#Local_News
Published 28 September 2026
■ ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်ရှိ အလုပ်သမားဆေးရုံ (ထန်းတပင်) တွင် အာမခံအလုပ်သမားများအတွက် ကျောက်ကပ်သွေးသန့်စင်ဆေးကြောသည့် ဝန်ဆောင်မှုတိုးချဲ့ပေးနိုင်ရေး ကျောက်ကပ်သန့်စင်စက် တပ်ဆင်၍စမ်းသပ်လည်ပတ်နေကြောင်း သိရသည်။
■ အဆိုပါ စမ်းသပ်လည်ပတ်မှုကို အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ယနေ့နံနက်ပိုင်းတွင် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး အောက်တိုဘာလအတွင်း အာမခံအလုပ်သမားလူနာများအား ကျောက်ကပ်သွေးသန့်စင်ပေးနိုင်ရေး လိုအပ်သည့် ဆေးပစ္စည်းများ အမြန်ဝယ်ယူရန်မှာကြားခဲ့သည်။
■ ထို့ပြင် ရွှေပြည်သာနှင့် လှိုင်သာယာမြို့နယ်များရှိ အာမခံအလုပ်သမားများအနေဖြင့် ကျောက်ကပ်သွေးသန့်စင်ကုသမှုခံယူလိုပါက အလုပ်သမားဆေးရုံ (ထန်းတပင်)တွင် လာရောက်ကုသနိုင်ရန် စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်က တင်ပြခဲ့သည်။
■ ကျောက်ကပ်သွေးသန့်စင်လုပ်ငန်းအတွက် လိုအပ်သည့် ရေသန့်စက်တပ်ဆင်မှုများ ပြီးစီးပြီဖြစ်ပြီး ဆက်စပ်ပစ္စည်းများ ဝယ်ယူနိုင်ရေးဆောင်ရွက်နေကြောင်းလည်း သိရသည်။
■ လူမှုဖူလုံရေးအဖွဲ့အနေဖြင့် နာတာရှည်ကျောက်ကပ်ရောဂါခံစားနေရသည့် အာမခံအလုပ်သမားလူနာများအတွက် ၂၀၂၆ ခုနှစ် ဩဂုတ်လအထိ အလုပ်သမားဆေးရုံကြီး (ရန်ကုန်) တွင် လူနာ ၅၃၀ ဦးအား ကျောက်ကပ်သွေးသန့်စင်ဆေးကြောမှု ၃,၀၄၅ ကြိမ်နှင့် အလုပ်သမားဆေးရုံကြီး (မန္တလေး) တွင် လူနာ ၃၀၈ ဦးအား ၂,၅၄၂ ကြိမ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 28 September 2026
■ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်တွင် ယာဉ်မောင်းနှင်ရင်း TikTok ရိုက်သည့် Express ယာဉ်မောင်းကို အရေးယူရန်တိုင်ကြားထားရာ ယာဉ်လိုင်းအားပြင်းထန်စွာသတိပေးခြင်း၊Express ယာဉ်ကို Telematic ကတ်ဖြုတ်သိမ်းပြီး အမြန်လမ်းအသုံးပြုခွင့်ပိတ်သိမ်းခြင်းများအပြင် ယာဉ်မောင်းကိုလည်း တရားဥပဒေအရဆက်လက်အရေးယူနိုင်ရန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့မှ အသိပေးထုတ်ပြန်ထားသည်။
■ ယာဉ်မောင်းနှင်နေစဉ် TikTok ရိုက်ကူးမှုများ အကြိမ်ကြိမ်ပြုလုပ်သည့် ရွှေလင်းယုန် Express ယာဉ်လိုင်းမှ ယာဉ်အမှတ် 2G-5403 ကိုမောင်းနှင်သည့် ယာဉ်မောင်းကို ဥပဒေအရအရေးယူပေးပါရန် အမြန်လမ်းမကြီးရဲတပ်ဖွဲ့သို့ တိုင်ကြားထားခြင်းဖြစ်သည်။
