#World_News
Published 02 July 2026
■ အီရန်နဲ့ အမေရိကန်ကြား နားလည်မှုစာချွန်လွှာ အကောင်အထည်ဖော်ဖို့အတွက် ဒိုဟာမြို့မှာ ဆွေးနွေးပွဲများ ပြုလုပ်ပြီးနောက် ရပ်စဲပိတ်ပင်ခံထားရတဲ့ ကနဦး ၆ ဘီလီယံရဲ့ တစ်စိတ်တစ်ပိုင်းကို မရှိမဖြစ် လိုအပ်တဲ့ပစ္စည်းများ ဝယ်ယူရန် အသုံးပြုသွားမယ်လို့ အီရန်က ဇူလိုင် ၁ ရက်နေ့မှာ ပြောခဲ့ပါတယ်။
■ ဗဟိုဘဏ်ကိုယ်စားလှယ်များ အပါအဝင် ကာတာတာဝန်ရှိသူတွေနဲ့ ဆွေးနွေးမှုက ဒီငွေတွေရဲ့ ဘယ်လောက်အစိတ်အပိုင်း အသုံးပြုမယ်ဆိုတာကို ဦးစားပေးဆွေးနွေးခဲ့ကြကြောင်း အီရန်နိုင်ငံခြားရေး လက်ထောက်ဝန်ကြီး ကာဇမ်ဂါရီဘာဘာဒီက ပြောပါတယ်။
■ တိုင်းပြည်လိုအပ်ချက်များအပေါ် အခြေခံပြီး လိုအပ်တဲ့ကုန်ပစ္စည်းကို အီရန်ဝယ်ယူဖို့ သဘောတူညီခဲ့ကြကြောင်း ပြောပါတယ်။
■ စစ်ပွဲရပ်သွားစေတဲ့ နားလည်မှုစာချွန်လွှာအရ အမေရိကန်ဟာ အီရန်ရဲ့ ပိတ်ဆို့ကန့်သတ်ခံထားရတဲ့ ပိုင်ဆိုင်မှုတွေကို ပြန်သုံးခွင့်ပေးဖို့ သဘောတူညီခဲ့တာပါ။
■ ဒါပေမဲ့ ဘယ်လောက်ပမာဏအထိ ခွင့်ပြုမယ်၊ ဘယ်လိုလုပ်ဆောင်မယ်၊ ဘယ်အချိန် စတင်မလဲဆိုတာတွေတော့ မသိရပါဘူး။
■ ဆွေးနွေးပွဲတွေထဲမှာ အီရန်၊ ကာတာ၊ ပါကစ္စတန်အရာရှိများ ပါဝင်ခဲ့ပြီး သဘောတူညီချက် အကောင်အထည်ဖော်ရန်နဲ့ ချိုးဖောက်မှုများ စောင့်ကြည့်ရန် လမ်းကြောင်းတစ်ခုတည်ထောင်ဖို့ အဓိကထားခဲ့ကြပါတယ်။
■ တောင်ကိုရီးယားမှရတဲ့ ရေနံဝင်ငွေများဟာ ၂၀၂၃ တည်းက ကာတာရဲ့ ကန့်သတ်အကောင့်တွေထဲ ရှိနေခဲ့ပါတယ်။
■ အမေရိကန်နဲ့ ကာတာတို့က ထိုငွေများထုတ်ပေးမယ့် လုပ်ငန်းစဉ်အပေါ် အတည်ပြုပိုင်ခွင့်ရှိပြီး အမေရိကန်မှ စိုက်ပျိုးထွက်ကုန်များ ဝယ်ယူဖို့ အသုံးပြုနိုင်ပါတယ်။
Source: WION
#World_Health
Published 02 July 2026
■ အသုံးများတဲ့ သွေးပေါင်ချိန်ထိန်းဆေးဟာ ဆီးချိုဝေဒနာရှင်တွေမှာ ကျောက်ကပ်ထိခိုက်မှု ဖြစ်စေတယ်လို့ လေ့လာချက်တစ်ခုမှာ တွေ့ရှိထားပါတယ်။
■ ဒိုင်ဟိုက်ဒရိုပိုင်ရီဒင်းကယ်စီယံချန်နယ်ဘလော့ကာ DCCB ဆေးတွေက သွေးကြောတွေကို ကျယ်စေပြီး ဆီးချိုကျောက်ကပ်ရောဂါ လူနာတွေမှာ ဒုတိယဦးစားပေးအဖြစ် အသုံးပြုကြပါတယ်။
