ရွှေကို လေပတ်ကားနဲ့အရောင်းအဝယ်မလုပ်ဖို့နဲ့ သတ်မှတ်ရည်ညွှန်းဈေးနဲ့ သာ ရောင်းဝယ်ကြဖို့ ရန်ကုန်တိုင်းဒေသကြီးအဖိုးတန်သတ္တု(ရွှေ) ရောင်းဝယ်သူများအသင်းက ယမာန်နေ့ကအသိပေးထုတ်ပြန်လာပါတယ်။
#Local_News
Published 06 December 2025
#ရွှေ #လေပတ်ကား
#YMG/NN #Yangon_Times
#Local_News
Published 06 December 2025
▪️ အောင်ပန်းမြို့နယ် ပြည်ထောင်စုလမ်းမကြီး၌ Express ယာဉ်နှင့် Nissan Atlas ယာဉ်တို့ တိုက်မိပြီး အမျိုးသမီးနှစ်ဦးညှပ်နေ၍ ကယ်ထုတ်ပေးခဲ့ရကြောင်းသိရသည်။
▪️ ဒီဇင်ဘာ ၆ ရက်နေ့၊ မနက် ၈နာရီ ခွဲ အချိန်ခန့်က ရှမ်းပြည်နယ်၊ အောင်ပန်းမြို့နယ်၊ ပြည်ထောင်စုလမ်းမကြီး၊ မိုင်တိုင်အမှတ် (၇၈/၅)နှင့်(၇၈/၆)အကြားတွင် Express ယာဉ်နှင့် Nissan Atlas ယာဉ်တို့ တိုက်မိမှုဖြစ်ပွားပြီး အမျိုးသမီး(၂)ဦး ညပ်နေကြောင်း သိရသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် အောင်ပန်းမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ရာယင်း ဖြစ်စဉ်ကြောင့် Nissan Atlas ယာဉ်ပေါ်ပါ ညပ်နေသူ အမျိုးသမီး (၂)ဦးအား အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပြီး မဟာလူမှုကယ်ဆယ်ရေးအသင်းနှင့် အောင်ပန်းနာရေးကူညီမှုအသင်းမှ ယာဉ်တို့ဖြင့် အောင်ပန်းပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ ကြောင်းသိရသည်။
#YMG/NN #Yangon_Times
ယခု ဒီဇင်ဘာလအတွက် ကုန်သေတ္တာတင်သင်္ဘော(၅၉)စင်းပြေးဆွဲပေးသွားမယ်လို့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ သိရပါတယ်။
#Local_News
Published 06 December 2025
#သင်္ဘော # မြန်မာ့ဆိပ်ကမ်း
#YMG/SW #Yangon_Times
ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှာ ကုမ္ပဏီမှတ်ပုံတင်ထားသော်လည်း အဆိုပါမှတ်ပုံတင်ထားသော လိပ်စာတွေမှာ မရှိတဲ့ ကုမ္ပဏီ (၂၅)ခုကို အမည်ပျက်စာရင်းသွင်းလိုက်တယ်လို့ သိရပါတယ်။
#Local_News
Published 06 December 2025
#မှတ်ပုံတင် #ကုမ္ပဏီ
#YMG/SW #Yangon_Times
#Daily_News
Published 06 December 2025
၁။ မှတ်ပုံတင်ထားသော လိပ်စာများတွင်မရှိသည့် ကုမ္ပဏီ (၂၅)ခုကို အမည်ပျက်စာရင်းသွင်း
