တရုတ်အာကာသကုမ္ပဏီတစ်ခုဖြစ်တဲ့ CAS Space ဟာ Kinastra-1 Upper Stage ဒုံးပျံအပေါ်ပိုင်းအဆင့်အတွက် ၅၂၁၁ စက္ကန့်ကြာ အင်ဂျင်စက်နှိုးစမ်းသပ်မှုကို အောင်မြင်စွာပြီးမြောက်ခဲ့ပါတယ်။
#Asia_Technology
Published 02 September 2026
#CAS_Space #Kinastra-1
#YMG #Yangon_Times #Yangon_Media_Group
ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကို ထိန်းချုပ်ဆောင်ရွက်နိုင်ပြီလို့ ရန်ကုန်တိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနကနေသိရပါတယ်။
#Local_News
Published 02 September 2026
#ဝမ်းပျက်ဝမ်းလျှောရောဂါ
#YMG/NN #Yangon_Times
ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီအနေနဲ့ ၂၀၂၆ ခုနှစ် ဩဂုတ်လကုန်အထိ ကွန်ပေါင်းနဲ့အခြားမြေဩဇာတန်ချိန် ၄၃၂,၁၅၀ အတွက် ထောက်ခံချက်များပေးထားပြီးဖြစ်တယ်လို့ သိရပါတယ်။
#Local_News
Published 02 September 2026
#ယူရီးယားမြေဩဇာ
#YMG/SW #Yangon_Times
(၇၉)ကြိမ်မြောက် ကျပ် ၁၀၀၀ တန် အောင်ဘာလေသိန်းဆုဖွင့်ပွဲမှာ လာရောက်တောင်းခံခြင်းမရှိသေးတဲ့ ဆုမဲပေါင်း ၂၂,၀၀၀ ကျော်ရှိရာ ၎င်းထီလက်မှတ်များကို အခုစက်တင်ဘာလကုန်အထိလာရောက်တင်ပြထုတ်ယူခြင်းမရှိပါက အခွန်ဘဏ္ဍာအဖြစ်သိမ်းယူသွားမယ်လို့ ပြည်တွင်းအခွန် များဦးစီးဌာန၊ အောင်ဘာလေသိန်းဆုဌာနခွဲကနေ သိရပါတယ်။
#Local_News
Published 02 September 2026
#အောင်ဘာလေထီဆု
#YMG/NN #Yangon_Times
ပို့ကုန်များတိုးမြှင့်တင်ပိုနိုင်ရေးနဲ့ ပြည်တွင်းလိုအပ်ချက်အရ သွင်းကုန်များ တိုးမြှင့်တင်သွင်းနိုင်ရေးအတွက် ကုန်သေတ္တာတင်သင်္ဘောလိုင်းအသီးသီးက ခရီးစဉ်တွေကို ပြန်လည်တိုးချဲ့ပြေးဆွဲဖို့ စီစဉ်ထားတယ်လို့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အဖွဲ့အစည်းမှ သိရပါတယ်။
#Local_News
Published 02 September 2026
#ကုန်သေတ္တာတင်သင်္ဘော
#YMG/SW #Yangon_Times
#Daily_News
Published 02 September 2026
၁။ ရန်ကုန်၌ဝမ်းပျက်ဝမ်းလျှောရောဂါ ထိန်းချုပ်နိုင်ပြီဟုဆို
၂။ ယူရီးယားမြေဩဇာတန်ချိန်(၄)သိန်းကျော် ဖြန့်ဖြူးနိုင်ရေးထောက်ခံချက်ပေးထား
၃။ အောင်ဘာလေထီဆုမဲ ၂၂,၀၀၀ ကျော်ကို ယခုလကုန်အထိလာရောက်တင်ပြထုတ်ယူခြင်းမရှိပါက အခွန်ဘဏ္ဍာအဖြစ် သိမ်းယူသွားမည်
