#World_Science
Published 1 Feb 2026
■ ဥရောပအာကာသအေဂျင်စီ (ESA)က အာကာသအင်တာနာကြီး New Norcia 3 ကို စတင်လုပ်ဆောင်လိုက်ပြီး အာကာသအထဲထဲမှာ သွားလာနေတဲ့ အာကာသယာဉ်နဲ့ ဆက်သွယ်နိုင်မှာ ဖြစ်ပါတယ်။
■ ဥရောပနဲ့ ဩစတြေးလျတို့ ပူးပေါင်းဆောက်လုပ်တာဖြစ်ပြီး ၁၁၅ ပေရှိတဲ့ အင်တာနာက ဩစတြေးလျမှာ တည်ရှိပါတယ်။
■ ဥရောပ အာကာသချိတ်ဆက်ရေး စခန်းကွန်ရက် Estrack ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။
■ ESA ရဲ့ စခန်းတွေဟာ မြေပြင်နဲ့ အာကာသကြား အရေးကြီးချိတ်ဆက်မှုဖြစ်ပြီး အာကာသအဖွဲ့တွေက အာကာသယာဉ်နဲ့ အဆက်အသွယ် မိနေစေပါတယ်။
■ ပျံသန်းရေး အစီအစဉ်တွေ ထိန်းချုပ်ခြင်း၊ သိပ္ပံနည်းကျ အချက်အလက်တွေ ဒေါင်းလုဒ်ဆွဲခြင်းတို့အတွက် အရေးကြီးပါတယ်။
■ စပိန်နဲ့ အာဂျင်တီးနားတို့မှာ စခန်းနှစ်ခုနဲ့ ပူးပေါင်းကာ ဒီ ၃ နေရာကနေ ကမ္ဘာကြီးကို စကြဝဠာထဲက အာကာသယာဉ်နဲ့ ချိတ်ဆက်နေစေပါတယ်။
■ ဝေးကွာတဲ့ အာကာသယာဉ်မှ အားနည်းတဲ့ အချက်ပြလှိုင်းတွေ ဖမ်းယူရရှိဖို့အတွက် တန်ပြန်ပစ္စည်းတွေ လက်ခံပစ္စည်းတွေ အေးမြစေတဲ့ အဆင့်မြင့်နည်းပညာ ပါဝင်ပါတယ်။
■ New Norcia 3 က အရေးပါတဲ့ အာကာသလုပ်ငန်းတွေဖြစ်တဲ့ Juice ၊ Solar Orbiter ၊ BepiColombo ၊ Vigil နဲ့ Euclid တို့လို လုပ်ငန်းတာဝန်တွေကို ထောက်ပံ့ပေးနိုင်ပါတယ်။
■ ယူရို ၆၂ သန်းတန် ပရောဂျက်က ဒေတာနဲ့ ဓာတ်ပုံတွေအတွက် စိတ်ချရတဲ့ ဖုန်းလိုင်းပေးစွမ်းနိုင်ရန်နဲ့ စကြဝဠာကြီးအကြောင်း လူသားတွေ ပိုမိုသိရှိလာစေရန် ရည်ရွယ်ပါတယ်။
Source: WION.
