#Local_News
Published 09 September 2026
■ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် ညီနောင်အသင်းဖြစ်သော မြန်မာနိုင်ငံဆန်စပါးစိုက်ပျိုးထုတ်လုပ်သူများအသင်း (MPPA)တို့သည်ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင်ကျင်းပသော Myanmar-Vietnam Business Forum (2026) တွင် ဗီယက်နမ်ကုမ္ပဏီများနှင့်ဆန်စပါး စိုက်ပျိုးထုတ်လုပ်ရေးဆိုင်ရာကိစ္စရပ်များကို MOU လက်မှတ်များရေးထိုးခဲ့ကြောင်း သိရသည်။
■ အဆိုပါ ခရီးစဉ်အတွင်း အသင်းချုပ်ဥက္ကဋ္ဌနှင့်ကိုယ်စားလှယ်များသည် အသင်းချုပ်နှင့် MOU ရေးထိုးထားသော ဗီယက်နမ်နိုင်ငံ၏ ထိပ်တန်းမျိုးစေ့ထုတ် ကုမ္ပဏီများ ဖြစ်သည့် Vina Seed နှင့် Loc Troi Group တို့နှင့်လည်းကောင်း၊ ဆန်စက်ပစ္စည်း နှင့် အခြောက်ခံစက်များထုတ်လုပ်သည့် Lamico Groupနှင့် လည်းကောင်း၊ အခြားသော ဆန်စပါးလုပ်ငန်းဆိုင်ရာ ကုမ္ပဏီများ၊ အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့်လည်းကောင်း တွေ့ဆုံညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
■ ထို့အပြင် ဖိုရမ်၏ MOU ရေးထိုးခြင်းအစီအစဉ်တွင် Vietnam Rural Agricultural Development Science Instituteနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့အကြား ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် စိုက်ပျိုးမြေဆီလွှာများ၊ ဂေဟစနစ်များ ထိန်းသိမ်းရေး၊ ဇီဝနှင့် သဘာဝ မြေဩဇာများ ထုတ်လုပ်သုံးစွဲမှု မြှင့်တင်ရေးဆိုင်ရာ MOUကို အသင်းချုပ်ကိုယ်စား တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးနေလင်းဇင်က တက်ရောက်လက်မှတ်ရေးထိုးခဲ့ ကြောင်းသိရသည်။
■ ၎င်းအပြင် အသင်းချုပ်၏ ညီနောင်အသင်းဖြစ်သော မြန်မာနိုင်ငံဆန်စပါးစိုက်ပျိုးထုတ်လုပ်သူများအသင်း (MPPA) အနေဖြင့်လည်း ဗီယက်နမ်နိုင်ငံမှ Phong VU Trading Services Import Export Co.,Ltdနှင့် ဓါတ်မြေဩဇာလုပ်ငန်းပူးပေါင်းဆောင်ရွက်မှုကို (MPPA)ဥက္ကဋ္ဌ ဦးခင်မြင့်မှ တက်ရောက်၍ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#World_Health
Published 09 September 2026
■ အိပ်ခါနီး ၃ နာရီအတွင်း နှလုံးခုန်နှုန်းမြန်စေတဲ့ လေ့ကျင့်ခန်းများ၊ အလေးမခြင်းများ ပြုလုပ်ပါက ခန္ဓာကိုယ်အပူချိန် မြင့်တက်လာပြီး အိပ်ပျော်စေတဲ့ မယ်လတိုနင်ဟော်မုန်း ထွက်ရှိမှုကို နှောင့်နှေးစေပါတယ်။
■ အကြောလျှော့ခြင်း ဒါမှမဟုတ် အသက်ရှူလေ့ကျင့်ခန်းများ မလုပ်ဘဲ ကျော်သွားပါက အာရုံကြောစနစ်ကို ဆက်လက်လှုံ့ဆော်ပေးသလို ဖြစ်နေပြီး အိပ်ပျော်ရန် ခက်ခဲစေပါတယ်။
■ နေ့စဉ်လေ့ကျင့်ခန်း ပြုလုပ်တဲ့အချိန်မမှန်ဘဲ ပြောင်းလဲနေပါက ခန္ဓာကိုယ် နေ့ညလည်ပတ်စက်ဝန်း ပျက်ယွင်းစေပြီး နှစ်ခြိုက်စွာအိပ်ပျော်မှုကို အနှောင့်အယှက် ဖြစ်စေပါတယ်။
