#World_Health
Published 06 October 2026
■ မုန်လာဥနီဖျော်ရည်ဟာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ Diet သောက်စရာတစ်ခုလို့ လူသိများပေမယ့် တကယ်တော့ သဘာဝသကြားဓာတ်တွေ၊ ကယ်လိုရီတွေ အများကြီးပါဝင်ပြီး အမျှင်ဓာတ်မပါတဲ့ အချိုရည်တစ်မျိုးဖြစ်ကြောင်း ဒေါက်တာ Maya Rosman ကသတိပေးပြောကြားလာပါတယ်။
■ မုန်လာဥနီဟာ ဟင်းသီးဟင်းရွက်ဖြစ်တာကြောင့် ဖျော်ရည်သောက်ရင်လည်း ကယ်လိုရီမတက်ဘူးလို့ ထင်ကြပါတယ်။
■ ဒါပေမဲ့ ဖျော်ရည်ညှစ်လိုက်တဲ့အခါ အမျှင်ဓာတ်တွေ ကျန်ရစ်ခဲ့ပြီး သကြားဓာတ်နဲ့ ကယ်လိုရီတွေပဲ ခွက်ထဲရောက်သွားပါတယ်။
■ ဖျော်ရည် တစ်ခွက်ရဖို့ မုန်လာဥနီ အနည်းဆုံး အချိန် ၃၀ ကျပ်သားလောက် ညှစ်ရပါတယ်။
မုန်လာဥနီ ဒီလောက်အများကြီးကို ဒီအတိုင်းဆို ဘယ်သူမှတစ်ခါတည်း မစားနိုင်ပေမယ့် ဖျော်ရည်အဖြစ်တော့ မိနစ်ပိုင်းအတွင်း အလွယ်တကူသောက်မိသွားကြပါတယ်။
■ မုန်လာဥနီ အလုံးအတိုင်း စားရင်အမျှင်ဓာတ်ကြောင့် ဗိုက်ဝလွယ်ပြီး သကြားဓာတ် စုပ်ယူမှုကို နှေးကွေးစေပါတယ်။ ဖျော်ရည်မှာတော့ အမျှင်ဓာတ်မပါတော့တာကြောင့် သကြားဓာတ်တွေ ခန္ဓာကိုယ်ထဲ ချက်ချင်းရောက်ရှိသွားပါတယ်။
■ မုန်လာဥနီဖျော်ရည် တစ်ခွက်မှာ သကြား လက်ဖက်ရည်ဇွန်း ၂ ဇွန်းခွဲကနေ ၆ ဇွန်းအထိ ပါဝင်နိုင်ပြီး ကယ်လိုရီ ၁၇၀ ခန့် ရှိပါတယ်။
■ ဒါဟာ Cappuccino ကော်ဖီတစ်ခွက်ထက်တောင် ကယ်လိုရီပိုများနိုင်ပါတယ်။ ဝိတ်လျှော့နေသူတွေအနေနဲ့ မုန်လာဥနီဖျော်ရည်ကို လုံးဝမသောက်ရဘူး မဟုတ်ပေမဲ့ "ကယ်လိုရီမတက်တဲ့ ဟင်းသီးဟင်းရွက်" လို့ မသတ်မှတ်သင့်ပါဘူး။
■ ဖျော်ရည်သောက်တာထက် မုန်လာဥနီကို အလုံးအတိုင်း ဝါးစားတာ သို့မဟုတ် အမျှင်ဓာတ် ကျန်ရှိအောင် စပလန်ဒါနဲ့ မွှေပြီး Smoothie လုပ်သောက်တာက ကျန်းမာရေးအတွက် ပိုမို သင့်တော်ပါတယ်။
Source- The Jerusalem post
#World_News
Published 06 October 2026
■ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်ပြည်နယ်မှာ ဝက်သက် (Measles) ကူးစက်ရောဂါ ဖြစ်ပွားမှုတွေ မြင့်တက်လာတာကြောင့် ပြည်နယ်အုပ်ချုပ်ရေးမှူး Kathy Hochul က တစ်ပြည်နယ်လုံး အရေးပေါ်အခြေအနေ ကြေညာလိုက်ပါတယ်။
၂၀၂၅ ခုနှစ်နောက်ပိုင်း အမေရိကန်မှာ ဝက်သက်ရောဂါ ကူးစက်မှုတွေ ပြန်လည်မြင့်တက်လာခဲ့ပြီးနောက် နယူးယောက်ပြည်နယ်က ပထမဆုံးအကြိမ် ပြည်နယ်အဆင့် အရေးပေါ်အခြေအနေ ကြေညာလိုက်တာဖြစ်ပါတယ်။
ဒီနှစ်အတွင်း နယူးယောက်မှာ ဝက်သက်ရောဂါကူးစက်သူ ၁၀၈ ယောက် ရှိခဲ့ပြီး၊ အဲဒီထဲက ၉၂ ယောက် ဟာ ဇူလိုင်လလယ်နောက်ပိုင်း ကာကွယ်ဆေးထိုးနှံမှုနည်းပါးတဲ့ ကျေးလက်ဒေသ ၁၈ ခုမှာ ကူးစက်ခဲ့တာဖြစ်ပါတယ်။
