လာမယ့် နွေစပါးရာသီချိန်မှာ စိုက်ဧက(၃)သိန်းဝန်းကျင်ခန့်မှာ Rice Export Zone တွေစတင်ဆောင်ရွက်သွားမယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က သိရပါတယ်။
#Local_News
Published 29 August 2025 
#နွေစပါး #Rice_Export_Zone 
#YMG/NN #Yangon_Times
လာမယ့် စက်တင်ဘာလ(၁) ရက်မှစတင်ကာ နိုင်ငံကူးလက်မှတ် လျှောက်ထားရာမှာ ပေးသွင်းရတဲ့စာအုပ်ဖိုးငွေကို တိုးမြင့်ကောက်ခံသွားမှာဖြစ်တယ်လို့မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးက အသိပေးထားပါတယ်။
#Local_News
Published 29 August 2025 
#နိုင်ငံကူးလက်မှတ်စာအုပ်ဖိုးငွေတိုးမြင့် #မြန်မာနိုင်ငံကူးလက်မှတ်
#YMG/SW #Yangon_Times
ငလျင်ဒဏ်သင့် ဒေသများပြန်လည်ထူထောင်ရေးချေးငွေကို လာမယ့် စက်တင်ဘာလမှာ စတင်ထုတ်ချေးနိုင်ရေး ကြိုးစားဆောင်ရွက်ဖို့ ရန်ပုံငွေကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ယမန်နေ့က ပြုလုပ်တဲ့အင်အားပြင်းမန္တလေးငလျင်ကြီးဒဏ်ခံခဲ့ရသည့်နယ်မြေဒေသများ ပြန်လည်ထူထောင်ရေးရန်ပုံငွေကြီးကြပ်မှုဗဟိုကော်မတီ ဒုတိယအကြိမ်ညှိနှိင်းအစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။
#Local_News
Published 29 August 2025 
#ငလျင်ဒဏ်သင့်ဒေသ # မြန်မာနိုင်ငံတော်ဗဟိုဘဏ်
#YMG/SW #Yangon_Times
		#Local_News
Published 29 August 2025
▪️ CMP ကုမ္ပဏီများထံမှ ဝယ်ယူထားသည့် နိုင်ငံခြားငွေများမှစားသုံးဆီ၊စက်သုံးဆီ ၊CMP ကုမ္ပဏီများနှင့် Non-trade payment များအတွက် ယမာန်နေ့က အမေရိကန်ဒေါ်လာများထုတ်ရောင်းပေးထားကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှသိရသည်။
▪️ ထိုသို့ရောင်းချရာတွင် အမေရိကန်ဒေါ်လာ ၁.၉၁၆ သန်းကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က သြဂုတ်လ (၂၈) ရက်နေ့မှာ စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများထံ ထုတ်ရောင်းပေးခြင်းဖြစ်သည်။
▪️ ထို့အပြင် အမေရိကန်ဒေါ်လာ ၇၂၇,၅၆၄ ကိုလည်း စက်သုံးဆီတင်သွင်းသည့် ကုမ္ပဏီများနှင့်အမေရိကန်ဒေါ်လာ ၁၂၇,၈၉၄ ကို CMP ကုမ္ပဏီများနှင့် Non-trade payment များအတွက် ရောင်းပေးခြင်းဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
		#Local_News
Published 29 August 2025
