#Local_News
Published 19 September 2026
■ ဆီမီယိုဒေသဆိုင်ရာ သမိုင်းနှင့် ရိုးရာဓလေ့ဌာနသည် အရှေ့တောင် အာရှဒေသ၏ သမိုင်းအမွေအနှစ်များနှင့် မတူကွဲပြားသည့် ယဉ်ကျေးမှုရိုးရာများကို ထိန်းသိမ်းစုဆောင်းလျက် ရှိကြောင်း ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က ပြောကြားသည်။
■ ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ဆီမီယိုဒေသဆိုင်ရာ သမိုင်းနှင့် ရိုးရာဓလေ့ဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည့် ဆီမီယိုဒေသဆိုင်ရာ သမိုင်းနှင့်ရိုးရာဓလေ့ဌာန၏ (၂၅)ကြိမ်မြောက် စီမံခန့်ခွဲရေးအဖွဲ့ (SEAMEO CHAT 25th Governing Board Meeting) အစည်းအဝေးတွင် ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
■ ထို့အပြင် ပညာရှင်များ၊ သုတေသီများ၊ ဆရာ ဆရာမများနှင့် ကျောင်းသား လူငယ်များအကြား အသိပညာနှင့် အတွေးအမြင်များ ဖလှယ်နိုင်သည့်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခဲ့သည့်အပြင် ဒေသတွင်းကွန်ရက်ချိတ်ဆက်မှုနှင့် အနာဂတ်ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုခိုင်မာလာစေရန် အထောက်အကူပြုခဲ့ကြောင်း ၎င်းကဆိုသည်။
■ ထို့အတူ ဆီမီယိုအတွင်းရေးမှူးချုပ်ရုံးမှ ဒုတိယညွှန်ကြားရေးမှူး Ms. Pnitip Iamnirath က နှုတ်ခွန်းဆက်အမှာစကားပြောကြားသည်။
■ အဆိုပါ အစည်းအဝေးတွင်ဌာန၏ ဆောင်ရွက်ပြီးလုပ်ငန်းများကို ပြန်လည်သုံးသပ်ဆွေးနွေးခြင်း၊ ရှေ့လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးညှိနှိုင်းခြင်း၊ အကြံပေးဆုံးဖြတ် အတည်ပြုခြင်းများကို ဆောင်ရွက်ကြသည်။
■ အစည်းအဝေးသို့ ဆီမီယိုအတွင်းရေးမှူးချုပ်ရုံးမှ ဒုတိယညွှန်ကြားရေးမှူး၊ ဘရူနိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့မှ စီမံခန့်ခွဲရေးအဖွဲ့ဝင်များက in person တက်ရောက်ကြပြီး ကမ္ဘောဒီးယား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့ရှိ စီမံခန့်ခွဲရေးအဖွဲ့ဝင်များက အွန်လိုင်းစနစ်ဖြင့် ပါဝင်တက်ရောက်ခဲ့ကြကြောင်း သိရသည်။
#YMG/NN #Yangon_Times
#World_News
ဘိုလီးဗီးယား | ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၉ ရက်