■ အဆိုပါ ယာဉ်မောင်းတင်သည့် TikTok ဗီဒီယိုများ၏ အောက်တွင် ယင်းကဲ့သို့ မပြုလုပ်သင့်ကြောင်း ဝေဖန်မှတ်ချက်ပြုသူများကိုလည်း ရိုင်းစိုင်းစွာတုံ့ပြန်ရေးသားခဲ့ကြောင်းသိရသည်။
■ ထို့ကြောင့် သတ်မှတ်စည်းကမ်းများကို လိုက်နာခြင်းမရှိသည့် ယာဉ်မောင်းအား ဥပဒေအရ ဆက်လက်အရေးယူနိုင်ရန် အမြန်လမ်းရဲတပ်ဖွဲ့ထံ သတင်းပေးပို့တိုင်ကြားခဲ့ခြင်းဖြစ်သည်။
■ အဆိုပါယာဉ်မောင်း၏ ပြုမူဆောင်ရွက်မှုများသည် အမြန်လမ်းမကြီးသုံးစွဲသည့် ခရီးသွားပြည်သူအားလုံးအတွက် အလွန်အန္တရာယ်ကြီးသည့် ကိစ္စဖြစ်ခြင်းကြောင့် ၎င်း Express ယာဉ်ကို Telematic ကတ်ဖြုတ်သိမ်းပြီး အမြန်လမ်းအသုံးပြုခွင့်ပိတ်သိမ်းလိုက်ကြောင်းသိရသည်။
■ ထို့အပြင် ရွှေလင်းယုန်ယာဉ်လိုင်းကိုလည်း ယခုလိုဖြစ်စဉ်များ ထပ်မံဖြစ်ပွားပါက ယာဉ်လိုင်းတစ်ခုလုံးကို အမြန်လမ်းသုံးစွဲခွင့် ပိတ်သိမ်းအရေးယူမည်ဖြစ်ကြောင်း ပြင်းထန်စွာသတိပေးထားကြောင်း ထုတ်ပြန်ချက်၌ဖော်ပြထားသည်။
#YMG/NN #Yangon_Times
#World_Health
Published 28 September 2026
■ ချွေးထုတ်ခန်းဝင်ခြင်း၊ ရေနွေးစိမ်ခြင်းတို့ကို မကြာခဏပြုလုပ်ပေးပါက ခန္ဓာကိုယ်ကို မြင့်မားတဲ့အပူချိန်တွေ ကျင့်ယူနိုင်စေဖို့ ကူညီပေးပါတယ်။
■ ပုံမှန်အပူဒဏ်ခံယူခြင်းက ချွေးထွက်စနစ် ပိုမိုကောင်းမွန်စေပြီး အရေပြားဆီသို့ သွေးလှည့်ပတ်မှု တိုးတက်စေကာ နှလုံးအပေါ် ဝန်ပိခြင်းကိုလည်း လျှော့ချပေးပါတယ်။
■ အပူဒဏ်နဲ့ ကျင့်သားရနေသူတွေဟာ ရေသောက်ဖို့ကို ပိုမိုဂရုစိုက်လာကြပြီး အပူလျှပ်တဲ့ ရှေ့ပြေးလက္ခဏာများကိုလည်း သတိပြုမိကြပါတယ်။
■ အပူဒဏ်ကျင့်ယူမှု ရရှိရန်အတွက် များသောအားဖြင့် တစ်ရက်ကို မိနစ် ၄၀ မှ ၆၀ အထိ၊ ၄ ရက်မှ ၆ ရက်ခန့် ပုံမှန်ပြုလုပ်ပေးရန် လိုအပ်ပါတယ်။
■ ဒီနည်းလမ်းကို ချက်ချင်းလုပ်ယူတာထက် ကြိုတင်ပြင်ဆင်တဲ့ အလေ့အကျင့်က ပိုပြီးထိရောက်နိုင်ပါတယ်။
■ အပူလှိုင်းဖြတ်နေစဉ်အတွင်း ချွေးထုတ်ခန်းဝင်ခြင်းက အပူဒဏ်ခံနေရပြီးသား ခန္ဓာကိုယ်မှာ နှလုံးနဲ့ သွေးကြောဆိုင်ရာ ဖိအားများကို ပိုမိုသက်ရောက်စေပါတယ်။
■ ရောဂါဝေဒနာ ခံစားနေရသူများ၊ ဖျားနာနေသူများ၊ ရင်ဘတ်အောင့်ရောဂါရှိသူများ၊ နှလုံးဖောက်ဖူးသူများနဲ့ သွေးဖိအားမမှန်သူများအနေဖြင့် အပူဒဏ်ခံယူခြင်းကို ရှောင်ကြဉ်ရပါမယ်။
■ ချွေးထုတ်ခန်းဝင်ခြင်းက ရေဝဝသောက်ခြင်းနဲ့ နေပူထဲ တိုက်ရိုက်ထွက်ခြင်းကို ရှောင်ကြဉ်ခြင်းတို့လို ပုံမှန်ကာကွယ်ရေး နည်းလမ်းများနေရာမှာတော့ အစားထိုးလို့မရနိုင်ကြောင်း ကျွမ်းကျင်သူများ ဆိုထားပါတယ်။