ဇန်နဝါရီအတွင်း စပိန်မှာ ရထားမတော်တဆမှုများဖြစ်ပွားခဲ့ရာ အများပြည်သူတွေအနေနဲ့ ရထားလမ်းဘေးကင်းလုံခြုံမှုတွေကို စိုးရိမ်လာကြပါတယ်။
#World_News
Published 31 January 2025
#စပိန် #ရထားလမ်း
#YMG #Yangon_Times #Yangon_Media_Group
ကရင်ပြည်နယ်သို့၂၀၂၅ခုနှစ် တစ်နှစ်တာ ခရီးသွားဧည်သည် ခြောက်သိန်းကျော်ဝင်ရောက်ခဲ့တယ်လို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက သိရပါတယ်။
#Local_News
Published 31 January 2025
#ကရင်ပြည်နယ်
#YMG/NN #Yangon_Times
လာမယ့်ဖေဖော်ဝါရီလမှာ ရန်ကုန်ဆိပ်ကမ်းတွေကို ဝင်ရောက်မယ့်ကုန်သေတ္တာတင်သင်္ဘောအစင်းရေအနည်းငယ်လျော့ကျမယ်လို့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အဖွဲ့က ထုတ်ပြန်ထားတဲ့စာရင်းတွေအရသိရပါတယ်။
#Local_News
Published 31 January 2025
#ကုန်သေတ္တာတင်သင်္ဘော #ရန်ကုန်ဆိပ်ကမ်း
#YMG/SW #Yangon_Times
ရန်ကုန်မြို့ ၊မရမ်းကုန်းမြို့နယ် ရှိ သီရိမဂ်လာကမ္ဘာအေးစေတီတော်မြတ်ကြီးမှာ၇၄ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်တွင် ဗုဒ္ဓါဘိသေက အနေကဇာတင်မဂ်လာ ၊ပဌာန်းမြတ်အောင်ပွဲ ၊ သံဃာတော်များကို ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပခဲ့တယ်လို့သိရပါတယ်။
#Local_News
Published 31 January 2025
#ကမ္ဘာအေးစေတီတော် #ဆွမ်းဆန်စိမ်းလောင်းလှူပွဲ
#YMG/NN #Yangon_Times
#Daily_News
Published 31 January 2025
၁။ ဖေဖော်ဝါရီ (၁) ရက်မှစ၍ စက်မှုဇုန်များ၌လျှပ်စစ်မီးအချိန်ပြည့်ရရှိမည်
၂။ ကရင်ပြည်နယ်သို့ခရီးသွား ခြောက်သိန်းကျော်ဝင်ရောက်
၃။ ဖေဖော်ဝါရီလတွင်ကုန်သေတ္တာတင်သင်္ဘောဝင်ရောက်မှုအနည်းငယ်လျော့ကျမည်
၄။ ရထားမတော်တဆမှုများကြောင့် စပိန်၌စိုးရိမ်ပူပန်မှုများမြင့်တက် ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 31 January 2026
■ အမေရိကန်နိုင်ငံသားနှစ်ဦး ပစ်သတ်ခံရပြီးနောက် အမေရိကန်တဝှမ်းမှ ကျောင်းသားများနဲ့ မင်နီယာပိုလစ်မှ ထောင်ပေါင်းများစွာသော ဆန္ဒပြသူတွေ သောကြာနေ့က လမ်းပေါ်ထွက်လာကြပြီး မင်နီဆိုတာမှ ဖက်ဒရယ်လူဝင်မှုကြီးကြပ်ရေးအေးဂျင့်များ ပြန်လည်ရုပ်သိမ်းပေးဖို့ အလိုရှိနေကြပါတယ်။
■ ကယ်လီဖိုးနီးယားမှ ကျောင်းသားတွေနဲ့ ဆရာတွေ အတန်းမတက်ဘဲ ဆန္ဒပြပွဲနေ့အတွက် နယူးယော့ခ်သို့ ရောက်ရှိလာပါတယ်။
■ နိုင်ငံတော် လူဝင်မှုကြီးကြပ်ရေး ဖြိုခွင်းမှုအောက်မှာ သမ္မတဒေါ်နယ်ထရမ့်က မင်နီယာပိုလစ်သို့ ဖက်ဒရယ်အရာရှိပေါင်း ၃ ထောင် စေလွှတ်ထားကာ လမ်းတွေမှာ ဝတ်စုံအပြည့်နဲ့ ကင်းလှည့်နေကြပါတယ်။
