ယခုလမှစတင်ကာစက်မှုနှင့် စီးပွားရေးလုပ်ငန်းများကို ဓါတ်အားခနှုန်းထားသစ် တစ်ယူနစ်လျှင် ကျပ် ၉၀၀ နှုန်းတိုးမြှင့်ကောက်ခံမှာဖြစ်သော်လည်းပြည်သူလူထုသုံးစွဲနေသော အိမ်သုံးမီတာဓာတ်အားခနှုန်းထားများကို ယခင်နှုန်းထားအတိုင်းသာကောက်ခံသွားမှာဖြစ်တယ်လို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ သိရပါတယ်။
#Local_News
Published 05 February 2026
#လုပ်ငန်းသုံးမီတာခ #အိမ်သုံးမီတာ
#YMG/SW #Yangon_Times
သီတဂူစက္ခုဒါနဆေးရုံ (ရန်ကုန်) ၁၆ ကြိမ်မြောက်မျက်စိအလင်းအလှူအဖြစ်မျက်စိဝေဒနာရှင်၁၆၀၀အား မျက်စိအလင်းအလှူတော်ပေးနေ တယ်လို့ အဆိုပါဆေးရုံကသိရပါတယ်။
#Local_News
Published 05 February 2026
#မျက်စိဝေဒနာရှင် #သီတဂူစက္ခုဒါနဆေးရုံ
#YMG/NN #Yangon_Times
မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေများနှင့် ကိုက်ညီတဲ့ ဖွံဖြိုးတိုးတက်မှုလမ်းစဉ်အတိုင်း ဆောင်ရွက် နေမှုကို တရုတ်နိုင်ငံက ထောက်ခံတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ လင်ကျန့်က ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့ပါတယ်။
#Local_News
Published 05 February 2026
#မြန်မာနိုင်ငံ #တရုတ်
#YMG/KNL #Yangon_Times
#Local_News
Published 05 February 2025
▪️ နေပြည်တော်ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး စေတီတော်လိုဏ်အတွင်း၌ ကျင်းပသော ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဓာတ်လှေကားအသစ်နှစ်စင်းတပ်ဆင်ရန် လှူဒါန်းခဲ့ကြောင်းသိရသည်။
▪️ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ နေပြည်တော်စည်ပင်သာယာရေး ကော်မတီဝင် (၁) ဦးထွန်းထွန်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဂေါပကအဖွဲ့ဝင်များ၊ အလှူရှင်များနှင့် တာဝန်ရှိသူများသည် ဖေဖော်ဝါရီလ ၃ရက်နေ့ မနက်ပိုင်းက နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးရင်ပြင်တော်ပေါ်သို့ရောက်ရှိပြီး ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သော ရင်ပြင်တော်ကြံ့ခိုင်ရေးလုပ်ငန်းများ၊ မြေထိန်းနံရံကြံ့ခိုင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
