#Local_News
Published 26 September 2026
■ ကျန်းမာရေးဝန်ကြီးဌာနက တိုင်းရင်းဆေးဝါး(၄)မျိုးကို အနောက်တိုင်းဆေးရောနှောထားပြီး မှတ်ပုံတင်ထားခြင်းမရှိသည့် တိုင်းရင်းဆေးဝါးများဖြစ်သည့်အတွက် အများပြည်သူသုံးစွဲရန်မသင့်ကြောင်း စက်တင်ဘာလ ၂၅ ရက် ရက်စွဲဖြင့် အသိပေးထုတ်ပြန်ထားသည်။
■ သတင်းပေးတိုင်ကြားချက်များအရ တိုင်းရင်းဆေးဝါးကြီးကြပ်ရေးကော်မတီက ငမိုးရိပ်ရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ နေအိမ်တစ်အိမ်ကို ရှောင်တခင်ဝင်ရောက်စစ်ဆေးရှာဖွေခဲ့ရာမှ ယခုကဲ့သို့စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်သည်။
■ အဆိုပါတိုင်းရင်းဆေးဝါးများမှာ အာရှရွှေကြယ်အမှတ်တံဆိပ် အဆစ်အမျက်ရောင် ရောဂါသောက်ဆေး ဆေးမှုန့်နှင့် ဆေးထုပ်၊ အာရှရွှေကြယ်အမှတ်တံဆိပ် ချောင်းဆိုးရင်ကျပ်သောက်ဆေး ဆေးမှုန့်နှင့်ဆေးထုပ်၊ ရတနာဖြိုးအမှတ်တံဆိပ် အဆစ်ရောင်ရောဂါသောက်ဆေး ဆေးမှုန့်နှင့် ဆေးထုပ်၊ ဆေးတံဆိပ်ပါဝင်ခြင်းမရှိသည့် ဆေးမှုန့်နှင့်ဆေးထုပ်များဖြစ်ပြီး ယင်းဆေးများသည် မှတ်ပုံတင်နှင့် တိုင်းရင်းဆေးဝါးထုတ်လုပ်ခွင့်လိုင်စင် ခွင့်ပြုထားမှုမရှိခြင်း ၊ အနောက်တိုင်းဆေးဝါး(ပါရာစီတာမော့)ရောနှောထားခြင်းတို့ကို စစ်ဆေးတွေ့ရှိရကြောင်း ဆိုထားသည်။
■ ထို့ကြောင့် ယခုထုတ်ပြန်ထားသည့်ဆေး(၄)မျိုးကို အများပြည်သူများအနေဖြင့်သုံးစွဲရန်မသင့်ကြောင်း ၊ တိုင်းရင်းဆေးဝါးထုတ်လုပ်ဖြန့်ဖြူးသည့်လုပ်ငန်းများနှင့်ဆေးဝါးများရောင်းချသည့် ဆေးဆိုင်များအနေဖြင့် တိုင်းရင်းဆေးပညာဦးစီးဌာန၌ မှတ်ပုံတင်ထားခြင်း မရှိသည့် တိုင်းရင်းဆေးဝါးများ၊ ဆေးဝါးအတုများ၊ စံမညီ တိုင်းရင်းဆေးဝါးများ၊ အများပြည်သူသုံးစွဲရန်မသင့်ကြောင်း ကြေညာထားသည့် တိုင်းရင်းဆေးဝါးများကို တင်သွင်းဖြန့်ဖြူးရောင်းချတာကို ကျင့်ဝတ်အရလုံးဝမပြုလုပ်ရန်နှင့် လိုက်နာဆောင်ရွက်မှုမရှိပါက တိုင်းရင်းဆေးဝါးဥပဒေ ပုဒ်မ(၃၁)၊ (၃၂)အရ တရားစွဲဆို အရေးယူခံရမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။
#YMG/NN #Yangon_Times
#Local_News
Published 26 September 2026
■ ချမ်းမြေ့ရိပ်သာကျောင်းတိုက်၊ ဦးစီးပဓာနမဟာနာယက၊ နိုင်ငံတော်ဩဝါဒါစရိယ ချမ်းမြေ့ဆရာတော်ကြီး ဘဒ္ဒန္တ ဇနကာဘိဝံသ မဟာထေရ်မြတ်ကြီး၏ သရီရဓာတုပဝါဟန အရိုးပြာ ရေမျှောပူဇော်ပွဲကို စက် တင်ဘာလ ၂၆ ရက်၊ မနက်ပိုင်းကကျင်းပခဲ့ကြောင်းသိရသည်။
