့ပတ်ဝန်းကျင်အလိုက် သဟဇာတဖြစ်အောင် ဘယ်လိုနေထိုင်လဲဆိုတဲ့ အထောက်အထားတွေ တွေ့ရနိုင်ပါတယ်။
▪️ ပါတာဂိုးနီးယားမှာ rebbachisaurid ရုပ်ကြွင်းတွေ မကြာခဏတွေ့ရှိထားကာ သိရှိသမျှမျိုးစိတ်တဝက်ကျော်လောက်က ထိုဒေသကဖြစ်ပြီး ဆော်ရိုပေါ့ ဆင့်ကဲပြောင်းလဲခြင်းလေ့လာချက်တွေအတွက် အရေးပါနိုင်ပါတယ်။
Source: Indian Defence Review.
#World_Science
Published 03 September 2025
▪️ ဗိုင်းရပ်စ်တွေက ကင်ဆာအမျိုးမျိုးကုသရာမှာ အလားအလာများစွာရှိကြောင်း တွေ့ရှိထားပေမယ့်ကိုယ်ခံအားတုံ့ပြန်မှုကြောင့် ထိရောက်မှုကန့်သတ်ခံနေရပါတယ်။
▪️ ယခုအခါတော့ သိပ္ပံပညာရှင်တွေက မျိုးဗီဇပြုပြင်ထားတဲ့ ဘက်တီးရီးယားတွေပါတဲ့ အကာအကွယ်ပါဗိုင်းရပ်စ်တွေက ဒီပြဿနာကို ရှောင်ရှားသွားနိုင်ပြီး ကြွက်တွေမှာ ဆိုးရွားတဲ့ အကျိတ်တွေကြီးထွားလာမှုကို နှောင့်နှေးစေကြောင်း ဖော်ပြလာပါတယ်။
▪️ ကင်ဆာချေဖျက်နိုင်တဲ့ ကုသနည်းတွေ ဗိုင်းရပ်စ်တွေဖြင့် အရေပြား၊ ဦးနှောက်၊ ဦးခေါင်း၊ လည်ပင်းကင်ဆာတို့ ကုသဖို့ကမ္ဘာတဝှမ်းမှာ အသိအမှတ်ပြုထားပါတယ်။
▪️ ဒီနည်းလမ်းက မျိုးဗီဇပြုပြင်ထားတဲ့ ဗိုင်းရပ်စ်တွေကို အကျိတ်တွေထဲ တိုက်ရိုက်ထိုးသွင်းပြီး ပေါက်ထွက်စေကာ ကင်ဆာဆဲလ်တွေ သေစေပါတယ်။
▪️ ဒါပေမဲ့ ခန္ဓာကိုယ်ထဲက နက်ရှိုင်းတဲ့နေရာမှ အကျိတ်တွေထံကိုတော့ မရောက်နိုင်ခင်မှာပဲ ကိုယ်ခံအားစနစ်က အလျင်အမြန် ဖျက်ဆီးပစ်လိုက်ပါတယ်။
▪️ နယူးယော့ခ်ရှိ ကိုလံဘီယာတက္ကသိုလ်မှ ဇက်ခရီဆင်ဂါနဲ့ အဖွဲ့က Salmonella typhimurium ဘက်တီးရီးယားကို မျိုးဗီဇပြုပြင်ပြီး လူသားကင်ဆာဆဲလ်တွေကို သေစေနိုင်တယ်လို့ စမ်းသပ်တွေ့ရှိထားတဲ့ Senecavirus A ဗိုင်းရပ်စ်ရဲ့ မျိုးဗီဇအချက်အလက်ကို သယ်ဆောင်စေပါတယ်။
▪️ ဘက်တီးရီးယားက ဗိုင်းရပ်စ်ကို ကိုယ်ခံအားစနစ်က မတွေ့အောင် ဖုံးကွယ်ပေးထားပြီး လိုအပ်တဲ့နေရာရောက်မှ ကင်ဆာချေဖျက်တဲ့အလုပ်လုပ်စေတယ်လို့ ဆင်ဂါကပြောပါတယ်။
▪️ သုတေသီတွေက ဓာတ်ခွဲခန်းထဲမှာ ကြွက်တွေနဲ့ စမ်းသပ်ရာမှာ ရလဒ်က အံ့အားသင့်ဖွယ်ဖြစ်ခဲ့ပြီး လူသားတွေမှာလည်း အကျိတ်တွေကို ဖယ်ရှားနိုင်မယ်လို့ ယုံကြည်နေပါတယ်။
▪️ ဒါပေမဲ့ လူသားတွေမှာ အသုံးမပြုခင် ကြွက်တွေနဲ့ အခြားမျောက်ဝံမျိုးနွယ်တွေမှာ နောက်ထပ်လေ့လာချက်များပြုလုပ်သင့်ပါတယ်။
Source: News Scientist
၂၀၂၅ ရှန်ဟိုင်းကော်ပရေးရှင်းအဖွဲအစည်း (SCO)ထိပ်သီးအစည်းအဝေးသို့ တက်ရောက်လာတဲ့ နိုင်ငံတကာဧည့်သည်တွေကို ကြိုဆိုဧည့်ခံတဲ့အနေနဲ့ တရုတ်သမ္မတရှီကျင့်ဖျင်နဲ့ ဇနီးဖန်လိယွမ်တို့က တီယန်ကျင်ဆိပ်ကမ်းမြို့မှာ တနင်္ဂနွေနေ့က ဧည့်ခံစားသောက်ပွဲလက်ခံကျင်းပခဲ့ပါတယ်။
#World_Event
Published 02 Sept 2025
#တရုတ်သမ္မတဇနီးမောင်နှံ #ရှန်ဟိုင်းကော်ပရေးရှင်းအဖွဲအစည်း
#YMG #Yangon_Times #Yangon_Media_Group
ကျောင်းချိန်တွင်းနဲ့ ကျောင်းချိန်ပြင်ပမှာခိုက်ရန်ဖြစ်ပွားတဲ့
