မုန်တိုင်းငယ်အရှိန်ကြောင့်ဒီကနေ့ မနက်ကနေ စက်တင်ဘာ(၂၅)ရက်နေ့အထိ နိုင်ငံအဝှမ်းမိုးရွာသွန်းနိုင်ပြီး ဒေသအချို့၌ မိုးကြီးလေထန်နိုင်တယ်လို့
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ဒီကနေ့မှာထုတ်ပြန်တဲ့
မုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၂/၂၀၂၆) အရသိရပါတယ်။
#Local_News
Published 22 September 2026
#မုန်တိုင်းငယ်
#YMG/NN #Yangon_Times
မြန်မာနိုင်ငံ၊ ရန်ကုန်မြိုနဲ့ တရုတ်နိုင်ငံ၊ ဝူဟန်မြို့တို့အကြား ညီအစ်မမြို့တော်ဆက်ဆံရေး ထူထောင်ရေးသဘောတူညီချက် လက်မှတ်ရေးထိုးပွဲကို စက်တင်ဘာ ၂၀ ရက်က ဝူဟန်မြို့မှာ ကျင်းပခဲ့တယ်လို့သိရပါတယ်။
#Local_News
Published 22 September 2026
#ရန်ကုန်_ဝူဟန် #မြန်မာနိုင်ငံ
#YMG/SW #Yangon_Times
#Daily_News
Published 22 September 2026
၁။ အရဟံဖောင်ဒေးရှင်း(၆)နှစ်တာအတွင်းဆရာတော်၊သီလရှင်၊လူပုဂ္ဂိုလ် ၄၄၁၀ ဦးတို့ကို ဆိုင်ရာစာပေများသင်ကြားပို့ချခဲ့ပြီးဖြစ်
၂။ အယ်လ်နီညိုကြောင့် ပြည်တွင်း၌အပူချိန်မြင့်တက်ပြီး မိုးခေါင်ရေရှားမှုဖြစ်ပေါ်နိုင်
၃။ မုန်တိုင်းငယ်အရှိန်ကြောင့်ဒေသအချို့၌ မိုးကြီးလေထန်နိုင်
၄။ ကနေဒါနိုင်ငံ ထုတ်ကုန်ပစ္စည်းများကိုအမေရိကန်အစိုးရဝယ်ယူရေးအစီအစဉ်မှ ထရမ့်ဖယ်ရှား... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 22 September 2026
■ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ ဆေးတက္ကသိုလ်များ၊ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်များသို့ စက်တင်ဘာ ၂၈ ရက်မှ အောက်တိုဘာ ၁၆ ရက်အထိ ဝင်ခွင့်လျှောက်ထားနိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက အသိပေးထားသည်။
■ ပထမဦးစားပေးအဖြစ် ဆေးတက္ကသိုလ်များ၊ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်များသို့ လျှောက်ထားလိုသူများသည် တက္ကသိုလ်ဝင်ခွင့်စိစစ်ရွေးချယ်ရေးအဖွဲ့က ထုတ်ပေးသည့် တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာစာအိတ်ဖြင့် လျှောက်ထားရမည်ဖြစ်ေကြာင်း သိရသည်။
■ ဆေးတက္ကသိုလ်များနှင့် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များအတွက် လျှောက်လွှာများကို ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန (နေပြည်တော်)၊ ဆေးတက္ကသိုလ်(၁) ရန်ကုန်၊ ဆေးတက္ကသိုလ်(၂) ရန်ကုန်၊ ဆေးတက္ကသိုလ် မန္တလေး၊ ဆေးတက္ကသိုလ် မကွေး၊ ဆေးတက္ကသိုလ် တောင်ကြီး၊ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် (ရန်ကုန်) နှင့် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် (မန္တလေး) စသည့် လက်ခံမည့်နေရာ ၈ ခုအနက် တစ်ခုခုသို့ တိုက်ရိုက်ပေးပို့လျှောက်ထားရမည်ဖြစ်ေကြာင်းသိရသည်။
■ ဆေးဝါးတက္ကသိုလ်၊ ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်၊ သူနာပြုတက္ကသိုလ်နှင့် အခြေခံကျန်းမာရေးတက္ကသိုလ်များသို့ ပထမဦးစားပေး လျှောက်ထားသူများမှာ သတ်မှတ်ထားသည့် ပညာရေးဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ်များသို့ လျှောက်လွှာစာအိတ် ပေးပို့လျှောက်ထားရမည်ဖြစ်ေကြာင်း သိရသည်။
