#World_Science
Published 28 August 2026
■ ကျားအင်္ဂါထောင်မတ်ခြင်း ပြဿနာတွေအတွက် အသုံးပြုလာကြတဲ့ Viagra ဆေးထဲမှ sildenafil ပါဝင်ပစ္စည်းဟာ ကင်ဆာဆဲလ်များ ပျံ့နှံ့မှုကို နှေးကွေးစေနိုင်ကြောင်း Weizmann Institute of Science လေ့လာမှုတစ်ခုမှာ ဖော်ပြထားပါတယ်။
■ Sildenafil ဟာ ကင်ဆာဆဲလ်များ အခြားနေရာသို့ ပျံ့နှံ့ခြင်းနဲ့ အကျိတ်အသစ်များ ဖြစ်ပေါ်ခြင်းအတွက် လိုအပ်တဲ့ ကိုလက်စထရောလ် သုံးစွဲမှုကို ပိတ်ပင်တားဆီးပေးပါတယ်။
■ ကိုလက်စထရောလ်ဖြစ်ပေါ်ခြင်းကို တားဆီးပေးကာ ကင်ဆာကြောင့် ဆုံးပါးရခြင်းရဲ့ အဓိကအကြောင်းအရင်းဖြစ်တဲ့ ကင်ဆာပျံ့နှံ့မှုကို ကန့်သတ်စေပါတယ်။
■ Sildenafil ကို ကိုလက်စထရောလ်ကျဆေး (statins)များနဲ့ တွဲဖက်သုံးစွဲပါက ပိုမိုအားကောင်းတဲ့ အာနိသင် ဖြစ်ပေါ်စေပါတယ်။
■ Sildenafil က ကင်ဆာဆဲလ်များ ကိုလက်စထရော ဖြစ်ပေါ်ခြင်းကို တားဆီးပေးချိန်မှာ statins ဆေးက ခန္ဓာကိုယ်ရဲ့ ကိုလက်စထရောလ် ထုတ်လုပ်မှုကို ဖြတ်တောက်ပေးပါတယ်။
■ ကျန်းမာရေးမှတ်တမ်းများအရ Sildenafil သောက်သုံးတဲ့လူနာတွေမှာ အသက်ရှင်သန်နိုင်မှုနှုန်းထား ပိုမိုကောင်းမွန်ကြောင်း တွေ့ရပါတယ်။
■ ကင်ဆာရောဂါပျံ့ပွားမှုဟာ လူနာရဲ့ခန္ဓာကိုယ်အတွင်း ရုပ်ဝတ္ထုအပြောင်းအလဲဖြစ်စဉ်အပေါ် များစွာမူတည်နေကြောင်း သုတေသီများ မှတ်ချက်ပြုထားပါတယ်။
■ Viagra အနေဖြင့် တရားဝင် ကင်ဆာကုသဆေးမဟုတ်သေးဘဲ ဘေးကင်းမှုနဲ့ ထိရောက်မှုကို သက်သေပြရန် စမ်းသပ်မှုများ နောက်ထပ်လိုအပ်သေးကြောင်း သုတေသီများ ပြောထားပါတယ်။
Source: WION
တရုတ်နိုင်ငံကခက်ခဲရှုပ်ထွေးတဲ့ မြေမျက်နှာသွင်ပြင်တွေမှာ သတ္တုတွင်းထွက် အရင်းအမြစ်များ ရှာဖွေဖော်ထုတ်ခြင်းလုပ်ငန်းထဲကို AI အခြေပြု စနစ်သစ်များ ထည့်သွင်းရန်ရည်ရွယ်ကာ ဘူမိသိပ္ပံအတွက် သီးသန့်ထုတ်လုပ်တဲ့ ပရိုဂရမ်ဘာသာစကားကြီးကို သောကြာနေ့က ပွဲထုတ်ခဲ့ပါတယ်။
#Asia_Technology
Published 27 August 2026
#တရုတ်နိုင်ငံ #AI
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 27 August 2026
■ (၂၉) ကြိမ်မြောက် အာဆီယံအလုပ်သမားဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ တက်ရောက်ရန် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့သို့ ရောက်ရှိနေသည့် အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးသည် ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာန ဝန်ကြီး H.E. Mr. Julapun Amornvivat နှင့် ဩဂုတ် ၂၅ ရက် ညနေပိုင်းတွင် တွေ့ဆုံ၍ နှစ်နိုင်ငံအလုပ်သမားရေးရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်းသိရသည်။
