ဆန်များကိုသတ်မှတ်ထားသောအခြေခံရည်ညွှန်းဈေးဖြင့်ဆန်စပါးကုန်စည်ဒိုင်များ၊ဆန်လက်လီ၊လက်ကားဆိုင်များတွင် စားသုံးသူများအတွက်အဆင်ပြေလွယ်ကူစွာ နေ့စဉ်ရောင်းချနိုင်ရေးအတွက်ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြဖို့ မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းက မေတ္တာရပ်ခံချက်ထုတ်ပြန်ထားပါတယ်။
#Local_News
Published 05 September 2026
#ဆန်
#YMG/NN #Yangon_Times
ရန်ကုန်မြို့တွင်းရှိ ဈေးများအတွင်းနဲ့ ဈေးပြင်ပသန့်ရှင်းသာယာသပ်ရပ်ရေး၊ ရေစီးရေလာကောင်းမွန်ရေးနဲ့ ဈေးအတွင်းရောင်းချတဲ့ အစားအသောက်များ သန့်ရှင်းလတ်ဆတ်မှုရှိစေရေးတိံကို စဉ်ဆက်မပြတ်ဆောင်ရွက်သွားဖို့ ရန်ကုန်မြိုတော်ဝန် ဦးမျိုးမြင့်အောင်က မှာကြားခဲ့ပါတယ်။
#Local_News
Published 05 September 2026
#ဈေး
#YMG/SW #Yangon_Times
#Daily_News
Published 05 September 2026
၁။ ငလျင်ဘေးသင့်ပြည်သူများ၏ အသက်မွေးဝမ်းကြောင်းလုပ်ငန်းများ ပြန်လည်ထူထောင်နိုင်ရေး မွေးမြူရေးနည်းပညာသင်တန်းပြုလုပ်
၂။ သတ်မှတ်အခြေခံရည်ညွှန်းဈေးဖြင့် ဆန်ပုံမှန်ရောင်းချရန် ဆန်စပါးကုန်စည်ဒိုင်များနှင့်လက်လီ၊လက်ကားဆိုင်များကိုမေတ္တာရပ်ခံ
၃။ ဈေးတွင်း/ဈေးပြင် သန့်ရှင်းသာယာရေး စဉ်ဆက်မပြတ်ဆောင်ရွက်ရန် မြိုတော်ဝန်မှာကြား
၄။ တရုတ်သမ္မတရှီကျင့်ဖျင် အီဂျစ်နိုင်ငံသို့ခရီးစဉ်သွားရောက်ကာအီဂျစ်သမ္မတနှင့်တွေ့ဆုံဆွေးနွေး... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 05 September 2026
■ ဗီယက်နမ်နိုင်ငံသို့ တရားဝင်ခရီးစဉ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သည် ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ် မစ္စတာ လေမင်ဟုန် နှင့် စက်တင်ဘာ ၅ ရက်၊ မွန်းလွဲပိုင်းက ဟနွိုင်းမြို့ရှိ အစိုးရအဖွဲ့ရုံး၊ Grand Hall တွင် တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
■ အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ အဆင့်မြင့် မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး ဗီယက်နမ်နိုင်ငံဝန်ကြီးချုပ်နှင့်အတူ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
■ အဆိုပါ တွေ့ဆုံဆွေးနွေးပွဲမစတင်မီနိုင်ငံတော်သမ္မတနှင့် ဗီယက်နမ်ဝန်ကြီးချုပ်တို့သည် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်းသိရသည်။
#Local_News
Published 05 September 2026
