#World_News
Published 30 December 2025
■ အီရန်အနေနဲ့ ပဲ့ထိန်းဒုံးကျည်တွေ နျူကလီးယားလက်နက် အစီအစဉ်တွေ ပြန်လည်ဆောက်လုပ်ဖို့ စတင်လာပါက နောက်ထပ်တိုက်ခိုက်မှုကြီး ပြုလုပ်သွားဖို့ အမေရိကန် ထောက်ပံ့သွားမှာဖြစ်ကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က တနင်္လာနေ့မှာ ပြောပါတယ်။
■ ဒါ့အပြင် ဟားမတ်စ်အနေနဲ့ လက်နက်မချပါက နောက်ဆက်တွဲအကျိုးဆက်တွေ ပြင်းထန်လိမ့်မယ်လို့လည်း သတိပေးလိုက်ပါတယ်။
■ ဇွန်လက အမေရိကန်တိုက်ခိုက်မှုကြီး ပြုလုပ်ပြီးနောက် အီရန်ဟာ လက်နက်အစီအစဉ်တွေ ပြန်လည်လုပ်ဆောင်ရန် ကြိုးပမ်းနေတာ ဖြစ်နိုင်တယ်လို့ အစ္စရေးလ်ဝန်ကြီးချုပ်နဲ့ ဖလော်ရီဒါအိမ်မှာ တွေ့ဆုံစဉ် ထရမ့်ကပြောခဲ့ပါတယ်။
■ တိုက်ခိုက်တဲ့နေရာမှာမဟုတ်ဘဲ အခြားနေရာတွေမှာ ဆောက်လုပ်တာဖြစ်နိုင်တယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။
■ ဇွန်လက အစ္စရေးလ်နဲ့ ၁၂ ရက်တာ တိုက်ခိုက်ခဲ့တဲ့ အီရန်က ယခုလအတွင်း ဒုတိယအကြိမ် ဒုံးကျည်လေ့ကျင့်ရေးတွေ ပြုလုပ်ခဲ့တယ်လို့ ပြောထားပါတယ်။
■ အီရန်နဲ့ နျူကလီးယားသဘောတူညီချက် ရယူထားတဲ့ ထရမ့်က ဂါဇာငြိမ်းချမ်းရေး သဘောတူညီချက်ဟာ ခိုင်ခံ့မှုမရှိဘဲ အီရန်နဲ့ ဟက်ဇ်ဘိုလာတို့ အစ္စရေးလ်အပေါ် ကျူးလွန်လာနိုင်တာကို ထရမ့်က စိုးရိမ်နေပါတယ်။
■ ထရမ့်နဲ့ အစ္စရေးလ်ဝန်ကြီးချုပ် နေတန်ယာဟူတို့က ဂါဇာငြိမ်းချမ်းရေးထိန်းသိမ်းမှုမှာ တူရကီရဲ့ အရေးပါပုံကို ဆွေးနွေးခဲ့ကြပါတယ်။
■ အစ္စရေးလ်ထိန်းချုပ်ထားတဲ့ အနောက်ပိုင်းဘဏ်အပေါ်မှာ ယင်းတို့နှစ်ဦး သဘောထားကွဲလွဲမှုတွေ ဖြစ်ပေါ်ခဲ့ပေမယ့် အတိအကျတော့ မဖော်ပြထားပါဘူး။
Source: Reuters
ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် တနသ်ာရီတိုင်းဒေသကြီးအတွင်း ဆီအုန်းစိုက်ဧက(၁၀၀)ထပ်မံတိုးချဲ့ စိုက်ပျိုးသွားမယ်လို့စိုက်ပျိုးရေးဦးစီးဌာနမှ သိရပါတယ်။
#Local_News
Published 30 December 2025
#ဆီအုန်း #စားသုံးဆီ
#YMG/SW #Yangon_Times
ယခုနှစ်ခရစ္စမတ်ပိတ်ရက်ကာလအတွင်း ပုဂံယဉ်ကျေးမှုနယ်မြေသိုခရီးသွားဧည့်သည် ၂ သိန်းကျော်လာရောက်လည်ပတ်ခဲ့တယ်လို့ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန(ပုဂံရုံးခွဲ)မှ သိရပါတယ်။
#Local_News
Published 30 December 2025
#ပုဂံ #ခရစ္စမတ်
#YMG/SW #Yangon_Times
