ကိုဗစ်ချေးငွေရယူထားတဲ့ စီးပွားရေးလုပ်ငန်းရှင်များအနေနဲ့ လက်ရှိ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်မကုန်မီ ချေးငွေများအကြေပြန်လည်ပေးသွင်းရမှာဖြစ်တယ်လို ယမန်နေ့ကနေပြည်တော်မှာကျင်းပတဲ့ ကိုဗစ် - ၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီအစည်းအဝေးမှသိရပါတယ်။
#Local_News
Published 06 February 2026
#ကိုဗစ်ချေးငွေ #စီးပွားရေးလုပ်ငန်းရှင်
တိုင်းရင်းဆေးဝါးမှတ်ပုံတင်နဲ့တိုင်းရင်းဆေးဝါး ထုတ်လုပ်ခွင့်လိုင်စင် လျှောက်ထားရယူပြီးမှသာ ထုတ်လုပ်ဖြန့်ဖြူးရောင်းချနိုင်မယ်လို့ တိုင်းရင်း ဆေးပညာဦးစီးဌာနက သိရပါတယ်။
#Local_News
Published 06 February 2026
#တိုင်းရင်းဆေးဝါးမှတ်ပုံတင်
#YMG/NN #Yangon_Times
ပြည်ထောင်စုနေ့နဲ့ တရုတ်နှစ်သစ်ကူးရုံးပိတ်ရက်ကာလအတွင်း ခရီးသွားပြည်သူများနဲ့ ဌာနဆိုင်ရာဝန်ထမ်းများ အဆင်ပြေစွာ ခရီးသွားလာနိုင်ဖို့အတွက် အထူးရထားများတိုးချဲ့ပြေးဆွဲပေးသွားမယ်လို့ မြန်မာ့မီးရထားမှ သိရပါတယ်။
#Local_News
Published 06 February 2026
#ပြည်ထောင်စုနေ့ #တရုတ်နှစ်သစ်ကူး
#YMG/SW #Yangon_Times
#World_Science
Published 06 February 2026
▪️ သံဓာတ်ပေါများတဲ့ ဂြိုဟ်မွှားတွေနဲ့ ဥက္ကာခဲတွေဟာ အခြားအာကာသကျောက်တုံးတွေနဲ့ ယှဉ်ရင် ကမ္ဘာမြေကို အန္တရာယ်ဖြစ်နိုင်ခြေ ပိုများတယ်လို့ နိုင်ငံတကာသိပ္ပံပညာရှင်များအဖွဲ့က လေ့လာတွေ့ရှိထားပါတယ်။
▪️ ကမ္ဘာနဲ့နီးတဲ့ ဂြိုဟ်သိမ်ပေါင်း လက်ရှိမှာ ၃၇,၀၀၀ ခန့်ရှိနေပြီး နာဆာနဲ့ အခြားအာကာသအေဂျင်စီများက ဒါတွေကို စောင့်ကြည့်နေကြပါတယ်။
▪️ ဘေးအန္တရာယ်ပေးနိုင်တဲ့ အရာဝတ္ထုတွေ ရန်ကနေ ကမ္ဘာကြီးဟာ နောက်ထပ် နှစ် ၁၀၀ လောက်အထိ လုံးဝဘေးကင်းစိတ်ချရပါသေးတယ်။
▪️ သိပ္ပံပညာရှင်များအဖွဲ့ကတော့ ကမ္ဘာဂြိုဟ်ကို ခြိမ်းခြောက်လာနိုင်တဲ့ ဂြိုဟ်မွှားအမျိုးအစားတွေကို လေ့လာခဲ့ကြပါတယ်။
▪️ သရုပ်ဖော်လုပ်ဆောင်ချက်တွေထဲမှာ M-type အမျိုးအစား ဂြိုဟ်မွှားတွေက ပြိုကွဲစရာမလိုဘဲ စွမ်းအင်တွေကို ပိုမိုစုပ်ယူနိုင်ပါတယ်။
▪️ သူတို့က ကမ္ဘာ့လေထုကို ဝင်လာတဲ့အချိန်မှာ ဖိအားဒဏ်ကို ခံနိုင်ရည်ရှိတဲ့ ဂြိုဟ်မွှားတစ်ခုကို နမူနာပုံဖော်ခဲ့ကြပါတယ်။
▪️ စွမ်းအင်တွေက ဂြိုဟ်သိမ်ထဲသို့ ရောက်ရှိကာ ဖိအားဒဏ်တိုးလာခြင်းအပေါ် အတွင်းဖွဲ့စည်းပုံ ပြောင်းလဲလာပါတယ်။
▪️ ဒါဟာ ဒီလိုမျိုးဂြိုဟ်မွှားတစ်စင်း ကမ္ဘာကို ထိခိုက်တဲ့အချိန်မှာ လေထုထဲဝင်ရောက်လာချိန် အစအနတွေ ဖြစ်သွားမှာမဟုတ်ဘဲ ပိုမိုအားကြီးလာနိုင်တဲ့သဘော ဖြစ်နိုင်ပါတယ်။
Source: WION
#World_Health
Published 06 February 2026
