တရုတ်သမ္မတရှီကျင့်ဖျင်ဟာ အီဂျစ်နိုင်ငံသိံ ပြည်ထောင်စုနိုင်ငံခြားရေးခရီးစဉ်အဖြစ့်သွားရောက်ခဲ့ပြီး ဆယ်စုနှစ်တစ်ခုအတွင်း သူ့ရဲ့ပထမဆုံး အီဂျစ်ခရီးစဉ်ဖြစ်သလို သံတမန်ဆက်ဆံရေးနှစ် (၇၀)ပြည့် အထိမ်းအမှတ်လည်းဖြစ်နေပါတယ်။
#World_Politics
Published 05 September 2026
#တရုတ်သမ္မတရှီကျင့်ဖျင် #အီဂျစ်နိုင်ငံ
#YMG #Yangon_Times #Yangon_Media_Group
#Local_News
ဟနွိုင်း၊ စက်တင်ဘာ ၅
ဗီယက်နမ်နိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေးခရီးစဉ်အဖြစ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဗီယက်နမ်နိုင်ငံသမ္မတ မစ္စတာ တိုလန်းနှင့် တွေ့ဆုံ၍ နှစ်နိုင်ငံအကြား အစဉ်အလာရှိသည့် ချစ်ကြည်ရင်းနှီးမှုနှင့် နိုင်ငံရေးယုံကြည်မှု ပိုမိုခိုင်မာစေရေး၊ ကာကွယ်ရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ချဲ့ထွင်ရေး၊ ဆက်သွယ်ရေး၊ ဒစ်ဂျစ်တယ်နည်းပညာ၊ စိုက်ပျိုးရေး၊ စွမ်းအင်နှင့် ဒေသတွင်းချိတ်ဆက်မှုများ တိုးမြှင့်ရေးအပြင် အာဆီယံနှင့် နိုင်ငံတကာမျက်နှာစာများတွင် အပြန်အလှန်ပံ့ပိုးကူညီရေးတို့ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်များမှာ -
၁။ နှစ်နိုင်ငံဆက်ဆံရေး အဆင့်မြှင့်တင်ရေး
မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံအကြား နှစ်ပေါင်း ၅၀ ကျော် တည်ရှိလာသည့် သမိုင်းအစဉ်အလာရှိ ချစ်ကြည်ရင်းနှီးမှုကို ဆက်လက်ထိန်းသိမ်းပြီး ၂၀၁၇ ခုနှစ်တွင် တည်ထောင်ခဲ့သည့် ဘက်စုံပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေး ၂၀၂၇ ခုနှစ်တွင် ၁၀ နှစ်ပြည့်မြောက်မည့် အခွင့်အခါကို အသုံးချ၍ နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုမြင့်မားသည့် အဆင့်သို့ တိုးမြှင့်လိုကြောင်း ပြောကြားခဲ့ပါသည်။
၂။ နိုင်ငံရေး၊ ကာကွယ်ရေးနှင့် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု
အစိုးရ၊ လွှတ်တော်၊ နိုင်ငံရေးပါတီ၊ တပ်မတော်နှင့် ပြည်သူအချင်းချင်း ဆက်ဆံရေးများ တိုးမြှင့်ရန်နှင့် တပ်မတော်နှစ်ရပ်အကြား ရှိရင်းစွဲ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်အားကောင်းစေရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့ပါသည်။ ထို့ပြင် မူးယစ်ဆေးဝါး၊ လူကုန်ကူးမှု၊ ဆိုက်ဘာရာဇဝတ်မှုနှင့် အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးတို့တွင် သတင်းအချက်အလက်နှင့် အတွေ့အကြုံများ ပိုမိုမျှဝေလိုကြောင်း ထည့်သွင်းပြောကြားခဲ့ပါသည်။
၃။ မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်တိုးတက်မှုများ
မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲအပြီး အစိုးရနှင့် လွှတ်တော်များ တာဝန်ယူဆောင်ရွက်နေမှု၊ နိုင်ငံရေးတည်ငြိမ်မှု၊ ငြိမ်းချမ်းရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတို့ကို အပြန်အလှန်ဆက်စပ်သည့် ဦးစားပေးလုပ်ငန်းများအဖြစ် ဆောင်ရွက်နေမှုနှင့် NCA မူဘောင်အပေါ်အခြေခံ၍ ပြည်တွင်းငြိမ်းချမ်းရေးကို ဆက်လက်ကြိုးပမ်းနေမှုတို့ကို ရှင်းလင်းပြောကြားခဲ့ပါသည်။
၄။ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု အရှိန်မြှင့်တင်ရေး
နှစ်နိုင်ငံကုန်သွယ်မှုပမာဏ ပြန်လည်တိုးမြှင့်ရန်၊ ဗီယက်နမ်စီးပွားရေးလုပ်ငန်းများ မြန်မာနိုင်ငံသို့ ပိုမိုလာရောက်ရင်းနှီးမြှုပ်နှံရန်နှင့် ယခင်က လုပ်ငန်းရပ်ဆိုင်းခဲ့သည့် ဗီယက်နမ်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ပြန်လည်ဝင်ရောက်လာရန် ဖိတ်ခေါ်ကြောင်း ပြောကြားခဲ့ပါသည်။ ဗီယက်နမ်လုပ်ငန်းရှင်များ ယုံကြည်စိတ်ချစွာ လုပ်ကိုင်နိုင်ရေးအတွက် လိုအပ်သည့် ကူညီစောင့်ရှောက်မှုများ ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါသည်။
၅။ အနာဂတ်ပူးပေါင်းဆောင်ရွက်မည့် ဦးစားပေးကဏ္ဍများ
စိုက်ပျိုးမွေးမြူရေးနှင့် အစားအစာပြုပြင်ထုတ်လုပ်ရေး၊ စက်မှုဇုန်နှင့် အထူးစီးပွားရေးဇုန်၊ စွမ်းအင်နှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၊ ဆက်သွယ်ရေး၊ ဒစ်ဂျစ်တယ်စီးပွားရေး၊ သိပ္ပံနှင့် နည်းပညာ၊ ပညာရေး၊ ကျန်းမာရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးတို့တွင် ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့လိုကြောင်း ပြောကြားခဲ့ပါသည်။
၆။ ဒေသတွင်း ဆက်သွယ်ချိတ်ဆက်မှု
မြန်မာ-လာအို-ဗီယက်နမ်နှင့် မြန်မာ-ထိုင်း-လာအို-ဗီယက်နမ် လမ်းကြောင်းများကို ပိုမိုအားကောင်းစေပြီး မြန်မာနိုင်ငံ၏ ပထဝီအနေအထားနှင့် ထားဝယ်ရေနက်ဆိပ်ကမ်းတို့ကို အသုံးချ၍ တောင်အာရှနှင့် အရှေ့အာရှဈေးကွက်များကို ချိတ်ဆက်နိုင်သည့် Land Bridge အဖြစ် ဖော်ဆောင်နိုင်ကြောင်း အဆိုပြုခဲ့ပါသည်။
၇။ ASEAN နှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု
ASEAN Unity နှင့် ASEAN Centrality ကို အခြေခံ၍ CLMV၊ ACMECS နှင့် မဲခေါင်ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများတွင် နှစ်နိုင်ငံအပြန်အလှန်ပံ့ပိုးကူညီရန်နှင့် ဒေသတွင်းငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်လက်တွဲလိုကြောင်း ပြောကြားခဲ့ပါသည်။
ဗီယက်နမ်နိုင်ငံသမ္မတ မစ္စတာ တိုလန်းက ပြောကြားသည်များမှာ -
၁။ နိုင်ငံရေးယုံကြည်မှုနှင့် အဆင့်မြင့်ဆက်ဆံရေး တိုးမြှင့်ရေး
မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုနှင့် အပြန်အလှန်နားလည်ယုံကြည်မှုကို ပိုမိုခိုင်မာစေရန်၊ သံအမတ်ကြီးများ၏ ခန့်အပ်လွှာပေးအပ်ပွဲများအပါအဝင် သံတမန်ရေးဆိုင်ရာ ထိတွေ့ဆက်ဆံမှုများနှင့် နိုင်ငံရေးဆွေးနွေးမှုများကို မြှင့်တင်ရန်၊ အဆင့်မြင့်ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်အဖွဲ့များ အပြန်အလှန်ချစ်ကြည်ရေးခရီးစဉ်များ တိုးမြှင့်ကာ နှစ်နိုင်ငံအကြား နိုင်ငံရေးယုံကြည်မှုကို ပိုမိုခိုင်မာအောင် ဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့ပါသည်။
၂။ ကာကွယ်ရေး၊ လုံခြုံရေးနှင့် နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှု တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး
နှစ်နိုင်ငံအကြား ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ရှိရင်းစွဲပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုခိုင်မာစေရန်၊ ပူးပေါင်းဆောင်ရွက်ရေးယန္တရားသစ်များ ဖော်ဆောင်ရန်နှင့် သက်ဆိုင်ရာမူဘောင်များအောက်တွင် မူးယစ်ဆေးဝါး၊ လူကုန်ကူးမှုနှင့် နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများ တိုက်ဖျက်ရေး၌ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်လိုကြောင်း ပြောကြားခဲ့ပါသည်။ ထို့ပြင် အခက်အခဲကြုံတွေ့ခဲ့သည့် ဗီယက်နမ်နိုင်ငံသားများအား မြန်မာနိုင်ငံဘက်မှ ကူညီပေးခဲ့မှုအတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပါသည်။
၃။ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေး
နှစ်နိုင်ငံအကြား စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများကို ပိုမိုမြှင့်တင်လိုကြောင်း၊ Green Energy၊ EV၊ ဆောက်လုပ်ရေး၊ စိုက်ပျိုးရေးနည်းပညာနှင့် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေး စသည့် အလားအလာရှိသော ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့လိုကြောင်း ပြောကြားခဲ့ပါသည်။ မြန်မာနိုင်ငံသို့ စီးပွားရေးလုပ်ငန်းရှင်များ ခေါ်ဆောင်လာခဲ့မှုနှင့် မြန်မာနိုင်ငံရှိ ဗီယက်နမ်စီးပွားရေးလုပ်ငန်းများကို ကူညီစောင့်ရှောက်ပေးမှုအတွက်လည်း ကျေးဇူးတင်ရှိကြောင်းနှင့် မြန်မာနိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ဗီယက်နမ်၏ ဖွံ့ဖြိုးတိုးတက်ရေးအတွေ့အကြုံများ မျှဝေပေးလိုကြောင်း ပြောကြားခဲ့ပါသည်။
၄။ သိပ္ပံနည်းပညာ၊ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးနှင့် ဒေသတွင်းဆက်သွယ်ချိတ်ဆက်မှု မြှင့်တင်ရေး
သတင်းအချက်အလက်၊ သိပ္ပံနှင့် နည်းပညာကဏ္ဍများတွင် အတွေ့အကြုံများ အပြန်အလှန်မျှဝေရန်၊ 5G နှင့် Digital Transformation ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရန်နှင့် Mytel-Viettel ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်အားကောင်းစေလိုကြောင်း ပြောကြားခဲ့ပါသည်။ ထို့ပြင် ဗီယက်နမ်-လာအို-မြန်မာမှတစ်ဆင့် အိန္ဒိယအထိ ချိတ်ဆက်နိုင်မည့် လမ်းနှင့် ရထားလမ်းအပါအဝင် ဒေသတွင်းသယ်ယူပို့ဆောင်ရေးလမ်းကြောင်းများကို ပူးပေါင်းလေ့လာဖော်ဆောင်ကာ အရှေ့-အနောက် ဆက်သွယ်ချိတ်ဆက်မှု ပိုမိုအားကောင်းစေလိုကြောင်း ပြောကြားခဲ့ပါသည်။
