#Local_News
Published 08 December 2025
▪️ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် ညအပူချိန်များ အနည်းငယ် လျော့နည်းနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့မနက်ပိုင်းထုတ်ပြန်ချက်အရ သိရသည်။
▪️ ကပ္ပလီပင်လယ်ပြင်တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး ဘင်္ဂလား ပင်လယ်အော်တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေကြောင်း ၊ယနေ့ညနေအထိခန့်မှန်းချက်မှာ နေပြည်တော်၊ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် အများအားဖြင့် သာယာပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်ဖြစ်ကြောင်းဖော်ပြထားသည်။
▪️ နောက် ၂ ရက်အတွက်ခန့်မှန်းချက်အရ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် ညအပူချိန်များ အနည်းငယ်လျော့နည်းနိုင်ကြောင်းသိရသည်။
▪️ နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်မှာ အများအားဖြင့် သာယာမည်ဖြစ်ပြီး ရန်ကုန်မြို့နှင့်မန္တလေးမြို့အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းမည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
၈ ဒီဇင်ဘာ၊၂၀၂၅
◾️မြန်မာနိုင်ငံအပါအဝင် နိုင်ငံရပ်ခြား ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမျာအတွက် ထိုင်းနိုင်ငံ အမျိုးသား ရေနံ နှင့် သဘာဝဓာတ်ငွေ့ ရှာဖွေထုတ်လုပ်ရေး ကုမ္ပဏီ (PTTEP) သည် လာမည့် ၅ နှစ်တာကာလအတွင်း အမေ ရိကန်ဒေါ်လာ ၃၃ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံရန် မျှော်မှန်းထားကြောင်းသိရသည်။
◾️PTTEP၏ သတင်းထုတ်ပြန်ချက်ကို ကိုးကား၍ အဆိုပါသတင်းကို ရေနံနှင့်သဘာဝဓာတ်ငွေ့ဆိုင်ရာ သတင်းအချက်အလက်ဝက်ဘ်ဆိုက် Upstream online တွသ် ဖော်ပြထားခြင်းဖြစ်သည်။
◾️အဆိုပါ PTTEP၏ အစီအစဉ်သည် တန်ဖိုးမြှင့်တင်ခြင်း (Driving Value)၊ ကာဗွန်လျှော့ချခြင်း (Decarbonisation) နှင့် လုပ်ငန်းကဏ္ဍစုံသို့ တိုးချဲ့ခြင်း (Diversification) ဟူသော အဓိကမဟာဗျူဟာ ၃ ရပ်အပေါ် အခြေခံထားသည်ဟုဆိုသည်။
◾️လာမည့်နှစ်အတွက် PTTEP ၏ အဓိက ဦးစားပေးလုပ်ငန်းများတွင် ထိုင်းနိုင်ငံသို့ ပိုက်လိုင်းဖြင့် သဘာဝ ဓာတ်ငွေ့ ပို့လွှတ်နေသော မြန်မာကမ်းလွန်ရှိ ရတနာနှင့် ဇောတိက လုပ်ကွက်များလည်းပါဝင်သည်။
