၂၀၂၅ ခုနှစ် အကြိမ် (၆၀)မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ
မှာ ပုလဲ၊ကျောက်စိမ်းနဲ့ကျောက်မျက်အတွဲပေါင်း ၄၀၀၀ကျော်အားရောင်းချနိုင်ခဲ့တယ်လို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနကသိရပါတယ်။
#Local_News
Published 26 November 2025
#မြန်မာ့ကျောက်မျက်ရတနာ # ပုလဲ_ကျောက်စိမ်း
#YMG/NN #Yangon_Times
မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ နှစ်စဉ်ကျင်းပ နေတဲ့ တောင်ဝိုင်းတောင်တက်လမ်းလျှောက်ရာသီ ကို ဒီဇင်ဘာလ ၁ ရက်မှာ စတင်မယ်လို့ သိရပါတယ်။
#Local_News
Published 26 November 2025
#မွန်ပြည်နယ် #မော်လမြိုင်မြို့ #ဒီဇင်ဘာ
#YMG/NN #Yangon_Times
ကမ္ဘာ့ရွှေဈေးမြင့်တက်လာခြင်းနဲ့အတူ မြန်မာ့ရွှေဈေးလည်းလိုက်ပါမြင့်တက်လာတယ်လို့ ရွှေဈေးကွက်အသိုင်းအဝိုင်းက သိရပါတယ်။
#Local_News
Published 26 November 2025
#ကမ္ဘာ့ရွှေဈေး #ရွှေ
#YMG/SW #Yangon_Times
#Local_News
Published 26 November 2025
▪️ မန္တလေးတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်နှင့် Agri Sun ကုမ္ပဏီတို့ အကျိုးတူပူးပေါင်းဆောင်ရွက်သည့် တန် ၁၅၀ ဆန်စက်ဖွင့်ပွဲကို ယမန်နေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် အကွက်အမှတ် (၅၉၀) ၌ ကျင်းပခဲ့ပြီး အဆိုပါဆန်စက်တွင်သမဝါယမသက်မွေးပညာသင်တန်းကျောင်းဆင်းများကို အလုပ်ခန့်ထားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ ဆန်စက်ဖွင့်ပွဲအခမ်းအနားတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ယနေ့ဖွင့်လှစ်လိုက်သည့် မန္တလေးတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်နှင့် Agri Sun ကုမ္ပဏီတို့ အကျိုးတူပူးပေါင်းဆောင်ရွက်သည့် Royal Ruby Flower တန် ၁၅၀ ကျ ဆန်စက်တွင် မန္တလေးတိုင်းဒေသကြီးအတွင်း လည်ပတ်လျက်ရှိသည့် ဆန်စက်များအနက် အဆင့်မြင့်ဆန်စက်ကြီးတစ်ခုဖြစ်ပြီး မန္တလေးတိုင်းဒေသကြီးအတွင်း တောင်သူလယ်သမားများ၏ လယ်ယာမြေများမှထွက်ရှိလာသော စပါးများ အလေအလွင့်မရှိစေရေး၊ ဈေးကွက်ရရှိရေး၊ အခြေခံတောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝမြင့်မားရေး၊ မိသားစုဝင်ငွေတိုးပွားလာစေရေး၊ ဒေသတွင်းစားရေရိက္ခာဖူလုံရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ပေါက်လာစေရေးတို့ကို များစွာအထောက်အကူပြုနိုင်မည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးသမဝါယမအသင်းစုချုပ်နှင့် Agri Sun ကုမ္ပဏီတို့အနေဖြင့်လည်း သွင်းအားစုများ ပံ့ပိုးမှု၊ ထွက်ရှိသီးနှံများ ဈေးကွက်ချိတ်ဆက်ပေးမှုတို့ဖြင့် အကျိုးတူလယ်ယာစနစ် (Contract Farming System) ကို ဆောင်ရွက်ကြရန်မှာကြားလိုကြောင်း ပြောကြားခဲ့သည်။
