အခု ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်လေးလတာအတွင်း ဒေါ်လာသန်း ၁၆၇ သန်းတန်ဖိုးရှိ ဆန်နှင့်ဆန်ကွဲတန်ချိန် ၆၉၉,၇၃၀ တန်အထိ တင်ပို့ထားတယ်လို့မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ရဲ့ စာရင်းများအရသိရပါတယ် ။
#Local_News
Published 18 August 2026
#ဆန် #ဆန်ကွဲ
#YMG/NN #Yangon_Times
#Daily_News
Published 18 August 2026
၁။ မင်္ဂလာဈေးသစ်အောက်တိုဘာလကုန်တွင်ဖွင့်လှစ်နိုင်မည်
၂။ ငါးသိုင်းချောင်းမြို့တွင် ရေဘေးသင့်ပြည်သူများအတွက် ရွေ့လျားဆေးကုခန်းဖွင့်လှစ်
၃။ ယခု ဘဏ္ဍာနှစ်လေးလတာအတွင်း ဒေါ်လာ (၂၃၂)သန်းတန်ဖိုးရှိ ဆန်နှင့်ဆန်ကွဲတန်ချိန်ခုနှစ်သိန်းနီးပါးတင်ပို့ထား
၄။ ကမ္ဘာ့ပထမဆုံး(၁၆)မဂ္ဂါဝပ်ထွက်သည့်ရေပေါ်လေစွမ်းအင်သုံးတာဘိုင် တောင်တရုတ်ပင်လယ်၌စတင်လည်ပတ်... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ငါးမွေးမြူရေးကန်များ ရေကြီးနစ်မြုပ်မှုကြောင့် ငါး၊ ပုစွန်များ ဆုံးရှုံးမှုမဖြစ်ပေါ်စေရေးအတွက် မွေးမြူသူများအနေဖြင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရန် ငါးလုပ်ငန်းဦးစီးဌာနက အသိပေးထားပါတယ်။
#Local_News
Published 18 August 2026
#ငါးမွေးမြူရေးကန်
#YMG/SW #Yangon_Times
#World_News
Published 18 August 2026
■ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ကြန့်ကြာနေချိန်မှာ အီရန်က ခံစစ်အခြေအနေကနေ အပြည့်အဝ ထိုးစစ်ဆင်ရေးသို့ ပြောင်းလဲသွားမယ်လို့ အီရန်အကြီးတန်းအရာရှိတစ်ဦးက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။
■ သံတမန်ရေးရာ အဆင်မပြေပါက အမေရိကန် ရေကြောင်းပိတ်ဆို့မှုများ ချိုးဖျက်ပြီး ဒေသတွင်း ရေကြောင်းသွားလာမှု ဟန့်တားဖို့အတွက် ပစ်မှတ်ထား စစ်ရေးတိုက်ခိုက်မှုတွေ ပြုလုပ်ရန် အသင့်ရှိကြောင်း အီရန်က သတိပေးခဲ့ပါတယ်။
■ ဇွန်လ ၁၇ ရက်နေ့က လက်မှတ်ရေးထိုးခဲ့တဲ့ ရက် ၆၀ ကြာ နားလည်မှုစာချွန်လွှာက ဩဂုတ် ၁၇ ရက်နေ့မှာ သက်တမ်းကုန်ဆုံးမှာ ဖြစ်ပါတယ်။
■ အီရန်က ရေလက်ကြား ထိန်းချုပ်ခွင့်ပေးတယ်ဆိုတဲ့ အငြင်းပွားဖွယ် နားလည်မှုစာချွန်လွှာပါ အချက် ၅ အပေါ် ကွဲလွဲမှုတွေကြောင့် ယာယီအပစ်အခတ်ရပ်စဲရေး ပျက်ပြားသွားခဲ့ပါတယ်။