◾️မြန်မာကမ်းလွန်ရှိ M3 စီမံကိန်းများအပါအဝင် တည်ဆောက်ရေးကာလတွင်ရှိသော စီမံကိန်းများကို သတ် မှတ်ထားသည့် ကာလအတွင်း စတင်လည်ပတ်နိုင်ရန် PTTEP က အရှိန်မြှင့်တင်လိုသည်ဟု ဆိုသည်။
◾️၂၀၂၆ ခုနှစ်တွင် ထိုင်း၊ မလေးရှား၊ မြန်မာ၊ အာရပ်စော်ဘွားများ ပြည်ထောင်စု (UAE) နှင့် အယ်လ်ဂျီးရီး ယားနိုင်ငံတို့၌ ရှာဖွေရေးနှင့် အကဲဖြတ်တွင်းများ တူးဖော်ရန်အတွက် ဒေါ်လာ ၁၀၁ သန်း ရင်းနှီး မြှုပ်နှံရန် PTTEP က စီစဉ်ထားကြောင်း ကုမ္ပဏီက သတင်းထုတ်ပြန်ထားသည်။
◾️နောက်ဆုံးထုတ်ပြန်ထားသည့် ၅ နှစ်တာ စီမံကိန်းအရ ကုမ္ပဏီ၏ မတည်ရင်းနှီးငွေ (Capex) သည် ၂၀၂၈ ခုနှစ်တွင် ဒေါ်လာ ၅.၂၄၉ ဘီလီယံဖြင့် အမြင့်ဆုံးသို့ ရောက်ရှိမည်ဟု ခန့်မှန်းထားပြီး ထိုနှစ်တွင် စုစုပေါင်း အသုံးစရိတ်သည်လည်း ဒေါ်လာ ၇.၆၇၆ ဘီလီယံဖြင့် အများဆုံး ဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။
#ymg/knl
#Local_News
Published 08 December 2025
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးရဲထွန်းဦးနှင့်အတူ ယမာန် နေ့မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ သွားရောက်၍ လေဆိပ်အတွင်းရှိ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ပြည်ပထွက်ခွာစစ်ဆေးရေးကောင်တာများ၌ ဝန်ထမ်းများ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေကို ကြည့်ရှုစစ်ဆေးခဲ့ ကြောင်းသိရသည်။
ယင်းနောက် လူဝင်မှုကြီးကြပ်ရေးမှတ်တမ်းများ ထိန်းသိမ်းထားရှိသည့် iBMC ဆာဗာခန်း စနစ်တကျ ထိန်းသိမ်းထားရှိမှုအခြေအနေကိုလည်းကောင်း၊ ပြည်ပဆိုက်ရောက် ကောင်တာများ၌ ဝန်ထမ်းများ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေကိုလည်းကောင်း၊ ဆိုက်ရောက် ဗီဇာ(Visa on Arrival)ဖြင့် ရောက်ရှိလာသည့် ခရီးသည်များအား စစ်ဆေးခွင့်ပြုဆောင်ရွက်သည့် ကောင်တာကိုလည်းကောင်း၊ ပြည်ပနိုင်ငံအသီးသီးမှ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်(CI)ဖြင့် ပြန်လည် ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများကို မည်သည့်အထောက်အထားမျှ မတင်ပြနိုင်ပါက နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား (NV Card) ထုတ်ပေး၍ NV Card ရရှိပြီးသူများနှင့် နိုင်ငံသားကတ်ပြား တင်ပြနိုင်သူများကို Bographic/Biometric ကောက်ယူပြီး Unique ID နံပါတ် ထုတ်ပေးမှုအခြေအနေ များကိုလည်းကောင်းလှည့်လည် ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် CIP