▪️ ထို့နောက် မန္တလေးတိုင်းဒေသကြီးသမဝါယမအသင်းစုချုပ်ဥက္ကဋ္ဌက တန် ၁၅၀ ဆန်စက် စီမံကိန်းဖြစ်ပေါ်လာပုံနှင့် ယခု တန် ၁၅၀ ဆန်စက်တွင် သမဝါယမကောလိပ်ကျောင်းဆင်းများနှင့် သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်းဆင်းများ အလုပ်အကိုင်ခန့်ထားပေးနိုင်မှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times
မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေနဲ့စားသုံးဆီနဲ့ စက်သုံးဆီတင်သွင်းတဲ့ကုမ္ပဏီများသို့ နိုင်ငံခြားငွေများ နှစ်ရက်ဆက်တိုက် ရောင်းချပေးလျှက်ရှိပါတယ်။
#Local_News
Published 26 November 2025
#စားသုံးဆီ #စက်သုံးဆီ
#YMG/SW #Yangon_Times
#Daily_News
Published 26 November 2025
၁။ ကမ္ဘာ့ရွှေဈေးနှင့်အတူ မြန်မာ့ရွှေဈေးလိုက်ပါမြင့်တက်လာ
၂။ မော်လမြိုင်တောင်ဝိုင်းတောင်တက် လမ်းလျှောက်ရာသီကို ဒီဇင်ဘာတွင် စတင်မည်
၃။ မြန်မာ့ကျောက်မျက်ရတနာပြပွဲ၌ ပုလဲ၊ကျောက်စိမ်းနှင့်ကျောက်မျက်အတွဲပေါင်း ၄၀၀၀ကျော်အား ရောင်းချနိုင်ခဲ့
၄။ (၂၀၂၅)ကွမ်ကျိုးမော်တော်ယာဉ်ပြပွဲ၌ တရုတ်ဈေးကွက်အတွက်အထူးထုတ်လုပ်သည့်နိုင်ငံတကာမှကားပုံစံအသစ်များပြသ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 26 November 2025
▪️ သွားလာရေးနှင့် လူမှုရေးခက်ခဲသော ဒေသများနှင့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (၆) ခုတို့မှ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သည့် ကျောင်းသား/ကျောင်းသူများအား ဆေးတက္ကသိုလ်ဝင်ခွင့်လျှောက်လွှာ စတင်ခေါ်ယူနေကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှသိရသည်။
▪️ ၂၀၂၅-ပညာသင်နှစ် ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ဆေးတက္ကသိုလ်များအတွက် နိုင်ငံတော်မှထုတ်ပြန်ထားသော ဒေသစရိတ်ခံစားခွင့်ရှိသည့် သွားလာရေးနှင့် လူမှုရေးခက်ခဲသောဒေသများနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (၆) ခု (နာဂ၊ ဓနု၊ ပအိုဝ်း၊ ပလောင်၊ ကိုးကန့်၊ ဝ) တို့မှ ၂၀၂၅-ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်ပြီး အခြေခံပညာသင်တန်း (GRADE-10, GRADE-11, GRADE-12) များကို ၎င်းဒေသများတွင် ဆက်တိုက်ပညာသင်ကြားခဲ့သော ကျောင်းသား/ကျောင်းသူများအား ဆေးတက္ကသိုလ်ဝင်ခွင့်လျှောက်လွှာခေါ်ယူထားပါကြောင်း၊ သတ်မှတ်အရည်အချင်းနှင့်ပြည့်စုံသူများ လျှောက်ထားနိုင်ကြောင်းနိုင်ကြောင်းသိရသည်။