■ အဆိုပါအခမ်းအနားကို သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ဦးစွာဆရာတော်ကြီး၏ ကြွင်းကျန်ရစ်သည့် အရိုးဓာတ်ပြာတော်များကို ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ သုဝဏ္ဏဘုမ္မိကွင်းမှပင့်ဆောင်ကြကြောင်းသိရသည်။
■ ထို့နောက် သရီရ အရိုးဓာတ်ပြာတော်များကို ကရဝိက်ယာဉ်ပေါ်သို့ အစီအစဉ်အတိုင်း ပင့်ဆောင်ကာ ပန်းဆိုးတန်းဆိပ်ကမ်းသို့ရောက်ရှိပြီးနောက် သရီရအရိုးဓာတ်ပြာတော်များကို ရေယာဉ်ပေါ်သို့ ပင့်ဆောင်ခဲ့ပြီး ဆရာတော်ကြီး၏ အရိုးဓာတ်ပြာတော်များကို ရန်ကုန်မြစ်ထဲသို့ ရေမျှောပူဇော်ခဲ့ကြောင်းသိရသည်။
■ ထို့အပြင် နိုင်ငံတော်ဩဝါဒါစရိယ၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ချမ်းမြေ့ဆရာတော်ဘုရားကြီး၏အန္တိမအဂ္ဂိဈာပန သာဓုကီဠနသဘင်ကို စက်တင်ဘာလ ၂၅ ရက်နေ့တွင်နိုင်ငံတော်အဆင့်အခမ်းအနားအဖြစ်ကျင်းပခဲ့ရာ ရဟန်းရှင်လူ တပည့်သား ၊ဒါယကာ၊ဒါယကာမများက သောင်းသောင်းဖြဖြလိုက်ပါ ပူဇော်ခဲ့ကြသည်။
■ ချမ်းမြေ့ဆရာတော်ဘုရားကြီးသည် သက်တော် ၉၉ နှစ်၊ သိက္ခာဝါတော် ၇၉ ဝါရှိကာ စက်တင်ဘာလ ၁၉ ရက် နံနက် ၁၁ နာရီ ၃ မိနစ်တွင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ခြင်းဖြစ် ကြောင်းသိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 26 September 2026
■ ပြည်တွင်းရှိ ဆီစက်လုပ်ငန်းများ အဆင့်မြှင့်တင်ခြင်း၊ ခေတ်မီစက်ပစ္စည်းများ တိုးချဲ့တပ်ဆင်ခြင်း၊ ဆီစက်အသစ်များ တည်ဆောက်ခြင်းနှင့် လုပ်ငန်းသုံး လှည့်ပတ်ရင်းနှီးငွေ လိုအပ်ချက်များအတွက် ဆီစက်လုပ်ငန်းဖွံ့ဖြိုးရေးချေးငွေကို ကျပ်သိန်း ၅,၀၀၀ အထိ ထုတ်ချေးပေးနေပြီး ဆီစက်လုပ်ငန်းရှင်များအနေဖြင့် သတ်မှတ်ချက်များနှင့် ကိုက်ညီပါက လျှောက်ထားနိုင်ကြောင်း ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေ စီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့က အသိပေးကြေညာထားသည်။
■ အဆိုပါချေးငွေကို နိုင်ငံတော်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးအတွက် စီမံဆောင်ရွက်ခြင်းဖြစ်ပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထူထောင်ထားကာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်နှင့် ပုဂ္ဂလိကဘဏ် ၁၄ ဘဏ်တို့မှ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
■ ချေးငွေလျှောက်ထားသူသည် လက်ရှိလုပ်ငန်းလည်ပတ်လုပ်ကိုင်နေသည့် ဆီစက်ဖြစ်ရမည်ဖြစ်ပြီး လုပ်ငန်းအမည်ပေါက် သက်တမ်းရှိလိုင်စင် ရှိရမည်ဖြစ်သည့်အပြင် ချေးငွေအတွက် အာမခံအဖြစ် အမည်ပေါက်ပိုင်ဆိုင်သည့် မရွှေ့မပြောင်းနိုင်သောပစ္စည်းများနှင့် လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် (ပုံစံ-၇) တို့ကို ပေးအပ်နိုင်ရမည်ဖြစ်သည်။