■ အီရန်တပ်တွေက ရေလက်ကြား ဖြတ်သန်းသွားလာရန် အတည်မပြုထားတဲ့ လမ်းကြောင်းမှ သင်္ဘောများကို ပစ်မှတ်ထား တိုက်ခိုက်သဖြင့် စွမ်းအင်လောင်စာ ပို့ဆောင်ရေးများ ပျက်စီးသွားခဲ့ပါတယ်။
■ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယာယီသဘောတူညီချက် သက်တမ်းတိုးရန် ငြင်းပယ်ခဲ့ပြီး အီရန်ကို ခြွင်းချက်မရှိ အလံဖြူပြလက်နက်ချရန် တိုက်တွန်းခဲ့ပါတယ်။
■ သံတမန်ရေး ဆွေးနွေးပွဲများ ပြန်လည်စတင်ရန်အတွက် အမေရိကန်အနေဖြင့် ပြဌာန်းချက်အားလုံးကို မဖြစ်မနေ လိုက်နာရန်လိုအပ်ကြောင်း အီရန်က ဆိုပါတယ်။
■ အီရန်ရဲ့ နျူကလီးယားအစီအစဉ်၊ အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှုများနဲ့ ရေရှည်ငြိမ်းချမ်းရေး သဘောတူညီချက်ဆိုင်ရာ ပိုမိုကျယ်ပြန့်တဲ့ ဆွေးနွေးပွဲများ လုံးဝပိတ်ဆို့နေဆဲ ဖြစ်ပါတယ်။
Source: Reuters
#Local_News
Published 18 August 2026
■ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA) နှင့် China Textile & Garment Association (CTGA) တို့ ပူးပေါင်း၍ CMP စက်ရုံများအတွက် Pattern Making Training သင်တန်းကို ဩဂုတ်လ ၂၄ ရက်မှ ၂၉ ရက်အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
■ အဆိုပါသင်တန်းကို မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်း လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးသင်တန်းကျောင်း (MGHRDC) တွင် ဖွင့်လှစ်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းကဏ္ဍရှိ CMP (Cut-Make-Pack) စနစ်ဖြင့် လုပ်ကိုင်နေသည့် စက်ရုံများ၏ လက်တွေ့ထုတ်လုပ်မှုလုပ်ငန်းစဉ်များတွင် Pattern Making နည်းပညာများကို ထိရောက်စွာ အသုံးချနိုင်စေရန် ရည်ရွယ်ထားခြင်းဖြစ်သည်။
■ သင်တန်းတွင် တရုတ်နိုင်ငံမှ အထည်ချုပ်လုပ်ငန်းနှင့် Pattern Making ပညာရပ်ဆိုင်ရာ အတွေ့အကြုံရှိ ကျွမ်းကျင်သင်တန်းဆရာများက CMP စက်ရုံများတွင် လက်တွေ့အသုံးချနေသည့် Pattern Making လုပ်ငန်းစဉ်များ၊ နည်းစနစ်များနှင့် ထုတ်လုပ်မှုလိုအပ်ချက်များနှင့် ကိုက်ညီသည့် လက်တွေ့ကျွမ်းကျင်မှုများကို မျှဝေသင်ကြားပေးသွားမည်ဖြစ်သည်။