Lounge အစည်းအဝေးခန်းမ၌ လေဆိပ်ရှိ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများအားတွေ့ဆုံရာ ဦးစွာလူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲထွန်းဦးက လေဆိပ်လူဝင်မှုကြီးကြပ်ရေး ဆိုင်ရာလုပ်ငန်းများကို နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်၍ လူဝင်မှုစစ်ဆေးရေးဆိုင်ရာ လုပ်ငန်းများ အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရေး အခြေအနေကို ရှင်းလင်းတင်ပြပြီး လေဆိပ်တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းမြင့်အောင်က ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ် ၌ ဆိုက်ရောက်၊ ထွက်ခွာလျက်ရှိသည့် ပြည်တွင်း၊ ပြည်ပ လေကြောင်း လိုင်းများအခြေအနေနှင့် လက်ရှိ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ငန်းများဆောင်ရွက်နေမှု၊ လုပ်ငန်းဆိုင်ရာ လိုအပ်ချက်အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းအခက်အခဲများကိုမေးမြန်းကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး လေဆိပ်တာဝန်ကျ ဝန်ထမ်းများအနေဖြင့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဝတ်စားဆင်ယင်မှု၊ ပြောဆိုဆက်ဆံမှုတို့ကို အလေးထားကြရန်လိုကြောင်း၊ ခရီးသည်များအပေါ် ယဉ်ကျေးပျူငှာစွာ ဆက်ဆံဆောင်ရွက်ကြရန်နှင့် မလိုလားအပ်ဘဲ ကြန့်ကြာမှုမရှိစေရေး ဂရုပြုဆောင်ရွက်ကြရန်လိုကြောင်း၊ မကြာမီကျင်းပတော့မည့် အထွေထွေရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအတွက် လာရောက်ကြမည့် နိုင်ငံခြားသား များ၏ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ငန်းများအဆင်ပြေစွာ ဆောင်ရွက်ပေးနိုင်ရန် တာဝန်ရှိသူ အဆင့်ဆင့်က မျက်ခြည်မပြတ် ကြပ်မတ်ဆောင်ရွက် ပေးကြရန် လိုကြောင်း၊ ထူးခြားဖြစ်စဉ်များရှိပါက အချိန်နှင့်တစ်ပြေးညီ တာဝန်ရှိသူအဆင့်ဆင့်သို့ သတင်းပို့ဆောင်ရွက်ကြရန် အရေးကြီးကြောင်း၊ လုံခြုံရေးသတိအမြဲရှိပြီး ဆက်စပ်ဌာနများနှင့်လည်း ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ကြရန်လိုကြောင်း ရှင်းလင်းမှာကြားကာ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#World_News
Published 08 December 2025
■ ရုရှားအစိုးရက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ နိုင်ငံတော်လုံခြုံရေးဗျူဟာအသစ်ကို တနင်္ဂနွေနေ့က သဘောကျကြိုဆိုလိုက်ကာ ရုရှားသဘောပေါက်သိမြင်မှုတွေနဲ့ အတော်လေးကိုက်ညီတယ်လို့ ပြောပါတယ်။
