ပြည်တွင်းမှ ထွက်ရှိတဲ့ ဆန်စပါးတွေကို ပြည်ပသို့တင်ပို့ရောင်းချရာမှာ နှစ်စဉ်ဒေါ်လာသန်းတစ်ထောင်နီးပါးရရှိနေတယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဌ ဦးရဲမင်းအောင်ကပြောပါတယ်။
#Local_News
Published 25 December 2025
#ဆန် #ဆန်စပါး
#YMG/SW #Yangon_Times
အဆိုပါ ကျိုင်းတုံရေတံခွန် ပန်းပွဲတော်ကို ပထမဦးဆုံးအကြိမ်အဖြစ် ပြုလုပ်နေတာဖြစ်ပြီး ဒီဇင်ဘာလ ၂၄ ရက်ကနေ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၈ ရက်အထိ ၁၆ ရက်ကြာ ကျင်းပသွားမယ်လို့ဆိုပါတယ်။
#Local_News
Published 25 December 2025
#ကျိုင်းတုံရေတံခွန် #ပန်းပွဲတော်
#YMG/NN #Yangon_Times
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက အတက်ကြမ်းခဲ့တဲ့ ကမ္ဘာ့ရွှေဈေးဟာဒီကနေ့မှာတော့ တစ်အောင်စကို အမေရိကန်ဒေါ်လာ ၄၄၇၉ အထိရှိနေပြီး သုံးရက်တာအတွင်း ၁၅ဒေါ်လာအထိ ပြန်လည်ကျဆင်းလာပါတယ်။
#Local_News
Published 25 December 2025
#ရွှေ
#YMG/NN #Yangon_Times
#Daily_News
Published 25 December 2025
၁။ ကျိုင်းတုံရေတံခွန် ပန်းပွဲတော်ကျင်းပနေ
၂။ ပြည်ပသို့ဆန်တင်ပို့မှုမှ နှစ်စဉ်ဒေါ်လာသန်းတစ်ထောင်ခန့်ရရှိနေ
၃။ ဆီတင်သွင်းသည့်ကုမ္ပဏီများအား ဒေါ်လာခုနှစ်သိန်းကျော် ဗဟိုဘဏ်ထုတ်ရောင်းပေး
၄။ အမေရိကန်၏ဖိအားပေးမှုကြောင့်ဗင်နီဇွဲလားများ နေရပ်ပြန်ခက်ခဲလာနေ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 25 December 2025
▪️ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနဒုတိယဝန်ကြီး ဒေါ်နုမြဇံ မြနန်းစံကျော် ရွှေနန်းတော်နှင့် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ရှေးဟောင်းစေတီဘုရားများ ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
▪️ ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် ယမန်နေ့နံနက်ပိုင်းတွင် မြနန်းစံကျော်ရွှေနန်းတော်ရှိ နန်းဆောင်များ ဆေးသုတ်ခြင်း၊ အမွှမ်းပန်းများ ထိန်းသိမ်းခြင်း၊ မြေနန်းပြာသာဒ်ဆောင်တွင် ယွန်းကြိုးထိုးခြင်း၊ ဝေါကြီးရိပ်ဝှဲ (ခြင်္သေ့ခံ) ပုံစံတူပြုလုပ်ပြသခြင်း၊ ရွှေတိုက်ဆောင်၊ မှန်နန်းဆောင်နှင့် ဘုရင့်အိပ်ခန်းဆောင်ရှိ နန်းသုံးပစ္စည်းများ ခင်းကျင်းပြသထားမှုများကို ကြည့်ရှုစစ်ဆေးသည်။
