သက်သာတဲ့နှုန်းထားတွေနဲ့ ပေါ်ဆန်းအပါအဝင် ပြည်တွင်းစားဆန်တွေကို နေအိမ်အရောက်ပို့စနစ်ကိုအသုံးပြုပြီး ရောင်းချပေးသွားမယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က သိရပါတယ်။
#Local_News
Published 27 November 2025
#ပေါ်ဆန်း #ဆန်
#YMG/NN #Yangon_Times
၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွက် အစုရှယ်ယာတစ်စုကို အမြတ်ဝေစု (၉၀) ကျပ် ခွဲဝေပေးသွားမယ်လို့ တညင်းကုန်းလက်ကားဈေးကြီးကို စီမံခန့်ခွဲလုပ်ကိုင်နေတဲ့ မြန်မာအက်ဂရိုအိတ်(စ်)ချိန်း အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်(MAEX) ကအသိပေးလိုက်ပါတယ်။
#Local_News
Published 27 November 2025
#တညင်းကုန်းလက်ကားဈေးကြီး #MAEX
#YMG/NN #Yangon_Times
ရှမ်းပြည်နယ်ရဲ့ဆောင်းရာသီသဘာဝရှုခင်းတွေကိုကြည့်ရှုနိုင်ဖိုတောင်ကြီး-ပေါမူ ရထားခရီးစဉ်ကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်းပြေးဆွဲပေးနေပြီဖြစ်တယ်လို့ သိရပါတယ်။
#Local_News
Published 27 November 2025
#ရထား #ရှမ်းပြည်နယ်
#YMG/SW #Yangon_Times
#Daily_News
Published 27 November 2025
၁။ ရှယ်ယာတစ်စုအတွက် အမြတ်ဝေစု(၉၀)ကျပ် ခွဲပေးမည်ဟု MAEX အသိပေး
၂။ သက်သာသောနှုန်းထားဖြင့် အိမ်အရောက်ပို့စနစ်နှင့်ဆန်များ ရောင်းချမည်
၃။ မိမိအစီအစဉ်ဖြင့် ခွင့်ပြန်လာသူများOWIC လျှောက်ထားမှုများပြားနေ
၄။ ကမ္ဘာ့အကြီးဆုံးရေခဲနှင့်နှင်းပန်းခြံဥယျာဉ်ကြီး တရုတ်ပြည်ဟာဘင်မြို၌စတင်ဆောက်လုပ်... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 27 November 2025
■ ဟောင်ကောင် အထပ်မြင့်အဆောက်အအုံများရှိရာ ထိုင်ပိုရပ်ကွက်မှာ မီးပြင်းထန်စွာ လောင်ကျွမ်းပြီး ၄၄ ဦး သေဆုံးကာ ၂၇၉ ဦး ပျောက်ဆုံးနေပါတယ်။
■ ဝါးငြမ်းတွေကနေ မီးတောက်တွေ ကူးစက်လောင်ကျွမ်းသဖြင့် လူနေထိုင်ရာ ဘလောက် ၇ ခု မီးစွဲခဲ့ပါတယ်။
■ ဆေးရုံတက်ကုသမှုခံယူရသူတွေထဲမှာ ၄၅ ဦးက အခြေအနေပြင်းထန်တယ်လို့ မီးသတ်ဌာနက ပြောပါတယ်။
■ ကြာသပတေးနေ့အစောပိုင်းက ဝေးလ်စ်မင်းသားဆေးရုံမှာ အမှုဆောင်ချုပ် ဂျွန်လီကာချူက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
■ သမ္မတရှီကျင့်ဖျင်ကလည်း ဝမ်းနည်းပူးဆွေးကြောင်း ထုတ်ဖော်ခဲ့ပြီး အပျက်အစီးဆုံးရှုံးမှု အနည်းဆုံးဖြစ်စေရန် အစွမ်းကုန်ကြိုးစားကြဖို့ တောင်းဆိုထားပါတယ်။