■ သင်တန်းချိန်မှာ နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ဖြစ်ပြီး သင်တန်းကြေး အခမဲ့ဖြစ်ကြောင်း သိရသည်။
■ လူဦးရေကန့်သတ်ထားသည့်အတွက် တက်ရောက်လိုသူများအနေဖြင့် ဩဂုတ်လ ၁၉ ရက် နောက်ဆုံးထား၍ ၀၉ ၉၄၀၈၅၈၃၅၀ နှင့် ၀၉ ၇၉၅၄၀၅၅၈၃ တို့ကို ဆက်သွယ်စာရင်းပေးသွင်းနိုင်မည်ဖြစ်သည်။
#YMG/SW #Yangon_Times
#Local_News
Published 18 August 2026
■ ရှေးဟောင်းဝတ္ထုပစ္စည်းများ ရေရှည်တည်တံ့ခိုင်မြဲစေရန်၊ ထိန်းသိမ်းကာကွယ်စောင့်ရှောက် နိုင်ရန်နှင့် တရားမဝင်ရောင်းဝယ်ဖောက်ကားမှုများမှ တစ်ဆင့် ပြည်ပနိုင်ငံများသို့ မရောက်ရှိစေရေး ရည်ရွယ်၍ ရှေးဟောင်းဝတ္ထုပစ္စည်းအပ်နှံခြင်းအတွက် ဆုကြေးငွေနှုန်းထားများ တိုးမြှင့်ပေးနိုင်ရေးကို စီစဉ်ဆောင်ရွက်နေကြောင်း ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနမှသိရသည်။
■ အဆိုပါ ရှေးဟောင်းဝတ္ထုပစ္စည်းအပ်နှံခြင်းအတွက် ဆုကြေးငွေနှုန်းထားတိုးမြှင့်ပေးနိုင်ရေး ညှိနှိုင်းအစည်းအဝေးပွဲကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ရန်ကုန်ဌာနခွဲ၌ဩဂုတ်လ (၁၇)ရက်နေ့ ကကျင်းပပြုလုပ်ခဲ့ရာ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဦးလွင်၊ ရှေးဟောင်းသုတေသန အကြံပေးပညာရှင်များနှင့်ဌာနမှအရာထမ်း၊ အမှုထမ်းများတက်ရောက်ဆွေးနွေးခဲ့ကြသည်။
■ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနအနေဖြင့် ရှေးဟောင်းဝတ္ထုပစ္စည်းများ အပ်နှံရာတွင် မူလတန်ဖိုး၊ ခေတ်ကာလတန်ဖိုး၊ ခေတ်လက်ရာတန်ဖိုးများအလိုက် ဆုကြေးငွေများ ပေးအပ်လျက်ရှိရာ ယခင်ဆုကြေးငွေနှုန်းထားများသည် ခေတ်ကာလနှင့် လျော်ညီမှုမရှိတော့ပါသဖြင့် ခေတ်ကာလနှင့်လျော်ညီသည့် ဆုကြေးငွေနှုန်းထားတိုးမြှင့် ပြန်လည်ပြင်ဆင်သတ်မှတ်နိုင်ရေး ဆွေးနွေးဆောင်ရွက်ခဲ့ကြသည်။
■ ထို့အပြင် ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်၊ ပျူခေတ်နှင့် ခေတ်ပြိုင်များ၊ ပုဂံခေတ်၊ ပင်းယခေတ်၊ အင်းဝခေတ်၊ ညောင်ရမ်းခေတ်၊ ဟံသာဝတီခေတ်၊ မြောက်ဦးခေတ်၊ ကုန်းဘောင်ခေတ်နှင့် ကိုလိုနီခေတ် ရှေးဟောင်းဝတ္ထုပစ္စည်းများကို ပစ္စည်းအမျိုးအစားအလိုက် ခွဲခြား၍ ယခင်ဆုချီးမြှင့်ခဲ့သည့် မူလတန်ဖိုး၊ ခေတ်ကာလတန်ဖိုး၊ ခေတ်လက်ရာတန်ဖိုးများအပြင် ထပ်ဆောင်းတန်ဖိုးနှင့်ရှားပါးအနုပညာလက်ရာတန်ဖိုးများပါထပ်ဆောင်းချီးမြှင့်ပေးနိုင်ရေး ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
