CarsDB မှကြီးမှူးကျင်းပတဲ့ Brand New ကား ၊ Used ကားကို BMF အရစ်ကျစနစ်နဲ့ တစ်ထိုင်တည်းလျှောက်ထားဝယ်ယူနိုင်မယ့် ကားအရောင်းပြပွဲကြီးကို ရန်ကုန်မြို့မှာသုံးရက်တာကျင်းပနေတယ်လို့သိရပါတယ်။
#Local_News
Published 22 November 2025
#ကား #Brand_New
#YMG/NN #Yangon_Times
“ပွင့်လင်းရာသီရောက်နေပေမဲ့ အဝေးပြေးကုန်စည်ပိုဆောင်ရေးလုပ်ငန်းတွေ ယခင်နှစ်ကလို အလုပ်မကောင်းဘူးလို သိရပါတယ်”
ဒါကြောင့် လက်ရှိအဝေးပြေးကုန်စည်ပိုဆောင်ရေးလုပ်ငန်းတွေ ဘယ်လိုလုပ်ဆောင်နေကြရသလဲ ဆိုတာ နဲ့ ပတ်သက်လို မြန်မာနိုင်ငံအဝေးပြေးကုန်စည်ပိုဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးကျင်သိန်းကို ရန်ကုန်မီဒီယာဂရု(ပ်) ကအခုလိုသီးသန့် တွေ့ဆုံမေးမြန်းခဲ့ပါတယ်။
#Local_News
Published 22 November 2025
#ပွင့်လင်းရာသီ #အဝေးပြေးကုန်စည်ပိုဆောင်ရေး
#YMG/PP #Yangon_Times
#Daily_News
Published 22 November 2025
၁။ အရစ်ကျပေးချေစနစ်ဖြင့်ဝယ်ယူနိုင်မည့် ကားအရောင်းပြပွဲကြီးကျင်းပနေ
၂။ SGFPC 2025ပြိုင်ပွဲတွင် မြန်မာမီးသတ်တပ်ဖွဲ့ဆုများရရှိ
၃။ ဂျပန်ဗီဇာလျှောက်ထားရေး စင်တာဖွင့်လှစ်မည်
၄။ တရုတ်လျှပ်စစ်ဆိုင်ကယ်နှင့်စက်ဘီးများ နိုင်ငံခြားဈေးကွက်သို့တင်ပို့မှုမြင့်တက်... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 22 November 2025
▪️ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ် (ရန်ကုန်၊ မန္တလေး) (၃၁) ကြိမ်မြောက် သာသနတက္ကသီလ မဟာဘွဲ့နှင်းသဘင်အခမ်းအနားကိုလာမည့်လအတွင်း ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။
▪️ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ် (ရန်ကုန်၊ မန္တလေး) တို့မှ ၁၃၈၄-၁၃၈၅ ပညာသင်နှစ်တွင် သာသနတက္ကသီလ မဟာဓမ္မာစရိယဘွဲ့ M.A ၂၄ ပါးနှင့် သာသနတက္ကသီလဓမ္မာစရိယဘွဲ့ B.A ၁၁၉ ပါး စုစုပေါင်း သံဃာတော်အရှင်သူမြတ် ၁၄၃ ပါးတို့ကို ဘွဲ့ဆက်ကပ်မည့် (၃၁) ကြိမ်မြောက် သာသနတက္ကသီလမဟာဘွဲ့နှင်းသဘင်အခမ်းအနားကို ၁၃၈၇ ခုနှစ် နတ်တော်လပြည်နေ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၄ ရက် (ကြာသပတေးနေ့) မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) မဟာဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါ ဘွဲ့ခံယူတော်မူမည့် သံဃာတော်အရှင်မြတ်များထံသို့ ပင့် လျှောက်လွှာများကို နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်၊ မန္တလေး) မော်ကွန်းထိန်းဌာနနှင့် ပြည်တွင်းသာသနာ ပြုဌာနခွဲတို့မှတစ်ဆင့် ပေးပို့ဆက်ကပ်ထားပြီးဖြစ်သည်။
