#World_Health
Published 30 September 2026
■ တစ်နေ့တာရ့ ပထမဆုံးအစားအစာဖြစ်တဲ့ နံနက်စာကို မွန်းလွဲ ၁၂ နာရီကျော်မှ စားသုံးခြင်းဟာ သေဆုံးနိုင်ခြေကို ၂၉ ရာခိုင်နှုန်းအထိ မြင့်တက်စေနိုင်ပါတယ်။
■ အမေရိကန်လူမျိုး ၃၁,၀၀၀ ကျော်ရဲ့ စားသောက်မှုပုံစံနဲ့ ကျန်းမာရေးရလဒ်များကို ရေရှည်လေ့လာဆန်းစစ်ကာ ဒီတွေ့ရှိချက်ကို ဖော်ထုတ်ခဲ့တာ ဖြစ်ပါတယ်။
■ မနက် ၁၀ နာရီမှ မွန်းလွဲ ၁၂ နာရီကြား နံနက်စာ စားသူတွေဟာ စောစီးစွာစားသူတွေထက် သေဆုံးနိုင်ခြေ ၁၉ ရာခိုင်နှုန်း ပိုမိုမြင့်မားတာကို တွေ့ရပါတယ်။
■ မွန်းလွဲ ၁၂ နာရီကျော်မှ နံနက်စာ စားသုံးခြင်းက နှလုံးနဲ့ သွေးကြောဆိုင်ရာ ရောဂါများကြောင့် သေဆုံးနိုင်ခြေကို ၄၆ ရာခိုင်နှုန်းအထိ ပိုမိုမြင့်တက်စေပါတယ်။
■ လူကြီးပိုင်းအရွယ်အထိ နံနက်စာကို စနစ်တကျ မစားဘဲ ပုံမှန်နောက်ကျမှ စားသုံးခြင်းဟာ ပျမ်းမျှသက်တမ်းကို ၂ နှစ်ခွဲနီးပါး တိုတောင်းစေနိုင်ကြောင်း ပြသနေပါတယ်။
■ ခန္ဓာကိုယ် သဘာဝလည်ပတ်စက်ဝန်းနဲ့ အစာချေဖျက်မှု အလုပ်လုပ်ပုံများ ဗြောင်းဆန်သွားခြင်းက သေဆုံးနိုင်ခြေ မြင့်မားရခြင်းရဲ့ အဓိကအကြောင်းအရင်း ဖြစ်နိုင်ပါတယ်။
■ နံနက်စာ နောက်ကျမှ စားခြင်းဟာ သေဆုံးနိုင်ခြေရှိကြောင်း ပြသတဲ့ သတိပေးလက္ခဏာတစ်ခုဖြစ်ပြီး တိုက်ရိုက်အသက်ဆုံးရှုံးစေနိုင်တဲ့ အကြောင်းအရင်းလို့ တိုက်ရိုက်မပြောနိုင်သေးကြောင်း ကျွမ်းကျင်သူတွေ ထောက်ပြကြပါတယ်။
■ ခန္ဓာကိုယ် အစာချေဖျက်မှုစနစ် အကောင်းဆုံးလည်ပတ်နိုင်စေရန် နံနက်စောစော အာဟာရပြည့်ဝတဲ့ အစာကို စားသုံးပေးရန် ကျန်းမာရေးပညာရှင်များ အကြံပြုထားပါတယ်။
Source: New York Post
#World_Health
Published 30 September 2026
■ အအေးမိပြီးနောက် ချောင်းဆိုးကျန်နေခြင်းမှာ အသက်ရှူလမ်းကြောင်း ယားယံလွယ်ပြီး ခန္ဓာကိုယ် ပုံမှန်ယားယံစေတဲ့ အရာများကို ဆက်လက်တုံ့ပြန်နေခြင်းကြောင့် ဖြစ်လေ့ရှိပါတယ်။
■ နှာခေါင်းနဲ့ လေအိတ်များမှ အကျိအချွဲများ လည်ချောင်းထဲသို့ စိမ့်ဝင်ခြင်းက အထူးသဖြင့် လဲလျောင်းနေချိန် ချောင်းဆိုးခြင်းကို မကြာခဏပိုဆိုးစေပါတယ်။