မန္တလေးမြေငလျင်လှုပ်ပြီး ငါးလအကြာ၌ မန္တလေးမြို့ရှိ Sky Villa အဆောက်အဦးမှ အမျိုးသားနှင့်အမျိုးသမီး ရုပ်အေ_လာင်း ငါးေ-လာင်း ထပ်မံတွေ့ရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှသိရသည်။
အဆိုပါ မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်ရှိ ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ပြိုကျပျက်စီးသွားသော Sky Villa အဆောက်အအုံ A အဆောင်အား NTL ကုမ္ပဏီ(Sky villa condo)၊ မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် အောင်မြေသာစံမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိရာဩဂုတ် (၂၉) ရက်နေ့တွင် အဆောင် (A)၊ အခန်းအမှတ် A3 မှ အမျိုးသား(၁)ဦးနှင့် အမျိုးသမီး(၁)ဦးတို့၏ ရုပ်အလောင်းများအားမနက် ၁၀ နာရီ၂၅မိနစ် အချိန်တွင် လည်းကောင်း၊အဆောင် (A)၊ အခန်းအမှတ် A3 မှ အမျိုးသား(၁)ဦးနှင့် အမျိုးသမီး(၂)ဦးတို့ကို ရုပ်အလောင်းများကို ၁၂ နာရီ ၅မိနစ်အချိန်တွင် ထပ်မံထုတ်ယူနိုင်ခဲ့ကြောင်းသိရသည်။
အဆိုပါ ထပ်မံထုတ်ယူနိုင်ခဲ့သည့်ရုပ်အေ-လာင်းများကို မြတ်သဒ္ဒါလူမှုကူညီရေးအသင်းယာဉ်ဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ ကြောင်းသိရသည်။
#YMG/NN #Yangon_Times
		#Local_News
Published 29 August 2025
▪️ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်လျှောက်လွှာများစက်တင်ဘာလ(၁)ရက်တွင် စတင်ရောင်းချမည်ဖြစ်ကြောင်းမြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ယနေ့ထုတ်ပြန်ထားသည်။
▪️ ထုတ်ပြန်ချက်အရ ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်လျှောက်လွှာ တစ်စောင်လျှင် (၂၀၀) ကျပ်နှင့် စာမေးပွဲဝင်ကြေးအတွက် (၇ဝ၀) ကျပ် တန်ဖိုးရှိ ပညာရေးဝန်ကြီးဌာန ငွေသွင်းတံဆိပ်ခေါင်းတို့ကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာန (ရုံးချုပ်)၊ ရုံးအမှတ် (၅၂) နေပြည်တော်နှင့် မြန်မာနိုင်ငံစာစစ်ဦးစီးဌာန (ရန်ကုန်ရုံးခွဲ)၊ ပါရမီလမ်း၊ (၁၂) ရပ်ကွက်၊ လှိုင်မြို့နယ်၊ ရန်ကုန်တွင် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၁) ရက်နေ့မှ စက်တင်ဘာလ ၃၀ ရက်နေ့အထိ ရောင်းချပေးမည်ဖြစ်ကြောင်း၊ကျောင်းတွင်းမှ ဖြေဆိုမည့် ကျောင်းသား ကျောင်းသူများအတွက် ဖြေဆိုခွင့်လျှောက်လွှာများကို