(၇) ရက်အတွင်း တစ်နိုင်ငံလုံးမှာ မိုးအသင့်အတင့်ကနေမိုးများနိုင်တယ်လို့ ပြင်ပမိုးလေဝသပညာရှင်ဦးဝင်းနိုင်ကပြောထားပါတယ်။
#Local_News
Published 23 September 2025
#မိုး #RAGASA
#YMG/NN #Yangon_Times
အခုရက်ပိုင်းအတွင်း အခေါက်ရွှေတစ်ကျပ်သားကို ကျပ်တစ်သိန်းမြင့်တက် လာပြီး သိန်း(၈၀)ကျော်အထိရှိလာတယ်လို့ ရွှေဈေးကွက်ထဲကသိရပါတယ်။
#Local_News
Published 23 September 2025
#အခေါက်ရွှေတစ်ကျပ်သား #ရွှေဈေးကွက်
#YMG/NN #Yangon_Times
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေနဲ့ ဆောင်ရွက်လျက်ရှိသော စိုက်ပျိုးရေးစီမံကိန်းတွေအနက် ၂၀၂၄-၂၀၂၅ ခုနှစ် မိုးစပါးနဲ့မိုးသီးနှံတွေအတွက်လိုအပ်တဲ့ မြေဩဇာတွေကို ရာသီချိန်မီဖြန့်ဖြူးပေးနိုင်ရေးဆောင်ရွက်လျက်ရှိတယ်လို့မြေဩဇာကော်မတီရဲ့ (၄၅)ကြိမ်မြောက်အစည်းအဝေးမှ သိရပါတယ်။
#Local_News
Published 23 September 2025
#မြေဩဇာ # မိုးစပါးနဲ့မိုးသီးနှံ
#YMG/SW #Yangon_Times
မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း အထွေထွေညီလာခံကို လာမယ့် အောက်တိုဘာလ(၇)ရက်မှာရန်ကုန်မြို့ရှိ နိုဗိုတယ်ဟိုတယ်မှာကျင်းပသွားမယ်လို့ သိရပါတယ်။
#Local_News
Published 23 September 2025
#မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း #နိုဗိုတယ်ဟိုတယ်မှာကျင်းပ
#YMG/SW #Yangon_Times
#Daily_News
Published 23 September 2025
၁။ မြေဩဇာများကို ရာသီချိန်မီဖြန့်ဖြူးပေးနိုင်ရေးဆောင်ရွက်နေ
၂။ အခေါက်ရွှေတစ်ကျပ်သားကိုကျပ်တစ်သိန်းမြင့်တက်လာပြီး သိန်း(၈၀)ကျော်အထိရှိလာ
၃။ (၇)ရက်အတွင်း တစ်နိုင်ငံလုံး၌မိုးများနိုင်
၄။ နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီ၏ဘက်လိုက်ခွဲခြားဆက်ဆံမှုကိုခံနေရသည်ဟု အီရန်သမ္မတဝေဖန်... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 23 September 2025
▪️ ယနေ့ မနက်ပိုင်းတိုင်းထွာချက်များအရ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့တွင် စိုးရိမ်ရေမှတ်အောက်(၂)ပေခန့်တွင် ရောက်ရှိနေပြီး နောက်(၁)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ သိရသည်။
▪️ ထို့ကြောင့် တောင်ငူမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် ကြိုတင်သတိပြုရန်နှင့် မြစ်ရေမြင့်တက်လာပါက အချိန်မီရှောင်ရှားနိုင်ရန်လည်း မိုးဇလကအသိပေးနှိုးဆော်ထားသည်။