#Daily_News
Published 30 December 2025
၁။ လာမည့်ဘဏ္ဍာနှစ်အတွင်း ဆီအုန်းစိုက်ဧက(၁၀၀)တိုးချဲ့ စိုက်ပျိုးမည်
၂။ ငပုတောမှ ရန်ကုန်သို့ နေလှန်းဆားပိဿာချိန် ရှစ်သောင်းကျော်တင်ပို့ရောင်းချ
၃။ ကမ္ဘာ့ရွှေဈေး အတက်အကျကြမ်းနေ
၄။ အမေရိကန်၌ဆောင်းမုန်တိုင်းတစ်ခုဝင်ကာ ဆီးနှင်းလေပြင်းများကျရောက်နိုင်မည်... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#World_Health
Published 30 December 2025
■ ပဲပိစပ်ဆီမှာ အဆီပါဝင်မှု၊ ရောင်ရမ်းစေနိုင်ခြင်းနဲ့ အပူပေးတဲ့အခါ သက်ရောက်နိုင်စွမ်းတို့ကြောင့် လက်ရှိမှာ စောင့်ကြည့်စစ်ဆေးနေကြပါတယ်။
■ ဈေးကွက်မှာ အလွယ်တကူ ဝယ်ယူရရှိနိုင်တဲ့ ပဲပိစပ်ဆီက အသုံးများလာပါတယ်။
■ အိုမီဂါ-၆ ဖက်တီးအက်ဆစ်၊ ဗိုက်တာမင်-အီး၊ ပြည့်ဝဆီအနည်းဆုံး ပါဝင်တယ်လို့ သိထားကြပေမယ့် တကယ်တမ်းမှာ အဆီပါဝင်မှုအချိုးအစား၊ ဓာတ်တိုးတည်မြဲနိုင်စွမ်း၊ ဇီဝဖြစ်စဉ်များအပေါ် ဓာတုဓာတ်ပြုမှုတွေနဲ့ ပတ်သက်ပြီး စိုးရိမ်စရာဖြစ်လာပါတယ်။
■ ဆီစစ်ထုတ်တဲ့နေရာမှာ အပူချိန်မြင့်မားစွာ အသုံးပြုရတဲ့အတွက် ခန္ဓာကိုယ်ထဲ ဓာတ်တိုးမှုတွေ ဖြစ်စေပြီး ရောင်ရမ်းမှုတွေဖြစ်စေတဲ့ ဒြပ်ပေါင်းတွေ ထုတ်လုပ်ပေးပါတယ်။
■ အိုမီဂါ-၆ ဖက်တီးအက်ဆစ်နဲ့ အိုမီဂါ-၃ အချိုး ၄:၁ ခန့်က ကျန်းမာရေးအတွက် သင့်လျော်ပေမယ့် ပဲပိစပ်ဆီမှာတော့ ၂၀:၁ လောက်ဖြစ်နေကာ ရောင်ရမ်းစေတဲ့ဒြပ်ပေါင်းတွေ များလာစေပြီး ကိုယ်အလေးချိန်တက်ခြင်း၊ အဆစ်ရောင်ခြင်း၊ အင်ဆူလင်ယဉ်ပါးခြင်း၊ ထရိုင်ဂလစ်ဆရိုက်များခြင်းတို့ ဖြစ်လာစေပါတယ်။
■ အိန္ဒိယမှာဆိုရင် မုန့်တွေ၊ ကိတ်မုန့်ပေါင်မုန့်တွေ၊ ဆီကြော်မုန့်တွေ စသဖြင့် ပဲပိစပ်ဆီအသုံးပြုတဲ့အတွက် အိုမီဂါ-၆ တွေ စားမိနေပါတယ်။
■ ဒါ့အပြင် အူလမ်းကြောင်း ဘက်တီးရီးယားတွေ မညီမမျှဖြစ်စေကာ အူနံရံဖြတ်သန်းနိုင်စွမ်းနဲ့ ဟော်မုန်းတို့ နှောင့်ယှက်စေပြီး သိုင်းရွိုက်ပြဿနာများလည်း ဖြစ်လာနိုင်ပါတယ်။
■ ပဲပိစပ်ဆီမှာ ဗိုက်တာမင်-အီး ပါဝင်ပေမယ့် သန့်စင်ထုတ်လုပ်ခြင်းနဲ့ ချက်ပြုတ်ခြင်းတို့ ပြုလုပ်စဉ် ဓာတ်တိုးဆန့်ကျင်အာနိသင်များ အတော်လေး လျော့ကျသွားပါတယ်။
■ ကျန်းမာရေးကောင်းဖို့အတွက်ဆိုရင် ဆီပြောင်းလဲအသုံးပြုသင့်ပြီး အာဟာရဓာတ် ပိုကြွယ်ဝတာမျိုးကို အကြံပြုပါတယ်။
Source: Indian Express.
