#Local_News
Published 22 August 2026
#ကျန်စစ်မင်း #ယုဇနဥယျာဉ်မြို့တော်
#YMG/NN #Yangon_Times
ထိုင်းနိုင်ငံမှာ အထောက်အထားမပြည့်စုံတဲ့ မြန်မာနိုင်ငံသားအလုပ်သမားတွေအတွက် CI အသစ်ထုတ်ပေးနိုင်ရေးဆောင်ရွက်ခဲ့ရာ အလုပ်သမား ၄၂၉,၁၉၂ ဦးကိုဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့သိရပါတယ်။
#Local_News
Published 22 August 2026
#ထိုင်း #CI
#YMG/SW #Yangon_Times
#World_News
Published 22 August 2026
■ အီရန်ခေါင်းဆောင်ပိုင်း ဖြုတ်ချရန် ရည်ရွယ်ကာ အမေရိကန်သမိုင်းမှာ အပြင်းထန်ဆုံး ဒဏ်ခတ်ပိတ်ဆို့မှုများ ပြုလုပ်သွားမယ်လို့ အမေရိကန်ပြောပြီးနောက် အမေရိကန်ရဲ့ ဘယ်လိုခြိမ်းခြောက်မှုမဆို အပြင်းအထန် တုံ့ပြန်သွားမယ်လို့ အီရန်က သောကြာနေ့မှာ ပြောပါတယ်။
■ အီရန်အပေါ်မှာ သမိုင်းဝင်ပိတ်ဆို့အရေးယူမှုများ ချမှတ်သွားမယ်လို့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်ဆန့်က ကြေညာခဲ့တာ ဖြစ်ပါတယ်။
■ စစ်ရေးတိုက်ခိုက်မှုများ လျှော့ချရင်း အီရန်အစိုးရ အားနည်းသွားစေရန်အတွက် ရေတပ်ပိတ်ဆို့မှုများနဲ့အတူ ယခုလို အရေးယူမှုများ ပူးတွဲလုပ်ဆောင်မှာ ဖြစ်ပါတယ်။
■ အီရန်ကို စီးပွားရေးအရ ကူညီထောက်ပံ့ပေးတဲ့ ဘယ်နိုင်ငံမဆို အမေရိကန်ရဲ့ ဘဏ္ဍာရေးပြစ်ဒဏ်များ ရင်ဆိုင်ရမယ်လို့ သမ္မတဒေါ်နယ်ထရမ့်က သတိပေးခဲ့ပါတယ်။
■ အီရန်ရေနံတင်ပို့မှု ၈၀ ရာခိုင်နှုန်းကျော်ကို ဝယ်ယူနေတဲ့ တရုတ်ကို အီရန်နဲ့ ကုန်သွယ်ရေးရပ်ဆိုင်းရန်၊ ဟော်မုဇ်ရေလက်ကြား ပြန်ဖွင့်ရေး ကူညီပေးရန် အမေရိကန်က ဖိအားပေးနေပါတယ်။
■ အီရန်ခေါင်းဆောင်ပိုင်းကတော့ ဘယ်လိုခြိမ်းခြောက်မှုမဆို နယ်ပယ်အရပ်ရပ်မှတဆင့် ပြင်းထန်တဲ့ တုံ့ပြန်မှုများ ပြုလုပ်သွားမယ်လို့ သတိပေးခဲ့ပါတယ်။
■ ယခုပိတ်ဆို့မှုတွေဟာ အရပ်သားပြည်သူများအပေါ် ပစ်မှတ်ထားတဲ့ အကြမ်းဖက်မှုနဲ့ ရာဇဝတ်မှုများဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက ရှုတ်ချလိုက်ပါတယ်။
■ ဟော်မုဇ်ရေလက်ကြားမှတဆင့် အရှေ့အလယ်ပိုင်း စွမ်းအင်တင်ပို့မှုများ ဆက်လက်အဟန့်အတား ဖြစ်မှာကို စိုးရိမ်တာကြောင့် ကမ္ဘာ့ရေနံဈေးနှုန်းများ ၃ ပတ်အတွင်း အမြင့်ဆုံးစံချိန်သို့ မြင့်တက်သွားပါတယ်။
■ ချမှတ်သွားမယ့် အရေးယူပိတ်ဆို့မှုမူဘောင် အချက်အလက်တွေကို ဘဏ္ဍာရေးဝန်ကြီးဌာန တာဝန်ရှိသူများက တနင်္လာနေ့မှာ တရားဝင်ထုတ်ပြန်ရန် စီစဉ်ထားပါတယ်။
Source: Reuters
#Local_News
Published 22 August 2026
■ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့မှ မော်တော်ယာဉ်များကို ကားသော့အတုများအသုံးပြု၍ ခိုးယူခဲ့သူ အမျိုးသားတစ်ဦးကို သက်သေခံယာဉ် ၆ စီးနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
