ရန်ကုန်မြို့၌ပါဝါ အိတ်ဇောတပ်ဆင်ထားတဲ့ အိမ်စီးကား၊ ပြိုင်ကား၊မော်တော်ဆိုင်ကယ်တွေကိုလာမယ့် ဒီဇင်ဘာကစတင်ပြီး ပြင်းထန်စွာအရေးယူအပြစ်ပေးသွားမယ်လို့ရန်ကုန်တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီက အသိပေးထားပါတယ်။
#Local_News
Published 21 November 2025
#ရန်ကုန်မြို့ #ပါဝါအိတ်ဇော
#YMG/NN #Yangon_Times
ပိုးသတ်ဆေးဓာတ်ကြွင်းပမာဏကြောင့် တရုတ်ဘက်က တင်ပို့ခွင့်ယာယီရပ်ဆိုင်းထားခဲ့တဲ့ ပဲတီစိမ်းနဲ့ ငှက်ပျောသီးနှံတွေအပေါ် ဖြေလျှော့ပေးသွားမယ်လို့ သိရပါတယ်။
#Local_News
Published 21 November 2025
#ပဲတီစိမ်း #ငှက်ပျောသီးနှံ
#YMG/SW #Yangon_Times
#Daily_News
Published 21 November 2025
၁။ ပါဝါအိတ်ဇောတပ်ဆင်ထားသည့် ယာဉ်များအားအရေးယူမည်
၂။ ဂျပန်၊တောင်ကိုရီးယားနှင့်မကာအိုမှ ကမ္ဘာလှည့်ခရီးသည်များကို ဆိုက်ရောက်ဗီဇာ (၁) နှစ်သက်တမ်းတိုးခွင့်ပြု
၃။ နှစ်ပေါင်း(၃၀)ကျော်ကြာ လုပ်ကိုင်ခြင်းမရှိသည့် စိုက်ပျိုးမြေကွက်များကို ပြန်သိမ်းမည်
၄။ တောင်တရုတ်ပင်လယ်၌ တရုတ်ရေတပ်စစ်ရေးလေ့ကျင့်... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 21 November 2025
■ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင်
နိုဝင်ဘာလ တတိယအပတ်အတွင်း လေဖိအားနည်းရပ်ဝန်း (၁)ကြိမ် ဖြစ်ပေါ်နိုင်ပြီး ပိုမိုအားကောင်းလာကာမုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ တတိယ(၁၀)ရက်ပတ်အတွက် မိုးလေ၀သနှင့်ဇလဗေဒခန့်မှန်းချက်အရသိရပါတယ်။
■ မိုးရွာသွန်းမှုအခြေအနေမှာ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ရွာသွန်းမြဲအောက်လျော့နည်းနိုင်ပြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင် ကြောင်း ၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ၃ ရက်မှ ၅ ရက်ခန့်နှင့် နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ၁ ရက်မှ ၂ ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်းသိရသည်။
■ ညအပူချိန် များအနေဖြင့် မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းတို့တွင် နိုဝင်ဘာလပျမ်းမျှအပူချိန်၏ ၁.၅ ဒီဂရီဆဲလ်စီးယပ်နှင့်အထက် ပိုနိုင်ပြီး၊ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နိုဝင်ဘာလ ပျမ်းမျှအပူချိန်ခန့်သာရှိနိုင်ကြောင်း ၊မြူအခြေအနေများမှာ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ၅ ရက်မှ ၉ ရက်ခန့်နှင့် နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ၁ ရက်မှ ၄ ရက်ခန့် နံနက်ပိုင်းတွင် မြူထူများဆိုင်းနိုင်ကြောင်းသိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 21 November 2025
