ဘုရားဖူးလုပ်ငန်းများလိုင်စင် လျှောက်ထားကြဖို့ပြည်တွင်းဘုရားဖူးနှင့် ခရီးသွားဝန်ဆောင်မှုအသင်းက အသိပေးထုတ်ပြန်ထား ပါတယ်။
#Local_News
Published 23 September 2026
#ဘုရားဖူး
#YMG/NN #Yangon_Times
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်မှာ နှစ်စဉ်ကျင်းပလေ့ရှိတဲ့ ဆင်အကအလှပြိုင်ပွဲနဲ့ ဆင်လှူပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ ၂၂ရက်မှာကျင်းပခဲ့ပါတယ်။
#Local_News
Published 23 September 2026
#ကျောက်ဆည်ရိုးရာဆင်အက
#YMG/SW #Yangon_Times
#Daily_News
Published 23 September 2026
၁။ မကွေးမြသလွန်စေတီ ဗုဒ္ဓပူဇနိယပွဲတော်တွင် ဆိုင်ခန်းပေါင်း(၁၀၀၀)ကျော်ဖြင့်စည်ကားစွာကျင်းပမည်
၂။ ပိုးသတ်ဆေးဥပဒေဖောက်ဖျက်မှုတွေ့ရှိပါက ထိရောက်စွာအရေးယူမည်
၃။ ဘုရားဖူးလုပ်ငန်းများလိုင်စင်လျှောက်ထားရန်အသိပေး
၄။ BRICSအဖွဲဝင်နိုင်ငံများကြားခရီးသွားလုပ်ငန်းချိတ်ဆက်မှုဖွံ့ဖြိုးတိုးတက်စေရန် ဘရာဇီးခရီးသွားလုပ်ငန်းဝန်ကြီးတိုက်တွန်း... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 23 September 2026
■ မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်က ကြီးမှူးကျင်းပသည့် မြင်းစီးအားကစားပြိုင်ပွဲများတွင် ဒုန်း (Racing) ပြိုင်ပွဲများ ထည့်သွင်းကျင်းပခွင့်မပြုကြောင်း ထပ်မံထုတ်ပြန်အသိပေးကြေညာထားသည်။
■ မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်သည် နိုင်ငံတကာမြင်းစီးအားကစားအဖွဲ့ချုပ် (FEI) ၏ သတ်မှတ်ထားသော အိုလံပစ်အားကစားနည်းများတွင်ပါဝင်သည့် မြင်းစီးအားကစားနည်းများ (Disciplines) များကို မဏ္ဍိုင်ပြုကာ ပြည်တွင်း၌ သင်တန်းများ၊ ပြိုင်ပွဲများကျင်းပကာ နိုင်ငံတကာ ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခြင်းဖြင့် နိုင်ငံ၏ပုံရိပ်တိုးတက်ကောင်းမွန်စေရန်ရည်ရွယ်ပြီးဆောင်ရွက်လျက်ရှိကြောင်း ၊ တစ်ချိန်တည်းမှာပင် မြန်မာနိုင်ငံ၏ မိရိုးဖလာရိုးရာမြင်းစီးအားကစားနည်းများ မတိမ်ကောစေရန်အတွက် မြန်မာ့ရိုးရာမြင်းစီးအားကစားကော်မတီကိုဖွဲ့စည်းကာ အဖွဲ့ချုပ်အတိုင်းအတာဖြင့် ၂၀၂၄ခုနှစ် ပြည်ထောင်စုနေ့၊ ၂၀၂၅ ခုနှစ် ပြည်ထောင်စုနေ့ အထိမ်းအမှတ်ပြိုင်ပွဲများကျင်းပရာတွင် ထည့်သွင်းပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် ရိုးရာမြင်းစီးအားကစားတံခွန်စိုက်ဖလားချီးမြှင့်ခြင်း အစီအစဉ်ကိုပြုလုပ်ခဲ့ကြောင်း ဖော်ပြထားသည်။
