#World_Health
Published 12 August 2026
■ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆ ထောင်မှ ၁ သောင်းကြား အန်ဒီးစ်ဒေသမှာ ကစီဓာတ်ကြွယ်ဝတဲ့ အာလူးများ စိုက်ပျိုးခဲ့ခြင်းဟာ ဒေသခံလူမျိုးများရဲ့ မျိုးဗီဇဆင့်ကဲဖြစ်စဉ်ကို သိသာထင်ရှားစွာ ပြောင်းလဲစေခဲ့ပါတယ်။
■ ပီရူးနိုင်ငံမှ အန်ဒီးစ်ဒေသခံများဟာ တံတွေးထဲမှာ ပါဝင်တဲ့ အမိုင်လေ့စ်အင်ဇိုင်းမျိုးဗီဇ (AMY1) ပမာဏအရေအတွက် အများဆုံး ပိုင်ဆိုင်ထားသူများ ဖြစ်ကြပါတယ်။
■ AMY1 မျိုးဗီဇအရေအတွက် ပိုမိုပါဝင်ခြင်းက တံတွေးအမိုင်လေ့စ် ထုတ်လုပ်မှု ပိုများစေပြီး ပါးစပ်အတွင်း ရှုပ်ထွေးတဲ့ ကစီဓာတ်များကို ပိုမိုထိရောက်စွာ ဖြိုခွဲပေးနိုင်ပါတယ်။
■ အာလူးက အဓိကစားသောက်ကုန် ဖြစ်လာတာနဲ့အမျှ AMY1 အရေအတွက် ပိုမိုမြင့်မားတဲ့ ရှေးခေတ်အန်ဒီးစ်ဒေသခံများဟာ မျိုးဆက်တစ်ခုစီမှာ အသက်ရှင်သန်နိုင်မှုနဲ့ မျိုးပွားနိုင်မှု အားသာချက် ၁.၂၄ ရာခိုင်နှုန်းခန့် ပိုမိုရရှိခဲ့ကြပါတယ်။
■ သဘာဝအလျောက် ရွေးချယ်မှုက မျိုးဗီဇအသစ်များကို ဖန်တီးပေးခြင်းမဟုတ်ဘဲ AMY1 အရေအတွက် မြင့်မားစွာ ပါဝင်ပြီးသား လူတစ်ဦးချင်းစီကို ဦးစားပေးဖြစ်ထွန်းစေခဲ့ပြီး နည်းပါးသူများကိုတော့ အချိန်နဲ့အမျှ လျှော့ချပစ်ခဲ့ပါတယ်။
■ ဒီလိုမျိုး မျိုးဗီဇအပြောင်းအလဲက ဥရောပသားများနဲ့ မထိတွေ့မီ လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာတည်းက စတင်ခဲ့ခြင်းဖြစ်ကြောင်း အဆင့်မြင့် DNA စစ်ဆေးမှုများဖြင့် အတည်ပြုနိုင်ခဲ့သဖြင့် လူဦးရေအပြောင်းအလဲကြောင့် အလိုအလျောက် ဖြစ်ပေါ်လာခြင်းမျိုး မဟုတ်ကြောင်း သက်သေပြနိုင်ခဲ့ပါတယ်။
■ UCLA နဲ့ ဘက်ဖလိုတက္ကသိုလ်တို့ရဲ့ ပူးပေါင်းလေ့လာချက်အရ လူသားတို့ရဲ့ DNA ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၁ သောင်းအတွင်း စိုက်ပျိုးရေးဆိုင်ရာ အစားအသောက်ပုံစံများနဲ့အညီ ပြောင်းလဲလိုက်လျောညီထွေဖြစ်အောင် ဆက်လက်အဆင်ပြေအောင် ပြုပြင်နေကြောင်း ခိုင်မာတဲ့သက်သေအဖြစ် ဖော်ပြနေပါတယ်။
Source: Food & Wine
#World_Health
Published 12 August 2026
■ ကျန်းမာရေး၊ ဆီးချိုတို့နဲ့ ပတ်သက်လာရင် အာလူးထက် အာလူးကြော်တွေက တကယ့်ပြဿနာ ဖြစ်စေတယ်လို့ လေ့လာတွေ့ရှိထားပါတယ်။