■ နိုင်ငံပိုင်ဘဏ်များနှင့် ပုဂ္ဂလိကဘဏ်များတွင် လက်ရှိချေးငွေရယူထားသူများအနေဖြင့် ဆီစက်ဖွံ့ဖြိုးရေးချေးငွေ ထပ်မံရယူလိုပါက သီးခြားအာမခံတင်သွင်းနိုင်မှသာ လျှောက်ထားနိုင်မည်ဖြစ်ပြီး FDA လက်မှတ်နှင့် အသေးစားစက်မှုလုပ်ငန်းမှတ်ပုံတင်လက်မှတ် ရရှိထားသည့် အသင်းဝင်လုပ်ငန်းရှင်များကိုလည်း ဦးစားပေးစဉ်းစားမည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။
■ ချေးငွေပမာဏအနေဖြင့် လုပ်ငန်းသုံးလှည့်ပတ်ရင်းနှီးငွေ (Working Capital) အတွက် အနည်းဆုံး ကျပ်သိန်း ၁၀၀ မှ အများဆုံး ကျပ်သိန်း ၅,၀၀၀ အထိ လျှောက်ထားနိုင်ပြီး မတည်ရင်းနှီးငွေ (Fixed Capital) အတွက် အနည်းဆုံး ကျပ်သိန်း ၂၀၀ မှ အများဆုံး ကျပ်သိန်း ၅,၀၀၀ အထိ လျှောက်ထားနိုင်သည်။
■ Working Capital ချေးငွေသက်တမ်းမှာ တစ်နှစ်ဖြစ်ပြီး Fixed Capital ချေးငွေသက်တမ်းမှာ သုံးနှစ်ဖြစ်ကာ တစ်နှစ်ဆိုင်းငံ့ကာလနှင့် နှစ်နှစ်ပြန်ဆပ်ကာလ သတ်မှတ်ထားသလို ခြောက်လတစ်ကြိမ် ပြန်လည်ပေးဆပ်ရမည်ဖြစ်ပြီး ချေးငွေအတိုးနှုန်းမှာ တစ်နှစ်လျှင် ၅ ရာခိုင်နှုန်း သတ်မှတ်ထားသည်။
■ ဆီစက်ဖွံ့ဖြိုးရေးချေးငွေ လျှောက်ထားလိုသည့် လုပ်ငန်းရှင်များအနေဖြင့် နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဆီစက်ပိုင်ရှင်များအသင်းရုံးများ၊ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းရုံးများ၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနရုံးခွဲများ၊ မြန်မာ့စီးပွားရေးဘဏ်နှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၏ ရုံးခွဲများတွင် ချေးငွေအဆိုပြုလွှာများ ရယူလျှောက်ထားနိုင်ကြောင်း သိရသည်။
■ ထို့အပြင် ကမ္ဘောဇဘဏ်၊ ဧရာဝတီဘဏ်၊ ယူအေဘီဘဏ်၊ မြန်မာ့ရှေ့ဆောင်ဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်၊ မြန်မာအရှေ့တိုင်းဘဏ်၊ နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်၊ အသေးစားနှင့်အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဘဏ်၊ ဧရာဝတီတောင်သူလယ်သမားများ ဖွံ့ဖြိုးတိုးတက်ရေးဘဏ်၊ ကျေးလက်နှင့်မြို့ပြဖွံ့ဖြိုးတိုးတက်ရေးဘဏ်၊ သတ္တုဖွံ့ဖြိုးတိုးတက်ရေးဘဏ်၊ မြန်မာ့ခရီးသွားဘဏ်၊ ဆောက်လုပ်ရေးအိမ်ရာနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ်နှင့် မြန်မာမက်ထရိုဘဏ်တို့အပါအဝင် ပုဂ္ဂလိကဘဏ် ၁၄ ဘဏ်မှလည်း လျှောက်ထားနိုင်ကြောင်း ဖော်ပြထားသည်။