■ ဗုဒ္ဓဟူးနေ့ မွန်းလွဲ ၂ နာရီ ၅၁ မိနစ်မှာ မီးလောင်ကျွမ်းကြောင်း စတင်အကြောင်းကြားခဲ့ကြပြီး မကြာခင်မှာပဲ မီးဟုန်းဟုန်းတောက်ကာ ကောင်းကင်သို့ မီးခိုးငွေ့တွေ မြင့်တက်လာခဲ့ပြီး အိမ်ရာထဲက ဘလောက် ၇ ခုသို့ လျင်မြန်စွာ မီးပျံ့နှံ့သွားခဲ့ပါတယ်။
■ ဟောင်ကောင်မှာ မီးလောင်ကျွမ်းမှုတွေကို အဆင့်သတ်မှတ်လေ့ရှိပြီး ညနေ ၆ နာရီ ၂၂ မိနစ်မှာ အမြင့်ဆုံးအဆင့် ၅ သို့ ရောက်ရှိခဲ့ပါတယ်။
■ ဗီဒီယိုပြကွက်တွေထဲမှာ အဆောက်အအုံအပြင်ဘက်က ဝါးငြမ်းတွေမှာ မီးစွဲနေပြီး အစိမ်းရောင်ငြမ်းတွေ မီးလောင်ကျွမ်းကာ မြေပြင်သို့ ပြာကျပျက်စီးနေပါတယ်။
■ ငြမ်းတွေကို ဆောက်လုပ်ရေးနဲ့ ပြန်လည်ပြုပြင်ရေးမှာ အသုံးပြုကြပါတယ်။
■ အာဏာပိုင်တွေက အပြင်းအထန် စုံစမ်းစစ်ဆေးကြဖို့ ကတိပြုထားပြီး မီးလောင်ကျွမ်းရတဲ့ အကြောင်းအရင်းကို စဉ်းစားဆုံးဖြတ်နေကြပါတယ်။
Source: SCMP
#Local_News
Published 27 November 2025
▪️ မိုးနှောင်းဝါမျိုးများ ယှဉ်ပြိုင်စမ်းသပ်ခြင်းသုတေသနဆောင်ရွက်နေ
ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။
▪️ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်သည် ယမာန် နေ့မနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ စိုက်ပျိုးရေးဦးစီးဌာန မျိုးစေ့ဌာနခွဲ၏ သုတေသနဝင်းအတွင်း၌ စမ်းသပ်စိုက်ပျိုးထားသည့် မိုးနှောင်းဝါမျိုးများ ယှဉ်ပြိုင်စမ်းသပ်ခြင်း သုတေသနစိုက်ကွင်းကို ကြည့်ရှုစစ်ဆေးသည်။
▪️ ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူများက မိုးနှောင်းချဉ်မျှင်ရှည်ဝါ စမ်းသပ်စိုက်ပျိုးထားသည့် KTK-1 ၊ ငွေချည်-၁၁ ၊ RaKA-666 ၊ ရွှေတောင်-၈ ၊ B-31 မျိုးများ ယှဉ်ပြိုင် စိုက်ပျိုးထားခြင်း၏ ရည်ရွယ်ချက်များ၊ ဆောင်ရွက်ထားရှိမှုအခြေအနေနှင့် မျက်မြင်တွေ့ရှိမှုမှတ်တမ်းများကို တင်ပြကြသည်။
▪️ တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက ဝါသီးနှံကဏ္ဍ အဆင့်အတန်းတိုးတက်မြင့်မားလာစေရေးအတွက် ဝါမျိုးမြှင့်တင်ခြင်းလုပ်ငန်းကို အလေးထားဆောင်ရွက်ရန်လိုကြောင်း၊ လိုအပ်သည့်ပညာရှင်များ မွေးမြူလေ့ကျင့်ပေးရန်လိုကြောင်း၊ မျိုးကောင်းမျိုးသန့်ဝါမျိုးစေ့ လွှမ်းခြုံမှုအားကောင်းလာစေရေးအတွက် မျိုးစေ့အရည်အသွေးကို မှန်ကန်စွာဖော်ပြသည့် Truthfully Leveled Seed System ကို ဝါစိုက်ပျိုးတောင်သူများ ပါဝင်ဆောင်ရွက်စေခြင်း၊ မျိုးစေ့သက်သက်ကြိတ်ဝါးသည့် ဝါကြိတ်စက်များပေါ်ပေါက်လာစေခြင်း ဖြင့် ရေရှည်တည်တံ့သော ဒေသန္တရမျိုးစေ့စနစ် ပေါ်ပေါက်လာစေရန်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လေ့လာမှုစစ်တမ်းများအရ ဝါတစ်ဧက ဆေးဖျန်းကုန်ကျစရိတ်သည် သုံးသောင်းခွဲကျပ်မှ ငါးသောင်းကျပ်ဝန်းကျင် ကုန်ကျပြီး ဝါစိုက်ပျိုးသည့် တစ်ရာသီအတွက် ပိုးသတ်ဆေးဖျန်း ခြင်း သုံးကြိမ်မှငါးကြိမ်ခန့်အထိ ဆောင်ရွက်ကြရသဖြင့် စုစုပေါင်းဝါစိုက်ဧကအတွက် ဝါစိုက်တောင်သူများက လိုအပ်မှ ထိရောက်စွာဆေးဖျန်းပါက လျော့ကျသွားမည့် ကုန်ကျစရိတ်ကိုတွက်ချက်၍ စီးပွားရေးတွက်ခြေကိုက်မှုကို စိစစ်စေလိုကြောင်း ၊တောင်သူများအနေဖြင့် သီးနှံပင်များ ဖျက်ပိုးကျရောက်ပြီး စီးပွားရေးအရပျက်စီးဆုံးရှုံးမှု စတင်ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်အဆင့် (Economic Threshold Level – ETL)ကို သိရှိပြီး ပိုးသတ်ဆေးသုံးစွဲသည့် အကြိမ်ရေလျှော့ချနိုင်ရေး အသိပညာပေးသင်တန်းများ ဖွင့်လှစ်ပေးရမည် ဖြစ်ကြောင်း၊ ဝါသီးနှံဖွံ့ဖြိုးရေးတွင် ပါဝင်ဆောင်ရွက်နေကြသည့် သုတေသီနှင့် နည်းပညာပြန့်ပွားရေး ပညာရှင်များအနေဖြင့် ဝါသီးနှံ၏ သဘာဝနှင့်လိုအပ်ချက်များအပြင် မျိုးဗီဇထိန်းသိမ်းခြင်းကိုဆောင်ရွက်မည့် သုတေသီများ၊ ဝါသီးနှံဆိုင်ရာ ဇီဝကမ္မဗေဒ၊ ဝါသီးနှံဆိုင်ရာ ရောဂါဗေဒ၊ ဝါသီးနှံဆိုင်ရာ စိုက်ပျိုးရေးပညာရှင်များ၊ ဝါသီးနှံအထူးပြု စိုက်ပျိုးစီးပွားနှင့် လူမှုဘဝသုတေသီပညာရှင်များ အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အာဟာရဓာတ်အသုံးချမှု ထိရောက်စေရန်၊ အထွက်နှုန်းနှင့် အရည်အသွေးမြှင့်တင်နိုင်ရန်၊ စိုက်ပျိုးမှုကုန်ကျ စရိတ်ထိရောက်စေရန်နှင့် မြေဆီလွှာကျန်းမာရေး တိုးတက်စေရန်တို့အတွက် ဝါပင်၏ ပင်ပိုင်းကြီးထွားမှုအဆင့်နှင့် မျိုးပွားကာလတွင် ဝါပင်အတွင်းဖြစ်ပေါ်ပြောင်းလဲမှုများကို စူးစမ်းရှာဖွေသွားကြရန် မှာကြားသည်။
▪️ ထို့နောက် ဒုတိယဝန်ကြီးသည် စိုက်ပျိုးရေးဦးစီးဌာန၊ ဟင်းသီးဟင်းရွက်နှင့် အပင်ဇီဝဌာနခွဲ၊ ဥယျာဉ်ခြံဌာနသို့ သွားရောက်၍ နေပြည်တော်ကောင်စီနယ်မြေအတွင်း အမယ်သစ်သီးနှံ ရရှိရေး စမ်းသပ်စိုက်ပျိုးထားသည့် ဆင်ခရမ်းချဉ်စိုက်ပျိုးဖြစ်ထွန်းနေမှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 27 November 2025
▪️ ရတနာပုံ တိရစ္ဆာန်ဥယျာဉ်သို့ ပန်ဒါနီလေးများရောက်ရှိလာပြီး ပြသထားပြီဖြစ်ကြောင်း တိရစ္ဆာန်ဥယျာဉ် (ရတနာပုံ)ကအသိပေးထားသည်။
▪️ အဆိုပါ တိရိစ္ဆာန်ဥယျာဉ်သို့ နိုဝင်ဘာ၂၆ရက်က ရောက်ရှိ၍ ပြသထားပြီဖြစ်ကာ လက်တလောတွင် ပန်ဒါနီလေးကောင်ကို ပြသထားကြောင်းသိရသည်။