■ အမေရိကန် လူဝင်မှုနဲ့ အကောက်ခွန်ကြီးကြပ်ရေး(ICE)တို့ အသုံးပြုတဲ့ ဗျူဟာတွေကို လူတွေ ဆန္ဒပြကန့်ကွက်နေကြတာ ဖြစ်ပါတယ်။
■ အသက် ၆၅ နှစ်ရှိ ဆန္ဒပြသူတစ်ဦးက ဖက်ဒရယ်အစိုးရဟာ ပြည်သူတွေအပေါ် ဖက်ဆစ်တိုက်ခိုက်မှုကြီး ပြုလုပ်နေတယ်လို့ ပြောပါတယ်။
■ မင်နီယာပိုလစ်နားတဝိုက်မှာ ဖက်ဒရယ်လူဝင်မှုအေးဂျင့်များ ပစ်ခတ်ခြင်းကြောင့် အမေရိကန်နိုင်ငံသားနှစ်ဦး ဆုံးပါးခဲ့ရပါတယ်။
■ ဘရုစ်စပရင်စတင်းက ပွဲတစ်ခုမှာ ထိခိုက်နစ်နာသူတွေကို ထောက်ခံကြောင်း ပြောသွားပြီး ပြည်နယ် ၄၆ ခုမှာ "ICE မထောက်ပံ့ရေး"ဆိုတဲ့ ဆောင်ပုဒ်တွေ ကိုင်ဆောင်ဆန္ဒပြနေကြပါတယ်။
■ ဒီဖြစ်ရပ်တွေကြား မင်နီယာပိုလစ် FBI ကွင်းဆင်းရုံးမှ ယာယီအကြီးအကဲ နုတ်ထွက်သွားပါတယ်။
■ ICE အေးဂျင့်တွေဟာ သတိပေးဝရမ်းမလိုဘဲ ဖမ်းဆီးနိုင်တဲ့ အခွင့်အာဏာရထားပြီး အများပြည်သူတွေရဲ့ တုံ့ပြန်မှုကို ခံနေရပါတယ်။
■ ဆန္ဒပြသူတွေဟာ ကြေးစားသူပုန်တွေလို့ ထရမ့်က သမုတ်ထားကာ ပုန်ကန်ရေးဥပဒေ အထမြောက်ပြီး စစ်တပ်ဖြန့်ကျက်ခဲ့တာ ဖြစ်ပါတယ်။
Source: Reuters
#World_Health
Published 31 January 2026
■ ကြက်ဥတွေက အာဟာရဓာတ် အများဆုံးပါဝင်တဲ့ စားစရာတွေထဲ ပါဝင်ပေမယ့် ကိုလက်စထရောပြဿနာက တစ်နေ့ကို ဘယ်နှလုံးလောက် စားဖို့စိတ်ချရလဲဆိုတာ တွေးစရာဖြစ်နေပါတယ်။
■ မရန်ဂိုအာရှဆေးရုံမှ ဒေါက်တာ ပါမိကော်အာက ကြက်ဥတွေကို နေ့စဉ် ပမာဏမှန်မှန်ကန်ကန် သေချာစွာ ချက်ပြုတ်စားသုံးပါက ဘေးကင်းစိတ်ချရတယ်လို့ ဆိုပါတယ်။
■ ကြက်ဥမှာ အရည်အသွေးမြင့် ပရိုတိန်း၊ ကောင်းကျိုးပြုအဆီများ၊ မရှိမဖြစ် ဗိုက်တာမင်များအပြင် ဆယ်လီနီယံ၊ သံဓာတ်၊ ကိုလင်းတို့လည်း ကြွယ်ဝပါတယ်။
■ ကျန်းမာသန်စွမ်းသူတွေအတွက် တစ်နေ့ကို ကြက်ဥ ၁ လုံး ၂ လုံး၊ တစ်ပတ်ကို ၇ လုံးခန့် စားသုံးခြင်းက ဘေးကင်းစိတ်ချရပါတယ်။
■ ကြက်ဥမှရရှိတဲ့ ကိုလက်စထရောတွေဟာ ပြည့်ဝဆီတွေလောက် သက်ရောက်မှုမရှိဘူးလို့ ဆိုပါတယ်။
■ ကိုလက်စထရောများသူတွေ၊ ဆီးချို၊ နှလုံးရောဂါ ဖြစ်နိုင်သူတွေက အသင့်အတင့်သာ စားသုံးသင့်ပြီး အထူးသဖြင့် ကြက်ဥအနှစ်ကို သတိထားရပါမယ်။
■ ကြက်ဥတွေကို ပြုတ်စားခြင်းက ကျန်းမာရေးနဲ့ အညီညွတ်ဆုံးဖြစ်ပြီး ဆီတွေနဲ့ ကြော်တာကတော့ အာဟာရအကျိုးကျေးဇူး လျော့နည်းနိုင်ပါတယ်။
■ လူအများစုအတွက် တစ်နေ့တစ်လုံးစားခြင်းက စိတ်ချရပြီး ကျန်းမာရေးလိုအပ်ချက်အရ ၂ လုံးစားလို့လည်း ရနိုင်ပါတယ်။
■ ဒါကြောင့် ပုံမှန်စားသောက်မှုစနစ်ထဲမှာ ကြက်ဥကို ထည့်သွင်းစားသုံးသင့်တယ်လို့ အကြံပြုသွားပါတယ်။
Source: India Today.