■ ဝင်ခွင့်ရွေးချယ်မှုကို တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်စာအုပ်တွင် ဖော်ပြထားသည့် သတ်မှတ်ချက်များအတိုင်း ဆောင်ရွက်မည်ဖြစ်သဖြင့် လျှောက်ထားသူများအနေဖြင့် လမ်းညွှန်စာအုပ်ကို သေချာဖတ်ရှုပြီး လျှောက်ထားရန်လိုကြောင်း သိရသည်။
■ တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာစာအိတ်များကို စက်တင်ဘာ ၂၈ ရက်မှ အောက်တိုဘာ ၁၆ ရက်အထိ စနေနေ့၊ တနင်္ဂနွေနေ့နှင့် ရုံးပိတ်ရက်များအပါအဝင် ပိတ်ရက်မရှိ လက်ခံပေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက အသိပေးထားသည်။
#YMG/SW #Yangon_Times
#World_News
Published 22 September 2026
■ အမေရိကန်၊ ဒိန်းမတ်နဲ့ ဂရင်းလန်းတို့ဟာ ဂရင်းလန်းကျွန်းပေါ်မှာ အမေရိကန်စစ်ဘက်ဆိုင်ရာ တပ်ဖြန့်မှုကို ချဲ့ထွင်ရန် သဘောတူညီချက်တစ်ခု လက်မှတ်ရေးထိုးတော့မှာ ဖြစ်ပါတယ်။
■ ထိုသဘောတူညီချက်အရ စစ်ဘက်ဆိုင်ရာ စခန်းသစ်နှစ်ခု တည်ဆောက်မှာဖြစ်ပြီး စစ်အေးခေတ်က စခန်းဟောင်းတစ်ခုဖြစ်တဲ့ Narsarsuaq ကို ပြန်လည်ဖွင့်လှစ်မှာဖြစ်ကာ အရှေ့ဘက်ကမ်းရိုးတန်းရှိ Mestersvig မှာလည်း တပ်ဖြန့်သွားမှာ ဖြစ်ပါတယ်။
■ Mestersvig က လက်ရှိမှာ ဒိန်းမတ်ရဲ့ ထိရောက်ထက်မြက်တဲ့ Sirius Dog Sled Patrol အထူးတပ်ဖွဲ့သုံး စခန်းတစ်ခုဖြစ်ပါတယ်။
■ လက်ရှိမှာ အမေရိကန်က ဂရင်းလန်းမှာ အင်အား ၁၅၀ ခန့်ရှိတဲ့ Pituffik Space Base တပ်စခန်းတစ်ခုတည်းကိုသာ အသုံးပြုလျက်ရှိပါတယ်။
■ အဆိုပါ သဘောတူညီချက်က ဂရင်းလန်းနယ်မြေအပေါ် အမေရိကန် ထိန်းချုပ်ခွင့်ရရှိရန် တောင်းဆိုခဲ့တဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ဆက်တိုက်ဖိအားပေးမှုများအပြီး ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။
■ ယခုပဋိညာဉ်ဟာ အာတိတ်ဒေသ ကာကွယ်ရေးကို အမေရိကန်နဲ့ ဒိန်းမတ်တို့ သီးသန့်ဆောင်ရွက်ခြင်းထက် NATO ရဲ့ ကြီးကြပ်ကွပ်ကဲမှုအောက်သို့ ရောက်ရှိစေမယ်လို့ ဒိန်းမတ်က ပြောကြားထားပါတယ်။
■ ဒီသဘောတူညီချက်ဟာ ရုရှားနဲ့ တရုတ်တို့လို ပြိုင်ဘက်နိုင်ငံများ ဂရင်းလန်းကျွန်းပေါ် စစ်ရေး ဒါမှမဟုတ် စီးပွားရေးအရ ခြေကုပ်ယူခြင်းကို တားဆီးရန် ရည်ရွယ်ပါတယ်။
■ လက်မှတ်ရေးထိုးပွဲကို နယူးယော့ခ်မြို့ရှိ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ပြုလုပ်ရန် လျာထားပါတယ်။
Source: Reuters
#World_Health
Published 22 September 2026
■ Moderna နဲ့ Merck တို့ဟာ intismeran autogene လို့ခေါ်တဲ့ အဆင့် ၃ သီးသန့်မော်လီကျူးအခြေပြု(mRNA) ကင်ဆာကာကွယ်ဆေးကို တီထွင်ထုတ်လုပ်ခဲ့ကြပါတယ်။
■ ဒီကာကွယ်ဆေးဟာ ပထမအကြိမ် ကင်ဆာဖြစ်ပွားမှုကို ကာကွယ်ဖို့ မဟုတ်ဘဲ ခွဲစိတ်မှုပြုလုပ်ပြီးနောက် အရန်ကုထုံးအဖြစ် ထုတ်လုပ်ထားခြင်း ဖြစ်ပါတယ်။
■ ကျန်ရှိနေတဲ့ ကင်ဆာဆဲလ်များကို ပစ်မှတ်ထားဖျက်ဆီးပြီး ရောဂါပြန်လည်ထကြွမှုကို ကာကွယ်ဖို့အတွက် Keytruda(pembrolizumab)ဆေးနဲ့ တွဲဖက်အသုံးပြုပါတယ်။