■ မြန်မာနိုင်ငံလုပ်သားများကျွမ်းကျင်မှု စံသတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) က စုစုပေါင်း ၃၃၀၈၄ ဦးတို့ကို အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်များ ပေးအပ်နိုင်ခဲ့ကြောင်းသိရသည်။
■ မြန်မာနိုင်ငံလုပ်သားများကျွမ်းကျင်မှု စံသတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA)က ၂၀၁၄ ခုနှစ်မှ ၂၀၂၆ ခုနှစ် ဩဂုတ်လအထိ အလုပ်အကိုင် ၄၂ မျိုးတွင် ကျွမ်းကျင်မှုအဆင့် (၁) ၂၉၉၀၈ ဦး၊ အဆင့် (၂) ၃၁၅၁ ဦးနှင့် အဆင့် (၃) ၂၅ ဦး စုစုပေါင်း ၃၃၀၈၄ ဦးတို့ကို အမျိုးသားအဆင့်အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်များ ပေးအပ်နိုင်ခဲ့သည်။
■ လုပ်သားများကျွမ်းကျင်မှု စံသတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) ၏ အမျိုးသားအဆင့်ကျွမ်းကျင်မှု အသိအမှတ်ပြုလက်မှတ်ပေးအပ်ပွဲကို ယနေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ် မြို့တော်ခန်းမ၌ကျင်းပပြီး အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး၊ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်တို့က မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့အတွင်း အလုပ်အကိုင်လေးမျိုးအတွက် စစ်ဆေးအကဲဖြတ်ရာတွင် ဝင်ရောက်ဖြေဆိုအောင်မြင်ခဲ့သည့် အရည်အသွေးပြည့်မီသူ ၂၂၇ ဦး၊ စစ်ဆေးအကဲဖြတ်သူနှစ်ဦးနှင့် စစ်ဆေးအကဲဖြတ်ရေးဌာနနှစ်ခုတို့ကို အမျိုးသားအဆင့်အလုပ်အကိုင်ဆိုင်ရာကျွမ်းကျင်မှု အသိအမှတ်ပြုလက်မှတ်များ ပေးအပ်ကြသည်။
■ ထို့ပြင် အဆိုပါခန်းမ၌ကျင်းပသည့် လုပ်ငန်းခွင်အေးချမ်းသာယာရေးအတွက် အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ်နှင့်ပတ်သက်၍ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင်လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက်သည်။
■ ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက အလုပ်ရှင်၊ အလုပ်သမားများအနေဖြင့် အမှန်တကယ်ကြုံတွေ့နေရသည့် အခက်အခဲများကို ဆွေးနွေးပေးကြရန်၊ ဖြည့်ဆည်းပေးရန် လိုအပ်သည့်အချက်များကို ပွင့်ပွင့်လင်းလင်းအကောင်းဆုံးဆွေးနွေးအဖြေရှာပြီး သုံးပွင့်ဆိုင်ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် နိုင်ငံ၏ ကုန်ထုတ်စွမ်းအားမြင့်မားတိုးတက်စေရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားသည်။
■ အဆိုပါဆွေးနွေးပွဲတွင် တက်ရောက်လာကြသော အလုပ်ရှင်/ အလုပ်သမားကိုယ်စားလှယ်များ၏ ဆွေးနွေးတင်ပြချက်များကို အလုပ်သမားရေးရဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများကပြန်လည်ရှင်းလင်းဆွေးနွေးကြကြောင်းသိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 05 September 2026