▪️ ထို့အပြင် ပင့်လျှောက်လွှာလက်ခံရရှိခြင်းမရှိပါကလည်း ဘွဲ့နှင်းသဘင်ခန်းမသို့ ဒီဇင်ဘာ ၃ ရက် မွန်းလွဲ ၁ နာရီအရောက် အချိန်မီကြွရောက်တော်မူပါရန် ဘွဲ့ခံသံဃာတော်များအား သာသနာတော် ထွန်းကားပြန့်ပွားရေးဦးစီးဌာနက နှိုးဆော်ပင့်လျှောက်ထားပါကြောင်းနှင့် မဟာဘွဲ့နှင်းသဘင်အခမ်းအနားတွင် မြတ်စွာဘုရားတစ်ဆူအပါအဝင် ပင့်သံဃာတော် ၁၀၄ ပါး၊ ဘွဲ့ခံသံဃာတော် ၁၄၃ ပါး စုစုပေါင်း ၂၄၈ ပါးတို့ကို ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပမည်ဖြစ်ပါ၍ ဆွမ်းဆန်စိမ်းလောင်းလှူလိုသော ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့် တစ်ဦးချင်းပုဂ္ဂလိကအလှူရှင်များအနေဖြင့် နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ် (ရန်ကုန်) ဌာနခွဲ ဖုန်း ၀၉-၄၂၃၉၉၇၈၅၁၊ ၀၉-၂၅၉၆၂၈၁၆၄၊ ၀၉-၂၅၅၉၅-၃၁၇၅ သို့ ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာနမှ သိရသည်။
#YMG/NN #Yangon_Times
၂၂ နိုဝင်ဘာ၊၂၀၂၅-
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ဖြစ်သော FIFA သည် သဘာဝအရ နိုင်ငံသားပြုခွင့်ရရှိရေ စာရွက်စာတမ်းများကို မမှန်မကန် ပြင်ဆင်အသုံးပြုခဲ့သည်ဟု စွပ်စွဲခံထားရသော ကစားသမားခုနစ်ဦးအား ပိတ်ပင်လိုက်ပြီး နောက် မလေးရှားဘောလုံးအသင်း၏ ပြည်တွင်းလုပ်ငန်းဆောင်ရွက်မှုများကို တရားဝင် စုံစမ်းစစ်ဆေးမှု စတင်ရန် စီစဉ်နေသည်။
စက်တင်ဘာလနှောင်းပိုင်းတွင် FIFA ၏ စည်းကမ်းထိန်းသိမ်းရေးကော်မတီသည် ကစားသမား ခုနစ်ဦးဖြစ်သည့် - Gabriel Palmero ၊ Facundo Garcés၊ Rodrigo Holgado၊ Imanol Machuca၊ João Figueiredo၊ Hector Hevel နှင့် Jon Irazábal တို့အား နိုင်ငံတကာအဆင့်တွင် မလေးရှားနိုင်ငံကို ကိုယ်စားပြုနိုင်ရန်အတွက် စာရွက်စာတမ်း အတုများကို အသုံးပြုခဲ့ကြောင်း တွေ့ရှိရ ပြီးနောက် ၁၂ လ ပိတ်ပင်မှု ချမှတ်ခဲ့သည်။ ထို့အပြင် မလေးရှားဘောလုံးအဖွဲ့ချုပ် (FAM) အား ဆွစ်ဖရန့် ၃၅၀,၀၀၀ (အမေရိကန်ဒေါ်လာ ၄၃၉,၀၀၀ ခန့်) ဒဏ်ငွေပေးဆောင်ရန် အမိန့်ချခဲ့သည်။
စွပ်စွဲချက်အရ ထိုစာရွက်စာတမ်းများကို ယခင်က မလေးရှားတွင် နေထိုင်ခြင်း မရှိဖူးသော ထိုကစားသမားများသည် မလေးရှားမျိုးနွယ်မှ အဘိုးအဘွားများ ရှိကြောင်း သက်သေပြ ရန်အတွက် အသုံးပြုခဲ့ပြီး၊ ယင်းအား အသုံးပြု၍ သူတို့ကို မလေးရှားနိုင်ငံသားပြုခွင့် ရယူခဲ့ခြင်း ဖြစ်သည်။ FIFA က ယင်းသည် FIFA စည်းကမ်းထိန်းသိမ်းရေးဥပဒေပုဒ်မ ၂၂ ကို ချိုးဖောက်ခြင်း ဖြစ်သည်ဟု ပြောခဲ့သည်။
