#World_Health
Published 10 September 2026
■ အမေရိကန် FDA က Bristol Myers Squibb ကုမ္ပဏီရဲ့ သွေးကင်ဆာဆေးဖြစ်တဲ့ Zenbexus (iberdomide)ကို အသိအမှတ်ပြုပေးလိုက်ပါတယ်။
■ Zenbexus ဟာ ပထမဆုံးအတည်ပြုချက်ရရှိတဲ့ CELMoD ဆေးအမျိုးအစားဖြစ်ပြီး ဆေးဝါးလောကမှာ ပထမဆုံး ဆေးအမျိုးအစားသစ် ဖြစ်လာခဲ့ပါတယ်။
■ ယခင်က အနည်းဆုံး ကုသမှုတစ်မျိုး ခံယူဖူးပေမယ့် ပြန်လည်ဖြစ်ပွားလာတဲ့ လူနာများ၊ ကုသရန်ခက်ခဲတဲ့ ရိုးတွင်းခြင်ဆီကင်ဆာ လူနာများအတွက် အတည်ပြုပေးထားခြင်း ဖြစ်ပါတယ်။
■ ဒီသောက်ဆေးကို J&J ကုမ္ပဏီရဲ့ Darzalex ၊ Dexamethasone ဆေးတို့နဲ့ တွဲဖက်သောက်သုံးရမှာ ဖြစ်ပါတယ်။
■ တတိယအဆင့် EXCALIBER-RRMM စမ်းသပ်မှုမှာ တွဲဖက်ကုသမှုက ပုံမှန်ကုသမှုရဲ့ ၂၁ ရာခိုင်နှုန်းနဲ့ နှိုင်းယှဉ်ပါက MRD-negative ပျောက်ကင်းနှုန်း ၄၁ ရာခိုင်နှုန်းအထိ ရရှိခဲ့ပါတယ်။
■ ဒီဆေးမှာ သန္ဓေသားထိခိုက်စေနိုင်မှုနဲ့ ပြင်းထန်တဲ့ သွေးခဲမှုများ ဖြစ်ပွားနိုင်တဲ့ အထူးသတိပေးချက် ပါဝင်ပါတယ်။
■ ဘေးထွက်ဆိုးကျိုး အန္တရာယ်များကြောင့် ဆေးဝါးကို စည်းကမ်းချက်များဖြင့် ထိန်းချုပ်ထားတဲ့ ကန့်သတ်ဖြန့်ဖြူးရေး အစီအစဉ်အတိုင်းသာ ဖြန့်ဖြူးမှာ ဖြစ်ပါတယ်။
■ Bristol Myers Squibb ဟာ Zenbexus ရဲ့ ဈေးနှုန်းကို ၂၈ ရက်စာ သောက်သုံးမှု ကုသမှုတစ်ကြိမ်ကို ဒေါ်လာ ၁၉,၅၀၀ သတ်မှတ်ထားပါတယ်။
Source: Reuters
#World_Health
Published 10 September 2026
■ အခွံမာသီးတွေနဲ့ အစေ့အဆန်တွေကို ထောပတ်ထဲ ထည့်ကြိတ်ထောင်းခြင်းက အာဟာရတန်ဖိုး အားလုံးနီးပါးကို ထိန်းသိမ်းနိုင်ပါတယ်။
■ ကြိတ်ချေလိုက်တဲ့အခါ အစေ့အဆန်အလိုက် ဖြိုခွဲလိုက်ပြီး အဆီတွေ ပရိုတိန်းတွေ သတ္တုဓာတ်တွေကို စုပ်ယူရလွယ်ကူစေပါတယ်။
■ အခွံမာသီးတွေ အစေ့အဆန်တွေဟာ နှလုံးကျန်းမာရေး ညီညွတ်စေတဲ့ မပြည့်ဝဆီများ၊ မရှိမဖြစ် အပင်ပရိုတိန်းများ၊ အမျှင်ဓာတ်များ ထောက်ပံ့ပေးပါတယ်။
■ သူတို့မှာ ဗိုက်တာမင်များ၊ မဂ္ဂနီဆီယံ၊ ကယ်စီယံ၊ သံဓာတ်၊ ဇင့်၊ ဗိုက်တာမင်-အီးတို့လို သတ္တုဓာတ်များ ပါဝင်ပါတယ်။
■ ကြိတ်ချေလိုက်တဲ့အခါ လေနဲ့ပိုမိုထိတွေ့စေပြီး အခွံမာသီးထောပတ်အနေနဲ့ အောက်ဆီဒေးရှင်း၊ ရန်ဆစ်ဒတီဖြစ်စဉ်များ ပိုမိုဖြစ်စေပါတယ်။
■ ဒါပေမဲ့ အဆိုပါထောပတ်မျိုးဟာ ကယ်လိုရီသိပ်သည်းဆများပြီး အလွန်အကျွံ စားမိနိုင်တာကြောင့် ကိုယ်အလေးချိန် ထိန်းသိမ်းဖို့အတွက် ပိုင်းခြားစားသုံးဖို့ အရေးကြီးပါတယ်။