■ ဖြစ်စဉ်မှာ လှိုင်မြို့နယ်၊ အမှတ် (၃) ရပ်ကွက်နေ ဦးစိုးခိုင်ဦး (၅၆) နှစ်သည် ဩဂုတ် ၁၁ ရက် ညပိုင်းက ၎င်းပိုင် TOYOTA TOYOACE LYZ 30 LIGHT TRUCK ယာဉ်ကို အေးရိပ်မွန် (၂) လမ်းနှင့် ရတနာမွန် (၅) လမ်းထောင့်တွင် ညအိပ်ရပ်ထားခဲ့ရာ ဩဂုတ် ၁၂ ရက် နံနက်ပိုင်းတွင် ယာဉ်ပျောက်ဆုံးနေသဖြင့် ပိတောက်ချောင်းနယ်မြေရဲစခန်း၌ ရာဇသတ်ကြီးပုဒ်မ ၃၇၉ (ကား) ဖြင့် အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်သည်။
■ ယင်းအမှုနှင့်ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက အခင်းဖြစ်ရပ်မှတ်တမ်းများ စစ်ဆေးခြင်းနှင့် နယ်မြေသတင်းရယူစုံစမ်းခြင်းများ ဆောင်ရွက်ခဲ့ရာ ယာဉ်ခိုးယူသူ စိုးသန်း (ခ) ကိုကိုလေး (၅၃) နှစ်ကို ဩဂုတ် ၁၈ ရက် ညပိုင်းတွင် လှိုင်မြို့နယ်၊ (၂) ရပ်ကွက်၊ ဘုရင့်နောင်လမ်းသွယ် (၂) လမ်းရှိ Royal Toe Hotel အခန်းအမှတ် (၂၀၇) မှာ ဖမ်းဆီးရမိခဲ့သည်။
■ တရားခံအား စစ်ဆေးဖော်ထုတ်ချက်အရ ဩဂုတ် ၉ ရက်၊ ၁၀ ရက်၊ ၁၃ ရက်နှင့် ၁၄ ရက်တို့တွင် ရန်ကုန်မြို့ရှိ မြို့နယ်အချို့မှ ယာဉ် ၅ စီးကို ကားသော့အတုများအသုံးပြု၍ ထပ်မံခိုးယူခဲ့ကြောင်း သိရပြီး သက်သေခံယာဉ်များကိုလည်း သိမ်းဆည်းရမိခဲ့သည်။
■ တရားခံ၏ ထွက်ဆိုချက်အရ ၎င်းသည် ဩဂုတ် ၉ ရက်မှစတင်ကာ မရမ်းကုန်းမြို့နယ်၊ (၁) ရပ်ကွက်၊ ကျန်စစ်သားလမ်းရှိ NICE DAY Hotel တွင် တည်းခိုနေထိုင်ပြီး ရန်ကုန်မြို့အတွင်း ရပ်တန့်ထားသည့် ယာဉ်များကို လိုက်လံကြည့်ရှုကာ ကားသော့အတုများဖြင့် ခိုးယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
■ ခိုးယူရရှိသည့် ယာဉ်များမှ ဆီများထုတ်ယူရောင်းချခြင်း၊ ကားဘက်ထရီအိုးများနှင့် ကားဘီးများ ဖြုတ်ယူရောင်းချခြင်းများ ပြုလုပ်ခဲ့ကြောင်းလည်း စစ်ဆေးဖော်ထုတ်ချက်များအရ သိရသည်။
■ ဖြစ်စဉ်တွင် ရန်ကုန်မြို့အတွင်းရှိ မြို့နယ်အချို့မှ ယာဉ် ၆ စီး ခိုးယူခဲ့သူ စိုးသန်း (ခ) ကိုကိုလေးအား သက်သေခံယာဉ်များနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပြီး ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 22 August 2026
■ မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး တိုးမြှင့်မှုအဖြစ် ဘယ်လာရုစ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးကို မင့်စ်မြို့၌ ဩဂုတ် ၂၁ ရက်က တရားဝင်ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၊ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနှင့် ဘယ်လာရုစ်နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Maxim Ryzhenkov တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။