■ လုံလောက်စွာ အနားမယူဘဲ ခန္ဓာကိုယ်ခံနိုင်ရည်ထက် ပိုလုပ်တဲ့အခါ ကော်တီဆောဟော်မုန်းများ မြင့်တက်လာပြီး ညဘက်ခဏခဏနိုးခြင်းနဲ့ ကဏှာမငြိမ်ဖြစ်ခြင်းတို့ ကြုံတွေ့ရစေပါတယ်။
■ နေ့လယ်ပိုင်း ညနေပိုင်းတို့မှာ စိတ်ကြွဆေး၊ ကဖင်းဓာတ်များ သောက်သုံးခြင်းဖြင့် ဦးနှောက်ရဲ့ သဘာဝအတိုင်း ပင်ပန်းနွမ်းနယ်မှုကို တားဆီးလိုက်သလို ဖြစ်စေပါတယ်။
■ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ လုပ်ဆောင်ပြီးနောက် သင့်လျော်တဲ့ အာဟာရဓာတ် မဖြည့်တင်းပါက သွေးတွင်းသကြားဓာတ် ကျဆင်းသွားပြီး ညဘက်နိုးလာတတ်ပါတယ်။
■ ရေဓာတ်ခမ်းခြောက်ပါက ညဘက်အိပ်စက်ချိန်မှာ နှလုံးခုန်နှုန်း မြင့်တက်စေပြီး အိပ်ပျော်နေစဉ် နှလုံးပိုမိုအလုပ်လုပ်စေပါတယ်။
■ ပြင်းထန်တဲ့ လေ့ကျင့်ခန်းများကို နံနက်ပိုင်း နေ့လယ်ပိုင်း ရွှေ့ဆိုင်းပြီး ညနေပိုင်းမှာ ယောဂလိုမျိုး ပေါ့ပါးလေ့ကျင့်ခန်းများကိုသာ ပြုလုပ်သင့်ပါတယ်။
Source: New York Post
#World_Health
Published 09 September 2026
■ သဘာဝအတိုင်း နံနက်ခင်းအစာခြေစနစ်များနဲ့ ကိုက်ညီဖို့အတွက်ဆိုရင် မနက်အိပ်ရာထပြီး ၁ နာရီမှ ၂ နာရီအတွင်း နံနက်စာ စားပေးသင့်ပါတယ်။
■ နံနက်ခင်းမှာ ကော်တီဆောဟော်မုန်း မြင့်တက်ပြီး အင်ဆူလင်တုံ့ပြန်မှုစွမ်းအား အမြင့်ဆုံးရှိနေတာကြောင့် ခန္ဓာကိုယ်မှ ဂလူးကို့စ်ကို ထိရောက်စွာချေဖျက်ပေးနိုင်ပါတယ်။
■ စောစောစားသုံးခြင်းက ခန္ဓာကိုယ်တွင်း ဇီဝနာရီကို ပုံမှန်ဖြစ်စေပြီး ပုံမှန်စွမ်းအင်ရရှိခြင်း၊ အိပ်စက်မှု အရည်အသွေးနဲ့ ကျန်းမာစွာ သက်ရှည်ကျန်းမာရေးကို အထောက်အကူ ပြုပါတယ်။
■ အသက် ၅၀ ကျော်ပြီးနောက် သဘာဝအလျောက် လျော့နည်းလာတဲ့ ကြွက်သားထုထည်နဲ့ ကြွက်သားတည်ဆောက်မှုကို ထိန်းသိမ်းရန် နံနက်စာထဲမှာ ပရိုတိန်းလုံလောက်စွာ စားသုံးရပါမယ်။
■ ပရိုတိန်းကို အမျှင်ဓာတ် ကြွယ်ဝတဲ့ အစားအစာများနဲ့ တွဲဖက်စားသုံးခြင်းက သွေးတွင်းသကြားဓာတ် တည်ငြိမ်စေပြီး မွန်းလွဲပိုင်း အားအင်ကုန်ခမ်းခြင်းမှ ကာကွယ်ပေးပြီး ကြာရှည်ဗိုက်ပြည့်စေပါတယ်။
ညဉ့်နက်မှ စားသုံးခြင်းထက် တစ်နေ့တာ ကယ်လိုရီပမာဏအများစုကို နံနက်ပိုင်းမှာ စောစောစားသုံးခြင်းက ပိုမိုကောင်းမွန်ကြောင်း သုတေသနများက ထောက်ခံထားပါတယ်။
■ အိပ်ရာထထချင်း မဆာသေးပါက မနက်စာကို အနည်းငယ် နောက်ဆုတ်စားသုံးပေးခြင်းက အဆင်ပြေပါတယ်။
■ တိကျလွန်းတဲ့ နာရီအချိန်တစ်ခုအပေါ် ပူပန်နေတာထက်စာရင် နေ့စဉ်ပုံမှန်အစားစားတဲ့ အလေ့အထရှိခြင်းက ပိုမိုအရေးကြီးပါတယ်။
Source: Eating Well
NAY PYI TAW, Sept. 8, 2026 — Myanmar President U Min Aung Hlaing will make a state visit to Cambodia at the invitation of King Norodom Sihamoni, with talks expected to focus on strengthening bilateral relations and expanding cooperation across economic, cultural and other sectors, according to a statement issued by Myanmar’s Ministry of Foreign Affairs on Tuesday.