၂။ ယခုလအတွက်ကုန်သေတ္တာတင်သင်္ဘော(၅၉)စင်းပြေးဆွဲပေးမည်
၃။ လေပတ်ကားအရောင်းအဝယ်မလုပ်ရန်နှင့်ရည်ညွှန်းဈေးဖြင့်သာ ရွှေရောင်းဝယ်ရန် အသိပေး
၄။ တရုတ်ပြည်ထုတ်C919ခရီးသည်တင်လေယာဉ် ပြည်တွင်းကုန်းပြင်မြင့်လေဆိပ်သို ပထမဆုံးခရီးစဉ်စတင်ပြေးဆွဲ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 06 December 2025
▪️ အမျိုးသားကင်ဆာရောဂါကုသရေးဌာနတွင်ခေတ်မီကင်ဆာဓာတ်ရောင်ခြည်ကုသစက်သုံးလုံးဖြင့် ဓာတ်ရောင်ခြည်ကုသမှု ဆောင်ရွက်နေပြီး စက်အသစ်တစ်လုံးထပ်မံ တပ်ဆင်မည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှသိရသည်။
▪️ အဆိုပါ ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်းမြို့နယ် အမျိုးသားကင်ဆာရောဂါကုသရေးဌာနသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းသည် ပါမောက္ခများ၊ တာဝန်ရှိသူများနှင့်အတူ ယမာန်နေ့ မနက်ပိုင်းကသွားရောက်ကြည့်ရှုစစ်ဆေးသည်။
▪️ ဦးစွာ ငါးထပ်ကုသဆောင်ရှိ အစည်းအဝေးခန်းမ၌ ဆောက်လုပ်ရေးဝန်ကြီးဌာန အဆောက်အဦဦးစီးဌာနမှ အင်ဂျင်နီယာချုပ် ဦးကိုကိုအေးက အမျိုးသားကင်ဆာရောဂါကုသရေးဌာန တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့်ဆေးရုံပတ်ဝန်းကျင်သာယာလှပရေးဆောင်ရွက်မည့် အစီအစဉ်များကိုရှင်းလင်းတင်ပြသည်။
▪️ ထို့နောက် အမျိုးသားကင်ဆာရောဂါကုသရေးဌာန တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာကြည်လွင်က အမျိုးသားကင်ဆာရောဂါကုသရေးဌာန၌ ဓာတ်ရောင်ခြည်ကုသမှုဆောင်ရွက်နေသည့် အခြေအနေများကိုတင်ပြပြီး တက်ရောက်လာကြသည့် ပါမောက္ခ/အထူးကု ဆရာဝန်ကြီးများက လုပ်ငန်းဆောင်ရွက်မှုအခြေအနေနှင့် လိုအပ်ချက်များ တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်ချက်များကိုပေါင်းစပ်ညှိနှိုင်းဖြေရှင်းပေးပြီး ကင်ဆာရောဂါဝေဒနာရှင်များ အကျိုးငှာသတ်မှတ်ချိန်အတွင်း စီမံကိန်းပြီးစီးရန် အင်အားပြည့်ဆောင်ရွက်စေလိုပါကြောင်း၊ ကုသရေးနှင့်ဆောက်လုပ်ရေးဆိုင်ရာ အရည်အသွေးများ ကောင်းမွန်စေရေးနှင့် ကင်ဆာရောဂါဝေဒနာရှင်များအနေဖြင့် စိတ်ချမ်းသာစွာဖြင့် ကုသမှုခံယူနိုင်ရေးအတွက် ဆေးရုံပတ်ဝန်းကျင်သာယာလှပရေးဆောင်ရွက်ရာတွင် မြင်နေကျဆေးရုံပတ်ဝန်းကျင်ထက် ပိုမိုသာယာလှပသောပုံစံကို ဆေးပညာရှင်များ၊ အင်ဂျင်နီယာပညာရှင်များ ပူးပေါင်း၍ ညှိနှိုင်းတိုင်ပင်ဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း မှာကြားသည်။