■ တွေ့ဆုံစဉ် ထိုင်းနိုင်ငံအတွင်း ရောက်ရှိအလုပ်လုပ်ကိုင်နေသည့် မြန်မာလုပ်သားများ၏ အလုပ်အကိုင်အမျိုးအစားနှင့် ဒေသအလိုက် အင်အားစာရင်း ရရှိရေး၊ မိသားစုလွှဲပို့ငွေများကို တရားဝင်လမ်းကြောင်းများမှ လွှဲပို့နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများအကြား ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့သည်။
■ ထို့ပြင် မြန်မာလုပ်သားများအတွက် Certificate of Identity (CI) ထုတ်ပေးသည့်နေရာများ တိုးချဲ့ဖွင့်လှစ်ရေး၊ MoU စနစ်ဖြင့် အလုပ်လုပ်ကိုင်နေပြီး လုပ်သက် ၄ နှစ်ပြည့်သူများ သက်တမ်းတိုး၍ ဆက်လက်အလုပ်လုပ်ကိုင်နိုင်ရေးအတွက် U-turn လုပ်ငန်းစဉ် အမြန်ဆုံး ဖွင့်လှစ်ပေးရေး၊ ထိုင်းနိုင်ငံ၏ လူမှုဖူလုံရေးအကျိုးခံစားခွင့်များ စနစ်တကျ ရရှိရေးနှင့် နှစ်နိုင်ငံလူမှုဖူလုံရေးအဖွဲ့များအကြား သဘောတူစာချုပ် (MoU) ချုပ်ဆိုနိုင်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။
■ အလားတူ မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအတွက် ယာယီအချက်အလက်ကောက်ယူရေးဌာန (TDCC) များ ဖွင့်လှစ်ရေးကိစ္စကိုလည်း ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း သိရသည်။
■ တွေ့ဆုံပွဲသို့ မြန်မာသံအမတ်ကြီး ဦးဇော်ဇော်စိုး၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်လွင်နှင့် မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်များ၊ ထိုင်းနိုင်ငံ အလုပ်သမားရေးရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
■ ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် (၂၉) ကြိမ်မြောက် အာဆီယံအလုပ်သမားဝန်ကြီးများအစည်းအဝေး၊ (၁၄) ကြိမ်မြောက် အာဆီယံအပေါင်းသုံး အလုပ်သမားဝန်ကြီးများအစည်းအဝေးနှင့် နှစ်နိုင်ငံအလုပ်သမားရေးရာ အစည်းအဝေးများသို့ ဆက်လက်တက်ရောက်သွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
ကမ္ဘောဒီးယားနိုင်ငံ၊ဖနွမ်းပင်မြို့မှာသုံးရက်ကြာ ကျင်းပပြုလုပ်နေတဲ့Agri Tech Cambodia 2026 အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေးနှင့် နည်းပညာပြပွဲကြီး၌ မြန်မာနိုင်ငံသစ်သီးဝလံ၊ ပန်းမန်းနှင့်ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (MFVP) မှ ပါဝင်ပြသနေတယ်လို့ သိရပါတယ်။
#Local_News
Published 27 August 2026
#ကမ္ဘောဒီးယား #ဖနွမ်းပင်မြို့
#YMG/NN #Yangon_Times