■ ထိုသို့ ရိုးရာမြင်းစီးအားကစားပြိုင်ပွဲများခေါင်းစဉ်အောက်တွင် မြန်မာ့ရိုးရာမြင်းစီးအားကစား နည်းမဟုတ်သော ကိုလိုနီခေတ်အမွေဆိုးတစ်ခုဖြစ်သည့် ဒုန်း (Racing) ကို ထည့်သွင်းလိုကြောင်း စနစ်တကျစည်းကမ်းသေဝပ်စွာ လုပ်ကိုင်ပါမည့်အကြောင်း လူတစ်စုတစ်ဖွဲ့မှ မြန်မာ့ရိုးရာမြင်းစီး အားကစားကော်မတီကတဆင့် အကြိမ်ကြိမ်တင်ပြခဲ့ကြောင်း ယင်းသို့တင်ပြချက်များကြောင့် ၂၀၂၄ ခုနှစ်နှင့် ၂၀၂၅ ခုနှစ် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြင်းစီးအားကစားပြိုင်ပွဲများတွင်လည်းကောင်း၊ ၂၀၂၅ ခုနှစ် ဧရာဝတီတိုင်းဒေသကြီး မြင်းစီးအားကစားပြိုင်ပွဲများတွင်လည်းကောင်း ဒုန်း ပြိုင်ပွဲကိုထည့်သွင်း ကျင်းပရန်ခွင့်ပြုပေးခဲ့ကြောင်းသိရသည်။
■ အဆိုပါကဲ့သို့ ဒုန်း ပြိုင်ပွဲကိုထည့်သွင်းကျင်းပခဲ့သည့်ပြိုင်ပွဲတိုင်းတွင် တရားမဝင်လောင်းကစားခြင်း များကို ပြုလုပ်ခဲ့ကြရာက ခိုက်ရန်ဖြစ်ပွားခြင်း ဒုတ်တပြက်ဓါးတပြက်ကြောင့် ထိခိုက်ဒဏ်ရာများရရှိခြင်းတို့ကြောင့် မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်က ဖြေရှင်းပေးရခြင်း၊ လူမှုကွန်ယက်များပေါ်တွင် ပေါ်ပေါ်ထင်ထင်လောင်း ကစားပြုလုပ်သည့် အကြောင်းအရာများကိုဖြန့်ဝေခြင်းစသည့် စည်းပျက်ကမ်းပျက်ကိစ္စများစွာ ပေါ်ပေါက်ခဲ့ကြောင်း ၊ အထူးသဖြင့် မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်၏ ခေါင်းစဉ်အောက်မှ ယခုလို ဒုန်းပြိုင်ပွဲများကျင်းပပြီး လောင်းကစားကိစ္စရပ်များကိုပြုလုပ်နေသည့်အတွက် အဖွဲ့ချုပ်သည်လည်း အလိုတူ အလိုပါသွယ်ဝိုက်သောနည်းလမ်းဖြင့် တရားမဝင် ဝင်ငွေရှာနေသည်ဟု အများပြည်သူနှင့် ဒေသ ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများ၏ အထင်အမြင်မှားမှုကိုခံရနိုင်ကြောင်း ဖော်ပြထားသည်။
■ နိုင်ငံတကာမြင်းစီးအားကစားအဖွဲ့ချုပ် (FEI) အသိအမှတ်ပြု မြင်းစီးအားကစားနည်းများတွင်လည်းမပါသကဲ့သို့ မြန်မာ့ရိုးရာမြင်းစီးအားကစားနည်းများတွင်လည်းမပါရှိသည့် ကိုလိုနီခေတ်၏ အမွေဆိုးလောင်းကစားနည်းတစ်ခုဖြစ်သည့် ဒုန်းပြိုင်ပွဲ (Racing) ကို နောက်နောင် မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်ကကျင်းပသည့် မည်သည့်ပြိုင်ပွဲများတွင်မျှ ထည့်သွင်းကျင်းပခြင်း ပြုလုပ်မည်မဟုတ်ကြောင်း ထပ်မံအသိပေးထားကြောင်း သိရသည်။