၄။ CAS Space ၏ Kinastra-1 ဒုံးပျံအပေါ်ပိုင်းအဆင့် တွန်းကန်အားစနစ်စမ်းသပ်မှုများအောင်မြင်စွာပြီးစီး... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 2 September 2026
■ မန္တလေးတောင်ခြေရှိ တိရစ္ဆာန်ဥယျာဉ်(ရတနာပုံ)တွင် ထိန်းသိမ်းစောင့်ရှောက်ထားသည့် Bengal ကျားထီး ဂျက်ဆင်နှင့် ကျားမ ဝိုင်းချစ်တို့မှ ကျားငယ် ၄ ကောင်ကို ဩဂုတ် ၃၁ ရက်ညနှင့် စက်တင်ဘာ ၁ ရက် နံနက်ပိုင်းတို့တွင် အောင်မြင်စွာ မွေးဖွားခဲ့ကြောင်း ဥယျာဉ်အုပ်ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
■ ကျားငယ် ၄ ကောင်အနက် ပထမနှင့် ဒုတိယကျားငယ်တို့ကို ဩဂုတ် ၃၁ ရက် ည ၁၀ နာရီ ၆ မိနစ်နှင့် ည ၁၀ နာရီ ၅၃ မိနစ်တို့တွင် မွေးဖွားခဲ့ပြီး တတိယကျားငယ်ကို စက်တင်ဘာ ၁ ရက် နံနက် ၄ နာရီ ၉ မိနစ်နှင့် စတုတ္ထကျားငယ်ကို နံနက် ၅ နာရီတွင် အသီးသီး မွေးဖွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
■ တိရစ္ဆာန်များအား ထိန်းသိမ်းစောင့်ရှောက်ရာတွင် နေ့စဉ်အစာကျွေးမွေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများသာမက အနာဂတ်မျိုးဆက်များအတွက် မျိုးစိတ်ထိန်းသိမ်းရေးကို ရည်ရွယ်၍ စနစ်တကျ စီမံကိန်းများချမှတ်ကာ ဆောင်ရွက်ရန်လည်း လိုအပ်ကြောင်း သိရသည်။
■ Htoo Zoos & Gardens Business Unit အနေဖြင့် နိုင်ငံခြားပညာရှင်များကို ဖိတ်ကြား၍ ပြုလုပ်ခဲ့သည့် Workshop နှင့် Training များမှ ရရှိသည့် အသိပညာ၊ နည်းပညာများအပြင် SEAZA Guidelines များကို တိရစ္ဆာန်ဥယျာဉ်အသီးသီးတွင် လက်တွေ့အသုံးချကာ တိရစ္ဆာန်များ ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
■ အဆိုပါလုပ်ငန်းစဉ်များအတွင်း Animal Collection Plan ကို စနစ်တကျ ရေးဆွဲအကောင်အထည်ဖော်ခဲ့သည့် ရလဒ်အဖြစ် တိရစ္ဆာန်ဥယျာဉ်(ရတနာပုံ)တွင် ကျားထီး ဂျက်ဆင်နှင့် ကျားမ ဝိုင်းချစ်တို့မှ ကျန်းမာသန်စွမ်းသည့် ကျားငယ် ၄ ကောင်ကို အောင်မြင်စွာ မွေးဖွားနိုင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
■ ကျားထီး ဂျက်ဆင်နှင့် ကျားမ ဝိုင်းချစ်တို့သည် Bengal ကျားမျိုးစိတ်နွယ်ဝင်များဖြစ်ပြီး အဆိုပါ Bengal ကျားမျိုးစိတ်မှာ မျိုးသုဉ်းရန်အန္တရာယ်ရှိသည့် တိရစ္ဆာန်မျိုးစိတ်များအနက် တစ်မျိုးအဖြစ် သတ်မှတ်ထားသဖြင့် တိရစ္ဆာန်ဥယျာဉ်များတွင် စနစ်တကျ ထိန်းသိမ်းမွေးမြူခြင်းသည် မျိုးစိတ်ထိန်းသိမ်းရေးအတွက် အရေးပါသည့်လုပ်ငန်းတစ်ရပ်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 02 September 2026
■ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ ကိုကိုနှင့်ညီညီ လျှပ်စစ်ပစ္စည်းဆိုင် ဓားမြတိုက်မှုတွင် ပါဝင်ပတ်သက်သူများဟု ယူဆရသူ ၆ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
■ အဆိုပါ ဖမ်းဆီးရမိသူများကို စက်တင်ဘာ ၁ ရက် ညနေပိုင်းနှင့် စက်တင်ဘာ ၂ ရက်နေ့တို့တွင် မော်လမြိုင်မြို့နယ်နှင့် ကျိုက်မရောမြို့နယ်အတွင်း ၌ သက်ဆိုင်ရာကဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
■ ယင်းဖမ်းဆီးခံရသူများတွင် အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၁ ဦး စုစုပေါင်း ၆ ဦး ပါဝင်ပြီး လက်ရှိတွင်ဖြစ်စဉ်နှင့်ပတ်သက်၍ စစ်ဆေးမှုများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
■ အဆိုပါ ကိုကိုနှင့်ညီညီ လျှပ်စစ်ပစ္စည်းဆိုင် ဓားမြတိုက်မှု ဖြစ်စဉ်မှာ ဩဂုတ် ၂၈ ရက် နံနက် ၄ နာရီခန့်က မော်လမြိုင်မြို့၊ မရမ်းကုန်းရပ်ကွက်၊ ကမ်းနားလမ်းရှိ ကိုကိုနှင့်ညီညီ လျှပ်စစ်ပစ္စည်းဆိုင်အား အုပ်စုဖွဲ့ ဓားမြတိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဓားမြတိုက်သူများသည် ကား ၂ စီးဖြင့် လာရောက်ခဲ့ပြီး ဆိုင်နှင့်တွဲဖက်နေအိမ်အတွင်း ဝင်ရောက်ကာ နေအိမ်ရှိ အမျိုးသမီး ၃ ဦးကို ကြိုးတုပ်ထားပြီး မီးခံသေတ္တာတစ်လုံး ယူဆောင်သွားခဲ့ကြောင်း ၊ယင်းဖြစ်စဉ်တွင် မီးခံသေတ္တာအတွင်းရှိ ရွှေထည်ပစ္စည်းများ၊ ငွေကြေးများနှင့် အခြားပစ္စည်းများ စုစုပေါင်း တန်ဖိုး ကျပ်သိန်း ၅ သောင်းကျော် ပါဝင်သွားကြောင်း သတင်းများအရ သိရသည်။
■ လက်ရှိတွင် ဖမ်းဆီးရမိသူများကို ဆက်လက်စစ်ဆေးကာဖြစ်စဉ်အတွင်း ပါဝင်သူများနှင့် ယူဆောင်သွားသည့် ပစ္စည်းများပြန်လည်ရရှိရေးအတွက် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 02 September 2026
■ စက်တင်ဘာ၁ရက်နေ့၊ ည ၉နာရီ ၁၀ မိနစ်အချိန်က၊ ရှမ်းပြည်နယ်၊ မိုင်းပျဉ်းမြို့နယ်၊ ကျိုင်းတုံ-တောင်ကြီးကားလမ်း၊ မိုင်တိုင်အမှတ် ၅၅၅.၅ km နှင့် ၅၅၆.၀ km ကြား ခမ်းပေါ့ကျေးရွာနှင့် တောင်သုံးလုံးကျေးရွာအနီးတွင် ဧကရာဇ် Express ခရီးသည်တင်ယာဉ်သည် ဘရိတ်ပေါက်ရာမှ လမ်း၏ ဘယ်ဘက် ပေ(၅၀)ခန့် အနက်ရှိချောက်ထဲသို့ကျသွားကြောင်း သိရသည်။