▪️ ယင်းနောက် ခေတ်မီကင်ဆာဓာတ်ရောင်ခြည်ကုသစက်သုံးလုံးဖြင့် ဓာတ်ရောင်ခြည်ကုသမှု ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် စက်အသစ်တစ်လုံးတပ်ဆင်မည့်နေရာ၊ ဆောက်လက်စအဆောက်အအုံတည်ဆောက်နေသည့် လုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုပြီး Landscaping နှင့် ဆေးကုသဆောင်များ ဖွဲ့စည်းမှုတို့ကိုကြည့်ရှုစစ်ဆေးသည်။
▪️ အမျိုးသားကင်ဆာရောဂါကုသရေးဌာနကို နိုင်ငံတော်၏ ခွင့်ပြုရန်ပုံငွေဖြင့် စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကာ ရှစ်ထပ်ကုသဆောင်တည်ဆောက်ရေးနှင့် ဆက်စပ်လုပ်ငန်းများကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦအထူးအဖွဲ့ (၁) မှ တာဝန်ယူကာ ဆက်လက်ဆောက်လုပ်လျက်ရှိပြီး အမျိုးသားကင်ဆာရောဂါကုသရေးဌာနတွင် စုစုပေါင်းစက်သုံးလုံးဖြင့် တစ်ရက်လျှင် ကင်ဆာရောဂါဝေဒနာရှင် လူနာ ၂၀၀ မှ ၂၅၀ ကျော်ကို ဓာတ်ရောင်ခြည်ကုသမှုဆောင်ရွက်ပေးလျက်ရှိပြီး လူနာများသွားလာရေးနှင့် စားသောက်ရေးအဆင်ပြေစေရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဆေးရုံကြီးကြပ်ရေးအဖွဲ့က ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
#YMG/NN #Yangon_Times
#World_
Published 07 December 2025
■ အလက်စ်ကာကမ်းရိုးတန်း သမုဒ္ဒရာမျက်နှာပြင်အောက် ၂ မိုင်ခန့် နေအလင်းရောင် မဖောက်ထွင်းနိုင်တဲ့ နေရာကို NOAA Ocean Exploration က ရေအောက်ယာဉ်ဖြင့် ထိန်းကျောင်းရှာဖွေခဲ့ရာမှာ ထူးဆန်းတဲ့ ရွှေရောင်အလုံးတစ်ခု တွေ့ရှိခဲ့ပါတယ်။
■ ၂၀၂၃ ခုနှစ်က ၂၃ ရက်တာလေ့လာစူးစမ်းစဉ်က တွေ့ရှိခဲ့တာဖြစ်ကာ ၄ လက်မခန့်ရှိပြီး တစ်ဖက်မှာ အပေါက်တစ်ပေါက် ပါရှိပါတယ်။
■ သုတေသီများ ရေငုပ်ခြင်းကို တိုက်ရိုက်ထုတ်လွှင့်ရာမှာ ဆန်းပြားတဲ့မျိုးစိတ်ရဲ့ ဥအခွံတစ်ခုလို့ ယူဆခဲ့ပါတယ်။
■ ထိုအပေါက်ဟာ တစ်ခုခုက ဒီထဲကို ဝင်ဖို့ကြိုးစားတာဖြစ်ဖြစ် ထွက်ဖို့ကြိုးစားတာဖြစ်ဖြစ် ဖြစ်ပျက်ခဲ့နိုင်တယ်လို့ ဆိုပါတယ်။