Source: The Guardian
#World_Health
Published 28 September 2026
■ အမေရိကန် FDA က အဆင့်မြင့် ပန်ကရိယကင်ဆာအတွက် သောက်ဆေးတစ်မျိုးဖြစ်တဲ့ Daraxonrasib ကို အသိအမှတ်ပြုလိုက်ပါတယ်။
■ ရောဂါဖြစ်ပွားစေတဲ့ အဓိကတွန်းအားဖြစ်တဲ့ RAS ပရိုတိန်းကို ဟန့်တားဖို့အတွက် ထုတ်ထားတဲ့ ပထမဆုံးကုသဆေး ဖြစ်ပါတယ်။
■ စမ်းသပ်မှုများအရ ပုံမှန်ဓာတုကုထုံးဖြင့် ၆.၇ လသာ အသက်ရှင်နိုင်မှုကို ၁၃.၂ လအထိ ၂ ဆတိုးတက်စေကြောင်း တွေ့ရှိရပါတယ်။
■ အခြားကုထုံးများ မတိုးတော့တဲ့ လူနာများ၊ အဆင့်လွန် ပန်ကရိယကင်ဆာ လူနာများအတွက် အသိအမှတ်ပြုထားခြင်း ဖြစ်ပါတယ်။
■ ဘေးထွက်ဆိုးကျိုးများအနေဖြင့် အဖုအပိမ့်ထွက်ခြင်း၊ ဝမ်းလျှောခြင်း၊ မောပန်းခြင်း၊ ပျို့အန်ခြင်း၊ ပါးစပ်အနာဖြစ်ခြင်းတို့ ပါဝင်ပြီး ဆေးပမာဏလျှော့ချရန် လိုအပ်နိုင်ပါတယ်။
■ အမေရိကန်ဈေးနှုန်းမှာ တစ်လကို ဒေါ်လာ ၃၉,၈၀၀ ခန့်ရှိနိုင်ပြီး တစ်နှစ်ကို ဒေါ်လာ ၄၇၇,၆၀၀ ခန့် ကျနိုင်ပါတယ်။
■ FDA အတည်ပြုချက်ရနိုင်ပေမယ့် အိန္ဒိယမှာတော့ ချက်ချင်းရနိုင်မှာမဟုတ်ဘဲ တရားဝင်ခွင့်ပြုချက်၊ တင်သွင်းမှု၊ ဈေးနှုန်းတို့က အဓိကစိန်ခေါ်မှု ဖြစ်နေပါတယ်။
■ ပန်ကရိယကင်ဆာအပြင် RAS ကြောင့်ဖြစ်တဲ့ အဆုတ်ကင်ဆာနဲ့ အူမကြီးကင်ဆာများကို ကုသဖို့အတွက်လည်း Daraxonrasib ကို ဆက်လက်စမ်းသပ်နေပါတယ်။
Source: Indian Express
ဧရာဝတီတိုင်းဒေသကြီးမအူပင်မြို့နယ်၌ အဆင့်မြင့်နည်းစနစ်များဖြင့် ဥစားကြက်များမွေးမြူပြီးထုတ်လုပ်မှုရဲ့ (၇၀)ရာခိုင်နှုန်းကို တိုင်းဒေသကြီး အတွင်းသို့တင်ပို့ ရောင်းချနေတယ်လို့သိရပါတယ်။
#Local_News
Published 27 September 2026
#ဥစားကြက်
#YMG/NN #Yangon_Times
#World_Health
Published 27 September 2026
■ နံနက်ခင်း လေ့ကျင့်ခန်းလုပ်ခြင်းဟာ ဆိုရှယ်မီဒီယာတွေပေါ်မှာ ရေပန်းစားပေမယ့် Open Heart ဂျာနယ်လေ့လာမှုတစ်ခုအရ ဒါဟာ လူတိုင်းနဲ့ သင့်တော်တာမျိုးတော့ မဟုတ်ဘူးလို့ ဖော်ပြထားပါတယ်။
■ လေ့ကျင့်ခန်းလုပ်ခြင်းရဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေဟာ လူတစ်ယောက်ရဲ့ သဘာဝခန္ဓာကိုယ်နာရီစက်ဝန်းနဲ့ ကိုက်ညီမှုရှိပုံအပေါ်မှာ အဓိကမူတည်နေပါတယ်။
■ နံနက်စောစော အိပ်ရာထတတ်သူတွေအတွက် နံနက်ပိုင်းလေ့ကျင့်ခန်းလုပ်ခြင်းက အကျိုးအရှိဆုံးဖြစ်ပြီး ညဉ့်နက်မှ အိပ်တတ်သူတွေအတွက်ကတော့ နေ့လယ်၊ ညနေပိုင်းတို့မှာ ပြုလုပ်ခြင်းက ပိုကောင်းနိုင်ပါတယ်။