■ BMJ သုတေသနပြုချက်ထဲမှာ လူပေါင်း ၂၀၅,၀၀၀ ကျော်ကို နှစ် ၄၀ ကြာ လေ့လာခဲ့ရာမှာ အာလူးကြော်စားသုံးခြင်းက ဆီးချိုရောဂါ အမျိုးအစား ၂ ဖြစ်ပွားနိုင်ခြေ ပိုမိုမြင့်မားခြင်းနဲ့ ဆက်စပ်နေကြောင်း တွေ့ရပါတယ်။
■ အာလူးကြော်ကို တစ်ပတ်လျှင် ၃ ကြိမ်စားသုံးခြင်းဟာ ဆီးချိုဖြစ်နိုင်ခြေကို ၂၀ ရာခိုင်နှုန်းအထိ တိုးမြင့်စေပါတယ်။
■ ပြုတ်ထားတဲ့အာလူး၊ ဖုတ်ထားတဲ့ အာလူး၊ ထောင်းထားတဲ့အာလူးတွေကို ထိုပမာဏအတိုင်း စားသုံးတာကတော့ ဆီးချိုဖြစ်နိုင်ခြေကို သိသိသာသာ တိုးမြင့်စေခြင်း မရှိပါဘူး။
■ ဆီများများဖြင့် ကြော်လှော်ခြင်းဟာ အဆီနဲ့ ကယ်လိုရီပမာဏ မြင့်တက်စေပြီး အာလူးရဲ့ သဘာဝအလျောက် သွေးတွင်းသကြားဓာတ် မြင့်တက်စေမှုနှုန်းအပေါ် သက်ရောက်မှုကို ပိုမိုဆိုးရွားစေပါတယ်။
■ အာလူးနေရာမှာ ဆန်ဖြူအစားထိုး စားသုံးခြင်းကလည်း ဆီးချိုရောဂါ ဖြစ်ပွားနိုင်ခြေ ပိုမိုမြင့်တက်စေကြောင်း တွေ့ရပါတယ်။
■ အစားအစာ ချက်ပြုတ်ပြင်ဆင်တဲ့ နည်းလမ်းက အရေးအကြီးဆုံးဖြစ်ပြီး ဆီမကြော်ထားတဲ့ အာလူးတွေကို သင့်တော်ရုံ စားသုံးပါက ကျန်းမာရေးနဲ့ ညီညွတ်ဆဲဖြစ်ကြောင်း သုတေသီများ ကောက်ချက်ချထားပါတယ်။
Source: The Jerusalem Post
တရုတ်နိုင်ငံရဲ့ ၂၈ ကြိမ်မြောက် လူသားပုံသဏ္ဍာန်စက်ရုပ်နဲ့ ဉာဏ်ရည်တုပြိုင်ပွဲ နိုင်ငံတော်အဆင့် ဗိုလ်လုပွဲများကို ပေကျင်းမြို၌ကျင်းပခဲ့ပြီး တက္ကသိုလ်ပေါင်း ၁၀၀ ကျော်မှ အသင်း ၂၁၃ သင်းနဲ့ စက်ရုပ် ၃၅၀ ခန့် ပါဝင်ကြပါတယ်။
#World_Technology
#တရုတ်နိုင်ငံ #လူသားပုံသဏ္ဍာန်စက်ရုပ်
Published 11 August 2026
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 11 August 2026
၁။ ဝါသီးနှံစိုက်ပျိုးရေးကဏ္ဍတိုးတက်စေရေး အီဂျစ်နှင့်ဆွေးနွေး
၂။ MSME လုပ်ငန်းများအတွက် ကျပ်ဘီလီယံ(၁၅၀)ချေးငွေထုတ်ချေးရန်ဆောင်ရွက်နေ
၃။ ပုဂံဒေသ သဘာဝအလှနှင့်ဓလေ့များကို ထိုင်းနှင့်မလေးရှားမှ ဓာတ်ပုံပညာရှင်များမှတ်တမ်းတင်ရိုက်ကူး
၄။ တရုတ်နိုင်ငံ၏(၂၈)ကြိမ်မြောက်လူသားပုံသဏ္ဍာန်စက်ရုပ်နှင့်ဉာဏ်ရည်တုပြိုင်ပွဲ ပေကျင်း၌ကျင်းပ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