သဘာဝဆိုးဆေးနဲ့ လက်ရက်ကန်းအထည်တွေ ပြုလုပ်တဲ့အဆင့်ဆင့်ကို လေ့လာနိုင်မယ့် အထူးပြပွဲကို ဩဂုတ် ၂၈ ရက်ကနေ ၃၁ ရက်အထိ ရန်ကုန်မြို့ရှိ မှာကျင်းပသွားမယ်လို့ Stallion Goddess က ထုတ်ပြန်ထားပါတယ်။
#Local_News
Published 27 August 2026
#သဘာဝဆိုးဆေး #လက်ရက်ကန်းအထည်
#YMG/SW #Yangon_Times
#Local_News
Published 27 August 2026
■ မန္တလေးတိုင်းနှင့်ရခိုင်ပြည်နယ်မှ အမျိုးသမီးငယ်များကို တရုတ်ဇနီးမယားအဖြစ် ပို့ဆောင်ရောင်းစားခဲ့သူများကို လူကုန်ကူးမှုဖြင့် အလုပ်နှင့် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်လိုက်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
■ ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် ရေပုတ်ကျေးရွာနေ အမျိုးသမီးတစ်ဦးကို တစ်ရွာတည်းနေ မျိုးမင်းဟိန်း (ခ) မျိုးကျော် (ခ) ဟိန်းကိုနှင့် ဇနီးဖြစ်သူ မေသင်္ကြန်မိုး (ခ) သင်္ကြန်တို့က တရုတ်နိုင်ငံတွင် တရုတ်ဇနီးမယားဆောင်ရွက်ပါက ၁ နှစ်လျှင် ငွေကျပ်သိန်း ၇၀ ရရှိမည်၊ လမ်းစရိတ်ကုန်ကျခံပေးမည်၊ လမ်းခရီးတွင် ဆက်သွယ်ရန်ဖုန်းဝယ်ပေးမည်ဟု လိမ်လည်ပြောဆိုစည်းရုံးပြီး မူဆယ်မြို့မှတစ်ဆင့်တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားရန်ခေါ်ဆောင်လာကြောင်း စိစစ်သိရှိရသဖြင့် မြစ်ငယ်နယ်မြေရဲစခန်း (ပ) ၇၁/ ၂၀၂၆၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅/ ၄၄ ဖြင့် အမှုရေးဖွင့် တရားစွဲတင်ခဲ့ပြီး ဩဂုတ် ၂၁ ရက်တွင် အမရပူရခရိုင်တရားရုံးက ဖမ်းမိတရားခံ မျိုးမင်းဟိန်း (ခ) မျိုးကျော် (ခ) ဟိန်းကိုနှင့် မေသင်္ကြန်မိုး (ခ) သင်္ကြန်တို့ကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၅ အရ အလုပ်နှင့်ထောင်ဒဏ် ၁၂ နှစ်ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
■ ထို့ပြင် ရခိုင်ပြည်နယ် စစ်တွေမြို့နေ အမျိုးသမီးနှစ်ဦးကို တစ်မြို့တည်းနေ ဒေါ်ခင်ခင်အေးက တရုတ်အမျိုးသားနှင့် လက်ထပ်ပါက ငွေကျပ်သိန်း ၇၀ ရရှိမည်၊ ၁ နှစ်ပေါင်းသင်းရမည်၊ ကလေးမွေးပေးရမည်ဟု စည်းရုံးပြောဆိုပြီး တရုတ်နိုင်ငံနေ မစံအေးနုနှင့်ချိတ်ဆက်၍ တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားရန် ခေါ်ဆောင်လာစဉ် စစ်တွေလေဆိပ်၌ ဖမ်းဆီးရရှိခဲ့သဖြင့် စစ်တွေမြို့မရဲစခန်း (ပ) ၁၂၀/ ၂၀၂၆၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅/ ၄၄ဖြင့် အမှုရေးဖွင့်တရားစွဲတင်ခဲ့ပြီး ဩဂုတ် ၂၂ ရက်တွင် စစ်တွေခရိုင်တရားရုံးက ဖမ်းမိတရားခံ ဒေါ်ခင်ခင်အေးကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၅ အရ အလုပ်နှင့်ထောင်ဒဏ် ၁၅ နှစ်ကျခံစေရန် အမိန့်ချမှတ်ခဲ့ပြီး တိမ်းရှောင်တရားခံ မစံအေးနုကို ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၅၁၂ အရ ၈၇/ ၈၈ အတည်ပြုထုတ်ဆင့်ခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