၅။ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှုနှင့် ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှု တိုးမြှင့်ရေး
နှစ်နိုင်ငံအကြား ပညာရေးနှင့် လေ့ကျင့်ရေး၊ ကျန်းမာရေး၊ လူမှုရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးချဲ့ရန်နှင့် ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှုကို မြှင့်တင်လိုကြောင်း ပြောကြားခဲ့ပါသည်။ ထို့ပြင် မြန်မာနှင့် ဗီယက်နမ်နိုင်ငံရှိ ခရီးသွားမြို့များအကြား တိုက်ရိုက်လေကြောင်းခရီးစဉ်များ တိုးချဲ့ဖွင့်လှစ်နိုင်ရေးကို ကြိုဆိုအားပေးကြောင်း ပြောကြားခဲ့ပါသည်။
၆။ ASEAN နှင့် ဒေသတွင်း၊ နိုင်ငံတကာမျက်နှာစာများတွင် အပြန်အလှန်ပံ့ပိုးကူညီရေး
မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် ကိုယ်ပိုင်ရွေးချယ်ထားသည့် ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကို လေးစားထောက်ခံကြောင်းနှင့် ASEAN Unity နှင့် ASEAN Centrality ကို အလေးထား၍ နှစ်နိုင်ငံအကြား နားလည်မှုနှင့် အပြန်အလှန်ပံ့ပိုးကူညီမှုကို ဆက်လက်မြှင့်တင်လိုကြောင်း ပြောကြားခဲ့ပါသည်။ ထို့ပြင် CLMV၊ ACMECS အပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးယန္တရားများတွင် အပြန်အလှန်ပံ့ပိုးကူညီကာ ဒေသတွင်းငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နီးကပ်စွာ ဆက်လက်ပူးပေါင်းဆောင်ရွက်လိုကြောင်း ပြောကြားခဲ့ပါသည်။
မန္တလေးငလျင်ဘေးသင့်ပြည်သူများအတွက် အသက်မွေးဝမ်းကြောင်းလုပ်ငန်းများ ပြန်လည်ထူထောင်နိုင်ရေးရည်ရွယ်ပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းက Livelihood Technical Skill Training (Livestock) မွေးမြူရေးနည်းပညာသင်တန်းကို စစ်ကိုင်းမြို့မှာပြုလုပ်ခဲ့ပါတယ်။
#Local_News
Published 05 September 2026
#ငလျင် #မန္တလေး
#YMG/SW #Yangon_Times
ဆန်များကိုသတ်မှတ်ထားသောအခြေခံရည်ညွှန်းဈေးဖြင့်ဆန်စပါးကုန်စည်ဒိုင်များ၊ဆန်လက်လီ၊လက်ကားဆိုင်များတွင် စားသုံးသူများအတွက်အဆင်ပြေလွယ်ကူစွာ နေ့စဉ်ရောင်းချနိုင်ရေးအတွက်ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြဖို့ မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းက မေတ္တာရပ်ခံချက်ထုတ်ပြန်ထားပါတယ်။
#Local_News
Published 05 September 2026
#ဆန်
#YMG/NN #Yangon_Times