■ သို့ဖြစ်ပါ၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူများအနဖြင့် မိမိတို့၏ ပတ်ဝန်းကျင်၊ လယ်ယာမြေ (သို့မဟုတ်) ရှာဖွေတွေ့ရှိထားသောပစ္စည်းများနှင့် ဝါသနာအလျောက်စုဆောင်းထိန်းသိမ်းထားရှိသည့် ရှေးဟောင်းဝတ္ထုပစ္စည်းများရှိပါက သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနသို့ အချိန်မီ ဆက်သွယ် အပ်နှံကြရန်နှင့်မိမိတို့၏အဖိုးတန်မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များကို အမျိုးသားရေးတာဝန်တစ်ရပ်နေဖြင့် ပူးပေါင်းပါဝင်ထိန်းသိမ်းကာကွယ်စောင့်ရှောက်သွားရန် တိုက်တွန်းနှိုးဆော်ထားကြောင်းသိရသည်။
#YMG/NN #Yangon_Times
#World_Science
Published 18 August 2026
■ လူသေအရေပြားကို အိုမင်းရင့်ရော်မှု ကာကွယ်ရေးကုထုံးတစ်ခုအနေနဲ့ ထိုးဆေးအဖြစ် အသုံးပြုခြင်း ခေတ်စားလာပါတယ်။
■ ဒီကုထုံးဟာ တောင်ကိုရီးယားမှာ စွဲစွဲလန်းလန်း အသုံးပြုကြတဲ့အထိ အလွန်ရေပန်းစား လူကြိုက်များလာပါတယ်။
■ လှူဒါန်းထားတဲ့ လူသားတစ်ရှူးများကို ဆဲလ်များဖယ်ရှားထားတဲ့ အရေပြားမက်ထရစ် အမှုန့်အဖြစ် ပြုပြင်ဖန်တီးပြီး ဆားရည်နဲ့ ရောစပ်လိုက်ပါတယ်။
■ မျက်နှာအတွင်းသို့ ထိုးသွင်းလိုက်တဲ့အခါ လျော့နည်းနေတဲ့ ကော်လာဂျင်၊ အီလတ်စတင်၊ ဟိုင်ယာလူရွန်နစ်အက်ဆစ်တို့ရဲ့ ဖွဲ့စည်းမှုတွေနေရာမှာ တိုက်ရိုက်အစားထိုးပေးပါတယ်။
■ လှူဒါန်းထားတဲ့ လူသားတစ်ရှူးမက်ထရစ်များကို ဒဏ်ရာများနဲ့ မီးလောင်ဒဏ်ရာ ပြုစုကုသမှုတွေမှာ သုံးစွဲနေခဲ့တာ ကာလကြာရှည်ပြီ ဖြစ်ပါတယ်။
■ ဒီကုထုံးဟာ လူသေထံမှရယူတဲ့ အဆီအစားထိုးကုသမှုများ အပါအဝင် အလှအပဆိုင်ရာ နည်းလမ်းများ ပိုမိုများပြားလာမှုကို ထိန်းညှိပြသနေပါတယ်။
■ သီးသန့်ထိုးဆေးထုတ်ကုန်များဟာ အမေရိကန် FDA အလှအပဆိုင်ရာ အိုမင်းရင့်ရော်မှုကာကွယ်ရေးအတွက် တရားဝင် ခွင့်ပြုချက် မရရှိသေးပါဘူး။
■ လက်ရှိအသုံးပြုနေတဲ့ ဖီလာထိုးဆေးများနဲ့ နှိုင်းယှဉ်ပါက ကုထုံးဘေးကင်းမှုနဲ့ ထိရောက်မှုကို သက်သေပြနိုင်တဲ့ စမ်းသပ်ချက် အချက်အလက်များ လုံလောက်စွာ မရှိသေးကြောင်း ကျွမ်းကျင်သူများ သတိပေးထားပါတယ်။