▪️ ဗိုက်တာမင်-ဒီက ခန္ဓာကိုယ်ထဲမှာ လုပ်ဆောင်ချက်ပေါင်း ၂၀၀ ကျော် ပြုလုပ်နေကာ အရိုးကြံ့ခိုင်မှုအတွက်လည်း အရေးကြီးကြောင်း အရိုးအထူးကု ရိုင်ယန်ဂရင်းက ပြောပါတယ်။
▪️ ဗိုက်တာမင်-ဒီဆိုတာက အဆီပျော်ဝင် ဗိုက်တာမင်နဲ့ ဟော်မုန်းဖြစ်ပြီး ဗိုက်တာမင် ဒီဝမ်း၊ ဒီတူး၊ ဒီသရီးတို့ ပါဝင်ပါတယ်။
▪️ ခန္ဓာကိုယ်ခုခံအားစနစ်ကို ကူညီပေးပြီး ဟော်မုန်းတွေကို ထိန်းညှိပေးကာ အရိုးတွေကို ထောက်ပံ့ပေးသလို ကိုလက်စထရောဖြစ်ပေါ်မှုကို ထိန်းချုပ်ပေးပါတယ်။
▪️ ဆေးခန်းကိုသွားပြီး ဗိုက်တာမင်-ဒီ ချို့တဲ့မှုရှိမရှိ သွားရောက်စစ်ဆေးနိုင်ပါတယ်။
▪️ ဗိုက်တာမင်-ဒီက တစ်ဒက်ဆီလီတာမှာ ၅၀ မှ ၇၅ နာနိုဂရမ်ကြား ရှိနေသင့်ပါတယ်။
▪️ ဗိုက်တာမင်-ဒီချို့တဲ့ခြင်း လက္ခဏာတွေကတော့ ဦးနှောက်ထိုင်းမှိုင်းခြင်း၊ အဆစ်အမြစ် နာကျင်ကိုက်ခဲခြင်း၊ စိတ်ဓာတ်ကျခြင်း၊ အိပ်မပျော်ခြင်း၊ ကိုယ်ခံအားလုပ်ဆောင်ချက် ကျဆင်းခြင်းတို့ ဖြစ်နိုင်ပါတယ်။
▪️ ဗိုက်တာမင်-ဒီ ချို့တဲ့ပါက ကျန်းမာရေး ဆိုးရွားစွာထိခိုက်နိုင်ပြီး အရိုး၊ ကြွက်သားကြံ့ခိုင်မှု၊ ခံတွင်းကျန်းမာရေး၊ နှလုံးကျန်းမာရေးတို့ကိုပါ ထိခိုက်လာနိုင်ပါတယ်။
▪️ ဗိုက်တာမင်-ဒီချို့တဲ့ခြင်းကို ကာကွယ်ဖို့အတွက်ဆိုရင် အကောင်းဆုံးနည်းလမ်းတစ်ခုက နေရောင်ခြည်ထိတွေ့ဖို့ဖြစ်ပြီး တိုက်ရိုက်ထိတွေ့ခြင်းကိုတော့ ကာကွယ်သင့်ပါတယ်။
▪️ ဒါ့အပြင် ပဲပိစပ်၊ ဗာဒံစေ့၊ အုတ်ဂျုံ၊ ငှက်ပျောသီး၊ ပဲကြီး၊ ပန်းဂေါ်ဖီစိမ်း၊ အခွံမာသီးများ၊ ငါးသေတ္တာ၊ ဆယ်လ်မွန်တို့ဟာ ဗိုက်တာမင်-ဒီ များစွာပါဝင်ပါတယ်။
▪️ နောက်တစ်မျိုးက ဗိုက်တာမင်-ဒီ ဖြည့်စွက်အားဆေးတွေ သုံးစွဲဖို့ပါပဲ။
▪️ ဒီထဲမှာမှ ခန္ဓာကိုယ်က ပိုပြီးအသုံးပြုတဲ့ ဒီသရီးအမျိုးအစားကို ရွေးချယ်ဖို့ အသင့်ဆုံးဖြစ်ပါတယ်။
Source: GQ
နေပြည်တော်၊ ဖေဖော်ဝါရီ ၅၊၂၀၂၅
ပြည်တွင်းရွှေဈေးကွက်အတွင်း ဈေးနှုန်းတည်ငြိမ်ရေးကို ပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် ဈေးကစားခြင်းနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA) ဥက္ကဋ္ဌ ဦးမျိုးမြင့် အပါအဝင် အသင်းတာဝန်ရှိသူ (၃) ဦးကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ပုဒ်မ (၅) ဖြင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း အစိုးရက ယနေ့ ထုတ်ပြန်သည်။
အရေးယူခံရသူများမှာ YGEA ဥက္ကဋ္ဌ ဦးမျိုးမြင့် (တိထ္ထံသန်း စိန်ရွှေရတနာဆိုင်)၊ ဒု-ဥက္ကဋ္ဌ (၁) ဦးမျိုးသူရ (အကယ်ဒမီ ရွှေသန့်စင်လုပ်ငန်း) နှင့် အတွင်းရေးမှူး ဦးနေမျိုးထွန်း (ရွှေစင်အကယ်ဒမီ ရွှေသန့်စင်လုပ်ငန်း) တို့ဖြစ်ကြသည်။