#YMG/NN #Yangon_Times
#Local_News
Published 23 September 2025
▪️ ယနေ့ နံနက်အစောပိုင်းက မတ္တရာမြို့အနီး အင်အားရစ်(ခ်) တာစကေး(၄ ဒသမ ၀)အဆင့်ရှိငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း သိရသည်။
▪️ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ
မတ္တရာမြို့၏ အနောက်တောင်ဘက်(၆(မိုင်ခန့်အကွာ၊ အနက်(၁၀)ကီလိုမီတာကိုဗဟိုပြု၍ အင်အားရစ်(ခ်) တာစကေး(၄ ဒသမ ၀)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော ငလျင်တစ်ခု ယနေ့စက်တင်ဘာ ၂၃ ရက်နံနက်အစောပိုင်း ၅ နာရီ ၄၉ မိနစ် ၇ စက္ကန့်ကလှုပ်ခတ်ခဲ့ကြောင်း သိရသည်။
▪️ မန္တလေးငလျင်ကြီးအပြီး နောက်ဆက်တွဲ ငလျင်များ လက်ရှိအချိန်ထိ လှုပ်ခတ်လျက်ရှိရာ အကြိမ်ရေပေါင်း နှစ်ရာကျော်အထိရှိလာပြီဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 23 September 2025
▪️ ယနေ့နံနက်အစောပိုင်းက ရန်ကုန်မြို့၊ကြက်ဘဲဈေးအနီးတွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး တစ်ဦးသေဆုံးခဲ့ကြောင်းသိရသည်။
▪️ ၂၃.၉.၂၀၂၅ရက်နေ့၊နံနက် ၀၄ နာရီ၀၅မိနစ် အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပုသိမ်ညွန့်ရပ်ကွက်၊ သမိန်ဗရမ်းလမ်း၊ ကြက်ဘဲဈေးအနီးတွင် ယာဉ်တိုက်မှုဖြစ်ပွား၍ လူညပ်နေကြောင်း သတင်းရရှိသဖြင့် မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ တာမွေမြို့နယ်မီးသတ်စခန်းမှ 191 ယာဉ်(၁)စီး ထွက်ခွာကယ်ဆယ်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။
▪️ နံနက်၀၄နာရီ ၃၅ မိနစ်အချိန်တွင် ကားအတွင်းညှပ်နေသော လူနာအား ကယ်ထုတ် ပြီးစီးခဲ့ကြောင်း၊အဆိုပါယာဉ်တိုက်မှုကြောင့် ကျား(၁)ဦး(သေဆုံး)နှင့် ကျား(၂)ဦး ထိခိုက်ဒဏ်ရာရ(မစိုးရိမ်ရ)တို့အား တာမွေကွန်ယက် ပရဟိတအသင်းမှ သူနာတင်ယာဉ်၊ ရှင်သန်ရေး ပရဟိတအသင်းမှ သူနာတင်ယာဉ်ဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 23 September 2025
▪️ ဖိလစ်ပိုင်နိုင်ငံတွင်ကျင်းပသည့် ကမ္ဘာ့စက်ရုပ်ပြိုင်ပွဲတွင်AI အသုံးပြု ရှာဖွေကယ်ဆယ်ရေး စက်ရုပ်ကားတီထွင်ခဲ့သော မြန်မာကလေးငယ်အဖွဲ့ ပထမဆုရရှိခဲ့ကြောင်းသိရသည်။