■ အန္တရာယ်များတဲ့ အရေပြားကင်ဆာလူနာ ၁.၁၃၇ ဦးပါဝင်ကာ INTerapath-001 စမ်းသပ်မှုမှာ အဆိုပါ တွဲဖက်ကုသမှုက ကင်ဆာပြန်လည်ဖြစ်ပွားမှုနဲ့ အခြားနေရာများသို့ ပျံ့နှံ့မှုအန္တရာယ်ကို လျှော့ချပေးနိုင်ခဲ့ပါတယ်။
■ ခွဲစိတ်မှုအပြီး သီးခြားဗီဇပြောင်းလဲမှုများကို ပစ်မှတ်ထားနိုင်တဲ့ သီးသန့်ကာကွယ်ဆေး
ထုတ်လုပ်ရန်အတွက် လူနာရဲ့ အကျိတ် DNA ကို အစီအစဉ်တကျ ဓာတ်ခွဲစစ်ဆေးပါတယ်။
■ ဗီဇပြောင်းလဲမှုနှုန်း မြင့်မားခြင်းကြောင့် အရေပြားကင်ဆာဟာ သီးသန့်ကုထုံးများအတွက် ပထမဆုံးစတင်ဖို့ အကောင်းဆုံးပစ်မှတ် ဖြစ်လာပါတယ်။
■ ဒီသီးသန့်ကုထုံးနည်းပညာကို အဆုတ်၊ ဆီးအိမ်၊ ကျောက်ကပ်၊ မုန့်ချိုအိတ်ကင်ဆာတွေမှာပါ အသုံးပြုနိုင်ရန် ဆေးဝါးစမ်းသပ်မှုများ တိုးချဲ့ဆောင်ရွက်လျက်ရှိပါတယ်။
■ သီးသန့်ထုတ်လုပ်ရခြင်းနဲ့ ကုန်ကျစရိတ် မြင့်မားခြင်းတို့ကြောင့် လူတိုင်းအသုံးပြုနိုင်ရေးကတော့ စိန်ခေါ်မှုတွေ ဖြစ်နေဆဲပါ။
Source: India Today
#World_Health
Published 22 September 2026
■ ကလေးရဲ့ ပထမဆုံးရက် ၁ ထောင်အတွင်း သကြားစားသုံးမှု လျှော့ချပေးခြင်းဖြင့် နောင်ဆယ်စုနှစ်တွေအကြာမှာ ကင်ဆာဖြစ်ပွားနိုင်ခြေ လျှော့ချပေးနိုင်ပြီး ဇီဝဆိုင်ရာ အိုမင်းရင့်ရော်မှုကိုလည်း နှေးစေနိုင်ပါတယ်။
■ ထိုအချိန်ကာလဟာ မိခင်ဝမ်းဗိုက်ထဲ စတင်သန္ဓေတည်ချိန်မှစပြီး အသက် ၂ နှစ်ပြည့်အထိ ဖြစ်ပါတယ်။
■ သုတေသီများဟာ ၁၉၅၁ မှ ၁၉၅၆ အတွင်း မွေးဖွားခဲ့တဲ့ UK Biobank မှ ၆၄,၀၀၀ ကျော်ရဲ့ ကျန်းမာရေးမှတ်တမ်းများကို လေ့လာဆန်းစစ်ခဲ့ကြပါတယ်။
■ ဒီလေ့လာမှုဟာ ၁၉၅၃ စက်တင်ဘာလမှာ ဗြိတိန်ရဲ့ စစ်ပြီးခေတ် သကြားခွဲတမ်းစနစ် ပြီးဆုံးခဲ့တဲ့ဖြစ်စဉ်ကို သဘာဝအလျောက် နှိုင်းယှဉ်ချက်အုပ်စုအဖြစ် သတ်မှတ်ထားတာ ဖြစ်ပါတယ်။
■ သကြားခွဲတမ်းစနစ် ပြီးဆုံးပြီးနောက် အခြားအစားအစာများ စားသုံးမှုမှာ အပြောင်းအလဲမရှိဘဲ တစ်နေ့တာ ပျမ်းမျှသကြားစားသုံးမှု နှစ်ဆနီးပါး မြင့်တက်သွားခဲ့ပါတယ်။
■ သကြားခွဲတမ်းရှိစဉ်က သန္ဓေတည်ခဲ့သူများနဲ့ ပြီးဆုံးပြီးနောက်မှ သန္ဓေတည်ခဲ့သူများကို နှစ်ပေါင်း ၅၀ အကြာမှာ ကျန်းမာရေးရလဒ်များ နှိုင်းယှဉ်ကြည့်ရှုခဲ့ကြပါတယ်။
■ ငယ်စဉ်တည်းက သကြားအလွန်အကျွံ စားသုံးမှုကို ထိန်းချုပ်ခြင်းဟာ နောင်အချိန် ရောဂါများဖြစ်ပေါ်စေတဲ့ ခန္ဓာကိုယ်တွင်းပြဿနာများကို လျှော့ချပေးနိုင်ကြောင်း ကျွမ်းကျင်သူများ ထောက်ပြထားပါတယ်။
■ ကင်ဆာရောဂါ အထူးကုဆရာဝန်များက စားသောက်မှုပုံစံကို အလွန်အကဲ ကန့်သတ်ခြင်း၊ ကြိုက်နှစ်သက်တဲ့ အစားအစာများကို လုံးဝမစားဘဲ ရှောင်ကြဉ်ခြင်းထက် မျှတတဲ့ အာဟာရဓာတ် ရရှိရေးကိုသာ အဓိကထား ဆောင်ရွက်သင့်ကြောင်း အကြံပြုထားပါတယ်။
Source: Fox News
နေပြည်တော်၊ စက်တင်ဘာ ၂၁
လယ်ယာနှင့် မွေးမြူရေးကဏ္ဍကို ရိုးရာထုတ်လုပ်မှုစနစ်မှ ခေတ်မီ၊ ထိရောက်ပြီး ရေရှည်တည်တံ့သည့် ထုတ်လုပ်မှုစနစ်သို့ ပြောင်းလဲကာ ကုန်ကြမ်းအဆင့်မှ တန်ဖိုးမြှင့်ထုတ်ကုန်၊ စက်မှုလုပ်ငန်းနှင့် ပြည်တွင်း၊ ပြည်ပဈေးကွက်အထိ တန်ဖိုးကွင်းဆက်တစ်လျှောက် ချိတ်ဆက်ဖော်ဆောင်၍ နိုင်ငံ့ထုတ်ကုန်နှင့် ပြည်သူ့ဝင်ငွေ တိုးတက်စေရန် ဆောင်ရွက်သွားကြရမည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။