■ နေပြည်တော်တွင် ကျင်းပမည့်၂၀၂၅ခုနှစ်မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲအတွက် အကယ်ဒမီဗန်းကိုင်များစတင်ခေါ်ယူနေပြီဖြစ်ကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၏ ယနေ့ထုတ်ပြန်ချက်အရသိရသည်။
■ အဆိုပါ အကယ်ဒမီဗန်းကိုင်အတွက် သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီသည့် အမျိုးသား၊အမျိုးသမီးများ လျှောက်ထားနိုင်ပြီး လျှောက်လွှာများအား မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးတွင် ယခုလ၂၄ရက်မှစတင်ထုတ်ယူနိုင်မည်ဖြစ်ကြောင်း၊ လျှောက်လွှာများကို ဒီဇင်ဘာလ၅ရက်နောက်ဆုံးထားပြန်လည်လျှောက်ထားနိုင်ကြောင်း သိရသည်။
■ အကယ်ဒမီဗန်းကိုင်အဖြစ်လျှောက်ထားလိုသူများသည် ၂၀၂၅ခုနှစ် ဒီဇင်ဘာလ၃၁ရက်တွင် အသက်၁၆နှစ်ပြည့်ပြီးသူနှင့် အသက်၂၅နှစ် မကျော်လွန်သူဖြစ်ရမည်ဖြစ်ကြောင်း၊ အိမ်ထောင်မရှိသူ လူပျို/အပျိုဖြစ်ရမည်ဖြစ်ကြောင်း၊အမျိုးသမီးအရပ်အမြင့်မှာဖိနပ်မပါ ၅ပေ ၂လက်မမှ ၅ပေ ၈လက်မအတွင်း၊ အမျိုးသားအရပ်အမြင့်မှာဖိနပ်မပါ ၅ပေ ၆လက်မမှ ၆ပေ အတွင်းရှိရမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 21 November 2025
▪️ ရန်ကုန်မြို့တွင် ပြုလုပ်မည့် Colours of Myanmar ပန်းချီပြပွဲ၌ ပန်းချီကားပေါင်း ၅၀၀ ကျော်ပါဝင်ပြသသွားမည်ဖြစ်ကြောင်းသိရသည်။
▪️ အဆိုပါ " Colours of Myanmar" ပန်းချီပြပွဲကြီးတွင်
မြန်မာ့ပန်းချီအနုပညာ၏ အလှတရားများနှင့် ရှုမြင်လေ့လာမြန်မာ့အနုပညာ ကိုလေ့လာနိုင်မည်ဖြစ်ကာ နိုဝင်ဘာလ ၂၈ ရက်မှ ဒီဇင်ဘာလ ၂ ရက်အထိ ရန်ကုန်မြို့ Times City Complex ရှိ Times City Convention Center တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။
▪️ ပန်းချီအနုပညာကို ချစ်မြတ်နိုးသူများအတွက် မြန်မာ့ပန်းချီအနုပညာ၏ စစ်မှန်သည့် အငွေ့အသက်များနှင့် နိုင်ငံကျော်ပန်းချီဆရာကြီးများ၏ ပန်းချီကားပေါင်း ၅၀၀ ကျော်ပါဝင်ပြသသွားမည့် မြန်မာနိုင်ငံ၏ အကြီးမားဆုံး ပန်းချီပြပွဲကြီးလည်းဖြစ်ကြောင်းသိရသည်။