■ ဒါဟာ စစ်အေးရန်ဘက်ဟောင်း အမေရိကန်ရဲ့ အဆိုပြုချက်တစ်ခုကို ရုရှားချီးကျူးလိုက်တာ ပထမဆုံးအကြိမ် ဖြစ်လာပါတယ်။
■ အမေရိကန် နိုင်ငံတော်လုံခြုံရေးဗျူဟာက ထရမ့်ရည်မှန်းချက်တစ်ခုဖြစ်တဲ့ သဟဇာတဖြစ်ပြီး လက်တွေ့ဆန်မှုအဖြစ် သတ်မှတ်လိုက်ကာ ကမ္ဘာ့အနောက်ဘက်ခြမ်းကို အမေရိကန်လွှမ်းမိုးမှုအဖြစ် ကြေညာခဲ့တဲ့ ၁၉ ရာစုနှစ် မွန်ရိုးအယူဝါဒကို ပြန်လည်ဖော်ထုတ်ဖို့ တိုက်တွန်းလိုက်ပါတယ်။
■ ထရမ့်ရဲ့ဗျူဟာက ဥရောပကို ယဉ်ကျေးမှုအသိုင်းအဝိုင်း ဖယ်ရှားခြင်းနဲ့ ကြုံရနိုင်ပြီး ယူကရိန်းစစ်ပွဲအဆုံးသတ်ရေး ညှိနှိုင်းရာမှာ အမေရိကန်ရဲ့ အကျိုးစီးပွားကို ဦးတည်နေပါတယ်။
■ အမေရိကန်ရဲ့ ညှိနှိုင်းပြင်ဆင်ချက်တွေက ကျွန်ုပ်တို့ရဲ့ ဦးတည်ချက်နဲ့ နည်းလမ်းများစွာ ကိုက်ညီတယ်လို့ ရုရှားအစိုးရအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီပက်စ်ကော့ဗ်က သတင်းထောက်ကို ပြောပါတယ်။
■ ၁၉၉၁ ဆိုဗီယက်ပြည်ထောင်စု ကျဆုံးပြီးနောက် ရုရှားနဲ့ အမေရိကန်တို့ အနီးကပ် ပူးပေါင်းဆောင်ရွက်ခဲ့ကြပေမယ့် ကမ္ဘာ့နိုင်ငံရေးကိစ္စတွေမှာ ယခုလိုမျိုး လူသိရှင်ကြား သဘောတူညီမှုရတာကတော့ ရှားပါးလွန်းပါတယ်။
■ နေတိုးမဟာမိတ်အဖွဲ့ နေရာတိုးချဲ့လာခြင်းကို ကန့်သတ်မယ်လို့ အမေရိကန်က ကတိပြုထားပေမယ့် အမေရိကန်အစိုးရအဖွဲ့အတွင်း အမြင်ကွဲလွဲနေကြတာကိုတော့ ရုရှားက စိုးရိမ်မိတယ်လို့ ဖော်ပြထားပါတယ်။
■ အမေရိကန်ရဲ့ဗျူဟာက အင်ဒို-ပစိဖိတ်ကို အရေးကြီးဘူမိနိုင်ငံရေးဒေသအဖြစ် အာရုံစိုက်နေသလို တရုတ်လွှမ်းမိုးမှုကို တန်ပြန်ဖို့ ရည်ရွယ်နေပြီး ရုရှားကတော့ အနောက်ပိုင်းမှ ဒဏ်ခတ်ပိတ်ဆို့မှုများ ကြုံရပြီးနောက် တရုတ်နဲ့အာရှဘက်ကို ဦးတည်လုပ်ဆောင်လာပါတယ်။
Source: Reuters
#World_Health
Published 08 December 2025
■ အသည်းအင်္ဂါက လူ့ခန္ဓာကိုယ်မှာ အရေးပါပြီး သဘာဝအတိုင်း အဆိပ်အတောက်ဖယ်ရှားပေးကာ အန္တရာယ်ပြုအရာတွေကို ချေဖျက်ပေးပါတယ်။
■ ဒါပေမဲ့ နေထိုင်စားသောက်မှုပုံစံ အမှားတွေကြောင့် အသည်းကျန်းမာရေး အန္တရာယ်ဖြစ်လာစေပါတယ်။
■ အသည်းကို သဘာဝအတိုင်း သန့်ရှင်းစင်ကြယ်စေမယ့် အိမ်တွင်းနည်းလမ်းတွေကို ဒေါက်တာ ဟန်ဆာယိုဂန်ဒရာက ယူကျုဗီဒီယိုမှာ ဖော်ပြထားပါတယ်။