နိုင်ငံတော်သမ္မတက စက်တင်ဘာ ၂၁ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၁ (MICC-1) ၌ ကျင်းပသည့် “လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုမှသည် နိုင်ငံ့ထုတ်ကုန် တိုးတက်မှုသို့” အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲတွင် အဖွင့်အမှာစကား ပြောကြားရာ၌ ယင်းသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော်သမ္မတက မြန်မာနိုင်ငံ လူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်သည် ကျေးလက်ဒေသများတွင် နေထိုင်ကြပြီး အလုပ်လုပ်ကိုင်သူများအနက် ၅၀ ရာခိုင်နှုန်းကျော်သည် လယ်ယာ၊ သားငါးနှင့် သစ်တောကဏ္ဍတို့တွင် လုပ်ကိုင်နေကြသဖြင့် ကျေးလက်နေပြည်သူများ၏ ဝင်ငွေတိုးတက်ရေးသည် အရေးကြီးကြောင်း ပြောသည်။
လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို စိုက်ပျိုးထုတ်လုပ်မှုပမာဏ တိုးမြှင့်ရေးအဖြစ်သာ မမြင်သင့်ဘဲ ထုတ်လုပ်မှု၊ ကုန်ကြမ်း၊ ပြုပြင်ထုတ်လုပ်မှု၊ တန်ဖိုးမြှင့်ထုတ်ကုန်၊ စက်မှုလုပ်ငန်း၊ ပြည်တွင်းစားသုံးမှုနှင့် ပြည်ပပို့ကုန်အထိ တန်ဖိုးကွင်းဆက်တစ်ခုလုံးကို ချိတ်ဆက်စဉ်းစားရန် လိုအပ်ကြောင်း နိုင်ငံတော်သမ္မတက ဆိုသည်။
ယင်းသို့ ဆောင်ရွက်နိုင်ပါက တောင်သူများ၏ ဝင်ငွေတိုးတက်လာခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ တိုးပွားလာခြင်း၊ ပြည်တွင်းကုန်ထုတ်လုပ်မှုနှင့် ပို့ကုန်တိုးတက်လာခြင်းတို့မှတစ်ဆင့် နိုင်ငံ့ထုတ်ကုန်နှင့် စီးပွားရေးတိုးတက်လာနိုင်မည်ဟု ပြောကြားသည်။
လက်ရှိကာလတွင် အခြေခံစားသောက်ကုန်ဈေးနှုန်းများ မြင့်တက်နေခြင်းသည် ပြည်သူများ၏ နေ့စဉ်ဘဝအတွက် စိန်ခေါ်မှုဖြစ်နေပြီး ယင်းမှာ ထုတ်လုပ်မှုနှင့် စားသုံးမှု မမျှတခြင်း၊ ထုတ်လုပ်မှုကုန်ကျစရိတ်နှင့် သယ်ယူပို့ဆောင်ရေးစရိတ် မြင့်မားခြင်းတို့နှင့် သက်ဆိုင်နေကြောင်း နိုင်ငံတော်သမ္မတက ပြောသည်။ ထို့ကြောင့် စားနပ်ရိက္ခာထုတ်လုပ်မှု ပမာဏတိုးမြှင့်ကာ ပြည်တွင်းလိုအပ်ချက်ကို လုံလောက်စွာ ဖြည့်ဆည်းနိုင်ရေး လိုအပ်ကြောင်း ထည့်သွင်းပြောကြားသည်။
နိုင်ငံတော်သမ္မတက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် စပါးစိုက်ဧက စုစုပေါင်း ၁၇ ဒသမ ၄ သန်းခန့်ရှိပြီး ပျမ်းမျှအထွက်နှုန်း ၈၅ တင်းခန့်သာရှိကြောင်း၊ ပန်းတိုင်အထွက်နှုန်းအတိုင်း ထုတ်လုပ်နိုင်ပါက လက်ရှိထက် အမေရိကန်ဒေါ်လာ ၃ ဘီလီယံခန့် ပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း ပြောသည်။
ထို့ပြင် နိုင်ငံတော်က အားပေးစိုက်ပျိုးနေသည့် သီးနှံကိုးမျိုးကို ဒေသအလိုက် ရာသီဥတုနှင့် မြေအမျိုးအစားအရ သင့်လျော်သည့်နေရာများတွင် တိုးချဲ့စိုက်ပျိုးကာ ပန်းတိုင်အထွက်နှုန်းရရှိအောင် ဆောင်ရွက်နိုင်ပါက ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၆ ဒသမ ၅ ဘီလီယံခန့် ပိုမိုရရှိနိုင်မည်ဟု ဆိုသည်။