နယူးယောက်နဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ပင်ဆယ်ဗေးနီးယား ပြည်နယ်မှာလည်း ကူးစက်မှု ၁,၀၀၀ ကျော်လွန်သွားပြီး သေဆုံးသူ ၅ ယောက်အထိ ရှိလာခဲ့တာကြောင့် နှစ်ပေါင်း ၃၀ အတွင်း အဆိုးဝါးဆုံး ကူးစက်မှုဖြစ်နေပါတယ်။
CDC ရဲ့ အချက်အလက်တွေအရ အမေရိကန်တစ်နိုင်ငံလုံးမှာ ဝက်သက်ကူးစက်သူ ၃,၉၀၀ နီးပါးရှိလာခဲ့ပြီး ၁၉၉၁ ခုနှစ်နောက်ပိုင်း စံချိန်တင်အဆိုးဝါးဆုံးနှစ် ဖြစ်နေပါတယ်။
Source-Wion
နေပြည်တော်၊ အောက်တိုဘာ ၅
အစိုးရတစ်ရပ်အနေဖြင့် နိုင်ငံ့စီးပွားရေး ပြန်လည်တိုးတက်လာအောင် ဆောင်ရွက်နိုင်မှသာ ပြည်သူ လူထု၏ ယုံကြည်အားကိုးမှုရရှိပြီး နိုင်ငံသည် အဘက်ဘက်မှ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က အောက်တိုဘာ ၅ ရက် မွန်းလွဲပိုင်း နေပြည်တော်ရှိ နိုင်ငံတော် သမ္မတရုံးတော်၌ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များအား နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လမ်းညွှန်မှာကြားစဉ် ပြောကြားသည်။
အချက်အလက်များအရ နိုင်ငံ၏ ဂျီဒီပီ ၃ ရာခိုင်နှုန်းခန့် တိုးတက်လာသော်လည်း ဒေသတွင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက တိုးတက်မှုနှုန်း နှေးကွေးနေဆဲဖြစ်ကြောင်း၊ ပြည်တွင်းတည်ငြိမ်အေးချမ်းမှုမရှိခြင်းကြောင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးမှုအားနည်းကာ နိုင်ငံ့စီးပွားရေးတိုးတက်မှု နှေးကွေးနေရသကဲ့သို့ ကုန်ထုတ် လုပ်ငန်းများ စွမ်းအားပြည့် လုပ်ကိုင်ခြင်းမရှိမှုကလည်း စီးပွားရေးအားနည်းမှုကို ဖြစ်ပေါ်စေကြောင်း ၎င်းက ပြောကြားသည်။
အစိုးရတာဝန်ထမ်းဆောင်မှု မကြာမီ ခြောက်လပြည့်မြောက်တော့မည်ဖြစ်ပြီး နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုး တိုးတက်အောင် မလွဲမသွေဆောင်ရွက်နိုင်ရမည်ဖြစ်ကြောင်း သမ္မတက ဆိုသည်။ နိုင်ငံရေးမတည်ငြိမ်မှု၊ စီးပွားရေးပိတ်ဆို့မှု၊ ဘဏ္ဍာရေးအကူအညီနှင့် နိုင်ငံတကာဈေးကွက် အပြည့်အဝမရရှိမှု၊ ကုန်သွယ်မှု ကျဆင်းမှုတို့ကြောင့် ကုန်ထုတ်လုပ်ငန်းများ စွမ်းအားပြည့်လည်ပတ်ရန် အခက်အခဲရှိနေကြောင်း၊ ပျက်စီးသွားသည့် လမ်း၊ တံတားနှင့် အခြေခံအဆောက်အအုံများကို ပြန်လည်တည်ဆောက်ရာတွင် ဘဏ္ဍာငွေ၊ လူ့စွမ်းအားနှင့် အချိန်များ ထပ်မံအသုံးပြုနေရသဖြင့် မူလရည်မှန်းထားသည့် ဖွံ့ဖြိုးရေး လုပ်ငန်းများ နှောင့်နှေးနေရကြောင်း ပြောကြားသည်။