■ ဒါပေမဲ့ တကယ်တမ်းတော့ ကျောက်ကပ်ထိခိုက်နိုင်ခြေ ၃၃ ရာခိုင်နှုန်း ပိုများစေတယ်လို့ သုတေသီတွေ ဖော်ပြထားပါတယ်။
■ ကျောက်ကပ်ကာကွယ်ရေး ကုထုံးတွေ ခံယူနေတဲ့ လူနာတွေအတွက် ဒီဆေးတွေက အကောင်းဆုံးဖြစ်သေးလားဆိုတာ မေးစရာဖြစ်လာပါတယ်။
■ ဆီးချိုလူနာရှင် ၃၁,၀၀၀ ကျော်ကို လေ့လာခဲ့ရာမှာ DCCB ကို ပုံမှန်ကုသနည်းတွေဖြစ်တဲ့ RAS ၊ SGLT2 inhibitor တို့နဲ့ ကုသရာမှာ ၃ နှစ်ခွဲအတွင်း ကျောက်ကပ်ပြဿနာ ဖြစ်နိုင်ခြေကို ၃၃ ရာခိုင်နှုန်း များစေတာ တွေ့ခဲ့ရပါတယ်။
■ SGLT2 inhibitor က DCCB နဲ့သက်ဆိုင်တဲ့ ကျောက်ကပ်ရောဂါ ဖြစ်နိုင်ခြေတွေကို မလျော့ကျစေပါဘူး။
■ ဒါဟာ DCCB ဆေးတွေက သွေးစီးဝင်လာတဲ့ သွေးကြောတွေကို ကျယ်စေကာ ဖိအားတိုးများစေတာကြောင့် ဖြစ်နိုင်ပါတယ်။
■ လေ့လာချက်အရ DCCB အသုံးပြုတဲ့ လူနာတွေမှာ ကျောက်ကပ်ပြဿနာဖြစ်နိုင်ခြေ များစေတာ ဖြစ်ပါတယ်။
■ ဆေးသုံးနေတာ မရပ်ခင်မှာ လူနာတွေအနေနဲ့ ဆရာဝန်တွေနဲ့ တိုင်ပင်သင့်ပါတယ်။
■ ယခု ကနဦးတွေ့ရှိချက်တွေကို အတည်ပြုနိုင်ဖို့ နောက်ထပ်သုတေသန လိုအပ်နေပါသေးတယ်။
Source: US News
#World_Health
Published 02 July 2026
■ ချီကာဂိုမှာပြုလုပ်တဲ့ ၂၀၂၆ ASCO နှစ်ပတ်လည်အစည်းအဝေးမှာ ကျန်းမာရေးပညာရှင်ပေါင်း ၄ သောင်းက ကမ္ဘာပေါ်မှာ ကင်ဆာရလဒ် တိုးတက်စေရန် ဦးတည်ကာ ကင်ဆာသုတေသနတွေ မျှဝေခဲ့ကြပြီး ဒီထဲကမှ အဓိကအချက် ၅ ချက်ကို ဖော်ပြလိုက်ပါတယ်။
■ (၁) စမတ်ဆေးဝါး GRWD5769 ကို သုတေသီတွေ ထုတ်လုပ်လိုက်ပြီး ကင်ဆာဆဲလ်တွေ ပုန်းကွယ်မနေနိုင်အောင် ကာကွယ်ပေးကာ ရောဂါခုခံအားစနစ် ပိုမိုအလုပ်လုပ်စေမှာ ဖြစ်ပါတယ်။
■ ယခင်ကုသနည်းတွေ အလုပ်မဖြစ်တဲ့ လူနာတွေမှာ ဒီဆေးဖြင့်စမ်းသပ်ရာ အကျိတ်ဆဲလ်တွေကို ဖုံးကွယ်ထားတဲ့အရာတွေကို ဖယ်ရှားနိုင်ခဲ့ပြီး အနည်းဆုံး ၃၀ ရာခိုင်နှုန်းခန့် အကျိတ်တွေ ကျုံ့သွားစေပါတယ်။
■ နောက်ထပ် စမတ်ဆေး ၂ မျိုးကလည်း အဆုတ်ကင်ဆာလူနာတွေမှာ အသက်ရှင်ချိန် ၁၅ ရာခိုင်နှုန်း ဆွဲဆန့်ပေးနိုင်ခဲ့ပါတယ်။
■ (၂) ဆေးသစ် ၂ မျိုးက အသက်ဆုံးရှုံးမှုများတဲ့ ကင်ဆာတွေထံကနေ အသက်ရှင်ချိန် သိသိသာသာ တိုးများစေပြီး Daraxonrasib ဆေးဆိုရင် ပန်ကရိယကင်ဆာလူနာတွေကို အသက်ရှင်သန်ချိန်နှစ်ဆ ပိုများစေပါတယ်။