စားသုံးဆီကဏ္ဍတွင် မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲပုပ်နှင့် ဆီအုန်းကဲ့သို့ ဆီထွက်သီးနှံများကို ဒေသအလိုက် တိုးချဲ့စိုက်ပျိုးရန်၊ ထုတ်လုပ်မှုကုန်ကျစရိတ် လျှော့ချရန်နှင့် စားအုန်းဆီတင်သွင်းမှုကို အဆင့်လိုက်လျှော့ချနိုင်ရေး ဆောင်ရွက်ရန် လိုအပ်ကြောင်း နိုင်ငံတော်သမ္မတက ပြောသည်။
ထို့အပြင် ဆန်စပါးမှ ထွက်ရှိသည့် ဖွဲနု၊ ဖွဲကြမ်း၊ ဆန်ကွဲနှင့် စပါးခွံကဲ့သို့ ဘေးထွက်ပစ္စည်းများကို စားသုံးဆီ၊ တိရစ္ဆာန်အစာနှင့် လောင်စာအဖြစ် ပြန်လည်အသုံးချနိုင်ပြီး ထုတ်ကုန်တစ်မျိုးတည်းအပေါ် မူတည်ခြင်းမဟုတ်ဘဲ ဘေးထွက်ပစ္စည်းများကိုပါ တန်ဖိုးဖန်တီးအသုံးချရန် လိုအပ်ကြောင်း ဆိုသည်။
မွေးမြူရေးကဏ္ဍနှင့်ပတ်သက်၍လည်း ကြက်၊ ဝက်၊ ဆိတ်၊ နွားနှင့် ငါးမွေးမြူရေးတို့တွင် မျိုးကောင်းမျိုးသန့်၊ အစာစရိတ်၊ နည်းပညာနှင့် ဈေးကွက်ချိတ်ဆက်မှုတို့ကို မြှင့်တင်ကာ ပြည်တွင်းစားသုံးမှုလိုအပ်ချက် ဖြည့်ဆည်းနိုင်ရေးနှင့် ပိုလျှံထုတ်ကုန်များကို ပြည်ပဈေးကွက်သို့ တင်ပို့နိုင်ရေး ရည်မှန်းဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောသည်။
လယ်ယာထွက်ကုန်များကို ကုန်ကြမ်းအတိုင်း ရောင်းချခြင်းထက် Agro-based Industries များ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန်လိုပြီး ဆန်၊ ပဲ၊ ဆီထွက်သီးနှံ၊ ဝါ၊ ဝါး၊ ကော်ဖီနှင့် သစ်သီးဝလံများကို ပြုပြင်ထုတ်လုပ်ခြင်း၊ ထုပ်ပိုးခြင်း၊ အရည်အသွေးမြှင့်တင်ခြင်းနှင့် အမှတ်တံဆိပ် ဖော်ဆောင်ခြင်းတို့မှတစ်ဆင့် တန်ဖိုးမြင့်ထုတ်ကုန်များအဖြစ် ပြောင်းလဲထုတ်လုပ်ရန် လိုအပ်ကြောင်း နိုင်ငံတော်သမ္မတက ပြောသည်။
ဒေသတစ်ခုချင်းစီ၏ သဘာဝအရင်းအမြစ်၊ ရာသီဥတုနှင့် မြေဆီလွှာဆိုင်ရာ အားသာချက်များကို အခြေခံ၍ One Region One Product (OROP) ပုံစံဖြင့် ဒေသထွက်ကုန်များကို ရွေးချယ်ကာ အရည်အသွေးမြှင့်တင်ခြင်း၊ တန်ဖိုးမြှင့်ထုတ်လုပ်ခြင်း၊ အမှတ်တံဆိပ်ဖော်ဆောင်ခြင်းနှင့် ပြည်တွင်း၊ ပြည်ပဈေးကွက်ချိတ်ဆက်ခြင်းတို့ကို စနစ်တကျ ဆောင်ရွက်နိုင်ကြောင်းလည်း ဆိုသည်။

နိုင်ငံတော်သမ္မတက အလုပ်ရုံဆွေးနွေးပွဲမှ အခြေအနေသုံးသပ်ချက်များသာမက ဦးစားပေး ဆောင်ရွက်ရမည့် ကဏ္ဍများ၊ မဟာဗျူဟာလုပ်ငန်းစဉ်များ၊ နှစ်တိုနှင့် နှစ်လတ်လုပ်ငန်းစီမံချက်များ၊ တာဝန်ယူမည့်အဖွဲ့အစည်းများ၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ နည်းပညာနှင့် လူ့စွမ်းအားအရင်းအမြစ် လိုအပ်ချက်များ၊ ဈေးကွက်နှင့် ပို့ကုန်ချိတ်ဆက်ရေး နည်းလမ်းများ ပါဝင်သည့် လက်တွေ့အကောင်အထည်ဖော်နိုင်သော Action Plan များ ထွက်ပေါ်လာရန် လိုအပ်ကြောင်း ပြောကြားသည်။
ယင်းလုပ်ငန်းစဉ်များ အောင်မြင်ရေးအတွက် အစိုးရ၊ တောင်သူလယ်သမားများ၊ ပုဂ္ဂလိကကဏ္ဍ၊ စက်မှုလုပ်ငန်းရှင်များ၊ ကုန်သည်များ၊ ဘဏ်နှင့် ငွေရေးကြေးရေးအဖွဲ့အစည်းများ၊ တက္ကသိုလ်များ၊ သုတေသနအဖွဲ့အစည်းများနှင့် နည်းပညာရှင်များ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း နိုင်ငံတော်သမ္မတက တိုက်တွန်းပြောကြားခဲ့သည်။
အခမ်းအနားသို့ သက်ဆိုင်ရာ တာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ပညာရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပြီး အခမ်းအနားအပြီးတွင် အလုပ်ရုံဆွေးနွေးပွဲအထိမ်းအမှတ် ပြခန်းများကို လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