▪️ ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက မြနန်းစံကျော် ရွှေနန်းတော် မြေနန်းပြာသာဒ်ဆောင်ရှိ ငလျင်ကြောင့် ပျက်စီးသွားသော ပိုက်ကွက်များကို အသစ်ပြန်လဲရန်၊ ဝေါကြီးရိပ်ဝှဲ (ခြင်္သေ့ခံ) ပုံစံတူ ခင်းကျင်းပြသပြီးပါက ဝေါအသုံးပြုသည့်အဆင့်အလိုက် ရှင်းလင်းချက်စာသားအား ပြည့်စုံစွာရေးသားပြသရန်၊ ဝေါအပေါ်ပိုင်းကို သံအသုံးပြုမည်ဆိုပါက သံချေးမတက်သော အောက်ခံဆေးသုတ်လိမ်းပြီး အပေါ်မှသစ်သားများ ကာရံဆောင်ရွက်ရန်၊ ဝေါပေါင်လုံးအရှည်ကို ပုရပိုက်ပါအတိုင်းအတာအတိုင်း ဆောင်ရွက်ရန်၊ ဝေါကြီးရိပ်ဝှဲပုံစံတူပြသပြီးပါက ဘေးတွင် ပွတ်လုံးတိုင်အရံအတား ပြုလုပ်ထားရှိရန်၊ ရွှေတိုက်ဆောင်အုတ်နံရံဆေးများအား ညီညာအောင် ဆေးသုတ်ရန်၊ မှန်နန်းဆောင်တွင် ထားရှိသည့် ထီးတိုင်ဒေါက်အား ဆေးပြန်လည်သုတ်ရန်၊ မှန်နန်းဆောင် အိပ်ဆောင်ခန်းတွင် ပြသထားသည့် ယပ်ရိုးရှည်အား အကြီးပြုလုပ်ပေးရန်နှင့် သလွန်အောက်ခံကတ္တီပါကော်ဇောအား လဲလှယ်သွားရန်မှာကြားသည်။
▪️ ယင်းနောက် ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် ရွှေနန်းတော်ကျောင်းသို့ ရောက်ရှိပြီး ရှေးဟောင်းသစ်သားဘုန်းတော်ကြီးကျောင်းဖြစ်သည့်အတွက် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆောင်ရွက်ထားရှိမှုများ၊ ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် လှေကားငါးစင်း ပြုပြင်ထိန်းသိမ်းမှုများကို ကြည့်ရှုစစ်ဆေးပြီး မဟာအတုလဝေယံ (အတုမရှိ) ကျောင်းတွင် ကိန်းဝပ်စံပယ်တော်မူသော စူဠာမုနိရုပ်ရှင်တော်မြတ်အား ဖူးမြော်ကြည်ညိုကာ ဂေါပကအဖွဲ့အား နဝကမ္မအလှူငွေများ ပေးအပ်လှူဒါန်းသည်။
▪️ ထို့နောက် ဒုတိယဝန်ကြီးသည် ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မဟာလောကမာရဇိန် ကုသိုလ်တော်ဘုရား ထိခိုက်ပျက်စီးမှုများကိုလည်းကောင်း၊ နန်းမြေဘုံသာ စံနန်းတော်ရာ စန္ဒာမုနိဘုရားနှင့် ဂန္ဓကုဋိတိုက်တို့၏ ထိခိုက်ပျက်စီးမှုများကို ဂေါပကအဖွဲ့မှ အများပြည်သူလှူဒါန်းမှုဖြင့် ဆောင်ရွက်နေစဉ် ဘုရားနှင့် ဗုဒ္ဓရုပ်ပွားတော်အကြား ယခင်ကနောင်မင်းသားအုတ်ဂူတည်ရှိသည့်နေရာတွင် ဘုရားပြုပြင်ရန် မြေကျင်းတူးရာမှ ကျင်းအတွင်း၌ အောက်ခံဖန်ကလပ်ပေါ်တွင် အဖုံးပါငွေဖရုံတုံးပုံစံအိုးအတွင်း လူအရိုးအိုးဟု ယူဆရသော အရိုးစအနည်းငယ်နှင့် အံသွားတစ်ချောင်းတို့ကို တွေ့ရှိခဲ့သည့် နေရာတို့ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး စန္ဒာမုနိစေတီတော်အား မူလလက်ရာမပျက် ပြုပြင်ထိန်းသိမ်းသွားရန် မှာကြားသည်။