■ ဒါ့အပြင် ရွှေရောင်ဥခွံထဲကနေ တစ်စုံတရာ ပေါက်ဖွားခဲ့ဖွယ်ရှိတယ်လို့လည်း ယူဆသူတွေ ရှိပါတယ်။
■ အခွံအနေအထား အသွင်အပြင်ကြောင့် ဥလို့ထင်ခဲ့ပေမယ့် ဒီလိုဥမျိုး တစ်ခါမှမမြင်ဖူးဘူးလို့ ယူကေ ပလိုင်းမောက်တက္ကသိုလ်မှ ပင်လယ်ရေအောက်ဂေဟပညာရှင် ကယ်ရီဟောင်းဝဲက ပြောပါတယ်။
■ သုတေသီတွေက စက်ရုပ်ကိရိယာဖြင့် ထိတွေ့ကြည့်ရာမှာ အတော်လေး ပျော့အိတယ်လို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
■ ဥတစ်ဥလို့ ပြောရရင်လည်း သူ့ရဲ့အရွယ်အစားကြောင့် အသေအချာပြောဖို့ ခက်နေပါတယ်။
■ ကမ္ဘာ့မျက်နှာပြင်က သမုဒ္ဒရာအများစု လွှမ်းမိုးပေမယ့် လူသားတွေဟာ ပင်လယ်ကြမ်းပြင်ရဲ့ ၀.၀၀၁ ရာခိုင်နှုန်းကိုသာ စူးစမ်းရသေးပြီး အများစုနီးပါးက မရှာဖွေရသေးပါဘူး။
■ ရွှေရောင်အလုံးက ဇီဝသက်ရှိနဲ့ ဆိုင်တယ်လို့သာ သိရှိတာကလွဲလို့ ဘာမှန်းမသိရသေးဘဲ ဒါဟာ ကမ္ဘာကြီးအကြောင်း လေ့လာစရာ ဘယ်လောက်အထိ ကျန်သေးလဲဆိုတာကို သတိပေးနေတာဖြစ်တယ်လို့ NOAA Ocean Exploration က ဖော်ပြသွားပါတယ်။
Source: Science Alert
#World_News
Published 06 December 2025
■ ဆယ်စုနှစ်ကြာမြင့်ပြီဖြစ်တဲ့ အိန္ဒိယ-ရုရှားဆက်ဆံရေးအတွင်း ကုန်သွယ်ရေးနဲ့ ကာကွယ်ရေးမိတ်ဖက်ဆက်ဆံမှုများ တိုးချဲ့သွားရန် ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ အိန္ဒိယဝန်ကြီးချုပ် နရန်ဒရာမိုဒီတို့ သဘောတူညီခဲ့ကြကာ ပူတင်က အိန္ဒိယထံ အတားအဆီးမရှိ လောင်စာထောက်ပံ့သွားဖို့ သောကြာနေ့က ကမ်းလှမ်းလိုက်ပါတယ်။
■ ၂၀၂၂ ယူကရိန်းကို ရုရှားကျူးကျော်ပြီးနောက်ပိုင်း အိန္ဒိယသို့ ပထမဆုံးရောက်လာတဲ့ ပူတင်ကို အိန္ဒိယက ကော်ဇောနီဖြင့် ကြိုဆိုခဲ့ပါတယ်။
■ ရုရှားရေနံကို အိန္ဒိယဝယ်ယူတဲ့အတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်မှ အိန္ဒိယအပေါ် အခွန်စည်းကြပ်ထားတာတွေကို လျှော့ချဖို့ အိန္ဒိယနဲ့ အမေရိကန်တို့ ဆွေးနွေးနေကြပါတယ်။
■ အမေရိကန်မှ ဒဏ်ခတ်ပိတ်ဆို့မှုတွေ၊ အခွန်စည်းကြပ်မှုတွေ ချပြီးနောက်မှာ အိန္ဒိယလောင်စာတင်သွင်းမှုတွေ ကျဆင်းလာနိုင်တယ်လို့ ခန့်မှန်းရပါတယ်။
■ အမေရိကန်ကုန်သွယ်ရေး လက်ထောက်ဝန်ကြီး ရစ်ဆွစ်ဇာက တနင်္လာနေ့မှာ အိန္ဒိယသို့ သွားရောက်ရန် စီစဉ်ထားဆဲဖြစ်ပါတယ်။