ဘိုလီးဗီးယားနိုင်ငံ Yungas တိမ်ဖုံးတောင်တန်းသစ်တော တွင် နေထိုင်သည့် ကြောင်ရိုင်းအသေးစားတစ်မျိုးကို သိပ္ပံပညာရှင်များက မျိုးစိတ်သစ်အဖြစ် အတည်ပြုခဲ့ပြီး Leopardus tilcayo (Tilcayo) ဟု အမည်ပေးခဲ့သည်။ ယင်းသည် နှစ်ပေါင်း ၁၀၀ ကျော်အတွင်း သက်ရှိကြောင်မျိုးစိတ်သစ်တစ်မျိုးကို ပထမဆုံး တရားဝင်အမည်ပေး ဖော်ထုတ်နိုင်ခြင်း ဖြစ်သည်။
🐾 Tilcayo သည် အိမ်မွေးကြောင်အများစုထက် သေးငယ်ပြီး ကိုယ်အရှည် ၄၆ စင်တီမီတာခန့်၊ အလေးချိန် ၁.၄ ကီလိုဂရမ်ခန့်သာ ရှိသည်။ အမွေးအရောင်မှာ အညိုဖျော့ရောင်ဖြစ်ပြီး ကိုယ်ပေါ်တွင် မညီညာသည့် အမဲစက်ဝိုင်းပုံများ ရှိကြောင်း သုတေသီများက ဖော်ပြသည်။
🧬 တောင်အမေရိကနိုင်ငံအချို့မှ ကြောင် ၃၈ ကောင်၏ မျိုးဗီဇ ကို လေ့လာပြီးနောက် ယခင်က အုပ်စုတစ်ခုတည်းဟု ယူဆထားသည့် tiger cats များမှာ မျိုးဗီဇကွဲပြားသည့် မျိုးစိတ် ၅ မျိုး ဖြစ်ကြောင်း တွေ့ရှိခဲ့သည်။ Tilcayo မျိုးရိုးသည် အခြား tiger cats များနှင့် လွန်ခဲ့သည့် နှစ်ပေါင်း ၁.၄ သန်းခန့်ကတည်းက ခွဲထွက်ခဲ့သည်ဟု သုတေသနက ခန့်မှန်းထားသည်။
🌳 သို့သော် Tilcayo ၏ အရေအတွက်၊ နေထိုင်ပုံနှင့် ပျံ့နှံ့ရာဒေသကို အပြည့်အစုံ မသိရသေးပေ။ ၎င်းနေထိုင်သည့် Yungas သစ်တောများမှာ သစ်တောပြုန်းတီးမှု၊ စိုက်ပျိုးမြေတိုးချဲ့မှု၊ တောမီးနှင့် သတ္တုတူးဖော်မှုတို့၏ ဖိအားကို ရင်ဆိုင်နေရသဖြင့် မျိုးစိတ်သစ်၏ ထိန်းသိမ်းရေးအခြေအနေကို သီးခြားအကဲဖြတ်ရန် သုတေသီများက အပြည်ပြည်ဆိုင်ရာ သဘာဝထိန်းသိမ်းရေးအဖွဲ့ထံ အချက်အလက်များ ပေးပို့ထားသည်။
Source: Reuters / Current Biology
#World_News
ဝါရှင်တန်၊ အမေရိကန် | ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၈ ရက်
အမေရိကန်သမ္မတ Donald Trump က CNN၊ MS NOW နှင့် Politico သတင်းဌာနသုံးခုသည် ၎င်း၏အစိုးရအကြောင်း “သတင်းအတု” များ ဆက်တိုက်ဖော်ပြနေသည်ဟု စွပ်စွဲကာ အိမ်ဖြူတော်ဝင်ရောက်သတင်းယူခွင့်ကို ပိတ်မည်ဖြစ်ကြောင်းကြေညာခဲ့သည်။
Trump က ယခုဆုံးဖြတ်ချက်သည် ဖြစ်ရပ်တစ်ခုတည်းကြောင့် မဟုတ်ဘဲ လွန်ခဲ့သည့်နှစ်များအတွင်း ထွက်ပေါ်ခဲ့သည့် သတင်းဖော်ပြမှုများကို စုပေါင်းသုံးသပ်ပြီး ချမှတ်ခြင်းဖြစ်ကြောင်း ဆိုသည်။
သို့သော် ပိတ်ပင်မှုကို မည်သို့ကျင့်သုံးမည်ဆိုသည့် အသေးစိတ်အချက်များမှာ အစပိုင်းတွင် မရှင်းလင်းသေးပေ။ Reuters ၏ဖော်ပြချက်အရ ကြေညာချက်ထွက်ပြီးနောက် သောကြာနေ့မွန်းလွဲပိုင်းအထိ အဆိုပါသတင်းဌာနများ၏ သတင်းထောက်များ အိမ်ဖြူတော်တွင် ဆက်လက်အလုပ်လုပ်နေကြသည်။