Source: New York Post
#World_Health
Published 18 August 2026
■ သုတေသီများဟာ ရှေးခေတ်တရုတ်တိုင်းရင်းဆေးပညာမှာ နှစ်ပေါင်း ၁ ထောင်ကျော် အသုံးပြုခဲ့တဲ့ Polygonum multiflorum ဆေးဘက်ဝင်အပင်ကို လေ့လာသုံးသပ်ခဲ့ကြပြီး ဆံပင်ကျွတ်ခြင်းအတွက် အသုံးပြုနိုင်ခြေရှိမရှိ ဆန်းစစ်ခဲ့ကြပါတယ်။
■ Minoxidil နဲ့ Finasteride တို့လို ဆံပင်ကျွတ်ကုသဆေးတွေဟာ အချို့လူတွေမှာ ဘေးထွက်ဆိုးကျိုးများ ဖြစ်စေပြီး လူတိုင်းမှာ ထိရောက်ခြင်း မရှိပါဘူး။
■ သာမန်ဆေးတွေလို လုပ်ဆောင်နိုင်စွမ်း တစ်ခုတည်းမဟုတ်ဘဲ ဒီဆေးဘက်ဝင်အပင်ဟာ ဆံပင်ပြန်ပေါက်စေမယ့် ဇီဝဗေဒဆိုင်ရာ လမ်းကြောင်းအတော်များများကို တပြိုင်တည်း လုပ်ဆောင်ပေးနိုင်ပုံ ရပါတယ်။
■ ထိပ်ပြောင်ခြင်းနဲ့ ဆံပင်ကျွတ်ခြင်းရဲ့ အဓိကအကြောင်းအရင်းဖြစ်တဲ့ DHT ဟော်မုန်းရဲ့ သက်ရောက်မှုကို လျှော့ချပေးနိုင်ပါတယ်။
■ လေ့လာတွေ့ရှိချက်များအရ မွေးညင်းပေါက်ဆဲလ်များ စောစီးစွာသေဆုံးခြင်းကို တားဆီးပေးနိုင်ပြီး Wnt နဲ့ Shh တို့လို ပြန်လည်ရှင်သန်မှု လမ်းကြောင်းများကို နှိုးဆွပေးပါတယ်။
■ ဦးရေပြားသွေးလှည့်ပတ်မှု ကောင်းမွန်စေခြင်းဖြင့် သက်ဝင်လှုပ်ရှားနေတဲ့ ဆံပင်မွေးညင်းပေါက်များထံ အောက်ဆီဂျင်နဲ့ အာဟာရဓာတ်များကို တိုက်ရိုက်ဖြည့်ဆည်းပေးပါတယ်။
■ သဘာဝထွက်ကုန်ဖြစ်ရုံကြောင့်တော့ ဘေးအန္တရာယ်ကင်းတယ်လို့ မဆိုလိုဘဲ စနစ်တကျ ပြုပြင်ထုတ်လုပ်ဖို့က အရေးကြီးပြီး မိမိသဘောဖြင့် ကုသမှုမလုပ်ရန် သုတေသီများ သတိပေးထားပါတယ်။
■ ပုံမှန်ကုသမှု ဖြစ်မလာခင်မှာ လူတွေဖြင့် အတိုင်းအတာတစ်ခုအထိ တရားဝင် စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ရန် လိုအပ်နေပါသေးတယ်။
Source: The Jerusalem Post
#World_Science
Published 17 August 2026
■ ချီလီနိုင်ငံမှ Very Large Telescope မှန်ပြောင်းကြီးများ အသုံးပြုကာ အာကာသပြင်ပလကို နက္ခတ်ဗေဒပညာရှင်များ ပထမဆုံးအတည်ပြုတွေ့ရှိခဲ့ပါတယ်။
■ ယခုတွေ့ရှိတဲ့ အာကာသစနစ်က ကမ္ဘာမြေကနေ အလင်းနှစ် ၇၁ နှစ်ခန့်သာ ကွာဝေးတဲ့ CD-35 2772 မှာ တည်ရှိပါတယ်။