■ ဆီစက်ချေးငွေ အဆိုပြုလွှာပုံစံများကို ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်း၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၊ မြန်မာ့စီးပွားရေးဘဏ်နှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တို့၏ ဝက်ဘ်ဆိုက်များတွင် Download ရယူနိုင်ကြောင်း ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေ စီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့က အသိပေးထားသည်။
#YMG/SW #Yangon_Times
#Daily_News
Published 25 September 2026
၁။ ကိုရီးယားအပါအဝင်ဒေသတွင်းနိုင်ငံများ၏ ငွေကြေးများနှင့်တိုက်ရိုက်ပေးချေနိုင်ရေးဆွေးနွေးသွားမည်
၂။ ဂျပန်ဖောင်ဒေးရှင်း၏ ၂၀၂၇ ဘဏ္ဍာရေးနှစ် ထောက်ပံ့မှုအစီအစဉ်များ လျှောက်ထားနိုင်
၃။ စက်တင်ဘာ(၂၉)ရက်အထိဒေသအချို့၌ မိုးကြီးလေထန်၍သဘာဝဘေးဖြစ်ပေါ်နိုင်
၄။ တရုတ်သမ္မတရှီကျင့်ဖျင်နှင့်အမေရိကန်သမ္မတထရမ့်တို့ဆွေးနွေး... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ဒီကနေ့ကနေလာမယ့် စက်တင်ဘာ(၂၉)ရက်အထိ ဒေသအချို့၌ မိုးကြီး လေထန်ပြီး သဘာဝဘေးအချို့ဖြစ်ပေါ်နိုင်တာကြောင့် သတိပြုနေထိုင်ကြဖို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ဒီကနေ့မနက်ပိုင်းမှာထုတ်ပြန်တဲ့မိုးကြီးမယ့်သတိပေးချက် အမှတ်စဉ် (၈၂/၂၀၂၆) ထုတ်ပြန်ပြီး အသိပေးထားပါတယ်။
#Local_News
Published 25 September 2026
#မိုးကြီးလေထန်
#YMG/NN #Yangon_Times
ဂျပန်ဖောင်ဒေးရှင်းရုံးချုပ်က နှစ်စဉ်ပြုလုပ်နေတဲ့ ထောက်ပံ့မှုအစီအစဉ်တွေထဲက မြန်မာနိုင်ငံရှိယဉ်ကျေးမှုနဲ့အနုပညာနယ်ပယ်က ပညာရှင်တွေ လျှောက်ထားနိုင်မယ့်အစီအစဉ်တွေကိုအသိပေးထားပါတယ်။
#Local_News
Published 25 September 2026
#ဂျပန်ဖောင်ဒေးရှင်း
#YMG/SW #Yangon_Times
ကိုရီးယားသမ္မတနိုင်ငံအပါအဝင် ဒေသတွင်းနိုင်ငံများရဲ့ ငွေကြေးတွေနဲ့ တိုက်ရိုက်ပေးချေနိုင်ရေးဆွေးနွေးဆောင်ရွက်သွားမယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦးကပြောပါတယ်။
#Local_News
Published 25 September 2026
#ကိုရီးယား
#YMG/SW #Yangon_Times
တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ စက်တင်ဘာ ၂၄ ရက် ကြာသပတေးနေ့ မနက်ပိုင်းမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အိမ်ဖြူတော်မှာကျင်းပပေးတဲ့ နိုင်ငံတော်ကြိုဆိုပွဲကိုတက်ရောက်ခဲ့ပါတယ်။
#World_News
Published 25 September 2026