■ Mezigdomide ဆေးကတော့ အရေပြားကင်ဆာတွေမှာ ရောဂါဆိုးရွားမလာစေဘဲ အသက်ရှင်နှုန်း ၂ ဆတိုးစေပါတယ်။
■ (၃) လတ်တလော တွေ့ရှိချက်များအရ ကင်ဆာကုသမှုအချို့ကို ဘေးကင်းစွာ ရှောင်ရှားနိုင်မှာဖြစ်ပြီး မျိုးရိုးဗီဇစစ်ဆေးမှုတစ်ခုကနေ ရင်သားကင်ဆာဝေဒနာရှင်များဟာ ဆေးကုသခြင်းကို ရှောင်ရှားနိုင်ပြီး ဟော်မုန်းကုသနည်းတစ်ခုတည်းသာ အသုံးပြုနိုင်မှာပါ။
■ (၄) ကမ္ဘာပေါ်မှာ ကင်ဆာဖြစ်ပွားမှုက ၂၀၅၀ အရောက်မှာ ၂၁ ရာခိုင်နှုန်းလောက် ပိုများလာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
■ သက်ရှည်ကျန်းမာရေးအတွက် လုပ်အားတိုးချဲ့ဖို့နဲ့ ကင်ဆာကာကွယ်ရေး ဦးစားပေးဖို့ အရေးတကြီး လိုအပ်လာပါတယ်။
■ (၅) အိပ်ရေးမဝခြင်းက ကင်ဆာစောစီးစွာ ဖြစ်ပွားမှုနှုန်း ၈၀ ရာခိုင်နှုန်းနီးပါး မြင့်တက်စေနိုင်ပါတယ်။
■ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နေထိုင်စားသောက်မှုပုံစံများ ပြောင်းလဲခြင်းဖြင့် ကင်ဆာအသက်ရှင်ကျန်သူတွေမှာ စိုးရိမ်ပူပန်မှု၊ နွမ်းနယ်ခြင်း၊ အိပ်မပျော်ခြင်းတို့ လျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်။
Source: The Guardian
၂၀၂၆ ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲ လက်ခံကျင်းပရာမြို့တစ်မြို့ဖြစ်တဲ့ မက္ကဆီကိုမှ မွန်တာရေးမှာ ဘောလုံးကွင်းဝန်းကျင် ရဲတပ်ဖွဲ့လုံခြုံရေးလုပ်ငန်းများ ကူညီပေးရန်အတွက် လူအုပ်စုတွေကို စောင့်ကြပ်ကြည့်ရှုနိုင်တဲ့ အဆင့်မြင့်နည်းပညာသုံး တရုတ်ပြည်ထုတ် စက်ရုပ်ခွေးများနေရာချထားပါတယ်။
#World_Technology
Published 01 July 2026
#မက္ကဆီကို #ကမ္ဘာ့ဖလားပြိုင်ပွဲ
#YMG #Yangon_Times #Yangon_Media_Group
အာဆီယံလွတ်လပ်စွာကုန်သွယ်ရေး သဘောတူညီချက် (AFTA) အရ တိရစ္ဆာန်အစာထုတ်လုပ်ရာတွင်အသုံးပြုမယ့် ပြောင်းဖူးကို ထိုင်းနိုင်ငံသိုါ တင်သွင်းခွင့် နှစ်လသက်တမ်းတိုးလိုက်ပြီလို့ ထိုင်းနိုင်ငံရှိ
စီးပွားရေးဝန်ကြီးဌာနမှ အခုရက်ပိုင်းအတွင်း တရားဝင်ထုတ်ပြန်လာပြီလို့သိရပါတယ်။
#Local_News
Published 01 July 2026
#ထိုင်းနိုင်ငံ #ပြောင်း
#YMG/NN #Yangon_Times