#World_Health
Published 30 December 2025
■ အချို့လူတွေဟာ မီးဖိုချောင်ဘေစင်၊ ရုံးခန်း၊ အလုပ်လုပ်နေစဉ်တို့မှာ မတ်တပ်ရပ်ရင်း အစားစားတတ်ကြပါတယ်။
■ တစ်ခါတလေ ဒီလိုစားတာက ပြဿနာမရှိပေမယ့် အမြဲတမ်းဒီလိုဖြစ်နေရင်တော့ အစာခြေခြင်း၊ စားချင်စိတ်၊ အစာခြေဖျက်ပုံတို့ကို သက်ရောက်လာနိုင်တယ်လို့ KIMS ဆေးရုံမှ အာဟာရပညာရှင်မှူး ဒေါက်တာ အမ်ရင်းရှိတ်ခ်က ပြောပါတယ်။
■ ဒါဟာ အလျင်လိုခြင်း၊ ဖိစီးခြင်း၊ ပုံမှန်စားချိန် မစားခြင်းတို့ကနေ အစပြုတာဖြစ်ပြီး ရက်သတ္တပတ် လပိုင်းကျော်လာရင် စားပုံစားနည်း၊ စားချင်စိတ်ထိန်းချုပ်မှုနဲ့ အစာခြေကျန်းမာရေးတို့ ပုံစံပြောင်းလဲလာတယ်လို့ ဆိုပါတယ်။
■ အစာခြေခြင်းက ခန္ဓာကိုယ်ထိုင်ပြီး ငြိမ်သက်တဲ့အချိန်မှာ အကောင်းဆုံးလုပ်ဆောင်ပေမယ့် မတ်တပ်ရပ်နေရင် အစာအိမ်ထဲ လျင်မြန်စွာလှုပ်ရှားစေကာ ဗိုက်ပြည့်ပြီလို့ မခံစားရဘဲ ပိုစားမိစေပါတယ်။
■ နောက်တစ်ချက်က မတ်တပ်ရပ်နေစဉ်မှာ ပါးစပ်ထဲ များများစားမိစေသဖြင့် အစာအိမ် အလုပ်လုပ်ရခက်ခဲစေကာ မအီမသာဖြစ်စေနိုင်ပါတယ်။
■ ဆာလောင်စိတ်ကို ထိန်းချုပ်ပေးတဲ့ ဟော်မုန်းတွေ အလုပ်မလုပ်တော့ဘဲ ဗိုက်ပြည့်မှန်းမသိတော့ဘဲ ပိုမိုစားမိစေပါတယ်။
■ အစာအိမ်အက်ဆစ်များသူတွေမှာဆိုရင် အစာက အူတွေထဲသို့ သေချာမရောက်သေးဘဲ အက်ဆစ်လျှံတက်ခြင်းမျိုး ဖြစ်နိုင်ပါတယ်။
■ သက်တောင့်သက်သာ သတိကပ်ပြီး မစားနိုင်ခြင်း၊ အာဟာရဓာတ် စုပ်ယူမှုအားနည်းခြင်း စတဲ့အကျိုးဆက်တွေ ဖြစ်လာနိုင်ပါတယ်။
■ ဒါကြောင့် အစားစားတဲ့အခါ သက်တောင့်သက်သာဖြစ်တဲ့ ပုံစံထိုင်ပြီး စားခြင်းဖြင့် အစာခြေအင်ဇိုင်းတွေ ပုံမှန်အလုပ်လုပ်စေကာ အစားစားရင်း ဖုန်း၊ ကွန်ပျူတာ၊ တီဗီကြည့်တာမျိုးကိုလည်း ရှောင်ရှားသင့်ပါတယ်။
Source: Indian Express.