■ ခဏခဏချောင်းဆိုးခြင်းက ပန်းနာရင်ကျပ်ရောဂါ ပင်မလက္ခဏာဖြစ်နိုင်ပြီး လေအေး၊ လှုပ်ရှားအားစိုက်မှု သို့မဟုတ် ရယ်မောခြင်းတို့ကြောင့် ပိုမိုဆိုးရွားလာနိုင်ပါတယ်။
■ အစာအိမ်အက်ဆစ်များ၊ လည်ချောင်းနဲ့ အစာပြွန်ဆီသို့ ဆန်တက်ခြင်း GERD ကြောင့်လည်း ချောင်းခြောက်ဆိုးခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။
■ စီးကရက်နဲ့ အီး-စီးကရက်သောက်သုံးခြင်းဟာ အသက်ရှူလမ်းကြောင်း ရေရှည်ရောင်ရမ်းစေပြီး သလိပ်ထွက်ခြင်းနဲ့ ချောင်းဆိုးခြင်းတို့ကို ဖြစ်စေပါတယ်။
■ အထူးသဖြင့် သွေးတိုးကျဆေး ACE inhibitors ကဲ့သို့ အချို့သော ဆေးဝါးများက ကြာရှည်မပျောက်ကင်းနိုင်တဲ့ ချောင်းခြောက်ဆိုးခြင်းကို သက်ရောက်စေနိုင်ပါတယ်။
■ ပျားရည်နှင့် ရေများများသောက်ခြင်းက လက္ခဏာများကို သက်သာစေနိုင်ပေမယ့် ဘက်တီးရီးယား ကူးစက်မှုမရှိပါက ပဋိဇီဝဆေးများမှာ ထိရောက်မှုမရှိပါဘူး။
■ ရင်ဘတ်အောင့်ခြင်း၊ အဖျားကြီးခြင်း၊ မောကျပ်ခြင်း၊ သလိပ်သွေးပါခြင်း စတဲ့သတိပေးလက္ခဏာများရှိပါက ဆရာဝန်နဲ့ ချက်ချင်းပြသ စစ်ဆေးသင့်ပါတယ်။
Source: The Jerusalem Post
China Media Group က ကြီးမှူးတဲ့ ပထမအကြိမ်မြောက် ဉာဏ်ရည်တုစက်ရုပ်အသုံးချခြင်း စွမ်းရည်ပြပွဲကို ကျဲ့ကျန်းပြည်နယ် ဟန်ကျိုးမှာ လက်ခံကျင်းပမှာ ဖြစ်ပါတယ်။
#Asia_Technology
Published 29 September 2026
#တရုတ်ဟန်ကျိုး #စက်ရုပ်
#YMG #Yangon_Times #Yangon_Media_Group
ရှမ်းပြည်နယ်တောင်ကြီးမြို့၌ လာမယ့်နိုဝင်ဘာလအတွင်းကျင်းပပြုလုပ်မယ့် တန်ဆောင်တိုင်ပွဲတော် ၊ရိုးရာမီးပုံးပျံပြိုင်ပွဲ၌ မီးပုံးပျံ ၅၄၁ လုံး ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့ ရိုးရာမီးပုံးပျံပြိုင်ပွဲသတင်းနှင့်ပြန်ကြားရေးကသိရပါတယ်။
#Local_News
Published 29 September 2026
#တောင်ကြီးမြို့ #တန်ဆောင်တိုင်ပွဲတော်
#YMG/NN #Yangon_Times