■ ရုရှားက ၂၀၃၀ အရောက်မှာ အိန္ဒိယတင်သွင်းကုန်တွေကို ဒေါ်လာ ၁၀၀ ဘီလီယံအထိ မြှင့်တင်လိုတယ်လို့ ပြောထားပါတယ်။
■ နှစ်ဖက်စလုံးနဲ့ ဆက်ဆံနေတဲ့ အိန္ဒိယအတွက်တော့ ကမ်းလှမ်းချက်ကို သတိထားစဉ်းစားသွားရမှာ ဖြစ်ပါတယ်။
■ အိန္ဒိယလောင်စာချက်လုပ်ငန်းတွေဖြစ်တဲ့ Indian Oil Corp ၊ Bharat Petroleum Corp တို့က ပိတ်ဆို့မှုမရှိတဲ့ ထောက်ပံ့ပေးသူတွေဆီကနေ ရုရှားရေနံများတင်ဖို့ ဇန်နဝါရီအော်ဒါများ မှာယူထားပါတယ်။
■ ကြာသပတေးနေ့ ပူတင်ရောက်လာတဲ့အခါ မိုဒီက နွေးထွေးစွာ ကြိုဆိုခဲ့ပြီး ယူကရိန်းစစ်ပွဲ ငြိမ်းချမ်းစွာဖြေရှင်းနိုင်ရေးကို အိန္ဒိယထောက်ခံနေကြောင်း ပြောပြခဲ့ပါတယ်။
■ အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့က ဒေါ်လာဘီလီယံချီတဲ့ ရုရှားစွမ်းအင်တွေကို တင်သွင်းနေဆဲ ဖြစ်ပါတယ်။
Source: Reuters
#World_Science
Published 06 December 2025
■ ၂၀၂၅ မတ်လ ၂၈ ရက်နေ့က မြန်မာနိုင်ငံမှာ ရိုက်ခတ်သွားခဲ့တဲ့ မြေငလျင်အကြောင်း သုတေသနလေ့လာချက် ပြုလုပ်ခဲ့ကြပါတယ်။
■ ရှင်ဂျီဝေနဲ့ အဖွဲ့က ထိုငလျင်ကြီး ဖြစ်လာစေတဲ့ အကြောင်းအရင်းအမျိုးမျိုးကို အချက်အလက်များဖြင့် ဆန်းစစ်ခဲ့ကြပါတယ်။
■ ထိုငလျင်က ကုန်းပေါ်မှာ အရှည်ဆုံးနဲ့ အမြန်ဆုံးရွေ့လျားတဲ့ ကွဲကြောင်းတွေထဲကတစ်ခု ဖြစ်လာပြီး စကိုင်းပြတ်ရွေ့ကြောတလျှောက် အတော်လေးထိခိုက်ပျက်စီးခဲ့ပါတယ်။
■ ပြင်းအားအဆင့် ၇.၇ မှ ၇.၈ အထိရှိပြီး အနည်းဆုံး ၅၃၅၂ ဦး အသက်ဆုံးရှုံးခဲ့ရပါတယ်။
■ အရှည် ၄၅၀ ကီလိုမီတာကျော်အထိ မျက်နှာပြင်ကွဲအက်ခဲ့ကာ အသံထက်မြန်တဲ့နှုန်းကဲ့သို့ ကွဲအက်ခဲ့တာ ဖြစ်ပါတယ်။
■ ယခုလေ့လာချက်တွေက ငလျင်ကြီးဖြစ်ခြင်းတွေကနေ မကာကွယ်ပေးနိုင်ပေမယ့် ငလျင်ရိုက်ခတ်နိုင်တဲ့ နေရာတွေမှာ ကြိုတင်ပြင်ဆင်နိုင်ဖို့ အကူအညီဖြစ်စေမှာပါ။
■ သုတေသနအဖွဲ့က ဂြိုဟ်တုအခြေပြု မြေငလျင်တိုင်းနည်းပညာများ၊ 3D မျက်နှာပြင်မြေပုံများ၊ လှုပ်ရှားမှုမှတ်တမ်းများဖြင့် ကွဲကြောင်းရွေ့လျားမှုကို ဆန်းစစ်နိုင်ခဲ့ပါတယ်။
■ စစ်ကိုင်းပြတ်ရွေ့ကြောလိုမျိုးပဲ ဆန်အန်ဒရီယာစ်၊ အန်နာတိုလီယန်မြောက်ဘက်တို့ဟာ ဖြောင့်တန်းတဲ့ပြတ်ရွေ့ကြောဖြစ်ပြီး ဘေးသို့ပျံ့မယ့်အစား တစ်ကြောတည်းကို ပြင်းအားစုသွားစေပါတယ်။
