၂၀၂၅ ခုနှစ် အကြိမ်(၆၀)မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကိုယမာန်နေ့က ဒုတိယနေ့အဖြစ် ဆက်လက်ကျင်းပခဲ့ရာ ပုလဲအတွဲပေါင်း ၂၂၄ တွဲ ကိုရောင်းချခဲ့တယ်လို့သိရပါတယ် ။
#Local_News
Published 19 November 2025
#မြန်မာ့ကျောက်မျက်ရတနာ #ပုလဲ
#YMG/NN #Yangon_Times
ရွှေဆိုင်အသစ်နှစ်ဆိုင်ခန့် လစဉ်တိုးလာနေပြီး ဖွင့်လှစ်ပြီးရွှေဆိုင်တွေမှာလည်းဝန်ထမ်းတိုးတာတွေရှိနေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း YGEA ဥက္ကဌဦးမျိုးမြင့်က ပြောပါတယ်။
#Local_News
Published 19 November 2025
#ရွှေဆိုင် #YGEA
#YMG/NN #Yangon_Times
#Local_News
Published 19 November 2025
▪️ စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများအား အမေရိကန်ဒေါ်လာ (၁) သန်းကျော် ဗဟိုဘဏ်ထုတ်ရောင်းပေးကြောင်း သိရသည်။
▪️ ထိုသို့ရောင်းချရာတွင် CMP ကုမ္ပဏီများထံမှ ဝယ်ယူထားသည့် နိုင်ငံခြားငွေများမှ အမေရိကန်ဒေါ်လာ ၁.၄၂၅ သန်းကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ထုတ်ရောင်းပေးခဲ့ခြင်းဖြစ်သည်။
▪️ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံခြားငွေကြေးများကို ဆက်တိုက်ထုတ်ရောင်းပေးလျှက်ရှိရာ CMP ကုမ္ပဏီများထံမှ ဝယ်ယူထားသည့် နိုင်ငံခြားငွေများမှ တရုတ်ယွမ် ၃ သိန်းကို လည်း နိုဝင်ဘာလ ၁၇ ရက်နေ့တွင် စားသုံးဆီတင်သွင်းတဲ့ ကုမ္ပဏီတွေထံထုတ်ရောင်းပေးခဲ့ကြောင်းသိရသည်။
#YMG/NN #Yangon_Times
ငလျင်ဒဏ်သင့် အဆောက်အဦများပြုပြင်ခြင်း စီမံကိန်းအတွက် ချေးငွေစုစုပေါင်း (၈၉၀၈)သန်းကျော် ထုတ်ချေးပေးထားတယ်လို့ မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်မှ သိရပါတယ်။
#Local_News
Published 19 November 2025
#ငလျင် #ချေးငွေ
#YMG/SW #Yangon_Times
#Daily_News
Published 19 November 2025
၁။ ငလျင်ဒဏ်သင့် အဆောက်အဦများပြုပြင်ခြင်း စီမံကိန်းအတွက် ချေးငွေ (၈၉၀၈)သန်းကျော်ထုတ်ချေး
၂။ ရွှေဆိုင်အသစ်နှစ်ဆိုင်ခန့် လစဉ်တိုးလာနေ YGEA ဥက္ကဌပြော
၃။ မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဒုတိယနေ့၌ ပုလဲအတွဲပေါင်း ၂၂၄ တွဲ ရောင်းချရ
၄။ 6Gမိုဘိုင်းနည်းပညာစမ်းသပ်မှုပထမအဆင့် တရုတ်ပြီးစီး
... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 19 November 2025
▪️ ယနေ့ညနေပိုင်းတွင် ကရင်၊မွန်နှင့်စစ်ကိုင်းတိုင်း မှအပကျန်ဒေသအနှံ့ မိုးသွန်း ရွာပြီးပဲခူးနှင့်တနသ်ာရီ ရှိမိုးတိမ်တောင်ဖြစ်ထွန်းရာနေရာများ၌ မိုးသက်လေပြင်းကျရောက်နိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့မနက် ၇ နာရီအချိန် ထုတ်ပြန်ချက်အရ သိရသည်။