ရေနံနည်းစနစ်ကျတွင်း (Standard Well)များ တူးဖော်ထုတ်လုပ်နိုင်ဖို့အတွက်တင်ပြလာတဲ့ ကုမ္ပဏီများကို စနစ်တကျစိစစ်ကာ လုပ်ငန်းလုပ်ကိုင်ခွင့်များ ခွင့်ပြုပေးသွားမယ်လို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဦးကိုကိုလွင်ကပြောပါတယ်။
#Local_News
Published 01 July 2026
#ရေနံ
#YMG/SW #Yangon_Times
လာမယ့် ဇူလိုင်(၃)ရက်ကနေ(၁၀)ရက် ၊တစ်ပတ်တာအတွင်း ဒေသအချို့မှာမိုးကြီး၍ ရုတ်တရက် ရေကြီး၊မြေပြိုမှုများ ဖြစ်ပွားနိုင်တာကြောင့် သတိပြုနေထိုင်ကြဖို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားတဲ့ မိုးကြီးမယ့်သတိပေးချက် အမှတ်စဉ်(၁/၂၀၂၆) အရသိရပါတယ်။
#Local_News
Published 01 July 2026
#ရေကြီး
#YMG/NN #Yangon_Times
ဈေးကွက်အတွင်း မြန်မာဘာသာဖြင့် ပြည်စုံစွာဖော်ပြထားတဲ့ ကုန်စည်များကိုသာရောင်းချရမှာဖြစ်တယ်လို့ စားသုံးသူရေးရာဦးစီးဌာနမှသိရပါတယ်။
#Local_News
Published 01 July 2026
#ကုန်စည်
#YMG/SW #Yangon_Times
#Daily_News
Published 01 July 2026
၁။ ထိုင်းနိုင်ငံသို့ အခွန်လွတ်ပြောင်းတင်သွင်းခွင့် နှစ်လသက်တမ်းတိုး
၂။ ရေနံနည်းစနစ်ကျတွင်းများတူးဖော်ရန် ကုမ္ပဏီများကိုစိစစ်၍ လုပ်ငန်းလုပ်ကိုင်ခွင့်ပေးသွားမည်
၃။ တစ်ပတ်အတွင်းဒေသအချို့၌မိုးကြီး၍ ရုတ်တရက်ရေကြီး၊မြေပြိုမှုများဖြစ်ပွားနိုင်ဟု မိုးဇလသတိပေး
၄။ ဘောလုံးပွဲလုံခြုံရေးအတွက် တရုတ်ပြည်ထုတ်နောက်ဆုံးပေါ်စက်ရုပ်ခွေးများ မက္ကဆီကိုအသုံးပြု... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 1 July 2026
■ ထိုင်းနိုင်ငံ၊ သုဝဏ္ဏဘူမိလေဆိပ်တွင် လေယာဉ်လက်မှတ်အတုဖြင့် ပိတ်မိနေသည့် မြန်မာအမျိုးသမီးတစ်ဦးအား အလုပ်သမားသံအရာရှိရုံးမှ မိခင်နိုင်ငံသို့ ပြန်လည်ကူညီပို့ဆောင်ပေးခဲ့ကြောင်း ဗန်ကောက်မြို့ရှိ မြန်မာအလုပ်သမားသံအရာရှိရုံးမှထုတ်ပြန်ထားသည်။