ကစားသမားခုနစ်ဦးစလုံးသည် ဇွန်လ ၁၀ ရက်နေ့တွင် ကျင်းပသော ၂၀၂၇ အာရှဖလား ခြေစစ်ပွဲ တတိယ အဆင့်တွင် ဗီယက်နမ်ကို ၄-၀ ဖြင့် အနိုင်ရရှိခဲ့သည့် မလေးရှားအသင်းတွင် ပါဝင်ခဲ့ကြပြီး၊ သူတို့အထဲမှ လေးဦး၏ ကစားခွင့်ကို FIFA မှ အတည်ပြုပေးပြီး တစ်ရက်အကြာတွင် ဖြစ်သည်။ (ကျန်သုံးဦးမှာ ဇွန်လ ၆ရက်နေ့တွင် ကစားခွင့်ရရှိခဲ့သည်)။ ထိုပွဲအပြီး မကြာမီတွင် FIFA သည် ယင်းတို့၏ ကစားခွင့် နှင့်ပတ်သက်၍ တိုင်ကြားချက်တစ်စောင် လက်ခံရရှိခဲ့ပြီး၊ ထိုတိုင်ကြားချက်တွင် ကစားသမားများ၏ “နိုင်ငံသားပြုလုပ်သည့် လုပ်ငန်းစဉ်နှင့် နိုင်ငံတကာပွဲဦးထွက်သည် မေးခွန်းထုတ်စရာအချိန်အတွင်း ဖြစ်ပေါ်ခဲ့သည်” ဟု တိုင်ကြားစာ၌ ဖော်ပြထားသည်။
မလေးရှားဘောလုံးအဖွဲ့ချုပ် သည် စည်းကမ်းထိန်းသိမ်းရေးကော်မတီ၏ ဆုံးဖြတ်ချက်ကို အယူခံဝင်ခဲ့ သော်လည်း နိုဝင်ဘာလ ၃ ရက်နေ့တွင် FIFA က ယင်းအယူခံကို ပယ်ချခဲ့သည်။
အင်္ဂါနေ့တွင် ထုတ်ပြန်သည့် ကြေညာချက်တွင် FIFA က တာဝန်ရှိသူကို အတိအကျ ဖော်ထုတ် နိုင်ရန်အတွက် မလေးရှားဘောလုံးအဖွဲ့ချုပ်၏ ပြည်တွင်းလုပ်ငန်းဆောင်ရွက်မှုများအား တရားဝင် စုံစမ်းစစ်ဆေးမှုများ စတင်ကာ ကိစ္စရပ်များကို ပိုမိုနက်ရှိုင်းစွာ ဆောင်ရွက်သွားရန် စီစဉ်ထားကြောင်း ပြောကြားခဲ့သည်။
“ဤစုံစမ်းစစ်ဆေးမှုသည် စာရွက်စာတမ်းအတုပြုလုပ်မှုရာတွင် တာဝန်ရှိသူများကို ဖော်ထုတ်ရန်၊ မလေး ရှားဘောလုံးအဖွဲ့ချုပ်၏အဖွဲ့အစည်းအတွင်းလေးစားလိုက်နာမှုနှင့်အုပ်ချုပ်မှုယန္တရားများကမည်မျှလုံလောက်မှု၊ ထိရောက်မှုကိုရှိသည်ကိုအကဲဖြတ်ရန်၊ မလေးရှားဘောလုံးအဖွဲ့ချုပ်အရာရှိများအပေါ် နောက် ထပ် စည်းကမ်းထိန်းသိမ်းရေး အရေးယူမှုများ ပြုလုပ်သင့်၊မပြုလုပ်သင့်ကို ဆုံးဖြတ်ရန် ရည်ရွယ်သည်” ဟု FIFA ၏ပြောကြားချက်ကို ရိုက်တာသတင်းဌာနကဖော်ပြခဲ့သည်။
အဆိုပါနိုင်ငံသားပြုလုပ်မှု အရှုပ်တော်ပုံသည် ကွင်းအတွင်းရော ကွင်းပြင်ပတွင်ပါ သိသာထင်ရှားသော သက်ရောက်မှုများ ဖြစ်ပေါ်စေခဲ့သည်။ မလေးရှားနိုင်ငံအတွက် ပထမဆုံးအကြိမ် အာရှဖလား ဝင်ခွင့်ရရှိရေး မျှော်လင့်ချက်ကို အဟန့်အတား ဖြစ်စေနိုင်ပြီး ဘောလုံးပရိသတ်များအကြား ဆူပူမှုများ ဖြစ်ပေါ်စေသည့်အပြင်၊ ဤအငြင်းပွားဖွယ်ရာကိစ္စသည် ကစားသမားများအား နိုင်ငံသားပြုခွင့်ပေးခဲ့သော ပြည်ထဲရေးဝန်ကြီးဌာနနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနတို့အပြင် မလေးရှားဘောလုံးအဖွဲ့ချုပ် ရှိ တာဝန်ရှိအရာရှိများအား တာဝန်ယူရန် ပရိသတ်များနှင့် နိုင်ငံရေးသမားများထံမှ တောင်းဆိုမှုများကို ဖြစ်ပေါ်စေခဲ့သည်။