ရန်ကုန်မြို့တွင်းရှိ ဈေးများအတွင်းနဲ့ ဈေးပြင်ပသန့်ရှင်းသာယာသပ်ရပ်ရေး၊ ရေစီးရေလာကောင်းမွန်ရေးနဲ့ ဈေးအတွင်းရောင်းချတဲ့ အစားအသောက်များ သန့်ရှင်းလတ်ဆတ်မှုရှိစေရေးတိံကို စဉ်ဆက်မပြတ်ဆောင်ရွက်သွားဖို့ ရန်ကုန်မြိုတော်ဝန် ဦးမျိုးမြင့်အောင်က မှာကြားခဲ့ပါတယ်။
#Local_News
Published 05 September 2026
#ဈေး
#YMG/SW #Yangon_Times
#Daily_News
Published 05 September 2026
၁။ ငလျင်ဘေးသင့်ပြည်သူများ၏ အသက်မွေးဝမ်းကြောင်းလုပ်ငန်းများ ပြန်လည်ထူထောင်နိုင်ရေး မွေးမြူရေးနည်းပညာသင်တန်းပြုလုပ်
၂။ သတ်မှတ်အခြေခံရည်ညွှန်းဈေးဖြင့် ဆန်ပုံမှန်ရောင်းချရန် ဆန်စပါးကုန်စည်ဒိုင်များနှင့်လက်လီ၊လက်ကားဆိုင်များကိုမေတ္တာရပ်ခံ
၃။ ဈေးတွင်း/ဈေးပြင် သန့်ရှင်းသာယာရေး စဉ်ဆက်မပြတ်ဆောင်ရွက်ရန် မြိုတော်ဝန်မှာကြား
၄။ တရုတ်သမ္မတရှီကျင့်ဖျင် အီဂျစ်နိုင်ငံသို့ခရီးစဉ်သွားရောက်ကာအီဂျစ်သမ္မတနှင့်တွေ့ဆုံဆွေးနွေး... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 05 September 2026
■ ဗီယက်နမ်နိုင်ငံသို့ တရားဝင်ခရီးစဉ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သည် ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ် မစ္စတာ လေမင်ဟုန် နှင့် စက်တင်ဘာ ၅ ရက်၊ မွန်းလွဲပိုင်းက ဟနွိုင်းမြို့ရှိ အစိုးရအဖွဲ့ရုံး၊ Grand Hall တွင် တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
■ အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ အဆင့်မြင့် မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး ဗီယက်နမ်နိုင်ငံဝန်ကြီးချုပ်နှင့်အတူ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
■ အဆိုပါ တွေ့ဆုံဆွေးနွေးပွဲမစတင်မီနိုင်ငံတော်သမ္မတနှင့် ဗီယက်နမ်ဝန်ကြီးချုပ်တို့သည် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်းသိရသည်။
#Local_News
Published 05 September 2026
■ မြန်မာနိုင်ငံလုပ်သားများကျွမ်းကျင်မှု စံသတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) က စုစုပေါင်း ၃၃၀၈၄ ဦးတို့ကို အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်များ ပေးအပ်နိုင်ခဲ့ကြောင်းသိရသည်။
■ မြန်မာနိုင်ငံလုပ်သားများကျွမ်းကျင်မှု စံသတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA)က ၂၀၁၄ ခုနှစ်မှ ၂၀၂၆ ခုနှစ် ဩဂုတ်လအထိ အလုပ်အကိုင် ၄၂ မျိုးတွင် ကျွမ်းကျင်မှုအဆင့် (၁) ၂၉၉၀၈ ဦး၊ အဆင့် (၂) ၃၁၅၁ ဦးနှင့် အဆင့် (၃) ၂၅ ဦး စုစုပေါင်း ၃၃၀၈၄ ဦးတို့ကို အမျိုးသားအဆင့်အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်များ ပေးအပ်နိုင်ခဲ့သည်။