သက်ဆိုင်ရာကျောင်းများမှလည်းကောင်း၊ ပြင်ပမှဖြေဆိုမည့် ကျောင်းသား ကျောင်းသူများအတွက် သက်ဆိုင်ရာမြို့နယ် ပညာရေးမှူးရုံးများမှလည်းကောင်း၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနသို့ ကိုယ်တိုင် (သို့မဟုတ်) ကိုယ်စားလှယ်စေလွှတ်၍ လာရောက်ဝယ်ယူရမည်ဖြစ်ကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာ၊ ကတ်ပြားပုံစံများကို ဖြေဆိုမည့် ဘာသာတွဲအလိုက် အစိမ်းရောင်နှင့်ပန်းရောင်အရောင်နှစ်မျိုးခွဲခြားသတ်မှတ်ထားကြောင်း သိရသည်။
▪️ အခြေခံပညာအထက်တန်းကျောင်းများ၊ ကျောင်းခွဲများ၊ တွဲဖက်ကျောင်းများနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများမှ ဖြေဆိုရန် လျှောက်လွှာတင်သွင်းမည့် ကျောင်းသား ကျောင်းသူများအတွက် သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများသည် လျှောက်လွှာတစ်စောင်ချင်းစီတွင် ပညာရေးဝန်ကြီးဌာန ငွေသွင်းတံဆိပ်ခေါင်းများကိုကပ်၍ မိမိတို့ကျောင်းအလိုက် ဖြေဆိုခွင့်လျှောက်လွှာများကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာနသို့လည်းကောင်း၊ ပြင်ပမှဖြေဆိုရန် လျှောက်လွှာတင်သွင်းမည့်သူများသည် သက်ဆိုင်ရာမြို့နယ် ပညာရေးမှူးရုံးများတွင် ပညာရေးဝန်ကြီးဌာန ငွေသွင်းတံဆိပ်ခေါင်းများနှင့် လျှောက်လွှာများဝယ်ယူပြီး ဖြေဆိုခွင့်လျှောက်လွှာ၏ လက်ဝဲဘက်ထိပ်ပိုင်းတွင် အဆိုပါငွေသွင်းတံဆိပ်ခေါင်းကပ်၍ မိမိတို့ အမှန်တကယ်နေထိုင်သည့် မြို့နယ်ပညာရေးမှူးရုံးတွင်လည်းကောင်း ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့မှ စက်တင်ဘာလ ၃၀ ရက်နေ့အတွင်း တင်သွင်းကြရမည်ဖြစ် 
ကြောင်း၊သတ်မှတ်ထားသောရက်များအတွင်း အချိန်မီပေးပို့ခြင်းမရှိသူများသည် စာမေးပွဲဖြေဆိုခွင့်ရရှိကြမည်မဟုတ်ကြောင်းသိရသည်။
▪️ ထို့ပြင်စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာ၊ ကတ်ပြားတို့တွင် ဖော်ပြပါရှိသည့် ဘာသာတွဲမှအပ အခြားဘာသာတွဲသို့ ပြောင်းလဲဖြေဆိုခွင့် ပြုမည်မဟုတ်ပါသဖြင့် မိမိတို့ဖြေဆိုမည့် ဘာသာတွဲအလိုက် ပုံစံများမှန်ကန်မှု ရှိ/မရှိ သေချာစွာစစ်ဆေးပြီး ဖြေဆိုမည့်သူကိုယ်တိုင် ဖြည့်စွက်လျှောက်ထားကြရမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
		#World_News
Published 29 August 2025