#YMG/NN #Yangon_Times
#World_News
Published 23 September 2026
■ အမေရိကန်သမ္မတ ထရမ့်က ပြည်ပ ပဋိပက္ခများကို ဗဟိုပြုပြီး ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ မိန့်ခွန်း ပြောကြားခဲ့ပါတယ်။
■ အီရန်ရဲ့ နျူကလီးယား ဖွံ့ဖြိုးတိုးတက်မှုများနဲ့ ပတ်သက်လို့ ငြိမ်းချမ်းရေး သဘောတူညီချက် မရရှိပါက အီရန်ကို လုံးဝ ချေမှုန်းပစ်နိုင်တယ်လို့ သတိပေးခဲ့ပါတယ်။
■ အီရန်ကို စီးပွားရေးအရ ဝိုင်းပယ်ရန် အမေရိကန်နဲ့အတူ ပူးပေါင်းကြဖို့ နိုင်ငံတကာ ခေါင်းဆောင်များကို ထရမ့်က တိုက်တွန်းခဲ့ပါတယ်။
■ ရုရှားနဲ့ ဖြစ်ပွားနေတဲ့ စစ်ပွဲကို ဖြေရှင်းရန်အတွက် ယူကရိန်း သမ္မတ ဗိုလိုဒီမီယာ ဇယ်လန်စကီးနဲ့ တွေ့ဆုံဆွေးနွေးရန် စီစဉ်ခဲ့ပါတယ်။
■ ထရမ့်က ဥရောပ၊ အာရှနဲ့ ပင်လယ်ကွေ့ဒေသ နိုင်ငံများမှ ကိုယ်စားလှယ်များ အပါအဝင် အနည်းဆုံး ကမ္ဘာ့ခေါင်းဆောင် ၁၁ ဦးနဲ့ တွေ့ဆုံဆွေးနွေးရန် အစီအစဉ်ဆွဲခဲ့ပါတယ်။
■ ဆွေးနွေးပွဲအစီအစဉ်မှာ ဒေသတွင်းတည်ငြိမ်ရေးနဲ့ စွမ်းအင်ဆိုင်ရာကိစ္စရပ်များအတွက် ဗင်နီဇွဲလား ယာယီခေါင်းဆောင်ပိုင်းနဲ့ တွေ့ဆုံမှုလည်း ပါဝင်ပါတယ်။
■ ဂရင်းလန်းမှာ အမေရိကန် စစ်ဘက်ဆိုင်ရာ ပါဝင်မှုကို တိုးမြှင့်ရန် သဘောတူညီချက် စာချုပ်လက်မှတ်ရေးထိုးရေးအတွက် ဒိန်းမတ်နဲ့ ဂရင်းလန်း အရာရှိများနဲ့ တွေ့ဆုံရန် စီစဉ်ခဲ့ပါတယ်။
■ ယခုလိုမျိုး ပြည်ပနိုင်ငံရေး လှုပ်ရှားမှုများဟာ ကမ္ဘာ့ပဋိပက္ခများနဲ့ လောင်စာဆီဈေးနှုန်း မြင့်တက်မှုတို့ကြောင့် ထရမ့်ရဲ့ ပြည်တွင်း ထောက်ခံမှုနှုန်း ကျဆင်းနေချိန်နဲ့ တိုက်ဆိုင်နေပါတယ်။
Source: Reuters
#Local_News
Published 23 September 2026
■ တောင်ငူမြို့ရှောင် ရထားလမ်းဖောက်လုပ်ရေးစီမံကိန်းကို ယမန်နေ့နံနက်ပိုင်းတွင် ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်က တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာဒီဇင်ဘာတွင် မြေသားတာပေါင်နှင့် တံတားလုပ်ငန်းများအပြီးဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