During the visit, U Min Aung Hlaing is scheduled to meet Cambodia’s Senate President, who serves as Acting Head of State, for bilateral talks. He will also hold separate meetings with the Cambodian prime minister and the president of the National Assembly.
The discussions are expected to cover ways to further consolidate longstanding friendly relations between Myanmar and Cambodia and promote mutually beneficial cooperation between the two governments, parliaments and peoples.
The two sides will also exchange views on expanding cooperation in economic, cultural and other areas of mutual interest, the Foreign Ministry said.
As part of the official programme, the Myanmar president is expected to visit prominent sites and ancient pagodas in Cambodia.
Union ministers and other senior officials will accompany the president during the visit.
The Foreign Ministry did not announce a specific date for the trip, saying only that the state visit would take place “in the near future.”
ဗုဒ္ဓဟူးနေ့က ရှန်ဟိုင်းမြိုမှာ Pet Fair Asia 2026 ကျင်းပခဲ့ရာ တရုတ်တိုရဲ့ AI စနစ်သုံး အိမ်မွေးတိရိစ္ဆာန် စောင့်ရှောက်ရေး ပြောင်းလဲတိုးတက်လာမှုကို မြင်တွေ့ရပါတယ်။
#Asia_Event
Published 08 September 2026
#Pet_Fair_Asia_2026
#YMG #Yangon_Times #Yangon_Media_Group
မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ်ကျင်းပမယ့် Startup World Cup ပြိုင်ပွဲမှ ရွေးချယ်ခံရတဲ့ Winner ဆုရရှိသူဟာ အမေရိကန်နိုင်ငံတွင် ကျင်းပမယ့် ကမ္ဘာ့အဆင့် Startup World Cup ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ခွင့်ရရှိမယ်လို့ Young Entrepreneur Network Development
Association(YEN-D Myanmar ) ကနေသိရပါတယ် ။
#Local_News
Published 08 September 2026
#StartupWorld_Cup
#YMG/NN #Yangon_Times
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပြည်သူများအနေနဲ့ အိမ်ထောင်စုအလိုက် တစ်လလျှင် စားအုန်းဆီ ၂ ဒသမ ၅ ပိဿာကို သတ်မှတ်ရည်ညွှန်းဈေးနှုန်းနဲ့ ဝယ်ယူနိုင်ရေးအတွက် One Stop Service စနစ်ဖြင့် ဆောင်ရွက်ပေးနေတယ်လို့ စားသုံးသူရေးရာဦးစီးဌာနမှသိရပါတယ်။
#Local_News
Published 08 September 2026
#စားအုန်းဆီ
#YMG/SW #Yangon_Times
၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ဩဂုတ်လတစ်လတာအတွင်း ဆန်နဲ့ဆန်ကွဲ တန်ချိန်တစ်သိန်းလေးသောင်းကျော်တင်ပို့ထားပြီး ပြီးခဲ့တဲ့ ဇူလိုင်လနဲ့နှိုင်းယှဉ်ပါက တန်ချိန်သုံးသောင်းကျော်အထိ လျော့နည်းတင်ပို့ထားတယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က သိရပါတယ်။