ယင်းအခြေအနေတွင် စိုက်ပျိုးမွေးမြူရေးအခြေခံ ကုန်ထုတ်လုပ်မှုများ တိုးမြှင့်ရန်နှင့် ပြည်တွင်း လုပ်ငန်းရှင်များ ဝင်ရောက်ရင်းနှီးမြှုပ်နှံရန် တိုက်တွန်းသည်။ ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံများ ပန်းတိုင်အထွက်နှုန်းပြည့်မီအောင် ဆောင်ရွက်ရန်၊ မျိုးကောင်းမျိုးသန့်၊ မြေဩဇာ၊ ပိုးသတ်ဆေးနှင့် စက်မောင်းဆီအပါအဝင် လိုအပ်သည့် သွင်းအားစုများကို သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ဒေသအစိုးရအဖွဲ့များက ဖြည့်ဆည်းပေးရန် မှာကြားသည်။ ကြက်သွန်၊ အာလူး၊ ငရုတ်စသည့် အခြေခံစားကုန်သီးနှံများနှင့် အသား၊ ငါး၊ ရေထွက်ကုန်များကိုလည်း ဈေးကွက်လိုအပ်ချက်နှင့်အညီ တိုးမြှင့်ထုတ်လုပ်ရန် ပြောကြားသည်။
ပြည်တွင်းကုန်ကြမ်းအခြေခံ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးရေးအတွက် ရာဘာမှ မော်တော်ဆိုင်ကယ်နှင့် စက်ဘီးတာယာ၊ ကျွတ်နှင့် အခြားလူသုံးကုန်များ ထုတ်လုပ်ရန်၊ ဝါမှ ချည်မျှင်နှင့် အထည်အလိပ်အထိ ဆက်စပ်ကုန်ထုတ်လုပ်မှုများ တိုးတက်စေရန် မှာကြားသည်။ ရင်းနှီးမြှုပ်နှံမှုတွင် ပြည်တွင်းလုပ်ငန်းရှင် များကို ဦးစားပေးသကဲ့သို့ ပြည်ပရင်းနှီးမြှုပ်နှံမှုများကိုလည်း ဖိတ်ခေါ်ရန်နှင့် ကုန်ဈေးနှုန်းကြီးမြင့်မှုကို ဖြေရှင်းနိုင်ရေးအတွက် ကုန်ထုတ်လုပ်မှုတိုးမြှင့်ကာ စားသုံးမှုဖူလုံအောင် ဆောင်ရွက်ရန် ပြောကြား သည်။
ပို့ကုန်တိုးမြှင့်ရေးနှင့်ပတ်သက်၍ အရည်အသွေးကောင်း စပါးမျိုးများစိုက်ပျိုးခြင်း၊ ဆန်စက်များ အဆင့်မြှင့်ခြင်းနှင့် ဈေးကွက်ရှာဖွေခြင်းတို့ ဆောင်ရွက်ရန်၊ ဆန်ကွဲကို တိုက်ရိုက်တင်ပို့မည့်အစား တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်ရန်နှင့် စီးပွားရေးသံမှူးများက ပြည်ပဈေးကွက်များ ရှာဖွေပေးရန် မှာကြားသည်။ ကုန်ထုတ်လုပ်မှုတိုးမြှင့်နိုင်ရေးအတွက် လုပ်သားအရင်းအမြစ် လိုအပ်နေပြီး ပြည်ပသို့ အလုပ်သွားရောက်လုပ်ကိုင်မှုကြောင့် ပြည်တွင်းလုပ်သားအင်အား ဆုံးရှုံးမှုများရှိကြောင်းနှင့် ပညာတတ် လူ့စွမ်းအားအရင်းအမြစ် အားနည်းနေကြောင်းလည်း ထည့်သွင်းပြောကြားသည်။
အယ်လ်နီညိုကြောင့် အပူလွန်ကဲခြင်း၊ ပူပြင်းခြောက်သွေ့ခြင်းနှင့် မြေအောက်ရေခမ်းခြောက်ခြင်းတို့ ကြုံတွေ့နိုင်ကြောင်း သုံးသပ်မှုများရှိသဖြင့် လာမည့် ၂၀၂၇ ခုနှစ် မိုးရာသီမတိုင်မီအထိ ကြိုတင် ပြင်ဆင်ထားရန် သမ္မတက မှာကြားသည်။ သောက်သုံးရေနှင့် စိုက်ပျိုးရေကို ထိန်းသိမ်းသုံးစွဲခြင်း၊ ဆည်နှင့် တာတမံများ၌ ရေသိုလှောင်ခြင်း၊ ရေအလေအလွင့်မရှိစေရန် ကြပ်မတ်ခြင်း၊ အပူရှောင်စခန်း များ ဖွင့်လှစ်ခြင်းနှင့် ကြာရှည်အထားခံ စားနပ်ရိက္ခာများ စုဆောင်းခြင်းတို့ ဆောင်ရွက်ရန်၊ မိုးနှောင်း ရာသီသီးနှံများ ရည်မှန်းချက်ပြည့်မီအောင် စိုက်ပျိုးပြီး မွေးမြူရေးလုပ်ငန်းများ စဉ်ဆက်မပြတ် လည် ပတ်နိုင်ရန် စီမံထားရန် ပြောကြားသည်။
