#World_Health
Published 13 September 2026
■ ကော်ဖီကို ပုံမှန်အသင့်အတင့် သောက်သုံးခြင်းက နာတာရှည်ကျောက်ကပ်ရောဂါ ဖြစ်ပွားနိုင်ခြေကို လျော့ကျစေနိုင်ပါတယ်။
■ ကလိုရိုဂျင်းနစ်အက်ဆစ်လိုမျိုး ရောင်ရမ်းမှုလျှော့ချပေးတဲ့ ဒြပ်ပေါင်းများဟာ ဆဲလ်များပျက်စီးခြင်းကို တိုက်ဖျက်ပေးပြီး ကျောက်ကပ်တစ်ရှူးများ ရေရှည်ပျက်စီးမှုမှ ကာကွယ်ပေးပါတယ်။
■ ကော်ဖီထဲမှာ ဓာတ်ပစ္စည်းများနဲ့ ရေဓာတ်တို့ ပါဝင်တာကြောင့် ခန္ဓာကိုယ်ထဲမှာ ကျောက်များဖြစ်ပေါ်ခြင်းမှ တားဆီးပေးပြီး ကျောက်တည်ခြင်းကို လျှော့ချပေးပါတယ်။
■ ကော်ဖီက သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး နှလုံးနဲ့ ကျောက်ကပ်ကျန်းမာရေးတို့မှာ နီးစပ်စွာ ဆက်စပ်နေတာကြောင့် ကျောက်ကပ်လုပ်ဆောင်ချက်ကို အထောက်အကူ ပြုပါတယ်။
■ ကော်ဖီးခါးထဲမှာ ပိုတက်ဆီယံဓာတ် သဘာဝအတိုင်း နည်းပါးစွာ ပါဝင်တာကြောင့် သတ္တုဓာတ်ထိန်းသိမ်းရန် လိုအပ်သူများအတွက် သင့်တော်ရုံသောက်သုံးဖို့ ဘေးကင်းပါတယ်။
■ ခရင်မာမှုန့်၊ နို့နဲ့ အချိုပစ္စည်းများ ထည့်သွင်းသောက်သုံးရင် ဖော့စ်ဖရပ်စ်၊ ပိုတက်စီယံနဲ့ သကြားဓာတ်တို့ ပိုမိုများပြားစေပြီး ကျောက်ကပ်ကျန်းမာရေးကို ဝန်ထုပ်ဝန်ပိုး ဖြစ်စေနိုင်ပါတယ်။
■ ကဖင်းဓာတ်က သွေးဖိအားကို ခဏတာမြင့်တက်စေနိုင်သဖြင့် သွေးတိုးရောဂါ ဒါမှမဟုတ် နာတာရှည်ကျောက်ကပ်ရောဂါ ပြင်းထန်စွာ ခံစားနေရသူများအနေဖြင့် သောက်သုံးမှုကို စောင့်ကြည့်သင့်ပါတယ်။
■ ကော်ဖီက အနည်းငယ် ဆီးရွှင်စေပေမယ့် ရေဓာတ်အတွက်တော့ အထောက်အကူပြုဆဲ ဖြစ်ပါတယ်။
■ ကျောက်ကပ်လူနာများအနေဖြင့် သောက်သုံးမှုတွေကို စနစ်တကျ မှတ်သားထည့်တွက်ဖို့ လိုအပ်ပါတယ်။
Source: Eating Well
စက်တင်ဘာလအတွင်း ဂျပန်ရဲ့ စားသောက်ကုန်အမျိုးအစား ၄,၉၂၃ ခု ဈေးနှုန်းမြင့်တက်လာမယ်လို့ ခန့်မှန်းရကာ ယခင်နှစ်အရေအတွက်ထက် ၃ ဆကျော်ပိုမိုများပြားလာမှာ ဖြစ်ပါတယ်။
#Asia_Economy
Published 12 September 2026
#ဂျပန်
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 12 September 2026
၁။ 2026 ASEAN SMOKE - FREE AWARD တတိယဆု မြန်မာနိုင်ငံမှသံဖြူဇရပ်မြို့နယ်ရရှိ
၂။ မြန်မာနိုင်ငံအတွက် ဆေးဝါးနှင့်အာဟာရထောက်ပံ့ရေးပစ္စည်း(၄၆) မက်ထရစ်တန် EU ထောက်ပံ့
၃။ လေဖိအားနည်းရပ်ဝန်းတစ်ကြိမ်ဖြစ်ပေါ်နိုင်၊မြန်မာနိုင်ငံမြောက်ပိုင်းဒေသများမှ မုတ်သုံလေဆုတ်ခွာသွားဖွယ်ရာရှိ
၄။ စက်တင်ဘာလအတွင်းဂျပန်၌စားသောက်ကုန်အမျိုးအစားပေါင်း(၅)ထောင်နီးပါး ဈေးနှုန်းမြင့်တက်လာနိုင်ဖွယ်ရှိ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
မြန်မာနိုင်ငံမှ မွန်ပြည်နယ်ရှိ သံဖြူဇရပ်မြို့နယ်အနေနဲ့ 2026 ASEAN SMOKE - FREE AWARD တတိယဆုကိုရရှိခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနကနေသိရပါတယ်။
#Local_News