▪️ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။
▪️ ယနေ့ညနေအထိခန့်မှန်းချက်မှာ နေပြည်တော်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် နေရာအနှံ့အပြား၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် နေရာစိပ်စိပ်၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် ရန်ကုန်တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည် ဖြစ် ကြောင်း ၊ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်ဖြစ်ကြောင်းသိရသည်။
▪️ ထို့အပြင် ဧရာဝတီတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းလျက်ရှိပြီး အဆိုပါ မိုးတိမ်တောင်များရွေ့လျားရာ နေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်း တိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ် နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုထားသည်။
▪️ နောက် ၂ ရက်အတွက်ခန့်မှန်းချက်မှာ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယား ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ကြောင်း၊ယနေ့ညနေအထိခန့်မှန်းချက်မှာရန်ကုန်၊မန္တလေး၊နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ကြောင်းသိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 19 November 2025
▪️ မြန်မာ့တူရိယာတစ်မျိုးချင်းအလိုက် ထုတ်ဝေခဲ့ပြီးသော တံဆိပ်ခေါင်းများကို တံဆိပ်ခေါင်းစုဆောင်းသူ ဝါသနာရှင်များ တစ်စုတစ်စည်းတည်း စုဆောင်းနိုင်ရန် ရည်ရွယ်၍ မြန်မာ့တူရိယာများ တစုတစည်းတည်းပါဝင်သည့် ၂၀၀ ကျပ်တန် (၆) လုံးပါ အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်တစ်မျိုး ရောင်းချပေးမည်ဖြစ်ကြောင်း မြန်မာ့စာတိုက်လုပ်ငန်းမှ သိရသည်။
▪️ အဆိုပါအထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်ကိုယခုလ၂၀ ရက်၊ နံနက် (၀၉:၃၀)နာရီ အချိန်မှစတင်၍ နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးတို့နှင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ စာတိုက်ကြီးများတွင် တစ်ပြိုင်တည်း ရောင်းချပေးသွားမည်ဖြစ်သည်ကြောင်း သိရသည်။
▪️ ထိုစာပို့ တံဆိပ်ခေါင်းသစ် ထုတ်ဝေသည့် အထူးအစီအစဉ်တစ်ရပ်အနေဖြင့် နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့၌ ယင်းနေ့တွင် ဝယ်ယူသော စာပို့တံဆိပ်ခေါင်းများပေါ်တွင် နေ့စွဲအမှတ်အသားတံဆိပ်ရိုက်နှိပ်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
#YMG/SW #Yangon_Times
#World_Health
Published 19 November 2025
■ အိပ်ရေးမဝခြင်း၊ မေ့လျော့တတ်ခြင်းတို့က စိတ်ဖိစီးမှုနဲ့ ပင်ပန်းနွမ်းနယ်မှုကြောင့်လို့ မြင်ကြပေမယ့် ဦးနှောက်ရင့်ရော်မှုနှုန်း မြန်ဆန်လာတဲ့လက္ခဏာဆိုတာကို မသိကြပါဘူး။