ပြည်ထောင်စုနှင့် ဒေသအဆင့် တာဝန်ရှိသူများအနေဖြင့် မိမိတို့၏ အသိပညာ၊ အတွေ့အကြုံများနှင့် ဒေသအလိုက် အားသာချက်များကို အသုံးချကာ ရည်မှန်းချက်များချမှတ်၍ နိုင်ငံ့စီးပွားရေးနှင့် ပြည်သူ တို့၏ လူမှုစီးပွားဘဝ တိုးတက်ရေးကို အကောင်အထည်ဖော်ရန်လည်း တိုက်တွန်းခဲ့သည်။
#World_Health
Published 04 October 2026
■ လေ့ကျင့်ခန်းလုပ်ပြီးနောက် သောက်လိုက်တဲ့ Protein shake ဟာ သင့်ရဲ့ ကြွက်သားတည်ဆောက်ရေး လိုအပ်ချက်တွေကို ကူညီပေးနိုင်ပေမယ့်၊ သင့်ရဲ့ မေးရိုး၊ ရင်ဘတ် ဒါမှမဟုတ် ကျောကုန်းအထက်ပိုင်းတွေမှာ နာကျင်ပြီး ပျောက်ကင်းဖို့ခက်တဲ့ ဝက်ခြံဖုတွေ ရုတ်တရက် ထွက်လာခဲ့ရင်တော့ နေ့စဉ်သောက်နေတဲ့ Whey protein ကြောင့်ဖြစ်ဖို့ ရာခိုင်နှုန်းများပါတယ်။
■ လက်ရှိ အွန်လိုင်းမှာလူတော်တော်များများ ပရိုတင်းဓာတ် စွဲလမ်းနေကြတဲ့အတွက် မိမိခန္ဓာကိုယ်က အမှန်တကယ် ပရိုတင်း ဘယ်လောက်လိုအပ်လဲဆိုတာကို သတိထားဖို့ လိုအပ်လာပါတယ်။
■ Whey protein ဟာ ကြွက်သား ပြန်လည်သန်မာစေဖို့နဲ့ ပြုပြင်ဖို့အတွက် ရေပန်းစားနေဆဲ ဖြစ်ပေမယ့်၊ နေ့စဉ်ရက်ဆက် သောက်သုံးတဲ့အခါ ခန္ဓာကိုယ်တွင်း ဇီဝဓာတုဖြစ်စဉ်ကို ပြောင်းလဲစေပြီး သင့်အသားအရေရဲ့ အကာအကွယ်လွှာ၊ ဆီထွက်နှုန်းနဲ့ ဆဲလ်အသစ်ဖြစ်ပေါ်မှုတွေကို တိုက်ရိုက်သက်ရောက်မှု ရှိစေပါတယ်။
■ Whey ကို နို့ကနေ ဒိန်ခဲပြုလုပ်တဲ့ဖြစ်စဉ်မှာ ဘေးထွက်ပစ္စည်းတစ်ခုအဖြစ်ရရှိတာပါ။
■ သူက သန့်စင်ပြီးသား ပရိုတင်းဓာတ် အလွန်ပြင်းအားကောင်းတာကြောင့် သင့်အစာချေစနစ်က အမိုင်နိုအက်ဆစ်တွေ (အထူးသဖြင့် Leucine လိုမျိုး BCAAs တွေကို) မြန်မြန်ဆန်ဆန် စုပ်ယူလိုက်ပါတယ်။
■ ဒီဖြစ်စဉ်က ကြွက်သားတည်ဆောက်မှုကို အထောက်အကူပြုပေမဲ့ အသားအရေပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေကိုလည်း စတင်စေပါတယ်။
■ Whey protein ဟာ သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်ပေးတဲ့ အင်ဆူလင် ဟော်မုန်းကို မြန်မြန်ဆန်ဆန် မြင့်တက်စေပါတယ်။ အင်ဆူလင် ရုတ်တရက် မြင့်တက်မှုကြောင့် ဆဲလ်ဖွံ့ဖြိုးမှုနဲ့ လုပ်ဆောင်ချက်တွေမှာ ပါဝင်တဲ့ IGF-1 (Insulin-like Growth Factor 1) ဟော်မုန်း ပမာဏလည်း မြင့်တက်လာပါတယ်။