Published 12 September 2026
#2026_ASEAN_SMOKE_FREE_AWARD
#YMG/NN #Yangon_Times
မြန်မာနိုင်ငံမှာ သဘာဝဘေးအန္တရာယ်နဲ့ ကာလဝမ်းရောဂါကာကွယ်ရေးအတွက် လိုအပ်တဲ့ ဆေးဝါးနဲ့အာဟာရဆိုင်ရာ ထောက်ပံ့ရေးပစ္စည်း ၄၆ မက်ထရစ်တန်နဲ့ ယူရို ၇ သိန်းခွဲကို ဥရောပသမဂ္ဂ EU က ထောက်ပံ့ပေးလိုက်ပါတယ်။
#Local_News
Published 12 September 2026
#EU #ဆေးဝါး
#YMG/SW #Yangon_Times
ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်းရပ်ဝန်း(၁)ကြိမ် ဖြစ်ပေါ်နိုင်ပြီး အနောက်တောင်မုတ်သုံလေဟာ
စက်တင်ဘာလ ၁၄ ရက်နေ့ကနေ ၁၉ ရက်နေ့အတွင်းမြန်မာနိုင်ငံမြောက်ပိုင်းဒေသများမှ ဆုတ်ခွာသွားဖွယ်ရာရှိတယ်လို့ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနရဲ့ စက်တင်ဘာလ ဒုတိယ(၁၀)ရက်ပတ်အတွက် မိုးလေ၀သနဲ့ ဇလဗေဒထုတ်ပြန်ချက်အရသိရပါတယ်။
#Local_News
Published 12 September 2026
#လေဖိအားနည်းရပ်ဝန်း
#YMG/NN #Yangon_Times
#Local_News
Published 12 September 2026
■ MSME လုပ်ငန်းများစွာအောင်မြင်လာပါက ဒေသစီးပွားရေးတိုးတက်လာစေနိုင်မည်ဖြစ်ကြောင်းစက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းကပြောသည်။
■ စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနနှင့် မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ရက် (MYANWEN) တို့ ပူးပေါင်း၍ MSME လုပ်ငန်းရှင်များနှင့် အစပျိုးစီးပွားရေးလုပ်ငန်းရှင်များ လုပ်ငန်းစွမ်းရည်မြှင့်တင်ရေးအစီအစဉ် “Startup Ignite Program 2026” ကို ယမန်နေ့က စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ရုံးအမှတ် (၃၀) အစည်းအဝေးခန်းမ၌ ကျင်းပရာပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက
အထက်ပါအတိုင်းထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
■ အဆိုပါအစီအစဉ်တွင် စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက MSME တစ်ခု အောင်မြင်လာပါက အလုပ်အကိုင်များ ဖန်တီးနိုင်မည်ဖြစ်ပြီး MSME များစွာအောင်မြင်လာပါက ဒေသစီးပွားရေးတိုးတက်လာစေနိုင်မည်ဖြစ်ကြောင်း၊ ထို့အတူ ဒေသစီးပွားရေးများ တိုးတက်လာမှုနှင့်အတူ နိုင်ငံ့ထုတ်လုပ်မှု၊ ပို့ကုန်နှင့် နိုင်ငံ့ဝင်ငွေလည်း တိုးတက်လာမည်ဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် သင်တန်းပြီးဆုံးချိန်တွင် စမ်းသပ်မည့်အကြံဉာဏ်တစ်ခု၊ ရက်ပေါင်း ၃၀ လုပ်ငန်းအစီအစဉ်တစ်ခုဖြင့် စတင်ဆောင်ရွက်မည့် သတ္တိတစ်ခုယူဆောင်သွားကြစေလိုကြောင်း ပြောကြားသည်။
■ ထို့အတူ မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ရက်ဥက္ကဋ္ဌက အစပျိုးစီးပွားရေးလုပ်ငန်းရှင်များ လုပ်ငန်းစွမ်းရည်မြှင့်တင်ရေး အစီအစဉ်-၂၀၂၆ နှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေး သည်။