▪️ "ဒီလို ချစ်မြတ်နိုးဖွယ်ကောင်းပြီး ရှားပါးမျိုးစိတ်ဖြစ်သည့် ပန်ဒါနီလေးများကို တိရစ္ဆာန်ဥယျာဉ် ( ရတနာပုံ )တွင်အခုပဲမြင်တွေ့နိုင်ပြီ " ဟုဆိုထားသည်။
▪️ အဆိုပါ ပန်ဒါနီလေးများသည် ဝိုင်းစက်၍ လှပသောမျက်ဝန်းလေးများ ၊ အနီရောင် နှင့် အညိုရောင်ရှိသည့် အမွှေးပွပွလေးများ ၊ တုတ်ခိုင်သည့် အမြှီးရှည်လေးများ ပိုင်ဆိုင်ထားကြောင်းသိရသည်။
▪️ ထို့အပြင် ချစ်စဖွယ်ဟန်ပန် အမူအယာလေးများကိုလည်း ပိုင်ဆိုင်ထား သောကြောင့် လာရောက်ကြည့်ရှုူ့ကြရန်လည်း ဖိတ်ခေါ်ထားကြောင်းသိရသည်။
#YMG/NN #Yangon_Times
#World_Science
Published 27 November 2025
■ ဝေးလံတဲ့ဂြိုဟ်တွေပေါ်က သက်ရှိတွေကို ရှာဖွေဖို့ရည်ရွယ်တဲ့ ကင်မရာအသစ်တစ်မျိုး ထုတ်လုပ်နိုင်ဖို့ ဒါဟမ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တွေ ကြိုးစားနေကြပါတယ်။
■ ပုံရိပ်ပြတ်သားမှုမြင့်မားတဲ့ ကင်မရာကို ဖန်တီးနေတဲ့ သုတေသီတွေက ယူကေအဖွဲ့မှာ ပါဝင်ပြီး နာဆာရဲ့ နေထိုင်ရှင်သန်နိုင်သောဂြိုဟ်များစောင့်ကြည့်ရေး(HWO)မစ်ရှင်အတွက် အသုံးပြုဖို့ ဖြစ်ပါတယ်။
■ HWO က ကမ္ဘာလိုမျိုးဂြိုဟ်တွေကို ရှာဖွေပြီး သက်ရှိအရိပ်အယောင်တွေ စစ်ဆေးဖို့ အထူးထုတ်လုပ်တဲ့ ပထမဆုံး အဝေးကြည့်မှန်ပြောင်း ဖြစ်လာမှာပါ။
■ ၂၁ ရာစုရဲ့ Hubble Space တယ်လီစကုပ် ဖြစ်လာပြီး တွေ့ရှိမှုကြီးတွေ ရလာနိုင်တယ်လို့ ဒါဟမ်တက္ကသိုလ်မှ ပရော်ဖက်ဆာ ရစ်ချတ်မက်ဆီက ပြောပါတယ်။
■ နာဆာရဲ့ HWO အာကာသမစ်ရှင်ကို ၂၀၄၀ အစောပိုင်းမှာ စတင်ဖို့ မျှော်မှန်းထားပါတယ်။
■ ကမ္ဘာလိုမျိုး ကျောက်သားဂြိုဟ်တွေက ကြယ်တွေနဲ့ နီးကပ်ပြီး သူတို့ရဲ့ အလင်းတောက်ပမှုကြောင့် လေ့လာကြည့်ရှုရတာ ခက်ခဲပါတယ်။
■ ယခုတယ်လီစကုပ်ကတော့ အလင်းစူးစူးတွေကို ပိတ်ပင်နိုင်မယ့် ကိရိယာတစ်မျိုး အသုံးပြုမှာဖြစ်ပါတယ်။
■ ကင်မရာအနေနဲ့ ဂြိုဟ်တစ်ခုရဲ့ အလေးချိန်ထုကို တိုင်းတာပြီး သက်ရှိတွေရဲ့ ဓာတုလက္ခဏာများ ရှိမရှိ စစ်ဆေးနိုင်မှာ ဖြစ်ပါတယ်။
■ ဒီအဖွဲ့ကို လန်ဒန်ကောလိပ်တက္ကသိုလ်က ဦးဆောင်ပြီး ပို့စ်မောက်တက္ကသိုလ်၊ RAL Space ၊ ယူကေနက္ခတ္တနည်းပညာစင်တာနဲ့ ဒါဟမ်တက္ကသိုလ်တို့မှ သိပ္ပံပညာရှင်များနဲ့ အင်ဂျင်နီယာများ ပါဝင်ထားပါတယ်။
■ ဒါ့အပြင် ယူကေအာကာသအေဂျင်စီကလည်း ဒီအဖွဲ့ကို ရန်ပုံငွေထောက်ပံ့ပေးထားပါတယ်။
Source: BBC.
#World_Health
Published 27 November 2025
■ သာမန်မျက်လုံးစကင်စစ်ဆေးခြင်းနည်းလမ်းတွေဖြင့် လူတစ်ဦးမှာ လေဖြတ်ဝေဒနာ ခံစားရနိုင်ခြေကို ခန့်မှန်းနိုင်မယ်လို့ လေ့လာချက်ပြုလုပ်ထားပါတယ်။