#Local_News
Published 21 September 2026
■ တရုတ်နိုင်ငံ ပေကျင်းမြို့၌ကျင်းပသည့်(၁၃) ကြိမ်မြောက် ပေကျင်းရှန်ဆန်းဖိုရမ်သို့ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးထွန်းအောင် ဦးဆောင်သော
မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက်ခဲ့ကြောင်းသိရသည်။
■ အဆိုပါ (၁၃) ကြိမ်မြောက် ပေကျင်းရှန်ဆန်းဖိုရမ်ကိုပေကျင်းမြို့၌ ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၅ ရက်မှ ၁၇ ရက်အထိကျင်းပခဲ့ခြင်းဖြစ်ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနဝန်ကြီး ရေတပ်ဗိုလ်ချုပ်ကြီး တုံကျွင်း (Admiral Dungjun) ၏ ဖိတ်ကြားချက်အရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး ထွန်းအောင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက်ခဲ့ခြင်းဖြစ်သည်။
■ ခရီးစဉ်အတွင်း တရုတ်နိုင်ငံ အမျိုးသားကာကွယ်ရေးဝန်ကြီးဗိုလ်ချုပ်ကြီး တုံကျွင်းက ပေကျင်း အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (Beijing International Convention Center)၌ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုခဲ့ပြီး မြန်မာ-တရုတ် နှစ်နိုင်ငံကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များနှင့် နှစ်နိုင်ငံ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးဆိုင်ရာ ကိစ္စများကို ဆွေးနွေးခဲ့ကြသည်။
■ ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က တည်ခင်းဧည့်ခံသော ဖိုရမ်ဖွင့်ပွဲ ကြိုဆိုနှုတ်ခွန်းဆက် ညစာစားပွဲသို့ ပါဝင်တက်ရောက်ခဲ့သည်။
■ စက်တင်ဘာ ၁၆ ရက်တွင် ဖိုရမ်ပထမနေ့ စုံညီအစည်းအဝေးသို့ ပါဝင်တက်ရောက်ခဲ့သည့် အပြင် ဖိုရမ်သို့ ပါဝင်တက်ရောက်လျက်ရှိသည့် ဒေသတွင်းနှင့် အိမ်နီးချင်းနိုင်ငံများမှ ကာကွယ်ရေးဝန်ကြီးများနှင့် နှစ်နိုင်ငံအလွတ်သဘောသီးသန့် တွေ့ဆုံမှုများကိုလည်း ဆောင်ရွက်ခဲ့သည်။
■ ညနေပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားကာကွယ်ရေးဝန်ကြီးက ပေကျင်းမြို့ စစ်သမိုင်းပြတိုက်တွင် တည်ခင်းဧည့်ခံသော ဂုဏ်ပြုညစာစားပွဲအခမ်းအနားသို့ ပါဝင်တက်ရောက်ခဲ့သည်။
■ စက်တင်ဘာ ၁၇ ရက်တွင် BICC ၌ ကျင်းပသော ဖိုရမ်ဒုတိယနေ့ စုံညီအစည်းအဝေးသို့ တက်ရောက်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စိန်ခေါ်မှုများနှင့်အခန်းကဏ္ဍခေါင်းစဉ်ဖြင့် ပါဝင်ဆွေးနွေးကာ တက်ရောက်လာသူများ၏ မေးမြန်းချက်များကို ပြန်လည်ဆွေးနွေးဖြေကြားခဲ့သည်။
■ (၁၃) ကြိမ်မြောက် ပေကျင်းရှန်ဆန်းဖိုရမ်သို့ နိုင်ငံပေါင်း ၁၀၀ ကျော်မှ ကာကွယ်ရေးဝန်ကြီးများ၊ လုံခြုံရေးနှင့်သက်ဆိုင်သော အဆင့်မြင့်အရာရှိကြီးများနှင့် နိုင်ငံတကာလုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ လေ့လာသူများ ပါဝင်တက်ရောက်ခဲ့ကြသည်။
■ ခရီးစဉ်အတွင်း ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ စစ်ဘက်နည်းပညာဆိုင်ရာ ကုမ္ပဏီများကိုလည်း ကြည့်ရှုလေ့လာခဲ့သည်။