ဧရာဝတီတိုင်းဒေသကြီး ၊ဓနုဖြူမြို့ရှိဓနုဖြူမြို့မဈေးကို ခေတ်မီဈေးသစ်အဖြစ် ပြန်လည်တည်ဆောက်နိုင်ရေးဆောင်ရွက်နေတယ်လို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ကနေသိရပါတယ်။
#Local_News
Published 27 August 2026
#ဓနုဖြူမြို့မဈေး
#YMG/NN #Yangon_Times
#Daily_News
Published 27 August 2026
၁။ ကမ္ဘောဒီးယား၌ပြုလုပ်နေသည့်အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေးနှင့်နည်းပညာပြပွဲကြီး၌ MFVP မှပါဝင်ပြသ
၂။ သဘာဝဆိုးဆေးနှင့်လက်ရက်ကန်းအထည် အထူးပြပွဲကျင်းပမည်
၃။ ဓနုဖြူမြို့မဈေးအား ခေတ်မီဈေးသစ်အဖြစ် ပြန်လည်တည်ဆောက်နိုင်ရေးဆောင်ရွက်နေ
၄။ ရှုပ်ထွေးမြေပြင်အနေအထားများ၌သတ္တုတွင်းထွက်ရှာဖွေတူးဖော်မှုမြှင့်တင်နိုင်ရန် AIစနစ်သစ်တစ်ခုအားတရုတ်စတင်မိတ်ဆက်... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်အတွင်းရှိ အင်းလေးဖောင်တော်ဦးမြတ်စွာဘုရားပွဲတော်ကိုလာမယ့်အောက်တိုဘာ ၁၂ ရက်မှ ၂၉ ရက်အထိ ကျင်းပသွားမှာဖြစ်တယ်လိုအင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ဂေါပကအဖွဲ့ထံမှ သိရပါတယ်။
#Local_News
Published 27 August 2026
#အင်းလေးဖောင်တော်ဦးဘုရားပွဲ
#YMG/SW #Yangon_Times
#Local_News
Published 27 August 2026
■ ကရင်ရိုးရာဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက တွံတေးခရိုင်၊ တွံတေးမြို့နယ်ရှိ သုံးအိမ်ကျေးရွာတွင်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
■ အဆိုပါအခမ်းအနားသို့ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးနေမင်းထွန်း၊ ရန်ကုန်တိုင်းဒေသကြီး ကရင်စာပေနှင့်ယဉ်ကျေးမှုကော်မတီနာယက၊ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာအကြီးအကဲများ၊ ကရင်တိုင်းရင်းသားများ၊ အခြားတိုင်းရင်းသား ညီအစ်ကိုမောင်နှမများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြပြီး ဦးစွာအခမ်းအနားကို ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ ရခိုင် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးနေမင်းထွန်း၊ ရန်ကုန်တိုင်းဒေသကြီး ကရင်စာပေနှင့်ယဉ်ကျေးမှုကော်မတီနာယက ဦးစောမျိုးချစ်ဦး တို့က ဖားစည် (၉) ချက်တီးကာ ကရင်လူငယ် (၉) ဦး က ကျွဲချိုမှုတ်၍ ဖွင့်လှစ်ပေးသည်။
■ ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး က နှုတ်ခွန်းဆက်အမှာစကား ပြောကြားခဲ့ပြီး တွံတေးမြို့နယ် ကရင်စာပေနှင့်ယဉ်ကျေးမှုကော်မတီ ဥက္ကဌ စောခင်ဇော် က ကရင်ရိုးရာ ဝါခေါင်လ ချည်ဖြူဖွဲ့မင်္ဂလာ အကြောင်းအရင်းအား ရှင်းလင်းပြောကြားသည်။
■ ယင်းနောက် ကော့မှူးမြို့နယ် ဆုံရှမ်းကျေးရွာမှ ကရင်ရိုးရာ ဒုံးအကဖြင့် ဖျော်ဖြေကြပြီး တွံတေးမြို့နယ် ဘုရားကျောင်းကျေးရွာမှ ကရင်ရိုးရာ ဒုံးအကဖြင့် ဆက်လက်ဖျော်ဖြေတင်ဆက်ကြပြီး ကရင်လူငယ်မောင်မယ်များမှ လက်ချည်ပွဲ အသုံးအဆောင် (၇) မျိုးပါဝင်သည့် စကောများသယ်ဆောင်လာပြီး ကရင်ဘိုးဘွားများက အခမ်းအနားသို့ တက်ရောက်လာကြသည့် ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးနေမင်းထွန်း၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် တိုင်းရင်းသားညီအစ်ကို မောင်နှမများအားကရင်ရိုးရာချည်ဖြူဖွဲ့ပေးကြသည်။
■ ယင်းနောက် ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး နှင့် ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးနေမင်းထွန်း တို့က တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အကအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ကြကြောင်းသိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 27 August 2026
■ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် FIFAe Football (Mobile) အာရှအဆင့် ပတ်လည်ပွဲစဉ်များအား တက်ရောက် ကစားခွင့်ရရှိခဲ့သည့် မြန်မာအသင်းသည် ပွဲစဉ်များအားလုံးအပြီးတွင် အဆင့်(၇)နေရာ၌ ရပ်တည်နိုင်ခဲ့ကြောင်းသိရသည်။
■ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ဩဂုတ် ၁၉ ရက်ကကျင်းပခဲ့သည့် FIFAe World Cup 2026™ ft. eFootball™ Mobile ပြိုင်ပွဲရဲ့ Continental Championship - Asia အဆင့်မှာ မြန်မာက ဂျပန်၊ ထိုင်း၊ အင်ဒိုနီးရှား၊ ဥဇဘတ်ကစ္စတန်၊ ဂျော်ဒန်၊ မလေးရှား၊ အိန္ဒိယ တို့နှင့်ယှဉ်ပြိုင်ခဲ့ရပြီး ထိုင်းကို အနိုင်၊ ဥဇဘတ်ကစ္စတန်နှင့်ဂျော်ဒန် တို့ကိုသရေ၊ ဂျပန်၊ မလေးရှား၊ အင်ဒိုနီးရှား၊ အိန္ဒိယတို့ကိုအရေးနိမ့်ခဲ့ကြောင်းသိရသည်။