▪️ ဆက်လက်၍ မွန်းလွဲပိုင်းတွင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန မန္တလေးဌာနခွဲ ဝန်ထမ်းအိမ်ရာဖြစ်သည့် ပယ်ပုံတော်ဝင်းသို့ ရောက်ရှိပြီး အမရပူရမြို့နန်းတည် ဘိုးတော်ဘုရားခေါ်ဗဒုံမင်းသည် နိုင်ငံတော်အတွင်း ဒေသဌာနကိုလိုက်၍ လယ်ယာမြေနှင့် သက်ဆိုင်သော ကိစ္စရပ်များတွင် ဘုရင်မင်းမြတ် ပိုင်ဆိုင်သည့် မြေကို မင်းပယ်နှင့် တိုင်းတာသတ်မှတ်၍ ပြည်သူပြည်သား (ဆင်းရဲသား) များ ပိုင်ဆိုင်သည့် မြေကိုပကတိပယ်ဖြင့် တိုင်းတာသတ်မှတ်သည့် ကျောက်စာရုံများ ထိန်းသိမ်းထားမှုများကို ကြည့်ရှုစစ်ဆေးကာ အောင်ဇေယျရိပ်သာ၊ စစ်ကိုင်းဆောင်၊ ဟံသာဝတီဆောင်၊ မန္တလေးဆောင်၊ ဟန်လင်းဆောင်၊ ဗိဿနိုးဆောင်၊ အမရပူရဆောင်၊ တကောင်းဆောင်၊ သရေခေတ္တရာဆောင်တို့၏ ငလျင်ကြောင့်ထိခိုက် ပျက်စီးခဲ့မှုများကို ကြည့်ရှုစစ်ဆေးသည်။
▪️ ယင်းနောက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ဖြည့်စွက်ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ကြေးမြင်ကျောင်း ပြန်လည်တည့်မတ်ခြင်း၊ သွပ်အဟောင်းများ ပြန်လည်အစားထိုးပြုပြင်ခြင်းနှင့် ရေတံလျှောက်ပြန်လည်ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကိုလည်းကောင်း၊ အက္ကပတ်မြင်းဝန်ကျောင်း ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ကျောင်းထိုင်ဆရာတော်အား နဝကမ္မဝတ္ထုငွေများ ကပ်လှူခဲ့ကြောင်းသိရသည်။
#YMG/NN #Yangon_Times
#World_Science
Published 25 December 2025
■ တရုတ်ပြည်မှာ နှစ်ပေါင်းသန်း ၁၁၀ သက်တမ်းရှိတဲ့ ခြေရာတစ်ခု တွေ့ရှိခဲ့ကာ အလျား ၅.၇ စင်တီမီတာသာ ရှိပါတယ်။
■ ဒါက ဒိုင်နိုဆောပေါက်လေးရဲ့ ခြေရာဖြစ်ပြီး ကြောင်တစ်ကောင်ရဲ့ ခြေရာထက် မကြီးပါဘူး။
■ ဒီခြေရာဟာ အသေးဆုံးဖြစ်တဲ့ စတီဂိုဆောခြေရာ ဖြစ်နေပြီး တရုတ်ဘူမိသိပ္ပံတက္ကသိုလ်မှ တွဲဖက်ပရော်ဖက်ဆာ လီဒါရှင်ဦးဆောင်တဲ့ သုတေသနအဖွဲ့က တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