အောက်တိုဘာလ ၁၇ ရက်နေ့တွင် မလေးရှားဘောလုံးအဖွဲ့ချုပ် သည် ယင်း၏ အထွေထွေ အတွင်းရေးမှူးအား ရာထူးမှ ဆိုင်းငံ့ထားပြီး FIFA ၏ ပိတ်ပင်မှုများကို ဖြစ်ပေါ်စေခဲ့သည့် သူတို့အခေါ်“နည်းပညာပိုင်းဆိုင်ရာအမှား” ကို စုံစမ်းစစ်ဆေးရန် လွတ်လပ်သော ကော်မတီတစ်ရပ်ကို ဖွဲ့စည်းမည်ဟု ကြေညာခဲ့သည်။ သို့သော် သူတို့က စာရွက်စာတမ်းများကို ရည်ရွယ်ချက်ရှိရှိဖြင့် အတုပြုလုပ်ခဲ့သည်ဟူသော FIFA ၏ ပြောကြားချက်ကို ငြင်းပယ်ခဲ့သည်။ နိုဝင်ဘာလ ၃ ရက်နေ့တွင် အယူခံပယ်ချခံရပြီးနောက် မလေးရှားဘောလုံးအဖွဲ့ချုပ်က က အားကစားဆိုင်ရာ ခုံသမာဓိတရားရုံး (CAS) သို့ အမှုအား ဆက်လက်တင်ပြသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး၊ FIFA ၏ အင်္ဂါနေ့ကြေညာချက်အပြီးတွင်လည်း ယင်းအချက်ကို ထပ်မံအတည်ပြုပြောကြားခဲ့သည်။
မလေးရှားဘောလုံးအဖွဲ့ချုပ်၏ ယာယီဥက္ကဋ္ဌ Mohd Yusoff Mahadi က ကြေညာချက်တွင် "ဤလုပ်ဆောင်ချက်ကို တရားမျှတမှု ထိန်းသိမ်းရန်နှင့် မလေးရှားအစိုးရနှင့် သက်ဆိုင်ရာအဖွဲ့အစည်း များက သတ်မှတ်ထားသည့် ကစားသမားအရည်အချင်းပြည့်မီမှု လုပ်ငန်းစဉ်၏ သမာဓိကို ထိန်းသိမ်းရန် အတွက် ဆောင်ရွက်ခြင်းဖြစ်သည်" ဟု ပြောကြားခဲ့သည်။ မလေးရှား ပြည်ထဲရေးဝန်ကြီး Nasution Ismailကလည်း ကစားသမားခုနစ်ဦးအား နိုင်ငံသားပြုလုပ်ရန် ဆုံးဖြတ်ချက်ကို ကာကွယ်ပြောဆိုခဲ့သည်။
ESPN သတင်းဌာန၏ ဖော်ပြချက်အရ အင်္ဂါနေ့တွင် FIFA သည် စာမျက်နှာ ၆၃ မျက်နှာပါ အစီရင်ခံစာတစ်စောင်ကို ထုတ်ပြန်ခဲ့သည်။ အစီရင်ခံစာတွင် ကစားသမားများသည် စပိန်၊ ဘရာဇီး၊ အာဂျင်တီးနားနှင့် နယ်သာလန်တို့တွင် မွေးဖွားကြောင်း သူတို့၏ မူရင်းမွေးစာရင်းတွင် ဖော်ပြထားသည့် အဘိုးအဘွားများမှတစ်ဆင့် မလေးရှားမျိုးနွယ်ရှိကြောင်း သက်သေပြရန် စာရွက်စာတမ်းအတုများကို မည်သို့ အသုံးပြုခဲ့သည်ကို အသေးစိတ် ဖော်ပြထားကြောင်းသိရသည်။