■ ယခုနှစ်တွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာအီလက်ထရောနစ်အားကစား အဖွဲ့ချုပ်တို့အတူတကွ ပူးပေါင်းပြီး ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)က ကျင်းပသည့် FIFAe Football (Console and Mobile) ပွဲစဉ်များကို Nations League အဆင့်မှစတင်ကာ ပါဝင်ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်သည်။
■ ထိုသို့ယှဉ်ပြိုင်ကြရာတွင် Console အသင်းမှာ Nations League အဆင့်၌ကျေနပ်ခဲ့ရပြီး Mobile အသင်းမှာမူ Consistency Ranking အရ နောက်တဆင့်ဖြစ်သည့် Continental Championship ကိုတက်ရောက်ကစားခွင့်ရခဲ့ခြင်းဖြစ်သည်။
■ ၂၀၂၇ ခုနှစ် ဖီဖာပြိုင်ပွဲများအတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာအီလက်ထရောနစ်အားကစား အဖွဲ့ချုပ်တို့ဆက်လက်ပြီး ကြိုတင်ပြင်ဆင်သွားမည်ဖြစ်ကြောင်းသိရသည် ။
#YMG/NN #Yangon_Times
#World_News
Published 27 August 2026
■ ဗုဒ္ဓဟူးနေ့က ဟိမဝန္တာတောင်တန်းဒေသ နီပေါနဲ့ တရုတ်နယ်စပ်အနီး ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးရေလျှံမှုကြောင့် အနည်းဆုံး လူ ၁၆၀ သေဆုံးခဲ့ပြီး ခရီးသွားများ၊ အလုပ်သမားများ၊ အခြားဒေသခံ အများအပြား ပျောက်ဆုံးနေကာ အချို့ဒေသတွေမှာ လမ်းပန်းဆက်သွယ်ရေးလည်း ပြတ်တောက်သွားခဲ့ပါတယ်။
■ ပူနွေးလာခြင်းကြောင့် ဟိမဝန္တာဒေသရှိ ရေခဲတောင်ပြိုကျမှုကြောင့် ယခုကဲ့သို့ ဖြစ်ပွားရတာ ဖြစ်နိုင်ကြောင်း သုံးသပ်ထားပါတယ်။
■ နှစ်ဖက်စလုံးမှာ လူပေါင်းရာနဲ့ချီ ပျောက်ဆုံးနေဆဲဖြစ်ပြီး ယင်းတို့အနက် ဒေသတွင်း သွားလာလည်ပတ်နေတဲ့ နိုင်ငံခြားသား ၃၄၀ ကျော် ပါဝင်ပါတယ်။
■ ပျောက်ဆုံးနေတဲ့ နိုင်ငံခြားသားအများစုဟာ ကိုင်လက်ရှ်တောင်သို့ သွားရောက်သူများနဲ့ ဂိုဆိုင်ကွန်ဒါကန်အနီး တောင်တက်သူများ ဖြစ်ကြပါတယ်။
■ ရေတိုးလာခြင်းကြောင့် ကျေးရွာအများအပြား ပျက်စီးခဲ့ရပြီး ရေအားလျှပ်စစ်စီမံကိန်းများ ထိခိုက်ခဲ့ကာ တံတား ၁၉ စင်းနဲ့ လမ်း ကီလိုမီတာ ၄၀ ခန့် ရေထဲပါသွားခဲ့ပါတယ်။
■ အမေရိကန် မြေတိုင်းစစ်ဆေးရေးအဖွဲ့က နယ်စပ်အနီးမှာ ပြင်းအား ၄.၄ အဆင့်ရှိ ငလျင်လှုပ်ခတ်မှုအဖြစ် သတ်မှတ်ခဲ့ပေမယ့် နောက်ပိုင်းမှာ ၅.၂ အဆင့်ရှိ မြေပြိုမှုကြီးအဖြစ် ပြန်လည်သတ်မှတ်ခဲ့ပါတယ်။
■ နီပေါအစိုးရက အိမ်နီးချင်းအိန္ဒိယနဲ့ တရုတ်နိုင်ငံတို့ထံမှ အရေးပေါ်ကယ်ဆယ်ရေးနဲ့ အကူအညီများကို တောင်းခံခဲ့ပါတယ်။
■ ထိခိုက်ပျက်စီးရတဲ့ နိုင်ငံများနဲ့ကုလသမဂ္ဂလိုမျိုး နိုင်ငံတကာအဖွဲ့အစည်းများက အရေးပေါ် လူသားချင်းစာနာမှု အကူအညီများ ပူးပေါင်းညှိနှိုင်းဆောင်ရွက်နေကြပြီး ပျောက်ဆုံးနေသူများကို လိုက်လံစုံစမ်းလျက် ရှိကြပါတယ်။
Source: AP News
Page 41 of 2096