■ နနွင်း - အသည်းထိခိုက်ခြင်းကို ကုစားပေးနိုင်သလို အင်ဇိုင်းတွေကို မြှင့်တင်ပေးပြီး အသည်းဆဲလ်တွေအပေါ် ဝန်ထုပ်ဝန်ပိုးလျော့ကျစေပါတယ်။
■ ဆူးပန်းလုံးစေ့ - အသည်းနာမကျန်းဖြစ်ခြင်းကို လျင်မြန်စွာသက်သာစေသလို အသည်းထိခိုက်ခြင်းမှ ကာကွယ်ပေးတဲ့အပြင် silymarin ဒြပ်ပေါင်းက ဓာတ်တိုးဆန့်ကျင်အာနိသင် ပါဝင်ပါတယ်။
■ ကြက်သွန်ဖြူ - အသည်းအင်ဇိုင်းတွေကို လှုံ့ဆော်ပေးကာ ခန္ဓာကိုယ်ကနေ အဆိပ်အတောက်တွေ ဖယ်ရှားပေးစေကာ allicin နဲ့ selenium ဒြပ်ပေါင်းတွေက အသည်းထိခိုက်ခြင်းကနေ ကာကွယ်ပေးပါတယ်။
■ မှန်ကန်သောစားသောက်ပုံစံများ - ပူစပ်ပူလောင်တဲ့ စားစရာတွေက အသည်းအတွက် မကောင်းဘဲ အယ်ကိုဟော၊ ကဖင်း၊ ဆေးရွက်၊ အပူအစပ်များ၊ ထုပ်ပိုးစားစရာများကို ရှောင်ရှားသင့်ပြီး ရှားစောင်းလတ်ပတ်၊ တမာတို့လို စားစရာတွေက အသည်းကျန်းမာရေးအတွက် ကောင်းမွန်စေပါတယ်။
■ တခြားအရာတွေအနေနဲ့ သစ်ကြားသီး၊ ဗာဒံစေ့၊ ဖရုံစေ့၊ ဟင်းနုနွယ်တို့က အသည်းကို သဘာဝအတိုင်း သန့်စင်ပေးနိုင်ပါတယ်။
Source: Times of India
#World_Science
Published 08 December 2025
■ အသက်ကြီးလာတဲ့အခါ စုပြုံလာစေပြီး တစ်ရှူးပျက်စီးခြင်းနဲ့ ရောင်ရမ်းခြင်းတွေ ဖြစ်လာစေကာ အသက်ဘဝရပ်တန့်သွားစေတဲ့ အန္တရာယ်ပြုဆဲလ်တွေကို ဖျက်ဆီးနိုင်မယ့် နည်းလမ်းတစ်ခုကို အစ္စရေးလ် ဘင်ဂူရီယန်တက္ကသိုလ်မှ သုတေသနအဖွဲ့က ရှာဖွေတွေ့ရှိခဲ့ပါတယ်။
■ ခန္ဓာကိုယ်ထဲ ဇီဝဖြစ်စဉ်အိုမင်းလာတဲ့အခါ CD4 T ကိုယ်ခံအားဆဲလ်တွေက ပျက်စီးသွားတဲ့တစ်ရှူးတွေကို သုတ်သင်ပေးသူတွေအဖြစ် ပြောင်းလဲသွားပါတယ်။
■ CD4 T ကနေ ထုတ်လုပ်လိုက်တဲ့ CD4-Eomes ပရိုတိန်းဆဲလ်တွေရဲ့ အခြေခံကဏ္ဍကို လေ့လာခဲ့ကြတာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
■ အိုမင်းလာတဲ့တစ်ရှူးတွေဟာ ဆဲလ်အသစ်များအဖြစ်သို့ မကွဲနိုင်တော့ပေမယ့် ရောင်ရမ်းခြင်းကို ဖြစ်စေပါတယ်။
■ အသက်အမျိုးမျိုးရှိကြတဲ့ ကြွက်တွေထဲက ဆဲလ်တွေကို နှိုင်းယှဉ်ကြည့်ပြီး အဓိကနှစ်ချက် တွေ့ရှိခဲ့ပါတယ်။
■ ပထမတစ်ချက်က ကိုယ်ခံအားစနစ်က ရောင်ရမ်းခြင်းနှောင့်နှေးနေတာကို တွေ့ရှိတဲ့အခါ အိုမင်းလာတဲ့ဆဲလ်တွေက CD4-Eomes ကို ထွက်ရှိစေပါတယ်။
■ ဒုတိယတစ်ချက်က CD4-Eomes တွေကို ကြွက်တွေမှာ ဗီဇပြုပြင်ဖယ်ရှားလိုက်တဲ့အခါ အိုမင်းဆဲလ်တွေ ပိုမိုများပြားလာပါတယ်။
■ နောက်ထပ်စမ်းသပ်ချက်တွေမှာ အသည်းခြောက်ရောဂါ ဖြစ်ခြင်းကနေ ကြွက်တွေကို ကာကွယ်ပေးနိုင်တာလည်း တွေ့ရကာ CD4-Eomes ဆဲလ်တွေရှိနေရင် အိုမင်းဆဲလ်တွေ ကျဆင်းသွားပါတယ်။