#World_Health
Published 31 January 2026
■ လူတွေက ဝိတ်ချဖို့အကြောင်း ပြောကြတဲ့အခါ အစားအသောက်၊ လေ့ကျင့်ခန်းတို့ကို ပြောနေကြပေမယ့် အိပ်စက်မှုရဲ့ အရေးကြီးပုံကို မေ့နေကြပါတယ်။
■ ကိုယ်အလေးချိန်ချဖို့ ခက်ခဲနေရတဲ့ အကြောင်းအရင်းကြီးတစ်ခုက အိပ်စက်မှုပုံစံ ဆိုးရွားနေတာဖြစ်တယ်လို့ ဂျူပီတာဆေးရုံမှ ဒေါက်တာ အာမစ်ဆာရက်ဖ်က ပြောပါတယ်။
■ "ည ၁၀ နာရီခွဲခန့်မှာ အစာခြေစနစ် စတင်နှေးလာပါတယ်။ ညဉ့်နက်တဲ့အထိ မအိပ်သေးရင် ခန္ဓာကိုယ်ထဲ ဖိစီးလာပြီး ကော်တီဆောပမာဏ မြင့်တက်လာကာ ကျန်းမာရေးညီညွတ်စွာ စားသုံးရင်တောင်မှ အဆီတွေ စုဆောင်းလာပါတယ်" လို့ ပြောပါတယ်။
■ ည ၁၁ နာရီနဲ့ အာရုံ ၃ နာရီကြားမှာ ခန္ဓာကိုယ်ထဲ ပြုပြင်တဲ့ဖြစ်စဉ် ဖြစ်ပျက်ကာ အိပ်ချိန်နောက်ကျပါက ဇီဝဖြစ်စဉ်တွေ ထိခိုက်ပြီး သကြားဓာတ်ထိန်းခြင်း၊ ဆာလောင်မှုဟော်မုန်းများ မထိန်းသိမ်းနိုင်ကာ နောက်နေ့မှာ စားချင်စိတ်များလာကြောင်း ဒေါက်တာဆာရက်ဖ် ပြောပါတယ်။
■ အိပ်စက်မှုစက်ဝန်း နောက်ကျတဲ့အခါ ဟော်မုန်းမညီမျှခြင်း၊ ဆာလောင်စေခြင်း၊ စားပေမယ့် မဝလင်ခြင်းတို့ ဖြစ်လာစေကာ အင်ဆူလင် အလုပ်လုပ်နှုန်းကျဆင်းလာပြီး အဆီတွေ သိုလှောင်လာစေပါတယ်။
■ ညစာကို အိပ်ချိန်နဲ့ အနည်းဆုံး ၃ နာရီခွာပြီး စားသင့်တဲ့အချိန်မှာ စားခြင်းမျိုး ကျင့်ကြံသင့်သလို ဖုန်း ကွန်ပျူတာကြည့်ချိန် လျှော့ချခြင်း၊ အလင်းရောင်လျှော့ခြင်း၊ အိပ်ချိန်နီးတဲ့အခါ အစားများများ မစားခြင်းတို့ဖြင့် အကူအညီဖြစ်နိုင်ပါတယ်။
■ ကျန်းမာရေးညီညွတ်စွာ စားသုံးခြင်းနဲ့တော့ ကောင်းစွာမအိပ်ရခြင်းကို မကုစားပေးနိုင်ပါဘူး။
■ ည ၁၁ နာရီမတိုင်ခင် အိပ်စက်ခြင်းဟာ ဇီဝဖြစ်စဉ်များ အားကောင်းစေကာ ဆာလောင်မှုကို ထိန်းချုပ်စေပြီး ဝိတ်ကျဖို့ လွယ်ကူစေကြောင်း ရှင်းပြသွားပါတယ်။
Source: Indian Express.
