#Local_News
Published 08 October 2026
■ အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့၌ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၅ ရက်ကကျင်းပသည့် ဆဋ္ဌမအကြိမ် ရုရှား-မြန်မာ အစိုးရအချင်းချင်း ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးကော်မရှင် အစည်းအဝေးနှင့် စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲများသို့ တက်ရောက်ခဲ့ကြောင်းသိရသည်။
■ ရုရှား-မြန်မာ အစိုးရအချင်းချင်း ကုန်သွယ်ရေးနှင့်စီးပွားရေး ပူးပေါင်းဆောင်ရွက် ရေးကော်မရှင်၏ပူးတွဲဥက္ကဋ္ဌများဖြစ်သည့် ပြည်ထောင်စုဝန်ကြီးနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနဝန်ကြီး မစ္စတာ မက်ခ်ဆင်း ရယ်ရှဲ သငြိကော့ဗ်တို့သည် သီးသန့်တွေ့ဆုံဆွေးနွေးကြသည်။
■ ထို့နောက် ကော်မရှင်အစည်းအဝေး၏ မျက်နှာစုံညီအစည်းအဝေးကိုကျင်းပရာ ကော်မရှင်ပူးတွဲဥက္ကဋ္ဌများက နှစ်နိုင်ငံအကြား စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ၊ စွမ်းအင်ကဏ္ဍ၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာကဏ္ဍ၊ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍတို့တွင်ဖြစ်ပေါ်တိုးတက်မှု အခြေအနေများနှင့် ရှေ့ဆက်လက် ဆောင်ရွက်သွားမည့် အစီအစဉ်များ၊ နှစ်ဖက်အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့် အလားအလာများကို ဆွေးနွေးခဲ့ကြသည်။
■ ယင်းနောက် ဆဋ္ဌမအကြိမ် ရုရှား-မြန်မာ အစိုးရအချင်းချင်း ကုန်သွယ်ရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးကော်မရှင်အစည်းအဝေး၏ ဆွေးနွေးမှုမှတ်တမ်းကို အတည်ပြုပြီး ကျန်းမာရေး၊ ပညာရေး၊ စွမ်းအင်၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့နိုင်စေရန်ရည်ရွယ်၍ နှစ်နိုင်ငံအကြား စာချုပ်စာတမ်းများကို လက်မှတ်ရေးထိုး လဲလှယ်ခဲ့ကြသည်။
■ ထို့ပြင် နှစ်နိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များအချင်းချင်း စီးပွားရေးဆိုင်ရာ အခွင့်အလမ်းများကို ဆွေးနွေးခြင်းနှင့် စီးပွားရေးဆိုင်ရာ အဆက်အသွယ်များ ထူထောင်ခြင်းတို့ကို ပြုလုပ်နိုင်စေရန် စီးပွားရေးဆိုင်ရာဆွေးနွေးပွဲ (Business-to-Business -B2B Session) ကိုလည်း ကျင်းပပြုလုပ် ခဲ့သည်။
■ အောက်တိုဘာ ၄ ရက်က မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၆ ခုနှစ် ရော့စ်ကွန်ဂရက် ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့မှ ကိုယ်စားလှယ်များနှင့်လည်းကောင်း၊ JSC 'CenterInform' မှ ကိုယ်စားလှယ်များနှင့်လည်းကောင်း သီးခြားစီတွေ့ဆုံ၍ ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများကို ဆွေးနွေးခဲ့ကြသည်။
■ ခရီးစဉ်အတွင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်နှင့် စီးပွားရေးအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များသည် စီးပွားရေးဆိုင်ရာဆွေးနွေးပွဲ (Business-to-Business -B2B Session) ကို တက်ရောက်ခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 08 October 2026
■ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် မလေးရှားဝန်ကြီးချုပ် ဒါတိုဆရီ အန်နဝါဘင် အီဘရာဟင်တို့သည် ယနေ့ အောက်တိုဘာ ၈ ရက် နံနက်ပိုင်းတွင် ကွာလာလမ်ပူမြို့၌ တွေ့ဆုံပြီး မြန်မာ–မလေးရှား နှစ်နိုင်ငံဆက်ဆံရေး ပိုမိုခိုင်မာရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေး၊ စိုက်ပျိုးရေး၊ စွမ်းအင်၊ ပညာရေး၊ ကျန်းမာရေး၊ အလုပ်သမား၊ ခရီးသွားနှင့် လုံခြုံရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။
■ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးကို ၁၉၅၈ ခုနှစ်တွင် စတင်ထူထောင်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၈ ခုနှစ်တွင် နှစ် ၇၀ ပြည့်မည့် အထိမ်းအမှတ်အစီအစဉ်များ ဆောင်ရွက်ရေး၊ သံအမတ်ကြီးအဆင့် သံတမန်ခန့်အပ်မှုများ ပြန်လည်ဆောင်ရွက်ရေးနှင့် အစိုးရအချင်းချင်း (G to G)၊ စီးပွားရေးလုပ်ငန်းအချင်းချင်း (B to B) ဆက်ဆံရေးများတိုးမြှင့်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။
■ နှစ်နိုင်ငံကုန်သွယ်မှုပမာဏမှာ ပြီးခဲ့သည့်နှစ်က အမေရိကန်ဒေါ်လာ သန်း ၁,၆၀၀ ကျော်ရှိခဲ့ပြီး မြန်မာနိုင်ငံ၌ မလေးရှားနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုမှာ လုပ်ငန်း ၃၂ ခု၊ အမေရိကန်ဒေါ်လာ သန်း ၁,၀၀၀ ခန့်ရှိကြောင်း သိရသည်။ ယင်းကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ ထပ်မံတိုးမြှင့်နိုင်ရေး Business Forum၊ B2B၊ MSME နှင့် Digital Trade ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြသည်။
■ ထို့အပြင် ဆီအုန်း၊ ရာဘာ၊ မွေးမြူရေးနှင့် ရေထွက်ပစ္စည်းကဏ္ဍများတွင် မလေးရှားနိုင်ငံ၏ နည်းပညာနှင့် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုရရှိရေး၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေထုတ်လုပ်ရေး၊ ရေနံဓာတုဗေဒနှင့် စွမ်းအင်ကဏ္ဍများတွင် မလေးရှားကုမ္ပဏီများ ထပ်မံရင်းနှီးမြှုပ်နှံနိုင်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။
■ ပညာရေးကဏ္ဍတွင် မလေးရှားနိုင်ငံ၌ မြန်မာကျောင်းသား ၃,၀၀၀ ကျော် ပညာသင်ကြားနေမှုအပေါ် အခြေခံ၍ ပညာသင်ဆု၊ ကျောင်းသားနှင့် ဆရာအပြန်အလှန်ဖလှယ်ရေး၊ သုတေသနနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးတို့တွင် ပူးပေါင်းဆောင်ရွက်ရေး၊ ကျန်းမာရေးကဏ္ဍတွင် ဆေးဝါး၊ ဆေးဘက်ဆိုင်ရာနည်းပညာ၊ Medical Tourism နှင့် Telemedicine ကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။
■ မလေးရှားရောက် မြန်မာအလုပ်သမားများ၏ လုပ်ငန်းခွင်လုံခြုံရေး၊ အခွင့်အရေးနှင့် လူမှုဖူလုံရေး မြှင့်တင်ရေး၊ တရားဝင်လမ်းကြောင်းမှ သွားရောက်လုပ်ကိုင်နိုင်ရေးနှင့် ဗီဇာ၊ အလုပ်လုပ်ခွင့်ပါမစ်ကိစ္စများ ချောမွေ့စေရေးတို့အပြင် နေရပ်ပြန်လည်ခေါ်ဆောင်ရန် ကျန်ရှိနေသည့် မြန်မာနိုင်ငံသားများအား နိုင်ငံသားဖြစ်မှု စိစစ်အတည်ပြုပြီး သင့်လျော်သည့်နည်းလမ်းများဖြင့် ဆက်လက်ခေါ်ဆောင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။
■ အွန်လိုင်းလိမ်လည်မှု၊ လူကုန်ကူးမှု၊ မူးယစ်ဆေးဝါးမှုခင်းများနှင့် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများကို တိုက်ဖျက်နိုင်ရေးအတွက် သတင်းအချက်အလက်မျှဝေမှုနှင့် တရားဥပဒေစိုးမိုးရေးအဖွဲ့များအကြား ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။