ခြုံငုံပြောရလျှင် FIFA သည် အဆိုပါ မလျော်ကန်မှုအား အပြည့်အဝ စုံစမ်းစစ်ဆေးရန်အတွက် “နောက် ထပ် စုံစမ်းစစ်ဆေးမှုများ စတင်ရန် ခိုင်လုံသောအကြောင်းပြချက်များ” ကို တွေ့ရှိခဲ့သည်။ ထို့အပြင် “ပြစ်မှုများ၏ သဘာဝနှင့် ကြီးလေးမှု၊ အထူးသဖြင့် တရားဝင်စာရွက်စာတမ်းများကို အတုပြုလုပ်မှုတို့ကို ထည့်သွင်းစဉ်းစား၍” ယင်း၏ အတွင်း ရေးမှူးရုံးသည် မလေးရှား၏ သက်ဆိုင်ရာ ရာဇဝတ်မှုဆိုင်ရာ အာဏာပိုင်များအား အသိပေးမည်ဖြစ်သကဲ့သို့ ဘရာဇီး၊ အာဂျင်တီးနား၊ နယ်သာလန်နှင့် စပိန်ရှိ အာဏာပိုင်များကိုလည်း အသိပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
“သင့်လျော်သော ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုများနှင့် တရားစွဲဆိုမှုများကို ဆက်လက် ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ အာဏာပိုင်များအား အသိပေးရန် အလွန်အရေးကြီးသည်” ဟု FIFA က ပြောကြားခဲ့သည်။
Source The Diplomat
#Local_News
Published 22 November 2025
▪️ ၂၀၂၅ ခုနှစ် အကြိမ် (၆၀) မြောက် မြန်မာ့ကျောက်မျက် ရတနာပြပွဲ ပဉ္စမနေ့ကို ယမာန်နေ့မနက်ပိုင်းက နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ပဉ္စမနေ့အဖြစ်ဆက်လက်ကျင်းပရာ ကျောက်စိမ်းအတွဲပေါင်း ၇၅၄ တွဲ ရောင်းချခဲ့ရကြောင်းသိရသည်။
▪️ ယမာန်နေ့ မနက်ပိုင်းမှ စတင်၍ ပြည်တွင်း၊ ပြည်ပရတနာ ကုန်သည်များသည် မဏိရတနာကျောက်စိမ်းခန်းမအတွင်းနှင့် ခန်းမအပြင်ဘက် သတ်မှတ်နေရာများအလိုက် ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများကို စိတ်ကြိုက်လေ့လာကြည့်ရှုကြပြီး ပြပွဲတွင်ကျောက်စိမ်း (အုပ်စုအေနှင့် အုပ်စုဘီ) တို့မှ အတွဲပေါင်း ၁၀၀၀ အနက် ကျောက်စိမ်းအတွဲပေါင်း ၇၅၄ တွဲကို ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချရကြောင်း ထုတ်ပြန်ကြေညာသည်။
▪️ ထို့ပြင် ပြပွဲဆဋ္ဌမနေ့တွင် ရောင်းချမည့် ကျောက်စိမ်းအတွဲအမှတ် (၁၀၀၁) မှ (၂၀၀၀) အထိကို ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များက ကြည့်ရှုစစ်ဆေးကြပြီး ဈေးနှုန်းပေးသွင်းလွှာများကို သက်ဆိုင်ရာ တင်ဒါပုံးများအတွင်း ထည့်သွင်းကြသည်။
▪️ အဆိုပါဈေးနှုန်းတင်သွင်းလွှာများကို တာဝန်ရှိသူများက ယနေ့ညနေပိုင်းတွင် ဖွင့်ဖောက်စစ်ဆေးပြီးရောင်းချရသည့် ကျောက်စိမ်းအတွဲများကို နိုဝင်ဘာ ၂၂ ရက် နံနက်ပိုင်းတွင် ကြေညာသွားမည်ဖြစ်သည်။