အီဂျစ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်တင်ရှိန်ဟာ မြန်မာနိုင်ငံရှိ ဝါသီးနှံစိုက်ပျိုးရေးကဏ္ဍ တိုးတက်စေရေး အီဂျစ်နိုင်ငံနဲ့ပူးပေါင်းဆောင်ရွက်ရေးကိစ္စအတွက် အီဂျစ်စိုက်ပျိုးရေးဝန်ကြီးဌာနနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက သိရပါတယ်။
#Local_News
Published 11 August 2026
#ဝါသီးနှံ #အီဂျစ်
#YMG/NN #Yangon_Times
MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်က မတည်ငွေ ကျပ်ဘီလီယံ(၁၇၀)ထားရှိပြီး ကျပ်ဘီလီယံ(၁၅၀)ကို MSME ချေးငွေအဖြစ် ထုတ်ချေးနိုင်ရေးဆောင်ရွက်နေတယ်လို့ သိရပါတယ်။
#Local_News
Published 11 August 2026
#MSME
#YMG/SW #Yangon_Times
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်ရှိ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ထိုင်းနဲ့မလေးရှားနိုင်ငံတို့မှ ကမ္ဘာလှည့်ခရီးသွား ဓာတ်ပုံပညာရှင် ၁၂ ဦး ရောက်ရှိလာပြီး ဒေသတွင်း သဘာဝအလှအပများနဲ့ ကျေးလက်ဓလေ့စရိုက်များကို မှတ်တမ်းတင်ရိုက်ကူးနေတယ်လို့ သိရပါတယ် ။
#Local_News
Published 11 August 2026
#ပုဂံ #မန္တလေးတိုင်းဒေသကြီး
#YMG/NN #Yangon_Times
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်တွင် ခရီးသည်တင်နှင့် ကုန်တင်ယာဉ်များကို အန္တရာယ်ကင်းရှင်းစွာ မောင်းနှင်နိုင်ရေးအတွက် Telematic စနစ်ဖြင့် စောင့်ကြည့်ထိန်းသိမ်းနေပြီး ၂၀၂၆ ခုနှစ် ဇူလိုင်လအထိ Telematic စနစ်တပ်ဆင်ထားသည့် ကုန်တင်ယာဉ် ၂,၅၁၄ စီးနှင့် ခရီးသည်တင်မှန်လုံယာဉ် ၃,၁၈၄ စီး၊ စုစုပေါင်း ၅,၆၉၈ စီး ရှိတယ်လို့သိရပါတယ်။
#Local_News
Published 11 August 2026
#ရန်ကုန်_မန္တလေးအမြန်လမ်း #Telematic
#YMG/SW #Yangon_Times
#Local_News
Published 11 August 2026
■ ဧရာဝတီတိုင်းဒေသကြီး၊လေးမျက်နှာမြို့ ရှိ ငဝန်တာတမံ နိမ့်ကျသွားသည့် နေရာများနှင့် ရေဝင်ပေါက်များကို ဌာနဆိုင်ရာများ၊တပ်မတော်သားများနှင့် မီးသတ်တပ်ဖွဲ့ဝင်များ စုစုပေါင်းလူအင်အား ၃၈၀ ဦး ဖြင့်ပူးပေါင်းဆောင်ရွက်နေကြောင်းသိရသည်။
■ နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်နှင့်အညီ ရေကျော်ဝင်ရောက်ခြင်းအား ဆောလျင်စွာ တားဆီးနိုင်ရေးအတွက် ရေကျော်ဝင်ရောက်နေသည့်နေရာတွင် အရှည် ၁၂ မီတာ ရှိသော Steel Sheet Pile များကို အလျား ၈၉၀ ပေခန့် အုပ်မိုး၍ ရိုက်စိုက်ခြင်းလုပ်ငန်း Geo Bag နှင့် သဲအိတ်များ ဖိသိပ်ခြင်း - သဲအပြည့်ဖြည့်ထားသော Geo Bag အိတ်များနှင့် သဲအိတ်များကို ရေအောက်အထိ စနစ်တကျ သယ်ယူဖိသိပ်ချပေးခြင်း၊ ရေတား/ရေကာတားများ တည်ဆောက်ခြင်း - တာတမံ နိမ့်ကျသွားသည့် နေရာများနှင့် ရေဝင်ပေါက်များကို သဲအိတ်များဖြင့် အထပ်ထပ်စီရီ၍ ရေကာ/ရေတားနံရံများ အရေးပေါ် တည်ဆောက်ခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်နေကြောင်းသိရသည်။
■ ထိုသို့ဆောင်ရွက်ရာတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန၊ တပ်မတော်သားများနှင့် မီးသတ်တပ်ဖွဲ့ဝင်များ စုစုပေါင်းလူအင်အား ၃၈၀ ဦး ဖြင့်ပူးပေါင်း၍ ၂၄ နာရီ နေ့ဆိုင်း/ညဆိုင်း အလှည့်ကျစနစ်ဖြင့် မနားတမ်း ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#YMG/NN #Yangon_Times
#World_News
Published 11 August 2026
■ အင်္ဂါနေ့က ကိုလံဘီယာနိုင်ငံ အနောက်ပိုင်းမှာ ပြင်းအား ၇.၄ မဂ္ဂနီကျုရှိတဲ့ ငလျင်လှုပ်ခတ်ပြီးနောက် လူ ၁၀၀ ကျော် ဆုံးပါးခဲ့ကြောင်း တာဝန်ရှိသူများ ပြောကြားခဲ့ပါတယ်။
■ မြို့ပေါင်းများစွာ ပျက်စီးဆုံးရှုံးမှုများ ကြုံတွေ့ရသဖြင့် သမ္မတအသစ် အဘယ်လာဒိုဒီလာအက်စ်ပရီယယ်လာက နိုင်ငံတော်အဆင့် သဘာဝဘေးအန္တရာယ်အဖြစ် ကြေညာခဲ့ပါတယ်။
■ အမေရိကန် ဘူမိဗေဒလေ့လာရေးစခန်း(USGS) ထုတ်ပြန်ချက်အရ ငလျင်ဗဟိုချက်ဟာ ကိုလံဘီယာ ဆန်ဟိုဆေးဒယ်ပါလ်မာမြို့ရဲ့ အရှေ့ဘက် ၅ ကီလိုမီတာအကွာမှာ တည်ရှိပြီး အနည်းဆုံး ၁၁၁ ဦးသေဆုံးကာ ၈၇ ဦးဒဏ်ရာရခဲ့ပါတယ်။
■ အနည်းဆုံး အဆောက်အအုံ ၆၁ ခုပြိုကျခဲ့ပြီး နေအိမ် ၁,၆၀၀ ကျော် ပျက်စီးပြိုပျက်ခဲ့ကြောင်း၊ ကျန်းမာရေးစခန်းများ၊ ပြည်သူအခြေပြုနေရာများ၊ လမ်းပေါင်းများစွာလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သမ္မတက ပြောပါတယ်။
■ ကာလီမြို့မှာ အဆောက်အအုံ ၂၀ ကျော်ပြိုကျရာ ပိတ်မိနေသူများကို ကယ်ဆယ်လျက်ရှိပြီး မြို့တော် ဘိုဂိုတာမှာတော့ ပြိုကျမှု မရှိသေးပါဘူး။
■ ယခုငလျင်ဟာ ကိုလံဘီယာမှာ ၁၀ စုနှစ်အတွင်း အပြင်းထန်ဆုံးဖြစ်ပြီး ဗင်နီဇွဲလား၊ အီကွေဒေါ၊ ပနားမားနိုင်ငံများအထိ ရိုက်ခတ်မှု ခံစားခဲ့ရပါတယ်။