■ သုတေသီတွေက မြင်လွှာသွေးကြောဖွဲ့စည်းပုံနဲ့ အနာဂတ်မှာ လေဖြတ်နိုင်ခြေတို့ကြား ဆက်စပ်ပုံကို တွေ့ရှိထားပါတယ်။
■ ဒီသွေးကြောထဲက ပြောင်းလဲမှုပုံစံတွေကို ဆန်းစစ်ကြည့်ပြီး လေဖြတ်နိုင်ခြေကို လျှော့ချကာ အသက်တွေကို ကယ်တင်နိုင်မည့်နည်းလမ်းတွေ ရရှိလာနိုင်ပါတယ်။
■ မျက်လုံးအနောက်ဘက်က မြင်လွှာအစိတ်အပိုင်းကို ပုံရိပ်စကင်စစ်ဆေးရာမှာ လေဖြတ်ခြင်းနဲ့ ဆက်စပ်တဲ့ သွေးကြောလက္ခဏာပေါင်း ၂၉ မျိုး တွေ့ရှိခဲ့ကြပါတယ်။
■ ဒီထဲမှာ သွေးကြောသိပ်သည်းဆ၊ အရှည်အလျား၊ ခွဲဖြာပုံစံတွေ အမျိုးမျိုး ဖြစ်နေပါတယ်။
■ သုတေသီတွေက အသက် ၅၅ နှစ်အထက် လူပေါင်း ၄ သောင်းခွဲရဲ့ မြင်လွှာပုံရိပ်များကို ဆန်းစစ်ခဲ့ကြပြီး ၁၂ နှစ်ခွဲကြာအောင် စောင့်ကြည့်ခဲ့ရာမှာ ၇၄၉ ဦးက လေဖြတ်ခြင်းဝေဒနာ ခံစားခဲ့ရပါတယ်။
■ အယ်ဂိုရစ်သမ်စနစ်များဖြင့် မြင်လွှာတွေထဲက သွေးကြောရာတွေကို တွေ့ရှိစေပြီး လေဖြတ်အန္တရာယ်နဲ့ ဆက်စပ်နေတဲ့ သွေးကြောပြောင်းလဲမှုတွေကို ပိုမိုနားလည်စေပါတယ်။
■ မြင်လွှာပုံရိပ်ဖတ်နည်းလမ်းက နည်းပညာလိုအပ်ချက် နည်းပါးစွာဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ခံယူနိုင်ကာ လေဖြတ်ခြင်းကို ကာကွယ်စေနိုင်မှာ ဖြစ်ပါတယ်။
■ လေဖြတ်ခြင်းခန့်မှန်းနိုင်မယ့်ပုံစံတွေကို ဒီထက်အဆင်ပြေချောမွေ့စေဖို့ နောက်ထပ်သုတေသနတွေ ပြုလုပ်ထားသွားမှာ ဖြစ်ပါတယ်။
■ ကျန်းမာရေးစောင့်ရှောက်မှုအပိုင်းမှာ AI နဲ့ မြင်လွှာပုံရိပ်ဖတ်စနစ် ပူးပေါင်းနိုင်ပါက ရောဂါရှာဖွေရေး လွယ်ကူလာမှာဖြစ်ပြီး အသက်ပေါင်းများစွာအတွက် အကျိုးရှိစေမှာ ဖြစ်ပါတယ်။
Source: Daily Galaxy
၂၆ နိုဝင်ဘာ ၂၀၂၅
မြန်မာနိုင်ငံတွင်မကြာမီကျင်းပတော့မည့် အထွေထွေရွေးကောက်ပွဲကြီးတွင် မဲပေးခွင့်ရရှိစေရေးအတွက် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီသည် ပုဒ်မ ၅၀၅-က ဖြင့် အရေးယူအပြစ်ပေးခံရသူများကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်၊ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်နှင့် စွဲဆိုဆဲယင်းအမှုများကိုပါ ပိတ်သိမ်းပေးမည် ဖြစ်ကြောင်း နိုဝင်ဘာ ၂၆ ရက်ညတွင် အမိန့်များထုတ်ပြန်ကြေညာခဲ့သည်။
အမိန့်အမှတ်၁၀/၂၀၂၅ ဖြင့် ရာဇသတ်ကြီးပုဒ်မ ၅၀၅-က အရ ပြစ်မှု ထင်ရှားစီရင်ခံရပြီး အကျဉ်း ထောင်/အချုပ်ထောင်/အကျဉ်းစခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား/ အကျဉ်းသူ ၇၂၄ ဦးကို “နောက်တစ်ကြိမ် ပြစ်မှုထပ်မံ ကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါဆက်လက်ကျခံပါ မည်” ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြုခဲ့သည်။