■ ဘယ်လာရုစ်သမ္မတ မစ္စတာ အလက်ဇန္ဒား လူကာရှန်ကို၏ ဖိတ်ကြားချက်အရ မင့်စ်မြို့၌ တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဒေသစံတော်ချိန် ညနေ ၄ နာရီ ၄၅ မိနစ်တွင် မင့်စ်မြို့ရှိ သံတမန်ခန်းမ၌ ကျင်းပသည့် သံရုံးဖွင့်ပွဲသို့တက်ရောက်ခဲ့သည်။
■ ဖွင့်ပွဲသို့ မြန်မာဘက်မှ ပြည်ထောင်စုဝန်ကြီးများ၊ ဘယ်လာရုစ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမောင်မောင်စိုးနှင့် သံရုံးဝန်ထမ်းများ တက်ရောက်ခဲ့ပြီး ဘယ်လာရုစ်ဘက်မှ နိုင်ငံခြားရေးဝန်ကြီးနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ တက်ရောက်ခဲ့ကြသည်။
■ သံရုံးဖွင့်လှစ်ပြီးနောက် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများက ဂုဏ်ပြုနှုတ်ခွန်းဆက်စကားများ ပြောကြားခဲ့ကြပြီး သံရုံးဖွင့်ပွဲအထိမ်းအမှတ် လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ကြသည်။
■ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် သံတမန်ခန်းမ ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးခဲ့ပြီး ဘယ်လာရုစ်အစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ဦးက နိုင်ငံတော်သမ္မတ၏ ပုံတူပန်းချီကားကို အမှတ်တရလက်ဆောင်အဖြစ် ပေးအပ်ခဲ့သည်။
■ ဖွင့်ပွဲအပြီးတွင် နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် မင့်စ်မြို့ သံတမန်ဇုန်၌ မြန်မာသံရုံးအဆောက်အအုံ ဆောက်လုပ်နေသည့် နေရာကို သွားရောက်ကြည့်ရှုခဲ့ပြီး ဆောက်လုပ်ရေးအခြေအနေများနှင့်ပတ်သက်၍ တာဝန်ရှိသူများ၏ တင်ပြချက်များကို ကြားနာကာလိုအပ်သည်များ လမ်းညွှန်ခဲ့ကြောင်းသိရသည်။
#Local_News
မင့်စ်၊ ဩဂုတ် ၂၂
■ မြန်မာနှင့် ဘယ်လာရုစ် နှစ်နိုင်ငံလွှတ်တော်များအကြား ဥပဒေပြုရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ အပြန်အလှန်လေ့လာရေးခရီးစဉ်များနှင့် ချစ်ကြည်ရေးအဖွဲ့မှတစ်ဆင့် ဆက်ဆံရေးတိုးမြှင့်ရေး တို့ကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဘယ်လာရုစ် အောက်လွှတ်တော်၊ အထက်လွှတ်တော်ဥက္ကဋ္ဌတို့ ဩဂုတ် ၂၁ ရက်က မင့်စ်မြို့ရှိ အမျိုးသားလွှတ်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
■ ဘယ်လာရုစ်နိုင်ငံသို့ တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီခွဲတွင် အောက်လွှတ်တော်ဥက္ကဋ္ဌ H.E. Mr. Igor Petrovich Sergeenko နှင့် အထက်လွှတ်တော်ဥက္ကဋ္ဌ H.E. Ms. Natalya Kochanova တို့ကို ပူးတွဲတွေ့ဆုံခဲ့ခြင်းဖြစ်သည်။