■ အဆိုပါ အာကာသပြင်ပလဟာ အလွန်ကြီးမားတဲ့ ဂျူပီတာဂြိုဟ်ရဲ့ ဒြပ်ထုနဲ့ ခပ်ဆင်ဆင်နီးပါး တူညီပါတယ်။
■ ထိုလဟာ ပုံမှန်ဂြိုဟ်တစ်လုံးကို လှည့်ပတ်နေခြင်း မဟုတ်ဘဲ ဂျူပီတာဒြပ်ထုထက် ၃၃ ဆခန့် ပိုမိုကြီးမားတဲ့ ဂြိုဟ်ညိုတစ်လုံးကို လှည့်ပတ်နေခြင်း ဖြစ်ပါတယ်။
■ သုတေသနအဖွဲ့ခေါင်းဆောင် ကယ်ဗင်ဟွိုင်းနဲ့ အဖွဲ့က လက်ခံအရာဝတ္ထုပေါ် ဖြစ်ပေါ်စေတဲ့ ဒြပ်ဆွဲအားယိမ်းယိုင်မှုကို တိုင်းတာခြင်းဖြင့် ထိုလကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။
■ ဒီဂြိုဟ်က အလွန်ကြီးမားတာကြောင့် လ၊ ဂြိုဟ်၊ ဂြိုဟ်ညိုကြယ် စတဲ့ ပုံမှန်သတ်မှတ်ချက်ပိုင်းခြားမှုများ ရောထွေးသွားစေပါတယ်။
■ စကြဝဠာအတွင်းမှာ တွေ့ရှိပြီးသား အာကာသပြင်ပဂြိုဟ်ပေါင်း ၆ ထောင်ကျော် ရှိပေမယ့် လူသားတို့ရဲ့ စကြဝဠာပြင်ပရှိ လများကိုတော့ ယခုအချိန်အထိ မတွေ့ခဲ့သေးတာပါ။
■ ၂၀၂၉ ခုနှစ်မှာ စတင်အသုံးပြုမယ့် Extremely Large Telescope မှန်ပြောင်းကြောင့် အနာဂတ်မှာ အာကာသပြင်ပလများ ပိုမိုရှာဖွေတွေ့ရှိနိုင်မယ်လို့ သိပ္ပံပညာရှင်များ မျှော်လင့်ထားကြပါတယ်။
Source: Time
#World_Health
Published 17 August 2026
■ အစာမစားမီ အမြင်၊ အနံ့၊ အတွေးတို့ဖြင့်ပင် အာရုံကြောတုံ့ပြန်မှုများမှတဆင့် အစာခြေစနစ် စတင်ပြင်ဆင်ပေးပါတယ်။
■ အစာကို မြင်ရရုံ၊ အနံ့ရရုံ၊ စဉ်းစားမိရုံဖြင့် သွားရည်နဲ့ အစာအိမ်အက်ဆစ်များ ထွက်ရှိလာစေပါတယ်။
■ ဝါးစားလိုက်ခြင်းက သွားတွေကနေ အစာကို ကြိတ်ခွဲပေးကာ သွားရည်အင်ဇိုင်းများ ဓာတုဗေဒနည်းဖြင့် စတင်ဖြိုခွဲပေးပါတယ်။
■ သေချာစွာ ဝါးစားခြင်းက အစာရဲ့ ထိတွေ့မှုဧရိယာကို ကျယ်စေပြီး အင်ဇိုင်းများက ကာဗိုဟိုက်ဒရိတ်ကို ပိုမိုထိရောက်စွာ ဖြိုခွဲနိုင်စေပါတယ်။
■ မျိုချလိုက်တဲ့အစာက ၂၅ စင်တီမီတာရှည်တဲ့ အစာပြွန်တလျှောက် ကြွက်သားများရဲ့ လှိုင်းပုံစံညှစ်ထုတ်မှုဖြင့် အစာအိမ်ထဲသို့ ရောက်ရှိသွားပါတယ်။
■ အစာအိမ်အတွင်းရှိ အက်ဆစ်ဓာတ်ပါတဲ့ အစာခြေရည်များက ပရိုတိန်းများကို ဆက်လက်ဖြိုခွဲပေးပြီး ဘက်တီးရီးယားဆိုးများကိုလည်း ကာကွယ်ပေးပါတယ်။
■ အစာအိမ်မြည်ခြင်းနဲ့ ဗိုက်ပြည့်ခြင်းတို့ကို အာရုံကြောအချက်ပြမှုများအပြင် ဂရီလင်နဲ့ လက်ပ်တင်ဟော်မုန်းများက ထိန်းချုပ်ပေးပါတယ်။