ကျောင်းသားတွေကိုကျောင်းပြောင်းပြစ်ဒဏ်ချမှတ်သွားမယ်လို့ ပညာရေးဝန်ကြီးဌာနမှသိရပါတယ်။
#Local_News
Published 03 Sept 2025
#ကျောင်းပြောင်းပြစ်ဒဏ်ချမှတ် #ပညာရေးဝန်ကြီးဌာန
#YMG/SW #Yangon_Times
ဆက်တိုက်ကျဆင်းခဲ့တဲ့ ရွှေပြင်ပပေါက်ဈေးဟာ တစ်ပတ်အတွင်းတစ်ကျပ်သားကို ကျပ်နှစ်သိန်းကျော်အထိပြန်လည်မြင့်တက်လာခဲ့တယ်လို့ ရွှေဈေးကွက်အတွင်းက စုံစမ်းသိရှိရပါတယ်။
#Local_News
Published 03 Sept 2025
#ရွှေဈေးတစ်ကျပ်သား #ရွှေ
#YMG/SW #Yangon_Times
ပြည်တွင်းကတင်ပိုတဲ့အိပ်စပို့ဆန်နဲ့ ဆန်ကွဲ ပို့ကုန်တွေကို (၂)ဆတိုးမြှင့်တင်ပို့နိုင်ရေးဆောင်ရွက်နေတယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က သိရပါတယ်။
#Local_News
Published 03 Sept 2025
#ဆန်နှင့်ဆန်ကွဲ #မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်
#YMG/NN #Yangon_Times
#Daily_News
Published 02 Sept 2025
၁။ မျက်စိဝေဒနာရှင်(၂၀၀၀)ကျော်အားအခမဲ့စမ်းသပ် ကုသပေးမည်
၂။ ဆန်နှင့်ဆန်ကွဲ ပို့ကုန် (၂)ဆ တိုးမြှင့်တင်ပို့နိုင်ရေးဆောင်ရွက်နေ
၃။ ရွှေဈေး တစ်ကျပ်သား ကျပ်နှစ်သိန်းကျော်အထိပြန်လည်မြင့်တက်
၄။ (၂၀၂၅)SCOထိပ်သီးအစည်းအဝေးသို့တက်ရောက်လာသောဧည့်သည်တော်များအား တရုတ်သမ္မတဇနီးမောင်နှံဧည့်ခံကြိုဆို... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
သီတဂူစက္ခုဒါနဆေးရုံ (ရန်ကုန်) ရဲ့(၁၄) ကြိမ်မြောက် မျက်စိအလင်းအလှူမှာ မျက်စိဝေဒနာရှင်(၂၀၀၀)ကျော်အားအခမဲ့စမ်းသပ် ခွဲစိတ်ကုသပေးသွားမယ်လို့ သီတဂူစက္ခုဒါနဆေးရုံ(ရန်ကုန်)က သိရပါတယ် ။
#Local_News
Published 03 Sept 2025
#သီတဂူစက္ခုဒါနဆေးရုံ #မျက်စိဝေဒနာရှင်(၂၀၀၀)ကျော်
#YMG/NN #Yangon_Times
#Local_News
Published 02 September 2025
▪️ တရုတ်-အာဆီယံကုန်စည်ပြပွဲ (CAEXPO)တွင် ဒေသထွက် ဟင်းခတ်အမွှေးအကြိုင် ကုန်ပစ္စည်းများအတွက် နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးနိုင်ရေးဆောင်ရွက်နေကြောင်း ယမန်နေ့က ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြုလုပ်သည့်တရုတ်-အာဆီယံ ကုန်စည်ပြပွဲ (22nd CAEXPO)တွင် မြစ်ကြီးနားမြို့အား နှစ်လိုဖွယ်မြို့အဖြစ် ပါဝင်ပြသနိုင်ရေး ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ MSME စီးပွားရေးလုပ်ငန်းရှင်များနှင့် ညှိနှိုင်းဆွေးနွေးပွဲမှ သိရသည်။
▪️ အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မြစ်ကြီးနားမြို့အား နိုင်ငံကိုယ်စားပြု နှစ်လိုဖွယ်ရာမြို့အဖြစ် ဂုဏ်ယူစွာပြသသွားရမည်ဖြစ်သည့်အပြင် ဒေသထွက်ဟင်းခတ်အမွှေးအကြိုင် ကုန်ပစ္စည်းများအတွက် နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးနိုင်ရေး ကိုလည်း စီစဉ်ဆောင်ရွက်ထားရှိကြောင်း၊ ထို့ကြောင့် ယနေ့လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဆပ်ကော်မတီတာဝန်ရှိသူများ၊ လုပ်ငန်းရှင်များအနေဖြင့် လိုအပ်သည်များ၊ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးရမည့်ကိစ္စရပ်များရှိပါက ပွင့်ပွင့်လင်းတင်ပြကြစေလိုကြောင်း ပြောကြားခဲ့သည်။