Fox News က အမည်မဖော်လိုသည့် အိမ်ဖြူတော်အရာရှိတစ်ဦးကို ကိုးကားပြီး စနေနေ့မှစ၍ အိမ်ဖြူတော်ဝင်းအတွင်း ဝင်ခွင့်ပိတ်မည်ဟု ဖော်ပြခဲ့သည်။
⚖️ CNN နှင့် Politico တို့က ယင်းကန့်သတ်မှုသည် အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေ၏ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နှင့် သတင်းလွတ်လပ်ခွင့်ကို ကာကွယ်ထားသည့် ပထမပြင်ဆင်ချက် နှင့် ဆန့်ကျင်နိုင်ကြောင်း တုံ့ပြန်ခဲ့သည်။
ဥပဒေပညာရှင်များကလည်း သတင်းဖော်ပြချက်၏ အမြင် သို့မဟုတ် အကြောင်းအရာကြောင့် မီဒီယာတစ်ခုကို အိမ်ဖြူတော်သတင်းယူခွင့်မှ ဖယ်ရှားပါက ဥပဒေရေးရာ အငြင်းပွားမှုများ ပေါ်ပေါက်နိုင်ကြောင်း ထောက်ပြထားသည်။
Source: WION / Reuters / AP
#Local_News
Published 19 September 2026
■ ဘယ်လာရုစ်နိုင်ငံ၏ နို့စားနွားမျိုးထုတ်လုပ်မှု၊ သန္ဓေကူးပြောင်းဓာတ်ခွဲခန်း၊ တိရစ္ဆာန်အစာနှင့် အမိုင်နိုအက်ဆစ်ထုတ်လုပ်မှု၊ စိုက်ပျိုးရေးစက်ယန္တရား ထုတ်လုပ်မှုနည်းပညာများကို မြန်မာကိုယ်စားလှယ်အဖွဲ့က သွားရောက်လေ့လာခဲ့ကြောင်း သိရသည်။
■ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲထွန်းဝင်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် မြန်မာ-ဘယ်လာရုစ် စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့် နည်းပညာများ လေ့လာနိုင်ရန် ဘယ်လာရုစ်နိုင်ငံ မင့်စ်မြို့တွင် ရောက်ရှိနေခြင်းဖြစ်သည်။
■ စက်တင်ဘာ ၁၅ ရက်တွင် ဘယ်လာရုစ်နိုင်ငံ စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Mr. Ivan Smilgin နှင့် တွေ့ဆုံ၍ စိုက်ပျိုးမွေးမြူရေးနည်းပညာ ပူးပေါင်းဆောင်ရွက်မှု၊ ကုန်သွယ်မှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေးဆွေးနွေးခဲ့ကြသည်။
■ ထို့ပြင် နို့စားနွားမျိုးထုတ်လုပ်ရေးနှင့် တိရစ္ဆာန်အစာထုတ်လုပ်ရေးလုပ်ငန်းများ၊ နွားမျိုးရည်ထုတ် ဓာတ်ခွဲခန်းနှင့် Minsk Tractor Plant ၏ ထွန်စက်ထုတ်လုပ်မှုလုပ်ငန်းများကို လေ့လာခဲ့ကြသည်။
■ စက်တင်ဘာ ၁၆ ရက်တွင် Belarus National Academy of Sciences ၏ စိုက်ပျိုးရေးဆိုင်ရာ သိပ္ပံနှင့် ထုတ်လုပ်မှုဗဟိုဌာန၌ မျိုးစေ့ထုတ်လုပ်မှု၊ တိရစ္ဆာန်မျိုးထုတ်လုပ်မှု၊ သန္ဓေကူးပြောင်းနှင့် အာဟာရဗေဒဓာတ်ခွဲခန်းများကို လေ့လာခဲ့ပြီး Zhodino-AgroPlemElita မွေးမြူရေးလုပ်ငန်း၌ နို့စားနွားမွေးမြူရေး၊ တိရစ္ဆာန်အစာထုတ်လုပ်မှုနှင့် နို့ညှစ်လုပ်ငန်းများကို ကြည့်ရှုခဲ့သည်။