လာမယ့် အောက်တိုဘာလအတွင်း ပို့ကုန်၊ သွင်းကုန်လုပ်ငန်းတွေ ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် ကုန်သေတ္တာတင်သင်္ဘောခရီးစဉ်တွေကို တိုးချဲ့ပြေးဆွဲသွားမယ်လို့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အဖွဲ့အစည်းမှသိရပါတယ်။
#Local_News
Published 29 September 2026
#ကုန်သေတ္တာတင်သင်္ဘော
#YMG/SW #Yangon_Times
ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ လေဖိအားနည်းရပ်ဝန်း (၃)ကြိမ်ဖြစ်ပေါ်နိုင်ပြီး (၂)ကြိမ်တွင် ပိုမိုအားကောင်းလာနိုင်ကာ မုန်တိုင်းငယ်အဖြစ်သို့ရောက်ရှိနိုင်ပြီးမြစ်ဝကျွန်းပေါ်ဒေသများနဲ့မြန်မာနိုင်ငံတောင်ပိုင်းဒေသများမှလည်း အနောက်တောင်မုတ်သုံလေများလည်း ဆုတ်ခွာသွားဖွယ်ရာရှိတယ်လို့ အောက်တိုဘာလ လပတ်အတွက် မိုးလေ၀သနဲ့ဇလဗေဒခန့်မှန်းချက်အရသိရပါတယ်။
#Local_News
Published 29 September 2026
#ကပ္ပလီပင်လယ်ပြင် #ဘင်္ဂလားပင်လယ်အော်
#YMG/NN #Yangon_Times
#Daily_News
Published 29 September 2026
၁။ တောင်ကြီးမြို့တန်ဆောင်တိုင်ပွဲတော်၌ မီးပုံးပျံ (၅၄၁)လုံးဝင်ရောက်ယှဉ်ပြိုင်မည်
၂။ အောက်တိုဘာတွင် ကုန်သေတ္တာတင်သင်္ဘော(၅၆)စီး ပြေးဆွဲမည်
၃။ အောက်တိုဘာလအတွင်းမုန်တိုင်းငယ်(၂)ကြိမ်ရောက်ရှိနိုင် ၊ အနောက်တောင်မုတ်သုံလေများဆုတ်ခွာမည်
၄။ တရုတ်ဟန်ကျိုး၌ကျင်းပမည့်စက်ရုပ်ပြပွဲတွင် လက်တွေ့အသုံးချရေးတာဝန်များဖြင့်စမ်းသပ်သွားမည်... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်မှာ ငဝန်တာကျိုးပေါက်မှုကြောင့် ရေဘေးသင့်ခဲ့တဲ့ ပြည်သူတွေအတွက် သီလဝါအထူးစီးပွားရေးဇုန်မှာ ရင်းနှီးမြှုပ်နှံထားတဲ့ နိုင်ငံ (၂၂)နိုင်ငံက ကုမ္ပဏီ (၅၇)ခုက ကျပ် ၄၃၁ ဒသမ ၅၁ သန်း လှူဒါန်းခဲ့ပါတယ်။
#Local_News
Published 29 September 2026
#လေးမျက်နှာရေဘေး
#YMG/SW #Yangon_Times
#World_News
Published 29 September 2026
■ ဗြိတိန်အကြမ်းဖက်နှိမ်နင်းရေး ရဲတပ်ဖွဲ့ဟာ လန်ဒန်အခြေစိုက် အသက် ၂၀ ကျော်အရွယ် ဗြိတိန်အမျိုးသား ၅ ဦးကို စစ်ဆေးမေးမြန်းခဲ့ပါတယ်။
■ သံသယရှိသူတွေကို စက်တင်ဘာ ၂၇ ရက်က ဂလူဆက်စ်တာရှိုင်းယားရှိ RAF Fairford လေတပ်စခန်းအနီး ဖမ်းဆီးခဲ့ခြင်း ဖြစ်ပါတယ်။