အဆိုပါ သတင်းရရှိသဖြင့် မိုင်းပျဉ်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်စက်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
■ ထိုယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ ကျား(၁၃)ဉီး၊ မ(၉)ဦး၊ ယာဉ်မောင်း(၂)ဦး၊ ယာဉ်နောက်လိုက်(၂)ဦး၊ ယာဉ်မယ်(၁)ဦး၊ ယာဉ်မောင်(၁)ဦး ၊ စုစုပေါင်း (၂၈)ဦး အနက် ကျား(၁၁)ဦး၊ မ(၈)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)နှင့် မ(၁)ဦး (ေ-သဆုံး)တို့အား တုံတာလူမှုကူညီရေးအသင်းပိုင်ယာဉ်ဖြင့် တုံတာတိုက်နယ်ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်းသိရသည် ။
#YMG/NN #Yangon_Times
#Local_News
Published 2 September 2026
■ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်ရှိ အောက်ပေါင်းလောင်းရေလှောင်တမံတွင် လက်ရှိ ဟိုက်ဒရောလစ်ရေမြှင့်ရေတံခါး (Hydraulic Elevator Dam-HED) ၁၀ ရွက် ဖွင့်လှစ်ထားပြီး တမံအတွင်း စီးဝင်ရေနှင့် သိုလှောင်ရေကို ဟန်ချက်ညီထိန်းသိမ်းဆောင်ရွက်လျက်ရှိသည့်အပြင် ပေါင်းလောင်းရေလွှဲဆည် (အဝေရာရေလွှဲဆည်) မှတစ်ဆင့် ရေလမ်းကြောင်းကို ထိန်းညှိပေးနေသဖြင့် ရေဝေရေလဲဒေသနှင့် စစ်တောင်းမြစ်တစ်လျှောက်တွင် ထူးကဲသည့် မိုးသည်းထန်စွာ ရွာသွန်းမှုမရှိပါက ရေကြီးရေလျှံမှုဖြစ်ပေါ်နိုင်ခြေမရှိကြောင်း သိရသည်။
■ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ယမန်နေ့နံနက်ပိုင်းက အောက်ပေါင်းလောင်းရေလှောင်တမံသို့ သွားရောက်၍ တမံအတွင်း ရေဝင်ရောက်မှု၊ တမံကြံ့ခိုင်မှုနှင့် ရေပိုလွှဲမှ ရေကျော်စီးဆင်းမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တမံလုံခြုံရေးနှင့် ဘေးကင်းလုံခြုံမှု အချက်ပြအလံလွှင့်ထူမှုစနစ်ဆိုင်ရာများကို တာဝန်ရှိသူများအား ဆွေးနွေးမှာကြားခဲ့သည်။
■ အောက်ပေါင်းလောင်းရေလှောင်တမံ၏ မူလကန်ရေပြည့် ရေလှောင်ပမာဏမှာ ၅ ဒသမ ၄၉ သိန်း ဧကပေရှိပြီး ရေပိုလွှဲတွင် HED တံခါးရွက် ၂၀ တပ်ဆင်ထားခြင်းကြောင့် ရေလှောင်ပမာဏ ဧကပေ ၂၁,၀၀၀ ခန့် ပိုမိုသိုလှောင်နိုင်သည်။ ထို့ကြောင့် နှစ်စဉ် ရေအားလျှပ်စစ်ယူနစ် ၈ သန်းခန့် ပိုမိုထုတ်လုပ်နိုင်ပြီး စုစုပေါင်း ရေအားလျှပ်စစ်ယူနစ် ၉၁၉ သန်း ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။