၎င်းတို့သည် ရွှေဈေးကွက်ထိန်းသိမ်းကြပ်မတ်ရမည့် တာဝန်ရှိသူများဖြစ်သော်လည်း နိုင်ငံတော်မှ သတ်မှတ်ထားသည့် ရည်ညွှန်းဈေးနှုန်းများကို လိုက်နာခြင်းမရှိဘဲ ပြင်ပပေါက်ဈေးဖြင့် ရွှေများကို ဝယ်ယူစုဆောင်းခြင်း၊ ဈေးတင်ရောင်းချခြင်းများ ပြုလုပ်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသည်။
စစ်ဆေးချက်များအရ ဦးမျိုးမြင့်သည် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလအတွင်း အခေါက်ရွှေတုံး (၇၀)၊ ဦးမျိုးသူရသည် အခေါက်ရွှေ (၉၇၀) ကျပ်သားနှင့် ဦးနေမျိုးထွန်းသည် အခေါက်ရွှေ (၃၁၉) ကျပ်သားတို့ကို ပြင်ပပေါက်ဈေးဖြင့် ဝယ်ယူကာ အမြတ်တင်ပြန်လည်ရောင်းချခဲ့ကြောင်း ဖော်ထုတ်တွေ့ရှိခဲ့သည်။
သို့ဖြစ်၍ ၎င်းတို့ (၃) ဦးအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး၊ ကျန်ရှိသော ရွှေလုပ်ငန်းရှင်များအနေဖြင့်လည်း သတ်မှတ်စည်းကမ်းများကို တိကျစွာလိုက်နာကြရန်နှင့် လိုက်နာခြင်းမရှိပါက ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း သတိပေးထုတ်ပြန်ထားသည်။
#ymg/knl
တရုတ်နိုင်ငံခြားရေးလက်ထောက်ဝန်ကြီး လျူဘင်နဲ့ ရုရှားနိုင်ငံခြားရေးလက်ထောက်ဝန်ကြီး ဆာဂေးရက်ကော့ဗ်တို့ ပူးတွဲဦးစီးကာ နှစ်နိုင်ငံဗျူဟာမြောက်လုံခြုံရေးဆွေးနွေးညှိနှိုင်းပွဲကို အင်္ဂါနေ့က ပေကျင်းမှာ နောက်တစ်ကြိမ်ပြုလုပ်ခဲ့ပါတယ်။
#World_Politics
Published 05 February 2026
#တရုတ် #ရုရှား
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 05 February 2026
၁။ လိမ်းဆေးအမယ်သစ်နှင့်အမယ်ဟောင်းများ တိုးမြှင့်ထုတ်လုပ်ရန်တင်ဒါခေါ်ယူ
၂။ လုပ်ငန်းသုံးမီတာခများ တိုးမြှင့်လိုက်သော်လည်း အိမ်သုံးမီတာခများမူလအတိုင်းသာဖြစ်
၃။ မျက်စိဝေဒနာရှင်၁၆၀၀အား မျက်စိအလင်းအလှူတော်ပေးနေ
၄။ တရုတ်နှင့်ရုရှားနိုင်ငံခြားရေးလက်ထောက်ဝန်ကြီးတိုဦးဆောင်သော နှစ်နိုင်ငံလုံခြုံရေးဆွေးနွေးညှိနှိုင်းပွဲ ပေကျင်း၌ကျင်းပ ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ဂျပန်နိုင်ငံသို့ ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရအေဂျင်စီများမှတစ်ဆင့် သွားရောက်အလုပ်လုပ်ကိုင်နိုင်ရေး ပြည်ပအလုပ်အကိုင် လမ်းညွှန်သင်တန်းတက်ရောက်ခွင့်နဲ့ ပြည်ပအလုပ်အကိုင် အလုပ်သမား သက်သေခံကတ်(OWIC) ပြုလုပ်ဖို့လျှောက်ထားလာသူများအနက် ၁၂၂ဦးကို ခွင့်ပြုခဲ့တယ်လို့ အလုပ်သမားဝန်ကြီးဌာန၊ Safe Migration Channel က ကြေညာထားပါတယ်။
#Local_News
Published 05 February 2026
#OWIC #ဂျပန်နိုင်ငံ
#YMG/SW #Yangon_Times
မြန်မာ့ဆေးဝါးလုပ်ငန်း၊ ဆေးဝါးစက်ရုံ(အင်ရောင်း)၊ လိမ်းဆေးထုတ်လုပ်ရေးဌာနက လိမ်းဆေးအမယ်သစ်နဲ့အမယ်ဟောင်းများ တိုးမြှင့်ထုတ်လုပ်နိုင်ဖို့ တင်ဒါခေါ်ယူနေတယ်လို့ မြန်မာ့ဆေးဝါးလုပ်ငန်းကနေ သိရပါတယ်။