■ ဖြည်းဖြည်းချင်း စတင်ကွဲအက်လာရာကနေ တစ်စက္ကန့်ကို ၅.၃ ကီလိုမီတာနှုန်းအထိ ရုတ်ချည်းမြန်ဆန်လာပါတယ်။
■ ပြတ်ရွေ့ကြောဖြောင့်တန်းပြီး ငလျင်ဗဟိုကြော ထူထဲတဲ့နေရာတွေက ထိုကဲ့သို့ လျင်မြန်ပြင်းထန်စွာ ကွဲအက်ရတဲ့ အဓိကအကြောင်းအရင်းတွေဖြစ်ပြီး အနီးအနားဒေသတွေမှာလည်း ဘေးအန္တရာယ်ဖြစ်စေပါတယ်။
■ ငလျင်အန္တရာယ်ရှိနေတဲ့ နေရာတွေမှာ အတိအကျလေ့လာခြင်းဖြင့် နောက်ထပ်ငလျင်အန္တရာယ်များကို ကြိုတင်တွက်ဆဖို့ အကူအညီဖြစ်စေမှာပါ။
Source: Phys
#World_Health
Published 06 December 2025
■ အမေရိကန်မှာ လူတဝက်နီးပါးလောက်က သွေးတိုးရှိနေပြီး ဒီထဲက ၇၀ ရာခိုင်နှုန်းက အသက် ၆၀ နဲ့အထက် ဖြစ်တယ်လို့ ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာတွေက ဖော်ပြထားပါတယ်။
■ သွေးတိုးတဲ့အခါ နှလုံးဖောက်ခြင်း၊ လေဖြတ်ခြင်း၊ နှလုံးရပ်ခြင်း၊ ကျောက်ကပ်ရောဂါတို့ ဖြစ်စေနိုင်ပါတယ်။
■ သွေးတိုးခြင်းကြောင့် သွေးကြောတွေ ထိခိုက်စေပြီး နံရံတွေမှာ အဆီတွေ စုပြုံလာနိုင်ပါတယ်။
■ သွေးပေါင်ချိန်မြင့်တယ်ဆိုရင် အစားအသောက်နဲ့ နေထိုင်မှုပုံစံ ပြောင်းလဲခြင်းအပြင် သွေးပေါင်ကျဆေးတွေ အသုံးပြုခြင်းဖြင့် သွေးပေါင်ချနိုင်ပါတယ်။
■ သလဲသီးနဲ့ ဖျော်ရည်တို့က သွေးပေါင်ချိန်ကို ရေတိုရော ရေရှည်မှာပါ လျှော့ချပေးနိုင်တယ်လို့ လေ့လာချက်တစ်ခုမှာ ဖော်ပြထားပါတယ်။
■ စမ်းသပ်ချက် ၂၂ ခုကို ဆန်းစစ်ကြည့်ရာမှာ သလဲသီးစားခြင်းက သွေးပေါင်ချိန်ကျစေနိုင်တယ်လို့ တွေ့ရှိထားပါတယ်။
■ သလဲသီးဟာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝပြီး ကိုလက်စထရော ဓာတ်တိုးခြင်းကို အနည်းဆုံးအထိ လျှော့ချပေးတယ်လို့ ဒေးဗစ်ဂက်ဖန်ဆေးတက္ကသိုလ်မှ နှလုံးအထူးကု ကယ်ရိုဝက်ဆန်က ရှင်းပြပါတယ်။
■ ဓာတ်တိုးဆန့်ကျင်ပစ္စည်း များပြားစွာ ပါဝင်ခြင်းက နှလုံးကျန်းမာရေးကို အလွန်အထောက်အကူ ဖြစ်စေတာ ဖြစ်ပါတယ်။
■ ခန္ဓာကိုယ်ကနေ နိုက်ထရစ်အောက်ဆိုဒ် ထုတ်လုပ်မှုကို မြှင့်တင်ပေးကာ သွေးကြောတွေကျယ်စေပြီး သွေးဖိအားကို ပုံမှန်လျော့စေကာ နံရံတွေကျုံ့နိုင်ဆန့်နိုင်စေပါတယ်။
