#World_News
အိန္ဒိယ | ၂၀၂၆ ခုနှစ် စက်တင်ဘာ ၂၁ ရက်
■ အိန္ဒိယနိုင်ငံသား ရှရီကန့်ပန်ဒေး သည် မိခင်ဖြစ်သူ ကင်ဆာရောဂါဖြင့် ကွယ်လွန်ပြီးနောက် မိသားစုနှင့်အတူ ကုန်ဆုံးရမည့်အချိန်၏ တန်ဖိုးကို ပိုမိုသိရှိလာခဲ့သဖြင့် အလုပ်ထွက်ပြီး အသက် ၈၀ အရွယ် ဖခင်နှင့်အတူခရီးထွက်ရန်ဆုံးဖြတ်ခဲ့ကြောင်း NDTV က ဖော်ပြသည်။
■ ရှရီကန့်သည် ဖခင်ဖြစ်သူ သွားရောက်လိုခဲ့သည့်နေရာများကို လိုက်လံပို့ဆောင်ပေးနေပြီး မကြာသေးမီက ဖခင်၏ ဘဝတစ်လျှောက် ပထမဆုံးလေယာဉ်စီးခရီးစဉ်ကိုလည်း မှတ်တမ်းတင်ခဲ့သည်။
■ လေယာဉ်ကို ပထမဆုံးမြင်တွေ့ချိန်မှ ပြတင်းပေါက်ဘေးတွင် ထိုင်ကာ အပြင်ဘက်ရှုခင်းကို ကြည့်ရှုနေသည့်အချိန်အထိ ဖခင်၏ပျော်ရွှင်မှုကို ဗီဒီယိုတွင်မြင်တွေ့ရသည်။
■ ရှရီကန့်က ယင်းဗီဒီယိုကို လူမှုကွန်ရက်တွင် မျှဝေပြီး အသက် ၈၀ ရောက်မှ အကောင်အထည်ပေါ်လာသည့် အိပ်မက်တစ်ခုဟု ရေးသားခဲ့သည်။
■ ဖခင်နှင့်သားအကြား သံယောဇဉ်ကို ပြသသည့် ဗီဒီယိုမှာ လူမှုကွန်ရက်အသုံးပြုသူများကြား အာရုံစိုက်မှုရရှိခဲ့ပြီး မိဘများနှင့် အချိန်ပေးနေထိုင်ရန် အရေးကြီးကြောင်း ပြောဆိုမှုများလည်း ပေါ်ထွက်ခဲ့သည်။
Source: NDTV