#Local_News
Published 08 September 2026
#ဆန် #ဆန်ကွဲ
#YMG/NN #Yangon_Times
စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ဆေးနှင့်ဆေးပစ္စည်းများ ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချမှုနှင့် ပစ္စည်းပြတ်လပ်မှုမရှိစေရေးအတွက် အပတ်စဉ် ကွင်းဆင်းစစ်ဆေးကြပ်မတ်လျက်ရှိရာ မကွေးမြို့တွင် အထူးဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။
#Local_News
Published 08 September 2026
#ဆေး #ဆေးပစ္စည်း
#YMG/SW #Yangon_Times
#Daily_News
Published 08 September 2026
၁။ မြန်မာ့ပထမဆုံး Startup World Cup ပြိုင်ပွဲမှ Winner ဆုရရှိသူ ကမ္ဘာ့အဆင့်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်မည်
၂။ စားအုန်းဆီဝယ်ယူခွင့်စာအုပ်များကို One Stop Service ဖြင့်ဆောင်ရွက်ပေး
၃။ ဩဂုတ်လအတွင်း ဆန်နှင့်ဆန်ကွဲတန်ချိန် တစ်သိန်းလေးသောင်းကျော်တင်ပိုထား
၄။ တရုတ်ပြည်၏အိမ်မွေးတိရိစ္ဆာန်ကဏ္ဍတိုးတက်ပြောင်းလဲလာပုံကိုဖော်ညွှန်းနေသည့် Pet Fair Asia 2026ပြပွဲ ရှန်ဟိုင်း၌ကျင်းပ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 08 September 2026
■ လေးမျက်နှာမြို့နယ် ငဝန်တာနိမ့်ကျမှုအပေါ် ရေဝင်လမ်းကြောင်း ပိတ်ဆို့မှုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့တွင်ရေဝင်လမ်းကြောင်းကို ထိန်းချုပ်ဆောင်ရွက်နိုင်ခဲ့ပြီ ဖြစ်ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့မှသိရသည်။
■ ယခုနှစ် ဇူလိုင်လနှောင်းပိုင်းကာလအတွင်း ဧရာဝတီတိုင်းဒေသကြီးတွင် မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် ငဝန်မြစ်ရေ မြင့်တက်လာမှုတို့ကြောင့် ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ငဝန်တာ၏ အောက်ခံမြစ်ကျိုးအင်း သဲကြောမှ ထူးပေါက်၍ ရေဖြတ်သန်းစီးဆင်းမှုကြောင့် တာတမံ နိမ့်ကျပြီး ရေကျော်စီးဝင်မှုသည် ဇူလိုင်လ ၃၀ ရက် ည ၁၀ နာရီ ၄၂ မိနစ်တွင် စတင်ဖြစ်ပေါ်ခဲ့သဖြင့် တာတမံ အရေးပေါ်ကာကွယ်ရေးလုပ်ငန်းနှင့် ရေဝင်လမ်းကြောင်း ပိတ်ဆို့ရေးလုပ်ငန်းများကို ဩဂုတ်လ(၄) ရက်နေ့မှစတင်ဆောင်ရွက်ခဲ့ရာ Steel Sheet Pile များရိုက်သွင်း၍ ကာရံခြင်းလုပ်ငန်းများ အပြီးသတ်ရိုက်သွင်းပြီး၍ ယနေ့တွင် ရေဝင်လမ်းကြောင်းကို ထိန်းချုပ်နိုင်ခဲ့ပြီးဖြစ်သည်။
■ ဆက်လက်၍ ကာရံ ပိတ်ဆို့ပြီးသော Steel Sheet Pile များအား အတွင်းအပြင်ရေမျက်နှာပြင်ကွာခြားလာမှုကြောင့် ပြင်ပ ရေတွန်းအားဖြစ်ပေါ်လာမှုအား ခံနိုင်ရည်ရှိရန်အတွက် Jumbo Bags(သဲအိတ်)များ ဆက်လက်ချခြင်း၊ သဲအိတ်များကာရံခြင်းနှင့် သောင်တူးရေယာဉ်ဖြင့် ရေနက်အိုးအတွင်းသို့ သဲမှုတ်ထည့်ခြင်း၊ Sheet Pile များအားခိုင်မာမှုရှိစေရန် Concrete Sinker အတုံးများချခြင်း၊ သံမဏိဒေါက်တိုင်များ ထပ်မံကျားကန် ထောက်ပေးခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်မည်ဖြစ်ပါသည်။