■ GF-1 ပမာဏ မြင့်တက်လာတဲ့အခါ အသားအရေရဲ့ အဆီဂလင်းတွေက ပုံမှန်ထက် အဆီ ကို ပိုမိုထုတ်လုပ်ပေးပါတယ်။ အဆီတွေ ပိုထွက်လာတဲ့အခါ မွေးညင်းပေါက်တွေကို ပိတ်ဆို့စေပြီး ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယား (Cutibacterium acnes) တွေ ပေါက်ဖွားဖို့ ပတ်ဝန်းကျင်ကောင်းကို ဖန်တီးပေးလိုက်ပါတယ်။
■ Whey protein မှာ Leucine လို့ခေါ်တဲ့ အမိုင်နိုအက်ဆစ်ဓာတ် ကြွယ်ဝစွာ ပါဝင်ပြီး သူက ခန္ဓာကိုယ်တွင်းရှိ mTORC1 လို့ခေါ်တဲ့ ဆဲလ်ကြီးထွားမှု လမ်းကြောင်းကို လှုံ့ဆော်ပေးပါတယ်။
■ Whey protein ကို နေ့စဉ် သောက်သုံးခြင်းဟာ ခန္ဓာကိုယ်က သေချာ စိစစ်မချေဖျက်နိုင်ရင် အသားအရေ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် သင့်ရဲ့ နေ့စဉ် လှုပ်ရှားမှုအပေါ် မူတည်ပြီး ပရိုတင်း ပမာဏကို မျှတအောင် သောက်သုံးဖို့ လိုအပ်ပါတယ်။
Source- NDTV LIFE-LINE
#World_Health
Published 03 October 2026
■ ဗိုက်ထဲက ရုတ်တရက် "ဂွီဂွီ" နဲ့ အသံမြည်လာတာဟာ ဗိုက်ဆာနေပြီဆိုတာကို ပြသနေတဲ့ ထင်ရှားတဲ့ လက္ခဏာတစ်ခုလို့ ထင်စရာရှိပါတယ်။ ဒါပေမဲ့ ဒီအသံတွေဟာ အမှန်တော့ အစာချေစနစ်ရဲ့ ပုံမှန်လှုပ်ရှားမှုတွေကြောင့် ဖြစ်ပေါ်လာတာပါ။
■ အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ အထူးကုဆရာဝန်ကြီးတစ်ဦးက ဒီအသံတွေ ဘာကြောင့်ဖြစ်ရတာလဲနဲ့ ဘယ်လိုအချိန်မျိုးမှာ ဂရုစိုက်ဖို့ လိုအပ်မလဲဆိုတာကို ရှင်းပြပေးထားပါတယ်။
■ ဗိုက်ထဲက အသံမြည်ခြင်းဟာ ဗိုက်ဆာတာတစ်ခုတည်းကြောင့် မဟုတ်ဘဲ အစာချေလမ်းကြောင်းအတွင်း လေနဲ့အရည်တွေရဲ့ ပုံမှန်လှုပ်ရှားမှု (Migrating Motor Complex) ကြောင့် ဖြစ်ပွားရတာပါ။
■ ဗိုက်ထဲမှာ အစာမရှိဘဲ ဟာနေတဲ့အခါ ဒီအသံတွေဟာ ပိုပြီး ကျယ်ကျယ်လောင်လောင် ကြားရလေ့ရှိပါတယ်။ပဲမျိုးစုံ၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီနဲ့ အမြှုပ်ထွက်တဲ့ အအေးတွေလို လေပွစေတဲ့ အစားအစာတွေဟာ ဒီအသံတွေကို ပိုမိုကျယ်လောင်စေနိုင်ပါတယ်။
■ ဖာရီဒါဘတ် (Faridabad) မြို့၊ Metro ဆေးရုံမှ Dr. Vishal Khurana ရဲ့ ပြောကြားချက်အရ တစ်ခါတရံ ဗိုက်အသံမြည်တာဟာ ပုံမှန်ဖြစ်ပေမယ့် ဗိုက်အောင့်တာ၊ ပျို့အန်တာ၊ ဝမ်းချုပ်တာ၊ ဝမ်းလျှောတာ၊ အကြောင်းအရင်းမရှိ အမှန်တကယ် ဝိတ်ကျသွားတာ၊ ဖျားနာတာ ဒါမှမဟုတ် ဝမ်းအမည်းသွားတာမျိုးတွေနဲ့အတူ မပြတ်ဘဲ ဆက်တိုက် အသံမြည်နေရင်တော့ ဆရာဝန်နဲ့ ပြသစစ်ဆေးဖို့ လိုအပ်ပါတယ်။
■ တိတ်ဆိတ်နေတဲ့ အခန်းတစ်ခန်းထဲမှာ ထိုင်နေတုန်း သင့်ဗိုက်ထဲက ရုတ်တရက် "ဂွီဂွီ" နဲ့ အသံကြီးတွေ မြည်လာတာမျိုး ကြုံဖူးကြမှာပါ။