■ ဒါပေမဲ့ သလဲသီးဖျော်ရည်ကိုတော့ တစ်နေ့ကို ၈ အောင်စမှ ၁၂ အောင်စအထိသာ သောက်သုံးသင့်ပြီး ဒီမတိုင်ခင်မှာ ဆေးပညာကျွမ်းကျင်သူနဲ့ တိုင်ပင်သင့်ပါတယ်။
■ သလဲသီးဖျော်ရည်က အခြားသေား ဆေးဝါးတွေရဲ့ ဇီဝဖြစ်စဉ်တွေကို နှောင့်ယှက်နိုင်တာကြောင့် ဆရာဝန်တွေနဲ့ အရင်ဆုံးဆွေးနွေးသင့်ပါတယ်။
Source: Parade
အင်္ဂါနေ့မှာ ပေကျင်းသို့လာရောက်လည်ပတ်တဲ့ ပြင်သစ်သမ္မတ အီမန်နျူယယ်မက်ခရွန်အတွက် တရုတ်သမ္မတ ရှီကျင့်ဖျင်က ကြိုဆိုပွဲအခမ်းအနား ပြုလုပ်ပေးခဲ့ပါတယ်။
#World_Politics
Published 05 December 2025
#တရုတ်ပြည်ပေကျင်း #တရုတ်သမ္မတရှီကျင့်ဖျင်
#YMG #Yangon_Times #Yangon_Media_Group
၅ ဒီဇင်ဘာ၊၂၀၂၅
◾️ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) သည် ကမ္ဘာတစ်ဝန်း စည်းလုံးညီညွတ်မှုနှင့် ငြိမ်းချမ်းရေးအတွက် အထူး ဆောင်ရွက်သူများကို ဂုဏ်ပြုမည့် ယင်းတို့၏ ပထမဆုံး 'ငြိမ်းချမ်းရေးဆု' ကို စတင်ပေးအပ်ရန် စီစဉ်နေကြောင်း သိရသည်။ အမေရိကန်သမ္မတဒေါ်နယ်ထရမ့် ရရှိရန် မျှော်လင့်ရကြောင်း သတင်းများ က ဖော်ပြနေပြီး ဖီဖာဥက္ကဋ္ဌ ဂီယန်နီ အင်ဖန်တီနို နှင့် သမ္မတထရမ့်တို့ တွေ့ဆုံမည့် အစီအစဉ်လည်း ရှိနေ သည်ဟု ဂါဒီယန်သတင်းစာကရေးသားသည်။
◾️အဆိုပါဖီဖာ၏ ငြိမ်းချမ်းရေးဆုအတွက် လုပ်ငန်းစဉ်များကို ကြီးကြပ်ကွပ်ကဲမည့် သူမှာ ဖီဖာဘောလုံး ဆိုင်ရာလူမှုတာဝန်ယူမှုကော်မတီ (FIFA Football Social Responsibility Committee) ၏ ဥက္ကဋ္ဌအဖြစ်ခန့်အပ်ခံထားရသည့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော် ဖြစ်သည်ဟုလည်း သတင်းတွင်ဖော်ပြထားသည်။
◾️နှစ်ပေါင်းများစွာ မြန်မာ့ဘောလုံးအဖွဲ့ချုပ်ကို ဦးဆောင်နေသည့် လုပ်ငန်းရှင်ကြီးဦးဇော်ဇော်သည် ယခု အခါတွင် ကမ္ဘာလုံးဆိုင်ရာ လူမှုတာဝန်ယူမှုနှင့် ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များအတွက် အရေး ပါသော ဆုံးဖြတ်ချက်များကို ကိုင်တွယ်ရမည့် ကော်မတီကို ဦးဆောင်နေခြင်းဖြစ်သည်။
◾️ယင်း၏ ဦးဆောင်မှုအောက်တွင် ကော်မတီသည် ဖီဖာ၏ လူမှုရေးဆိုင်ရာ ရည်မှန်းချက်များနှင့် ငြိမ်း ချမ်းရေးရည်ရွယ်ချက်များကို အကောင်အထည်ဖော်ရန်ရှိနေသည်။
#ymg/knl
Page 15 of 1855