■ လူသားတွေမှာ စမ်းသပ်မှုပြုလုပ်ဖို့နဲ့ CD4-Eomes ဆဲလ်လှုပ်ရှားမှု ပြောင်းလဲပုံတွေ မျိုးဗီဇတွေကို လေ့လာဖို့ ရည်ရွယ်ထားပါတယ်။
Source: Science Alert
တိုက်ကြီးမြို့နယ် စက်တန်းကျေးရွာကထုတ်လုပ်တဲ့ ရိုးရာနတ်မြင်းရုပ် တွေကို ရန်ကုန်တိုင်းက ဥက္ကံမြို့နဲ့ ၊ ပဲခူးတိုင်းက သုံးဆယ်မြို့တွေကို တင်ပို့ရောင်းချနေပြီးကုန်ကြမ်းရှားပါးလာတာကြောင့် လုပ်ကိုင်သူနည်းလာတယ်လို့ နတ်မြင်းအလုပ်ရုံတွေက သိရပါတယ်။
#Local_News
Published 06 December 2025
#ရိုးရာနတ်မြင်းရုပ် #တိုက်ကြီးမြို့နယ် #ပဲခူးတိုင်း
#YMG/NN #Yangon_Times
#World_
Published 07 December 2025
■ အလက်စ်ကာကမ်းရိုးတန်း သမုဒ္ဒရာမျက်နှာပြင်အောက် ၂ မိုင်ခန့် နေအလင်းရောင် မဖောက်ထွင်းနိုင်တဲ့ နေရာကို NOAA Ocean Exploration က ရေအောက်ယာဉ်ဖြင့် ထိန်းကျောင်းရှာဖွေခဲ့ရာမှာ ထူးဆန်းတဲ့ ရွှေရောင်အလုံးတစ်ခု တွေ့ရှိခဲ့ပါတယ်။
■ ၂၀၂၃ ခုနှစ်က ၂၃ ရက်တာလေ့လာစူးစမ်းစဉ်က တွေ့ရှိခဲ့တာဖြစ်ကာ ၄ လက်မခန့်ရှိပြီး တစ်ဖက်မှာ အပေါက်တစ်ပေါက် ပါရှိပါတယ်။
■ သုတေသီများ ရေငုပ်ခြင်းကို တိုက်ရိုက်ထုတ်လွှင့်ရာမှာ ဆန်းပြားတဲ့မျိုးစိတ်ရဲ့ ဥအခွံတစ်ခုလို့ ယူဆခဲ့ပါတယ်။
■ ထိုအပေါက်ဟာ တစ်ခုခုက ဒီထဲကို ဝင်ဖို့ကြိုးစားတာဖြစ်ဖြစ် ထွက်ဖို့ကြိုးစားတာဖြစ်ဖြစ် ဖြစ်ပျက်ခဲ့နိုင်တယ်လို့ ဆိုပါတယ်။
■ ဒါ့အပြင် ရွှေရောင်ဥခွံထဲကနေ တစ်စုံတရာ ပေါက်ဖွားခဲ့ဖွယ်ရှိတယ်လို့လည်း ယူဆသူတွေ ရှိပါတယ်။
■ အခွံအနေအထား အသွင်အပြင်ကြောင့် ဥလို့ထင်ခဲ့ပေမယ့် ဒီလိုဥမျိုး တစ်ခါမှမမြင်ဖူးဘူးလို့ ယူကေ ပလိုင်းမောက်တက္ကသိုလ်မှ ပင်လယ်ရေအောက်ဂေဟပညာရှင် ကယ်ရီဟောင်းဝဲက ပြောပါတယ်။
■ သုတေသီတွေက စက်ရုပ်ကိရိယာဖြင့် ထိတွေ့ကြည့်ရာမှာ အတော်လေး ပျော့အိတယ်လို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
■ ဥတစ်ဥလို့ ပြောရရင်လည်း သူ့ရဲ့အရွယ်အစားကြောင့် အသေအချာပြောဖို့ ခက်နေပါတယ်။
■ ကမ္ဘာ့မျက်နှာပြင်က သမုဒ္ဒရာအများစု လွှမ်းမိုးပေမယ့် လူသားတွေဟာ ပင်လယ်ကြမ်းပြင်ရဲ့ ၀.၀၀၁ ရာခိုင်နှုန်းကိုသာ စူးစမ်းရသေးပြီး အများစုနီးပါးက မရှာဖွေရသေးပါဘူး။
■ ရွှေရောင်အလုံးက ဇီဝသက်ရှိနဲ့ ဆိုင်တယ်လို့သာ သိရှိတာကလွဲလို့ ဘာမှန်းမသိရသေးဘဲ ဒါဟာ ကမ္ဘာကြီးအကြောင်း လေ့လာစရာ ဘယ်လောက်အထိ ကျန်သေးလဲဆိုတာကို သတိပေးနေတာဖြစ်တယ်လို့ NOAA Ocean Exploration က ဖော်ပြသွားပါတယ်။