■ အဲဒီအခါ ပထမဆုံး စိတ်ထဲရောက်သွားတာကတော့ "ငါ ဗိုက်ဆာနေပြီ ထင်တယ်" ဆိုတဲ့ အတွေးပါပဲ။ဒါပေမဲ့ အဲဒီလို အသံမြည်တာဟာ ဗိုက်ဆာတာတစ်ခုတည်းကြောင့် မဟုတ်ပါဘူး။အစာမစားရသေးဘဲ နာရီပေါင်းများစွာ ကြာနေတဲ့ တိုင်အောင် သင့်ရဲ့ အစာချေစနစ်ဟာ ဆက်လက်လှုပ်ရှားနေဆဖြစ်ပါတယ်။ အူလမ်းကြောင်းက ညှစ်ထုတ်ပေးပြီး လေနဲ့ အရည်တွေ ဖြတ်သန်းသွားတဲ့အခါ အစာအိမ်ထဲက အသံတွေကို ဖြစ်ပေါ်စေတာပါ။ဒါဆိုရင် ဗိုက်ဆာတဲ့အခါ ဒီအသံတွေက ဘာလို့ ပိုကျယ်လာရတာလဲ။ ဘယ်အတိုင်းအတာအထိက ပုံမှန်ဖြစ်ပြီး ဘယ်အချိန်မှာ ဆရာဝန်နဲ့ ပြသသင့်သလဲဆိုတာကိုကြည့်လိုက်ရအောင်ပါ။
■ ■ ဗိုက်ဆာတဲ့အခါ အစာအိမ်က ဘာလို့ အသံမြည်တာလဲ
■ ကျွန်တော်တို့ရဲ့ အစာချေစနစ်ဟာ ထမင်းစားချိန်ကြားထဲမှာတောင် အမြဲတမ်း လှုပ်ရှားနေတာပါ။
■ ဒီလှုပ်ရှားမှု ပုံစံတွေထဲက တစ်ခုကို Migrating Motor Complex (MMC) လို့ ခေါ်ပါတယ်။ ဒါဟာ အစာအိမ်ထဲမှာ အစာမရှိတဲ့ အချိန်မှာတောင် အစာချေလမ်းကြောင်းထဲမှာ ဖြစ်ပေါ်နေတဲ့ ညှစ်အားလှုပ်ရှားမှုတွေကို ဆိုလိုတာပါ။"အစာအိမ်ထဲမှာ အစာမရှိဘဲ ဟာနေတဲ့အခါ အူလမ်းကြောင်းရဲ့ လှုပ်ရှားမှုတွေက အသံတွေကို ပိုပြီး ထင်ထင်ရှားရှား ကြားရစေတာဖြစ်ပါတယ်" လို့ ဒေါက်တာ ကူရာနာ က ရှင်းပြပါတယ်။ဆေးပညာအရ Borborygmi လို့ခေါ်တဲ့ ဒီအသံတွေဟာ အစာချေလမ်းကြောင်းအတွင်း လေနဲ့အရည်တွေ ရွေ့လျားသွားတဲ့အခါ ထွက်ပေါ်လာတာပါ။
■ တစ်နည်းအားဖြင့် ပြောရရင် အဲဒီလို ရုတ်တရက် အသံမြည်လာတာဟာ အစာအိမ်က အစာတောင်းနေတာ သက်သက်မဟုတ်ဘဲ အူလမ်းကြောင်းရဲ့ ပုံမှန်အလုပ်လုပ်နေတဲ့ လှုပ်ရှားသံပဲ ဖြစ်ပါတယ်။
■ ■ အစာမစားရသေးတဲ့အခါ အသံက ဘာလို့ ပိုကျယ်လာရတာလဲ
■ အစာချေစနစ်ထဲမှာ အစာတွေ ရှိနေတဲ့အခါ အူလမ်းကြောင်း လှုပ်ရှားမှုကြောင့် ထွက်လာတဲ့ အသံတွေကို အစာတွေက စုပ်ယူထားသလို ဖြစ်တာကြောင့် သိပ်မကြားရပါဘူး။
■ ဒါပေမဲ့ အစားမစားဘဲ ကြာလာတဲ့အခါ အစာအိမ်ထဲမှာ အစာမရှိတော့ပေမယ့် အစာချေလမ်းကြောင်းကတော့ အလုပ်ဆက်လုပ်နေဆဲ ဖြစ်ပါတယ်။
■ ဒီလို လေနဲ့ အရည်တွေ အူလမ်းကြောင်းထဲ ဖြတ်သန်းသွားတာကြောင့် ကျွန်တော်တို့ ကြားနေရတဲ့ ဗိုက်မြည်သံတွေ ထွက်ပေါ်လာရတာ ဖြစ်တယ်လို့ ဒေါက်တာ ကူရာနာ က ဆိုပါတယ်။
■ ဒါကြောင့်မလို့ အလုပ်ကိစ္စ အစည်းအဝေးလုပ်နေတုန်း ဒါမှမဟုတ် မွန်းလွဲစာ စောင့်နေတုန်း ဝမ်းဗိုက်ထဲက အသံကြီးတွေ ထွက်လာရင်လည်း ဘာမှ စိုးရိမ်စရာ မလိုပါဘူး။
Source-India_Today
#World_News
Published 03 October 2026
■ မတူညီတဲ့ အခြေအနေအမျိုးမျိုးကနေ စတင်ပုံဖော်ခဲ့တဲ့ နေအဖွဲ့အစည်းဆိုင်ရာ စီမံဖန်တီးမှုတွေအရ ကမ္ဘာနဲ့တူတဲ့ ဂြိုဟ်တွေဟာ ဂြိုဟ်တွေ ဖြစ်တည်ဖြစ်ပေါ်လာမှု ကိစ္စရပ်တွေကနေ သဘာဝအတိုင်း ထွက်ပေါ်လာနိုင်တယ်ဆိုတာကို ပြသနေပါတယ်။