#တရုတ်သမ္မတရှီကျင့်ဖျင် #အမေရိကန်သမ္မတထရမ့်
#YMG #Yangon_Times #Yangon_Media_Group
#Local_News
နေပြည်တော်၊ စက်တင်ဘာ ၂၆
■ ပဲခူးတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်နယ်စပ်ရှိ NUG ၏ အထူးတိုင်းစစ်ဌာနချုပ်ဟု ဖော်ပြထားသည့် နေရာကို တပ်မတော်က မြေပြင်လုံခြုံရေးလုပ်ငန်းများဆောင်ရွက်ပြီး လေကြောင်းမှ တိုက်ခိုက်ခဲ့ကြောင်း တပ်မတော်ကသတင်းထုတ်ပြန်ထားသည်။
■ ယင်းတိုက်ခိုက်မှုတွင် DCS စစ်ပြေး နေဝင်းအောင် သေဆုံးခဲ့ပြီး တင်လင်းအောင်နှင့် NUG အထူးတိုင်းစစ်ဌာနချုပ်မှ တိုင်းကွပ်ကဲရေးမှူးအဆင့်ရှိသူ အောင်စံရှားတို့အပါအဝင် NUG ခေါင်းဆောင်အချို့နှင့်အဖွဲ့ဝင်များ ပြင်းထန်စွာ ဒဏ်ရာရရှိခြင်းများ နှင့် ထိခိုက်သေဆုံးခြင်းများစွာ ဖြစ်ပွားခဲ့ ကြကြောင်း သတင်းတွင်ဖော်ပြထားသည်။
■ ဒေသခံများနှင့် အဖွဲ့အတွင်းမှ သတင်းပေးသူအချို့ထံမှ ရရှိသည့် လှုပ်ရှားမှုသတင်းများကို လုံခြုံရေးတပ်ဖွဲ့များက စိစစ်ထောက်လှမ်းပြီးနောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
■ တပ်မတော်အနေဖြင့် ဒေသခံများနှင့် ပူးပေါင်းကာ လက်နက်ကိုင်အဖွဲ့များအပေါ် စစ်ဆင်ရေးများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
#YMG #Yangon_Times #Yangon_Media_Group
#World_Health
Published 26 September 2026
■ သုတေသီတွေက ပြင်းထန်တဲ့ နာတာရှည်နာကျင်မှု အချက်ပြမှုများ စီးဆင်းပုံကို သိရှိရန် တစ်ဦးချင်းစီရဲ့ ဦးနှောက်လှုပ်ရှားမှုကို ပုံဖော်ခဲ့ကြပါတယ်။
■ ဆက်တိုက်ဖြစ်ပေါ်နေတဲ့ နာကျင်မှုအချက်ပြမှုများကို ဟန့်တားပေးနိုင်တဲ့ ဦးနှောက်အာရုံကြောဆိုင်ရာ ဘရိတ်ယန္တရားတစ်ခုကို တွေ့ရှိခဲ့ကြပါတယ်။
■ ဒီနည်းလမ်းဟာ DBS လို့ခေါ်တဲ့ ဦးနှောက်အတွင်းပိုင်း လျှပ်စစ်ဓာတ်ပေး စိစစ်ကုသမှုနဲ့ ဆင်တူပြီး ပစ်မှတ်ထား လျှပ်စစ်ဓာတ်ဆွပေးခြင်းကို အသုံးပြုထားပါတယ်။
■ ဦးနှောက်အတွင်း တပ်ဆင်ထားတဲ့ လျှပ်ခေါင်းများဟာ နာကျင်မှုလမ်းကြောင်းကို နှောင့်ယှက်ဖျက်ဆီးရန် တိကျတဲ့ လျှပ်စစ်အချက်ပြမှုများကို ပေးပို့ပါတယ်။
■ မျက်နှာပိုင်းပြင်းထန်စွာ နာတာရှည်နာကျင်နေသူများ ပါဝင်တဲ့ သုတေသနတစ်ခုမှာ ပစ်မှတ်ထား လျှပ်စစ်ဓာတ်ဆွပေးခြင်းက လူနာ ၂ ဦးရဲ့ နာကျင်မှုဝေဒနာများကို သက်သာစေခဲ့ပါတယ်။
■ ထိခိုက်ဒဏ်ရာကြောင့် ဖြစ်ပေါ်တဲ့ ရုတ်တရက်နာကျင်မှုများနဲ့ မတူဘဲ နာတာရှည်နာကျင်မှုဟာ ဦးနှောက်နဲ့ အာရုံကြောမကြီး ကွန်ရက်တွေရဲ့ ရေရှည်ပြောင်းလဲမှုများကြောင့် ဆက်လက်ဖြစ်ပေါ်နေခြင်း ဖြစ်ပါတယ်။