■ ဆက်လက်၍ ဆွေးနွေးမှုအစီအစဉ်များအဖြစ် တာဝန်ရှိသူများက စွန့်ဦးတီထွင်စိတ်ဓာတ်မွေးမြူခြင်း၊ ဘဏ်လုပ်ငန်းဝန်ဆောင်မှုများနှင့် လုပ်ငန်းတိုးချဲ့ရန်အခွင့်အလမ်းများ၊ အစပျိုးလုပ်ငန်းစီမံခန့်ခွဲခြင်း၊ အောင်မြင်သော စွန့်ဦးတီထွင်လုပ်ငန်းရှင်များ၏ အတွေ့အကြုံမျှဝေခြင်း ခေါင်းစဉ်များဖြင့် ရှင်းလင်းဆွေးနွေးမှုအပေါ် တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြသည်။
■ အဆိုပါအစီအစဉ်သို့ ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျနှင့် တာဝန်ရှိသူများ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှ တာဝန်ရှိသူများ၊ မြန်မာအမျိုးသမီးစီးပွားရေးလုပ်ငန်းရှင်များကွန်ရက်မှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြဆရာ ဆရာမများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ လူငယ်စွန့်ဦးတီထွင်သူများ တက်ရောက်ကြကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
ဆီရမ်ရိ၊ စက်တင်ဘာ ၁၂
ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) အဖြစ် ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ ယနေ့ စက်တင်ဘာ ၁၂ ရက်တွင် ကမ္ဘောဒီးယားနိုင်ငံ ဆီရမ်ရိပြည်နယ် အုပ်ချုပ်ရေးမှူး Mr. Prak Sophoan က လာရောက်ဂါရဝပြုတွေ့ဆုံ၍ မြန်မာ-ကမ္ဘောဒီးယား နှစ်နိုင်ငံအကြားရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုနှင့် ဘက်စုံပူးပေါင်းဆောင်ရွက်မှုမိတ်ဖက်ဆက်ဆံရေးကို ပိုမိုခိုင်မာစေရေး၊ ခရီးသွားကဏ္ဍ မြှင့်တင်ရေးတို့ကို ဆွေးနွေးခဲ့ကြပါသည်။
ဆွေးနွေးပွဲကောက်နုတ်ချက်များမှာ -
■ နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည့်အချက်များ
ခရီးသွားကဏ္ဍဖွံ့ဖြိုးသည့် ဆီရမ်ရိပြည်နယ်သို့ ပြီးခဲ့သည့်၂၀၂၅ ခုနှစ်အတွင်း ကမ္ဘာလှည့်ခရီးသွား ၁ သန်းခန့် လာရောက်ခဲ့မှုအပေါ် ဝမ်းမြောက်မိပါကြောင်းနှင့် မြန်မာနိုင်ငံရှိ ပုဂံကိုလည်း ဆီရမ်ရိကဲ့သို့ ခရီးသွားကဏ္ဍဖွံ့ဖြိုးစေလိုပါကြောင်း။
ယခုခရီးစဉ်သည် အောင်မြင်သည့်ခရီးစဉ် ဖြစ်ပြီး မြန်မာ-ကမ္ဘောဒီးယား နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းများရှိလာမည်ဖြစ်ပါကြောင်း။
ဆီယမ်ရိမြို့မှာ မြန်မာအလုပ်သမားများ ရောက်ရှိနေသည်ဟုသိရပြီး အဆိုပါ မြန်မာအလုပ်သမား များအား ကမ္ဘောဒီးယားဥပဒေဘောင်အတွင်းမှ စောင့်ရှောက်ပေးရန်နှင့် အလုပ်သမားအခွင့်အရေး အပြည့်အဝရရှိစေရန် မေတ္တာရပ်ခံလိုပါကြောင်း။
■ ဆီရမ်ရိပြည်နယ် အုပ်ချုပ်ရေးမှူး၏ ဆွေးနွေးချက်များ
သမ္မတကြီးအား တွေ့ဆုံဂါရဝပြုခွင့်ရသည့်အတွက် ကျေးဇူးတင်ပါကြောင်း။
သမ္မတကြီး လာရောက်လည်ပတ်သည့်အခါတိုင်းအသစ်အသစ်တွေသာ တွေ့ရမည်ဟု ယုံကြည်ပါ ကြောင်း။
ယမန်နေ့က ဖနွမ်းပင်မြို့သို့ ရောက်ရှိပြီး အကြီးအကဲများနှင့် အောင်မြင်စွာ တွေ့ဆုံရသည်ကို တွေ့ရသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း။