■ ကမ္ဘာဂြိုဟ်စနစ်တွေရဲ့ လေ့လာတွေ့ရှိချက်တွေကို အခုဆိုရင် မတူညီတဲ့ စတင်မှုအခြေအနေ ပေါင်းထောင်ပေါင်းများစွာကနေ စတင်ပြုလုပ်နိုင်နေပြီဖြစ်လို့ သုတေသနပညာရှင်တွေအနေနဲ့ နောက်ဆုံးထွက်ပေါ်လာမယ့် ရလဒ်ကို ကြိုတင်ခန့်မှန်း ကြိုတင်သတ်မှတ်ထားစရာမလိုဘဲ ဂြိုဟ်တွေ ဘယ်လိုဖြစ်တည်လာသလဲဆိုတာကို လေ့လာစုံစမ်းနိုင်ကြပြီ ဖြစ်ပါတယ်။
■ ပြီးခဲ့တဲ့ အနှစ်သုံးဆယ်အတွင်း ဒီမော်ဒယ်တွေဟာ ရိုးရှင်းတဲ့ ခန်းမှန်းတွက်ချက်မှုအဆင့်ကနေ ပိုမိုဆန်းသစ်ပြည့်စုံတဲ့ စီမံဖန်တီးမှု မော်ဒယ်တွေအဖြစ် တိုးတက်ပြောင်းလဲလာခဲ့ကြတာပါ။
■ ပါရီမြို့မှာ ကျင်းပခဲ့တဲ့ Origins 2026 ညီလာခံမှာ သိပ္ပံပညာရှင် Nader Haghighipour က ကျွန်တော်တို့ရဲ့ နေအဖွဲ့အစည်းဟာ ပုံသေ သတ်မှတ်ချက် မထားရှိဘဲ ဘယ်လိုစတင် ဖြစ်တည်လာခဲ့သလဲဆိုတာကို ပြန်လည် ပုံဖော်ထားတဲ့ စီမံဖန်တီးမှုတွေကို တင်ပြသွားခဲ့ပါတယ်။
■ ဟာဝိုင်ယီတက္ကသိုလ်မှ ဂြိုဟ်တုဆိုင်ရာ သိပ္ပံပညာရှင် ဟာဂီဟီပူးရ် က ဒီမော်ဒယ်တွေဟာ စတင်မှုအခြေအနေ မြောက်မြားစွာကို ကိန်းဂဏန်းကျ ပုံစံဖြင့် စတင်ပြီး ရူပဗေဒ နိယာမတွေအတိုင်း ဂြိုဟ်အဖွဲ့အစည်းတွေ ဘယ်လိုဖြစ်တည်လာမလဲဆိုတာကို သဘာဝအတိုင်း လမ်းကြောင်းပေးလိုက်တာကြောင့် အရင်နည်းလမ်းတွေနဲ့ ကွဲပြားတယ်လို့ ဆိုပါတယ်။
■ ဒီနည်းလမ်းဟာ သိပ္ပံပညာရှင်တွေ အရင်ကတည်းက သိထားပြီးသား နေအဖွဲ့အစည်း ပုံစံဆီ ရောက်အောင် ပုံသေကားချပ် မမောင်းနှင်ဘဲ၊ ဖြစ်နိုင်ခြေရှိတဲ့ ရလဒ်အမျိုးမျိုးကို ပိုမိုကျယ်ပြန့်စွာ ထွက်ပေါ်လာစေတာပါ။
■ "ကျွန်တော်တို့ ကမ္ဘာလို ကျောက်ဆောင်ဂြိုဟ်တွေ ဖြစ်တည်မှုကို နည်းလမ်းတစ်ခုတည်းနဲ့ပဲ လုပ်ဆောင်လာခဲ့တာ နှစ်ပေါင်း ၃၀ လောက်ရှိပါပြီ။ အရင်က လုပ်ခဲ့တဲ့ မော်ဒယ်ပြုလုပ်မှုတွေမှာ ကန့်သတ်ချက်များစွာ ရှိနေပြီး ရှေ့ဆက်တိုးလို့ မရတော့တဲ့ အနေအထားကို ရောက်လာခဲ့တယ်ဆိုတာကို သဘောပေါက်လာခဲ့ကြပါတယ်" လို့ ဟာဂီဟီပူးရ် က ပါရီမှာ ပြောပြခဲ့ပါတယ်။
■ သက်ရှိတွေ ရှင်သန်နိုင်တဲ့ ဂြိုဟ်တွေ ဖြစ်တည်လာဖို့ အလားအလာ အရှိဆုံး ပတ်ဝန်းကျင်ဟာ ပုံသေ သတ်မှတ်ချက်တွေ ကင်းလွတ်ပြီး ကြယ်အစုအဝေး nebula) ကနေ သဘာဝအတိုင်း ဖြစ်ပေါ်လာတဲ့၊ အခဲဝတ္ထုတွေ ညီညီညာညာ ပျံ့နှံ့မနေတဲ့ (Protoplanetary disk - ဂြိုဟ်ဖြစ်တည်စ ဓါတ်ငွေ့နဲ့ ဖုန်မှုန့်ဝိုင်း) ပဲဖြစ်တယ်လို့ ဟာဂီဟီပူးရ် က သူ့ရဲ့ Origins ညီလာခံ စာတမ်းမှာ ရေးသားထားပါတယ်။
■ ကျွန်တော်တို့ဟာ ဂြိုဟ်လောင်း နဲ့ ဂြိုဟ်သန္ဓေ အမျိုးမျိုးပျံ့နှံ့ပါဝင်မှုကို အခြေခံပြီး ကမ္ဘာလို ကျောက်ဆောင်ဂြိုဟ်တွေ ဖြစ်တည်မှု နောက်ဆုံးအဆင့် စီမံဖန်တီးမှုပေါင်း ၁,၀၀၀ ကျော်ကို ပြုလုပ်ခဲ့ကြတယ်လို့ သူကရေးသားထားပါတယ်။