■ အလုပ်သမားသံအရာရှိရုံးအနေဖြင့် အိုမန်နိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လာစဉ် ထိုင်းနိုင်ငံ၊ သုဝဏ္ဏဘူမိအပြည်ပြည်ဆိုင်ရာလေဆိပ်၌ လေယာဉ်အပြောင်းအလဲ (Transit) စောင့်ဆိုင်းနေခိုက် ရန်ကုန်မြို့သို့ ဆက်လက်ထွက်ခွာမည့် လေယာဉ်လက်မှတ်မှာ အတုဖြစ်နေသဖြင့် လေဆိပ်အတွင်း ပိတ်မိကာ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသူ ဒေါ်စောနန်းကြည်အား ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် မိခင်နိုင်ငံသို့ ပြန်လည်ရောက်ရှိနိုင်ရေး ကူညီဆောင်ရွက်ပေးခဲ့ေကြာင်း သိရသည်။
■ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ထိုင်းလေဆိပ်ရဲတပ်ဖွဲ့မှ ၂၉-၆-၂၀၂၆ ရက်နေ့တွင် ဆက်သွယ်အကြောင်းကြားလာခဲ့သဖြင့် ဗန်ကောက်မြို့ရှိ မြန်မာအလုပ်သမားသံအရာရှိရုံးအနေဖြင့် ဒေါ်စောနန်းကြည် မြန်မာနိုင်ငံသို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ထွက်ခွာနိုင်ရေးအတွက် Myanmar National Airline (MNA) လေကြောင်းလိုင်းနှင့် အမြန်ဆုံးညှိနှိုင်းကာ လေယာဉ်လက်မှတ်အား အဆင်ပြေအောင် ပံ့ပိုးစီစဉ်ပေးခြင်း အပါအဝင် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း၊လက်ရှိတွင်အဆိုပါ မြန်မာနိုင်ငံသူ ဒေါ်စောနန်းကြည်မှာ မိခင်နိုင်ငံသို့ အဆင်ပြေချောမွေ့စွာဖြင့် ပြန်လည်ထွက်ခွာသွားနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 01 July 2026
■ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးသည် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာရေးအဖွဲ့ (International Organization for Migration-IOM) ရုံးအကြီးအကဲဖြစ်သူ Mr.Daihei Mochizuki ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အား ယမာန်နေ့မွန်းလွဲပိုင်းတွင် အလုပ်သမားဝန်ကြီးဌာန ယာယီရုံးဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ရာ ရွှေ့ပြောင်းအလုပ်သမားရေးရာဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
■ ထိုသို့ တွေ့ဆုံစဉ် အလုပ်သမားဝန်ကြီးဌာနနှင့် International Organization for Migration (IOM) တို့အကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ရွှေ့ပြောင်းအလုပ်သမားရေးရာဆိုင်ရာကိစ္စရပ်များ၊ IOM ဝန်ထမ်းများအတွက် ပြည်ဝင်ဗီဇာရရှိရေးနှင့် ပြည်တွင်းခရီးသွားလာခွင့်အတွက် ဆောင်ရွက်ပေးမှုများ၊ ရွှေ့ပြောင်းလုပ်သားများထောက်ပံ့ကူညီရေးဗဟိုဌာန (Migrant Workers Resource Center-MRC) များ၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ ဝန်ကြီးဌာနမှ ဆောင်ရွက်စေလိုသည့် လုပ်ငန်းစဉ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