▪️ အဆိုပါ ပြိုင်ပွဲတွင် ဖိလစ်ပိုင်နိုင်ငံတွင် စက်တင်ဘာ ၁၉ ရက်မှ ၂၁ ရက်အထိကျင်းပခဲ့သော ကမ္ဘာ့စက်ရုပ်အိုလံပစ် အာရှပစိဖိတ် ပြိုင်ပွဲ (World Robot Olympiad Asia Pacific Open Championship) တွင် မြန်မာ We Are Genius MYANMAR အသင်းသည် AI အသုံးပြုရှာဖွေကယ်ဆယ်ရေးစက်ရုပ်ကားဖြင့် ပထမဆုရရှိခဲ့ကြောင်းသိရသည်။
▪️ အဆိုပါပြိုင်ပွဲသည်စက်ရုပ်ကားကို သဘာဝဘေးဒဏ်အန္တရာယ်ကျရောက်သည့်အခြေအနေများတွင် လူဝင်ရောက်ရန် ခက်ခဲသောနေရာများထဲသို့ အလိုအလျောက်သွားလာသောစနစ်ဖြင့် ရှာဖွေကယ်ဆယ်ရေးပြုလုပ်နိုင်ရန် ရည်ရွယ်ထုတ်လုပ်ပြသမှုဖြင့် အောင်မြင်မှုရရှိခဲ့သည်။
▪️ ယင်းပြိုင်ပွဲ၌ We Are Genius MYANMAR အသင်းတွင် မိုးပြည့်စုံကျော် (၁၁ နှစ်)၊ ကျော်ဘုန်းခန့်ဇော် (၁၁ နှစ်)နှင့် ဉာဏ်ကိုး (၁၂)နှစ်တို့သည် ဟောင်ကောင်၊ တရုတ်၊ ဂျပန်၊ ဂျာမနီ၊ ထိုင်း၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ဘင်္ဂလားဒေ့ရှ်၊ မကာအိုစသည့်နိုင်ငံများဖြင့်ယှဉ်ပြိုင်ခဲ့ကြပြီး ပထမဆုရရှိခဲ့သည်။
▪️ ကမ္ဘာ့စက်ရုပ်အိုလံပစ် အာရှပစိဖိတ်ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု We Are Genius MYANMAR အသင်း၊ ILBC ၊ CIY Club တို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
#YMG/NN #Yangon_Times
#World_News
Published 23 September 2025
▪️ ဂါဇာမှ ပါလက်စတိုင်းများဘက်ကနေ ထောက်ခံအားပေးမှုကိုပြသတဲ့အနေနဲ့ တနင်္လာနေ့က အီတလီမှာ အထွေထွေသပိတ်ပြုလုပ်ခဲ့ကြပြီး သယ်ယူပို့ဆောင်ရေး၊ စာသင်ကျောင်းများနဲ့ အခြားဝန်ဆောင်မှုကဏ္ဍများ ရပ်တန့်သွားခဲ့သလို မြို့ပြကြီးတွေမှာ အနှောင့်အယှက်ဖြစ်စေခဲ့ပါတယ်။
▪️ စက်တင်ဘာ ၂၁ ရက်နေ့က အီတလီရဲ့ အကြီးမားဆုံး အလုပ်သမားသမဂ္ဂတစ်ခုဖြစ်တဲ့ CGIL က ၄ နာရီကြာ ဆန္ဒထုတ်ဖော်အပြီး ရက်အနည်းငယ်အတွင်းမှာပဲ ဒုတိယတစ်ကြိမ် ဆန္ဒထုတ်ဖော်တာ ဖြစ်ပါတယ်။
▪️ ဒေသတွင်းပို့ဆောင်ရေးနဲ့ ရထားလမ်းဆက်သွယ်ရေးအချို့ အထူးသဖြင့် နံနက်ပိုင်းနဲ့ နေ့လယ်ပိုင်းတွေမှာ နှောင့်ယှက်ခံရပြီး ဆိပ်ကမ်းဝန်ထမ်းများ အလုပ်မဆင်းတာကြောင့် ဂျီနိုအာနဲ့ လီဗော်နိုဆိပ်ကမ်းတွေမှာ လုပ်ငန်းများ ရပ်တန့်ခဲ့ပါတယ်။
▪️ ကျောင်းတွေ၊ တက္ကသိုလ်တွေ၊ ပြည်သူ့ရုံးဌာနအများအပြား ပိတ်ထားရကာ အီတလီလမ်းတွေမှာ ပါလက်စတိုင်းဘက်မှ စည်းလုံးညီညွတ်ထောက်ခံကြောင်း၊ ဂါဇာကမ်းမြောင်မှာ အစ္စရေးလ်လုပ်ရပ်တွေကို ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