■ စက်တင်ဘာ ၁၇ ရက်တွင် Belarusian National Biotechnology Corporation ၌ တိရစ္ဆာန်အစာ၊ အစာရောစပ်ဖြည့်စွက်အားဆေးနှင့် အမိုင်နိုအက်ဆစ်ထုတ်လုပ်မှုလုပ်ငန်းများ၊ JSC Agroko-mbinat Dzerzhinsky ၌ ကြက်မွေးမြူရေးနှင့် အသားထုတ်ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို ဆက်လက်လေ့လာခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#World_Health
Published 19 September 2026
■ ၁၆:၈ အချိန်ကန့်သတ် အစားမစားတဲ့နည်းလမ်းဟာ ရေရှည်ဝိတ်ချရာမှာ ဘယ်လိုမျိုး ထိန်းသိမ်းပေးနိုင်လဲ ဆိုတာကို Clinical Nutrition ဂျာနယ်ပါ လေ့လာမှုတစ်ခုမှာ ဆန်းစစ်သုံးသပ်ထားပါတယ်။
■ ၁၂ ပတ်ကြာအောင် အစားစားချိန်ကို ၈ နာရီအတွင်း သတ်မှတ်စားသုံးသူတွေဟာ အချိန် ၁၂ နာရီထက်ပိုများပြီး စားသုံးသူများနဲ့ယှဉ်ရင် ၁ နှစ်အကြာမှာ ကိုယ်အလေးချိန်နဲ့ ခန္ဓာကိုယ်အဆီပါဝင်မှုကို ပိုမိုလျှော့ချထိန်းသိမ်းနိုင်ခဲ့ပါတယ်။
■ စမ်းသပ်မှုပြီးဆုံးပြီးနောက် ပါဝင်သူ ၃ ဦးမှာ ၁ ဦးနှုန်းက ဘယ်သူမှမတိုက်တွန်းဘဲ အချိန်ကန့်သတ်အစာဖြတ်ခြင်းကို ဆက်လက်လုပ်ဆောင်ခဲ့ကြရာ ဒီနည်းလမ်းမှာ လိုက်နာရန် လွယ်ကူကြောင်း ပြသနေပါတယ်။
■ ၈ နာရီအတွင်း စားသုံးတဲ့နည်းလမ်းကို မက်ဒီတာရေးနီးယန်း စားသောက်နည်းလမ်းနဲ့ ပေါင်းစပ်ပါက ရေရှည်ဝိတ်ထိန်းရန်အတွက် ပိုမိုထိရောက်တဲ့ ရလဒ်များ ရရှိစေပါတယ်။
■ အချိန်ကန့်သတ် အစာမစားခြင်းက အင်ဆူလင်တုံ့ပြန်နိုင်စွမ်းကို ကောင်းမွန်စေပြီး ဇီဝကမ္မဖြစ်စဉ် ညွှန်းကိန်းများ တိုးတက်စေတဲ့အပြင် ရောင်ရမ်းမှု အခြေအနေများကိုလည်း လျှော့ချပေးပါတယ်။
■ စနစ်တကျ သတ်မှတ်ထားတဲ့ စားသုံးချိန်အတိုင်းအတာဟာ ညဘက်မှာ အစားအလွန်အကျွံ စားသုံးခြင်းကို တားဆီးပေးနိုင်ေအာင် ဖန်တီးပေးပါတယ်။
■ အစားအသောက်ပုံစံတွေ ဆိုတာက လူတိုင်းနဲ့ ထပ်တူမကိုက်ညီနိုင်ဘဲ တစ်ဦးချင်းစီရဲ့ ဇီဝနာရီ၊ အချိန်ဇယားနဲ့ အလေ့အထများအပေါ် မူတည်ပြီး ရလဒ်ကွာခြားကြောင်း ကျွမ်းကျင်သူများက အလေးပေးပြောကြားထားပါတယ်။
■ ရေရှည်ဝိတ်ထိန်းနိုင်ခြင်းက နေ့စဉ်ရုန်းကန်နေရတဲ့ အခက်အခဲတစ်ခုအဖြစ် မခံစားရဘဲ လူနေမှုဘဝပုံစံနဲ့ ချောမွေ့စွာ ပေါင်းစပ်နိုင်မယ့် နည်းဗျူဟာကို ကျင့်သုံးခြင်းအပေါ် မူတည်နေပါတယ်။