■ အိမ်မှာပြုလုပ်တဲ့ အခွံမာသီးထောပတ်ဆိုရင်တော့ ကျန်းမာရေးအန္တရာယ်များတဲ့ သကြား၊ ဟိုက်ဒရိုဂျင်နိတ်အဆီများ၊ မလိုလားအပ်တဲ့ တာရှည်ခံဆေးများ မထည့်မိပါဘူး။
■ ဘယ်လိုထောပတ်ပဲဖြစ်ဖြစ် အလုံပိတ်ဗူးထဲထည့်ပြီး ရေခဲသေတ္တာထဲ ထိန်းသိမ်းထားခြင်းက အကောင်းဆုံးဖြစ်ပါတယ်။
Source: The Jerusalem Post
တနင်္လာနေ့ကပြီးဆုံးခဲ့တဲ့ ပေကျင်းမှ ၂၀၂၆ ကမ္ဘာ့လူသားပုံသဏ္ဍာန်စက်ရုပ်ပြိုင်ပွဲရဲ့ စက်ရုပ်အထုပ်ဖြည်ပွဲမှာ အနုစိတ်သိမ်မွေ့တဲ့ ကိုင်တွယ်ထိန်းချုပ်မှုစွမ်းရည်များ စိန်ခေါ်စမ်းသပ်ခဲ့ကြပါတယ်။
#Asia_Event
Published 09 September 2026
#ပေကျင်း #စက်ရုပ်
#YMG #Yangon_Times #Yangon_Media_Group
နိုင်ငံတော်သမ္မတနဲ့ ပြည်ထောင်စုဝန်ကြီးများရဲ့ လမ်းညွှန်အကြံပြုချက်များကိုအခြေခံပြီးမြန်မာ-ဗီယက်နမ်နှစ်နိုင်ငံ B to B ဆန်စပါးလုပ်ငန်းပူးပေါင်းဆောင်ရွက်ရေးစီမံချက်ကို လုပ်ငန်းနယ်ပယ် (၉)ရပ် သတ်မှတ်ပြီး အရှိန်အဟုန်ဖြင့် အထူးဦးစားပေးမြှင့်တင်ဆောင်ရွက်သွားမယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ကသိရပါတယ်။
#Local_News
Published 09 September 2026
#မြန်မာ_ဗီယက်နမ်
#YMG/NN #Yangon_Times
မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းက ပြင်သစ်နိုင်ငံ၊ ပါရီမြို့မှာ ကျင်းပခဲ့တဲ့ Apparel Sourcing Paris 2026 ပြပွဲမှာ မြန်မာပြခန်းစီစဉ်ပြသခဲ့တယ်လို့ သိရပါတယ်။
#Local_News
Published 09 September 2026
#ပဲရစ် #အထည်အလိပ်ပြပွဲ
#YMG/SW #Yangon_Times
ဧရာဝတီတိုင်းဒေသကြီး၊ညောင်တုန်းကျွန်းတာထိန်းသိမ်းပြုပြင်နေမူ လုပ်ငန်းများကိုအရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်နေတယ်လို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ကနေ သိရပါတယ်။
#Local_News
Published 09 September 2026
#ညောင်တုန်းကျွန်း
#YMG/NN #Yangon_Times
မြန်မာနိုင်ငံဒေသအများအပြားတွင် ဖြစ်ပွားခဲ့သည့် ဆိုးရွားသော ရေကြီးရေလျှံမှုများကြောင့် ထိခိုက်ခံစားခဲ့ရသူများအတွက် ဝမ်းနည်းကြောင်း ဩစတြေးလျနိုင်ငံက ထုတ်ဖော်ပြောကြားပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ဆက်လက်ပေးအပ်နေတယ်လို့မြန်မာနိုင်ငံဆိုင်ရာဩစတြေးလျသံရုံးက ယမန်နေ့ကထုတ်ပြန်ထားပါတယ်။
#Local_News
Published 09 September 2026
#ဩစတြေးလျ #မြန်မာ့ရေဘေး
#YMG/SW #Yangon_Times
#Daily_News
Published 09 September 2026