▪️ အမေရိကန်ဟာ ကုလသမဂ္ဂလူ့အခွင့်အရေးမှတ်တမ်း ပြန်လည်သုံးသပ်ရေးလုပ်ငန်းစဉ်အဖွဲ့မှာ ပါဝင်တော့မှာ မဟုတ်ဘူးလို့ သိရပြီး ကမ္ဘာ့လူ့အခွင့်အရေးနဲ့ တရားစီရင်ရေးကိစ္စရပ်တွေမှာ အမေရိကန်နုတ်ထွက်ခြင်းက စိုးရိမ်စရာဖြစ်တယ်လို့ လူ့အခွင့်အရေးထောက်ခံသူများ ပြောနေကြပါတယ်။
▪️ အဖွဲ့ဝင် ၁၉၃ နိုင်ငံအားလုံး ကာလအပိုင်းအခြားအလိုက် ပြန်လည်သုံးသပ်ချက်(UPR)ဆိုတာက ၄ နှစ်ခွဲမှ ၅ နှစ်ကြာတိုင်း အဖွဲ့ဝင်နိုင်ငံအားလုံးက ယင်းတို့ရဲ့ လူ့အခွင့်အရေးမှတ်တမ်းများကို တင်ပြရတာဖြစ်ပြီး အခြားနိုင်ငံတွေက သုံးသပ်ပေးကြပါတယ်။
▪️ အမေရိကန် နိုင်ငံခြားရေးဌာနအရာရှိတစ်ဦးက အမေရိကန်ဟာ UPR လုပ်ငန်းစဉ်မှာ ပါဝင်ခြင်း၊ အကြောင်းအရာတင်ပြခြင်းတို့ ပြုလုပ်မှာမဟုတ်ကြောင်း ရိုက်တာသတင်းဌာနကို ပြောသွားပါတယ်။
▪️ သမ္မတဒေါ်နယ်ထရမ့်က ဖေဖော်ဝါရီ ၄ ရက်နေ့က ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီကနေ နုတ်ထွက်မယ်လို့လည်း အမိန့်ထုတ်ပြန်ထားပါတယ်။
▪️ UPR မှာ ပါဝင်ပတ်သက်နေတာဟာ လူ့အခွင့်အရေးကောင်စီရဲ့ လုပ်ပိုင်ခွင့်နဲ့ လုပ်ဆောင်ချက်များကို ထောက်ခံကြောင်းနဲ့ ယင်းဟာ အဆိုးရွားဆုံး လူ့အခွင့်အရေးချိုးဖောက်မှုကြီးတွေကို ရှုတ်ချရန် ဆက်တိုက်ပျက်ကွက်နေတာကို လျစ်လျူရှုထားကြောင်း အဆိုပါအရာရှိက ပြောပါတယ်။
▪️ ဂျီနီဗာမှာရှိတဲ့ အမေရိကန်ကိုယ်စားလှယ်ကလည်း ဒီဆုံးဖြတ်ချက်အတွက် အသိပေးထားပြီးဖြစ်ကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
▪️ ဒီအတိုင်းသာဆိုရင် UPR ထံ တင်ပြချက်မပေးပို့မယ့်အထဲမှာ အမေရိကန်က ပထမဆုံးဖြစ်လာနိုင်တယ်လို့ ကောင်စီပြည်သူ့မှတ်တမ်းဆန်းစစ်ချက်အရ သိရပါတယ်။
▪️ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ ကော်မရှင်မင်းကြီးရုံးမှ ပြောရေးဆိုခွင့်အကြီးအကဲ ရာဗီနာရှမ်ဒါဆာနီက အမေရိကန်ရဲ့ ဆုံးဖြတ်ချက်အတွက် နှမြောမိကြောင်းနဲ့ အမေရိကန်နဲ့ အခြားနိုင်ငံအားလုံး ပါဝင်ဆောင်ရွက်ပေးခြင်းက ကမ္ဘာတဝှမ်း လူ့အခွင့်အရေးဆိုင်ရာ ကာကွယ်မြှင့်တင်မှုတွေ ရရှိစေခဲ့ကြောင်း ပြောသွားပါတယ်။
▪️ အမေရိကန်ကတော့ သူတို့ရဲ့ လူ့အခွင့်အရေးမှတ်တမ်းနဲ့ ဦးဆောင်နိုင်မှုအပိုင်းမှာ ဂုဏ်ယူနေပါတယ်။
Source: Reuters
		#World_Health
Published 29 August 2025
 