▪️ ယခုပြပွဲအတွင်း ပုလဲအတွဲပေါင်း ၄၄၃ တွဲ၊ ကျောက်မျက်အတွဲပေါင်း ၆၇ တွဲ ရောင်းချခဲ့ရပြီး ယနေ့ပြပွဲ ပဉ္စမနေ့တွင် ကျောက်စိမ်း (အုပ်စုအေနှင့် အုပ်စုဘီ) တို့မှ ကျောက်စိမ်းအတွဲပေါင်း ၇၅၄ တွဲတို့ကို ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များအား ရောင်းချပေးနိုင်ခဲ့ကာ ကျန်ရှိနေသည့် ကျောက်စိမ်းအတွဲများကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် နိုဝင်ဘာ ၂၆ ရက်အထိ ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#World_News
Published 22 November 2025
■ ယူကရိန်းသမ္မတ ဗိုလိုဒီမာဇယ်လန်စကီအနေနဲ့ ရုရှားကျူးကျော်ခြင်းကို ရပ်တန့်ဖို့ရာ အမေရိကန်အဆိုပြုထောက်ခံတဲ့ ငြိမ်းချမ်းရေးအစီအစဉ်ကို သဘောကျနှစ်သက်လာရမှာဖြစ်ပြီး နောက်ဆုံးမှာ အသိအမှတ်ပြုလိမ့်မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သောကြာနေ့မှာ သတင်းထောက်တွေကို ပြောသွားပါတယ်။
■ ထရမ့်က ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ ဆက်ဆံရေးကောင်းရှိတာကြောင့် များမကြာခင်မှာ စစ်ပွဲပြေလည်သွားဖို့ မျှော်လင့်ထားတယ်လို့ ဘဲဥပုံရုံးခန်းမှာ ပြောသွားပါတယ်။
■ ဆောင်းတွင်းနီးကပ်လာချိန်မှာ အသေအပျောက်စာရင်း များပြားလာသလို ယူကရိန်းစွမ်းအင်စက်ရုံတွေကို အကြိမ်ကြိမ်တိုက်ခိုက်လာခြင်းက စစ်ပွဲအဆုံးသတ်ရေး အရေးကြီးကြောင်း ထောက်ပြရာရောက်ပါတယ်။
■ အခုဖြစ်ပျက်နေတာတွေက ဆိုးရွားလှပြီး ငြိမ်းချမ်းရေးရနိုင်မယ့်နည်းလမ်း ရှိထားပြီးတော့ ယူကရိန်းက ဒါကို အသိအမှတ်ပြု လက်ခံလာလိမ့်မယ်လို့ ပြောပါတယ်။
■ အမေရိကန်ရဲ့ အချက် ၂၈ ချက်ပါအစီအစဉ်ထဲမှာ ယူကရိန်းဘက်က နယ်မြေလက်လျှော့ရေး၊ စစ်ရေးအင်အားကန့်သတ်ခြင်းနဲ့ နေတိုးမဟာမိတ်ပူးပေါင်းဖို့ အစီအစဉ်လက်လျှော့ရေးတို့ ပါဝင်နေပါတယ်။
■ ရုရှားဘက်က ကန့်ကွက်လိုမယ့် အဆိုပြုချက်အချို့လည်း ပါဝင်ပြီး ယင်းတို့သိမ်းပိုက်ထားတဲ့ နေရာအချို့ထံကနေ ဆုတ်ခွာရတာမျိုး ဖြစ်လာနိုင်တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။
■ ဇယ်လန်စကီကတော့ ယူကရိန်းဟာ လွတ်လပ်ခွင့်နဲ့ ဂုဏ်သိက္ခာကို ဆုံးရှုံးနိုင်ခြေရှိနေပြီး အမေရိကန်အဆိုပြုတဲ့ ငြိမ်းချမ်းရေးအစီအစဉ်က ရုရှားဆန္ဒတွေကိုပဲ အားပေးအားမြှောက်လုပ်ရာကျတယ်လို့ သတိပေးထားပါတယ်။
■ ဒါပေမဲ့ ယူကရိန်းခေါင်းဆောင်မှာက သူ့ကိုယ်ပိုင်နည်းလမ်းတွေနဲ့ စစ်ပွဲအဆုံးသတ်ဖို့အတွက် နိုင်ကွက်တွေ မပိုင်ဆိုင်ထားဘူးလို့ ထရမ့်က ဇယ်လန်စကီကို ပြောပြပါတယ်။
Source: Reuters
#World_Health
Published 22 November 2025
■ သကြားလုံးနဲ့ ချိုချဉ်တွေက ကလေးတွေအကြိုက် အရသာရှိပြီး ရောင်စုံဖြစ်တယ်ဆိုပေမယ့် သကြားတွေ၊ အရောင်တွေ၊ ဓာတုပစ္စည်းတွေ များစွာပါဝင်ပါတယ်။