သမ္မတကြီး၏ ဆွေးနွေးခဲ့မှုများနှင့် MoU လက်မှတ်ရေးထိုးခဲ့မှုများကို သိရှိရပြီး ၎င်းတို့နှင့်ပတ်သက်၍ ဆက်လက်ပူးပေါင်းအကောင်အထည်ဖော်သွားမည်ဖြစ်ပါကြောင်း။
သမ္မတကြီး ဆက်လက်တိုးတက်အောင်မြင်ပါစေရေး ဆုတောင်းပါကြောင်းဆွေးနွေးခဲ့ကြပါသည်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 12 September 2026
■ ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့်ခရီးစဉ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် စက်တင်ဘာ ၁၂ ရက်၊ နံနက်ပိုင်းက ဖနောင်ပင်မြို့ရှိ Techo အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ဆီရမ်ရိမြို့သို့ အထူးလေယာဉ်ဖြင့် ထွက်ခွာသွားကြောင်း သတင်းရရှိသည်။
■ နိုင်ငံတော်သမ္မတကြီးဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ကို ကမ္ဘောဒီးယားနိုင်ငံ ရေအရင်းအမြစ်နှင့် မိုးလေဝသဝန်ကြီးဌာနဝန်ကြီးဦးဆောင်သည့် အစိုးရအဖွဲ့မှ တာဝန်ရှိသူများက ပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။
■ နိုင်ငံတော်သမ္မတဦးမင်းအောင်လှိင်ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲသည် ကမ္ဘောဒီးယားနိုင်ငံ ဘုရင်မင်းမြတ်၏ ဖိတ်ကြားချက်အရ ကမ္ဘောဒီးယားနိုင်ငံကို နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်အဖြစ် စက်တင်ဘာ ၁၁ ရက်က ရောက်ရှိနေခြင်းဖြစ်သည်။
#YMG #Yangon_Times #Yangon_Media_Group
#World_Health
Published 12 September 2026
■ Cialis အမှတ်တံဆိပ်ဖြင့် လူသိများတဲ့ Tadalafil ဆေးဟာ ကျားအင်္ဂါမသန်စွမ်းခြင်းပြဿနာအတွက် အသုံးအများဆုံးဆေးတွေထဲက တစ်ခုဖြစ်ပါတယ်။
■ ဒါ့အပြင် ဆီးကျိတ်ကြီးခြင်း၊ အဆုတ်သွေးကြောကျဉ်းရောဂါတို့အတွက် အမေရိကန် FDA က အတည်ပြုပေးထားပေမယ့် အသက်ရှည်ကျန်းမာရေးအတွက် အတည်ပြုထားခြင်း မရှိပါဘူး။
■ လေ့လာစောင့်ကြည့်မှု သုတေသနများအရ Tadalafil လိုမျိုး PDE-5 inhibitor သုံးစွဲသူအမျိုးသားတွေမှာ အသက်ဆုံးပါးနိုင်ခြေ သိသိသာသာ လျော့နည်းကြောင်း တွေ့ရှိရပါတယ်။
■ Tadalafil သုံးစွဲသူများဟာ နှလုံးရောဂါ ပြင်းထန်စွာဖြစ်ပွားခြင်း၊ နှလုံးဖောက်ခြင်း၊ လေဖြတ်ခြင်း၊ သွေးခဲခြင်း၊ အယ်ဇိုင်းမားနဲ့ သူငယ်ပြန်ရောဂါ ဖြစ်ပွားနိုင်ခြေ လျော့နည်းကြပါတယ်။
■ နှိုင်းယှဉ်ချက်များအရ Tadalafil ဟာ Viagra ထက် ကျန်းမာရေးကောင်းကျိုးများ ဆက်စပ်မှု ပိုမိုအားကောင်းကြောင်း ပြသနေပါတယ်။
■ ဆေးပုံမှန်သောက်သုံးမှု ပိုမိုမြင့်မားခြင်းဟာ နှလုံးနဲ့ သွေးကြောဆိုင်ရာ ရောဂါအန္တရာယ်နဲ့ အသက်ဆုံးပါးနိုင်ခြေတို့ကို ပိုမိုလျှော့ချပေးခြင်းနဲ့ ဆက်စပ်နေပါတယ်။
■ ဒါတွေဟာ ဆက်စပ်မှုကိုသာ ပြသခြင်းဖြစ်ပြီး တိုက်ရိုက်အကြောင်းအကျိုး ဆိုတာကိုတော့ သက်သေမပြနိုင်သေးကြောင်း သုတေသီများ အလေးအနက်ပြောထားပါတယ်။