Source -SciTech Daily
မော်ရိုကိုနိုင်ငံမြို့တော် ရာဘတ်မြို့ဟာ ၂၀၂၆ အတွက် ယူနက်စကိုရဲ့ ကမ္ဘာ့စာအုပ်မြို့တော်အဖြစ် သတ်မှတ်ခံရမှုအစိတ်အပိုင်းတစ်ခုအဖြစ် အများပြည်သူဆိုင်ရာပန်းခြံတွေမှာလေဟာပြင်မြို့ပြစာကြည့်တိုက်များကို စတင်မိတ်ဆက်ပေးနေပါတယ်။
#World_Culture
Published 02 October 2026
#မော်ရိုကိုမြို့ #ယူနက်စကို
#YMG #Yangon_Times #Yangon_Media_Group
ရေအောက်ဥမင်ပါဝင်သည့် နိုင်ငံတကာအဆင့်မီ ငါးပြတိုက်ကို ရန်ကုန်မြို့ရှိကန်တော်ကြီးဥယျာဉ်အတွင်းမှာတည်ဆောက်နေတယ်လို့ သိရပါတယ်။
#Local_News
Published 02 October 2026
#ရေအောက်ဥမင် #ငါးပြတိုက်
#YMG/NN #Yangon_Times
မြန်မာနိုင်ငံက MSMEs လုပ်ငန်းရှင်တွေရဲ့ ထုတ်ကုန်တွေကို City Mart၊ Ocean Supermarket၊ Sein Gay Har၊ ABC Convenience Store စတဲ့ ခေတ်မီလက်လီဈေးကွက်တွေနဲ့ တိုက်ရိုက်ချိတ်ဆက်နိုင်ရေးအတွက် B2B ဆွေးနွေးမှုတွေနဲ့ ဈေးကွက်ချိတ်ဆက်ရေးအစီအစဉ်တွေပါဝင်တဲ့ “မြန်မာ MSMEs များအတွက် ခေတ်သစ်ဈေးကွက်ချိတ်ဆက်ခြင်း” အခမ်းအနားကို အောက်တိုဘာ ၁ ရက်က ရန်ကုန်မြို့မှာ ကျင်းပခဲ့ပါတယ်။
#Local_News
Published 02 October 2026
#MSMEs #B2B
#YMG/SW #Yangon_Times
၂၀၂၆ ခုနှစ် နှစ်ကုန်ပိုင်းတွင် အယ်လ်နီညိုအမြင့်ဆုံးအခြေအနေသို့ ရောက်ရှိနိုင်တယ်လို့ ခန့်မှန်းထားတယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့အယ်လ်နီညိုအခြေအနေသတင်းထုတ်ပြန်ချက်အရသိရပါတယ်။
#Local_News
Published 02 October 2026
#အယ်လ်နီညို
#YMG/NN #Yangon_Times
#Daily_News
Published 02 October 2026
၁။ ရေအောက်ဥမင်ပါဝင်သည့် နိုင်ငံတကာအဆင့်မီ ငါးပြတိုက်ရန်ကုန်တွင်တည်ဆောက်နေ
၂။ MSMEs ထုတ်ကုန်များ ခေတ်မီလက်လီဈေးကွက်သို့တိုက်ရိုက်ချိတ်ဆက်နိုင်ရေးဆောင်ရွက်မည်
၃။ ၂၀၂၆ခုနှစ် နှစ်ကုန်ပိုင်းတွင် အယ်လ်နီညိုအမြင့်ဆုံးအခြေအနေသို့ရောက်ရှိနိုင်ဟုခန့်မှန်း
၄။ ယူနက်စကိုအသိအမှတ်ပြုခံရကာ ပန်းခြံများကိုလေဟာပြင်စာကြည့်တိုက်များအဖြစ် မော်ရိုကိုမြို့တော်ပြောင်းလဲ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ကိုရီးယားဈေးကွက်အတွင်း မြန်မာထုတ်ကုန်တွေ မိတ်ဆက်ပြသနိုင်ခဲ့တဲ့ “2026 ASEAN Panorama” ၅ လတာပြပွဲ ကျင်းပပြီးစီးပြီဖြစ်တယ်လို့သိရပါတယ်။
#Local_News
Published 02 October 2026
#ကိုရီးယားဈေးကွက် #2026_ASEAN_Panorama
#YMG/SW #Yangon_Times
Page 12 of 2096