▪️ ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းများနှင့်ပတ်သက်၍ နေပြည်တော်စည်ပင်သာယာရေး ကော်မတီဝင် (၁) ဦးထွန်းထွန်းက ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်မှာကြားပြီးနောက် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး စေတီတော်လိုဏ်အတွင်း၌ ကျင်းပသော ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဓာတ်လှေကားနှစ်စင်းအသစ်တပ်ဆင်ရန်အတွက် အလှူငွေပေးအပ်လှူဒါန်းပွဲသို့ တက်ရောက်ကြသည်။
▪️ ပြည်ထောင်စုဝန်ကြီးနှင့် အလှူရှင်များက စေတီတော်လိုဏ်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်အား ပန်းရေချမ်းဆက်ကပ်လှူဒါန်းကြပြီးနောက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ၏ စီစဉ်မှုဖြင့် Aeon Co.,Ltd. (Japan) မှ အသင်းသား အသင်းသူများ၊ အလှူရှင်များကိုယ်စား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) မှ ဦးဆန်းလင်းက ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးတွင် ဓာတ်လှေကားနှစ်စင်းအသစ်တပ်ဆင်ရန်အတွက် အလှူငွေလှူဒါန်းရခြင်းနှင့် ပတ်သက်၍ရှင်းလင်းပြောကြားသည်။
▪️ ထို့နောက်အလှူရှင်များကိုယ်စား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) မှ ဦးဆန်းလင်း၊ ဦးတင်ကိုကိုနှင့် ဦးအောင်ကြည်စိုးတို့က ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးတွင် ဓာတ်လှေကားနှစ်စင်း အသစ်တပ်ဆင်ရန်အတွက် အလှူငွေလှူဒါန်းရာ ပြည်ထောင်စုဝန်ကြီးနှင့် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးဂေါပကအဖွဲ့ အလှည့်ကျသဘာပတိဦးထွန်းကြည်တို့က လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ကာ ပြည်ထောင်စုဝန်ကြီးက ကျေးဇူးတင်စကားပြောကြားသည်။
▪️ ထို့အပြင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် နေပြည်တော်ဇမ္ဗူသီရိမြို့နယ် မဟာဝိဇိတာရုံ ပရိယတ္တိစာသင်တိုက်သို့ သွားရောက်၍ ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သော ဘိုးမင်းချမ်းသာစေတီတော် ပြန်လည်ပြုပြင်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားသည်။
▪️ ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် နေပြည်တော်ဇမ္ဗူသီရိမြို့နယ် မဟာဝိဇိတာရုံ ပရိယတ္တိစာသင်တိုက် ဓမ္မာရုံ၌ ကျင်းပသော ဘိုးမင်းချမ်းသာ စေတီတော်မြတ်ကြီး ပြန်လည်ပြုပြင်ရန်အတွက် အလှူငွေပေးအပ်လှူဒါန်းပွဲသို့ တက်ရောက်ကြရာ မဟာဝိဇိတာရုံ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဉာဏိဿရထံ ပြည်ထောင်စုဝန်ကြီးနှင့် အလှူရှင်များက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ၏ စီစဉ်မှုဖြင့် ဂျပန်နိုင်ငံအခြေစိုက် Aeon Co.,Ltd. မှ အလှူရှင်များ ကိုယ်စား အလှူရှင်ဦးဆန်းလင်းက လှူဒါန်းမှုများနှင့် ပတ်သက်၍ ရှင်းလင်းလျှောက်ထားပြီး အလှူရှင်များကိုယ်စား အလှူရှင် ဦးဆန်းလင်း၊ ဦးတင်ကိုကိုနှင့် ဦးအောင်ကြည်စိုးတို့က မဟာဝိဇိတာရုံကျောင်းတိုက်အတွင်းရှိ ဘိုးမင်းချမ်းသာဘုရား ပြန်လည်ပြုပြင်ရန်အတွက် အလှူငွေလှူဒါန်းရာ သာသနာရေးဦးစီးဌာန နေပြည်တော်သာသနာရေးမှူး ညွှန်ကြားရေးမှူး ဦးထွန်းမြင့်အောင်နှင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်တို့က အလှူငွေများ လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ကာ မဟာဝိဇိတာရုံကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တဉာဏိဿရက ကျေးဇူးတင်ကြောင်းမိန့်ကြားခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
❗️❗️❗️❗️❗️❗️
ပြည်ထောင်စုလွှတ်တော်
နိုင်ငံရေးပါတီများ/တပ်မတော်သားအစုအဖွဲ့/တစ်သီးပုဂ္ဂလ နေရာရရှိမှု
ရန်ကုန်- ၅ ဖေဖော်ဝါရီ ၂၀၂၅
#World_News
Published 05 February 2026
■ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နာမည်ကျော် စူးစမ်းလေ့လာရေးသမား ခရစ္စတိုဖာကိုလံဘတ်စ်ရဲ့ ရုပ်တုကို အိမ်ဖြူတော်အနီး ထားရှိဖို့ လုပ်ဆောင်နေပါတယ်။
■ အီတလီအမေရိကန် အဖွဲ့အစည်းယူနိုက်တက်ရဲ့ ဥက္ကဌ၊ မယ်ရီလန်းလော်ဘီ ဂျွန်ပီကာက သူတို့အဖွဲ့ဟာ ရုပ်တုကို ပိုင်ဆိုင်ပြီး အိမ်ဖြူတော်အနီး ရုပ်တုထားရှိဖို့ ဖက်ဒရယ်အစိုးရထံ ငှားသွားဖို့ သဘောတူထားကြောင်း ပြောပါတယ်။
■ အိမ်ဖြူတော်က ကိုလံဘတ်စ်ရုပ်တုတစ်ခု ရှာဖွေနေတာကို ကြားသိပြီးနောက် ယင်းတို့ဟာ မဲခွဲဆုံးဖြတ်ပြီး အိမ်ဖြူတော်ထံ ရုပ်တုပေးပို့ဖို့ တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြကြောင်း ပီကာက အင်တာဗျူးမှာ ပြောထားကာ ဗုဒ္ဓဟူးနေ့မှာ ငှားရမ်းသဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ပါတယ်။
■ ရုပ်တုတပ်ဆင်မယ့် အချိန်အတိအကျကို သေချာမသိပေမယ့် နှစ်ပတ်အတွင်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
■ ရုပ်တုကို ဆိပ်ကမ်းကနေ သယ်ယူပြီးနောက် နေရာအသစ်မှာ ထားရှိဖို့ အီတလီအမေရိကန်အဖွဲ့နဲ့ လုပ်ဆောင်နေကြောင်း မယ်ရီလန်းပြည်နယ်မှ ရီပတ်ဘလစ်ကန် ဒယ်နီနိုမန်ဂီယွန်က ပြောပါတယ်။
■ ထရမ့်က အမေရိကန်သမိုင်းရဲ့ ယဉ်ကျေးမှုတစ်ရပ်ကို ထိန်းသိမ်းရန် အားထုတ်နေတဲ့ အစီအစဉ်တွေထဲက တစ်ခုဖြစ်ပြီး ကိုလံဘတ်စ်ကို သူရဲကောင်းပုဂ္ဂိုလ်အဖြစ် သတ်မှတ်ချင်နေတာပါ။