■ ထို့ပြင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် မြန်မာသံရုံး (ပေကျင်း) သို့သွားရောက်၍ သံရုံးနှင့် စစ်သံရုံးတို့မှ အရာရှိ/ စစ်သည်/ မိသားစုဝင်များနှင့် သင်တန်းသားများအား တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။
#YMG/NN #Yangon_Times
#World_News
အိန္ဒိယ | ၂၀၂၆ ခုနှစ် စက်တင်ဘာ ၂၁ ရက်
■ အိန္ဒိယနိုင်ငံသား ရှရီကန့်ပန်ဒေး သည် မိခင်ဖြစ်သူ ကင်ဆာရောဂါဖြင့် ကွယ်လွန်ပြီးနောက် မိသားစုနှင့်အတူ ကုန်ဆုံးရမည့်အချိန်၏ တန်ဖိုးကို ပိုမိုသိရှိလာခဲ့သဖြင့် အလုပ်ထွက်ပြီး အသက် ၈၀ အရွယ် ဖခင်နှင့်အတူခရီးထွက်ရန်ဆုံးဖြတ်ခဲ့ကြောင်း NDTV က ဖော်ပြသည်။
■ ရှရီကန့်သည် ဖခင်ဖြစ်သူ သွားရောက်လိုခဲ့သည့်နေရာများကို လိုက်လံပို့ဆောင်ပေးနေပြီး မကြာသေးမီက ဖခင်၏ ဘဝတစ်လျှောက် ပထမဆုံးလေယာဉ်စီးခရီးစဉ်ကိုလည်း မှတ်တမ်းတင်ခဲ့သည်။
■ လေယာဉ်ကို ပထမဆုံးမြင်တွေ့ချိန်မှ ပြတင်းပေါက်ဘေးတွင် ထိုင်ကာ အပြင်ဘက်ရှုခင်းကို ကြည့်ရှုနေသည့်အချိန်အထိ ဖခင်၏ပျော်ရွှင်မှုကို ဗီဒီယိုတွင်မြင်တွေ့ရသည်။
■ ရှရီကန့်က ယင်းဗီဒီယိုကို လူမှုကွန်ရက်တွင် မျှဝေပြီး အသက် ၈၀ ရောက်မှ အကောင်အထည်ပေါ်လာသည့် အိပ်မက်တစ်ခုဟု ရေးသားခဲ့သည်။
■ ဖခင်နှင့်သားအကြား သံယောဇဉ်ကို ပြသသည့် ဗီဒီယိုမှာ လူမှုကွန်ရက်အသုံးပြုသူများကြား အာရုံစိုက်မှုရရှိခဲ့ပြီး မိဘများနှင့် အချိန်ပေးနေထိုင်ရန် အရေးကြီးကြောင်း ပြောဆိုမှုများလည်း ပေါ်ထွက်ခဲ့သည်။
Source: NDTV
#Local_News
Published 21 September 2026
■ အရဟံဖောင်ဒေးရှင်း၏ (၆)နှစ်ပြည့်အထိမ်းအမှတ် "ဩဝါဒခံယူပွဲ၊ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ၊အာစရိယပူဇော်ပွဲနှင့် အရဟံ သာသနာပြုဓမ္မကောလိပ် ကျောင်းသား/သူများ၏ စာတမ်းဖတ်ပွဲအခမ်းအနားကို စက်တင်ဘာ၂၀ ရက်နေ့က ရန်ကုန်မြို့၊မရမ်းကုန်းမြို့နယ်ရှိ ဇမ္ဗူသီရိဗိမ္မာန်တော်၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
■ သင်ကြား/စီမံဆရာတော်များနှင့် ကျောင်းသား/သူများ၊ ဧည့်သည်တော် များက "နမောတဿ" (၃) ကြိမ်ရွတ်ဆို ဘုရားရှိခိုး၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး အရဟံဖောင်ဒေးရှင်း (၆) နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားနှင့်စပ်လျဉ်း၍ အရဟံဖောင်ဒေးရှင်းတည်ထောင်သူနှင့် ပဓာနဦးဆောင်ဆရာတော် "ဓမ္မဝီရဒေါက်တာအရှင်တေဇနိယ" က မိန့်ကြားခဲ့ကြောင်း သိရသည်။
■ ထို့အပြင် အရဟံဖောင်ဒေးရှင်း ဦးဆောင်နာယကဆရာတော် ပါမောက္ခဒေါက်တာအရှင်သာဓိန အား "သဘာပတိဆရာတော်"အဖြစ် တင်မြှောက်ခြင်း ၊ "ယနေ့ခေတ်တွင် ဘာသာမဲ့လူငယ်များ များပြားလာရခြင်းအကြောင်းကို လေ့လာသုံးသပ်ခြင်း" စာတမ်းကို အရဟံ သာသနာပြုဓမ္မကောလိပ် ကျောင်းထိုင်ဆရာတော်များ၊ ဓမ္မာစရိယကျမ်းပြီး၊ကျမ်းစွဲဆရာတော်များဆိုင်ရာ B.A (Buddhist Missionary) "အရဟံ သာသနဟိတဓမ္မာစရိယ၊အရဟံသာသနဟိတဂဏဝါစက"တန်း သံဃာတော်များက တင်သွင်းဖတ်ကြားခြင်းများပြုလုပ်ခဲ့ကြောင်းသိရသည်။