■ ဦးနှောက်အိုမင်းလာခြင်းဆိုတာက အချိန်ကြာလာတာနဲ့အမျှ ဦးနှောက်ထဲမှာ ဖွဲ့စည်းပုံ၊ ဓာတုပစ္စည်းနဲ့ လုပ်ဆောင်ချက်တွေ ပြောင်းလဲလာတာ ဖြစ်ပါတယ်။
■ ဒါက ရှောင်လွှဲလို့မရဘူးဆိုပေမယ့် ဆိုးဆိုးရွားရွားကြီး မအိုမင်းလာခင်မှာ ပြုပြင်ထိန်းသိမ်းလို့ရတာကြောင့် ဦးနှောက်အိုမင်းခြင်းကို မြန်ဆန်စေတဲ့ အစောပိုင်းလက္ခဏာ ၆ မျိုးကို ဖော်ပြလိုက်ပါတယ်။
■ (၁) သာမန်အလုပ်လုပ်ပြီးနောက် စိတ်ပင်ပန်းခြင်း - သာမန်ကိစ္စလေးတွေ လုပ်ပြီးနောက် အားအင်ကုန်ခမ်း ပင်ပန်းနွမ်းနယ်ခြင်း ခံစားရတာဟာ စွမ်းအင်ဖြစ်စဉ်ချို့ယွင်းတဲ့သဘော ဖြစ်ပါတယ်။
■ (၂) ပါးစပ်ဖျား၌စကားလုံးမေ့ခြင်း - မှတ်ဉာဏ်၊ စကားပြောဆိုခြင်းတို့မှာ ပါဝင်ပတ်သက်တဲ့ ဦးနှောက်အပိုင်းတွေမှာ ရောင်ရမ်းခြင်းကြောင့် မှတ်ဉာဏ်လစ်ဟသွားကာ လျှာဖျားမှာပဲ ပြောမယ့်စကား မေ့နေတတ်ပါတယ်။
■ (၃) ပင်ပန်းသော်လည်း ကောင်းစွာအိပ်မပျော်ြခင်း - အိပ်ချိန်ထချိန် ပုံစံမမှန်တဲ့သူတွေမှာ နေ့ညလည်ပတ်မှုစည်းချက်ပုံစံ ပျက်ယွင်းပြီး အိပ်စက်မှုအလေ့အထ ပုံမှန်မဖြစ်တော့ဘဲ အခြေခံကျတဲ့ ဆဲလ်နဲ့ ဇီဝဖြစ်စဉ်တွေကို သက်ရောက်လာပါတယ်။
■ (၄) စိတ်ဆိုးခြင်း၊ စိတ်အပြောင်းအလဲဖြစ်ခြင်း - အသက်အရွယ်အရ စိတ်ခံစားချက်တွေ ပြောင်းလဲလာတဲ့အခါ ဦးနှောက်အစိတ်အပိုင်းတွေကို သက်ရောက်ပြီး စိတ်အခြေအနေ အတက်အကျ ဖြစ်စေပါတယ်။
■ (၅) ဆူညံသံနဲ့ အလင်းရောင်ကို မခံနိုင်ခြင်း - ဦးနှောက်အိုမင်းလာလို့ အာရုံကြောတွေ အလွန်အထိမခံဖြစ်လာကာ ဆူညံသံတွေ အနှောင့်အယှက်တွေကို သည်းမခံနိုင်တော့ပါဘူး။
■ (၆) စားသောက်ပြီးနှောက် ဦးနှောက်ထိုင်းမှိုင်းခြင်း - စားပြီးသောက်ပြီး လေးလံထိုင်းမှိုင်းလာခြင်းက အစာခြေခြင်းနဲ့တင် မဟုတ်တော့ဘဲ ဦးနှောက်ရဲ့ အဓိကစွမ်းအင်ရင်းမြစ် ယိုယွင်းလာကာ စိတ်အာရုံယာယီ ချို့ယွင်းစေတာ ဖြစ်ပါတယ်။
■ ဦးနှောက်စောစီးစွာအိုမင်းခြင်းမှ ထိန်းသိမ်းဖို့အတွက် ဦးနှောက်လှုံ့ဆော်ပေးခြင်း၊ ကိုယ်လက်လှုပ်ရှားလုပ်ပေးခြင်း၊ အာဟာရပြည့်ဝအောင်စားခြင်း၊ သွေးပေါင်ချိန်ထိန်းသိမ်းခြင်းတို့ လုပ်ဆောင်နိုင်ပါတယ်။
Source: Times Of India
#World_Science
Published 19 November 2025
■ အာဖရိကမှ အဆိပ်ရှိမြွေအားလုံးထံကနေ ကာကွယ်နိုင်မယ့် မြွေဆိပ်ဖြေဆေးတစ်မျိုးကို ဖန်တီးဖို့အတွက် သိပ္ပံပညာရှင်တွေက ကုလားအုတ်မျိုးနွယ်တွေရဲ့ ပဋိဇီဝပစ္စည်းတွေကို အသုံးပြုနေကြပါတယ်။
■ ဒီမြွေဆိပ်ဖြေဆေးက ဓာတ်ခွဲခန်းထဲမှ ကြွက်တွေကို အာဖရိကမှာတွေ့ရတဲ့ အဆိပ်ရှိမြွေ ၁၈ မျိုးထဲက ၁၇ မျိုးထံကနေ ကာကွယ်နိုင်ခဲ့တယ်လို့ သုတေသီများ ဖော်ပြခဲ့ပါတယ်။