■ တွေ့ဆုံရာတွင် နှစ်နိုင်ငံလွှတ်တော်များအကြား ဖွဲ့စည်းထားသည့် ချစ်ကြည်ရေးအဖွဲ့မှတစ်ဆင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ လွှတ်တော်ကိုယ်စားလှယ်များ အပြန်အလှန်လေ့လာရေးခရီးစဉ်များ ပြုလုပ်ရေးနှင့် ဥပဒေပြုရေးဆိုင်ရာ အတွေ့အကြုံများ အပြန်အလှန်ပူးပေါင်းဆောင်ရွက်ရေးတို့ကိုဆွေးနွေးခဲ့ကြသည်။
■ ထို့ပြင် နှစ်နိုင်ငံရှိအဖွဲ့အစည်းများအပြင် လူငယ်နှင့်အမျိုးသမီးရေးရာအဖွဲ့အစည်းများအကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေးကိုလည်းထည့်သွင်းဆွေးနွေးခဲ့ကြသည်။
■ မြန်မာ-ဘယ်လာရုစ် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ လမ်းပြမြေပုံ (၂၀၂၆-၂၀၂၈) ကို ဆက်လက်အကောင်အထည်ဖော်နေမှုနှင့် ယခုခရီးစဉ်အတွင်း နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ စာချုပ်နှင့် နားလည်မှုစာချွန်လွှာများ ဆောင်ရွက်နိုင်ခဲ့မှုတို့ကိုလည်းဆွေးနွေးခဲ့သည်။
■ နှစ်နိုင်ငံအနေဖြင့် နိုင်ငံတကာမျက်နှာစာတွင် အပြန်အလှန် ကူညီထောက်ခံမှုများ ဆောင်ရွက်နေသည့် အခြေအနေကို ဆွေးနွေးခဲ့ကြပြီး နှစ်နိုင်ငံနှင့် လွှတ်တော်များအကြား ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်တိုးမြှင့်ရန် အမြင်ချင်းဖလှယ်ခဲ့ကြသည်။
■ ထို့အတူ နှစ်နိုင်ငံ ရွေးကောက်ပွဲများတွင် အပြန်အလှန် ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့များ စေလွှတ်ခဲ့မှုနှင့် မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲကျင်းပခဲ့မှုအပေါ် ဘယ်လာရုစ်လွှတ်တော်ဘက်ကပြောကြားခဲ့သည့် အခြေအနေများကိုလည်းထည့်သွင်းဆွေးနွေးခဲ့ကြသည်။
■ တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ဘယ်လာရုစ် အောက်လွှတ်တော်နှင့် အထက်လွှတ်တော်ဥက္ကဋ္ဌတို့က လိုက်လံပို့ဆောင်နှုတ်ဆက်ခဲ့ကြောင်း သိရသည်။
#World_Health
Published 22 August 2026
■ စမတ်လက်ပတ်နာရီများနဲ့ သယ်ဆောင်ရလွယ်ကူတဲ့ ECG ကိရိယာများဟာ နှလုံးခုန်မမှန်ရောဂါ ကြိုတင်သိရှိစေနိုင်ပြီး ပြင်းထန်တဲ့ နောက်ဆက်တွဲဆိုးကျိုးများ မဖြစ်ပွားမီ သိရှိစေရန် ကူညီပေးပါတယ်။
■ နှလုံးခုန်စည်းချက်မမှန်တဲ့ရောဂါက သတိပြုမိစရာ လက္ခဏာများမပြဘဲ ဖြစ်ပွားလေ့ရှိတာကြောင့် နည်းပညာများဖြင့် ကြိုတင်စစ်ဆေးခြင်းက လူနာကျန်းမာရေးအတွက် အလွန်အရေးကြီးပါတယ်။
■ အတွေ့များတဲ့ လက္ခဏာတွေထဲမှာ နှလုံးတုန်ခြင်း၊ နှလုံးခုန်မြန်ခြင်း၊ အသက်ရှူရခက်ခဲခြင်းတို့ ပါဝင်ပေမယ့် လူနာအများစုဟာ ဘယ်လိုလက္ခဏာမှ မပြတတ်ကြပါဘူး။
■ ဝတ်ဆင်ထားတဲ့ ကိရိယာမှ နှလုံးခုန်နှုန်းမမှန်ကြောင်း သတိပေးချက်ပြတဲ့အခါမျိုး ဒါမှမဟုတ် နားနေချိန် နှလုံးခုန်နှုန်း ရုတ်တရက် မြင့်တက်သွားတဲ့အခါမျိုးမှာ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။