 ▪️ အမျိုးသမီးတွေဟာ လိင်မှုစိတ်ဆန္ဒ လျော့နည်းလာခြင်းနဲ့ မီးယပ်သွေးဆုံးချိန်အတွင်း ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ခံစားချက်ပိုင်းလက္ခဏာအမျိုးမျိုး ခံစားရတတ်ပါတယ်။
▪️ ဒါဟာ ဟော်မုန်းသိသိသာသာ ပြောင်းလဲခြင်းကနေ နေထိုင်မှုအခြေအနေ၊ စိတ်အခြေအနေ၊ လိင်စိတ်ဆန္ဒပိုင်းမှာ သက်ရောက်တာ ဖြစ်ပါတယ်။
▪️ ဒါ့အပြင် စိုးရိမ်ပူပန်စိတ်နဲ့ စိတ်ဓာတ်ကျခြင်းတို့ကလည်း ပိုဆိုးလာပါတယ်။
▪️ ဒီအတွက် ကမ္ဘာပေါ်က အကောင်းဆုံးဆေးဖက်ဝင်ပစ္စည်းက ဂျင်ဆင်းဖြစ်ပြီး မီးယပ်သွေးဆုံးကာလအတွင်း ခံစားရတဲ့ပြဿနာများအတွက် အထောက်အကူ ဖြစ်နိုင်ပါတယ်။
▪️ အီရန်မှာ မီးယပ်သွေးဆုံးပြီးနောက် စိတ်ဓာတ်ကျခြင်းဝေဒနာ ခံစားနေရတဲ့ အသက် ၄၅ နှစ်မှ ၆၀ အတွင်း အမျိုးသမီး ၆၆ ဦးကို လေ့လာခဲ့ပါတယ်။
▪️ တစ်ဖွဲ့ကို ဂျင်ဆင်းဆေးတောင့် တစ်နေ့ကို ၂၅၀ မီလီဂရမ် ၂ ကြိမ်ဖြင့် ၈ ပတ်သုံးစွဲစေပါတယ်။
▪️ အခြားအဖွဲ့ကိုတော့ အာနိသင်မပါတဲ့ ဆေးတောင့်တွေသာ ပေးခဲ့ပါတယ်။
▪️ ဂျင်ဆင်းအသုံးပြုသူတွေမှာ လိင်ပိုင်းဆိုင်ရာလုပ်ဆောင်ချက်က ၁၀.၆၄ မှ ၁၃.၉ မှတ်သို့ တိုးတက်လာကာ လိင်စိတ်ဆန္ဒလှုံ့ဆော်ခြင်း၊ ဆန္ဒပြည့်ခြင်း၊ ကျေနပ်မှုရခြင်းတို့မှာလည်း သိသိသာသာ တိုးတက်ခဲ့ပါတယ်။
 
 ▪️ ဂျင်ဆင်းမှာပါတဲ့ ဂျင်ဆီနိုဆိုက်ဓာတ်က ဟော်မုန်းနဲ့ အာရုံကြောစနစ်တို့ကို သက်ရောက်စေကာ စိတ်အခြေအနေနဲ့ ဟော်မုန်းမညီမျှခြင်းတို့ကို ထောက်ကူပေးပါတယ်။
▪️ လေ့လာချက်အတိုင်းအတာ သေးငယ်ပြီး အချိန်ကာလတိုတောင်းခြင်းတာကြောင့် ရေရှည်သက်ရောက်မှုတွေနဲ့ ပတ်သက်ပြီး အတည်ပြုဖို့ နောက်ထပ်သုတေသန ပြုလုပ်ဖို့ လိုအပ်ပါသေးတယ်။
Source: The Jerusalem Post.
		#World_Health
Published 29 August 2025
▪️ အသက် ၁၀၀ အထိ အသက်ရှည်ကြတဲ့သူတွေမှာ ရောဂါဘယကြီးတွေ ကင်းဝေးစေတဲ့ အံ့ဖွယ်လူသားစွမ်းရည် ပိုင်ဆိုင်ကြဖွယ်ရှိကြောင်း သုတေသနအသစ်မှာ တွေ့ရှိထားပါတယ်။
▪️ ဆွီဒင်မှ သက်ကြီးရွယ်အို လေ့လာချက်ကြီး ၂ ခုထဲမှာ ဒီလိုမျိုး ရာစုနှစ်တိုင်အောင် အသက်ရှည်ကြသူတွေဟာ ရောဂါဖြစ်ပွားမှုနည်းပါးပြီး အသက်အရွယ်ကြောင့်ဖြစ်တဲ့ ရောဂါအခြေအနေတွေ ကင်းဝေတတ်ကြတယ်လို့ တွေ့ရှိထားပါတယ်။
▪️ မူလယုံကြည်ချက်အရတော့ အသက်ရှည်လာလေ ကျန်းမာရေးမကောင်းဘဲ နေရတဲ့နှစ်တွေ ပိုများလာလေပဲ ဖြစ်ပါတယ်။