■ ဒါဟာ နှစ်ပေါင်း ၂၅၀ ပြည့် လွတ်လပ်ရေးကြေညာချက်နဲ့ တိုက်ဆိုင်နေပြီး တိုင်းရင်းလူမျိုးခြားများနေ့ အသိအမှတ်ပြု ပြောင်းလဲလာရေးကို ဆန့်ကျင်သလို ဖြစ်နေပါတယ်။
■ ကိုလံဘတ်စ်ဟာ တိုင်းရင်းပြည်သူများ လူမျိုးသုဉ်းသတ်ဖြတ်ရေးနဲ့ စူးစမ်းစွန့်စားမှုကို ကိုယ်စားပြုတယ်လို့ ဝေဖန်သူတွေ ပြောနေကာ အငြင်းအခုံ ဖြစ်နေကြပါတယ်။
Source: AP News
#World_Health
Published 05 February 2026
■ ကျန်းမာရေးညီညွတ်စွာ စားသောက်တယ်ဆိုတာက စားလိုက်တဲ့ ကယ်လိုရီနဲ့ သုံးစွဲတဲ့စွမ်းအင် မျှခြေဖြစ်နေဖို့ လိုပါတယ်။
■ လိုအပ်တဲ့အာဟာရတွေ ရရှိဖို့အတွက် အမျိုးမျိုးသော အစားအစာတွေ စားသုံးပေးရပါမယ်။
ကျန်းမာရေးနဲ့ ညီညွတ်စွာ စားသောက်နိုင်ဖို့ အခြေခံ ၈ ချက်ကို ဖော်ပြထားပါတယ်။
■ (၁) အာလူး၊ ပေါင်မုန့်၊ ထမင်း၊ ပါစတာ၊ အုတ်ကွေကာတို့လို ကစီကာဗိုဟိုက်ဒရိတ်တွေနဲ့ အမျှင်ဓာတ်များတဲ့ စားစရာတွေကို တစ်ပန်းကန်ရဲ့ ၃ ပုံ ၁ ပုံပါဝင်အောင် စားသင့်ပြီး ဒါတွေက ဗိုက်ပြည့်ဝနေစေပါတယ်။
■ (၂) နေ့တိုင်း သစ်သီးနဲ့ဟင်းရွက်တွေကို ၅ ကြိမ်ခန့် စားသင့်ပြီး ဖျော်ရည်ဆိုရင်တော့ တစ်နေ့တစ်ခွက်ထက် ပိုမသောက်သင့်ပါဘူး။
■ (၃) အဆီပါတဲ့ငါးတွေမှာ အိုမီဂါ-၃ ဖက်တီးအက်ဆစ်ပါဝင်ကာ နှလုံးရောဂါကို ကာကွယ်ပေးနိုင်ပြီး တစ်ပတ်ကို နှစ်ကြိမ်ခန့် စားသင့်ပါတယ်။
■ (၄) ပြည့်ဝဆီနဲ့ မပြည့်ဝဆီဆိုပြီး ရှိတဲ့နေရာမှာ ပြည့်ဝဆီစားတာများရင် သွေးထဲကိုလက်စထရောတွေ တက်စေပြီး နှလုံးရောဂါ ဖြစ်နိုင်ခြေများစေပြီး သကြားစားတာများရင်လည်း အဝလွန်ခြင်းနဲ့ သွားပိုးစားခြင်းတို့ ဖြစ်နိုင်တာကြောင့် ဒါတွေကို လျှော့ချသင့်ပါတယ်။
■ (၅) ဆားများလွန်းရင် သွေးပေါင်ချိန်တိုးနိုင်ပြီး နှလုံးရောဂါနဲ့ လေဖြတ်ခြင်းတို့ ဖြစ်နိုင်တာကြောင့် လူကြီးတွေဟာ တစ်နေ့ကို ဆား ၆ ဂရမ်ထက် ပိုမစားသင့်ပါဘူး။
■ (၆) ပုံမှန်လေ့ကျင့်ခန်းလုပ် လှုပ်ရှားပေးပါက ကျန်းမာရေးပြဿနာတွေ ကင်းဝေးနိုင်ပြီး ကိုယ်အလေးချိန် လျှော့ချမယ်ဆိုရင် အစားလျှော့စားကာ ပိုမိုလှုပ်ရှားနေရမှာ ဖြစ်ပါတယ်။
■ (၇) တစ်နေ့ကို ရေ ၆ ခွက်မှ ၈ ခွက်အထိ သောက်သုံးသင့်ပြီး ရေဓာတ်ပြည့်ဝအောင်နေသင့်ကာ အချိုရည်လို အအေးတွေကိုတော့ ရှောင်ရှားသင့်ပါတယ်။
■ (၈) အမျှင်ဓာတ်များပြီး အဆီ၊ အချို၊ အငန်နည်းတဲ့ မနက်စာစားသုံးခြင်းဖြင့် အာဟာရဓာတ်မျှတစေပြီး ကျန်းမာရေးအထောက်အကူ ဖြစ်စေတာကြောင့် မနက်စာမစားဘဲ မနေသင့်ပါဘူး။
Source: NHS
#World_Health
Published 05 February 2026