■ စမတ်နာရီတွေက နှလုံးခုန်မမှန်ရောဂါကို အတည်ပြုဖို့သပ်သပ်တော့ မဟုတ်ဘဲ သွေးခုန်နှုန်းစမ်းသပ်ခြင်း၊ ဆေးရုံဆေးခန်းသုံး ECG စစ်ဆေးမှုများ ပြုလုပ်ခြင်းတို့ လိုအပ်ပါတယ်။
■ သယ်ဆောင်ရလွယ်ကူတဲ့ ECG ကိရိယာများဟာ လက္ခဏာများ ပြသနေချိန် နှလုံးခုန်နှုန်း မှတ်တမ်းတင်ထားနိုင်ပြီး ထိုအချက်အလက်များကို ဆရာဝန်ထံ ပြသနိုင်ပါတယ်။
■ ဒီဂျစ်တယ် ကိရိယာများဟာ ဆေးကုသမှု စောစီးစွာခံယူနိုင်ရန် ကူညီပေးတဲ့အတွက် သင့်တော်တဲ့ ကုသမှုများ ပြုလုပ်ပြီး လေဖြတ်နိုင်ခြေကို သိသိသာသာ လျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်။
■ ဒီနည်းပညာတွေက ဆရာဝန်တွေရဲ့ တကယ့်ဆေးစစ်မှုတွေကို မယှဉ်နိုင်ပေမယ့် စောစီးစွာ ထိန်းချုပ်ကုသနိုင်ရေးအတွက် အလွယ်တကူ အသုံးပြုနိုင်မယ့် ပထမခြေလှမ်းတစ်ခု ဖြစ်ပါတယ်။
Source: Indian Express
#World_Health
Published 22 August 2026
■ ဦးနှောက်ဟာ အာရုံကြောအရည် လှည့်ပတ်စီးဆင်းတဲ့ Glymphatic အညစ်အကြေးစွန့်ထုတ်စနစ်ကနေ မလိုအပ်တဲ့ အညစ်အကြေးတွေ စွန့်ထုတ်ပေးပါတယ်။
■ ကိုယ်လက်လှုပ်ရှားမှု ပုံမှန်ပြုလုပ်ခြင်းက အရွယ်တင်နုပျိုစေပြီး ဦးနှောက်ကျန်းမာစေရန် အညစ်အကြေး စွန့်ထုတ်စနစ်ရဲ့ လုပ်ဆောင်ချက်ကို ပိုမိုကောင်းမွန်စေပါတယ်။
■ လေ့ကျင့်ခန်းလုပ်ခြင်းက သွေးလှည့်ပတ်မှုကို ကောင်းမွန်စေပြီး ဦးနှောက်နဲ့ အာရုံကြောအရည်များကို လမ်းကြောင်းအတိုင်း စီးဆင်းစေကာ အန္တရာယ်ရှိတဲ့ ပရိုတိန်းများကို ဖယ်ရှားပေးပါတယ်။
■ Amyloid-beta လိုမျိုး ပရိုတိန်းများကို ဖယ်ရှားပေးခြင်းဖြင့် အယ်ဇိုင်းများရောဂါလိုမျိုး အာရုံကြောထိခိုက်စေတဲ့ ရောဂါများ ဖြစ်ပွားနိုင်ခြေကို လျှော့ချပေးပါတယ်။
■ ကိုယ်လက်လှုပ်ရှားခြင်းဖြင့် ရေရှည်ဖြစ်ပေါ်တတ်တဲ့ ရောင်ရမ်းမှုများကို လျှော့ချပေးပြီး ဦးနှောက်ကို အကောင်းဆုံး ထိန်းသိမ်းစောင့်ရှောက်နိုင်တဲ့ အခြေအနေ ဖန်တီးပေးပါတယ်။
■ လေ့ကျင့်ခန်းလုပ်ခြင်းဟာ အိပ်စက်မှုအခြေအနေကို မြှင့်တင်ပေးပြီး ဦးနှောက်မှ အညစ်အကြေးများကို အဓိကသန့်စင်ပေးပါတယ်။
■ ဦးနှောက်ပုံရိပ်စစ်ဆေးချက်များအရ ၁၂ ပတ်ကြာ စက်ဘီးစီးလေ့ကျင့်ခန်း ပြုလုပ်သူတွေရဲ့ ဦးနှောက်အတွင်း အရည်စီးဆင်းမှုလမ်းကြောင်းများ ပိုမိုကောင်းမွန်လာကြောင်း တွေ့ရပါတယ်။
■ ဘယ်လိုကိုယ်လက်လှုပ်ရှားမှုမဆို ပုံမှန်ပြုလုပ်ခြင်းက အကျိုးရှိပြီး နှလုံးနဲ့ သွေးကြောကျန်းမာရေးကို ကာကွယ်ပေးတဲ့ အရာတွေက ဦးနှောက်ကိုလည်း ကာကွယ်စောင့်ရှောက်ပေးပါတယ်။
Source: Indian Express
မင့်စ်၊ ဩဂုတ် ၂၁။ မြန်မာအာကာသအေဂျင်စီအတွက် ကမ္ဘာမြေကို အဝေးမှအာရုံခံစောင့်ကြည့်နိုင်သည့် အာကာသယာဉ်ငယ်တစ်စင်း တည်ဆောက်ရေး၊ ဘယ်လာရုစ် Development Bank နှင့် ချေးငွေဆိုင်ရာ မူဘောင်သဘောတူစာချုပ်တို့အပါအဝင် မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံအကြား သဘောတူညီချက်နှင့် နားလည်မှုစာချွန်လွှာ ကိုးခုကို ဩဂုတ် ၂၁ ရက်က မင့်စ်မြို့၌ နှစ်နိုင်ငံသမ္မတများရှေ့မှောက်တွင် လဲလှယ်ခဲ့ကြသည်။