■ လေ့ကျင့်ခန်းလုပ်ချိန်ကို ခန္ဓာကိုယ်လည်ပတ်စက်ဝန်းနဲ့ ချိန်ညှိခြင်းက သွေးဖိအား၊ သွေးတွင်းသကြားဓာတ်၊ ကိုလက်စထရောနဲ့ အိပ်စက်မှုအခြေအနေတို့ကို တိုးတက်ကောင်းမွန်စေပါတယ်။
■ လေ့ကျင့်ခန်းက ခန္ဓာကိုယ်စက်ဝန်းနဲ့ ကွက်တိမကျရင်တောင်မှ ဘယ်လိုကိုယ်လက်လှုပ်ရှားမှုမဆို သိသာထင်ရှားတဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေ ပေးစွမ်းနိုင်ပါသေးတယ်။
■ ညဉ့်နက်မှ အိပ်တတ်သူတွေအတွက် မနက်စောစောလေ့ကျင့်ခန်းလုပ်ဖို့ အတင်းအကျပ် ဖိအားပေးလုပ်ခြင်းက မောပန်းနွမ်းနယ်ပြီး ပုံမှန်လုပ်ဆောင်နိုင်စေမှာ မဟုတ်ပါဘူး။
■ နံနက်ပိုင်းပဲလုပ်ဖို့ အချိန်ရှိတယ်ဆိုရင် သွေးပူလေ့ကျင့်ခန်း ပိုကြာကြာလုပ်ပြီး ဖြည်းဖြည်းချင်း တိုးမြှင့်သွားခြင်းဖြင့် ခန္ဓာကိုယ်ကျင့်သားရစေနိုင်ပါတယ်။
■ လေ့ကျင့်ခန်းလုပ်ဖို့ အကောင်းဆုံးအချိန်ဆိုတာက ကိုယ်နဲ့ရင်းနှီးကျွမ်းဝင်ပြီး ပုံမှန်စွဲစွဲမြဲမြဲ လုပ်ဆောင်နိုင်ဖို့က ပိုအရေးကြီးပါတယ်။
Source: The Jerusalem Post
#World_Health
Published 27 September 2026
■ ကလေးတွေမှာ စကားပြောနှောင့်နှေးခြင်း၊ မျက်လုံးချင်းအကြည့် လျော့နည်းခြင်း၊ လူမှုဆက်ဆံရေးအားနည်းခြင်းတို့က မိဘများအနေဖြင့် လစ်လျူမရှုသင့်တဲ့ ဖွံ့ဖြိုးမှုဆိုင်ရာ လက္ခဏာများ ဖြစ်ပါတယ်။
■ ကလေးတစ်ဦးနဲ့ တစ်ဦး ဖွံ့ဖြိုးမှုနှုန်းထား မတူညီကြတဲ့အတွက် ဒီလက္ခဏာများ ရှိနေရုံမျှဖြင့် အော်တစ်ဇင်လို့ တိုက်ရိုက်သတ်မှတ်လို့ မရပါဘူး။
■ နာမည်ခေါ်ရင် ပြန်မထူးခြင်း၊ လူတွေနဲ့ ထိတွေ့ဆက်ဆံမှုကို ရှောင်လွှဲလိုခြင်းတို့လို လက္ခဏာတွေ ဒွန်တွဲတွေ့ရှိပါက စောစီးစွာ ဆေးစစ်ဆေးမှုခံယူရန် လိုအပ်ပါတယ်။
■ ကလေးက ယခင်ရရှိထားပြီးသား ဆက်သွယ်ပြောဆိုနိုင်တဲ့ ကျွမ်းကျင်မှုတွေကို ပြန်လည်ဆုံးရှုံးသွားပါက ကလေးအထူးကုဆရာဝန်နဲ့ ချက်ချင်းပြသဆွေးနွေးရန် အထူးအရေးကြီးပါတယ်။
■ စောစီးစွာ ရောဂါရှာဖွေစစ်ဆေးခြင်းဟာ ကလေးကို ချက်ချင်းရောဂါရှာဖွေနိုင်ခြင်း၊ အမှားအယွင်းမရှိ လိုအပ်တဲ့ သီးသန့်လိုအပ်ချက်များကို သိရှိစေဖို့ ကူညီပေးပါတယ်။
■ ငယ်စဉ်အခါမှာ ဖုန်း၊ ကွန်ပျူတာဖန်သားပြင်များ ကြည့်ရှုချိန် များပြားလွန်းခြင်းက လိုအပ်တဲ့ လူမှုဆက်ဆံရေးများကို အစားထိုးပစ်လိုက်သလိုမျိုး ဖြစ်စေပြီး ဆက်သွယ်ပြောဆိုမှု နောက်ကျခြင်း ပိုမိုဆိုးရွားစေနိုင်ပါတယ်။