Source: Science Alert
#World_Science
Published 07 December 2025
■ ချင်ပန်ဇီ၊ လူဝံနဲ့ အချို့သောမျိုးစိတ်တွေဟာ အနမ်းပေးကြဖွယ်ရှိတယ်လို့ ယူဆထားကာ ယခုသုတေသနမှာ ဥရောပကျောက်ခေတ်လူသား (နီယန်ဒါသယ်)တွေဟာလည်း အစောပိုင်းလူသားတွေနဲ့ နှုတ်ခမ်းချင်းတေ့တာမျိုး ပြုလုပ်ခဲ့ဖွယ်ရှိကြောင်း ယူဆလာပါတယ်။
■ ယခင်လေ့လာချက်တွေမှာဆိုရင် လူသားတွေနဲ့ နီယန်ဒါသယ်တွေဟာ မျိုးစိတ်ကွဲသွားပြီးနောက် နှစ်တွေသိန်းချီကြာတဲ့အထိ ပါးစပ်ထဲက သက်ရှိပိုးမွှားတွေတူညီနေတာကို တွေ့ရသဖြင့် တံတွေးချင်းရောယှက်ခဲ့ဖွယ်ရှိတယ်လို့ ထင်ထားပါတယ်။
■ လူသားတွေနဲ့ ကျောက်ခေတ်လူသားတွေမှာ မေတ္တာရေးရှိခဲ့ပုံပေါ်တယ်လို့ အောက်စ်ဖို့ဒ်တက္ကသိုလ်မှ ဆင့်ကဲပြောင်းလဲရေး ဇီဝပညာရှင် မာတီဒါဘရင်ဒယ်က ပြောပါတယ်။
■ အနမ်းပေးတယ်ဆိုတာကို သေချာအဓိပ္ပာယ်မဖွင့်နိုင်ဘဲ ယင်းတို့ဟာ လူသားတွေ အနမ်းပေးသလိုမျိုး ဆင်တူချင်မှ ဆင်တူနိုင်တယ်လို့ ဆိုပါတယ်။
■ သုတေသနအဖွဲ့က သတ္တဝါမျိုးစိတ်တူတွေမှာ ပါးစပ်ချင်းထိတွေ့ခြင်း အပြုအမူတွေအပေါ် မူတည်ပြီး ဖွင့်ဟလာပါတယ်။
■ အာရှနဲ့ အာဖရိကမှ မျောက်မျိုးနွယ်များ အနမ်းပေးကြတာကို အဓိကထား လေ့လာခဲ့ကြပြီး ရှင်သန်နေတဲ့ မျောက်ဝံမျိုးစိတ်တွေနဲ့ မျိုးသုဉ်းပျောက်ကွယ်သွားတဲ့ မျောက်ဝံမျိုးစိတ်တွေကြား ဆင့်ကဲပြောင်းလဲခြင်း မေတ္တာမျှရေးကိစ္စတွေရဲ့ အချက်အလက်များကို ပေါင်းစပ်ခဲ့ကြပါတယ်။
■ ရလဒ်များအရ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၁.၅ သန်းနဲ့ ၁၆.၉ သန်းကြားက ရှေးခေတ်မျောက်ဝံတွေ အနမ်းပေးခြင်း ဆင့်ကဲပြောင်းလဲတယ်လို့ ယူဆရပါတယ်။
■ ယခင်လူသားတွေခေတ်တုန်းက ရက်စက်ကြမ်းကြုတ်ခဲ့ကြတယ်လို့ သိရှိထားကြပေမယ့် အနမ်းပေးခြင်းက စိတ်ခံစားချက် ဆက်နွယ်မှုတွေအကြောင်းကိုလည်း ဖော်ပြနေပါတယ်။
Source: The Guardian
PYIN OO LWIN (December 6) — Senior General Min Aung Hlaing, Chairman of the National Security and Peace Commission and Commander-in-Chief of Defence Services, stated on Friday that the military’s presence in Hluttaw could be gradually scaled back, but only once democratic systems have flourished and there are no longer ethnic armed organizations operating in the country.