#Local_News
Published 05 February 2026
#မြန်မာ့ဆေးဝါးလုပ်ငန်း #ဆေးဝါးစက်ရုံ
#YMG/NN #Yangon_Times
#Local_News
Published 5 February 2026
▪️ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသော လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် ယင်းတို့၏ ရွေးကောက်ပွဲကိုယ်စားလှယ်များအနေဖြင့် ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်းအား သတ်မှတ်ရက်အတွင်း တင်သွင်းကြရန်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ယနေ့ထုတ်ပြန်ထားသည်။
▪️ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသော လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် ယင်းတို့၏ ရွေးကောက်ပွဲကိုယ်စားလှယ်များသည် ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်းကို သတ်မှတ်ရက်အတွင်း မတင်သွင်းပါက သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေ ၁၀၉ အရ အရည်အချင်းပျက်ယွင်းသူအဖြစ် သတ်မှတ်ကြေညာခြင်းခံရမည်ဖြစ်ကြောင်းလည်း ထုတိပြန်ချက်တွင် ဖော်ပြထားသည်။
▪️ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) အား ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၅နေ့တွင်မြို့နယ် ၆၁ မြို့နယ်၌ ကျင်းပခဲ့ပြီးဖြစ်ရာ အထွေထွေရွေးကောက်ပွဲအပိုင်း (၃) တွင် သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေ ၁၀၂ အရ သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ကော်မရှင်အဖွဲ့ခွဲက ရွေးကောက်တင်မြှောက်ခံရသူ လွှတ်တော်ကိုယ်စားလှယ်၏ အမည်ကို ကြေညာသည့်နေ့မှစ၍ ရက်ပေါင်း ၃၀ အတွင်း ယင်းမဲဆန္ဒနယ်အသီးသီးတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော လွှတ်တော်ကိုယ်စားလှယ်လောင်းများသည် အမည်စာရင်းတင်သွင်းလွှာတင်သွင်းခဲ့သည့် သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲ သို့မဟုတ် ကော်မရှင်က သတ်မှတ်ပေးသည့် ခရိုင်ကော်မရှင်အဖွဲ့ခွဲအသီးသီးတွင် ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်းကို ပုံစံ (၂၀) ဖြင့် တင်သွင်းကြရမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 05 February 2025
■ နိုင်ငံတော်ယာယီသမ္မတနှင့် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ရန်ကုန်တက္ကသိုလ်က ဂုဏ်ထူးဆောင် ပြည်သူ့ရေးရာစီမံခန့်ခွဲမှုပါရဂူဘွဲ့ (Honorary Doctor of Public Administration - D.P.A honoris causa) ကို ယနေ့နံနက်ပိုင်းတွင် ကျင်းပသည့် အထူးဘွဲ့နှင်းသဘင်အခမ်းအနား၌ အပ်နှင်းချီးမြှင့်လိုက်သည်။