▪️ သုတေသီတွေက အသက် ၁၀၀ အထိ နေနိုင်တဲ့သူတွေနဲ့ စောစီးစွာ အသက်ဆုံးပါးသူတွေရဲ့ ကျန်းမာရေးမှတ်တမ်းများကို ဆန်းစစ်ခဲ့ကြပါတယ်။
▪️ ပထမလေ့လာချက်မှာ ၁၉၁၂ မှ ၁၉၂၂ အတွင်း စတော့ဟုမ်းကောင်တီမှာ မွေးဖွားတဲ့ လူပေါင်း ၁၇၀,၇၈၇ ဦးရဲ့ မှတ်တမ်းများကို လေ့လာပါတယ်။
▪️ အသက် ၆၀ မတိုင်ခင် ကွယ်လွန်လား၊ အသက် ၁၀၀ အထိ နေရလားဆိုတာကို စောင့်ကြည့်ခဲ့ပါတယ်။
▪️ ထိုအခါမှာ အသက် ၁၀၀ လူတွေက ဘဝသက်တမ်းနောက်ပိုင်းမှာ ရောဂါဖြစ်ပွားနှုန်း လျော့နည်းသလို ဘဝတလျှောက်လုံး ဒီလိုပဲဖြစ်ပါတယ်။
▪️ ဒါကြောင့် သူတို့ဟာ ရောဂါဘယတွေကြောင့် အသက်ဆုံးပါးခြင်းမျိုး ရှားပါးသလို ရောဂါတွေကင်းဝေးကြတယ်လို့ ယူဆရပါတယ်။
▪️ အသက်ရှည်ကျန်းမာရခြင်းဟာ မျိုးရိုးလိုက်ခြင်း၊ နေထိုင်စားသောက်မှုပုံစံ၊ ပတ်ဝန်းကျင်သက်ရောက်မှုများနဲ့ သက်ဆိုင်နေပြီး ဒီထက်ပိုလေ့လာဖို့ ရည်ရွယ်ထားကြောင်း သုတေသီများ ပြောထားပါတယ်။
Source: ANI News
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ တရုတ်ဆောက်လုပ်တဲ့ ဒါကာမြို့ရှောင်အဝေးပြေးလမ်းမကြီး ရဲ့ ၁၈ ကီလိုမီတာ ပထမအပိုင်းရှည်ကြီးကို တနင်္ဂနွေနေ့က တရားဝင် ဖွင့်လှစ်လိုက်ပါတယ်။
#World_Development
Published 28 August 2025 
#ဘင်္ဂလားဒေ့ရှ် #ဒါကာမြို့ရှောင်အဝေးပြေးလမ်းမကြီး 
#YMG #Yangon_Times #Yangon_Media_Group
#Daily_News 
Published 28 August 2025
၁။ လုပ်သား ၅၀၀၀ ကျော် အလုပ်အကိုင်ရရှိမည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၈) ခုကိုခွင့်ပြု
၂။ ယူနီဆက်နှင့်KOICA ပူးပေါင်း၍ မြန်မာကလေးများအရေးဆောင်ရွက်မည်
၃။ စစ်တောင်းမြစ်နှင့် မယ်ဆိုင်ချောင်းရေ စိုးရိမ်ရေမှတ်အထက်ကျော်လွန်ရောက်ရှိနေ
၄။  ဘင်္ဂလားဒေ့ရှ်အတွက်တရုတ်ဆောက်လုပ်ပေးသည့်မြို့ရှောင်အဝေးပြေးလမ်းမကြီးပထမအပိုင်းစတင်ဖွင့်လှစ်... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ရန်ကုန်တိုင်းဒေသကြီး အတွင်းက စက်မှုဇုန်နဲ့ စက်မှုဇုန်ပြင်ပရှိ စက်ရုံ/အလုပ်ရုံတွေအနေနဲ့ စက်ရုံရှိ အလုပ်သမားတွေကို အချိန်ပိုခေါ်ယူ လုပ်ကိုင်ဖို အတွက် အလုပ်သမားဝန်ကြီးဌာနထံ အချိန်ပိုခွင့်ပြုမိန့်တောင်းခံရမယ်လို့သိရပါတယ်။
#Local_News
Published 28 August 2025
#ရန်ကုန်တိုင်းဒေသကြီး #စက်ရုံ/အလုပ်ရုံ
#YMG/SW #Yangon_Times
Page 62 of 1815