■ အဆိုပါ ရေလှောင်တမံအနေဖြင့် တည်ဆောက်အသုံးပြုခဲ့သည့် ၂၁ နှစ်တာကာလအတွင်း ရေပိုလွှဲမှ ရေကျော်စီးဆင်းမှု ၁၈ ကြိမ် ဖြစ်ပေါ်ခဲ့ပြီး ၂၀၂၄ ခုနှစ်တွင် ရာဂီမုန်တိုင်းအရှိန်ကြောင့် ရေပိုလွှဲမှ အမြင့် ၁၁ ပေကျော်အထိ ရေကျော်စီးဆင်းခဲ့ကာ ဒေသတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည်။
■ လက်ရှိအခြေအနေတွင် တမံအတွင်း ရေဝင်ရောက်မှုနှင့် သိုလှောင်ရေကို ထိန်းညှိဆောင်ရွက်နေပြီး ရေလွှဲဆည်မှတစ်ဆင့်လည်း ရေလမ်းကြောင်းကို စနစ်တကျထိန်းညှိပေးနေသဖြင့် ဒေသ၏ ဘေးကင်းလုံခြုံရေးနှင့် ရေကြီးရေလျှံမှုအတွက် စိုးရိမ်ဖွယ်ရာမရှိကြောင်း သိရသည်။
■ ထို့ပြင် ရေသိုလှောင်ပမာဏများပြားသည့် ရေလှောင်တမံများ၏ လက်ရှိအခြေအနေများကို သက်ဆိုင်ရာဒေသများရှိ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန တာဝန်ရှိသူများက လူမှုကွန်ရက်စာမျက်နှာများမှတစ်ဆင့် အချိန်နှင့်တစ်ပြေးညီ အသိပေးထုတ်ပြန်လျက်ရှိကြောင်း သိရသည်။
#YMG/SW #Yangon_Times
#World_News
Published 02 September 2026
■ အမေရိကန်က အင်္ဂါနေ့မှာ အီရန်ကို လေကြောင်းမှ ပြင်းထန်စွာ တိုက်ခိုက်ခဲ့ပြီး အီရန်ဘက်ကလည်း ပြန်လည်လက်တုံ့ပြန်ခဲ့ရာ သီတင်းပတ်အတော်ကြာအတွင်း အပြင်းထန်ဆုံး ပဋိပက္ခမြင့်တက်လာမှု ဖြစ်ခဲ့ပါတယ်။
■ ဒီပဋိပက္ခကြောင့် ကမ္ဘာ့စွမ်းအင်ဈေးနှုန်းများ မြင့်တက်သွားခဲ့ပြီး သမ္မတဒေါ်နယ်ထရမ့်ရဲ့ ထောက်ခံမှုအရှိန်အဝါကိုလည်း ထိခိုက်ကျဆင်းစေခဲ့ပါတယ်။
■ အီရန်မှ လာရက်ခ်ကျွန်းကို အမေရိကန် လေကြောင်းတိုက်ခိုက်ခဲ့ပြီးနောက် ဂျော်ဒန်ရှိ အမေရိကန်လေတပ်စခန်းများကို အီရန်က တုံ့ပြန်တိုက်ခိုက်ခဲ့တာကြောင့် ပဋိပက္ခများ ပိုမိုပြင်းထန်လာခဲ့ပါတယ်။
■ အီရန်ဘက်က ထပ်ပြီးလက်စားချေပါက ပြင်းထန်စွာ ပြန်လည်တုံ့ပြန်သွားမယ်လို့ ကတိပြုခဲ့ပေမယ့် စစ်ပွဲအတွင်းသို့ အပြည့်အဝ ပြန်လည်ဝင်ရောက်မယ့်သဘောတော့ မဟုတ်ဘူးလို့ ထရမ့်ကပြောပါတယ်။
■ အမေရိကန်အနေဖြင့် ဇွန်လက ချုပ်ဆိုခဲ့တဲ့ ယာယီနားလည်မှုစာချွန်လွှာပါ ကတိကဝတ်များကို လိုက်နာပါက အီရန်ဘက်ကလည်း ချက်ချင်းတုံ့ပြန်လိုက်နာ ဆောင်ရွက်သွားမယ်လို့ သမ္မတမာဆော့ဒ်ပက်ဇက်ရှ်ကီယန်က ပြောပါတယ်။
■ အမေရိကန်ဘက်ကနေ သဘောတူညီချက်ပါ စည်းကမ်းများကို အပြည့်အဝ အကောင်အထည်ဖော်မှသာ ဟော်မုဇ်ရေလမ်းကြောင်းမှာ သင်္ဘောသွားလာခွင့်ကို ပြန်လည်ခွင့်ပြုမယ်လို့ အီရန်က ဆိုပါတယ်။