အဆိုပါ သဘောတူညီချက်များ လဲလှယ်မှုကို မင့်စ်မြို့ သမ္မတနန်းတော်၌ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဘယ်လာရုစ်သမ္မတ မစ္စတာ အလက်ဇန္ဒား လူကာရှန်ကိုတို့ ဦးဆောင်သည့် နှစ်နိုင်ငံ နိုင်ငံတော်အဆင့် တွေ့ဆုံဆွေးနွေးပွဲအပြီးတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
နှစ်နိုင်ငံသည် မြန်မာအာကာသအေဂျင်စီအတွက် ကမ္ဘာမြေကို အဝေးမှအာရုံခံစောင့်ကြည့်နိုင်သည့် အာကာသယာဉ်ငယ်တစ်စင်း တည်ဆောက်ရေးဆိုင်ရာ ရည်ရွယ်သည့်မှတ်တမ်းလွှာအပြင် မြန်မာအာကာသအေဂျင်စီနှင့် Belarusian State University တို့အကြား သိပ္ပံနှင့်နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးစာချွန်လွှာကိုလည်း လဲလှယ်ခဲ့ကြသည်။
စီးပွားရေးနှင့် ဘဏ္ဍာရေးကဏ္ဍတွင် မြန်မာနိုင်ငံ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနနှင့် JSC “Development Bank of the Republic of Belarus” တို့အကြား ချေးငွေဆိုင်ရာ မူဘောင်သဘောတူစာချုပ်ကို လဲလှယ်ခဲ့သည်။
ထို့ပြင် တရားမနှင့် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ ကိစ္စရပ်များတွင် ဥပဒေရေးရာ အပြန်အလှန်အကူအညီပေးရေး သဘောတူစာချုပ်၊ ပြစ်မှုဆိုင်ရာကိစ္စရပ်များတွင် ဥပဒေပိုင်းဆိုင်ရာ အပြန်အလှန်အကူအညီပေးရေး သဘောတူညီချက်တို့လည်း ပါဝင်သည်။
နှစ်နိုင်ငံ ရွေးကောက်ပွဲကော်မရှင်များအကြား ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့နှင့် The Belarusian Institute of Strategic Research (BISR) တို့အကြား ပူးပေါင်းဆောင်ရွက်ရေးနှင့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (MRTV) နှင့် ဘယ်လာရုစ်နိုင်ငံပိုင် ရုပ်မြင်သံကြားနှင့် အသံလွှင့်ကုမ္ပဏီတို့အကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက်များလည်း လဲလှယ်ခဲ့ကြသည်။
ယင်းမတိုင်မီ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဘယ်လာရုစ်သမ္မတ မစ္စတာ အလက်ဇန္ဒား လူကာရှန်ကိုတို့ ဦးဆောင်သည့် နိုင်ငံတော်အဆင့် တွေ့ဆုံဆွေးနွေးပွဲကို ဒေသစံတော်ချိန် နံနက် ၁၁ နာရီ မိနစ် ၅၀ တွင် ကျင်းပခဲ့သည်။
တွေ့ဆုံပွဲတွင် မြန်မာ-ဘယ်လာရုစ် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ လမ်းပြမြေပုံ (၂၀၂၆-၂၀၂၈) ကို ဆက်လက်အကောင်အထည်ဖော်ရေးနှင့် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ မွေးမြူရေး၊ စက်မှုနှင့် ဘဏ္ဍာရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။