▪️ အဆိုပါ လျှောက်လွှာများကို ၂၀၂၅-ခုနှစ်၊ ဒီဇင်ဘာလ (၁၈) ရက်နေ့ နောက်ဆုံးထား၍ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနသို့ တိုက်ရိုက်ပေးပို့ လျှောက်ထားရမည်ဖြစ်ကြောင်းနှင့် အသေးစိတ်အချက်အလက်များကို ကျန်းမာရေးဝန်ကြီးဌာန Website www.moh.gov.mm နှင့် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန Website www.hrh.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါကြောင်း ကြေညာအပ်ထားကြောင်းသိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 26 November 2025
▪️ မုန်တိုင်းငယ်အရှိန်ကြောင့် တနင်္သာရီတိုင်း၌ မိုးရွာသွန်းနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
▪️ ယနေ့မြန်မာစံတော်ချိန် ၅ နာရီ ခွဲအချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်း နှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော မလက္ကာရေလက်ကြားအနီးတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်(Depression)သည် အနောက်ဘက်သို့ရွေ့လျားခဲ့ပြီး ပိုမိုအားကောင်းလာကာ အားကောင်းသောမုန်တိုင်းငယ်(Deep Depression)အဖြစ်သို့ရောက်ရှိခဲ့ကြောင်း ၊ အဆိုပါ အားကောင်းသောမုန်တိုင်းငယ်သည် မြန်မာနိုင်ငံ၊ ကော့သောင်းမြို့(Kawthaung)၏ တောင်-အနောက်တောင်ဘက် ရေမိုင် ၃၀၀ မိုင်ခန့်၊ မလေးရှားနိုင်ငံ၊ ပီနန်မြို့(Penang)၏ အနောက်-အနောက်တောင်ဘက် ရေမိုင် ၁၃၅ မိုင်ခန့်၊ အင်ဒိုနီးရှားနိုင်ငံ၊ ကူတာမတ်ကွာမြို့ (Kuta Makmur) ၏ အရှေ့ဘက် ရေမိုင် ၆၀ မိုင်ခန့်နှင့် အိန္ဒိယနိုင်ငံ၊ ကားနီကိုးဘားမြို့(Car Nicobar)၏ အရှေတောင်ဘက် ရေမိုင် ၄၀၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း သိရသည်။
▪️ ယင်း အားကောင်းသောမုန်တိုင်းငယ်သည် အနောက်-အနောက်မြောက်ဘက်သို့ရွေ့လျားနိုင်ပြီး ပိုမိုအားကောင်းလာကာ ဆိုင်ကလုန်မုန်းတိုင်းအဖြစ်ရောက်ရှိနိုင်ပြီး အင်ဒိုနီးရှားနိုင်ငံမြောက်ပိုင်းဒေသများကို ဖြတ်ကျော်နိုင်သည်ဟုခန့်မှန်းရကြောင်း၊ ယနေ့မြန်မာစံတော်ချိန် ၅ နာရီခွဲအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော သီရိလင်္ကာနိုင်ငံတောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း (Low Pressure Area)သည် ဆက်လက်တည်ရှိနေ ကြောင်း ၊ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး နောက် ၁၂ နာရီအတွင်း အားကောင်းသောလေဖိအားနည်းရပ်ဝန်းအဖြစ်သို့လည်းကောင်း၊ နောက် ၃၆ နာရီအတွင်း မုန်တိုင်းငယ်အဖြစ်သို့လည်းကောင်း ပိုမိုအားကောင်းလာနိုင်သည်ဟု ခန့်မှန်းရကြောင်း သိရသည်။