■ ၎င်းအပြင် "မိမိပတ်ဝန်းကျင်ရှိ ဗုဒ္ဓဘာသာဝင်တို့၏ ဘာသာရေးအခြေအနေကို လေ့လာသုံးသပ်ခြင်း" စာတမ်းကို အရဟံ သာသနာပြုဓမ္မကောလိပ် လူပုဂ္ဂိုလ် ဒကာ၊ဒကာမများဆိုင်ရာ Diploma in Dhamma Studies (အရဟံ ဓမ္မမာမက) တန်း ကျောင်းသား/သူများက တင်သွင်းဖတ်ကြားခဲ့ပြီး "မျက်မှောက်ခေတ် မြန်မာပြည်ဗုဒ္ဓသာသနာနှင့် သီလရှင်ဆရာလေးများ၏ အခန်းကဏ္ဍကို လေ့လာသုံးသပ်ခြင်း" စာတမ်းကို အရဟံ သာသနာပြုဓမ္မကောလိပ် Diploma in Araham Missionary (သာသနဟိတာရမ္ဘ) တန်းနှင့် B.A (Buddhist Missionary ) "အရဟံ သာသနဟိတဓမ္မာစရိယ၊အရဟံသာသနဟိတဂဏဝါစက" တန်း ဆရာလေးများက တင်သွင်းဖတ်ကြားခဲ့ပြီး "ဗုဒ္ဓတရားတော်များသည် ချမ်းသာကြီးပွားခြင်းကိုအားမပေးဟူသော စကားသည် မှန်၊မမှန် လေ့လာသုံးသပ်ခြင်း" စာတမ်းကို အရဟံသာသနာပြုဓမ္မကောလိပ် လူပုဂ္ဂိုလ် ဒကာ၊ဒကာမများဆိုင်ရာ B.A (Dhamma studies Studies ) တန်း ကျောင်းသား/သူများက တင်သွင်းဖတ်ကြားခဲ့ကြောင်းသိရသည်။
■ ထို့နောက် နေ့လယ်ပိုင်းအစီအစဉ်များအနေဖြင့်အရဟံသာသနာပြု ဓမ္မကောလိပ်သင်ကြားရေးဆရာ၊ဆရာမများအား ၂၀၂၅/၂၀၂၆ ပညာသင်နှစ် အတွင်း 'အရဟံဖောင်ဒေးရှင်း 'ကထုတ်ဝေခဲ့သည့် ပညာရေးအထောက်အကူပြုကျမ်းစာများနှင့် အာစရိယပူဇာ လက်ဆောင်များပေးအပ်ခြင်း၊အရဟံဖောင်ဒေးရှင်း ဩဝါဒစရိယ ကျောက်မဲ ဆရာတော်ကြီးကဒက္ခိဏောဒက ရေစက်သွန်းချ အမျှပေးဝေပြီးနောက် အဓိပတိဆရာတော်အမှူးပြုသောသင်ကြား/စီမံ ဆရာတော်များနှင့်ကျောင်းသား/ကျောင်းသူများ ၊ဧည့်သည်တော်များ က " ဗုဒ္ဓသာသနာ စိရံတိဌတု "သုံးကြိမ်ရွတ်ဆိုအဓိဌာန်ပြုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#World_News
Published 21 September 2026
■ အမေရိကန်နဲ့ စစ်ပွဲပြန်လည်စတင်လာပါက အိန္ဒိယသမုဒ္ဒရာအတွင်းရှိ အမေရိကန် စစ်သင်္ဘောများကို ပစ်မှတ်ထား တိုက်ခိုက်သွားမယ်လို့ အီရန်က သတိပေးခဲ့ပါတယ်။
■ အီရန်က ကြီးမားတဲ့ ရေတပ်ရင်ဆိုင်တိုက်ပွဲအတွက် စွမ်းဆောင်ရည်များကို မြှင့်တင်ထားကြောင်း လုံခြုံရေးကောင်စီ အတွင်းရေးမှူး မိုဆန်ရေဇာအီက ပြောခဲ့ပါတယ်။
■ ရန်က အသံထက်မြန် ဒုံးကျည်များရဲ့ အရှိန်ကို Mach 6 မှ Mach 10 သို့ တိုးမြှင့်ခဲ့ကြောင်း ရေဇာအီက အခိုင်အမာ ပြောဆိုခဲ့ပါတယ်။
■ အီရန်က စစ်ပွဲပိုမိုကြီးထွားလာနိုင်မှုအတွက် ပြင်ဆင်တဲ့အနေဖြင့် လျှပ်စစ်ဓာတ်အားသုံး စစ်ဆင်ရေးစနစ်များနဲ့ လေကြောင်းရန်ကာကွယ်ရေးများကိုလည်း အဆင့်မြှင့်တင်ထားပါတယ်။
■ အမေရိကန်က ပဋိပက္ခကို ထပ်မံစတင်ပါက ပိုမိုပြင်းထန်များပြားတဲ့ တိုက်ခိုက်မှုတွေ လုပ်ဆောင်သွားမယ်လို့ ရေဇာအီက ဆိုပါတယ်။
■ ပါလီမန်ဥက္ကဌ မိုဟာမက်ဂါလီဘတ်က အနောက်အာရှရှိ အမေရိကန်စနစ်ဟောင်းမှာ ပြိုလဲသွားပြီလို့ ကြေညာခဲ့ပါတယ်။
■ အမေရိကန်က ကတိကဝတ်များကို မကျေပွန်မချင်း ဟော်မုဇ်ရေလက်ကြားကို ဆက်လက်ပိတ်ထားမယ်လို့ ဂါလီဘတ်က အလေးပေးပြောကြားခဲ့ပါတယ်။
■ ပဋိပက္ခအဆုံးသတ်ရန် ယင်းတို့ရဲ့ အခြေအနေများကို ကြားခံများမှတဆင့် အမေရိကန်သို့ အကြောင်းကြားထားကြောင်း အီရန်က ပြောကြားခဲ့ပါတယ်။
Source: WION
Page 22 of 2096