■ ချောကလက်ကတော့ သဘာဝပါဝင်ပစ္စည်းများ ပါဝင်တာကြောင့် ဘယ်ဟာကို ကျွေးလို့အဆင်ပြေမလဲဆိုတာ သိထားသင့်တာတွေကို ဖော်ပြထားပါတယ်။
■ (၁) သကြားလုံးများမှာ သကြားနဲ့စွဲလမ်းပစ္စည်းများပါဝင်ခြင်း
သကြားလုံးချိုချဉ်ဆိုတာ သန့်စင်သောသကြား၊ သကာရည်၊ ဆိုးဆေးများဖြင့် အဓိကပြုလုပ်ထားပြီး အာဟာရဓာတ် မပါဝင်တဲ့အပြင် သကြားဓာတ် မြင့်မားတာကြောင့် သွားယိုင်နဲ့ခြင်းနဲ့၊ အဝလွန်ခြင်း ဆီးချိုတို့ပင် ဖြစ်နိုင်ခြေ များစေပါတယ်။
■ (၂) ချောကလက်ကတော့ ကျန်းမာရေးအကျိုးကျေးဇူးရနိုင်ခြင်း
အရည်အသွေးကောင်းတဲ့ ချောကလက်မည်းတွေက ဓာတ်တိုးဆန့်ကျင်ပစ္စည်းများနဲ့ သတ္တုဓာတ်များ ပါဝင်ကာ ကိုကိုးဗလေဗိုနွိုက်တွေက စိတ်အခြေအနေ၊ ဦးနှောက်လုပ်ဆောင်ချက်၊ နှလုံးကျန်းမာရေးတို့ကို တိုးတက်စေနိုင်ပါတယ်။
■ (၃) သကြားလုံးများသည် သွေးတွင်းသကြားဓာတ်လျင်မြန်စွာတက်စေနိုင်ခြင်း သကြားလုံးတွေက ပါးစပ်ထဲမှာ အလျင်အမြန် ပျော်ဝင်သဖြင့် သွေးတွင်းသကြားဓာတ် ရုတ်တရက်မြင့်တက်စေကာ စားပြီးနောက်မှာ ကလေးတွေ ပင်ပန်းခြင်း၊ စိတ်ဆတ်ခြင်းတို့ ဖြစ်နိုင်ပါတယ်။
■ (၄) သကြားလုံးကြောင့်ခံတွင်းပိုမိုပျက်စီးစေခြင်း
သကြားလုံးစေးကပ်မှုက သွားတွေမှာ ဘက်တီးရီးယားတွေ ရှင်သန်စေကာ ကြွေလွှာကိုပျက်စီးစေတဲ့ အက်ဆစ်တွေ ထုတ်လုပ်ပေးပြီး ချောကလက်ကတော့ သွားမှာကပ်တာတွေကို အလွယ်တကူ ဆေးကြောနိုင်တာကြောင့် ရံဖန်ရံခါမှစားရင် သိပ်ပြီးမထိခိုက်စေပါဘူး။
■ (၅) ချောကလက်စားလျှင် တင်းတိမ်စေခြင်း
ချောကလက်အနည်းငယ်လောက်ဖြင့် အချိုစားချင်တဲ့စိတ် ပြည့်ဝနိုင်ပေမယ့် သကြားလုံးကတော့ မပြည့်ဝတဲ့အတွက် အများအပြား စားမိစေနိုင်ပါတယ်။
Source: India Today
#World_Health
Published 22 November 2025
■ အိုမီဂါ-၃ ဖက်တီးအက်ဆစ်နဲ့ ဗိုက်တာမင်-အီး ဖြည့်စွက်ဆေးတွေကို အတူတကွ သုံးစွဲနိုင်ပေမယ့် နှစ်မျိုးပေါင်းသက်ရောက်မှုတွေကို သေချာမလေ့လာရသေးပါဘူး။
■ အသေးစားလေ့လာချက်တစ်ခုအရ နှစ်မျိုးပေါင်းသုံးစွဲခြင်းက အင်ဆူလင်ပမာဏနဲ့ နှလုံးသွေးကြောရောဂါရှိသူတွေမှာ အင်ဆူလင်ယဉ်ပါးခြင်းကို အကျိုးရှိစေတယ်လို့ တွေ့ထားပါတယ်။
■ ဒါ့အပြင် ခန္ဓာကိုယ်ထဲက မကောင်းတဲ့အဆီတွေကို လျှော့ချပေးတဲ့အပြင် ဓာတ်တိုးဆန့်ကျင်အာနိသင်များကို တိုးမြှင့်ပေးပြီး ဓာတ်တိုးခြင်းကို လျှော့ချပေးတယ်လို့ တွေ့ရပါတယ်။