■ ငဝန်ရေကာတာသည် လေးမျက်နှာမြို့နယ်အတွင်း တာမိုင် ၁၉/၁ မှ ၃၉/၀ အထိ မိုင် ၂၀ ခန့်ရှည်လျားပြီး မြို့ပေါ်ရပ်ကွက် (၅) ခုနှင့် ကျေးရွာအုပ်စု (၂၁) အုပ်စုတို့ကို ကာကွယ်ထားရာ အဆိုပါနေရာတွင် ရေကျော်စီးဝင်မှု စတင်ခဲ့ခြင်းဖြစ်သည်။
■ ဖြစ်စဉ်စတင်သည်နှင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအေးကျော် ဦးဆောင်ကာ အရေးပေါ် ကယ်ဆယ်ရေးနှင့်တုံ့ပြန်ရေးအဖွဲ့များ စတင်စုဖွဲ့ခဲ့ပြီး အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ တပ်မတော်သားများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် အနယ်နယ်အရပ်ရပ်မှ လူမှုကူညီရေးအသင်းအဖွဲ့များ စသည့်အဖွဲ့များပူးပေါင်း၍ အရေပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပြီး ပြည်သူများအား ယာယီရေရှောင်စခန်းများကို အချိန်မီ ပို့ဆောင်ပေးနိုင်ခဲ့သဖြင့် လူနှင့်တိရစ္ဆာန် ထိခိုက်မှုမရှိခဲ့ခြင်းဖြစ်သည်။
■ တာတမံအရေးပေါ်ကာကွယ်ရေးလုပ်ငန်းနှင့် ရေဝင်လမ်းကြောင်း ပိတ်ဆို့ရေးလုပ်ငန်းများ ကိုလည်း နိုင်ငံတော်အကြီးအကဲများ၊ ပို့ဆောင်ရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာနတို့မှ ပြည်ထောင်စုဝန်ကြီးများ၏ လမ်းညွှန်ကြီးကြပ်မှုနှင့်အတူ ဒုတိယဝန်ကြီးများနှင့် ညွှန်ကြားရေးမှူးချုပ်များက အနီးကပ်ကြီးကြပ်ကာ ပညာရှင်များနှင့် ကျွမ်းကျင်လုပ်သားများက နေ့ရောညပါ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ခဲ့သည်။
■ ယင်းသို့ဆောင်ရွက်ရာတွင် ရေဝင်လမ်းကြောင်းအတွင်း Geo-bags အိတ်ကြီးများချခြင်း၊ ပန်းတာ၏ လက်ဝဲဘက်ခြမ်းနှင့် လက်ယာဘက်ခြမ်းတို့တွင် ရေတိုက်စားမှုမှကာကွယ်ရန် သဲအိတ် ၁၀၀ ပါ နိုင်လွန်ပိုက်ကြိုးဖြင့်ထုပ်ပိုးထားသည့် သဲအိတ်တွဲများချခြင်း၊ ဧရာမောင်သောင်တူးစက်ကြီး ရေယာဉ် တွဲဖြင့် သဲတူးဖော်ပြီး ပန်းတာရေဝင်လမ်းအနီးသို့ သဲမှုတ်သွင်းခြင်း၊ ပန်းတာရေဝင်လမ်း ပိတ်ဆို့ ကာကွယ်ရန်အတွက် ဒဂုန်စာမရီ ရေယာဉ်နှင့် မြဟန်တိုး ရေယာဉ်တို့ဖြင့် Geo-bags အိတ်များချခြင်း၊ ရွှေစင်ကြယ်နှင့် ရွှေနန်းတော် ဆောက်လုပ်ရေးရေယာဉ်များက Steel Sheet Pile များကို ကရိန်းနှင့် Silent Pile Driver, Electric Vibratoury Pile Hammer များ အသုံးပြု၍ ရိုက်သွင်းခြင်း၊ Steel Sheet Pile ပိုမိုတည်ငြိမ်ခိုင်ခံ့စေရန် အနောက်ဘက်မှ ထောက်ကန်ပေးနိုင်ရေး အတွက် သဲအိတ်များချခြင်း၊ Split Barge ရေယာဉ်ဖြင့် ရေယာဉ်အလယ်ပိုင်းမှ ဝမ်းဖွင့်ချသည့် စနစ်ကို အသုံးပြု၍ Geo-Bag သဲအိတ်ကြီးများချခြင်း၊ ရေဝင်လမ်း ပိတ်ဆို့ကာကွယ်ရန် CB တွဲခွံ ၈၀ ပေ × ၁၈ ပေ × ၉ ပေ အတွင်း သဲ၊ ကျောက် ထည့်သွင်း နစ်မြုပ်ဆောင်ရွက်ခဲ့ပြီး လိုအပ်သော စက်ယန္တရားများအကူအညီဖြင့် နေ့ရောညပါ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ရေဝင်လမ်းကြောင်းကို ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 08 September 2026