၁။ မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံ B to B ဆန်စပါးလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေးစီမံချက်ကို အထူးဦးစားပေးဆောင်ရွက်သွားမည်
၂။ ပဲရစ်အထည်အလိပ်ပြပွဲတွင် မြန်မာပါဝင်ပြသခဲ့
၃။ ညောင်တုန်းကျွန်း တာ ထိန်းသိမ်းပြုပြင်နေမူလုပ်ငန်းများအရှိန်အဟုန်မြှင့်ဆက်လက်ဆောင်ရွက်နေ
၄။ (၂၀၂၆)လူသားပုံသဏ္ဍာန်စက်ရုပ်အထုပ်ဖြည်ပြိုင်ပွဲ ပေကျင်း၌ကျင်းပပြီးစီး... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 9 September 2026
■ လက်ရှိနိုင်ငံစွမ်းအင်အခြေအနေများ တည်ငြိမ်စပြုလာပြီဖြစ်သည့်အတွက် မော်တော်ယာဉ်များကို စုံရက်၊ မရက်ခွဲခြား၍ မောင်းနှင်သုံးစွဲရသည့် စုံ/မ စနစ်အား ယနေ့ စက်တင်ဘာ ၉ ရက်မှစတင်၍ ပယ်ဖျက်လိုက်ပြီဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးက ပြောကြားသည်။
■ လက်ရှိဖြစ်ပေါ်နေသည့် ကမ္ဘာ့နိုင်ငံရေးအပြောင်းအလဲများနှင့် အရှေ့အလယ်ပိုင်းဒေသတွင်း စစ်ရေးပဋိပက္ခများကြောင့် နိုင်ငံ၏ စွမ်းအင်လုံခြုံရေးနှင့် စက်သုံးဆီချွေတာရေးအတွက် မော်တော်ယာဉ်သုံးစွဲမှုကို လျှော့ချနိုင်ရန် ရည်ရွယ်၍ ၂၀၂၆ ခုနှစ် မတ်လ ၇ ရက်မှစတင်ကာ စုံ/မ စနစ်ကို ကျင့်သုံးခဲ့ခြင်းဖြစ်သည်။
■ အဆိုပါစနစ် ကျင့်သုံးခြင်းဖြင့် စွမ်းအင်ချွေတာနိုင်ခဲ့သော်လည်း ပြည်သူများ၏ သွားလာရေးအခက်အခဲများ ဖြစ်ပေါ်ခဲ့သည်ကိုလည်း နားလည်ကြောင်းနှင့် စုံ/မ စနစ်အပေါ် ပြည်သူများ ပူးပေါင်းပါဝင်ပေးခဲ့သည့်အတွက် ကျေးဇူးတင်ရှိကြောင်း ဒေါက်တာခိုင်ခိုင်စိုးက ပြောသည်။
■ လက်ရှိတွင် နိုင်ငံ၏ စွမ်းအင်အခြေအနေများ တည်ငြိမ်စပြုလာပြီဖြစ်သည့်အတွက် နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူလူထု၏ အကျိုးစီးပွားကို ဦးထိပ်ထား၍ မော်တော်ယာဉ်များ စုံရက်၊ မရက်ခွဲခြားမောင်းနှင်ရသည့် စနစ်ကို ပယ်ဖျက်ပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
■ သို့သော် နိုင်ငံ၏ စွမ်းအင်လုံခြုံရေးနှင့် အများပြည်သူအကျိုးစီးပွားအတွက် မော်တော်ယာဉ်များ စက်သုံးဆီဖြည့်တင်းရာတွင် QR Code ဖြင့် စုံ/မ ခွဲခြားသည့် စနစ်ကိုမူ ဆက်လက်ထားရှိမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 09 September 2026
■ မန္တလေးပြည်သူ့ဆေးရုံကြီး နှလုံးနှင့်သွေးကြောခွဲစိတ်ကုဌာနနှင့်တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရှန်ဟိုင်းမြို့ Yida Hospital, Shanghai University Medical School မှ နှလုံးနှင့်သွေးကြောခွဲစိတ်ပါမောက္ခတို့ နှလုံးသွေးကြောခွဲစိတ်ကုသမှုများ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