■ ရေလက်ကြားအနီး ဆော်ဒီသို့ဦးတည်နေတဲ့ ရေနံတင်သင်္ဘောကြီးနှစ်စီး အပစ်ခံရကြောင်း သတင်းများထွက်ပြီးနောက် ပိုမိုတင်းမာလာခဲ့ပါတယ်။
■ ပဋိပက္ခကြောင့် အဓိကစွမ်းအင်ထောက်ပံ့ရေး လမ်းကြောင်းများ ခြိမ်းခြောက်ခံလာရနိုင်ကာ ကမ္ဘာ့ Brent ရေနံစိမ်းဈေးနှုန်းများ ၁ ရာခိုင်နှုန်းကျော် မြင့်တက်သွားပါတယ်။
Source: Reuters
#Local_News
Published 02 September 2026
■ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲတို့တွင် တစ်နိုင်ငံလုံးအဆင့် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူ ၃၀၇ ဦးအား ရွှေစင်တစ်ကျပ်သား ဒင်္ဂါးပြားများဖြင့် ဂုဏ်ပြုချီးမြှင့်သည့် အခမ်းအနားကို နေပြည်တော်ရှိ Naypyitaw State Academy ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပခဲ့ပြီး နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားကာ ထူးချွန်ကျောင်းသား၊ ကျောင်းသူများအား ဆုများပေးအပ်ခဲ့သည်။
■ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၏ အောင်ချက်ရာခိုင်နှုန်းမှာ ၅၂ ဒသမ ၃၇ ရာခိုင်နှုန်း ရှိပြီး ယခင်နှစ်များထက် တိုးတက်လာကြောင်း၊ ယခုနှစ်တွင် စတင်ကျင်းပသည့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲတွင်လည်း ၄၉ ဒသမ ၇ ရာခိုင်နှုန်း အောင်မြင်ခဲ့ကြောင်း သိရသည်။ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဘာသာစုံဂုဏ်ထူးရရှိသူ ၆၇၄ ဦးနှင့် ဘာသာတွဲအလိုက် တစ်နိုင်ငံလုံးအမှတ်အများဆုံးရရှိသူ ၃၂ ဦး ပေါ်ထွက်ခဲ့ပြီး စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲ၌ ဘာသာစုံဂုဏ်ထူးရရှိသူ သုံးဦးနှင့် ဘာသာတွဲအလိုက် အမှတ်အများဆုံးရရှိသူ ၅၀ ပေါ်ထွက်ခဲ့သည်။
■ နိုင်ငံတော်သမ္မတက နိုင်ငံကို ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံအဖြစ် တည်ဆောက်ရာတွင် အရည်အသွေးပြည့်ဝသည့် ပညာတတ်လူငယ်များ၏ စွမ်းဆောင်ရည်သည် အဓိကကျကြောင်း ပြောကြားခဲ့သည်။
■ ထူးချွန်လူငယ်များအနေဖြင့် အဆင့်မြင့်ပညာရပ်များကို ဆက်လက်လေ့လာကာ စွမ်းဆောင်နိုင်စွမ်း၊ ဖန်တီးနိုင်စွမ်းနှင့် အတွေးအခေါ်ပိုင်းကို မြှင့်တင်၍ နိုင်ငံတည်ဆောက်ရေးတွင် ပါဝင်ရန်လည်း တိုက်တွန်းခဲ့သည်။