■ ဗီယက်နမ်နိုင်ငံသို့ တရားဝင်ခရီးစဉ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်သည် ဗီယက်နမ်အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မစ္စတာ ချန်ထန်မန်းနှင့် စက်တင်ဘာ ၅ ရက်၊ နံနက်ပိုင်းက ဟနွိုင်းမြို့ရှိ ဗီယက်နမ်အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမတွင် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
■ နိုင်ငံတော်သမ္မတကြီး ဦးမင်းအောင်လှိုင်နှင့်အဖွဲ့ဝင်များကို ဗီယက်နမ်အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မစ္စတာချန်ထန်မန်းနှင့်တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြပြီးနောက် မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။
■ ယင်းနောက်တွေ့ဆုံဆွေးနွေးပွဲကို ဆက်လက်ပြုလုပ်ရာ နိုင်ငံတော်သမ္မတကြီးနှင့်အတူ မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့်အတူ လွှတ်တော်ရှိအဆင့်မြင့်အရာရှိကြီးများတက်ရောက်ခဲ့ကြသည်။
#Local_News
Published 05 September 2026
■ ဗီယက်နမ်နိုင်ငံကို တရားဝင်ခရီးစဉ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နဲ့ ဇနီး ဒေါ်ကြူကြူလှ တို့ကို ဗီယက်နမ်နိုင်ငံ သမ္မတ မစ္စတာ တိုလန်းနဲ့ဇနီးတို့က စက်တင်ဘာ ၅ ရက်၊ နံနက်ပိုင်းက ဟနွိုင်းမြို့ရှိ အမျိုးသားလွှတ်တော် ရှေ့ရင်ပြင်တွင် နိုင်ငံတော်အဆင့် ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနားနှင့် ကြိုဆိုခဲ့သည်။
■ နိုင်ငံတော်သမ္မတကြီး ဦးမင်းအောင်လှိုင်နဲ့ ဇနီး ဒေါ်ကြူကြူလှတို့ကို ဗီယက်နမ်နိုင်ငံသမ္မတ မစ္စတာ တိုလန်းနဲ့ဇနီး တို့ကနွေးထွေးစွာကြိုဆိုပြီးနောက် ဗီယက်နမ်ကျောင်းသား၊ ကျောင်းသူလေးများက ပန်းစည်းကမ်းကာ ကြိုဆိုကြပါတယ်။
■ ယင်းနောက် နိုင်ငံတော်သမ္မတနှစ်ဦးသည် အလေးပြုခံစင်မြင့်ထက်တွင် ဂုဏ်ပြုတပ်ဖွဲ့က နိုင်ငံတော်သီချင်းများနှင့် တီးမှုတ်ဂုဏ်ပြုအလေးပြုခြင်းကိုခံယူခဲ့ကြသည်။
■ ဆက်လက်ပြီးနောက် နိုင်ငံတော်သမ္မတနှစ်ဦးနဲ့ ဇနီးတို့သည် မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြပြီး နှစ်နိုင်ငံက တာဝန်ရှိသူများနှင့်အတူ အမျိုးသားလွှတ်တော် ဧည့်ခန်းမတွင် သီးသန့် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
#Local_News
Published 05 September 2026