■ စီမံကိန်းရှင်းလင်းဆောင်၌ စီမံကိန်းအင်ဂျင်နီယာက အရှည် ၄ ဒသမ ၈၉ မိုင်ရှိ မြို့ရှောင်ရထားလမ်း မြေသားတာပေါင်လုပ်ငန်းဆောင်ရွက်နေမှု၊ လမ်းပိုင်းအတွင်း တံတား ၁၆ စင်း တည်ဆောက်နေမှု၊ မြေဧရိယာ ၄၀ ဒသမ ၅ ဧကပေါ်တွင် အကျယ်ပေ ၄၂၀၀ x ပေ ၄၂၀ ရှိ ဘူတာယာဒ်ဝင်းနှင့် အကျယ်ပေ ၁၄၆ ဒသမ ၅ x ပေ ၅၀ ရှိ ၂ ထပ်ခွဲ ဘူတာအသစ် တည်ဆောက်မည့်အခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။
■ အဆိုပါ တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက မြေသားတာပေါင်နှင့် တံတားလုပ်ငန်းများကို ၂၀၂၆ ခုနှစ် ဒီဇင်ဘာလအကုန်တွင် ပြီးစီးအောင် ဆောင်ရွက်ရန်နှင့် ၂၀၂၇ ခုနှစ် မတ်လတွင် သံလမ်းခင်းလုပ်ငန်းများနှင့် ဝန်ထမ်းအိမ်ရာတစ်လုံးကို အပြီးဆောင်ရွက်ရန် မှာကြားခဲ့သည်။ ထို့အပြင် စီမံကိန်းလုပ်ငန်းများကို သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးရေး ကြိုးပမ်းဆောင်ရွက်ရန်လည်း ညွှန်ကြားခဲ့သည်။
■ ထို့နောက် ဘူတာယာဒ်ဝင်းနှင့် ဘူတာအသစ်တည်ဆောက်မည့် မြေနေရာများ၊ ရန်ကုန်-မန္တလေး ရထားလမ်းဟောင်းနှင့် လမ်းသစ်ဆုံရာ ရန်ကုန်ဘက်ခြမ်းရှိ ခပေါင်းတံတားနေရာတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ရေစီးရေလာကောင်းမွန်ရေးအတွက် တံတားအား စနစ်တကျ ထိန်းသိမ်းဆောင်ရွက်ရန် မှာကြားခဲ့သည်။
■ ထို့ပြင် မန္တလေးဘက်ခြမ်း ရထားလမ်းဟောင်းနှင့် လမ်းသစ်ဆုံရာ ကန်ရိုးကျေးရွာအနီးရှိ တံတားဟောင်းနေရာတွင် ပေ ၄၀ တံတားအသစ် တည်ဆောက်ရန် ညွှန်ကြားခဲ့သည်။
■ ဆက်လက်၍ မြန်မာ့မီးရထား တိုင်းအမှတ် (၅) တောင်ငူတိုင်းရုံးနှင့် မြန်မာ့မီးရထားဆေးဌာန တိုင်းဆရာဝန်ကြီးရုံး (တောင်ငူ) တို့ကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 23 September 2026
■ ရန်ကုန်-ပြည်နှင့် ရန်ကုန်-မော်လမြိုင် လမ်းပိုင်းများတွင် ပြေးဆွဲနေသည့် DEMU လူစီးအမြန်ရထားနှစ်စီး ခဲဖြင့်ပစ်ပေါက်ခံရမှု စက်တင်ဘာ ၂၁ ရက်နှင့် ၂၃ ရက်တို့တွင် ဖြစ်ပွားခဲ့ပြီး ရထားပြတင်းမှန်များ ပျက်စီးခဲ့သော်လည်း ခရီးသည်နှင့် ဝန်ထမ်းများ ထိခိုက်မှုမရှိကြောင်း မြန်မာ့မီးရထားထံမှ သိရသည်။
■ စက်တင်ဘာ ၂၁ ရက် ညနေ ၅ နာရီ ၄၅ မိနစ်တွင် အမှတ်(၇၄) အစုန် ပြည်-ရန်ကုန် DEMU လူစီးအမြန်ရထားသည် တိုက်ကြီးမြို့နယ် ဖလုံနှင့် သနပ်ချောင်းဘူတာအကြား မိုင်တိုင်အမှတ် ၄၈/၂၀ နှင့် ၄၈/၁၉ အတွင်း ဖြတ်သန်းစဉ် ရထားလမ်းအရှေ့ဘက်မှ ခဲဖြင့်ပစ်ပေါက်ခံရသဖြင့် စက်ခေါင်းနောက်ကပ်လျက် ပထမတန်းတွဲ DEMU(F) 4019 ၏ ပြတင်းလေကာမှန် ပျက်စီးခဲ့ပြီး ရထား ၃၅ မိနစ် ကြန့်ကြာခဲ့သည်။
■ ဖြစ်စဉ်နှင့်ပတ်သက်၍ တိုက်ကြီးမြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် ရထားလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းစုံစမ်းခဲ့ရာ ဇော်ရဲအောင် အသက် ၃၄ နှစ်အား စက်တင်ဘာ ၂၁ ရက် ည ၉ နာရီ ၁၅ မိနစ်တွင် ဖမ်းဆီးရမိခဲ့ပြီး ရထားပို့ဆောင်ရေးလုပ်ငန်းဥပဒေ ပုဒ်မ ၈၄ ဖြင့် အမှုဖွင့်အရေးယူသွားမည်ဖြစ်သည်။
■ အလားတူ စက်တင်ဘာ ၂၃ ရက် နံနက် ၁၀ နာရီ ၂၇ မိနစ်တွင် အမှတ်(၈၃) အဆန် DEMU လူစီးအမြန်ရထားသည် ပေါင်နှင့် သဲဖြူကုန်းဘူတာအကြား မိုင်တိုင်အမှတ် ၁၆၄/၉ နှင့် ၁၆၄/၁၀ အတွင်း ဖြတ်သန်းစဉ် ရထားလမ်းလက်ဝဲဘက်မှ ခဲဖြင့်ပစ်ပေါက်ခံရသဖြင့် အထက်တန်းတွဲ DEMU(U) 5007 နှင့် ပထမတန်းတွဲ DEMU(F) 4013 တို့၏ ပြတင်းမှန်များ ပျက်စီးခဲ့ပြီး ရထား ၃၈ မိနစ် ကြန့်ကြာခဲ့သည်။
■ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ရထားအား နောက်ပြန်ဆုတ်၍ ရှာဖွေခဲ့ရာ ကျော်လင်းထွန်း အသက် ၄၄ နှစ်အား ဖမ်းဆီးရမိခဲ့ပြီး ရထားပို့ဆောင်ရေးလုပ်ငန်းဥပဒေ ပုဒ်မ ၈၄ ဖြင့် အမှုဖွင့်အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။
■ ရထားပို့ဆောင်ရေးလုပ်ငန်းဥပဒေအရ ရထားကို တစ်စုံတစ်ရာဖြင့် ပစ်ပေါက်ခြင်း သို့မဟုတ် ထိခိုက်ပျက်စီးစေရန် ပြုလုပ်ခြင်းအတွက် အနည်းဆုံး ၅ နှစ်မှ အများဆုံး နှစ် ၂၀ အထိ ထောင်ဒဏ်နှင့် ငွေဒဏ်ချမှတ်နိုင်ကြောင်း မြန်မာ့မီးရထားက အသိပေးထားသည်။
■ မြန်မာ့မီးရထားအနေဖြင့် ခရီးသည်များ ဘေးကင်းလုံခြုံစွာ သွားလာနိုင်ရေးအတွက် ခေတ်မီလေအေးပေးစက်ပါ DEMU တွဲဆိုင်းများဖြင့် ရထားများ ပြေးဆွဲပေးလျက်ရှိရာ အများပြည်သူများအနေဖြင့် ရထားနှင့် ရထားပို့ဆောင်ရေးဆိုင်ရာ အဆောက်အအုံများ မပျက်စီးစေရေး ဝိုင်းဝန်းထိန်းသိမ်းပေးရန် လိုအပ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#World_Health
Published 23 September 2026