▪️ ယနေ့ညနေအထိခန့်မှန်းချက်မှာ တနင်္သာရီတိုင်းဒေသကြီးတွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင် ကြောင်း၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်း ပြည်နယ်(မြောက်ပိုင်း)တို့တွင် အများအားဖြင့်သာယာပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။
▪️ မြန်မာ့ပင်လယ်ပြင် မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက် လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။
▪️ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင်အထိ တိုက်ခတ် နိုင်ပါသည်။
▪️ လှိုင်းအမြင့်မှာ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၉ ပေမှ ၁၁ ပေခန့် ရှိနိုင်ပါသည်။
▪️ ကျန်မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့်ရှိမည်။
▪️ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၆ ပေမှ ၈ ပေခန့် ရှိနိုင်ကြောင်း ဖော်ပြထားသည်။
#YMG/NN #Yangon_Times
#World_News
Published 26 November 2025
■ ထိုင်းနိုင်ငံ ဟတ်ယိုင်မြို့မှာ ဆိုးရွားတဲ့ ရေကြီးရေလျှံမှု ဆက်လက်ကြုံတွေ့နေရကာ မြို့ရဲ့ စီးပွားရေးဒေသအနေနဲ့ အနည်းဆုံး ဒီဇင်ဘာလလယ် မတိုင်ခင်အထိ ရေမြုပ်နေဦးမယ်လို့ ကျွမ်းကျင်သူများ သတိပေးထားပါတယ်။
■ ဆာဒေါင်ခရိုင်မှာ အမြင့်ပိုင်းရေလျှံမှုကျဆင်းနေပေမယ့် မြို့ကိုမရောက်ခင်အထိ အနိမ့်ပိုင်းရေစီးဆင်းကာ ရေလျှံမှုပိုဆိုးစေလိမ့်မယ်လို့ အမျိုးသားကပ်ဘေးသတိပေးကောင်စီဖောင်ဒေးရှင်းမှ ဒုဥက္ကဌ ပရော်ဖက်ဆာ ဆရီးဆူပရာတစ်က အင်္ဂါနေ့မှာ ပြောသွားပါတယ်။
■ အင်္ဂါနေ့ နံနက် ၇ နာရီက တနင်္လာနေ့ထက် ၂ မီတာနီးပါး ပိုမြင့်လာပြီး အရင်ရက်တွေက တပိုင်းနစ်နေတဲ့အိမ်တွေဟာ လုံးဝနစ်မြုပ်သွားပြီဖြစ်ကာ ခွန်လန်မြူနီစီပယ်လိုမျိုး နေရာတွေက အိမ်နိမ့်တွေဆိုရင် ခေါင်းမိုးအထိ မြုပ်နေပြီလို့ ဖေ့စ်ဘွတ်ခ်မှာ ပြောထားပါတယ်။
■ နိုဝင်ဘာ ၂၁ မှ ၂၅ အတွင်း မိုးရွာသွန်းမှုက ၈၅၀ မီလီမီတာခန့်ရှိခဲ့ကာ ကုဗမီတာ ၁၂၀၀ မှ ၁၅၀၀ သန်းကြား ရှိခဲ့ပါတယ်။
■ သဘာဝရေဆင်းမြောင်းတွေနဲ့ ရေစုတ်ထုတ်မှုတွေကနေ ရေပြန်ကျဖို့အတွက် ၁၀ ရက်ခန့်ကြာမြင့်နိုင်ပေမယ့် ပင်လယ်ရေမျက်နှာပြင် မြင့်တက်နေတာကြောင့် ကြန့်ကြာနေရပါတယ်။