■ အသက်ဆုံးပါးခြင်းသာမက မြွေဆိပ်ကြောင့်ဖြစ်တဲ့ အရေပြားထိခိုက်မှုနဲ့ တစ်ရှူးပုပ်ဆွေးသွားခြင်းတို့ကို သိသိသာသာ လျှော့ချပေးပါတယ်။
■ ဒီမြွေဆိပ်ဖြေဆေးကို ထုတ်ကုန်အဖြစ် ဖြန့်ချနိုင်ဖို့ အနည်းဆုံး ၅ နှစ်လောက် ကြာမြင့်နိုင်တယ်လို့ ဒိန်းမတ်နည်းပညာတက္ကသိုလ် ဇီဝအင်ဂျင်နီယာအကြီးအကဲ အန်ဒရီယာစ်လော့ဆင်ကီယယ်က ပြောပါတယ်။
■ အာဖရိက၊ အာရှ၊ လက်တင်အမေရိကတို့မှ မြွေကိုက်ခံရခြင်းကြောင့် နှစ်စဉ် လူပေါင်း ၈၁,၀၀၀ နဲ့ ၁၃၈,၀၀၀ ဦး အသက်ဆုံးပါးနေကြကာ ၄ သိန်းလောက်ကတော့ မြွေဆိပ်ဒဏ်ရာကြောင့် ခြေလက်ဖြတ်ပစ်ရခြင်း၊ အမြင်ကွယ်ခြင်း၊ အနာပေါက်ဖြစ်ခြင်းတို့ ခံစားနေရပါတယ်။
■ လက်ရှိအချိန်အထိ မြွေဆိပ်ဖြေဆေးတွေက အသုံးပြုရခက်ခဲသလို ဘေးထွက်ဆိုးကျိုးလည်း ပြင်းထန်နိုင်ကာ အဆိပ်ရှိမြွေမျိုးစိတ်ပေါင်း ၆၅၀ အတွက် ကာကွယ်နိုင်မယ့်ဆေးမျိုး မရှိသေးပါဘူး။
■ အခုတော့ အကြိမ် ၂၀၀ ကျော် မြွေကိုက်ခံရဖူးတဲ့ လူတစ်ယောက်ရဲ့သွေးကနေ ပဋိဇီဝရောစပ်ပစ္စည်းဖြင့် ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။
■ အသုံးပြုတဲ့ နာနိုပစ္စည်းတွေက ပိုမိုသေးငယ်ပြီး ဈေးသက်သာကာ မြွေဆိပ်အမျိုးမျိုး ကုသရာမှာ သေချာတဲ့နည်းလမ်း ဖြစ်လာနိုင်ပါတယ်။
■ ယခုမြွေဆိပ်ဖြေဆေးအသစ်ကို ဓာတ်ခွဲခန်းတွေထဲမှာ ထပ်ပွားထုတ်လုပ်နိုင်မှာ ဖြစ်ပါတယ်။
■ နောက်ထပ်လူသားစမ်းသပ်မှုတွေ ပြုလုပ်ဖို့နဲ့ ဆေးပမာဏဆန်းစစ်ဖို့ စတဲ့အခက်အခဲတွေရှိသေးသလို ဈေးကွက်ထဲရောက်ဖို့ အနည်းဆုံး ၅ နှစ်လောက် ကြာမြင့်နိုင်ပါတယ်။
Source: The Telegraph
တရုတ်ပြည် ကွမ်တုံပြည်နယ်တောင်ပိုင်း ကွမ်ကျိုးမှာ ကားယာဉ်ပျံ အမြောက်အများထုတ်လုပ်ရေးအတွက် ကမ္ဘာ့ပထမဆုံး အလိုအလျောက်စက်ရုံဟာ စမ်းသပ်ထုတ်လုပ်မှုအဆင့် စတင်နေပြီဖြစ်ကာ မျိုးဆက်သစ် ပိုဆောင်ရေးကဏ္ဍမှာခြေလှမ်းကြီးတစ်ခု ဖြစ်လာပါတယ်။
#Asia_Technology
Published 18 November 2025
#တရုတ်ပြည် #ကားယာဉ်ပျံ
#YMG #Yangon_Times #Yangon_Media_Group
Rice Export Zone တွေမှာ လာမယ့်နှစ်နွေစပါးရာသီအတွက် ဧရိယာ ဧကပေါင်း (၃)သိန်းကျော် စိုက်ပျိုးနိုင်ရေးဆောင်ရွက်လျှက်ရှိတယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရပါတယ်။
#Local_News
Published 18 November 2025
#Rice_Export_Zone #နွေစပါး
#YMG/SW #Yangon_Times
ကရင်ပြည်နယ်သို့ ခရီးသွားငါးသိန်းကျော်ဝင်ရောက်ခဲ့ပြီး ခရီးသွားတွေ အတွက် ဆွဲဆောင်မှုပိုရှိစေဖို့ စီမံချက်တွေချမှတ်ပြီး ဆက်လက်ဆောင်ရွက်နေတယ်လို့ ကရင်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ ကသိရပါတယ်။
#Local_News
Published 18 November 2025
#ကရင်ပြည်နယ်
#YMG/NN #Yangon_Times
Page 31 of 1855