■ ထို့ပြင် အာဆီယံပဋိညာဉ်နှင့် အာဆီယံ၏ ဘုံသဘောတူညီချက်ငါးရပ် (Five-Point Consensus) ဆိုင်ရာကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်စဉ်နှင့် ရွေးကောက်ပွဲဆိုင်ရာကိစ္စများ၊ ရခိုင်ပြည်နယ်ဆိုင်ရာ အခြေအနေများနှင့် နေရပ်စွန့်ခွာသူများ၊ နိုင်ငံသားဖြစ်မှု စိစစ်ရေးဆိုင်ရာကိစ္စများကိုလည်း အမြင်ချင်းဖလှယ်ခဲ့ကြသည်။
■ ၂၀၂၅ ခုနှစ် မန္တလေးငလျင်အတွင်း မလေးရှားနိုင်ငံက ရှာဖွေကယ်ဆယ်ရေးနှင့် ဆေးဘက်ဆိုင်ရာအဖွဲ့များ စေလွှတ်ကူညီခဲ့မှုအတွက် နိုင်ငံတော်သမ္မတက ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပြီး အနာဂတ်တွင် သဘာဝဘေးရှာဖွေကယ်ဆယ်ရေး၊ အရေးပေါ်ဆေးကုသရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများတွင် နည်းပညာနှင့် အတွေ့အကြုံများ ဖလှယ်ပူးပေါင်းဆောင်ရွက်ရေးကိုလည်း ဆွေးနွေးခဲ့ကြသည်။
■ တွေ့ဆုံမှုအတွင်း နှစ်နိုင်ငံဝန်ကြီးဌာနများနှင့် တာဝန်ရှိသူများအကြား ဆက်လက်ထိတွေ့ဆောင်ရွက်ပြီး ဆွေးနွေးခဲ့သည့် ကဏ္ဍများကို လက်တွေ့အကောင်အထည်ဖော်ရေးနှင့် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုခိုင်မာရေးတို့ကို ဆက်လက်ဆောင်ရွက်ရန် သဘောထားချင်းဖလှယ်ခဲ့ကြကြောင်း သိရသည်။
■ နိုင်ငံတော်သမ္မတက မလေးရှားဝန်ကြီးချုပ်နှင့် မလေးရှားဘုရင်မင်းမြတ်တို့အား မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ရန် ဖိတ်ကြားခဲ့ကြောင်းလည်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
ရန်ကုန်၊ အောက်တိုဘာ ၈
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် မလေးရှားနိုင်ငံ ဝန်ကြီးချုပ် ဒါတိုဆရီ အန်နဝါဘင် အီဘရာဟင် တို့သည် အောက်တိုဘာ ၈ ရက် ပြုလုပ်သည့် မြန်မာ-မလေးရှား ပူးပေါင်းဆောင်ရွက်ရေးဆွေးနွေးပွဲ (Malaysia-Myanmar Cooperation Dialogue) သို့ တက်ရောက်ကာ အမှာစကားပြောကြားခဲ့ကြသည်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် မလေးရှားနိုင်ငံ ဝန်ကြီးချုပ်၏ ဖိတ်ကြားချက်အရ မလေးရှား နိုင်ငံသို တရားဝင်ခရီးစဉ် (Official Visit) အဖြစ် အောက်တိုဘာ ၇ ရက် ရောက်ရှိခဲ့ခြင်းဖြစ်ပြီး နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီးများ၊ အဆင့်မြင့်အစိုးရတာဝန်ရှိသူများနှင့် သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ လိုက်ပါသွားခဲ့ကြသည်။
#YMG/SW #Yangon_Times
Photos - PPIB
#Local_News
ရန်ကုန်၊ အောက်တိုဘာ ၈
■ မလေးရှားနိုင်ငံ ဝန်ကြီးချုပ် ဒါတိုဆရီ အန်နဝါဘင် အီဘရာဟင် ၏ ဖိတ်ကြားချက်အရ မလေးရှားနိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား မလေးရှားနိုင်ငံဝန်ကြီးချုပ်မှ ဂုဏ်ပြုနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်းသိရသည်။
■ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ဦးဆောင်သော မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် မလေးရှားနိုင်ငံသို အောက်တိုဘာ ၇ ရက် ရောက်ရှိခဲ့ခြင်းဖြစ်ပြီး နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီးများ၊ အဆင့်မြင့်အစိုးရတာဝန်ရှိသူများနှင့် သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ လိုက်ပါသွားခဲ့ကြသည်။
#YMG/SW #Yangon_Times
Photos - PPIB
#Local_News
ရန်ကုန်၊ အောက်တိုဘာ ၈
မလေးရှားနိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit) ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် မလေးရှားနိုင်ငံဝန်ကြီးချုပ် ဒါတိုဆရီ အန်နဝါဘင် အီဘရာဟင် တို့သည် အောက်တိုဘာ ၈ ရက် နံနက်ပိုင်းတွင် ကွာလာလမ်ပူမြို့ရှိ မလေးရှားဝန်ကြီးချုပ်ရုံး၌ ပြုလုပ်သည့် နှစ်နိုင်ငံပူးတွဲသတင်းစာရှင်းလင်းပွဲသို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် မလေးရှားနိုင်ငံ ဝန်ကြီးချုပ်၏ ဖိတ်ကြားချက်အရ မလေးရှား နိုင်ငံသို့တရားဝင်ခရီးစဉ် (Official Visit) အဖြစ် အောက်တိုဘာ ၇ ရက် ရောက်ရှိခဲ့ခြင်းဖြစ်ပြီး နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီးများ၊ အဆင့်မြင့်အစိုးရတာဝန်ရှိသူများနှင့် သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ လိုက်ပါသွားခဲ့ကြသည်။
#YMG/SW #Yangon_Times
#World_Health
Published 08 October 2026
■ ဦးနှောက်ခွဲစိတ်ကုသမှု လုပ်နေရင်းနဲ့ လူနာတွေကို သီချင်းဆိုခိုင်းတာ ကြားဖူးကြမှာပါ။ ရုပ်ရှင်တွေထဲမှာပဲ တွေ့ဖူးကြမယ့်ဖြစ်ရပ်လို့ ထင်စရာရှိပေမဲ့ တကယ့်ဆေးပညာလောကမှာတော့ ဒါဟာ ဦးနှောက်ကို အန္တရာယ်မရှိဘဲ လုံခြုံစွာ ခွဲစိတ်နိုင်ဖို့သုံးနေတဲ့ တကယ့်နည်းလမ်းတစ်ခုဖြစ်ပါတယ်။
■ အကျိတ် ဒါမှမဟုတ် ပုံမှန်မဟုတ်တဲ့ ဦးနှောက်တစ်ရှူးတွေကို ခွဲထုတ်တဲ့အခါ စကားပြောတာ၊ လှုပ်ရှားတာနဲ့ သီချင်းဆိုတာမျိုးကို ထိန်းချုပ်တဲ့ ဦးနှောက်ရဲ့အရေးပါတဲ့ အစိတ်အပိုင်းတွေကို မထိခိုက်စေဖို့အတွက် ဒီလိုလုပ်ဆောင်ရတာပါ။
■ ■ ဦးနှောက်ခွဲစိတ်စဉ် နိုးနေအောင် လုပ်တာ ဘာကြောင့်လဲ
■ ဒါကို Awake Craniotomy (နိုးနေစဉ် ဦးနှောက်ခွဲစိတ်ခြင်း) လို့ ခေါ်ပါတယ်။ ဦးနှောက်ကိုယ်တိုင်မှာ နာကျင်မှုကိုသိတဲ့ အာရုံကြောတွေ မရှိပါဘူး။ ဦးရေပြားနဲ့ ဘေးပတ်ဝန်းကျင် အမျှင်ဓာတ်တွေကိုပဲ ထုံဆေး၊ မေ့ဆေး သေချာပေးထားရင် ခွဲစိတ်နေတုန်းမှာ လူနာဟာ နာကျင်မှု မရှိဘဲ နိုးနိုးကြားကြား ရှိနေနိုင်ပါတယ်။
■ ခွဲစိတ်စဉ်မှာ ဆရာဝန်တွေက ဦးနှောက်ရဲ့ သီးခြားနေရာလေးတွေကို လျှပ်စစ်စီးကြောင်း သော့အနည်းငယ်ပေးပြီး စမ်းသပ်စဉ်မှာ လူနာကို ပစ္စည်းအမည် ခေါ်ခိုင်းတာ၊ ရေတွက်ခိုင်းတာ၊ စကားပြောခိုင်းတာ ဒါမှမဟုတ် လက်လှုပ်ရှားခိုင်းတာတွေ ပြုလုပ်ပါတယ်။
■ ဒီလိုလုပ်နေတုန်း စကားပြောရခက်သွားတာမျိုး ဒါမှမဟုတ် လှုပ်ရှားလို့မရတော့တာမျိုး ဖြစ်သွားရင် အဲဒီနေရာဟာအရေးပါတဲ့ အာရုံကြောကွန်ရက် ဖြစ်နေပြီဆိုတာ ဆရာဝန်တွေ ချက်ချင်းသိလိုက်ရပါတယ်။
■ ■ ဘာကြောင့် သီချင်းဆိုခိုင်းရတာလဲ
■ စကားပြောတာနဲ့ သီချင်းဆိုတာဟာ ဆင်တူတယ်လို့ ထင်ရပေမဲ့ ဦးနှောက်ထဲမှာ အသုံးပြုတဲ့ အာရုံကြောလမ်းကြောင်းတွေ လုံးဝမတူကြပါဘူး။
■ Journal of Neurosurgery မှာ ဖော်ပြထားတဲ့ လေ့လာမှုအရ သီချင်းဆိုတာကို ထိန်းချုပ်တဲ့ ဦးနှောက်နေရာတွေဟာ ရိုးရိုးစကားပြောတာကို ထိန်းချုပ်တဲ့နေရာတွေနဲ့ မတူဘဲ ကွဲပြားနေတာကို တွေ့ရပါတယ်။
■ European Journal of Neuroscience ရဲ့ လေ့လာမှုမှာလည်း သီချင်းဆိုခြင်းမှတစ်ဆင့် ဦးနှောက်ရဲ့ ဘယ်ဘက်ရော ညာဘက်ခြမ်းမှာပါရှိတဲ့ ဂီတဆိုင်ရာ အာရုံကြောကွန်ရက်တွေကို ရှာဖွေဖော်ထုတ်နိုင်ခဲ့ကြောင်းတွေ့ရှိရပါတယ်။
■ သီချင်းဆိုနေစဉ်မှာ ဆရာဝန်က ဦးနှောက်ရဲ့ အစိတ်အပိုင်းတစ်ခုခုကို စမ်းသပ်လိုက်လို့ သီချင်းသံ ရုတ်တရက် ရပ်သွားတာ၊ သံစဉ် ပျက်သွားတာမျိုး ဖြစ်ရင် အဲဒီနေရာဟာ ဂီတနဲ့ ဘာသာစကားဆိုင်ရာ ထိန်းချုပ်ရေးစင်တာ ဖြစ်မှန်းချက်ချင်းသိရှိနိုင်ပြီး အဲဒီနေရာကို ရှောင်ကွင်းခွဲစိတ်နိုင်သွားပါတယ်။