■ မိဘများအနေဖြင့် ဖုန်း၊ တီဗီကြည့်ချိန်များအစား စာဖတ်ပြခြင်း၊ စကားပြောခြင်း၊ ဆော့ကစားခြင်းတို့လို လူချင်းတိုက်ရိုက်ဆက်ဆံချိန်ဖြင့် အစားထိုးပေးသင့်ပါတယ်။
■ ဖြစ်ပေါ်နေတဲ့ စိုးရိမ်ဖွယ်ရာများကို စောစီးစွာ ကိုင်တွယ်ဖြေရှင်းခြင်းဖြင့် လိုအပ်တဲ့ ပရော်ဖက်ရှင်နယ်အကူအညီများကို အချိန်မီရရှိစေပြီး ပိုမိုကျန်းမာစေတဲ့ ဖွံ့ဖြိုးတိုးတက်မှု ဖြစ်ပေါ်စေမှာ ဖြစ်ပါတယ်။
Source: India Today
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ရေတပ်၏ အမှတ် ၄၈ အစောင့်အကြပ်တာဝန်ထမ်းဆောင်ရေး ရေယာဉ်အုပ်စုသည် ကြာသပတေးနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်ဆိပ်ကမ်းသို့ရောက်ရှိခဲ့ပါတယ်။
#World_News
Published 25 September 2026
#တရုတ်ရေတပ်ရေယာဉ် #မြန်မာနိုင်ငံ
#YMG #Yangon_Times #Yangon_Media_Group
၂၀၂၆ ခုနှစ် တောင်ကြီးတန်ဆောင်တိုင် ရိုးရာမီးပုံးပျံပြိုင်ပွဲအတွက် စက်တင်ဘာ ၂၅ ရက်အထိ ပြိုင်ပွဲဝင်မီးပုံးပျံ စုစုပေါင်း ၃၉၂ လုံး စာရင်းပေးသွင်းထားတယ်လို့ သိရပါတယ်။
#Local_News
Published 26 September 2026
#တောင်ကြီးတန်ဆောင်တိုင် #မီးပုံးပျံပြိုင်ပွဲ
#YMG/SW #Yangon_Times
#Daily_News
Published 25 September 2026
၁။ တိရစ္ဆာန်ဆေးကုသရေးဆိုင်ရာ Zoo Veterinary Workshop ကို ငါးရက်ကြာပြုလုပ်ခဲ့
၂။ ယာဉ်အိုယာဉ်ဟောင်းအပ်နှံမှုမှ ယခုလအတွင်း EV ကား ၃၄ စီး တင်သွင်းခွင့်ပြုမည်
၃။ တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲ မီးပုံးပျံ ၃၉၂ လုံး ဝင်ရောက်ယှဉ်ပြိုင်မည်
၄။ တရုတ်ရေတပ်ရေယာဉ်အုပ်စု မြန်မာနိုင်ငံသို့နချစ်ကြည်ရေးခရီးရောက်ရှိ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန(က.ည.န)ကို အပ်နှံခဲ့တဲ့ ယာဉ်အိုယာဉ်ဟောင်းတွေအနက်မှ ၃၄ စီး ကို EV ကားအဖြစ် အခုလအတွင်း
တင်သွင်းခွင့်ပြုသွားမယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကအသိပေးထုတ်ပြန်ထားပါတယ်။
#Local_News
Published 26 September 2026
#ယာဉ်အိုယာဉ်ဟောင်း #EV
#YMG/NN #Yangon_Times
ရန်ကုန်မြို့က တိရစ္ဆာန်ဥယျာဉ်မှာ တိရစ္ဆာန်တွေရဲ့ကျန်းမာရေးနဲ့ ကောင်းကျိုးချမ်းသာရေးကို ပိုမိုကောင်းမွန်စွာစောင့်ရှောက်နိုင်ဖိုအတွက် Zoo Veterinary Workshop ကို ၅ ရက်တာကျင်းပပြုလုပ်ခဲ့ပါတယ်။
#Local_News
Published 26 September 2026
#Zoo_Veterinary_Workshop
#YMG/SW #Yangon_Times
Page 17 of 2096