■ လုပ်သားများကျွမ်းကျင်မှု စံသတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) ၏ အမျိုးသားအဆင့်ကျွမ်းကျင်မှု အသိအမှတ်ပြုလက်မှတ်ပေးအပ်ပွဲကို ယနေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ် မြို့တော်ခန်းမ၌ကျင်းပပြီး အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး၊ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်တို့က မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့အတွင်း အလုပ်အကိုင်လေးမျိုးအတွက် စစ်ဆေးအကဲဖြတ်ရာတွင် ဝင်ရောက်ဖြေဆိုအောင်မြင်ခဲ့သည့် အရည်အသွေးပြည့်မီသူ ၂၂၇ ဦး၊ စစ်ဆေးအကဲဖြတ်သူနှစ်ဦးနှင့် စစ်ဆေးအကဲဖြတ်ရေးဌာနနှစ်ခုတို့ကို အမျိုးသားအဆင့်အလုပ်အကိုင်ဆိုင်ရာကျွမ်းကျင်မှု အသိအမှတ်ပြုလက်မှတ်များ ပေးအပ်ကြသည်။
■ ထို့ပြင် အဆိုပါခန်းမ၌ကျင်းပသည့် လုပ်ငန်းခွင်အေးချမ်းသာယာရေးအတွက် အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ်နှင့်ပတ်သက်၍ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင်လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက်သည်။
■ ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက အလုပ်ရှင်၊ အလုပ်သမားများအနေဖြင့် အမှန်တကယ်ကြုံတွေ့နေရသည့် အခက်အခဲများကို ဆွေးနွေးပေးကြရန်၊ ဖြည့်ဆည်းပေးရန် လိုအပ်သည့်အချက်များကို ပွင့်ပွင့်လင်းလင်းအကောင်းဆုံးဆွေးနွေးအဖြေရှာပြီး သုံးပွင့်ဆိုင်ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် နိုင်ငံ၏ ကုန်ထုတ်စွမ်းအားမြင့်မားတိုးတက်စေရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားသည်။
■ အဆိုပါဆွေးနွေးပွဲတွင် တက်ရောက်လာကြသော အလုပ်ရှင်/ အလုပ်သမားကိုယ်စားလှယ်များ၏ ဆွေးနွေးတင်ပြချက်များကို အလုပ်သမားရေးရဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများကပြန်လည်ရှင်းလင်းဆွေးနွေးကြကြောင်းသိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 05 September 2026
■ ဗီယက်နမ်နိုင်ငံသို့ တရားဝင်ခရီးစဉ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်သည် ဗီယက်နမ်အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မစ္စတာ ချန်ထန်မန်းနှင့် စက်တင်ဘာ ၅ ရက်၊ နံနက်ပိုင်းက ဟနွိုင်းမြို့ရှိ ဗီယက်နမ်အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမတွင် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
■ နိုင်ငံတော်သမ္မတကြီး ဦးမင်းအောင်လှိုင်နှင့်အဖွဲ့ဝင်များကို ဗီယက်နမ်အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မစ္စတာချန်ထန်မန်းနှင့်တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြပြီးနောက် မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။