■ ကိုလံဘီယာသမ္မတက ဘိုဂိုတာသို့ သွားရောက်ပြီး ကော်ဖီစိုက်ပျိုးရေးဒေသ အပါအဝင် ထိခိုက်ခံရတဲ့ နေရာများကို ကူညီဖို့ အရေးပေါ်ကွပ်ကဲရေးစခန်း ဖွဲ့စည်းခဲ့ပါတယ်။
■ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ငလျင်အခြေအနေကို စောင့်ကြည့်နေပြီး ကိုလံဘီယာပြည်သူများကို ကူညီရန် အသင့်ရှိနေကြောင်း ပြောထားပါတယ်။
Source: ABC News
#Local_News
Published 11 August 2026
■ အဆိုးရွားဆုံးပုံစံခိုင်းစေခံရသည့် ကလေးအလုပ်သမားများ တွေ့ရှိပါက လူမှုဝန်ထမ်းဦးစီးဌာန၏ Help Line ဖုန်းနံပါတ် 1566 သို့ သတင်းပို့ရန်၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေနှင့်အညီ ကလေးအား အကောင်းဆုံးအကျိုးစီးပွားရရှိရေး ဆောင်ရွက်ပေးရန်၊ ကလေးသူငယ်များအပေါ် ပုံစံအမျိုးမျိုးဖြင့် အသုံး ချမှုများ၊ ခေါင်းပုံဖြတ်အမြတ်ထုတ်မှုများမရှိစေရေး ကာကွယ်တားဆီးမှုများ ဆောင်ရွက်ရန်လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်က ပြောသည်။
■ ယမန်နေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၌ ကျင်းပသည့် မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ လုပ်ငန်းကော်မတီတစ်ရပ်ဖြစ်သော အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီအစည်းအဝေးတွင် လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်က တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။
■ ထို့ပြင် နှစ်စဉ်ဘဏ္ဍာနှစ်အလိုက် ကလေးလုပ်သားစစ်တမ်းအစီရင်ခံစာအရ တိုင်းဒေသကြီး၊ ပြည်နယ်တို့မှ အန္တရာယ်ရှိသော လုပ်ငန်းခွင်တွင် အလုပ်လုပ်ကိုင်လျက်ရှိသော ကလေးအလုပ်သမားများကို တိုင်းဒေသကြီး၊ ပြည်နယ်လူမှုဝန်ထမ်းရုံးများမှ လူမှုဖြစ်ရပ် စီမံခန့်ခွဲသူများက လူမှုဖြစ်ရပ်စီမံခန့်ခွဲမှုနည်းလမ်းများနှင့်အညီ ကွင်းဆင်းမှုများပြုလုပ်၍ လိုအပ်သည့်ပံ့ပိုးကူညီမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လုပ်ငန်းရှင်များနှင့် ပြည်သူတစ်ဦးချင်းစီက ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာဥပဒေ၊ ကလေးအလုပ်သမားများနှင့်ပတ်သက်သည့် ဥပဒေ၊ နည်းဥပဒေများကို သိရှိလိုက်နာခြင်းဖြင့် ကလေးအလုပ်သမားများ၏ အခြေခံအခွင့်အရေးများကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်းလည်း ဒုတိယဝန်ကြီးက ဆွေးနွေးပြောကြားခဲ့သည်။