■ အမျိုးသားလူသစ်သင်္ဘောသားများနှင့် အမျိုးသမီးသင်္ဘောသားများ ပြည်ပသို့ထွက်ခွာပါက PV အမျိုးအစားသို့ ပြောင်းလဲကိုင်ဆောင်၍ ထွက်ခွာရမည်ဖြစ်ကြောင်း ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ သင်္ဘောသားဌာနခွဲမှအသိပေးထားသည်။
■ သင်္ဘောသားမြန်မာနိုင်ငံကူးလက်မှတ် (PS) ဖြင့်အလည်အပတ်ထွက်စာရယူပြီး ပြည်ပနိုင်ငံများသို့အလည်အပတ်ထွက်ခွာခြင်းနှင့်စပ်လျဉ်း၍ ပြည်ပကုမ္ပဏီများနှင့် တိုက်ရိုက်စာချုပ်ချုပ်ဆိုထားခြင်းမရှိဘဲ ဌာနတွင် တရားဝင် SRPS လိုင်စင် မရှိသည့် ကုမ္ပဏီများ၊ ကြားခံပုဂ္ဂိုလ်များနှင့် ပွဲစားများက သင်္ဘောသားများကို တရားမဝင်စေလွှတ်မှုများ ရှိနေခြင်းကြောင့် သင်္ဘောသားအချို့မှာ သင်္ဘောပေါ်တွင် တာဝန်ထမ်းဆောင်ရခြင်းမရှိဘဲ ပင်လယ်ကွေ့နိုင်ငံအချို့ရှိ လုပ်ငန်းခွင်များသို့ရောက်ရှိသွားခြင်း၊ ဌာနကခွင့်ပြုထားခြင်းမရှိသည့် ငါးဖမ်းသင်္ဘောများပေါ်သို့ စုဆောင်းခေါ်ယူစေလွှတ်ခံရခြင်းများဖြစ်ပေါ်နေကြောင်း သိရသည်။
■ ထို့အပြင် ပြည်ပကုမ္ပဏီများနှင့် ခိုင်မာသည့် စာချုပ်စာတမ်းများ ချုပ်ဆိုထားခြင်းမရှိဘဲ ကြားခံကုမ္ပဏီများ၊ ပွဲစားများမှတစ်ဆင့် စေလွှတ်ခံရသည့်အတွက် သတ်မှတ်လစာနှုန်းထားများ မရရှိခြင်း၊ လစာဆုံးရှုံးခြင်းများအပြင် တရားမဝင်မှောင်ခိုပစ္စည်းများ တင်ဆောင်သည့် သင်္ဘောများပေါ်သို့ ရောက်ရှိတာဝန်ထမ်းဆောင်ရပြီး ပြည်ပနိုင်ငံများတွင် ဖမ်းဆီးထိန်းသိမ်းခံရသည့် ဖြစ်စဉ်များလည်း ရှိနေကြောင်း သိရသည်။
■ ၎င်းအပြင် အာမခံမရှိသည့် သင်္ဘောများပေါ်တွင် တာဝန်ထမ်းဆောင်ရခြင်းကြောင့် ထိခိုက်မှုနှင့် အသက်အာမခံလျော်ကြေးများ မရရှိခြင်း၊ Minimum Terms and Conditions ပါ သတ်မှတ်ချက်များနှင့် မကိုက်ညီခြင်းတို့အပြင် တရားဝင်စာချုပ်စာတမ်းများ ခိုင်မာမှုမရှိခြင်းကြောင့် သင်္ဘောသားများ၏ အကျိုးခံစားခွင့်များကို ထိရောက်စွာဆောင်ရွက်ပေးနိုင်ခြင်းမရှိသည့် ပြဿနာများလည်းဖြစ်ပေါ်နေပြီး ထွက်ခွာခဲ့သည့် သင်္ဘောနှင့်အမှန်တကယ်တာဝန်ထမ်းဆောင်ခဲ့သည့် သင်္ဘောမတူညီခြင်းများကြောင့် သင်္ဘောသားများ၏ ပင်လယ်ပြင်လုပ်သက် မရရှိခြင်းနှင့် သက်ဆိုင်ရာသင်တန်းများ တက်ရောက်ခွင့်မရရှိခြင်းများဖြစ်ပေါ်နေကြောင်း သိရသည်။
■ ဌာန၏ တရားဝင် SRPS လိုင်စင် လျှောက်ထားရယူထားခြင်းမရှိဘဲ ရုံးခန်းများ ဖွင့်လှစ်ကာ Social Media များမှတစ်ဆင့် လူသစ်သင်္ဘောသားများကို စုဆောင်းခေါ်ယူ၍ စေလွှတ်နေသူများအတွက် တရားမဝင်ထွက်ခွာခွင့်များ ရရှိနေခြင်း၊ SIRB (CDC) တွင် ရာထူးအဆင့်များ လိမ်လည်ဖြည့်စွက်ခြင်း၊ ပင်လယ်ပြင်လုပ်သက် လိမ်လည်ရယူခြင်းနှင့် သက်ဆိုင်ရာရာထူးအဆင့်အလိုက် သတ်မှတ်ထားသည့် သင်တန်းများပြီးစီးခြင်းမရှိဘဲ သင်္ဘောပေါ်သို့ စေလွှတ်ခြင်းများလည်း ဖြစ်ပေါ်နေကြောင်းသိရသည်။