■ ရှန်ဟိုင်းမြို့ Yida Hospital, Shanghai University Medical School မှ Dr. Feng Wan (Chairman and Professor, Department of Cardiovascular Surgery Center) ဦးဆောင်သော အဖွဲ့ဝင်ငါးဦးပါအဖွဲ့သည် မန္တလေးပြည်သူ့ဆေးရုံကြီး နှလုံးနှင့်သွေးကြောခွဲစိတ်ကုဌာနနှင့်ပူးပေါင်း၍ ဩဂုတ် ၂၄ ရက်မှ ၂၇ရက်အထိ နှလုံးသွေးကြောပိတ်လူနာခြောက်ဦးကို နှလုံးစက်အသုံးမပြုဘဲ နှလုံးသွေးကြောအစားထိုးဖြတ်ကျော် ဆက်သွယ်ခြင်း (Off-Pump Coronary Artery Bypass Surgery) ဖြင့် ခွဲစိတ်ကုသပေးခဲ့ခြင်းဖြစ်သည်။
■ ၎င်းလူနာများအား မန္တလေးပြည်သူ့ဆေးရုံကြီး၊ နှလုံးနှင့်သွေးကြောခွဲစိတ်ကုဌာနတွင် လိုအပ်သောကုသမှုများ ဆက်လက်ဆောင်ရွက်ပေးနေပြီး ကျန်းမာရေးအခြေအနေ တိုးတက်ကောင်း မွန်လျက်ရှိကြောင်း သိရသည်။
■ ပါမောက္ခ Dr. Feng Wan သည် ၂၀၀၈ ခုနှစ်မှ စတင်ပြီး မြန်မာနိုင်ငံရှိ ပြည်သူ့ဆေးရုံကြီးများ၌ နှလုံးနှင့် သွေးကြောခွဲစိတ်ကုဌာနနှင့် ပူးပေါင်း၍ နှလုံးနှင့် သွေးကြောခွဲစိတ်ကုသမှုများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၇ ခုနှစ်တွင်လည်း မြန်မာနိုင်ငံသို့ ထပ်မံလာရောက်ပြီး နှလုံးခွဲစိတ်ကုသမှုများနှင့် နှလုံးနှင့် သွေးကြောခွဲစိတ်ပညာ ဘွဲ့လွန်ကျောင်းသား ကျောင်းသူများအား လေ့ကျင့်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။
■ မန္တလေးပြည်သူ့ဆေးရုံကြီး၊ နှလုံးနှင့်သွေးကြောခွဲစိတ်ကုဌာနအနေဖြင့် မွေးရာပါနှလုံးရောဂါများ၊ နှလုံးအဆို့ရှင်ဆိုင်ရာရောဂါများ၊ နှလုံးသွေးကြော ပိတ်ရောဂါနှင့် နှလုံးသွေးလွှတ်ကြောမကြီး ခွဲစိတ်ကုသမှုများကို ပုံမှန်ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၅ ခုနှစ်အတွင်း အကြီးစားခွဲစိတ်ကုသမှု ၁၅ ခုနှင့် ၂၀၂၆ ခုနှစ် ဩဂုတ်လအထိ အကြီးစားခွဲစိတ်ကုသမှု ၄၀ တို့ကို ဆောင်ရွက်နိုင်ခဲ့ကြောင်းသိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 9 September 2026
■ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်တွင် ယနေ့ စက်တင်ဘာ ၉ ရက် နံနက်ပိုင်းက ရပ်ထားသည့်ကားပေါ်သို့ သစ်ပင်လဲကျမှုဖြစ်ပွားခဲ့ပြီး ကားခေါင်းခန်းအတွင်း လူတစ်ဦး ပိတ်မိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