၂၀၀၇ ကပ်ဘေးကာကွယ်ရေးနဲ့ လျှော့ချရေးဥပဒေအရ ကပ်ဘေးထိန်းသိမ်းရေးပူးပေါင်းမှုတွေ မရှိတဲ့အပေါ် ပရော်ဖက်ဆာဆရီးက ဝေဖန်လိုက်ပါတယ်။
■ လူတွေက အိမ်ခေါင်မိုးပေါ် တက်နေရကာ ကားတွေနစ်မြုပ်နေကြောင်း၊ အဖွဲ့အစည်းတွေက အကူအညီတောင်းနေကြပေမယ့် ဗဟိုကွပ်ကဲရေးအပိုင်းက ဆောင်ရွက်ခြင်းမရှိကြောင်း ပြောပါတယ်။
■ ရေစီးဆင်းစေပြီး အဆုံးအရှုံးနည်းစေဖို့ လမ်းမတာရိုးတွေကို ဖြတ်တောက်ခြင်းလိုမျိုးတွေ ချက်ချင်းလုပ်ဆောင်ဖို့ တိုက်တွန်းနေပါတယ်။
■ ကယ်ဆယ်ရေးနဲ့ အရေးပေါ်လုပ်ဆောင်မှုတွေ ပြုလုပ်ကြဖို့ ထိုင်းကွန်မြူနတီဖောင်ဒေးရှင်းမှ မန်နေဂျာ မိုင်ထရီဂျောင်ခရိုင်ချက်က တောင်းဆိုထားပါတယ်။
■ ပြည်သူတွေအနေနဲ့ အရေးပေါ်ထောက်ပံ့ပစ္စည်းများ ပြင်ဆင်ထားခြင်း၊ ထွက်ပြေးရန်လမ်းကြောင်းများ စီစဉ်ထားခြင်း၊ အားနည်းသူများကို ကူညီခြင်းများ ပြုလုပ်ထားကြဖို့ အကြံပြုထားပါတယ်။
Source: Bangkok Post
#World_Health
Published 26 November 2025
■ အသက်မကြီးသေးတဲ့အရွယ်မှာ ဆံပင်ဖြူတွေ့လိုက်တာနဲ့ စိုးရိမ်စိတ်တွေ ဖြစ်တတ်ကြပါတယ်။
■ ဒါပေမဲ့ ဆံပင်ဖြူပေါက်တာက သိပ်ပြီးစိုးရိမ်စရာ မလိုဘူးလို့ လေ့လာချက်အသစ်မှာ ဖော်ပြထားပါတယ်။
■ ဆံပင်ဖြူတယ်ဆိုတာက အိုမင်းလာတဲ့သဘော တစ်ခုတည်းမဟုတ်ဘဲ အရေပြားကင်ဆာအချို့ကို ခန္ဓာကိုယ်က သဘာဝအတိုင်းခုခံတဲ့ဖြစ်စဉ် ဖြစ်ဖွယ်ရှိတယ်လို့ တိုကျိုတက္ကသိုလ်က လေ့လာထားပါတယ်။
■ သုတေသီတွေက ဆံကေသာရောင်ခြယ်ဆဲလ်တွေ DNA ထိခိုက်ပျက်စီးမှုနဲ့ ဆဲလ်ဖိစီးမှုများအပေါ် ဘယ်လိုသက်ရောက်လဲဆိုတာကို လေ့လာခဲ့ကြတာ ကြာပါပြီ။
■ ကင်ဆာဆဲလ်တွေ ကြီးထွားမလာစေရန် ခန္ဓာကိုယ်က ရောင်ခြယ်ထုတ်ပေးတဲ့ ပင်မစတမ်ဆဲလ်တွေကို တမင်တကာ ပိတ်ချပစ်တဲ့သဘော ဖြစ်နိုင်တယ်လို့ တွေ့ရှိဖော်ပြလာပါတယ်။
■ ဆံပင်ကို အရောင်ဖြစ်စေတဲ့ ရောင်ခြယ်ဆဲလ်တွေအနေနဲ့ DNA ပျက်စီးခြင်းမျိုးနဲ့ ကြုံတွေ့တဲ့အခါ DNA အမျှင်တန်းကျိုးပဲ့သွားပြီး ဆဲလ်တွေ ပြန်မကောင်းတော့ဘဲ ဆံပင်ဖြူသွားစေတာ ဖြစ်ပါတယ်။
■ ပျက်စီးသွားတဲ့ဆဲလ် ပွားများပြီး ကင်ဆာအကျိတ်ဖြစ်မယ့်အစား ဆံပင်အရောင်ကိုပဲ ဖြူစေလိုက်တာ ဖြစ်ပါတယ်။
■ အရွယ်မတိုင်ခင် ဆံပင်ဖြူတာက ဖိစီးမှု၊ အာဟာရချို့တဲ့ခြင်း၊ သိုင်းရွိုက်ပြဿနာ၊ ဆေးလိပ်သောက်ခြင်းတို့နဲ့ ဆက်စပ်နေပါတယ်။
■ ကျန်းမာရေးနဲ့ ညီညွတ်စွာ စားသုံးခြင်း၊ ဖိစီးမှုဖြေလျှော့ခြင်းစသဖြင့် နေထိုင်စားသောက်မှုပုံစံ ပြောင်းလဲခြင်းဖြင့် အရွယ်မတိုင်ခင် ဆံပင်ဖြူခြင်းကို ကာကွယ်နိုင်ပါတယ်။
Source: Times of India.