အမိန့်အမှတ် ၁၁/၂၀၂၅ဖြင့် ရာဇသတ်ကြီးပုဒ်မ ၅၀၅-က အရ ပြစ်မှု ထင်ရှားစီရင်ခံ ရပြီး အကျဉ်း ထောင်/အချုပ်ထောင်/အကျဉ်းစခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား /အကျဉ်းသူ ၂၃၆၁ ဦးကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ ယင်းတို့ကျခံရန် ကျန်ရှိသော ပြစ်ဒဏ် များအပေါ် လျှော့ပေါ့၍ လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့သည်။
ထို့အပြင် အမိန့်အမှတ် ၁၂/၂၀၂၅ဖြင့် ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့်လည်းကောင်း၊ ယင်းပြစ်မှုဖြင့် ထွက်ပြေး တိမ်းရှောင်နေ သဖြင့် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၁၂ ဖြင့်လည်းကောင်း တရားစွဲဆိုခံရသူ ၅၅၈၀ ဦး တို့၏ ကြားနာစစ် ဆေးဆဲ အမှုများကို ပိတ်သိမ်း၍ တရားခံများအား အမှုမှ လွှတ်ခဲ့ကြောင်း သိရသည်။
မကြာမီကျင်းပတော့မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီးတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်ပြည်သူအားလုံး ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေရေး နှင့် လွတ်လပ်မျှတစွာ ဆန္ဒမဲပေးနိုင်ရေး အတွက် ယခုကဲ့သို့ အမိန့်များထုတ်ပြန် လွတ်ငြိမ်းခွင့်များပေးခဲ့ခြင်းဖြစ်ကြောင်း အမိန့်များတွင် ဖော်ပြ ထားသည်။ End-
26 November, 2025-NAYPYIDAW, MYANMAR — The National Defence and Security Council (NDSC) of Myanmar announced a sweeping series of orders late Wednesday night, November 26, 2025, granting amnesty, sentence reductions, and the dismissal of thousands of pending cases for individuals charged under Section 505-A of the Penal Code.
The move, described in the official orders as being made "to ensure that all eligible voters do not lose their right to vote and are able to vote freely and fairly in the upcoming multi-party democratic General Election," affects a total of 8,665 individuals.
Section 505-A of the Penal Code addresses and penalizes actions characterized as incitement. The statute is frequently applied to the prosecution of individuals for spreading "false news" or causing public fear, and it carries a maximum sentence of up to three years.