▪️ ထို့အပြင် ရိုးရာလက်မှုပစ္စည်းများနှင့်အတူ မြန်မာ့ရိုးရာအနုပညာနှင့် ခေတ်ပြိုင်အနုပညာရှင်များ၏ ဖန်တီးမှုအမျိုးမျိုးကို တစ်နေရာတည်းတွင် ကြည့်ရှုခံစားနိုင် မည်ဖြစ်ပြီး ပန်းချီဆရာကြီးများ၏ Live သရုပ်ပြရေးဆွဲခြင်း၊ ယွန်းထည်ပေါ်တွင် Portrait ရေးဆွဲခြင်း၊ ကယ်ရီ ကေးချား(Caricature) ရေးဆွဲခြင်းများ၊ မိမိစိတ်ကူးရှိသကဲ့သို့ ပန်းချီပိတ်ကားချပ်ပေါ်တွင် အပျော်တမ်းပန်းချီ ရေးဆွဲ ဖန်တီးထားသော လက်ရာများကို အိမ်သို့ အမှတ်တရပြန်လည်ယူဆောင်နိုင်ခြင်းအပြင် အနုပညာမြောက် အစီအစဉ်များလည်းပါဝင်မည်ဖြစ်သည်။
▪️ ယင်းအပြင်မြန်မာ့အနုပညာနှင့် ဆက်စပ်သည့် ပစ္စည်းများကိုခင်းကျင်းပြသရောင်းချနိုင်ရန် နေရာများစီစဉ်ပေးထားပြီး ပါဝင်ပူးပေါင်းလိုသည့် လက်မှုအရောင်းဆိုင်များကိုပါ ဖိတ်ခေါ်ထားကြောင်းသိရသည်။
#YMG/NN #Yangon_Times
#World_News
Published 21 November 2025
■ ဥရောပမဟာမိတ်တွေက ရုရှားလိုက်လျောချက်ပေးသွားဖို့နဲ့ ပတ်သက်ပြီး ဆန့်ကျင်နေကြစဉ်မှာ ယူကရိန်းသမ္မတ ဗိုလိုဒီမာဇယ်လန်စကီက စစ်ပွဲအဆုံးသတ်ရေးအစီအစဉ်အကြောင်း အမေရိကန်နဲ့ ရိုးသွားစွာ ပူးပေါင်းဆောင်ရွက်သွားရန် အသင့်ရှိနေတယ်လို့ အမေရိကန် တပ်မတော်ထိပ်သီးအရာရှိတစ်ဦးနဲ့ ကြာသပတေးနေ့က ပြောဆိုခဲ့ပါတယ်။
■ အမေရိကန်ထောက်ပံ့တဲ့ အစီအစဉ်မှာဆိုရင် ယူကရိန်းအနေနဲ့ ဒွန်ဘက်စ်ဒေသတစ်ခုလုံးကို လက်လျှော့ရမှာဖြစ်ကာ စစ်တပ်အင်အား သိသိသာသာ လျှော့ချသွားရမှာ ဖြစ်ပါတယ်။
■ တပ်သားအင်အား ၆ သိန်းအထိသာ ကန့်သတ်ထားရှိရမှာဖြစ်ပြီး လုံခြုံရေးအာမခံချက်များ ရရှိသွားမယ့် အစီအစဉ်ဖြစ်ပါတယ်။
■ ရုရှားကို လိုက်လျောပေးချက်တွေထဲမှာ ခရိုင်းမီးယား၊ လူဟန့်စ်၊ ဒိုနက်စ်တို့ ပေးရမှာဖြစ်ပြီး ယူကရိန်းတပ်တွေက ဒိုနက်စ်ဒေသကနေ ဆုတ်ခွာပေးရမှာ ဖြစ်ပါတယ်။
■ အမေရိကန်တပ်မတော်အတွင်းရေးမှူး ဒန်နီယယ်ဒရစ်ကောလ်နဲ့ တွေ့ဆုံအပြီးမှာ အစီအစဉ်မူကြမ်းကို လက်ခံရရှိခဲ့တယ်လို့ ဇယ်လန်စကီက ပြောပါတယ်။
■ လိုက်လျောချက်ထဲမှာ နေတိုးအဖွဲ့အစည်း ချဲ့ထွင်လာခြင်းကို ကန့်သတ်တားဆီးခြင်းနဲ့ ကမ္ဘာ့စီးပွားရေးထဲသို့ ရုရှားပြန်ဝင်ရောက်လာရေးလည်း ပါဝင်ပါတယ်။
■ ဥရောပခေါင်းဆောင်တွေကတော့ တရားမျှတပြီး ရေရှည်တည်မြဲမယ့် ဖြေရှင်းချက်မျိုးကိုသာ အလိုရှိနေပြီး အဆိုပြုထားတဲ့ ငြိမ်းချမ်းရေးအချက်အလက်တွေကို ကန့်ကွက်နေပါတယ်။
■ အမေရိကန်က ရုရှားသံတမန်တွေနဲ့ ဒီအစီအစဉ်အကြောင်း ဆွေးနွေးနေတာ တစ်လခန့်ရှိပြီး ဇယ်လန်စကီက အလျင်အမြန် သဘောတူညီလိုက်ပါတယ်။