■ ထို့ကြောင့် ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၅ ရက်မှစတင်၍ အမျိုးသားလူသစ်သင်္ဘောသားများနှင့် အမျိုးသမီးသင်္ဘောသားများအနေဖြင့် သင်္ဘောသားမြန်မာနိုင်ငံကူးလက်မှတ် (PS) ဖြင့် ပြည်ပနိုင်ငံများသို့ အလည်အပတ်ထွက်ခွာခွင့် မပြုတော့ဘဲ ပြည်ပသို့ ထွက်ခွာလိုပါက ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့တွင် PS အမျိုးအစားမှ PV အမျိုးအစားသို့ ပြောင်းလဲကိုင်ဆောင်ပြီး ထွက်ခွာနိုင်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
#YMG/NN #Yangon_Times
#Local_News
Published 05 September 2026
■ ဗီယက်နမ်နိုင်ငံကို တရားဝင်ခရီးစဉ်ရောက်ရှိနေသည့်နိုင်ငံတော်သမ္မတကြီး ဦးမင်းအောင်လှိုင်နဲ့ ဇနီး ဒေါ်ကြူကြူလှ တို့ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာလ ၅ ရက်၊ နံနက်ပိုင်းက ဟနွိုင်းမြို့ရှိ အမျိုးသားသူရဲကောင်းများနှင့်အာဇာနည်များဗိမာန်နှင့်ဟိုချီမင်း ဂူဗိမာန်များသို့ ရောက်ရှိကာလွမ်းသူ့ ပန်းခွေချခဲ့ကြောင်း သိရသည်။
#World_Health
Published 05 September 2026
■ ခန္ဓာကိုယ် အနားယူရမယ့်အချိန် ညဉ့်နက်မှ အစာစားခြင်းကြောင့် အစာအိမ် အလွန်အမင်း အလုပ်လုပ်ရသလိုဖြစ်ပြီး အိပ်ရေးဝဝ အနားယူမှုကို တိုက်ရိုက်အနှောင့်အယှက် ဖြစ်စေပါတယ်။
■ အစာခြေစနစ်ဟာ ခန္ဓာကိုယ်ရဲ့ နေ့ညလည်ပတ်စက်ဝန်းအတိုင်း ဆောင်ရွက်တာကြောင့် ညဘက်အိပ်စက်ဖို့ ပြင်ဆင်နေတဲ့အချိန်မှာ အစာခြေလုပ်ဆောင်ချက်များ သဘာဝအတိုင်း နှေးသွားစေပါတယ်။
■ အစားစားပြီးပြီးချင်း လဲလျောင်းလိုက်ပါက အစာအိမ်ထဲမှ အစာများ အစာပြွန်အတိုင်း အထက်သို့ ပြန်တက်ပြီး လေပွခြင်းနဲ့ ရင်ပူခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။
■ ညဘက်မှာဆိုရင် ခန္ဓာကိုယ်က သကြားဓာတ်နဲ့ အဆီဓာတ်များကို ထိရောက်စွာ မချေဖျက်နိုင်တော့ဘဲ ညဉ့်နက်မှစားတဲ့ ကယ်လိုရီများ လောင်ကျွမ်းရန် ပိုမိုခက်ခဲသွားစေပါတယ်။
■ ညဉ့်နက်မှ အစာစားလေ့ရှိသူတွေဟာ ကယ်လိုရီပမာဏ ပိုမိုစားမိလေ့ရှိပြီး အချို၊ အဆီဓာတ်တွေပါတဲ့ မုန့်တွေကို ပိုမိုရွေးချယ်စားသုံးမိတတ်ပါတယ်။
■ ညဉ့်နက်မှ အစာစားခြင်းအလေ့အထ ရေရှည်ပြုလုပ်နေပါက အဝလွန်ခြင်း၊ အင်ဆူလင်ယဉ်ပါးခြင်း၊ ဆီးချိုရောဂါနဲ့ နှလုံးရောဂါ အစရှိတဲ့ ရေရှည်ကျန်းမာရေးပြဿနာများ ဖြစ်ပေါ်စေနိုင်ပါတယ်။