■ လူ့ခန္ဓာကိုယ်ဟာ စွမ်းအင်အတွက် ဂလူးကို့စ်လိုအပ်ပေမယ့် သန့်စင်ပြီးသကြားကိုတော့ အာဟာရအဖြစ် မလိုအပ်ပါဘူး။
■ ခန္ဓာကိုယ်က သစ်သီးများ၊ ဟင်းသီးဟင်းရွက်များ၊ ကောက်ပဲသီးနှံများနဲ့ ပဲအမျိုးမျိုးတို့မှာ ပါဝင်တဲ့ ကာဗိုဟိုက်ဒရိတ်တွေကို ဖြိုခွဲခြင်းဖြင့် ဂလူးကို့စ်ကို ထိရောက်စွာ ထုတ်လုပ်ပေးပါတယ်။
■ သစ်သီးများ၊ ဇီးသီးခြောက်၊ ငှက်ပျောသီး၊ အသီးအဖတ်များက အမျှင်ဓာတ်၊ ပိုတက်စီယံတို့နဲ့အတူ သဘာဝအချိုဓာတ်ကို ပေးစွမ်းပါတယ်။
■ သကြားမဟုတ်တဲ့ အချိုဓာတ်အရာများက ကယ်လိုရီအနည်းငယ်ဖြင့် အချိုဓာတ်ကို ပေးနိုင်ပေမယ့် ရောစပ်ထုတ်လုပ်ထားတဲ့ ပစ္စည်းများကိုတော့ သေချာစစ်ဆေးသင့်ပါတယ်။
■ သစ်ကြံပိုးခေါက်နဲ့ ဗနီလာတို့လို ဟင်းခတ်ပစ္စည်းများက သကြားအမှန်တကယ် ပေါင်းထည့်စရာမလိုဘဲ ခံတင်းတွေ့စေမယ့် အချိုဓာတ်အရသာကို မြှင့်တင်ပေးနိုင်ပါတယ်။
■ ပျားရည်၊ ထန်းလျက်နဲ့ သကြားရည်တို့က အကန့်အသတ်မရှိ စားသုံးနိုင်တဲ့ အရာများမဟုတ်ဘဲ သကြားဓာတ် ပါဝင်နေဆဲဖြစ်ပါတယ်။
■ အထိရောက်ဆုံးနည်းလမ်းမှာ လျှာခံတွင်းတွေ့မှုကို အချိုနည်းတဲ့အရသာနဲ့ ကျင့်ယူနိုင်ဖို့ ပေါင်းထည့်တဲ့သကြား ပမာဏကို ဖြည်းဖြည်းချင်းလျှော့ချတာ ဖြစ်ပါတယ်။
■ သကြားနေရာမှာ အခြားအရာတစ်ခုခုနဲ့ ၁း၁ အချိုးအတွက် ရှာဖွေနေမယ့်အစား အချိုဓာတ်တစ်ခုလုံးကို လျှော့ချပြီး အစားအစာအရည်အသွေးကို မြှင့်တင်ရန် ဦးစားပေးသင့်ပါတယ်။
Source: India Today
#World_Health
Published 23 September 2026
■ စားအုန်းဆီက ဈေးနှုန်းချိုသာခြင်း၊ အသုံးပြုရ လွယ်ကူခြင်း၊ အလွယ်တကူ ရရှိနိုင်ခြင်းတို့ကြောင့် ထုပ်ပိုးစားသောက်ကုန်တွေမှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုကြပါတယ်။
■ အောက်ဆီဂျင်ဓာတ်ပြုမှုကို ခံနိုင်ရည်ရှိမှုနဲ့ သဘာဝအလျောက် အပျော့စား အစိုင်အနည်ပုံစံ ပါဝင်မှုတို့က မုန့်တွေရဲ့ သက်တမ်းကို သိသိသာသာ ရှည်ကြာစေပါတယ်။
■ ဆီဆုမှတ်မြင့်မားတာကြောင့် အပူချိန်မြင့်မားစွာ ကြော်လှော်ခြင်း၊ ပေါင်းဖုတ်ခြင်းတို့မှာ စားအုန်းဆီဟာ ပျက်စီးသွားခြင်းမရှိဘဲ ခံနိုင်ရည် ရှိပါတယ်။
■ အိန္ဒိယရဲ့ FSSAI နဲ့ Codex Alimentarius လိုမျိုး အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းရေး အဖွဲ့အစည်းတွေက စားအုန်းဆီကို စံသတ်မှတ်ထားတဲ့ ဆီအဖြစ် ထိန်းချုပ်သတ်မှတ်ထားပါတယ်။