■ RAD Fairford က အီရန်ကိုတိုက်ခိုက်ဖို့ အမေရိကန်တပ်ဖွဲ့ဝင်များ အသုံးပြုခဲ့တဲ့ စစ်လေတပ်စခန်းတစ်ခု ဖြစ်ပါတယ်။
■ လက်နက်ကိုင်ရဲအရာရှိတွေက လေတပ်စခန်းမှ မီတာ ၃၅၀ ခန့်အကွာမှာ သံသယဖြစ်ဖွယ် အဖြူရောင်ဗန်ကား ၃ စီးကို တားဆီးစစ်ဆေးခဲ့ပါတယ်။
■ ဖောက်ခွဲရေးပစ္စည်းများ ပါဝင်နိုင်ခြေရှိတယ်ဆိုပြီး ဗုံးရှင်းလင်းရေးအဖွဲ့က အဆိုပါယာဉ်များကို စစ်ဆေးခဲ့ပါတယ်။
■ သက်ဆိုင်ရာ အာဏာပိုင်များက ထိုလူများကို အာမခံမပေးမီ အကြမ်းဖက်မှု၊ ဖောက်ခွဲရေးပစ္စည်းပြစ်မှုများဖြင့် ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။
■ စုံစမ်းစစ်ဆေးသူများက သံသယရှိသူများအနေဖြင့် အီရန်လိုမျိုး နိုင်ငံခြားအစိုးရတစ်ခုအတွက် လုပ်ဆောင်ပေးခဲ့ခြင်းရှိမရှိ လေ့လာစုံစမ်းနေကြပါတယ်။
■ အီရန်အစိုးရကတော့ ယင်းစွပ်စွဲချက်တွေဟာ ပုံမှန်လုပ်ကြံပြောဆိုချက်များသာ ဖြစ်ကြောင်း ငြင်းဆိုခဲ့ပြီး ပါဝင်ပတ်သက်မှုမရှိကြောင်း တရားဝင်ထုတ်ပြန်ခဲ့ပါတယ်။
Source: Reuters
#Local_News
Published 29 September 2026
■ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်နေ အသက် ၂၃ နှစ်အရွယ် အမျိုးသမီးတစ်ဦး၏ အထည်ဖြတ်စက်ဖြင့် ထိခိုက်ပြတ်တောက်သွားသည့် ဘယ်ဘက်လက်ညှိုးကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ပြတ်တောက်ပြီးနောက် နာရီပိုင်းအတွင်း Replantation Surgery ပြုလုပ်ကာ အောင်မြင်စွာ ပြန်လည်ဆက်စပ်နိုင်ခဲ့ပြီး လက်ညှိုးမှာကောင်းစွာလှုပ်ရှားနိုင်ပြီဖြစ်ကြောင်း သိရသည်။
■ အဆိုပါအမျိုးသမီးသည် ဩဂုတ် ၁၁ ရက် ညနေ ၄ နာရီ ၄၅ မိနစ်ခန့်က အထည်ချုပ်စက်ရုံ၌ အထည်ဖြတ်စက်ဖြင့် ထိခိုက်မိ၍ ဘယ်ဘက်လက်ညှိုး ပြတ်တောက်ခဲ့ပြီး ထိုနေ့ ည ၇ နာရီ ၁၅ မိနစ်တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနသို့ ရောက်ရှိခဲ့သည်။
■ လိုအပ်သည့် ကနဦးကုသမှုများ ဆောင်ရွက်ပေးပြီးနောက် ည ၈ နာရီခွဲတွင် အရေးပေါ်ခွဲစိတ်ခန်း၌ လက်ညှိုးပြန်ဆက်ခွဲစိတ်မှု စတင်ခဲ့ကာ ဩဂုတ် ၁၂ ရက် နံနက် ၁ နာရီတွင် ခွဲစိတ်မှု အောင်မြင်စွာ ပြီးဆုံးခဲ့သည်။