ထို့အတူ ကာကွယ်ရေးနှင့် လုံခြုံရေး၊ အာကာသနည်းပညာ၊ ပညာရေးနှင့် လူငယ်၊ ကျန်းမာရေး၊ သိပ္ပံနှင့်နည်းပညာ၊ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်ရေးကိုလည်း နှစ်ဖက်အမြင်ချင်း ဖလှယ်ခဲ့ကြသည်။
သဘောတူညီချက်များ လဲလှယ်ပြီးနောက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဘယ်လာရုစ်သမ္မတ မစ္စတာ အလက်ဇန္ဒား လူကာရှန်ကိုတို့က နှစ်နိုင်ငံ ပူးတွဲကြေညာချက်များကို မီဒီယာများသို့ ပြောကြားခဲ့ကြသည်။
ထို့နောက် ဘယ်လာရုစ်သမ္မတက နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် မြန်မာကိုယ်စားလှယ်အဖွဲ့အား အလုပ်သဘောနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။
မင်စ်ခ်၊ ဩဂုတ် ၂၁။ ဘယ်လာရုစ်၏ စိုက်ပျိုးမွေးမြူရေးနည်းပညာနှင့် အတွေ့အကြုံများကို မြန်မာနိုင်ငံသို့ မျှဝေပေးသွားမည်ဖြစ်ပြီး စီးပွားရေး၊ ကုန်သွယ်ရေး၊ နည်းပညာ၊ ကာကွယ်ရေး၊ လုံခြုံရေးနှင့် အာကာသနည်းပညာအပါအဝင် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဘယ်လာရုစ်သမ္မတ မစ္စတာ အလက်ဇန္ဒား လူကာရှန်ကိုတို့ ဩဂုတ် ၂၁ ရက်က မင်စ်ခ်မြို့ သမ္မတနန်းတော်၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ဘယ်လာရုစ်သမ္မတ၏ ဖိတ်ကြားချက်အရ တရားဝင်ခရီးစဉ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ကို ဒေသစံတော်ချိန် နံနက် ၁၁ နာရီတွင် သမ္မတနန်းတော်၌ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုခဲ့ပြီးနောက် သမ္မတနှစ်ဦး သီးသန့်တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ဘယ်လာရုစ်သမ္မတ မစ္စတာ အလက်ဇန္ဒား လူကာရှန်ကိုက မြန်မာနိုင်ငံနှင့် ပတ်သက်၍ လက်တွေ့အကောင်အထည်ဖော်နေသည့် လုပ်ငန်းများကို ပိုမိုကူညီပေးသွားမည်ဖြစ်ပြီး မြန်မာပြည်သူများ၏ လူမှုစီးပွားဘဝအတွက် လိုအပ်ချက်များရှိပါက တတ်နိုင်သမျှ ကူညီဆောင်ရွက်ရန် အသင့်ရှိကြောင်း ပြောကြားခဲ့သည်။ အထူးသဖြင့် ဘယ်လာရုစ်၏ စိုက်ပျိုးမွေးမြူရေးနည်းပညာနှင့် အတွေ့အကြုံများကို မြန်မာနိုင်ငံအတွက် မျှဝေပေးသွားမည်ဟု ဆိုသည်။
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယခုခရီးစဉ်သည် ဘယ်လာရုစ်နိုင်ငံသို့ စတုတ္ထအကြိမ်မြောက် လာရောက်ခြင်းဖြစ်ပြီး အစိုးရတာဝန်ရှိသူများနှင့်အတူ စီးပွားရေးလုပ်ငန်းရှင်များလည်း ပါဝင်ကြောင်း ပြောကြားခဲ့သည်။ ခရီးစဉ်၏ အဓိကရည်ရွယ်ချက်မှာ နှစ်နိုင်ငံ စီးပွားရေးနှင့် ကုန်သွယ်ရေးအပါအဝင် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုကို ပိုမိုမြှင့်တင်ရန်ဖြစ်ကြောင်း ဆိုသည်။