■ နာကျင်မှုဝေဒနာမှာ အာရုံခံစားမှု၊ ဓာတုဗေဒဆိုင်ရာ အချက်ပြမှုများနဲ့ စိတ်ခံစားမှုကွန်ရက်များ ပါဝင်နေတာကြောင့် တိကျစွာ ပစ်မှတ်ထားကုသရန် အလွန်အရေးကြီးပါတယ်။
■ ပညာရှင်တွေက တစ်ဦးချင်းစီအလိုက် ပုံဖော်ဆန်းစစ်တဲ့ နည်းလမ်းဟာ နာတာရှည်နာကျင်မှု ဝေဒနာများကို ကုသရာမှာ နယ်ပယ်သစ်တစ်ခုကို ဖွင့်လှစ်ပေးနိုင်မယ်လို့ ယုံကြည်ကြပါတယ်။
Source: WION
#World_Health
Published 26 September 2026
■ နေ့စဉ် လှုပ်ရှားမှု အနည်းအပါးပြုလုပ်ပေးရုံဖြင့် အနည်းဆုံး ကင်ဆာရောဂါ ၁၃ မျိုး ဖြစ်ပွားနိုင်ခြေကို လျှော့ချပေးနိုင်ကြောင်း ကျန်းမာရေး လေ့လာမှုအသစ်တစ်ခုက ဖော်ပြထားပါတယ်။
■ တစ်နေ့ကို ၃ မိနစ်ခန့် ကိုယ်လက်လှုပ်ရှားမှု ပြင်းပြင်းထန်ထန် ပြုလုပ်ရုံဖြင့် စုစုပေါင်း ကင်ဆာဖြစ်ပွားနိုင်ခြေကို ၇ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်ပါတယ်။
■ ပြင်းထန်တဲ့ လှုပ်ရှားမှုပုံစံတွေမှာ လှေကားအတက်အဆင်း ပြုလုပ်ခြင်း၊ ခပ်သွက်သွက် လမ်းလျှောက်ခြင်း၊ ခွန်အားစိုက်ရတဲ့ လေ့ကျင့်ခန်းများ ပါဝင်ပါတယ်။
■ ဒါ့အပြင် တစ်နေ့ကို မိနစ် ၃၀ ခန့် ထိုင်နေတဲ့အချိန်အစား မတ်တပ်ရပ်ပေးခြင်းဖြင့်လည်း အလားတူ ကာကွယ်မှု အကျိုးကျေးဇူးကို ရရှိစေပါတယ်။
■ အချိန်ကြာမြင့်စွာ ငြိမ်ငြိမ်ထိုင်နေတဲ့ အလေ့အထက ကင်ဆာရောဂါအမျိုးမျိုး ဖြစ်ပွားနိုင်ခြေနဲ့ တိုက်ရိုက်ဆက်စပ်နေပါတယ်။
■ တစ်ဆက်တည်းမဟုတ်ဘဲ ခဏပြုလုပ်တဲ့ လှုပ်ရှားမှုငယ်လေးတွေက အားကစားခန်းမ သွားလုပ်စရာမလိုဘဲ ရုပ်ပိုင်းဆိုင်ရာ အကျိုးကျေးဇူး အမြောက်အများ ပေးစွမ်းနိုင်ပါတယ်။
■ အသေးစားနဲ့ ရေရှည်ပြုလုပ်နိုင်တဲ့ လူနေမှုပုံစံ အပြောင်းအလဲတွေကပင် ကင်ဆာဖြစ်ပွားနိုင်ခြေကို သိသိသာသာ လျှော့ချပေးနိုင်ကြောင်း လေ့လာတွေ့ရှိချက်များက မီးမောင်းထိုးပြနေပါတယ်။
■ ကျန်းမာရေးကျွမ်းကျင်သူများက အချိန်ကြာမြင့်စွာ ဆက်တိုက်လေ့ကျင့်ခန်းလုပ်ခြင်းထက် နေ့စဉ် ခဏခဏ လှုပ်ရှားမှုပြုလုပ်ပေးတဲ့ အလေ့အထက ပိုမိုအရေးပါကြောင်း အလေးပေးပြောထားပါတယ်။
Source: Toronto Sun
တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ စက်တင်ဘာ ၂၄ ရက် ကြာသပတေးနေ့ မနက်ပိုင်းမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အိမ်ဖြူတော်မှာကျင်းပပေးတဲ့ နိုင်ငံတော်ကြိုဆိုပွဲကိုတက်ရောက်ခဲ့ပါတယ်။
#World_News
Published 25 September 2026
#တရုတ်သမ္မတရှီကျင့်ဖျင် #အမေရိကန်သမ္မတထရမ့်
#YMG #Yangon_Times #Yangon_Media_Group
Page 18 of 2096