■ ယင်းနောက်တွေ့ဆုံဆွေးနွေးပွဲကို ဆက်လက်ပြုလုပ်ရာ နိုင်ငံတော်သမ္မတကြီးနှင့်အတူ မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့်အတူ လွှတ်တော်ရှိအဆင့်မြင့်အရာရှိကြီးများတက်ရောက်ခဲ့ကြသည်။
#Local_News
Published 05 September 2026
■ ဗီယက်နမ်နိုင်ငံကို တရားဝင်ခရီးစဉ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နဲ့ ဇနီး ဒေါ်ကြူကြူလှ တို့ကို ဗီယက်နမ်နိုင်ငံ သမ္မတ မစ္စတာ တိုလန်းနဲ့ဇနီးတို့က စက်တင်ဘာ ၅ ရက်၊ နံနက်ပိုင်းက ဟနွိုင်းမြို့ရှိ အမျိုးသားလွှတ်တော် ရှေ့ရင်ပြင်တွင် နိုင်ငံတော်အဆင့် ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနားနှင့် ကြိုဆိုခဲ့သည်။
■ နိုင်ငံတော်သမ္မတကြီး ဦးမင်းအောင်လှိုင်နဲ့ ဇနီး ဒေါ်ကြူကြူလှတို့ကို ဗီယက်နမ်နိုင်ငံသမ္မတ မစ္စတာ တိုလန်းနဲ့ဇနီး တို့ကနွေးထွေးစွာကြိုဆိုပြီးနောက် ဗီယက်နမ်ကျောင်းသား၊ ကျောင်းသူလေးများက ပန်းစည်းကမ်းကာ ကြိုဆိုကြပါတယ်။
■ ယင်းနောက် နိုင်ငံတော်သမ္မတနှစ်ဦးသည် အလေးပြုခံစင်မြင့်ထက်တွင် ဂုဏ်ပြုတပ်ဖွဲ့က နိုင်ငံတော်သီချင်းများနှင့် တီးမှုတ်ဂုဏ်ပြုအလေးပြုခြင်းကိုခံယူခဲ့ကြသည်။
■ ဆက်လက်ပြီးနောက် နိုင်ငံတော်သမ္မတနှစ်ဦးနဲ့ ဇနီးတို့သည် မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြပြီး နှစ်နိုင်ငံက တာဝန်ရှိသူများနှင့်အတူ အမျိုးသားလွှတ်တော် ဧည့်ခန်းမတွင် သီးသန့် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
#Local_News
Published 05 September 2026
■ အမျိုးသားလူသစ်သင်္ဘောသားများနှင့် အမျိုးသမီးသင်္ဘောသားများ ပြည်ပသို့ထွက်ခွာပါက PV အမျိုးအစားသို့ ပြောင်းလဲကိုင်ဆောင်၍ ထွက်ခွာရမည်ဖြစ်ကြောင်း ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ သင်္ဘောသားဌာနခွဲမှအသိပေးထားသည်။
■ သင်္ဘောသားမြန်မာနိုင်ငံကူးလက်မှတ် (PS) ဖြင့်အလည်အပတ်ထွက်စာရယူပြီး ပြည်ပနိုင်ငံများသို့အလည်အပတ်ထွက်ခွာခြင်းနှင့်စပ်လျဉ်း၍ ပြည်ပကုမ္ပဏီများနှင့် တိုက်ရိုက်စာချုပ်ချုပ်ဆိုထားခြင်းမရှိဘဲ ဌာနတွင် တရားဝင် SRPS လိုင်စင် မရှိသည့် ကုမ္ပဏီများ၊ ကြားခံပုဂ္ဂိုလ်များနှင့် ပွဲစားများက သင်္ဘောသားများကို တရားမဝင်စေလွှတ်မှုများ ရှိနေခြင်းကြောင့် သင်္ဘောသားအချို့မှာ သင်္ဘောပေါ်တွင် တာဝန်ထမ်းဆောင်ရခြင်းမရှိဘဲ ပင်လယ်ကွေ့နိုင်ငံအချို့ရှိ လုပ်ငန်းခွင်များသို့ရောက်ရှိသွားခြင်း၊ ဌာနကခွင့်ပြုထားခြင်းမရှိသည့် ငါးဖမ်းသင်္ဘောများပေါ်သို့ စုဆောင်းခေါ်ယူစေလွှတ်ခံရခြင်းများဖြစ်ပေါ်နေကြောင်း သိရသည်။