■ ခွဲစိတ်ကုသမှုကို လက်ပိုင်းဆိုင်ရာ ခွဲစိတ်ဆရာဝန်များ၊ မေ့ဆေးအထူးကုဆရာဝန်များ၊ သူနာပြုများနှင့် ဆက်စပ်ဌာနများမှ ဓာတ်ခွဲ၊ ဓာတ်မှန်ကျွမ်းကျင်ဝန်ထမ်းများ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
■ ခွဲစိတ်ပြီး ၂၉ ရက်မြောက်နေ့ဖြစ်သည့် စက်တင်ဘာ ၉ ရက်တွင် လူနာကို ဆေးရုံဆင်းခွင့်ပြုခဲ့ပြီး လိုအပ်သည့် လက်လှုပ်ရှားမှုလေ့ကျင့်ခန်းများ ဆက်လက်ပြုလုပ်လျက်ရှိကြောင်း သိရသည်။
■ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ၂၀၂၂ ခုနှစ်မှ ၂၀၂၆ ခုနှစ်အထိ လက်ဖျံ၊ လက်မောင်း၊ လက်မ၊ လက်ဖဝါးနှင့် လက်ညှိုး ပြတ်တောက်မှုများအတွက် Replantation Surgery စုစုပေါင်း လူနာခုနစ်ဦးအား ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#World_Health
Published 29 September 2026
■ ဖလင်ဒါစ်တက္ကသိုလ်မှ သုတေသီတွေက သွေးဆုံးပြီးစ အမျိုးသမီး ၉ ထောင်ကျော်ရဲ့ အရိုးကျန်းမာရေးကို ၁၀ နှစ်တာ ကာလပတ်လုံး လေ့လာစောင့်ကြည့်ခဲ့ကြပါတယ်။
■ ကော်ဖီကို တစ်နေ့ ၂ ခွက်မှ ၃ ခွက်အထိ သောက်သုံးခြင်းက အရိုးသိပ်သည်းဆကို ထိခိုက်မှုမရှိကြောင်း တွေ့ရှိရပါတယ်။
■ တစ်နေ့ကို ကော်ဖီ ၅ ခွက်ထက်ပိုပြီး သောက်သုံးခြင်းက ပေါင်ဆုံရိုးသိပ်သည်းဆ နည်းပါးသွားခြင်း၊ အရိုးအားနည်းသွားခြင်းတို့နဲ့ ဆက်စပ်နေပါတယ်။
■ ကဖင်းဓာတ်လွန်ကဲစွာ ပါဝင်မှုဟာ ခန္ဓာကိုယ်ရဲ့ ကယ်စီယံစုပ်ယူမှုကို အနှောင့်အယှက်ပေးပြီး ဆီးမှတဆင့် ကယ်စီယံဆုံးရှုံးမှုကို မြင့်တက်စေပါတယ်။
■ ကော်ဖီအလွန်အကျွံ သောက်သုံးခြင်းရဲ့ ဆိုးကျိုးက သက်တမ်းတလျှောက် အရက်သောက်သုံးမှုပိုများတဲ့ အမျိုးသမီးတွေမှာ ပိုမိုသိသာထင်ရှားပါတယ်။
■ ကော်ဖီထဲ နို့ထည့်သောက်ခြင်းက ကဖင်းဓာတ်ကြောင့် ဖြစ်ပေါ်တဲ့ ကယ်စီယံဆုံးရှုံးမှုကို သက်သာစေနိုင်ပါတယ်။
■ ကော်ဖီနဲ့မတူဘဲ လက်ဖက်ရည် ပုံမှန်သောက်သုံးခြင်းက အရိုးကို အထောက်အကူပြုတဲ့ ခါးသက်တဲ့ ဓာတ်ပေါင်းများကြောင့် အရိုးသိပ်သည်းဆကို အနည်းငယ် ပိုမိုမြင့်မားစေပါတယ်။