■ ခွဲစိတ်ကုသမှုတိုင်းမှာ လူနာတိုင်းကို သီချင်းဆိုခိုင်းတာတော့ မဟုတ်ပါဘူး။ ရောဂါဖြစ်ပွားတဲ့ ဦးနှောက်နေရာနဲ့ လူနာရဲ့ လိုအပ်ချက်ပေါ် မူတည်ပြီးစကားပြောခိုင်းတာ ဒါမဟုတ် သီချင်းဆိုခိုင်းတာတွေကို ရွေးချယ်တာဖြစ်ပါတယ်။
■ ဒါကြောင့် နောက်တစ်ကြိမ် ဦးနှောက်ခွဲစိတ်ရင်း သီချင်းဆိုနေတဲ့ လူနာတွေရဲ့ ဗီဒီယိုကို တွေ့ခဲ့ရင် ဒါဟာ ထူးဆန်းတဲ့ စမ်းသပ်မှုတစ်ခု မဟုတ်ဘဲ လူနာရဲ့ အရေးကြီးတဲ့ အာရုံကြောတွေကို မထိခိုက်အောင် ကာကွယ်ရင်း ခွဲစိတ်နေတဲ့ ဆေးပညာဆိုင်ရာ အရေးပါတဲ့နည်းလမ်းတစ်ခုပဲ ဖြစ်ပါတယ်။
Source - India Daily
#World_Health
Published 08 October 2026
■ ဦးနှောက်ရဲ့ အမှိုက်စွန့်ထုတ်မှုစနစ် (Glymphatic System) အကြောင်းကို သိပ္ပံပညာရှင်တွေ သေချာသိရှိထားပေမဲ့ ဦးနှောက်အတွင်း အရည်စီးဆင်းမှု နှုန်းဟာ အလွန်နှေးကွေးလွန်းတာကြောင့် ပုံမှန် MRI နဲ့ တိုက်ရိုက်တိုင်းတာဖို့ ခက်ခဲခဲ့ပါတယ်။
■ Rochester တက္ကသိုလ်၊ Brown တက္ကသိုလ်နဲ့ Copenhagen တက္ကသိုလ်တို့က သုတေသနပညာရှင်တွေဟာ AI နည်းပညာကို အသုံးပြုပြီး အိပ်ပျော်နေချိန် ဦးနှောက်အတွင်း အရည်စီးဆင်းမှုနှုန်းနဲ့ အမှိုက်စွန့်ထုတ်မှု ဖြစ်စဉ်ကို တိုင်းတာနိုင်ခဲ့ကြပါတယ်။
■ ဦးနှောက်ရဲ့ သန့်ရှင်းရေးစနစ် (Glymphatic system) မှာ စီးဆင်းမှု အမြန်နှုန်း နှိုင်းယှဉ်ချက် နှစ်မျိုး ရှိနေတာကို တွေ့ရှိခဲ့ရပါတယ်။ ဒီလို အရည်စီးဆင်း သန့်စင်ပေးတာဟာ အယ်လ်ဇိုင်းမား (Alzheimer's) ရောဂါကိုဖြစ်စေနိုင်တဲ့ အဆိပ်အတောက် ပရိုတင်း (Amyloid beta) တွေကို ဖယ်ရှားပေးဖို့အတွက် အလွန်အရေးပါပါတယ်။
■ လက်ရှိမှာတော့ ဒီနည်းပညာကို ကြွက်တွေမှာ စမ်းသပ်ထားတာဖြစ်ပြီး အနာဂတ်မှာ လူသားတွေရဲ့ ဦးနှောက်အတွင်း အရည်စီးဆင်းမှုကို MRI ဖြင့် စစ်ဆေးနိုင်ဖို့ ရည်ရွယ်ထားပါတယ်။
■ နည်းပညာအောင်မြင်ပါက အယ်လ်ဇိုင်းမားရောဂါ ဖြစ်နိုင်ခြေ ရှိမရှိ၊ အသက်အရွယ်ရလာမှုကြောင့် ဦးနှောက်သန့်စင်စနစ် ယိုယွင်းမှု ရှိမရှိနဲ့ ဦးနှောက်ထိခိုက်ဒဏ်ရာရရှိသူတွေရဲ့ စီးဆင်းမှု အခြေအနေကို စောစီးစွာစစ်ဆေးကုသနိုင်တော့မှာဖြစ်ပါတယ်။
■ နှစ်ခြိုက်စွာ အိပ်ပျော်ခြင်း ဟာ ဦးနှောက်ရဲ့ ကျန်းမာရေးအတွက် ရေချိုးသန့်စင်ပေးသလို အရေးပါတဲ့ လုပ်ငန်းစဉ်ကို ဆောင်ရွက်ပေးတာကြောင့် အယ်လ်ဇိုင်းမားရောဂါ (Alzheimer's Disease) မဖြစ်အောင် တိုက်ရိုက်ကူညီပေးပါတယ်။
Source- SciTechDaily
#Local_News
Published 07 October 2026
■ မလေးရှားနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ခရီးစဉ် (Official Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် ယနေ့ အောက်တိုဘာ ၇ ရက် ညနေပိုင်းတွင် ကွာလာလမ်ပူမြို့ရှိ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးနှင့် စစ်သံရုံးတို့မှ တာဝန်ရှိသူများ၊ ဝန်ထမ်းများနှင့် မိသားစုဝင်များအား တွေ့ဆုံ၍ ဩဝါဒစကား ပြောကြားခဲ့ကြောင်းသိရသည်။
■ တွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ခရီးစဉ်တွင် လိုက်ပါလာသည့် ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးနှင့် စစ်သံရုံးတို့မှ တာဝန်ရှိသူများ၊ ဝန်ထမ်းများနှင့် မိသားစုဝင်များ တက်ရောက်ခဲ့ကြကြောင်းသိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 07 October 2026