■ ဖြစ်စဉ်မှာ စက်တင်ဘာ ၉ ရက် နံနက် ၈ နာရီ ၁၇ မိနစ်ခန့်က ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းရိပ်သာအနောက်ရပ်ကွက်၊ ၃၄ လမ်း၊ ၈၅ လမ်းနှင့် ၈၆ လမ်းကြား၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
■ ရပ်ထားသည့်ကားပေါ်သို့ သစ်ပင်လဲကျရာမှ ကားခေါင်းခန်းအတွင်း အမျိုးသားတစ်ဦး ပိတ်မိနေကြောင်း သတင်းရရှိသဖြင့် ချမ်းအေးသာစံမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
■ ထိုသို့ ကယ်ဆယ်ရေးဆောင်ရွက်ခဲ့ရာ ကားခေါင်းခန်းအတွင်း ပိတ်မိနေသည့် အမျိုးသားတစ်ဦးအား နံနက် ၁၀ နာရီ ၂၅ မိနစ်တွင် ကယ်ထုတ်နိုင်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှုမှာ မစိုးရိမ်ရကြောင်း သိရသည်။
■ ဒဏ်ရာရရှိသူအား မီးသတ်တပ်ဖွဲ့ဝင်များက မန္တလေးမြို့ ပြည်သူ့ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
#YMG/SW #Yangon_Times
#World_News
Published 09 September 2026
■ အမေရိကန်ရေတပ် စစ်ရေယာဉ်တစ်စင်းကို ဒုံးကျည်များဖြင့် ထပ်မံတိုက်ခိုက်ရန် ကြိုးပမ်းမှုကို တုံ့ပြန်တဲ့အနေနဲ့ အစ္စလာမ်တော်လှန်ရေး အစောင့်တပ်(IRGC)နဲ့ ဆက်နွယ်နေတဲ့ အီရန်ရေနံတင်သင်္ဘော အမြောက်အများကို အမေရိကန်တပ်ဖွဲ့များ အင်္ဂါနေ့က တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦး ပြောပါတယ်။
■ အီရန်ရေနံတင်ပို့မှုရဲ့ ၉၀ ရာခိုင်နှုန်းအတွက် အရေးပါတဲ့ဗဟိုချက်ဖြစ်တဲ့ ခါ့ဂ်ကျွန်းအနီးမှာ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။
■ အခြားရေနံတင်သင်္ဘောတစ်စင်းမှဦလည်း ဂျက်စ်ဆိပ်ကမ်း ယက်ဘာနီကမ်းရိုးတန်းအနီး ထိမှန်ခဲ့ပြီး သင်္ဘောနှစ်စင်းစလုံးမှ ဝန်ထမ်းများကို ဘေးကင်းစွာ ကယ်ထုတ်နိုင်ခဲ့ပါတယ်။
■ ဒါကို လက်တုံ့ပြန်တဲ့အနေနဲ့ IRGC က ကူဝိတ်နဲ့ ဘာရိန်းရှိ ရေနံတင်သင်္ဘောသားများကို သင်္ဘောများမှ ချက်ချင်းစွန့်ခွာကြရန် သတိပေးခဲ့ပါတယ်။
■ အီရန်က အိမ်နီးချင်းများဟာ အမေရိကန်တပ်ဖွဲ့တွေကို လက်ခံထားပြီး စစ်ဆင်နွှဲမှုတွေကို ကူညီနေတယ်လို့ စွပ်စွဲခဲ့ပါတယ်။
■ အမေရိကန်က စနေနေ့ကလည်း အီရန်သင်္ဘော ၃ စင်းကို တိုက်ခိုက်ခဲ့ပြီး လိုအပ်ပါက အီရန်ရဲ့ ရေနံတင်သင်္ဘောအုပ်စုကို ဖျက်ဆီးပစ်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။
■ ဒါ့အပြင် အီရန်က ဟော်မုဇ်ရေလက်ကြားမှ အမေရိကန် ပင်လယ်ရေအောက် ဒရုန်းတစ်စင်းကို ဖမ်းဆီးရမိခဲ့တယ်လို့ ပြောထားပါတယ်။
Source: WION
Page 32 of 2096