■ စစ်မြေပြင်မှာ ယူကရိန်းအတွက် ခက်ခဲနေကာ ရုရှားတပ်တွေက ရှေ့သို့ဆက်လက်ချီတက်ထားနိုင်ပါတယ်။
Source: Reuters
#World_Technology
Published 21 November 2025
■ PRIMA ဦးနှောက်ကွန်ပျူတာကြားခံ (BCI) မြင်လွှာအစားထိုးခြင်းဖြင့် အသက်အရွယ်ကြောင့် အမြင်လွှာချို့ယွင်းခြင်း ဖြစ်နေတဲ့သူတွေမှာ ဗဟိုအမြင်အာရုံအချို့ ပြန်ရစေတယ်လို့ လေ့လာချက်အသစ်မှာ တွေ့ထားပါတယ်။
■ ဒီအစားထိုးပစ္စည်းဟာ ၂ မီလီမီတာပတ်လည်နဲ့ ၃၀ မိုက်ခရိုမီတာသာထူပြီး ဆံခြည်မျှင်ထက် ပိုမိုပါးလွှာပါတယ်။
■ မြင်လွှာအောက်မှာရှိပြီး စမတ်အထူးမျက်မှန်ဖြင့် အလုပ်လုပ်ပေးပါတယ်။
■ မှန်တွေက ပုံရိပ်တွေကို ဖမ်းယူကာ အနီအောက်အလင်းရောင်အဖြစ် ကိရိယာသို့ ပေးပို့ပါတယ်။
■ ကိရိယာက လျှပ်စီးအချက်ပြငယ်များအဖြစ်သို့ ပြောင်းလဲပေးပြီး အမြင်အာရုံကြောကို လှုံ့ဆော်ပေးပါတယ်။
■ ဒါဟာ ပုံမှန်ကျန်းမာတဲ့ မြင်လွှာဆဲလ်တွေက ဦးနှောက်ဆီသို့ မြင်ကွင်းအချက်အလက်များ ပေးပို့တဲ့ပုံစံ ဖြစ်ပါတယ်။
■ လူ ၃၂ ဦးကို စမ်းသပ်ပြီးနောက် ၁ နှစ်စောင့်ကြည့်ခဲ့ရာမှာ ၂၆ ဦးက မြင်ကွင်းတိုးတက်မှုများ ရှိခဲ့ပါတယ်။
■ မြင်ကွင်းက အဖြူအမည်းပဲဆိုပေမယ့် လုံးဝပြန်မမြင်ရတော့ဘူးလို့ ယူဆထားသူတွေအတွက်တော့ အံ့အားသင့်စရာ ဖြစ်ပါတယ်။
■ ခွဲစိတ်မှုက ဘေးကင်းပြီး ဘေးထွက်ဆိုးကျိုးအများစုက ပထမနှစ်လအတွင်း ဖြစ်ပေါ်ကာ မကြာခင် သက်သာသွားကြပါတယ်။
■ ဒီနည်းပညာက ယခင်နည်းလမ်းတွေထက် သာလွန်နေပြီး အမြင်အာရုံပြန်ရစေမယ့် မျှော်လင့်ချက်ဖြစ်နေပါတယ်။
■ Science Corporation မှ ထုတ်လုပ်တာဖြစ်ပြီး ဥရောပနဲ့ အမေရိကန်တို့မှာ ခွင့်ပြုချက်ရဖို့ ဆောင်ရွက်နေပါတယ်။
■ ပုံရိပ်ပိုမိုပြတ်သားမှု၊ အရောင်ခွဲခြားနိုင်မှု၊ ကိရိယာအသုံးပြုနိုင်ရေးတို့မှာ တိုးတက်ဖို့ ရည်မှန်းထားပါတယ်။
Source: Fox News
#World_Health
Published 21 November 2025
■ အကွာအဝေးအနည်းငယ်ကို ခဏခဏလျှောက်တာထက်စာရင် တစ်နေ့ကို ခပ်ဝေးဝေးလမ်းလျှောက်ခြင်းက နှလုံးအတွက် ပိုပြီးကောင်းမွန်စေတယ်လို့ သုတေသနအသစ်မှာ တွေ့ရှိထားပါတယ်။
■ မရပ်မနား ၁၅ မိနစ်ခန့်အတွင်း ခြေလှမ်း ၁၅၀၀ လောက် လျှောက်လှမ်းခြင်းက နှလုံးအတွက် လေ့ကျင့်ခန်းကောင်း ဖြစ်စေနိုင်ပါတယ်။
■ များများလမ်းလျှောက်လေ နှလုံးအတွက် ယေဘုယျအားဖြင့် ပိုကောင်းလေဖြစ်တယ်လို့ ပညာရှင်များ သဘောတူထားပါတယ်။