■ မလေးရှားနိုင်ငံ ဝန်ကြီးချုပ် ဒါတို ဆရီ အန်နဝါ ဘင် အီဘရာဟင်၏ ဖိတ်ကြားချက်အရ မလေးရှား နိုင်ငံသို တရားဝင်ခရီးစဉ် (Official Visit) အဖြစ်ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သည် အောက်တိုဘာ ၇ ရက် နေ့လည်ပိုင်းက ကွာလာလမ်ပူမြို့ရှိ InterContenental Kuala Lumpur Hotel ၌ ကျင်းပသော မြန်မာ-မလေးရှား နှစ်နိုင်ငံ စီးပွားရေးဆိုင်ရာအဆင့်မြင့်ဆွေးနွေးပွဲသို့ တက်ရောက်ကာ မိန့်ခွန်းပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
■ အဆိုပါအဆင့်မြင့်ဆွေးနွေးပွဲကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)နှင့် မလေးရှားနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များအသင်း(NCCIM)တို့က ဦးစီးကျင်းပခြင်းဖြစ်ပြီး နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီးများ၊ အဆင့်မြင့်အစိုးရတာဝန်ရှိသူများနှင့် သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြသည်။
■ ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတသည် မလေးရှားနိုင်ငံဝန်ကြီးချုပ်နှင့် တွေ့ဆုံ၍ နှစ်နိုင်ငံအဆင့်မြင့် ဆွေးနွေးပွဲများပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 07 October 2026
■ ရောဝတီတိုင်းဒေသကြီး အနောက်ဘက်ကမ်းခြေဒေသများဖြစ်သည့် ရွှေသောင်ယံ၊ ချောင်းသာ၊ ငွေဆောင်၊ ဂေါ်ရင်ဂျီ၊ ဟိုင်းကြီး အပါအဝင် ရောဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးတွင် တည်ရှိသည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကိုဥပဒေနှင့်အညီ လျှောက်ထားရယူခြင်းမရှိဘဲ မိမိတို့၏သဘောဖြင့် နယ်နိမိတ်သတ်မှတ်၍ ခြံခတ်ခြင်း၊ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခြင်း၊ တစ်ဆင့်ပြန်လည်ရောင်းချခြင်းတို့ကို ဆောင်ရွက်ပါကဥပဒေအရ အရေးယူခြင်းခံရမည်
ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ၊ပုသိမ်မြို့ ၊ မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီ၏ ထုတ်ပြန်ချက်အရသိရသည်။
■ ထိုသို့ဆောင်ရွက်ပါက မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေး ဥပဒေအရကျူးလွန်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ၊ယင်းသို့ကျူးလွန်ဆောင်ရွက်သူများအား မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေးဥပဒေပုဒ်မ ၂၂၊ ပုဒ်မခွဲ(ခ)၊ ပုဒ်မခွဲငယ်(၃)ပါ သတ်မှတ်ကာလအတွင်းလျှောက်ထားခြင်းမရှိဘဲ မြေလွတ်၊ မြေလပ်နှင့်ဖြေရိုင်းများအပေါ်တွင် ရယူလုပ်ကိုင်အသုံးပြုလျှင်သော်လည်းကောင်း၊ ယင်းသို့ လျှောက်ထားသည့်အခါ ဗတိုတော်မတီ သို့မဟုတ် သက်ဆိုင်ရာစီမံခန့်ခွဲရေးကော်မတီက ခွင့်ပြုရန်မသင့်သည့်အတွက် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းပေါ်မှ ထွက်ခွာဖယ်ရှားစေရန် ညွှန်ကြားသည့်အမိန့်ကို မလိုက်နာဘဲ ဆက်လက်ရယူအသုံးပြုလျှင်သော်လည်းကောင်း ဥပဒေအရ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း သိရသည်။
■ ထို့အပြင် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများပေါ်တွင် ခွင့်ပြုမိန့်မရှိဘဲ ဝင်ရောက်ကျူးကျော်နေထိုင်ခြင်း၊ ဝင်ရောက်ကျူးကျော်လုပ်ကိုင်ခြင်း၊ ဗဟိုကော်မတီနှင့် တိုင်းဒေသကြီးစီမံခန့်ခွဲရေးကော်မတီတို့၏ ခွင့်ပြုမိန့်မရရှိဘဲ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများကို အသုံးပြုသူမည်သူမဆို မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေပုဒ်မ၂၇ နှင့် ပုဒ်မ၂၇-က ပါ ပြဋ္ဌာန်းချက်များနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အသိပေးကြေညာထားကြောင်း သိရသည်။