■ ဒီနှစ်မျိုးကို ပေါင်းစပ်သုံးစွဲမယ်ဆိုရင် လိုချင်တဲ့သက်ရောက်မှု၊ ဘယ်ထုတ်ကုန်က အသင့်တော်ဆုံးလဲ၊ ဆေးပမာဏ၊ ဆေးတုံ့ပြန်မှုတွေနဲ့ ဖြစ်လာချင်တဲ့ရလဒ်တွေကိုတော့ ပညာရှင်နဲ့ ဆွေးနွေးသင့်ပါတယ်။
■ နှစ်မျိုးစလုံးက သွေးကျဲစေနိုင်တဲ့ အန္တရာယ်ရှိတာကြောင့် သွေးကျဲဆေးသုံးစွဲနေသူတွေ သွေးထွက်ပြဿနာရှိသူတွေ သတိထားသင့်ပါတယ်။
■ အိုမီဂါ-၃ ဖက်တီးအက်ဆစ်က မပြည့်ဝဆီဖက်တီးအက်ဆစ်ဖြစ်ပြီး ရောင်ရမ်းခြင်းကို ဆန့်ကျင်ပေးကာ ဆော်လ်မွန်လို အဆီပါသောငါး၊ ခရု ပုစွန် ကဏန်း၊ သစ်ကြားသီး၊ ချီယာစေ့၊ လျှော်စေ့ဆီ၊ ပဲကြီးတို့မှာ ပါဝင်ပါတယ်။
■ သူက နှလုံးရောဂါဖြစ်နိုင်ခြေ၊ လမစေ့ဘဲ မွေးဖွားခြင်း၊ ကိုယ်အလေးချိန်လျော့ပြီး မွေးဖွားခြင်း၊ အဆစ်အမြစ်ရောင်လက္ခဏာတို့ကို လျှော့ချပေးနိုင်ပါတယ်။
■ ဗိုက်တာမင်-အီးကတော့ ဓာတ်တိုးဆန့်ကျင်အာနိသင်ရှိပြီး နေကြာစေ့၊ အခွံမာသီးများ၊ မြေပဲထောပတ်၊ နေကြာဆီ၊ ဟင်းရွက်တို့မှာ ပါဝင်ကာ ကိုယ်ခံအားထောက်ကူပေးခြင်း၊ နှလုံးရောဂါဖြစ်နိုင်ခြေ လျှော့ချခြင်းတို့ ပေးစွမ်းနိုင်ပါတယ်။
■ သူတို့နှစ်မျိုးကို အတူတူသုံးစွဲခြင်းကြောင့် အရသာမကောင်းခြင်း၊ အနံ့ဆိုးထွက်ခြင်း၊ အစာအိမ်မအီမသာဖြစ်ခြင်း စတဲ့ဘေးထွက်ဆိုးကျိုးတွေတော့ ဖြစ်နိုင်ဖွယ်ရှိပါတယ်။
■ အိုမီဂါ-၃ ဖက်တီးအက်ဆစ်များလွန်းရင် သွေးထွက်အန္တရာယ်ရှိနိုင်ပြီး ဗိုက်တာမင်-အီးများလွန်းရင်တော့ သွေးလေဖြတ်ခြင်းနဲ့ ဆီးကျိတ်ကင်ဆာတို့ ဖြစ်နိုင်ခြေများစေနိုင်ပါတယ်။
Source: VeryWellHealth
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)ရေတပ်က တောင်တရုတ်ပင်လယ်မှာ ကျည်အစစ်များဖြင့် အမျိုးမျိုးသော တိုက်ခိုက်ရေးပစ်ခတ်လေ့ကျင့်မှုများ ရက်အတော်ကြာပြုလုပ်နေပါတယ်။
#Asia_Military
Published 21 November 2025
#PLA #တောင်တရုတ်ပင်လယ်
#YMG #Yangon_Times #Yangon_Media_Group
နှစ်ပေါင်း၃၀ကျော်ကြာ လုပ်ကိုင်ခြင်းမရှိတဲ့သီဟိုဠ်သရက်စိုက်ပျိုးရေးဇုန်က စိုက်ပျိုးမြေကွက်တွေကို ပြန်လည်သိမ်းယူသွားမယ်လို့ သိရပါတယ်။
#Local_News
Published 21 November 2025
#သီဟိုဠ် #သရက်
#YMG/SW #Yangon_Times
ဂျပန်၊ တောင်ကိုရီးယားနဲ့ မကာအိုမှ ကမ္ဘာလှည့်ခရီးသည်များကို ဆိုက်ရောက်ဗီဇာ(၁)နှစ်သက်တမ်းတိုးခွင့်ပြုလိုက်တယ်လို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက သိရပါတယ်။
#Local_News
Published 21 November 2025
#ဂျပန်_တောင်ကိုရီးယား_မကာအို #မကာအို
#YMG/NN #Yangon_Times
Page 28 of 1855