■ ကော်ဖီသောက်ခြင်းကို အပြီးတိုင်စွန့်လွှတ်ဖို့မလိုဘဲ တစ်နေ့တာ သောက်သုံးမှုကို သင့်တော်ရုံသာ ထိန်းညှိရန်၊ လုံလောက်တဲ့ ကယ်စီယံဓာတ် ရယူဖို့နဲ့ တက်ကြွစွာ လှုပ်ရှားနေထိုင်ဖို့သာ လိုအပ်ပါတယ်။
Source: New York Post
#World_Health
Published 29 September 2026
■ The Lancet ဂျာနယ်မှာ ဖော်ပြထားတဲ့ ၅ နှစ်ကြာ လေ့လာတစ်ခုမှာ လန်ဒန်မြို့ရဲ့ ဓာတ်ငွေ့ထုတ်လွှတ်မှု အနည်းဆုံးဇုန်(ULEZ)က ကလေးငယ်တွေရဲ့ အဆုတ်ဖွံ့ဖြိုးမှုအပေါ် သက်ရောက်မှုကို ဆန်းစစ်လေ့လာခဲ့ကြပါတယ်။
■ သုတေသီတွေက လန်ဒန်ရှိ အသက် ၆ နှစ်မှ ၉ နှစ်ကြား ကလေးငယ် ၃,၄၀၀ ကျော်ကို စောင့်ကြည့်လေ့လာခဲ့ပြီး လေထုသန့်စင်ဇုန်မရှိတဲ့ လူတန်မြို့မှ ကလေးငယ်များနဲ့ နှိုင်းယှဉ်ခဲ့ကြပါတယ်။
■ ULEZ မစတင်မီ လန်ဒန်ကလေးငယ်တွေက လူတန်ကလေးတွေထက် အဆုတ်ကျုံ့ဆန့်နိုင်အား နည်းပါးခဲ့ပြီး နိုက်ထရိုဂျင်ဒိုင်အောက်ဆိုဒ်လိုမျိုး ယာဉ်ကြောမီးခိုးငွေ့ ညစ်ညမ်းမှုများနဲ့ ပိုမိုထိတွေ့ခဲ့ရပါတယ်။
■ ULEZ စတင်ကျင့်သုံးပြီးနောက် လန်ဒန်ကလေးငယ်တွေဟာ အဆုတ်ဖွံ့ဖြိုးမှုနှုန်း မြန်လာခဲ့ပြီး လူတန်ကလေးတွေထက် တစ်နှစ်ကို အဆုတ်ကျုံ့ဆန့်နိုင်အား ၁၀ မီလီလီတာခန့် တိုးတက်လာခဲ့ပါတယ်။
■ ၄ နှစ်အတွင်း လန်ဒန်ရှိကလေးငယ်တွေက လူတန်ကလေးတွေကို အမီလိုက်နိုင်ခဲ့ပြီး ထိုနှစ်ဖွဲ့ကြား မူလအဆုတ်ကွာခြားချက် ပပျောက်စေခဲ့ပါတယ်။
■ လန်ဒန်ကလေးငယ်တွေမှာ ဆေးပညာအရ အဆုတ်လုပ်ဆောင်ချက် ချို့ယွင်းမှုနှုန်းဟာ လေ့လာမှုစတင်ချိန်မှာ ၁၄ ရာခိုင်နှုန်း ရှိခဲ့ရာကနေ ၉ ရာခိုင်နှုန်းသို့ သိသိသာသာ လျော့ကျသွားခဲ့ပါတယ်။
■ ယခုတွေ့ရှိချက်များဟာ လေထုညစ်ညမ်းမှု လျှော့ချခြင်းက ကလေးဘဝ အဆုတ်ကြီးထွားမှုဆိုင်ရာ အားနည်းချက်များကို ပြန်လည်ကောင်းမွန်လာစေနိုင်ကြောင်း သက်သေပြနေပါတယ်။
■ စာတမ်းပြုစုသူများက အရေးပါတဲ့ ကလေးဘဝအရွယ်တွေမှာ ကျန်းမာတဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေရန် ကမ္ဘာတဝှမ်း လေထုသန့်စင်ဇုန်များကို ပိုမိုတိုးချဲ့သွားဖို့ အကြံပြုထားပါတယ်။
Source: Indian Express
Page 15 of 2096