#YMG/NN #Yangon_Times
#World_Health
Published 07 October 2026
■ ဒေါက်တာ Dr. Ananya Sharma က နေ့စဉ် ကြက်သွန်ဖြူ စားပေးခြင်းဖြင့် လေဖြတ်ခြင်းကနေ ဘယ်လို ကာကွယ်ပေးနိုင်သလဲဆိုတာကို ရှင်းပြထားပါတယ်။ ဒီမှာတော့ ကြက်သွန်ဖြူရဲ့ အဓိက ကျန်းမာရေး အကျိုးကျေးဇူးတွေနဲ့ သတိပြုရမယ့်ဘေးထွက်ဆိုးကျိုးတွေကို ဖော်ပြပေးလိုက်ပါတယ်။
■ လေဖြတ်တာဟာ လူတစ်ယောက် ကြုံတွေ့ရနိုင်တဲ့ အရမ်းကို ရုတ်တရက်ဆန်ပြီး အသက်အန္တရာယ်စိုးရိမ်ရတဲ့ ဆေးဘက်ဆိုင်ရာ အရေးပေါ်အခြေအနေတစ်ခု ဖြစ်ပါတယ်။
■ ဦးနှောက်ရဲ့ အစိတ်အပိုင်းတစ်ခုဆီကို စီးဆင်းနေတဲ့ အရေးပါတဲ့ သွေးကြောပိတ်ဆို့သွားတဲ့အခါ ဦးနှောက်ဆဲလ်တွေဆီ အောက်ဆီဂျင်မရောက်တော့ဘဲ မိနစ်ပိုင်းအတွင်းမှာတင် ဆဲလ်တွေ သေဆုံးသွားရတာပါ။
■ ခေတ်သစ်ကျန်းမာရေးစောင့်ရှောက်မှုမှာ ဆရာဝန်ညွှန်ကြားတဲ့ ဆေးဝါးတွေ၊ အရေးပေါ်ကုသမှုတွေနဲ့ ပုံမှန်လေ့ကျင့်ခန်းလုပ်တာလိုမျိုး လူနေမှုဘဝ အလေ့အထတွေကို အဓိက အားကိုးကြရပေမဲ့ မီးဖိုချောင်ထဲက ရိုးရှင်းတဲ့ ပါဝင်ပစ္စည်းတွေကလည်း နေ့စဉ် ကာကွယ်စောင့်ရှောက်မှုမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။
■ ဒီလို အသုံးဝင်တဲ့ အစားအသောက်တွေထဲမှာ ကြက်သွန်ဖြူဟာ ရှေးယခင်ကတည်းက စမ်းသပ်စစ်ဆေးပြီးသား သဘာဝဆေးတစ်လက်အဖြစ် ထင်းထင်းရှားရှား ရှိနေပါတယ်။
■ လွန်ခဲ့တဲ့ နှစ်ပေါင်းထောင်ပေါင်းများစွာကတည်းက ရှေးခေတ်ဆေးပညာစနစ်တွေမှာ နှလုံးရောဂါ၊ သွေးလှည့်ပတ်မှု မကောင်းတာနဲ့ သွေးတိုးရောဂါတွေကို ကုသဖို့ ကြက်သွန်ဖြူကို အသုံးပြုခဲ့ကြတာပါ။
■ ဒီနေ့ခေတ် ခေတ်သစ် ဆေးသိပ္ပံကလည်း နေ့စဉ် ကြက်သွန်ဖြူ တစ်မွှာ စားပေးတာဟာ သွေးကြောကျဉ်း လေဖြတ်ခြင်းအပါအဝင် နှလုံးရောဂါတွေအတွက် သဘာဝကာကွယ်ရေး အလွှာတစ်ခုအဖြစ် တကယ်ပဲကူညီပေးနိုင်ကြောင်းအတည်ပြုပေးထားပါတယ်။
■ ကြက်သွန်ဖြူက သင့်နှလုံးနဲ့ ဦးနှောက်ကို ဘယ်လို ကာကွယ်ပေးသလဲ
ကြက်သွန်ဖြူကို ထုတ်ထောင်းလိုက်တဲ့အခါ၊ ဓားနဲ့နုတ်နုတ်စင်းလိုက်တဲ့အခါ ဒါမှမဟုတ် ဝါးစားလိုက်တဲ့အခါ သဘာဝဓာတုဓာတ်ပြုမှုတစ်ခု ဖြစ်ပေါ်လာပါတယ်။
■ အဲဒီကနေ သိုက်အောက်ဆိုဒ် (sulfur) အခြေခံ အဓိကဒြပ်ပေါင်းတစ်ခုဖြစ်တဲ့ အယ်လီစင် (allicin) ထွက်ရှိလာတာပါ။ ဒီဒြပ်ပေါင်းက ကြက်သွန်ဖြူရဲ့ သီးသန့်စူးရှတဲ့ အနံ့ကို ပေးစွမ်းရုံတင်မကဘဲ အံ့အားသင့်ဖွယ် ဆေးဖက်ဝင် အာနိသင်တွေကိုပါ ရရှိစေတာ ဖြစ်ပါတယ်။
■ ခန္ဓာကိုယ်ထဲ စုပ်ယူလိုက်တာနဲ့ အယ်လီစင်ဟာ သွေးလှည့်ပတ်မှုစနစ်ကို ကျန်းမာစေပြီး သွေးကြောတွေကို ကျယ်စေဖို့ လမ်းကြောင်းမျိုးစုံကနေလုပ်ဆောင်ပေးပါတယ်။
■ မြင့်မားနေတဲ့ သွေးဖိအားကို လျှော့ချပေးခြင်း - သွေးတိုးတာဟာ ပိုက်ဟောင်းတစ်ခုထဲကို ရေဖိအားအလွန်အကျွံ ထည့်သွင်းလိုက်တာနဲ့တူပါတယ်။
■ အချိန်ကြာလာတာနဲ့အမျှ ဒီဖိအားက သွေးလွှတ်ကြော နံရံတွေကို ဆန့်ထွက်စေတယ်၊ ပျက်စီးစေတယ်၊ အားနည်းစေပြီး သွေးကြောပေါက်တာ ဒါမှမဟုတ် ပိတ်ဆို့တာမျိုး ဖြစ်နိုင်ခြေကို အဆမတန် မြင့်တက်စေပါတယ်။