■ အလားတူ လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တက်ရောက်လာသူများက အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီ ဖွဲ့စည်းထားရှိမှုနှင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်၊ ပထမသုံးလပတ် လုပ်ငန်းဆောင်ရွက်ချက်များကို ဆွေးနွေးတင်ပြကြရာ တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက ဖြည့်စွက်ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#World_Health
Published 11 August 2026
■ ဂျွန်ဟော့ပ်ကင်းစ်ဆေးရုံမှ သုတေသီများက ကင်ဆာအကျိတ်များ မဖြစ်ပေါ်မီ ပန်ကရိယကင်ဆာ ကြိုတင်ဟန့်တားဖို့ ထုတ်ထားတဲ့ စမ်းသပ်ကာကွယ်ဆေး mKRAS-VAX ကို ဆန်းစစ်လေ့လာခဲ့ကြပါတယ်။
■ အဆင်သင့်သုံးနိုင်တဲ့ ပပ်တိုက်ကာကွယ်ဆေးက မကြာခဏတွေ့နေရတဲ့ အသွင်ပြောင်း KRAS ဗီဇ ၆ ခုကို ပစ်မှတ်ထားကာ ကင်ဆာမဖြစ်မီ ဆဲလ်များကို မှတ်မိစေကာ ဖျက်ဆီးပစ်ဖို့အတွက် ခုခံအား တီဆဲလ်များကိုလေ့ကျင့်ပေးပါတယ်။
■ အဆင့် ၁ စမ်းသပ်မှုမှာ မျိုးရိုးလိုက် အန္တရာယ်ရှိသူများ၊ ပန်ကရိယ ပုံမှန်မဟုတ်သူ စေတနာ့ဝန်ထမ်း ၂၀ ဦး ပါဝင်ခဲ့ပြီး ၁၃ ပတ်အတွင်း ကာကွယ်ဆေး ၄ ကြိမ် ထိုးနှံပေးခဲ့ပါတယ်။
■ ဒီထဲက ၉၀ ရာခိုင်နှုန်းက ၂ နှစ်အထိ ကြာရှည်ခံတဲ့ CD4+ နဲ့ CD8+ တီဆဲလ် ခုခံအားတုံ့ပြန်မှုများ ဖြစ်ပေါ်စေပါတယ်။
■ ပျမ်းမျှ ၁၆.၅ လကြာ စောင့်ကြည့်စစ်ဆေးမှုအတွင်း ပါဝင်သူ တစ်ဦးမျှ ပန်ကရိယကင်ဆာနဲ့ ခွဲစိတ်ကုသရန် လိုအပ်တဲ့ အကျိတ်များ ဖြစ်ပေါ်လာခြင်း မရှိပါဘူး။
■ ဓာတ်မှန်စစ်ဆေးမှုများအရ ၂၅ ရာခိုင်နှုန်းမှာ ပန်ကရိယအရည်အိတ်ငယ်များ လုံးဝပျောက်ကင်းသွားပြီး အခြား ၁၅ ရာခိုင်နှုန်းမှာ ပမာဏအနည်းငယ် ကျုံ့ဝင်သက်သာသွားတာကို တွေ့ရပါတယ်။
■ ကာကွယ်ဆေးက တုပ်ကွေးလိုမျိုး ခဏတာ ဘေးထွက်ဆိုးကျိုးအချို့သာရှိပြီး ဘေးကင်းကြောင်း သက်သေပြနိုင်ခဲ့သဖြင့် ကင်ဆာကာကွယ်ရေးအတွက် ပိုမိုကြီးမားတဲ့ စမ်းသပ်မှုများ ဆက်လက်လုပ်ဆောင်နိုင်ရန် ထောက်ခံပေးသလို ဖြစ်ပါတယ်။
Source: Inside Precision Medicine
Page 55 of 2096