■ အာဟာရပညာရှင်များရဲ့ အဆိုအရ စားအုန်းဆီမှာ ပါမစ်တစ်အက်ဆစ် အဓိကပါဝင်ပြီး ပြည့်ဝဆီ ၅၀ ရာခိုင်နှုန်းခန့် ပါဝင်ကြောင်း ထောက်ပြထားကြပါတယ်။
■ အလွန်အကျွံ စားသုံးပါက မကောင်းတဲ့ ကိုလက်စထရော LDL မြင့်တက်စေပြီး နှလုံးနဲ့ သွေးကြောဆိုင်ရာ ရောဂါဖြစ်ပွားနိုင်ခြေကို တိုးမြင့်စေနိုင်ပါတယ်။
■ ကျန်းမာရေးကျွမ်းကျင်သူများက စားအုန်းဆီဟာ ပြောင်းလဲအဆီနဲ့ ထောပတ်တို့ထက် ကျန်းမာရေး ပိုမိုညီညွတ်ပေမယ့် အပင်ထွက်ဆီများလောက်တော့ မကောင်းဘူးလို့ အကြံပြုထားပါတယ်။
■ လုံးဝမစားဘဲ ရှောင်ကြဉ်ခြင်းထက် လိုအပ်တာထက် ပိုမိုပြုပြင်ထားတဲ့ အစားအစာများကို လျှော့ချပြီး မလွန်ကဲဘဲ အသင့်အတင့်သာ စားသုံးရန် ကျွမ်းကျင်သူများက အကြံပြုထားပါတယ်။
Source: WION
ကနေဒါနိုင်ငံထုတ်ပစ္စည်းများကို အမေရိကန်အစိုးရရဲ့ ပစ္စည်းဝယ်ယူရေးအစီအစဉ်ကနေဖယ်ရှားဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အမိန့်ထုတ်ခဲ့ပါတယ်။
#World_Business
Published 22 September 2026
#ကနေဒါနိုင်ငံ #အမေရိကန်သမ္မတဒေါ်နယ်ထရမ့်
#YMG #Yangon_Times #Yangon_Media_Group
အရဟံဖောင်ဒေးရှင်း(၆)နှစ်တာကာလအတွင်း၌ ကျောင်းထိုင်ဆရာတော်များ ၊ ဓမ္မာစရိယ ကျမ်းပြီး၊ကျမ်းစွဲ ဆရာတော် ၊သီလရှင်စုစုပေါင်း ၁၀၂၀ပါး ၊လူဒကာ၊ဒကာမပေါင်း ၃၃၉၀ ဦးတို့ကို ဆိုင်ရာစာပေများသင်ကြားပို့ချခဲ့ပြီး ဖြစ်တယ်လို့ အရဟံဖောင်ဒေးရှင်းတည်ထောင်သူနှင့်ပဓာနဦးဆောင်ဆရာတော် "ဓမ္မဝီရဒေါက်တာအရှင်တေဇနိယ" ကမိန့်ကြားပါတယ်။
#Local_News
Published 22 September 2026
#အရဟံဖောင်ဒေးရှင်း
#YMG/NN #Yangon_Times
အယ်လ်နီညိုဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံအတွင်း လာမယ့်ဆောင်းရာသီနဲ့ နွေရာသီကာလတွေမှာ နေ့အပူချိန်မြင့်တက်တာ၊ မိုးရွာသွန်းမှု မူမမှန်တာနဲ့ မိုးခေါင်ရေရှားမှုတွေဖြစ်ပေါ်နိုင်တယ်လို့ ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ်နှင့် နိုင်ငံတကာရာသီဥတုဗဟိုဌာနများ၏ ထုတ်ပြန်ချက်များကို အခြေခံကာ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အသိပေးထုတ်ပြန်ထားပါတယ်။
#Local_News
Published 22 September 2026
#အယ်လ်နီညို
#YMG/SW #Yangon_Times
Page 21 of 2096