■ ထို့ပြင် နည်းပညာခေတ်နှင့်အညီ ဒီဂျစ်တယ်စီးပွားရေးနှင့် AI အခြေပြုဝန်ဆောင်မှုလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးလာနေသဖြင့် လူငယ်များအနေဖြင့် ကမ္ဘာ့အခြေအနေများကို မျက်ခြည်မပြတ်လေ့လာပြီး သိပ္ပံနှင့်နည်းပညာအခြေပြု စွန့်ဦးတီထွင်မှုများ တိုးမြှင့်လုပ်ဆောင်ရန်၊ လူမှုကွန်ရက်နှင့် အင်တာနက်ကို ပညာရပ်သစ်များ ရှာဖွေလေ့လာရေးအတွက် မှန်ကန်အကျိုးရှိစွာ အသုံးချရန် တိုက်တွန်းခဲ့သည်။ စာဖတ်သည့်အလေ့အကျင့်မွေးမြူ၍ အသိပညာဗဟုသုတ၊ အကျင့်စာရိတ္တနှင့် စဉ်းစားဆုံးဖြတ်နိုင်စွမ်းတို့ကို မြှင့်တင်ရန်လည်း မှာကြားခဲ့သည်။
ကျွမ်းကျင်လုပ်သားများ မွေးထုတ်နိုင်ရေးအတွက် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းများကို ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှ စတင်ဖွင့်လှစ်ခဲ့ရာ လက်ရှိတွင် ၉၂ ကျောင်း အထိ ရှိလာပြီဖြစ်ကြောင်းနှင့် ယခုပညာသင်နှစ်မှစ၍ အခြေခံပညာအလယ်တန်းအဆင့်တွင်လည်း သက်မွေးပညာရပ်များ ထည့်သွင်းသင်ကြားနေကြောင်း အခမ်းအနားတွင် ပြောကြားခဲ့သည်။
■ လူငယ်များ၏ အခန်းကဏ္ဍကို မြှင့်တင်ရန် လူငယ်ရေးရာဝန်ကြီးဌာနကို ဖွဲ့စည်း၍ လူငယ်ရေးရာမူဝါဒများ ချမှတ်ဆောင်ရွက်နေကြောင်းလည်း နိုင်ငံတော်သမ္မတက ပြောကြားသည်။ လူငယ်များ ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်မှုကြောင့် နိုင်ငံ့လူ့စွမ်းအားအရင်းအမြစ် ဆုံးရှုံးမှုရှိနိုင်ကြောင်း ထောက်ပြပြီး သင်ယူတတ်မြောက်ထားသည့် ပညာရပ်များဖြင့် မိမိနိုင်ငံနှင့် လူမျိုးအကျိုးကို ပြန်လည်သယ်ပိုးရန် တိုက်တွန်းခဲ့သည်။
■ အခမ်းအနားတွင် နိုင်ငံတော်သမ္မတအပါအဝင် တာဝန်ရှိသူများက သိပ္ပံ၊ ဝိပ္ပံ၊ ဝိဇ္ဇာဘာသာတွဲများနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲတို့မှ တစ်နိုင်ငံလုံးအဆင့် အမှတ်အများဆုံးရရှိသူများအား ဆုများအသီးသီးပေးအပ်ခဲ့ကြသည်။
■ ထူးချွန်ကျောင်းသား၊ ကျောင်းသူများကိုယ်စား ပုသိမ်မြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ မနှင်းဝင့်ထည်က ကျေးဇူးတင်စကားပြောကြားပြီး ရရှိထားသည့် ပညာနှင့် အခွင့်အရေးများကို အသုံးချ၍ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် ပါဝင်ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သည်။
Page 9 of 2067