■ အရွယ်ရောက်ပြီး စတီဂိုဆောတွေက ပေ ၃၀ လောက်အထိ ရှိနိုင်ပြီး ယခုရုပ်ကြွင်းငယ်လေးက မထင်မှတ်လောက်အောင် သေးငယ်တဲ့ပုံစံဖြင့် စတင်ခဲ့တဲ့သဘော ဖြစ်နေပါတယ်။
■ စတီဂိုဆောပေါက်လေးရဲ့ ခြေရာတွေကို အရွယ်ရောက်ပြီးသားအကောင်တွေ အနားမှာ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
■ ဒီခြေရာက စတီဂိုဆောငယ်လေးတွေဟာ ကွဲပြားစွာ ပြုမူတတ်တယ်လို့ သုတေသီတွေ ယူဆနေကြပြီး မွေးဖွားပြီးနောက်မှာ ဒီသတ္တဝါတွေ ဘယ်လိုရွေ့လျားခဲ့လဲဆိုတာတွေကို ရှားရှားပါးပါး လေ့လာခွင့်ရတာ ဖြစ်ပါတယ်။
■ အံ့အားအသင့်ရဆုံးက စတီဂိုဆောပေါက်လေးတွေ ဘယ်လိုလမ်းလျှောက်လဲဆိုတဲ့အကြောင်းပဲ ဖြစ်ပါတယ်။
■ အရွယ်ရောက်ပြီး စတီဂိုဆောတွေက ဖနောင့်ကို မြေကြီးမှာဖိပြီး လမ်းလျှောက်တာဖြစ်ကာ စတီဂိုဆောတွေကတော့ ခြေချောင်းတွေနဲ့ လမ်းလျှောက်တာဖြစ်နိုင်ပြီး အသက်ကြီးလာတော့မှ ခြေပြားနဲ့ပိုပြီး လျှောက်လာတာ ဖြစ်နိုင်ပါတယ်။
■ ဒီတွေ့ရှိချက်က စတီဂိုဆောတွေဟာ အသက်အရွယ်မရွေး လမ်းလျှောက်ပုံဆင်တူတယ်လို့ ထင်ခဲ့တဲ့ ရှေးဟောင်းရုပ်ကြွင်းပညာရှင်တွေအတွက်တော့ စိတ်ဝင်စားစရာ ဖြစ်လာပါတယ်။
Source: Daily Galaxy
#World_Health
Published 25 December 2025
■ ကျောက်ကပ်ရောဂါဆိုတာက ပြန်မကောင်းတော့ဘဲ အခြေအနေဆိုးရွားမှု နှောင့်နှေးအောင်သာ ကုသကြရတယ်လို့ သိထားပါတယ်။
■ ယခုအခါ သုတေသီတွေက ဆယ်ရာမိုက်လှုပ်ရှားမှုတွေကို ပိတ်ဆို့ပြီးတော့ ကျောက်ကပ်ပျက်စီးခြင်းကို ပြန်ပြောင်းစေနိုင်မယ့် အလားအလာတွေ တွေ့ရှိထားပါတယ်။
■ ဆယ်ရာမိုက်ဆိုတာက အဆီမော်လီကျူးဖြစ်ပြီး ကျောက်ကပ်အတွင်း ဆဲလ်ထိခိုက်မှုနဲ့ ဆက်စပ်နေပါတယ်။
■ တိရိစ္ဆာန်စမ်းသပ်မှုတွေမှာတော့ ဆယ်ရာမိုက်တွေကို ပစ်မှတ်ထားပြီး ကျောက်ကပ်ဆဲလ်တွေ ပျက်စီးခြင်းမှ ကာကွယ်ပေးကာ လုပ်ဆောင်ချက် ပုံမှန်ပြန်ဖြစ်စေပါတယ်။
■ ဆယ်ရာမိုက်ပမာဏ မြင့်တက်လာတဲ့အခါ ကျောက်ကပ် ရောင်ရမ်းခြင်း၊ ဒဏ်ရာဖြစ်ခြင်း၊ လုပ်ဆောင်ချက် ရေရှည်ပျက်စီးခြင်းတို့ ဖြစ်လာစေပါတယ်။
■ ဆယ်ရာမိုက်လျော့နည်းအောင် ကုသခဲ့တဲ့ ကြွက်တွေမှာ ကျောက်ကပ်စွမ်းဆောင်ရည် သိသိသာသာ ဆုံးရှုံးတာမျိုး မတွေ့ခဲ့ရပါဘူး။