▪️ ရောမ၊ ဘိုလော့ဂ်နာ၊ မီလန်၊ တူရင်၊ ဗင်းနစ်တို့မှာ လူအများဆုံး စုဝေးခဲ့ကြပြီး အနည်းဆုံး လူတစ်သိန်းခန့် ပါဝင်မယ်လို့ အီတလီရုပ်သံ Rai News က ဖော်ပြထားပါတယ်။
▪️ မီလန်မှ, ဂါဇာလိုလားရေးဆန္ဒပြသူများနဲ့ ရဲတပ်ဖွဲ့ အတိုက်အခိုက်ဖြစ်ပွားကာ လူတစ်ဒါဇင်ကျော် ထိန်းသိမ်းခံခဲ့ရပါတယ်။
▪️ ဆန္ဒပြသူတွေက ဝန်ကြီးချုပ် ဂျော်ဂျီယာမယ်လိုနီအစိုးရအနေနဲ့ အစ္စရေးလ်အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ပြုလုပ်ပေးဖို့ ဖိအားပေးလိုကြကာ ပါလက်စတိုင်းတို့အတွက် လူသားချင်းစာနာမှု ထောက်ပံ့ကူညီမှုများ ပေးအပ်လိုနေကြပါတယ်။
▪️ ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်မပြုသေးတဲ့ အီတလီဝန်ကြီးများအဖွဲ့ကို အသိအမှတ်ပြုပေးဖို့လည်း သမဂ္ဂတွေက တောင်းဆိုနေကြပါတယ်။
Source: Xinhua
#World_Health
Published 23 September 2025
ရေသောက်ခြင်းက ကျန်းမာရေးအတွက် ကောင်းတယ်ဆိုပေမယ့် ရေသောက်တဲ့ပုံစံကြောင့် ကွဲပြားသွားနိုင်ပါတယ်။
ဒီအတွက် ကျန်းမာရေးမြှင့်တင်ပြီး တစ်နေ့လုံး အားအင်ပြည့်နေစေဖို့ ရေသောက်တဲ့အခါ ရှောင်ရှားသင့်တဲ့ အမှားတွေကို အာဟာရပညာရှင် ရိုင်ယန်ဖာနန်ဒိုက ပြောသွားပါတယ်။
(၁) ရေသောက်မြန်လွန်းခြင်း
ခန္ဓာကိုယ်က ရုတ်တရက်လန့်သွားနိုင်သဖြင့် ပါးစပ်ထဲ ရေထည့်ပြီး မျိုမချခင်မှာ ၂-၃ စက္ကန့်လောက် ထိန်းထားသင့်ပါတယ်။
(၂) ပူလွန်းအေးလွန်းသောရေသောက်ခြင်း
ရေကို သာမန်အပူချိန်ဖြင့်သာ သောက်သုံးပြီး ဒီလိုမှမဟုတ်ရင် သောက်လိုက်တဲ့ရေကို သာမန်အပူချိန်ဖြစ်အောင် ထိန်းညှိအားထုတ်ရပါတယ်။
(၃) အစားစားရင်းရေသောက်ခြင်း
အစားစားတဲ့အချိန်မှာ ရေသောက်လိုက်ရင် အစာချေဖျက်ဖို့ ခက်ခဲနိုင်သဖြင့် တစ်နာရီလောက်ခြားပြီး သောက်သင့်ပါတယ်။
(၄) ပလတ်စတစ်ဗူးထဲမှရေသောက်ခြင်း
အပူထဲရှိနေတဲ့ ပလတ်စတစ်ဗူးဟာ ရေထဲကို မိုက်ခရိုပလတ်စတစ်မှုန်တွေ ထွက်ရှိစေပါတယ်။
ဒီအချက်တွေအပြင် ရေသောက်တဲ့အခါ ခန္ဓာကိုယ်ကို တည့်မတ်တဲ့အနေအထားဖြင့် သောက်ရပါမယ်။
ကိုယ့်ခန္ဓာကိုယ်ရဲ့ ရေဓာတ်လိုအပ်ချက်အတိုင်း နားလည်သိရှိပြီး သောက်သုံးခြင်းက ခန္ဓာကိုယ်တွင်းလုပ်ဆောင်ချက်များ အကောင်းဆုံးဖြစ်စေမှာ ဖြစ်ပါတယ်။
Source: Indian Express
#World_Health
+Published 23 September 2025
▪️ ကျန်းမာရေးအတွက် သင့်လျော်တယ်လို့ ယူဆထားတဲ့ အချို့သော အစားအစာတွေက နှလုံးပြဿနာရှိသူတွေအတွက် ဘေးအန္တရာယ်ဖြစ်နိုင်တာကို အံ့အားသင့်ဖွယ် တွေ့ရှိလာပါတယ်။