ဘယ်လာရုစ်ဘက်က မြန်မာနိုင်ငံနှင့် စီးပွားရေး၊ နည်းပညာနှင့် အခြားနယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်ရေးအတွက် ကန့်သတ်ချက်မထားရှိကြောင်း ယခင်က ပြောကြားထားသဖြင့် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘယ်လာရုစ်နှင့် ပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းများ ရရှိမည်ဟု ယုံကြည်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။

နှစ်နိုင်ငံခေါင်းဆောင်များသည် စီးပွားရေးနှင့် နည်းပညာကဏ္ဍများအပြင် ကာကွယ်ရေးနှင့် လုံခြုံရေး၊ အာကာသနည်းပညာတို့တွင် လက်ရှိပူးပေါင်းဆောင်ရွက်နေမှုနှင့် ဆက်လက်တိုးမြှင့်မည့် အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။ မြန်မာကောင်စစ်ဝန်ချုပ်ရုံးကို သံရုံးအဖြစ် အဆင့်မြှင့်တင်ဖွင့်လှစ်နိုင်ခဲ့မှုအပါအဝင် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး တိုးမြှင့်ရေးကိုလည်း ထည့်သွင်းဆွေးနွေးခဲ့သည်။
ထို့ပြင် မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှု၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး ကြိုးပမ်းဆောင်ရွက်မှု၊ ဒေသတွင်းနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးတို့ကိုလည်း ခေါင်းဆောင်နှစ်ဦး အမြင်ချင်းဖလှယ်ခဲ့ကြသည်။
ဘယ်လာရုစ်သမ္မတက ယခင်ဆွေးနွေးထားသည့် ကိစ္စရပ်များကို ဆက်လက်အကောင် အထည်ဖော်သွားမည်ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံအတွက် လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ရန် အသင့်ရှိကြောင်း ပြောကြားခဲ့သည်။
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဘယ်လာရုစ်သမ္မတ မစ္စတာ အလက်ဇန္ဒား လူကာရှန်ကိုတို့သည် ဩဂုတ် ၂၀ ရက် ညနေပိုင်းကလည်း ဘယ်လာရုစ်သမ္မတအိမ်တော်၌ အလွတ်သဘောတွေ့ဆုံ၍ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။


စံချိန်တင်အားကောင်းတဲ့ စူပါအယ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် ထိုင်းနိုင်ငံရဲ့ ပစိဖိတ်သမုဒ္ဒရာအမှီပြု စိုက်ပျိုးရေးဒေသများမှာပြင်းထန်တဲ့ မိုးခေါင်ရေရှားမှုနဲ့ စားနပ်ရိက္ခာမလုံလောက်မှုများဖြစ်ပေါ်လာနိုင်တဲ့ ခြိမ်းခြောက်မှုနဲ့ ရင်ဆိုင်နေရပါတယ်။
#World_Climate
Published 21 August 2026
#စူပါအယ်နီညိုရာသီဥတု #ထိုင်းနိုင်ငံ
#YMG #Yangon_Times #Yangon_Media_Group
တိုက်ခန်းဝယ်ယူသူများကို အကာအကွယ်ပေးရန် ဥပဒေတစ်ရပ်ရှိသင့်တယ်လို့ ဒလမြို့နယ် လွှတ်တော်ကိုယ်စားလှယ်အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန်းဦးကပြောပါတယ်။
#Local_News
Published 21 August 2026
#တိုက်ခန်း
#YMG/NN #Yangon_Times
Page 46 of 2096