#World_Health
Published 26 November 2025
■ လိမ္မော်သီးခွံနဲ့ သစ်ကြံပိုးခေါက်တို့ကို ပြုတ်ခြင်းရဲ့ အကျိုးအာနိသင်တွေကို ထောက်ခံအားပေးသူတွေ များပြားလာပါတယ်။
■ လူမစားတဲ့အခွံတွေနဲ့ ဟင်းခတ်အမွှေးအကြိုင်တွေရဲ့ အာနိသင်တွေကို စိတ်ဝင်စားလာကြကာ သဘာဝ ပိုးမွှားသန့်စင်ဆေးနဲ့ လေသန့်စင်ပစ္စည်းအဖြစ် အသုံးပြုလိုလာကြပါတယ်။
■ အသုံးပြုတဲ့နည်းလမ်းကတော့ လိမ္မော်ခွံ ၂ ဖတ် ၃ ဖတ်နဲ့ သစ်ကြံပိုးခေါက်ချောင်းတွေကို ရေထဲမှာ ၁၀-၁၅ မိနစ်ခန့် ပွက်ပွက်ဆူအောင် တည်ထားရပါတယ်။
■ ထွက်လာတဲ့အငွေ့က လေသန့်စင်ဆေးဗူးတွေထက် ပိုမိုသန့်ရှင်းတယ်လို့ ဆိုနေကြပြီး လေထဲကို ဒြပ်ပေါင်းတွေ ထုတ်လွှတ်ကာ ဘက်တီးရီးယားနဲ့ မှိုတို့ကို သေစေတဲ့ အာနိသင်တွေ ရှိပါတယ်။
■ လိမ္မော်ခွံထဲမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများစွာ ပါဝင်ကာ အပူပေးလိုက်တဲ့အခါ ဇီဝသတ္တိကြွလာပြီး လေထဲပျံ့နှံ့သွားပါတယ်။
■ သစ်ကြံပိုးခေါက်မှာတော့ Cinnamomum zeylanicum လို့ခေါ်တဲ့ပစ္စည်းက ပိုးမွှားသေစေကာ ဓာတ်တိုးဆန့်ကျင်နဲ့ ရောင်ရမ်းဆန့်ကျင်အာနိသင်များ ပါဝင်ပါတယ်။
■ နှစ်မျိုးပေါင်းလိုက်တဲ့အခါ လေဝင်လေထွက်မကောင်းတဲ့ နေရာတွေမှာ ရှင်သန်လေ့ရှိတဲ့ ရောဂါပိုးမွှားတွေကို ဆန့်ကျင်နိုင်တယ်လို့ တွေ့ရှိထားပါတယ်။
■ ဒါ့အပြင် မှတ်ဉာဏ်၊ ဦးနှောက်စွမ်းဆောင်ရည်နဲ့ ဦးနှောက်ကျန်းမာရေးတို့ကို ထောက်ပံ့ပေးဖွယ်ရှိတယ်လို့လည်း သိရပါတယ်။
■ ဓာတုပစ္စည်းတွေထက်စာရင် ဈေးနှုန်းသက်သာပြီး သဘာဝအတိုင်း သန့်စင်ပေးနိုင်မှာ ဖြစ်ပါတယ်။
■ သိပ္ပံပညာရှင်တွေက ဒီနည်းလမ်းရဲ့ အကျိုးကျေးဇူးကို သိရှိထားပေမယ့် နောက်ထပ်သုတေသနတွေ မပြုလုပ်ဘဲ ချီးကျူးမစောဖို့ သတိပေးထားပါတယ်။
Source: Daily Galaxy
နိုင်ငံတကာခရီးသွားများ တရုတ်နိုင်ငံသို့ မြန်မြန်ဆန်ဆန် ဝင်ရောက်နိုင်ရန်အတွက် တရုတ်ကဒီဂျစ်တယ်ခရီးသွားကြေညာချက်ဝန်ဆောင်မှုကို စတင်လိုက်ပြီး ကြာသပတေးနေ့ကကျင့်သုံးလိုက်ပြီဖြစ်ပါတယ်။
#Asia_News
Published 25 November 2025
#တရုတ်နိုင်ငံ #နိုင်ငံခြားခရီးသွား
#YMG #Yangon_Times #Yangon_Media_Group
Page 24 of 1855