■ ဆယ်ရာမိုက်ကို ထိန်းချုပ်တဲ့ ကုသနည်းတွေသာ ဘေးကင်းစိတ်ချမှု ရှိတယ်ဆိုရင် ကျောက်ကပ်ထိခိုက်မှုဖြစ်ပြီးနောက် ပြန်လည်သက်သာလာနိုင်ခြင်း၊ နာတာရှည်ရောဂါ ဖြစ်မလာခြင်း၊ ကျောက်ကပ်ဆေးခြင်း မလိုအပ်တော့ခြင်း စတာတွေ အကျိုးကျေးဇူးရလာနိုင်ပါတယ်။
■ လူသားတွေမှာ စမ်းသပ်မှုထိရောက်ကြောင်း တွေ့ရှိပါက လူနာတွေရဲ့ အခြေအနေ တိုးတက်လာနိုင်ပြီး ကုန်ကျစရိတ်တွေလည်း လျှော့ချနိုင်မှာ ဖြစ်ပါတယ်။
■ သုတေသီတွေက အစောပိုင်းရောဂါရှာဖွေနိုင်မယ့် ကိရိယာတွေ ထုတ်လုပ်နိုင်ရန်နဲ့ ကျောက်ကပ်ပြုပြင်ခြင်းအတွက် ပေါင်းစပ်ကုသနည်းတွေ ရှာဖွေနိုင်ရန် ရည်မှန်းထားပါတယ်။
Source: Times of India
ရှန်ဟိုင်းမှ မကြာသေးမီက လက်တွေ့စမ်းသပ်ချက်တစ်ခုမှာ လေဖြတ်လူနာက ဘီးတပ်ကုလားထိုင်နဲ့ စက်ရုပ်ခွေးတိုကို သူ့ရဲ့အတွေးနဲ့တင် ထိန်းချုပ်နိုင်ခဲ့ပြီး ဦးနှောက်-ကွန်ပျူတာ ကြားခံမျက်နှာပြင် (BCI)နည်းပညာမှာ ထိုးဖောက်အောင်မြင်မှုဖြစ်တယ်လို့ တရုတ်သုတေသီတွေ သတ်မှတ်နေကြပါတယ်။
#Asia_Technology
Published 24 December 2025
#ရှန်ဟိုင်း #လေဖြတ်လူနာ
#YMG #Yangon_Times #Yangon_Media_Group
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်၊ လွိုင်မွေဒေသ ချယ်ရီပန်းပွဲတော်ကျင်းပနေတယ်လို့ ရှမ်းပြည်နယ်(အရှေ့ပိုင်းခရီးသွားလာရေးဝန်ကြီးဌာနကသိရပါတယ်။
#Local_News
Published 24 December 2025
#ကျိုင်းတုံမြို့နယ် #ချယ်ရီပန်းပွဲတော်
#YMG/NN #Yangon_Times
#Local_News
Published 24 December 2025
#အစ်မတော်မြနန်းနွယ်
#YMG/NN #Yangon_Times
မြန်မာနိုင်ငံနဲ့ အိန္ဒိယနိုင်ငံတို့အကြား ခရီးသွားလုပ်ငန်းမြှင့်တင်ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းစီမံချက် မူကြမ်းကိုရေးဆွဲလုပ်ဆောင်သွားမယ်လို့မြန်မာ_အိန္ဒိယခရီးသွားလုပ်ငန်းမြှင့်တင်ဆောင်ရွက်နိုင်ရေးပထမအကြိမ် ညှိနှိုင်းအစည်းအဝေးမှ သိရပါတယ်။
#Local_News
Published 24 December 2025
#မြန်မာ_အိန္ဒိယ
#YMG/SW #Yangon_Times
ဆန်အကြောင်းသိကောင်းစရာပြပွဲ ၂၀၂၅ ကို ယနေ့ဒီဇင်ဘာ ၂၄ရက်နေ့ က ရန်ကုန်မြို့၊ Melia Hotel (Grand Ballroom)မှာပြုလုပ်ခဲ့ပါတယ်။
#Local_News
Published 24 December 2025
#ဆန် #Melia_Hotel
#YMG/SW #Yangon_Times
Page 59 of 1915