Speaking at a meeting with officers, soldiers, families, and cadets at the Pyin Oo Lwin station, the Senior General emphasized that the timeline for reducing the Tatmadaw's legislative quota is strictly tied to stability and the cessation of armed conflict.
The Commander-in-Chief addressed the institution's long-standing involvement in national leadership, citing "historical reasons" and "current prevailing conditions" as the primary drivers for the Tatmadaw’s continued political role. He noted that while the military's principal duty remains national defense, the security situation across successive eras has necessitated its active participation in resolving internal insurgency.
During the address, the Senior General also highlighted ongoing institutional developments, noting that upgrades are being carried out for the Tatmadaw alongside parallel reform efforts for the Myanmar Police Force.
The meeting was attended by high-ranking military officials, including the Senior General and his wife, Daw Kyu Kyu Hla; Commander-in-Chief (Navy) General Htein Win; and Commander-in-Chief (Air) General Tun Aung, along with senior officers from the Office of the Commander-in-Chief (Army) and personnel stationed in Pyin Oo Lwin.
-End-
၆ ဒီဇင်ဘာ ၂၀၂၅
မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ်များထွန်းကားပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ မရှိသည့်အချိန် တွင် တပ်မတော်အနေဖြင့် လွှတ်တော်တွင်ပါဝင်နေမှုကို အဆင့်ဆင့်လျှော့ချသွားနိုင်မယ် လို့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဒီဇင်ဘာ ၆ရက်က ပြင်ဦးလွင်တပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဗိုလ်လောင်းများအား တွေ့ဆုံစဉ် ယင်းကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။
တပ်မတော်အနေဖြင့် နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင် ခေတ်အဆက်ဆက် သမိုင်းကြောင်းများအရပါဝင်ခဲ့ရကြောင်း၊ သမိုင်းကြောင်းအရ ၊ဖြစ်ပေါ်နေသည့်အခြေအနေများအရ တပ်မတော်အနေဖြင့် နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင် ဆက်လက်ပါဝင်နေရဦးမယ်လို့လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောပါတယ်။
တပ်မတော်၏အဓိကတာဝန်သည်နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်ရန်ဖြစ်သော်လည်း ခေတ်အဆက်ဆက်တွင်ဖြစ်ပေါ်ခဲ့သည့် အခြေအနေများအရ ပြည်တွင်းသောင်းကျန်းမှုနှိမ်နှင်းရေးအခန်း ကဏ္ဍတွင်လည်း ပါဝင်နေရတယ်လို့ ဗိုလ်ချုပ်မှူးကြီးကဆိုပါတယ်။
တပ်မတော်ကို အဆင့်မြှင့်တင်ခြင်းများ ဆောင်ရွက်လျက်ရှိတယ်လို့ ဗိုလ်ချုပ်မှူးကြီးကပြောဆိုလိုက်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုလည်းပြုပြင်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိတယ်လို့ ဆက်လက်ပြောကြား ပါတယ်။
အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်နှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီး ထိန်ဝင်း နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင် နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ပြင်ဦးလွင်တပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများ ၊ ဗိုလ်လောင်းများ တက်ရောက်ခဲကြကြောင်းသိရှိရပါတယ်။
#yng/knl

တရုတ်ပြည်တွင်းထုတ် C919 ခရီးသည်တင်လေယာဉ်ကြီးဟာ တနင်္လာနေ့က ရှန်ဟိုင်း-လန်ကျိုးလမ်းကြောင်းကို စတင်ပြေးဆွဲခဲ့ပြီး ကုန်းပြင်မြင့်လေဆိပ်သို့ ပထမဆုံးပျံသန်းနိုင်ခဲ့ပါတယ်။
#Local_News
Published 06 December 2025
#တရုတ်ပြည် #လေယာဉ်ကြီး
#YMG #Yangon_Times #Yangon_Media_Group
Page 14 of 1855