တရုတ်ပြည်ရဲ့ လျှပ်စစ်သံလိုက် ပင့်တင်ကိရိယာတပ်ဆင်ထားတဲ့ ပထမဆုံးလေယာဉ်တင်သင်္ဘော ဖူကျန်ဟာ ပထမဆုံး ပင်လယ်ရေကြောင်း လေ့ကျင့်မှုပြုလုပ်ခဲ့ရာမှာ စွမ်းဆောင်ရည်တွေ အတည်ပြုလုပ်ဆောင်နိုင်ခဲ့ပါတယ်။
#Asia_Military
Published 29 December 2025
#လေယာဉ်တင်သင်္ဘော #တရုတ်ပြည်
#YMG #Yangon_Times #Yangon_Media_Group
မဟာဗန္ဓုလသယ်ယူပို့ဆောင်ရေး လက်အောက်ရှိ YBS 117 ယာဥ်လိုင်းအားယာဥ်လိုင်းလမ်းကြောင်းပြောင်းလဲပြေးဆွဲသွားမယ်လို့ သိရပါတယ်။
#Local_News
Published 29 December 2025
#YBS_117 #ယာဥ်လိုင်း
#YMG/SW #Yangon_Times
အခုဘဏ္ဍာနှစ်ရှစ်လတာအတွင်း အမေရိကန်ဒေါ်လာတစ်သန်းကျော် တန်ဖိုးရှိ ပျားရည်တန်ချိန် ၈၀၀ကျော်တင်ပို့ထားတယ်လို့ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ပျားမွေးမြူမှုဖွံဖြိုးရေးဌာနခွဲက သိရပါတယ်။
#Local_News
Published 29 December 2025
#ပျားရည် #ဒေါ်လာ
#YMG/NN #Yangon_Times
#Local_News
Published 29 December 2025
▪️ မြန်မာ ယူ ၁၆ ဖူဆယ်အသင်းသည် ASEAN U16 BOY'S FUTSAL CHAMPIONSHIP 2025 ပြိုင်ပွဲ၊ တတိယနေရာလုပွဲစဉ်၌ တတိယနေရာရရှိခဲ့ကြောင်းသိရသည်။
▪️ ထိုသို့ရရှိရာတွင် ဗီယက်နမ် ယူ ၁၆ အသင်းကို ၂ ဂိုး ၁ ဂိုး ဖြင့်အနိုင်ရရှိကာ တတိယနေရာကို ဆွတ်ခူးရရှိခဲ့ကြောင်းသိရသည်။
▪️ မြန်မာအသင်းသည် အုပ်စုပတ်လည်ပွဲစဥ်များ၌ ဘရူနိုင်းအသင်းကို ၆ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်းသိရသည်။
▪️ ယင်းပွဲစဉ်တွင် ၄ ပွဲကစား ရမှတ် ၃ မှတ်ဖြင့် အဆင့် ၄ နေရာရရှိခဲ့ကာ တတိယနေရာလုပွဲကို တက်ရောက်ခဲ့ကာ ဗီယက်နမ်အသင်းနှင့်ရင်ဆိုင်ကစားခဲ့ရကြောင်း သိရသည်။
▪️ ယင်းအုပ်စုပွဲစဥ်၌ ဗီယက်နမ်အသင်းကို ၅ ဂိုး ၂ ဂိုး နှင့် ရှုံးနိမ့်ခဲ့သော်လည်း ယနေ့ပွဲစဉ်တွင်မူ ၂ ဂိုး ၊၁ ဂိုးဖြင့် ပြန်လည်အနိုင်ရရှိခဲ့ကာ တတိယနေရာကိုရရှိခဲ့ကြောင်းသိရသည်။
#YMG/NN #Yangon_Times
ပြည်ပနိုင်ငံတွေမှာ သွားရောက်အလုပ်လုပ်ကိုင်နေတဲ့ မြန်မာလုပ်သားတွေအနေနဲ့ ပြည်တွင်းသို့ ခွင့်ဖြင့်ပြန်လည်ဝင်ရောက်ပါကရွှေ့ပြောင်းလုပ်သား အဝင် သတင်းပို့ခြင်းကို မဖြစ်မနေဆောင်ရွက်ရမယ်လို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
#Local_News
Published 29 December 2025
#မြန်မာလုပ်သား #အလုပ်အကိုင်အေဂျင်စီ
#YMG/SW #Yangon_Times
#Daily_News
Published 29 December 2025
၁။ ပြည်တွင်းသို့ ခွင့်ဖြင့်ပြန်လာမည့်သူများရွှေ့ပြောင်းလုပ်သား အဝင် သတင်းပို့ရမည်
၂။ ဒေါ်လာတစ်သန်းကျော်တန်ဖိုးရှိ ပျားရည်တန်ချိန် ၈၀၀ကျော်တင်ပို့ထား
၃။ YBS 117 ယာဥ်လိုင်း လမ်းကြောင်းပြောင်းလဲပြေးဆွဲမည်
၄။ လျှပ်စစ်သံလိုက်ပင့်တင်စနစ်တပ်ဆင်ထားသည့်တရုတ်လေယာဉ်တင်သင်္ဘော ပထမဆုံးရေကြောင်းလက်တွေ့လေ့ကျင့်ရေးပြုလုပ်... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
Page 11 of 1870