■ တစ်နေ့ကို ခြေလှမ်း ၈ ထောင်အောက်လမ်းလျှောက်တဲ့ ယူကေမှ အသက် ၄၀ မှ ၇၉ ကြား လူပေါင်း ၃၃၅၆၀ ဦးကို လေ့လာခဲ့ကြပါတယ်။
■ ခြေလှမ်းတိုင်းကိရိယာဖြင့် တိုင်းတာခဲ့တာဖြစ်ပြီး ၅ မိနစ်အောက်လျှောက်သူတွေက ၄၃ ရာခိုင်နှုန်း၊ ၅ မိနစ်မှ ၁၀ မိနစ်ကြားလျှောက်သူတွေက ၃၃.၅ ရာခိုင်နှုန်း၊ ၁၀ မိနစ်မှ ၁၅ မိနစ်ကြားလျှောက်သူတွေက ၁၅.၅ ရာခိုင်နှုန်း၊ ၁၅ မိနစ်အထက် လျှောက်သူတွေက ၈ ရာခိုင်နှုန်း အသီးသီးခွဲခြားခဲ့ပါတယ်။
■ ကြာကြာလျှောက်တဲ့သူတွေက ခဏလေးလျှောက်သူတွေထက် နှလုံးပြဿနာဖြစ်နိုင်ခြေ ပိုနည်းတာ တွေ့ခဲ့ပါတယ်။
■ လှုပ်ရှားမှုသိပ်မရှိဘူးဆိုရင်တောင် ကြာရှည်လမ်းလျှောက်ခြင်းက နှလုံးကျန်းမာရေးအပေါ် ကောင်းကျိုးသက်ရောက်စေနိုင်မယ်လို့ သုတေသီတွေ ပြောလာပါတယ်။
■ လေ့ကျင့်ခန်းလုပ်ခြင်းက ကျန်းမာရေးနဲ့ နှလုံးအတွက် အကျိုးဖြစ်စေပေမယ့် စတင်လုပ်ဆောင်ဖို့ အားစိုက်ရာမှာ အခက်အခဲရှိနိုင်ပေမယ့် ကြာလာရင် အခြေအနေကောင်းလာစေပါတယ်။
■ လမ်းလျှောက်တဲ့အခါမှာ ညဘက်ဆိုရင် ရောင်ပြန်ပါတာတွေ ဝတ်ဆင်ခြင်း၊ သတိဖြင့်လျှောက်ခြင်း၊ သတ်မှတ်ထားတဲ့ လမ်းကြောင်း လူကူးမျဉ်းကြားများမှ ကူးခြင်းတို့ဖြင့် ဘေးကင်းစွာ လမ်းလျှောက်သင့်ပါတယ်။
Source: BBC Friday
တနင်္ဂနွေနေ့မှာ ဘင်္ဂလားဒေ့ရှ်မြို့တော်ဒါကာမှာ ဗုံးပေါက်ကွဲသံတွေ ဆက်တိုက်ကြားခဲ့ရပြီး မြိုတော်နဲ့ အခြားဒေသတွေမှာ ညတွင်းချင်း လုံခြုံရေးတင်းကြပ်မှုတွေချထားခဲ့ရကြောင်း ရဲတွေက ဆိုပါတယ်။
#Asia_News
Published 20 November 2025
#ဘင်္ဂလားဒေ့ရှ် #ဒါကာ
#YMG #Yangon_Times #Yangon_Media_Group
မြန်မာနိုင်ငံအနေနဲ့ နိုင်ငံပေါင်း(၄၀)ကျော်မှ ဈေးကွက်များသို့ ရေထွက်ကုန်ပစ္စည်းများ တင်ပို့ရောင်းချနေသော်လည်း ထုတ်လုပ်မှုစွမ်းရည်၊ ဈေးကွက်ရရှိမှုနဲ့ ကမ္ဘာ့ဈေးကွက်၌ ယှဉ်ပြိုင်နိုင်စွမ်းအား မြှင့်တင်နိုင်ဖို့ လိုအပ်နေတယ်လို စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက ပြောပါတယ် ။
#Local_News
Published 20 November 2025
#ရေထွက်ပို့ကုန်
#YMG/NN #Yangon_Times
အလုပ်အကိုင်ပေါင်း ၆၀၀ ကျော် ခေါ်ယူမယ့်အလုပ်အကိုင်ပြပွဲတစ်ခုကို ရန်ကုန်မြို့၊Times City Office Tower 1 ရဲ့ ၁၈ လွှာရှိ Convention Centre မှာ ယခုလ၂၂ရက်နဲ့ ၂၃ရက်တွေမှာ ပြုလုပ်သွားမယ်လို့သိရပါတယ်။
#Local_News
Published 20 November 2025
#Times_City #ရန်ကုန်
#YMG/SW #Yangon_Times
Page 29 of 1855