Source: The Jerusalem Post
#World_Health
Published 19 September 2026
■ Moderna နဲ့ Merck ဆေးထုတ်လုပ်သူတွေဟာ ပြုပြင်ပြင်ဆင်ထားတဲ့ mRNA ကင်ဆာကာကွယ်ဆေးနဲ့ Keytruda (pembrolizumab) ဆေးတို့ကို ပူးတွဲအသုံးပြုတဲ့ အဆင့်မြင့် စမ်းသပ်မှုမှာ အပြုသဘောဆောင်ရလဒ်များ ရခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။
■ ဒီစမ်းသပ်မှုကို ခွဲစိတ်ကုသမှု ခံယူပြီး အန္တရာယ်မြင့်မားတဲ့ အဆင့် IIB မှ IV အထိ ရှိတဲ့ မှဲ့ကင်ဆာလူနာ ၁,၁၃၇ ဦးမှာ လေ့လာဆန်းစစ်ခဲ့ခြင်း ဖြစ်ပါတယ်။
■ ပူးတွဲကုသမှုက မှဲ့ကင်ဆာ ပြန်လည်ဖြစ်ပွားခြင်း ဒါမှမဟုတ် ကင်ဆာကြောင့် သေဆုံးနိုင်ခြေကို သိသိသာသာ လျှော့ချပေးနိုင်ခဲ့သဖြင့် စမ်းသပ်မှု အဓိကရည်မှန်းချက်ကို အောင်မြင်ခဲ့ပါတယ်။
■ ဒါ့အပြင် ကင်ဆာဆဲလ်များ ခန္ဓာကိုယ် အခြားအစိတ်အပိုင်းများသို့ ကူးစက်ပြန့်ပွားနိုင်ခြေကိုပါ လျှော့ချပေးနိုင်ခဲ့တာကြောင့် ဒုတိယရည်မှန်းချက်ကိုလည်း အောင်မြင်ခဲ့ပါတယ်။
■ ဒီကာကွယ်ဆေးက ခွဲစိတ်ပြီးနောက် လူနာတစ်ဦးချင်းစီရဲ့ ကင်ဆာအကျိတ်မှာရှိတဲ့ သီးသန့်မျိုးဗီဇပြောင်းလဲမှုများကို ပစ်မှတ်ထားတိုက်ခိုက်ရန် သီးသန့်ပြင်ဆင်ထားတဲ့ mRNA နည်းပညာကို အသုံးပြုထားပါတယ်။
■ ယခင် အစောပိုင်းစမ်းသပ်ချက်များအရ ဒီကာကွယ်ဆေးနဲ့ Keytruda ကို ပူးတွဲသုံးစွဲခြင်းဟာ Keytruda တစ်မျိုးတည်း သုံးစွဲခြင်းထက် ကင်ဆာပြန်ဖြစ်ခြင်း ဒါမှမဟုတ် သေဆုံးနိုင်ခြေကို ၄၉% ထိ လျှော့ချပေးခဲ့ကြောင်း ပြသခဲ့ပါတယ်။
■ တတိယအဆင့် စမ်းသပ်မှုကာလအတွင်း ဘေးထွက်ဆိုးကျိုး အန္တရာယ်သစ် တစ်စုံတစ်ရာ မတွေ့ရှိခဲ့ပါဘူး။
■ ဆန်းသစ်တဲ့ ကုသမှုဆိုင်ရာ အသိအမှတ်ပြုမှု ရရှိထားတာကြောင့် ဒီကာကွယ်ဆေးဟာ ၂၀၂၇ ခုနှစ် အစောပိုင်းမှာပင် တရားဝင်ခွင့်ပြုချက်ရရှိပြီး ဈေးကွက်အတွင်း စတင်ဖြန့်ဖြူးနိုင်ဖွယ် ရှိပါတယ်။
Source: India Today
အီရန်ရဲ့ အသံထက်မြန်ဒုံးကျည်များနဲ့ လေယာဉ်တင်သင်္ဘောဖျက် ပဲ့ထိန်းဒုံးကျည်များ အန္တရာယ်ရှောင်ရှားဖို အမေရိကန်စစ်သင်္ဘောများဟာ ဟော်မုဇ်ရေလက်ကြားပြင်ပမှာ နေရာယူထားကြောင်း သိရပါတယ်။
#World_News
Published 18 September 2026
#အီရန် #ဒုံးကျည် #အမေရိကန်
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 18 September 2026