■ ဆရာဝန်များက အိပ်ရာမဝင်မီ အနည်းဆုံး ၂ နာရီမှ ၃ နာရီအလိုမှာ ညစာအပြီးစားဖို့ အကြံပြုထားကြပါတယ်။
■ အဓိကရည်ရွယ်ချက်မှာ ည ၇ နာရီတိတိမှာ အစာဖြတ်ရမယ်လို့ တင်းကျပ်ထားတာ မဟုတ်ဘဲ ညမအိပ်မီ ခန္ဓာကိုယ်မှ အစာခြေဖျက်ရန် အချိန်လုံလောက်စွာ ပေးဖို့ပဲ ဖြစ်ပါတယ်။
Source: Times of India
#World_Health
Published 05 September 2026
■ နံနက်စာစားခြင်းရဲ့ သက်ရောက်မှုကို စမ်းသပ်ဖို့အတွက် နံနက်စာ မကြာခဏဆိုသလို မစားလေ့ရှိတဲ့ အသက် ၁၄ နှစ်မှ ၂၁ နှစ်ကြား လူငယ် ၁၂၈ ဦးကို လေ့လာဆန်းစစ်ခဲ့ပါတယ်။
■ ပါဝင်သူများကို နံနက်စာ မစားသူများ၊ ပုံမှန်ပရိုတိန်း စားသုံးသူများ၊ ပရိုတိန်းကြွယ်ဝစွာ စားသူများဆိုပြီး အုပ်စု ၃ ခု ခွဲခြားခဲ့ပါတယ်။
■ နံနက်စာစားပေးခြင်းက အမျှင်ဓာတ်၊ သံဓာတ်၊ ဇင့်၊ ကိုလင်းအပါအဝင် အဓိကလိုအပ်တဲ့ အာဟာရဓာတ်များ ရရှိစေပြီး နေ့စဉ်စားသုံးပေးပါက သိသိသာသာ တိုးတက်စေပါတယ်။
■ နံနက်စာ စားသုံးသူတွေဟာ မစားသူများနဲ့ နှိုင်းယှဉ်ပါက တစ်နေ့တာလုံးမှာလည်း ကျန်းမာရေးနဲ့ ပိုမိုညီညွတ်တဲ့ အစားအစာတွေ ရွေးချယ်စားသုံးကြပါတယ်။
■ နံနက်စာစားတဲ့ အုပ်စုနှစ်ခုစလုံးဟာ အချိုဓာတ်တွေကို လျှော့စားကြပြီး ပရိုတိန်းကြွယ်ဝစွာ စားသုံးတဲ့အဖွဲ့က သကြားပါဝင်မှု အနည်းဆုံး စားသုံးခဲ့ကြပါတယ်။
■ ပရိုတိန်းဓာတ် ပိုမိုစားသုံးခြင်းက အစာခြေစနစ်ကို နှေးစေပြီး ဆာလောင်မှုဟော်မုန်းများကို ထိန်းညှိပေးတာကြောင့် လူငယ်များ ဗိုက်ပြည့်စေကာ မလိုအပ်ဘဲ မုန့်စားချင်စိတ်ကို လျှော့ချပေးပါတယ်။
■ စုစုပေါင်းကယ်လိုရီ စားသုံးမှုမှာတော့ အုပ်စု ၃ ခုစလုံးဟာ အတူတူနီးပါး ရှိခဲ့ပါတယ်။
■ ပရိုတိန်းဓာတ်ကြွယ်ဝပြီး လွယ်ကူတဲ့ အစားအစာတွေထဲမှာ ကြက်ဥ၊ ဂရိဒိန်ချဉ်၊ အစေ့အဆံထောပတ်များ၊ နို့၊ အစေ့အဆံများ ပါဝင်တဲ့ အုတ်ဂျုံတို့ ပါဝင်ပါတယ်။
Source: Eating Well
#Local_News
ဟနွိုင်း၊ စက်တင်ဘာ ၄
■ ဗီယက်နမ်နိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေးခရီးစဉ် (Official Visit) အဖြစ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ စက်တင်ဘာ ၄ ရက် မွန်းလွဲပိုင်းတွင် ဟိုင်ဖုန်းမြို့ရှိ VinFast Hai Phong Manufacturing Complex သို သွားရောက်၍ လျှပ်စစ်မော်တော်ယာဉ်ထုတ်လုပ်ရေးလုပ်ငန်းများကို လေ့လာကြည့်ရှုခဲ့ပါသည်။
■ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲသည် VinFast Hai Phong Manufacturing Complex သို့ ရောက်ရှိရာ VinFast မှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြပါသည်။