■ ယနေ့ကျင်းပသော အခမ်းအနားတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်က နိုင်ငံတော်အကြီးအကဲ၏ စွမ်းဆောင်ရည်များကို တင်ပြရာ၌ နိုင်ငံရေးအသွင်ကူးပြောင်းမှုကာလ စိန်ခေါ်မှုများ၊ နိုင်ငံတကာဖိအားနှင့် ပိတ်ဆို့မှုများကို ရင်ဆိုင်ကျော်လွှားနိုင်ခဲ့ခြင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဖော်ဆောင်ခြင်းနှင့် မကြာသေးမီက ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်းတို့ကြောင့် ယခုကဲ့သို့ ဂုဏ်ထူးဆောင်ဘွဲ့ အပ်နှင်းရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
■ ထို့ပြင် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုဖြင့် Naypyitaw State Academy နှင့် Polytechnic University များ ဖွင့်လှစ်ပေးနိုင်ခဲ့ခြင်း၊ ကျန်းမာရေးနှင့် လမ်းပန်းဆက်သွယ်ရေးကဏ္ဍများ မြှင့်တင်ပေးခြင်း၊ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ခဲ့ခြင်းနှင့် သဘာဝဘေးဒဏ်သင့်ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ထိရောက်စွာ စီမံခန့်ခွဲနိုင်ခဲ့ခြင်းတို့ကိုလည်း ဂုဏ်ပြုထိုက်သည့် အကြောင်းရင်းများအဖြစ် ဖော်ပြခဲ့သည်။
■ အခမ်းအနားသို့ ရုရှား၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ တက္ကသိုလ်အကြီးအကဲများ တက်ရောက်ခဲ့ကြပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ Russian Presidential Academy of National Economy and Public Administration မှ ပါမောက္ခ Andrey Dragomirovich KHLUTKOV အပါအဝင် နိုင်ငံတကာပညာရှင်များက နိုင်ငံတော်အကြီးအကဲ၏ ခေါင်းဆောင်မှုနှင့် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ခဲ့မှုအပေါ် ဂုဏ်ပြုစကားများပြောကြားခဲ့သည်။
■ ရန်ကုန်တက္ကသိုလ်အနေဖြင့် ၁၉၂၁ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ ရာစုနှစ်တစ်ခုအတွင်း ပြည်တွင်းပြည်ပ ထင်ရှားကျော်ကြားသူ စုစုပေါင်း (၇၂) ဦးအား ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်ခဲ့ပြီးဖြစ်သည်။
■ ထိုအထဲတွင် ဆရာတော်ကြီးများအပြင် ယူဂိုဆလားဗီးယားသမ္မတ မာရှယ်တီးတိုးနှင့် ဗီယက်နမ်သမ္မတ ဟိုချီမင်းတို့လည်းပါဝင်ခဲ့ကြောင်းသိရသည်။
■ ဘွဲ့နှင်းသဘင်အခမ်းအနားအပြီးတွင် နိုင်ငံတော်ယာယီသမ္မတနှင့် အဖွဲ့သည် တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်သို့ သွားရောက်ကာ ရှေးဟောင်းစာအုပ်စာစောင်များ ထိန်းသိမ်းထားရှိမှုကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သတင်းရရှိသည်။
Page 57 of 1950