▪️ တရုတ်-အာဆီယံကုန်စည်ပြပွဲတွင် မြစ်ကြီးနားမြို့ကို နှစ်လိုဖွယ်ရာမြို့အဖြစ် ပြသဆောင်ရွက်သွားမည့် အစီအစဉ်များတွင် နှစ်လိုဖွယ်ရာမြို့ မိတ်ဆက်ဗီဒီယိုကလစ်များလည်းပါဝင်ကြောင်း၊ ထို့ပြင် MSME လုပ်ငန်းရှင်များကလည်း ကုန်စည်ပြပွဲအတွင်း ဒေသထွက်ဟင်းခတ်အမွှေး အကြိုင်များအပါအဝင် ကုန်စည်ပစ္စည်းများလည်းပါဝင်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 02 September 2025
▪️ ကျန်းမာရေးဝန်ကြီးဌာနမှ အပတ်စဉ်စစ်ဆးထုတ်ပြန်ပေးနေသည့်ကိုဗစ် - ၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ သုံးပတ်ဆက်တိုက်မတွေ့ရှိရကြောင်း သိရသည်။
▪️ ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ် ကြည့်ရှုခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ (၂၄-၈-၂၀၂၅)ရက်နေ့၊ ည (၈:၀၀) နာရီမှ (၃၁-၈-၂၀၂၅) ရက်နေ့၊ ည (၈:၀၀) နာရီအထိ ရက်သတ္တပတ်အတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း ၁၃၆၀ ခုအား စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ်မတွေ့ရှိရကြောင်း၊ အစီရင်ခံကာလအတွင်း ပြင်းထန်လူနာ၊ အထူးကြပ်မတ်ကုသမှုပေးရသော လူနာနှင့် ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးလူနာမရှိကြောင်း ထုတ်ပြန်ထားသည်။
▪️ လတ်တလောတွင် မိမိတို့နိုင်ငံအတွင်း၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွား/သေဆုံးမှုနှင့် စပ်လျဉ်း၍ စိုးရိမ်ဖွယ်ရာအခြေအနေ မရှိသော်လည်း ရောဂါဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် တစ်ကိုယ်ရေကာကွယ်ရေး နည်းလမ်းများကို လိုက်နာဆောင်ရွက်ရန် လိုအပ်ပြီး ရောဂါကူးစက်ခံရပါက ရောဂါပြင်းထန်နိုင်ခြေနှင့် အသက် ဆုံးရှုံးနိုင်ခြေမြင့်မားသည့်အသက်အရွယ်ကြီးသူများ (အသက် ၆၀ နှစ်နှင့်အထက်)၊ဆီးချိုရောဂါ၊ နာတာရှည်အဆုတ်ရောဂါ၊ ကင်ဆာရောဂါရှိသူများ၊ကိုယ်ဝန်ဆောင်မိခင်များ (ကိုယ်ဝန်ဆောင်ကာလ ၃ လနှင့်အထက်)ကို ဦးစားပေးအစီအစဉ်ဖြင့် ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ် ဆေးထိုးနှံပေးနေပြီဖြစ်ရာ ကာကွယ်ဆေးထိုးနှံမှုခံယူကြရန် လိုအပ်ကြောင်း၊ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသေးစိတ်သတင်းအချက်အလက် များကို ကျန်းမာရေးဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာ moh.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း မြန်မာနိုင်ငံရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာန(Myanmar CDC) ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားသည်။
#YMG/SW #Yangon_Times
Page 58 of 1815