■ ထို့နောက် VinFast မှ တာဝန်ရှိသူများက နိုင်ငံတော်သမ္မတနှင့် မြန်မာကိုယ်စားလှယ်အဖွဲ့အား ကုမ္ပဏီစတင်တည်ထောင်ခဲ့မှုနှင့် ဖွံဖြိုးတိုးတက်လာမှု၊ မော်တော်ယာဉ်ထုတ်လုပ်ရေးလုပ်ငန်းများ၊ လျှပ်စစ်မော်တော်ယာဉ်နှင့် လျှပ်စစ်ဆိုင်ကယ်များ ထုတ်လုပ်နေမှု၊ ခေတ်မီနည်းပညာနှင့် အလိုအလျောက်စနစ်များ အသုံးပြုဆောင်ရွက်နေမှု၊ သုတေသနနှင့် ဖွံဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုတိုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး ကုမ္ပဏီ၏ ဖွံဖြိုးတိုးတက်မှုဆိုင်ရာ Video မှတ်တမ်းကို ပြသခဲ့ပါသည်။
■ ရှင်းလင်းတင်ပြရာတွင် VinFast သည် ဗီယက်နမ်နိုင်ငံ၏ ပထမဆုံး ပြည်တွင်းမော်တော်ယာဉ်အမှတ်တံဆိပ် ထုတ်လုပ်သည့်လုပ်ငန်းဖြစ်ပြီး ဟိုင်ဖုန်းရှိ မော်တော်ယာဉ်ထုတ်လုပ်ရေးအခြေစိုက်စခန်းကို ၂၁ လအတွင်း အပြီးတည်ဆောက်နိုင်ခဲ့ကြောင်း၊
ထိုပြင် မော်တော်ယာဉ်ထုတ်လုပ်မှုနှင့် သုတေသနဖွံဖြိုးရေးလုပ်ငန်းများကို ကမ္ဘာ့ဈေးကွက်နှင့် ချိတ်ဆက်၍ တိုးချဲ့ဆောင်ရွက်နိုင်ရန် ကြိုးပမ်းလျက်ရှိပြီး ဗီယက်နမ်နိုင်ငံအပြင် အိန္ဒိယ၊ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်နိုင်ငံတိုတွင်လည်း လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းတင်ပြခဲ့ပါသည်။
■ ယင်းနောက် နိုင်ငံတော်သမ္မတက ပြောကြားရာတွင် VinFast မော်တော်ယာဉ်ကို လာအိုနိုင်ငံခရီးစဉ်အတွင်း ပထမဆုံး ထိတွေ့သိရှိခွင့်ရရှိခဲ့ပြီး ယင်းအချိန်မှစ၍ စိတ်ဝင်စားမှုရှိခဲ့ကြောင်း၊ ယခုကဲ့သို VinFast ၏ မော်တော်ယာဉ်ထုတ်လုပ်ရေးအခြေစိုက်စခန်းသို ကိုယ်တိုင်လာရောက်၍ လေ့လာခွင့်ရရှိသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူမိကြောင်း ပြောကြားခဲ့ပါသည်။
■ VinFast အနေဖြင့် ဗီယက်နမ်ပြည်တွင်းဈေးကွက်၌သာမက နိုင်ငံတကာဈေးကွက်များသိုပါ ထိုးဖောက်ဝင်ရောက်နိုင်ခဲ့သည့်အပေါ် ဂုဏ်ယူမိကြောင်း၊ မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် နည်းပညာကဏ္ဍများအပါအဝင် မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများကိုလည်း ဆက်လက်လေ့လာသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
■ မိမိအနေဖြင့် ဗီယက်နမ်နိုင်ငံသို ယခုအကြိမ်သည် စတုတ္ထအကြိမ်မြောက် လာရောက်ခြင်းဖြစ်ပြီး ယခုခရီးစဉ်တွင်လည်း နှစ်နိုင်ငံအကြား စီးပွားရေးနှင့် ကုန်သွယ်ရေးအပါအဝင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်နိုင်ရေးကို ရည်ရွယ်ထားကြောင်း၊ VinFast ကဲ့သို ဗီယက်နမ်နိုင်ငံ၏ အမျိုးသားအမှတ်တံဆိပ်တစ်ခုအဖြစ် ရပ်တည်နေသည့် ကုမ္ပဏီ၏ ဖွံဖြိုးတိုးတက်မှုများကို လာရောက်လေ့လာခွင့်ရသည့်အတွက် ဝမ်းမြောက်မိကြောင်းနှင့် ကုမ္ပဏီအနေဖြင့် ဆက်လက်အောင်မြင်တိုးတက်ပါစေကြောင်း ဆုမွန်ကောင်းတောင်းခဲ့ပါသည်။