■ ထမင်းစားစဉ် ရေသောက်ခြင်းက အစာခြေဖျက်မှုကို အထောက်အကူ ဖြစ်စေပြီး ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးသလို သေချာစွာ ဝါးစားခြင်းကလည်း ရင်ပူခြင်းမှ ကာကွယ်ပေးပါတယ်။
Source: The Jerusalem Post
ချောင်းသာ–ငွေဆောင်ကမ်းခြေသို့လာရောက်ကြသော ဧည့်သည်များအားကမ်းခြေတွင်ရောင်းချနေသော အကင်များနှင့်အစားအစာများကို ဝယ်ယူစားသုံးရာတွင်သန့်ရှင်းမှုနှင့် အစားအစာဘေးကင်းလုံခြုံမှုကို အထူးဂရုပြုကြဖို ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က အသိပေးချက်ထုတ်ပြန်ထားပါတယ်။
#Local_News
Published 16 August 2026
#ချောင်းသာ_ငွေဆောင်ကမ်းခြေ
#YMG/NN #Yangon_Times
#World_Health
Published 16 August 2026
■ အစာအိမ်နဲ့ အူလမ်းကြောင်းပြုပြင်ဖို့ အဆိပ်အတောက်ထုတ် ဖျော်ရည်တွေ မလိုအပ်ဘူးလို့ ဒေါက်တာ ဆူရက်ဘ်ဆက်သီ ပြောပြီး ရိုးရှင်းတဲ့ နေ့စဉ်အလေ့အထတွေက ပိုပြီးထိရောက်မှုရှိစေတယ်လို့ ဖြည့်စွက်ပြောကြားခဲ့ပါတယ်။
■ အူလမ်းကြောင်းကျန်းမာရေး မြှင့်တင်ဖို့ လွယ်ကူပြီး ရိုးရှင်းတဲ့နည်းလမ်း ၃ ခုကို ဒေါက်တာက မျှဝေပေးထားပါတယ်။
■ (၁) နေ့စဉ်အမျှင်ဓာတ် လုံလောက်စွာစားခြင်း
အမျိုးသမီးများအနေဖြင့် တစ်နေ့ကို အမျှင်ဓာတ် ၂၅ ဂရမ်၊ အမျိုးသားတွေက ၃၈ ဂရမ်ခန့် ရရှိသင့်ပြီး သစ်သီးများ၊ ဟင်းရွက်များ၊ အစေ့အဆန်များ၊ အခြားသော ဂျုံပြောင်းဆန်များကို အကြံပြုထားပါတယ်။
■ အမျှင်ဓာတ်က အူလမ်းကြောင်းထဲရှိ အကျိုးပြုဘက်တီးရီးယားများကို တိုးပွားစေကာ အစာခြေစနစ်ကို လုပ်ဆောင်စေပါတယ်။
■ (၂) အချဉ်ဖောက်ထားသော အစားအစာများစားခြင်း
ဒိန်ချဉ်၊ ဒိန်ခဲ၊ ထောပတ်နို့ စတာတွေက နို့ထွက်ပစ္စည်းနဲ့ အပင်အခြေပြုစားစရာတွေ ဖြစ်ကာ အူလမ်းကြောင်း ကျန်းမာစေပြီး အစာခြေဖျက်မှုတိုးတက်စေတဲ့ ဘက်တီးရီးယားတွေ ပါဝင်ပါတယ်။
■ (၃) နေ့စဉ်လမ်းလျှောက်ခြင်း
နေ့စဉ်လမ်းလျှောက်ခြင်းက အစာခြေစနစ်အတွင်း အစားအစာများ ရွေ့လျားမှုကို ကူညီပေးကာ ဝမ်းချုပ်ခြင်းမှ ကာကွယ်ပေးတာကြောင့် အူလမ်းကြောင်းကျန်းမာရေးကို မြှင့်တင်ပေးနိုင်ပါတယ်။
■ ဒါ့အပြင် အမျှင်ဓာတ်ကို ပိုစားရာမှာ ရေဓာတ်လုံလောက်စွာ ရှိနေဖို့လည်း လိုအပ်တယ်လို့ ဒေါက်တာက ဆိုပါတယ်။
Source: NDTV
Page 51 of 2096