၁။ မိတ္ထီလာဖောင်တော်ဦးစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်၌ မြန်မာ့ရိုးရာလောင်းလှေပြိုင်ပွဲကိုထည့်သွင်းကျင်းပမည်
၂။ လှိုင်သာယာ(အရှေ့ပိုင်း)နှင့်ရွှေပြည်သာတွင် အားကစားကွင်းများတည်ဆောက်မည်
၃။ အဝေးသင်တက္ကသိုလ်စာမေးပွဲများ အောက်တိုဘာ(၁)ရက်မှစတင်၍ဖြေဆိုရမည်
၄။ အီရန်၏အသံထက်မြန်ဒုံးကျည်များနှင့်ဖျက်ဒုံးကျည်များကြောင့် အမေရိကန်စစ်သင်္ဘောများဟော်မုဇ်ရေလက်ကြားပြင်ပ၌နေရာယူ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
အဝေးသင်တက္ကသိုလ်တက်ရောက်နေတဲ့ ကျောင်းသား/သူများအနေနဲ့ အောက်တိုဘာ (၁) ရက်နေ့ကနေစတင်ပြီး စာမေးပွဲဖြေဆိုရမယ်လို့ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနက ယမန်နေ့ကအသိပေးကြေညာထားပါတယ်။
#Local_News
Published 18 September 2026
#အဝေးသင်တက္ကသိုလ်စာမေးပွဲ
#YMG/SW #Yangon_Times
လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်နဲ့ ရွှေပြည်သာမြို့နယ်တို့မှာ အားကစားကွင်းတွေ တည်ဆောက်ဆောင်ရွက်သွားဖို့ စီစဉ်ထားပြီး တည်ဆောက်မယ့်နေရာတွေကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ တာဝန်ရှိသူတွေက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့တယ်လို့သိရပါတယ်။
#Local_News
Published 18 September 2026
#လှိုင်သာယာ #ရွှေပြည်သာ
#YMG/NN #Yangon_Times
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ရှိ သမိုင်းဝင်ဖောင်တော်ဦးစေတီတော်ရဲ့(၁၄၃)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို စက်တင်ဘာလအတွင်းမှာ ကျင်းပသွားမှာဖြစ်ရာ မြန်မာ့ရိုးရာလောင်းလှေပြိုင်ပွဲကိုလည်းထည့်သွင်းကျင်းပသွားမယ်လို့ ဂေါပကအဖွဲ့ကနေ သိရပါတယ်။
#Local_News
Published 18 September 2026
#မိတ္ထီလာဖောင်တော်ဦးစေတီတော်
#YMG/NN #Yangon_Times
ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း YESC ဥက္ကဋ္ဌက ရန်ကုန်တိုင်းအတွင်းရှိ ခရိုင်နဲ့မြို့နယ်လျှပ်စစ်မန်နေဂျာရုံးတွေကို ကွင်းဆင်းစစ်ဆေးရာမှာ ရပ်၊ ပျက်၊ နှေး ဖြစ်ပေါ်နေတဲ့ လျှပ်စစ်မီတာတွေကို အမြန်ဆုံး အစားထိုးလဲလှယ်ပေးဖို့ မှာကြားခဲ့တယ်လို့ သိရပါတယ်။
#Local_News
Published 18 September 2026
#YESC
#YMG/SW #Yangon_Times
Page 24 of 2096