■ နေထိုင်မှုစားသောက်မှုပုံစံထဲက အိပ်စက်ခြင်း၊ အစားအစာ၊ လေ့ကျင့်ခန်းဆိုတဲ့ ကဏ္ဍသုံးမျိုးကို အနည်းဆုံးပြောင်းလဲရုံဖြင့် ကျန်းမာရေးတစ်ခုလုံး အပြောင်းအလဲကြီး ဖြစ်နိုင်တယ်လို့ သုတေသနဦးဆောင်သူ နီကိုလတ်စ်ကိုမဲလ်က ပြောပါတယ်။
■ အပြုအမူ အနည်းငယ်ဆုံး ပြောင်းလဲမှုတွေက သက်ရှည်ကျန်းမာဖို့ များစွာသက်ရောက်နိုင်ပါတယ်။
■ (၁) အိပ်စက်ခြင်း
ကျန်းမာရေးအညံ့ဆုံးသူတွေဟာ တစ်နေ့ကို ၅ နာရီခွဲခန့်သာ အိပ်ကြပြီး နောက်ထပ် ၃ နာရီထပ်အိပ်ရုံဖြင့် တိုးတက်စေနိုင်ပါတယ်။
နီကိုလတ်စ်ကလည်း အိပ်ချိန်ပိုလိုအပ်ပေမယ့် ပုံမှန်အိပ်ချိန်နှောင့်ယှက်ဖြစ်မှာကို စိုးရိမ်နေပါတယ်။
မနက်ပိုင်းမှာ ပိုအိပ်ဖို့ကြိုးစားပေမယ့် နဂိုနိုးနေကျအချိန်မှာပဲ နိုးလာတယ်လို့ ဆိုပါတယ်။
■ (၂) စားသောက်ပုံစံ
လေ့လာချက်အရ စားသောက်ပုံ အညံ့ဆုံးသူတွေဟာ တစ်နေ့ကို ဟင်းသီးဟင်းရွက်တွေ ထပ်ထည့်စားပေးပါက ၁ နှစ်လောက်ပိုပြီး အသက်ရှည်စေနိုင်ပါတယ်။
ဒါဟာ ပန်းသီးတစ်လုံးစာနဲ့ ညီမျှကာ နေ့လယ်စာစားပြီးနောက် မွန်းလွဲအချိန်မှာ စားသုံးဖို့ အသင့်ဆုံးဖြစ်ပါတယ်။
■ (၃) လေ့ကျင့်ခန်း
လေ့ကျင့်ခန်းမလုပ်တဲ့သူတွေမှာ တစ်နေ့ကို ၂ မိနစ်လောက် လေ့ကျင့်ခန်းလုပ်နိုင်ဖို့ ဘယ်လိုလုပ်ရမလဲ။
နီကိုလတ်စ်ကတော့ ကြိုးခုန်တတ်သလို မွန်းလွဲပိုင်းမှာ ခွေးနဲ့အတူ လမ်းလျှောက်ပြေးလွှားပါတယ်။
Source: The Guardian.
တရုတ်ထိပ်သီးသံတမန် ဝမ်ယိက တနင်္ဂနွေနေ့က ပေကျင်းမှာ ရုရှားဖက်ဒရေးရှင်းလုံခြုံရေးကောင်စီအတွင်းရေးမှူး ဆာဂေးရှိဂူနဲ့ တွေ့ဆုံခဲ့ပါတယ်။
#World_Politics
Published 04 February 2026
#တရုတ် #ရုရှား
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 04 February 2026
၁။ စံသတ်မှတ်ချက်နှင့်ကိုက်ညီမှုမရှိသည့် ဒီဇယ်တင်သင်္ဘောကို ပြန်လည်စေလွှတ်
၂။ ပြည်ပပို့ ပြောင်းဈေးများမြင့်တက်လာပြီး ပြည်တွင်းဈေးပါမြင့်တက်
၃။ Rice Export Zone ဧက (၄၁၀၀)ကျော်အတွက် ကျပ်သိန်းပေါင်း ၈,၀၀၀ ကျော်ပေးအပ်
၄။ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့်ရုရှားဖက်ဒရေးရှင်းလုံခြုံရေးကောင်စီအတွင်းရေးမှုးတိုမဟာဗျူဟာမြောက်ဆွေးနွေး... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ(၂၀၂၅-၂၆)
အမျိုးသား လွှတ်တော်တွင် နိုင်ငံရေးပါတီအလိုက် အမတ်နေရာများရရှိမှုအခြေအနေ
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ(၂၀၂၅-၂၆)
အမျိုးသား လွှတ်တော်တွင် နိုင်ငံရေးပါတီအလိုက် အမတ်နေရာများရရှိမှုအခြေအနေ
Page 58 of 1950