■ ပန်းသေပန်းညှိုးဆေး သောက်သုံးတဲ့ အမျိုးသားများဟာ သဘာဝအတိုင်း ကျန်းမာရေးအတွက် ဆေးကုသမှု ပိုမိုခံယူလေ့ရှိသူများ ဖြစ်နိုင်ပါတယ်။
■ စမ်းသပ်မှုများ ထပ်မံလိုအပ်သေးပေမယ့် Tadalafil ပမာဏနည်းနည်း သုံးစွဲခြင်းက နှလုံးရောဂါ ဖြစ်နိုင်ခြေမြင့်မားတဲ့ အမျိုးသားများနဲ့ သင့်လျော်နိုင်ကြောင်း ဆေးဘက်ဆိုင်ရာ အဖွဲ့အစည်းများ အကြံပြုထားပါတယ်။
Source: NPR
#Local_News
Published 12 September 2026
■ ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြိုတွင် ချစ်ကြည်ရေးခရီးစဉ်ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဆမ်ဒက် ဟွန်မာနက်တို့သည် စက်တင်ဘာ ၁၁ ရက်က ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်ရုံးအစည်းအဝေးခန်း၌ တွေ့ဆုံဆွေးနွေးပွဲကျင်းပခဲ့ပြီးနောက် နှစ်နိုင်ငံအကြား သဘောတူစာချုပ်နှင့် နားလည်မှုစာချွန်လွှာ ၄ ခု ကို လက်မှတ်ရေးထိုးသည့် အခမ်းအနားသို့ တက်ရောက်ခဲ့သည်။
■ အဆိုပါ သဘောတူစာချုပ်နှင့် နားလည်မှုစာချွန်လွှာ ၄ ခု ဖြစ်သည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့် ကမ္ဘောဒီးယားနိုင်ငံတိုအကြား ရင်းနှီးမြှုပ်နှံမှု အပြန်အလှန်မြှင့်တင်နိုင်ရေးနှင့် အကာအကွယ်ပေးရေးဆိုင်ရာ သဘောတူစာချုပ်၊ အခွန်နှစ်ထပ်ကျသင့်မှုမှ ရှောင်ရှားရေးသဘောတူစာချုပ်၊ ယဉ်ကျေးမှုပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူစာချုပ်နှင့် ပြန်ကြားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာတို့ကို နှစ်နိုင်ငံမှ သက်ဆိုင်ရာကဏ္ဍအလိုက် ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများက ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဆမ်ဒက်ဟွန်မာနက်၏ ရှေ့မှောက်၌ လက်မှတ်ရေးထိုးပြီး အပြန်အလှန်လဲလှယ်ခဲ့ကြသည်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 12 September 2026
■ ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့် ခရီးစဉ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် စက်တင်ဘာ ၁၂ ရက်၊ နံနက်ပိုင်းက ဖနောင်ပင်မြို့ရှိ မြန်မာသံရုံးတည်ဆောက်မယ့် မြေနေရာသစ်ကို သွားရောက်ကြည့်ရှုခဲ့ကြောင်းသတင်းရရှိသည်။
■ နိုင်ငံတော်သမ္မတသည် အဆိုပါ သံရုံးတည်ဆောက်မည့်နေရာသို့ မသွားရောက်မီ ဦးစွာ မြန်မာသံရုံးသို့ သွားရောက်ခဲ့ပြီး သံရုံးနှင့် စစ်သံရုံးဝန်ထမ်းများနှင့် မိသားစုဝင်များ၊ ပညာတော်သင်များကို တွေ့ဆုံပြီးအမှာစကားပြောကြားခဲ့သည်။
■ နိုင်ငံတော်သမ္မတနှင့်အတူ ကမ္ဘောဒီးယားနိုင်ငံခရီးစဉ်တွင် လိုက်ပါလာကြသည့် ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူတွေလည်းလိုက်ပါခဲ့ကြကြောင်း သိရသည်။
#YMG #Yangon_Times #Yangon_Media_Group
Page 29 of 2096