■ Journal of Nutrition မှာ ဖော်ပြထားတဲ့ သုတေသနအရ ကြက်သွန်ဖြူ အဆီအနှစ်တွေဟာ သွေးကြောနံရံ အတွင်းပိုင်းရှိ ကြွက်သားမျှင်တွေကို ပြေလျော့စေပြီး ကျယ်လာအောင် ကူညီပေးတာကြောင့် အထက်သွေးနဲ့ အောက်သွေးဖိအားနှစ်မျိုးလုံးကို သိသိသာသာ လျှော့ချပေးကြောင်း သက်သေပြထားပါတယ်။
■ အန္တရာယ်ရှိသော သွေးခဲများ ဖြစ်ပေါ်ခြင်းကို ကာကွယ်ပေးခြင်း - လေဖြတ်ခြင်း အများစုဟာ သွေးကြောကျဉ်း လေဖြတ်ခြင်း (ischemic stroke) တွေ ဖြစ်ကြပါတယ်။ ဆိုလိုတာက သွေးဆဲလ်သေးသေးလေးတွေ စုခဲသွားပြီး ဦးနှောက်ဆီ ဦးတည်နေတဲ့ သွေးလွှတ်ကြောထဲမှာ သွေးခဲအဖြစ် ပိတ်ဆို့သွားတာကြောင့် ဖြစ်ရတာပါ။
■ Postgraduate Medical Journal မှာ ပါရှိတဲ့ သုတေသန သုံးသပ်ချက်တစ်ခုအရ ကြက်သွန်ဖြူဟာ သဘာဝ သွေးအားပျော့ဆေး (blood thinner) လိုမျိုး ငြင်သာစွာ ပြုမူဆောင်ရွက်ပေးပါတယ်။ သွေးဥမွှားတွေရဲ့ စီးကပ်မှုကို လျှော့ချပေးတာကြောင့် သွေးလှည့်ပတ်မှုကို ပိတ်ဆို့စေမယ့် အန္တရာယ်ရှိ သွေးခဲတွေ စုစည်းမလာအောင်ကာကွယ်ပေးတာပါ။
သွေးကြောများကို သန့်ရှင်းပြီး ပျော့ပျောင်းစေခြင်း - နှစ်ပေါင်းများစွာ ကြာလာတဲ့အခါ မကောင်းတဲ့ ကိုလက်စထရောနဲ့ အဆီတွေဟာ သွေးကြောနံရံ အတွင်းပိုင်းမှာ စုပုံလာပြီး အနည်အခွဲ လို့ခေါ်တဲ့ မာကျောတဲ့ အဖတ်တွေ ဖြစ်လာပါတယ်။
■ ဒီလို သွေးကြောကျဉ်းသွားတာကြောင့် သွေးချောချောမောမော စီးဆင်းဖို့ ပိုမို ခက်ခဲသွားစေပါတယ်။ Journal of Nutrition and Metabolism မှာ ဖော်ပြထားတဲ့ စမ်းသပ်မှုတစ်ခုအရ ကြက်သွန်ဖြူကို ပုံမှန် စားသုံးပေးတာဟာ သွေးတွင်း LDL (မကောင်းတဲ့) ကိုလက်စထရော ပမာဏကို လျှော့ချပေးရုံတင်မကဘဲ အဓိက သွေးလွှတ်ကြောတွေအတွင်း အနည်ဖတ်များ စုပုံလာမှု နှုန်းကိုပါ လျှော့ချပေးကြောင်းညွှန်ပြနေပါတယ်။
Source- NDTV
#Local_News
Published 7 October 2026
■ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်အရိုးရောဂါအထူးကုဆေးရုံကြီးတွင် မော်တော်ဆိုင်ကယ်မတော်တဆမှုကြောင့် ဘယ်ဘက်ပခုံးအဆစ်မှ လက်လုံးဝပြတ်တောက်သွားသည့် အသက် ၉ နှစ်အရွယ်ကလေးငယ်၏ လက်ကို Replantation Surgery ဖြင့် အောင်မြင်စွာ ပြန်လည်တွဲဆက်ပေးနိုင်ခဲ့ကြောင်း သိရသည်။
■ ကလေးငယ်သည် စက်တင်ဘာ ၃ ရက်တွင် ဟုမ္မလင်းမြို့၌ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ပြတ်တောက်သွားသည့်လက်ကို စနစ်တကျထိန်းသိမ်းကာ ဒဏ်ရာရရှိပြီး ၆ နာရီအတွင်း တပ်မတော်လေယာဉ်ဖြင့် ဆေးရုံသို့ ပို့ဆောင်နိုင်ခဲ့ခြင်းဖြစ်သည်။
■ ထိုနေ့တွင်ပင် ၆ နာရီကြာ Replantation Surgery ပြုလုပ်ပေးခဲ့ကြောင်းသိရသည်။
■ ထို့နောက် စက်တင်ဘာ ၃၀ ရက်တွင် Brachial Plexus Surgery၊ Nerve Graft Surgery၊ Internal Splintage နှင့် Split Skin Graft စသည့် ဒုတိယအဆင့်ခွဲစိတ်ကုသမှုများကို ၆ နာရီကျော်ကြာ ဆက်လက်ဆောင်ရွက်ပေးခဲ့သည်။
■ လက်ရှိတွင် ကလေးငယ်၏ ကျန်းမာရေးအခြေအနေ ကောင်းမွန်ပြီး ပြန်လည်တွဲဆက်ထားသည့်လက်၏ သွေးလည်ပတ်မှုနှင့် လှုပ်ရှားနိုင်မှုတို့ကို ဆက်လက်စောင့်ကြည့်ကုသပေးနေကာ ပြန်လည်သန်စွမ်းရေးလေ့ကျင့်ခန်းများဆောင်ရွက်ပေးသွားမည်ဖြစ်သည်။
■ ပခုံးအဆစ်မှ လက်လုံးဝပြတ်တောက်ခြင်း (Forequarter Amputation) သည် ဖြစ်ပွားမှုနည်းပါးသည့် ပြင်းထန်သောဒဏ်ရာဖြစ်ပြီး ယခုကဲ့သို့ အောင်မြင်စွာ ပြန်လည်တွဲဆက်နိုင်ခြင်းသည် ဆေးဘက်ဆိုင်ရာ အရေးပါသည့် မှတ်တိုင်တစ်ရပ်ဖြစ်လာကြောင်း သိရသည်။
#YMG/SW #Yangon_Times
Page 10 of 2096