Breakdown of the Orders
The three orders, issued under specific sections of the law, detail the scope of the clemency:
Order No. 10/2025 (Full Amnesty): A total of 724 prisoners (both male and female) currently serving sentences for convictions under Section 505-A in prisons and labour camps were granted full amnesty for the remainder of their sentences. This pardon comes with a strong stipulation: they must serve their remaining sentence in addition to the penalty for any future offense they may commit.
Order No. 11/2025 (Sentence Commutation): Another 2,361 convicted prisoners (both male and female) under Section 505-A received a commutation of sentence (leniency) for the remainder of their terms, in accordance with Section 401, sub-section (1) of the Code of Criminal Procedure.
Order No. 12/2025 (Case Dismissal): This order affects the largest group, with charges officially dropped against 5,580 individuals whose cases were currently under trial. This includes those prosecuted under Section 505-A, as well as those charged under Section 512 of the Code of Criminal Procedure for absconding in connection with the offense. These defendants have been released from their cases.
The total number of prisoners released or granted leniency is 3,085, and 5,580 individuals facing trial have had their cases dropped.
The NDSC emphasized that the overarching intent of the orders is to reinstate the right to vote for those who had been penalized under this section, clearing the legal obstacles to their participation in the scheduled General Election.
#ymg/knl

နိုင်ငံအမျိုးမျိုးမှ မော်တော်ယာဉ် ထုတ်လုပ်သူတွေဟာ ၂၀၂၅ ကွမ်ကျိုးနိုင်ငံတကာ မော်တော်ယာဉ်ပြပွဲမှာ တရုတ်ဈေးကွက်အတွက် အထူးထုတ်လုပ်ထားတဲ့ ထုတ်ကုန်များကို မိတ်ဆက်ပြသခဲ့ပါတယ်။
#World_Event
Published 26 November 2025
#ကွမ်ကျိုး #မော်တော်ယာဉ်
#YMG #Yangon_Times #Yangon_Media_Group
Page 23 of 1855