▪️ နှလုံးသွေးကြောနဲ့ ပတ်သက်လာရင် အာဟာရဓာတ်အပြည့်အစုံအကြောင်း နားလည်ဖို့ပါ အရေးကြီးလာပါတယ်။
▪️ ဒါကြောင့် နှလုံးပြဿနာရှိသူတွေအတွက် ရှောင်ရှားသင့်တဲ့ အစားအစာတွေကို ဖော်ပြလိုက်ပါတယ်။
▪️ (၁) ဂရန်နိုလာ - သကြားနဲ့ ဆီများ မြင့်မားစွာပါဝင်တာကြောင့် သွေးတွင်းသကြားဓာတ် မြင့်တက်စေကာ နှလုံးကို ဖိစီးစေပြီး သွေးကြောတွေ ထိခိုက်စေပါတယ်။
▪️ (၂) အဆီနည်းသောဒိန်ချဉ် - သကြားပါဝင်တဲ့ ဒိန်ချဉ်မျိုးက ထရိုင်ဂလစ်ဆရိုက်ပမာဏ မြင့်တက်စေပြီး ကြာလာတဲ့အခါ နှလုံးရောဂါဖြစ်နိုင်ခြေကို မြင့်မားစေနိုင်ပါတယ်။
▪️ (၃) စည်သွပ်ဟင်းရွက်နှင့် စွပ်ပြုတ်များ - ဟင်းရွက်တွေက ကျန်းမာတယ်ဆိုပေမယ့် ကြာရှည်ထိန်းသိမ်းဖို့အတွက် ဆိုဒီယံတွေ ပါဝင်သဖြင့် သွေးပေါင်ချိန်မြင့်တက်စေကာ နှလုံးအတွက် အန္တရာယ်ရှိစေပါတယ်။
▪️ (၄) ဟင်းရွက်ဆီများ - ဒီဆီတွေက နှလုံးအတွက် ကျန်းမာစေတယ်ဆိုပေမယ့် အိုမီဂါ-၆ ဖက်တီးအက်ဆစ်များ မြင့်မားတာကြောင့် ရောင်ရမ်းခြင်းဖြစ်စေပါတယ်။
▪️ (၅) ပေါင်မုန့်ကြမ်း - ပေါင်မုန့်ဖြူတွေထက် ပိုကောင်းတယ်ဆိုပေမယ့် ဈေးကွက်ထဲက ပေါင်မုန့်ကြမ်းတွေက သကြားနဲ့ ဆိုဒီယံ ပါဝင်တဲ့အပြင် သွေးတွင်းသကြားဓာတ်ကို သက်ရောက်စေပါတယ်။
▪️ (၆) အားဖြည့်အချိုရည်များ - ဒီအချိုရည်တွေဥ ရေဓာတ်ဖြည့်ခြင်းနဲ့ အားပြန်ဖြည့်ခြင်း ပေးစွမ်းတယ်လို့ ကြော်ငြာကြပေမယ့် တကယ်တမ်းတော့ သကြားနဲ့ ဆိုဒီယံများပြားကာ နှလုံးမကောင်းသူတွေမှာ ဘေးအန္တရာယ် ပိုဖြစ်စေနိုင်ပါတယ်။
▪️ (၇) အခွံမာသီးအရော - အခွံမာသီးတွေနဲ့ သစ်သီးခြောက်တွေက ကျန်းမာရေးအတွက် ကောင်းတယ်ဆိုပေမယ့် ထုပ်ပိုးရောင်းချတာတွေထဲမှာ အငန်ဓာတ်တွေ၊ အချိုဓာတ်တွေပါတာကြောင့် နှလုံးအတွက် မကောင်းပါဘူး။
▪️ (၈) အပင်အခြေပြုအသားများ - အသားကြီးတွေနဲ့ယှဉ်ရင် ကိုလက်စ်ထရောနည်းပေမယ့် ဆိုဒီယံ၊ ပြည့်ဝဆီ၊ တာရှည်ခံဆေးတွေ မြင့်မားတာကြောင့် နှလုံးသွေးကြောအန္တရာယ် ဖြစ်စေပါတယ်။
▪️ (၉) ဖျော်ရည်များ - သဘာဝသစ်သီးက ကျန်းမာရေးအတွက် ကောင်းတယ်ဆိုပေမယ့် ဖျော်ရည်တွေထဲမှာ သကြားဓာတ် အများအပြား ပါဝင်ပါတယ်။
▪️ (၁၀) သစ်သီးခြောက်များ - အာဟာရဓာတ် ကြွယ်ဝပေမယ့် အခြောက်ခံတဲ့အခါ သကြားများစေပြီး တာရှည်ခံဆေးတွေလည်း ပါဝင်တာကြောင့် နှလုံးရောဂါ ဖြစ်စေနိုင်ပါတယ်။
Source: DoctorNDTV
Page 36 of 1814