■ သုဝဏ္ဏသျှံတောင် ကြိုးပြင်ကာကွယ်တော သတ်မှတ်လိုက်ကြောင်းသယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သိရသည်။
■ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ၂၀၁၈ ခုနှစ်၊ သစ်တောဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ (င) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကိုကျင့်သုံးလျက် ရှမ်းပြည်နယ် ကျိုင်းတုံခရိုင် မိုင်းပျဉ်းမြို့နယ်အတွင်း ကျရောက်နေသည့် ဧရိယာအကျယ်အဝန်း ၆၁၀၀၈ ဧကရှိသောနယ်မြေကို “သုဝဏ္ဏသျှံတောင် ကြိုးပြင်ကာကွယ်တော” အဖြစ် ၁၃၈၈ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် (၄) ရက် (၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်) မှစ၍ သတ်မှတ်လိုက်ခြင်းဖြစ်သည်။
■ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် သဘာဝထိန်းသိမ်းရေး နယ်မြေများဖွဲ့စည်းခြင်းဖြင့် ဒေသအတွင်းရှိ သစ်ပင်သစ်တောဖုံးလွှမ်းလျက်ရှိနေသောနေရာများကို ဥပဒေတစ်ရပ်ပြဋ္ဌာန်း၍ ကာကွယ်ပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများ ပိုမိုဆောင်ရွက်လာနိုင်ခြင်းကြောင့် ဒေသအတွင်း ဂေဟစနစ်များပိုမိုကောင်းမွန်လာခြင်း၊ ရေထွက်ဒေသများအား ရေရှည်တည်တံ့စေရန် ထိန်းသိမ်းပေးခြင်းနှင့် ရာသီဥတုပြောင်းလဲမှုများကို ထိန်းသိမ်းထားနိုင်ပြီး ဒေသခံပြည်သူများ၏ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများအတွက် များစွာအထောက်အကူပြုပြီး အကျိုးကျေးဇူးများစွာကို ဖြစ်ထွန်းစေရန်ရည်ရွယ်၍ ကြိုးပြင်ကာကွယ်တောကို သတ်မှတ်ခြင်းဖြစ်သည်။
■ သုဝဏ္ဏသျှံတောင်ကြိုးပြင်ကာကွယ်တောသတ်မှတ်ခြင်းအားဖြင့် ပေါက်ရောက်လျက်ရှိသောကျွန်း၊ ထင်းရှူး၊ အင်ကြင်း၊ သစ်အယ်၊ သစ်ချ၊ သစ်ယား (လောက်ယား)၊ တောင်တမာ စသည်တို့အား ထိန်းသိမ်းနိုင်မည်ဖြစ်ခြင်း၊ သစ်တောသစ်ပင်များနှင့်အတူ မျောက်၊ တောဝက်၊ ဂျီ၊ ဆတ်၊ ယုန်၊ တောကြက်၊ ခါ၊ ငုံး စသည့် တောရိုင်းတိရစ္ဆာန်များကိုလည်း ထိန်းသိမ်းကာကွယ်နိုင်မည်ဖြစ်ခြင်း၊ ဂေဟစနစ်ပိုမိုကောင်းမွန်လာစေခြင်း၊ ဒေသခံပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှု အထောက်အကူပြုနိုင်ခြင်း၊ ရာသီဥတုကောင်းမွန်လာခြင်းဖြင့် လယ်၊ ယာ စိုက်ပျိုးရေးလုပ်ငန်းများ၊ ဥယျာဉ်ခြံမြေလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေခြင်း၊ ကျေးရွာသုံးရေထွက်စိမ့်စမ်းများကောင်းမွန်လာပြီး ရေရှည်တည်တံ့နိုင်မည်ဖြစ်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်းသိရသည်။
#YMG/NN #Yangon_Times
Page 33 of 2096