■ ထို့အပြင် ပြည်ပကုမ္ပဏီများနှင့် ခိုင်မာသည့် စာချုပ်စာတမ်းများ ချုပ်ဆိုထားခြင်းမရှိဘဲ ကြားခံကုမ္ပဏီများ၊ ပွဲစားများမှတစ်ဆင့် စေလွှတ်ခံရသည့်အတွက် သတ်မှတ်လစာနှုန်းထားများ မရရှိခြင်း၊ လစာဆုံးရှုံးခြင်းများအပြင် တရားမဝင်မှောင်ခိုပစ္စည်းများ တင်ဆောင်သည့် သင်္ဘောများပေါ်သို့ ရောက်ရှိတာဝန်ထမ်းဆောင်ရပြီး ပြည်ပနိုင်ငံများတွင် ဖမ်းဆီးထိန်းသိမ်းခံရသည့် ဖြစ်စဉ်များလည်း ရှိနေကြောင်း သိရသည်။
■ ၎င်းအပြင် အာမခံမရှိသည့် သင်္ဘောများပေါ်တွင် တာဝန်ထမ်းဆောင်ရခြင်းကြောင့် ထိခိုက်မှုနှင့် အသက်အာမခံလျော်ကြေးများ မရရှိခြင်း၊ Minimum Terms and Conditions ပါ သတ်မှတ်ချက်များနှင့် မကိုက်ညီခြင်းတို့အပြင် တရားဝင်စာချုပ်စာတမ်းများ ခိုင်မာမှုမရှိခြင်းကြောင့် သင်္ဘောသားများ၏ အကျိုးခံစားခွင့်များကို ထိရောက်စွာဆောင်ရွက်ပေးနိုင်ခြင်းမရှိသည့် ပြဿနာများလည်းဖြစ်ပေါ်နေပြီး ထွက်ခွာခဲ့သည့် သင်္ဘောနှင့်အမှန်တကယ်တာဝန်ထမ်းဆောင်ခဲ့သည့် သင်္ဘောမတူညီခြင်းများကြောင့် သင်္ဘောသားများ၏ ပင်လယ်ပြင်လုပ်သက် မရရှိခြင်းနှင့် သက်ဆိုင်ရာသင်တန်းများ တက်ရောက်ခွင့်မရရှိခြင်းများဖြစ်ပေါ်နေကြောင်း သိရသည်။
■ ဌာန၏ တရားဝင် SRPS လိုင်စင် လျှောက်ထားရယူထားခြင်းမရှိဘဲ ရုံးခန်းများ ဖွင့်လှစ်ကာ Social Media များမှတစ်ဆင့် လူသစ်သင်္ဘောသားများကို စုဆောင်းခေါ်ယူ၍ စေလွှတ်နေသူများအတွက် တရားမဝင်ထွက်ခွာခွင့်များ ရရှိနေခြင်း၊ SIRB (CDC) တွင် ရာထူးအဆင့်များ လိမ်လည်ဖြည့်စွက်ခြင်း၊ ပင်လယ်ပြင်လုပ်သက် လိမ်လည်ရယူခြင်းနှင့် သက်ဆိုင်ရာရာထူးအဆင့်အလိုက် သတ်မှတ်ထားသည့် သင်တန်းများပြီးစီးခြင်းမရှိဘဲ သင်္ဘောပေါ်သို့ စေလွှတ်ခြင်းများလည်း ဖြစ်ပေါ်နေကြောင်းသိရသည်။
■ ထို့ကြောင့် ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၅ ရက်မှစတင်၍ အမျိုးသားလူသစ်သင်္ဘောသားများနှင့် အမျိုးသမီးသင်္ဘောသားများအနေဖြင့် သင်္ဘောသားမြန်မာနိုင်ငံကူးလက်မှတ် (PS) ဖြင့် ပြည်ပနိုင်ငံများသို့ အလည်အပတ်ထွက်ခွာခွင့် မပြုတော့ဘဲ ပြည်ပသို့ ထွက်ခွာလိုပါက ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့တွင် PS အမျိုးအစားမှ PV အမျိုးအစားသို့ ပြောင်းလဲကိုင်ဆောင်ပြီး ထွက်ခွာနိုင်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
#YMG/NN #Yangon_Times
#Local_News
Published 05 September 2026
■ ဗီယက်နမ်နိုင်ငံကို တရားဝင်ခရီးစဉ်ရောက်ရှိနေသည့်နိုင်ငံတော်သမ္မတကြီး ဦးမင်းအောင်လှိုင်နဲ့ ဇနီး ဒေါ်ကြူကြူလှ တို့ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာလ ၅ ရက်၊ နံနက်ပိုင်းက ဟနွိုင်းမြို့ရှိ အမျိုးသားသူရဲကောင်းများနှင့်အာဇာနည်များဗိမာန်နှင့်ဟိုချီမင်း ဂူဗိမာန်များသို့ ရောက်ရှိကာလွမ်းသူ့ ပန်းခွေချခဲ့ကြောင်း သိရသည်။
Page 35 of 2096