ကြာသပတေးနေ့မှာ ပေကျင်းသို့ ခရီးလာရောက်လည်ပတ်တဲ့ ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမာကို သမ္မတရှီကျင့်ဖျင်တွေ့ဆုံခဲ့ပြီး ရေရှည်တည်တံ့တဲ့ ဘက်ပေါင်းစုံဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေး ဖော်ဆောင်ဖို့ နှစ်ဖက်စလုံး သဘောတူညီခဲ့ကြပါတယ်။
#Local_News
Published 30 January 2026
#တရုတ်သမ္မတ #ဗြိတိန်ဝန်ကြီးချုပ်
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 30 January 2025
■ အန္တရာယ်ကင်းရှင်းပြီး အရည်အသွေးပြည့်ဝသော ခွေးရူးရောဂါကာကွယ်ဆေး ပြန်လည်ထုတ်လုပ်နိုင်ပါက ပြည်ပမှ တင်သွင်းမှုလျော့နည်းစေမည်ဖြစ်ကြောင်း ခွေးရူးရောဂါကာကွယ်ဆေးထုတ်လုပ်နိုင်ရေးနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေး ၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးကပြောသည်။
■ ခွေးရူးရောဂါ ကာကွယ်ဆေး ထုတ်လုပ်နိုင်ရေးနှင့်ပတ်သက်၍ ဒုတိယအကြိမ်ညှိနှိုင်းအစည်းအဝေးကို ယမာန်နေ့က ပြည်ထောင်စုနယ်မြေနေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ရုံးအမှတ် (၃၆) အစည်းအဝေးခန်းမ၌ကျင်းပသည်။
■ အဆိုပါ အစည်းအဝေးသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံတိရစ္ဆာန်ဆေးကု ဆရာဝန်များအသင်း၊ တိရစ္ဆာန်ဆေးပညာကောင်စီနှင့် တာဝန်ရှိသူများ၊ ပညာရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
■ ဒုတိယဝန်ကြီးက ပထမအကြိမ်အစည်းအဝေး၌ ဆွေးနွေးခဲ့ကြသည့်အချက်များ အပေါ်အခြေခံ၍ ခွေးရူးရောဂါကာကွယ်ဆေး ထုတ်လုပ်နိုင်ရေးနှင့်ပတ်သက်ပြီး ကာကွယ်ဆေး ထုတ်လုပ်ရေးလုပ်ငန်းစဉ်များ၏ လက်ရှိအခြေအနေ၊ နည်းပညာပိုင်း၊ လူ့စွမ်းအားအရင်းအမြစ်ပိုင်းနှင့် အခြေခံအဆောက်အအုံ လိုအပ်ချက်များအပေါ်တက် ရောက်လာသူများက ပူးပေါင်းပါဝင်ဆွေးနွေးရန်ဖြစ်ကြောင်း၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့် ခွေးရူးရောဂါကာကွယ် ဆေးထိုးခြင်းလုပ်ငန်းများ (Mass Dog Vaccination) ကို လုပ်ငန်းစီမံချက်များရေးဆွဲပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ခွေးရူးရောဂါကာကွယ် ဆေးစမ်းသပ်ထုတ်လုပ်ရာတွင် စမ်းသပ်ထုတ်လုပ်မည့် ကာကွယ်ဆေး၏ အရည်အသွေး၊ လုံခြုံမှုနှင့်ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့ (WOAH)မှ သတ်မှတ်ထားသည့် စံချိန်စံညွှန်းများနှင့် ကိုက်ညီအောင် ထုတ်လုပ်သွားရမည် ဖြစ်သလို ကာကွယ်ဆေးထုတ်လုပ်သူများ၏ ဘေးအန္တရာယ်ကင်းရှင်းရေးကိုလည်း ထည့်သွင်းစဉ်းစားရမည်ဖြစ်ကြောင်း၊ခွေးရူးရောဂါပိုးသည် လူကိုကူးစက်စေနိုင်သည့်အပြင် အန္တရာယ်ဖြစ်နိုင်ခြေ မြင့်မားခြင်း၊ ကာကွယ်ဆေးထုတ်လုပ်သူများ၏ အာရုံကြောဆိုင်ရာ ကျန်းမာရေးထိခိုက်မှုရှိနိုင်သဖြင့် ဆေးထုတ်လုပ်မှုကို ရပ်ဆိုင်းခဲ့ရပြီး လိုအပ်ချက်ပေါ်မူတည်၍ ပြန်လည်ထုတ်မည်ဆိုလျှင်လည်း အဓိကဆောင်ရွက်ရမည့်အပိုင်းများကို ဆွေးနွေးကြရမည်ဖြစ်ပါကြောင်း၊ အန္တရာယ်ကင်းရှင်းပြီး အရည်အသွေးပြည့်ဝသော ခွေးရူးရောဂါကာကွယ်ဆေး ပြန်လည်ထုတ်လုပ်နိုင်ပါက ပြည်ပမှ တင်သွင်းမှုလျော့နည်းစေမည်ဖြစ်ပြီး လိုအပ်သည့်အချိန်တွင် အချိန်မီပံ့ပိုးနိုင်မည်ဖြစ်သည့်အတွက် နည်းပညာဆိုင်ရာ အကောင်းဆုံးအကြံဉာဏ်များ ဆွေးနွေးကြရန်မှာကြားသည်။
■ ထို့နောက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက အစည်းအဝေးပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်၊ ခွေးရူးရောဂါဖြစ်ပွားမှုအခြေအနေနှင့် ကာကွယ်ဆေး ထိုးနှံနေမှုအခြေအနေ၊ ပဏာမလုပ်ငန်းညှိနှိုင်း အစည်းအဝေးရလဒ်များ၊ ဆဲလ်ပျိုးခြင်းနည်းပညာဖြင့် ခွေးရူးရောဂါကာကွယ်ဆေး ထုတ်လုပ်နိုင်မှုအခြေအနေ၊ ကြက်ဥပျိုးခြင်း နည်းပညာဖြင့် ခွေးရူးရောဂါကာကွယ်ဆေး ထုတ်လုပ်နိုင်မှုအခြေအနေကို ရှင်းလင်းတင်ပြကြရာ တက်ရောက်လာကြသည့် ပညာရှင်များကအကြံပြုဆွေးနွေးကြသည်။
■ ထို့ပြင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်း ပွဲတော်ကျင်းပရေး ပြခန်းနေရာချထားရေးနှင့် ခင်းကျင်းပြသရေး လုပ်ငန်းကော်မတီ ပထမအကြိမ်အကြိုညှိနှိုင်း အစည်းအဝေးကို ယမန်နေ့က ပြည်ထောင်စုနယ်မြေ နေပြည်တော်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန ရုံးအမှတ်(၄၃) အစည်းအဝေးခန်းမ(၁)၌ ကျင်းပရာ ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်ကျင်းပရေး၊ ပြခန်းနေရာချထားရေးနှင့် ကျင်းပရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့်ကော်မတီဝင်များ၊ ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ ပြခန်းခင်းကျင်းပြသကြမည့် ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ ကုမ္ပဏီများနှင့် တိုင်းဒေသကြီး/ပြည်နယ် တာဝန်ခံများက အွန်လိုင်းစနစ်ဖြင့်တက်ရောက်ခဲ့ကြကြောင်း သိရသည်။
#YMG/NN #Yangon_Times
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြိုနယ် စန္ဒဝတ်ကျေးရွာအုပ်စုမှာအပြည်ပြည်ဆိုင်ရာ ငါးလေလံဈေးနဲ့ ငါးလုပ်ငန်းနှင့်ဆက်စပ်အဆောက်အအုံများ တည်ဆောက်ကာ ထုတ်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းစီမံကိန်းကို မကြာမီ အကောင်အထည်ဖော်ဆောင်ရွက်သွားမယ်လို့မြိတ်ကော်ပိုရေးရှင်းအများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်မှ သိရပါတယ်။
#Local_News
Published 30 January 2026
#မြိတ် #ငါးလေလံဈေး
#YMG/SW #Yangon_Times
Page 62 of 1950