■ ထိုနောက် VinFast မှ တာဝန်ရှိသူများက နိုင်ငံတော်သမ္မတအား အမှတ်တရလက်ဆောင် ပေးအပ်ခဲ့ပြီး နိုင်ငံတော်သမ္မတနှင့် VinFast မှ တာဝန်ရှိသူများသည် အမှတ်တရ မှတ်တမ်းဓာတ်ပုံ အတူတကွရိုက်ကူးခဲ့ကြပါသည်။
■ ယင်းနောက် နိုင်ငံတော်သမ္မတနှင့်အဖွဲသည် စက်ရုံအတွင်း မော်တော်ယာဉ်ကိုယ်ထည်များ ထုတ်လုပ်တပ်ဆင်နေမှု၊ ခေတ်မီစက်ကိရိယာများနှင့် အလိုအလျောက်စနစ်များ အသုံးပြု၍ ထုတ်လုပ်နေမှု၊ မော်တော်ယာဉ်အစိတ်အပိုင်းများကို အဆင့်ဆင့်တပ်ဆင်၍ အချောထည်မော်တော်ယာဉ်များ ထုတ်လုပ်နေသည့် လုပ်ငန်းစဉ်များနှင့် နည်းပညာအသုံးပြုဆောင်ရွက်နေမှုတိုကို လနည်းပည်ကြည့်ရှုလေ့လာခဲ့ပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ပါသည်။
■ ထိုနောက် နိုင်ငံတော်သမ္မတသည် VinFast မှ ထုတ်လုပ်ထားသည့် မော်တော်ယာဉ်များအား ပြသထားရှိမှုကို ကြည့်ရှုလေ့လာကာ မော်တော်ယာဉ်များ၏ နည်းပညာပိုင်းဆိုင်ရာ ဖွံဖြိုးတိုးတက်မှုနှင့် စွမ်းဆောင်နိုင်စွမ်းများကို စိတ်ဝင်စားစွာ လေ့လာခဲ့ပါသည်။
■ VinFast သည် ဗီယက်နမ်နိုင်ငံ၏ အကြီးဆုံးပုဂ္ဂလိကလုပ်ငန်းစုများအနက် တစ်ခုဖြစ်သော Vingroup မှ ၂၀၁၇ ခုနှစ်တွင် တည်ထောင်ခဲ့သည့် မော်တော်ယာဉ်ထုတ်လုပ်ရေးကုမ္ပဏီဖြစ်ပြီး လက်ရှိတွင် လျှပ်စစ်မော်တော်ယာဉ် (EV) များကို အဓိကထား ထုတ်လုပ်လျက်ရှိသည်။ ကုမ္ပဏီ၏ အဓိကထုတ်ကုန်များတွင် VF 3၊ VF 5၊ VF 6၊ VF 7၊ VF 8 နှင့် VF 9 စသည့် လျှပ်စစ်ကားများအပြင် လျှပ်စစ်မော်တော်ဆိုင်ကယ်၊ E-bike နှင့် လျှပ်စစ်ဘတ်စ်ကားများ ပါဝင်သည်။ VinFast ၏ အဓိကထုတ်လုပ်ရေးစက်ရုံမှာ ဗီယက်နမ်နိုင်ငံ Hai Phong တွင် တည်ရှိပြီး ကုမ္ပဏီကို အမေရိကန် NASDAQ စတော့ဈေးကွက်တွင် VFS အမည်ဖြင့် စာရင်းသွင်းထားသည်။
■ VinFast သည် ဗီယက်နမ်ပြည်တွင်းဈေးကွက်ကို အခြေခံ၍ အိန္ဒိယ၊ အင်ဒိုနီးရှားနှင့် အခြားနိုင်ငံတကာဈေးကွက်များသို့ လျင်မြန်စွာ တိုးချဲ့နေသည့် EV ကုမ္ပဏီတစ်ခုဖြစ်သည်။ ၂၀၂၅ ခုနှစ်တွင် ကမ္ဘာတစ်ဝန်း EV ၁၉၆,၉၁၉ စီး ပို့ဆောင်နိုင်ခဲ့ပြီး ဝင်ငွေ အမေရိကန်ဒေါ်လာ ၃.၅၉ ဘီလီယံခန့်ရရှိခဲ့သည်။ VinFast ၏ ရေရှည်မဟာဗျူဟာမှာ ဗီယက်နမ်အခြေစိုက် မော်တော်ယာဉ်ထုတ်လုပ်သူအဖြစ်မှ ကမ္ဘာလုံးဆိုင်ရာ လျှပ်စစ်မော်တော်ယာဉ်အမှတ်တံဆိပ်တစ်ခုအဖြစ် ရပ်တည်နိုင်ရေးဖြစ်သည်။
Page 13 of 2074