■ အဆိုပါ တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဘာသာရပ်ဆိုင်ရာအရာထမ်းများနှင့် IOM ရုံးမှ ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 01 July 2026
■ ယနေ့ ဇူလိုင်(၁)နေ့မှစတင်၍ မော်လမြိုင်-ရန်ကုန်လမ်းပိုင်း၌ DEMU ရထားတွဲဆိုင်းဖြင့် ရန်ကုန်-မော်လမြိုင်-ရန်ကုန် နေ့ချင်းပြန် ပြေးဆွဲပေးသွားနေပြီဖြစ်ကြောင်း မော်လမြိုင်ဘူတာကြီး မှသိရသည်။
■ အဆိုပါ DEMU ရထားတွဲဆိုင်းတွင် အထက်တန်း (၂)တွဲပထမတန်း (၄) တွဲ ဖြင့် ပြေးဆွဲပေးသွားမည်ဖြစ်ပြီး ပြေးဆွဲချိန်မှာ (၆) နာရီ ခန့်သာကြာမြင့်ဖြစ်ပြီး aircorn စနစ် ဖြင့်ပြေးဆွဲပေးသွာမည်ဖြစ်ပြီးရထားထွက်ခွာချိန်မှာ မော်လမြိုင်ဘူတာ မှ နေ့စဉ် (၁၂)နာရီအချိန် တွင်စတင်ထွက်ခွာမည်ဖြစ်ပြီး ရန်ကုန်ဘူတာကြီးသို့ (၆) နာရီတွင် ရောက်ရှိမည်ဖြစ်သည်။
■ ထို့အပြင် ရထားလက်မှတ်များအား online စနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ပြီး မော်လမြိုင်-ရန်ကုန် ရထားခရီးစဥ်အတွက် (၇)ရက်ကြိုတင်စနစ်ဖြင့်လည်းကောင်း၊ လမ်းခရီးများအတွက် (၅)ရက်ကြိုတင်စနစ်ဖြင့်လည်းကောင်း၊ ရောင်းချပေးသွားမည်ဖြစ်ပြီး (ortp.railways.gov.mm) ၌ ဝယ်ယူနိုင်ကြောင်းသိရသည်။
■ DEMU ရထားအား ရထားအမှတ် (၈၄) အစုန်ဖြင့်ပြေးဆွဲသွားမည်ဖြစ်ပြီး လက်မှတ်ခ နှုန်းထားမှာ မော်လမြိုင်-ရန်ကုန် အထက်တန်း တစ်ဦးလျှင် ၂၂၀၀၀ကျပ် ကျသင့်မည်ဖြစ်ပြီး ပထမတန်းမှာ တစ်ဦးလျှင် ၁၆၀၀၀ကျပ် ကျသင့်မည်ဖြစ် ကြောင်း DEMU ရထားရပ်တန်မည့်ဘူတာများမှာ (ပေါင်ဘူတာ၊ သထုံဘူတာ ၊ ကျိုက်ထိုဘူတာ၊ သိမ်ဇရပ်ဘူတာ၊ ပဲခူးဘူတာ၊ တိုးကြောင်ကလေး ဘူတာ)များတွင်ရပ်တန့်ပေးသွားမည်ဖြစ်ပြီး အသေးစိတ်သိရှိလိုပါက Hotline: 1188 သို့ဆက်သွယ်မေးမြန်းနိုင်ကြောင်းသိရသည်။
#YMG/NN #Yangon_Times
Page 11 of 2016