#Local_News
Published 29 April 2025
▪️ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုလုပ်ငန်းကဏ္ဍ၌ လုပ်ကိုင်မည့်ဒေါ်လာ ၁ သန်းခွဲကျော်ရှိရင်းနှီးမြှုပ်နှံမှုလုပ်ငန်းနှစ်ခုကို လုပ်ကိုင်ခွင့်ပြုခဲ့ကြောင်းရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၄/၂၀၂၅) ကြိမ်မြောက်အစည်းအဝေးမှ သိရသည်။
▪️ အဆိုပါလုပ်ကိုင်ခွင့်ပြုခဲ့သည့် လုပ်ငန်းနှစ်ခုမှာ ရာခိုင်နှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် ဖက်စပ်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတို့ဖြစ်ပြီးCMP စနစ်ဖြင့် Wearing apparel အမျိုးမျိုးချုပ်လုပ်ခြင်းလုပ်ငန်းနှင့် ပြည်ပသို့ ၂၀ ရာခိုင်နှုန်းတင်ပို့ပြီး ပြည်တွင်း၌ ၈၀ ရာခိုင်နှုန်းရောင်းချမည့် သစ်အခြေခံသော သစ်သားပြားအမျိုးမျိုးနှင့် ပရိဘောဂအမျိုးမျိုး ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းများဖြစ်ကြောင်း သိရသည်။
▪️ ထိုရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်းပမာဏသည် အမေရိကန်ဒေါ်လာ ၁ ဒသမ ၅၇၇ သန်းဖြစ်ပြီး ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်း ၁,၀၀၅ ဦးအတွက် ဖန်တီးပေးနိုင်မည်ဖြစ်သည့်အပြင် အစည်းအဝေးတွင် မတည်ရင်းနှီးငွေတိုးမြှင့်သည့် ကုမ္ပဏီ ၃ ခုအပါအဝင် အထွေထွေကိစ္စရပ်များ တင်ပြလာသည့် ကုမ္ပဏီ ၁၂ ခု၏ တင်ပြချက်များကိုလည်း ဆွေးနွေးဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။
#YMG/SW #Yangon_Times
မန္တလေးငလျင်ကြီး လှုပ်ခတ်မှုကြောင့် သေဆုံးသူတွေအတွက် ကျန်ရစ်သူမိသားစုဝင်များအား ထောက်ပံ့ငွေပေးအပ်ရာမှာ တစ်ဦးကို ကျပ် ၁၈ သိန်းပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
#Local_News
Published 29 Apirl 2025
#ငလျင်ကြောင့် သေဆုံးခဲ့သူ #ထောက်ပံ့ငွေပေးအပ်
#YMG/SW #Yangon_Times
World Food Program (WFP)က လာမယ့်လတွေမှာ လူဦးရေ ၃၈၀,၀၀၀ ခန့်ကို ထပ်မံအကူအညီပေးသွားဖို့ ရည်ရွယ်ထားတယ်လို့ မန္တလေးမြေငလျင်ကြီးတစ်လပြည့်မှာ ထုတ်ပြန်လိုက်ပါတယ်။
#Local_News
Published 29 Apirl 2025
#WFP #မန္တလေးမြေငလျင်ကြီးတစ်လပြည့်
#YMG/SW #Yangon_Times
'ငလျင်ကြောင့်ပျက်စီးခဲ့သည့် ရှေးဟောင်းအဆောက်အအုံများအားရှေးမူမပျက် ပြင်ဆင်ရန် ဆောင်ရွက်နေ'မတ်လ(၂၈)ရက်နေ့မှာ ရစ်ချ်စတာစကေး ၇ဒဿမ ၇ ရှိ အင်အားပြင်း ငလျင်လှုပ်ခတ်ခဲ့တာကြောင့် မန္တလေး၊ အင်းဝ၊ ပင်းယ ၊ ပလိပ် ၊ ကျောက်ဆည်-မက္ခရာ၊ အမရပူရနဲ့ စစ်ကိုင်း/မင်းကွန်ဒေသတွေက ရှေးဟောင်း အဆောက်အအုံများစွာ ထိခိုက်ပျက်စီးခဲ့ရတာကြောင့် ရှေးမူမပျက်ပြင်ဆင်ဖို့ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
#Local_News
Published 29 Apirl 2025
#ရှေးဟောင်းအဆောက်အအုံ #ရှေးမူမပျက်ပြင်ဆင်နေ
#YMG/NN #Yangon_Times
မန္တလေးမြို့ရှိ မဟာမုနိဘုရားရုပ်ပွားတော်ကို ငလျင်ဒဏ်ခံနိုင်ရေးအတွက် အများပြည်သူအား ဆက်လက်ရွှေချခြင်းမပြုစေဘဲ ရုပ်ပွားတော်ရှိ အဆင်တန်ဆာတွေကို ဝန်ပေါ့အောင်စနစ်တကျဖြုတ်သိမ်းပြီး မှတ်တမ်းတင်ထားရှိဖို့ အပါအဝင် စီမံချက်ရေးဆွဲ ဆောင်ရွက်သွားမယ်လို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ကသိရပါတယ်။
#Local_News
Published 29 Apirl 2025
#မဟာမုနိဘုရားရုပ်ပွားတော် #ရှေးမူမပျက်စီမံချက်ရေးဆွဲ
#YMG/NN #Yangon_Times
#Local_News
Published 29 April 2025
▪️ ငလျင်ကြောင့် ပြိုကျခဲ့သည့် မန္တလေးမြို ရှိ Sky Villaမှ ကျောက်စိမ်းလက်ကောက်များ ၊ကျောက်အရိုင်းတုံးနှင့်ဖြတ်စများ တွေ့ရှိခဲ့၍ ပိုင်ရှင်ထံပြန်လည်အပ်နှံနိုင်ရေး ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲမှသိရသည်။
▪️ ဧပြီ ၂၉ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို၊ Sky Villa အဆောက်အဦ (C) အဆောင်နှင့် (D)အဆောင်တိုအား မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ ယန္တရားများနှင့်အတူ ဖယ်ရှားရှင်းလင်းခြင်းနှင့် ရုပ်အလောင်းထုတ်ယူရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ (C)အဆောင်မှ ကျောက်စိမ်းလက်ကောက် ၁၀ ကွင်း ကျောက်အရိုင်းတုံးနှင့်ဖြတ်စများအား ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ ကျောက်စိမ်းလက်ကောက် ၁၀ ကွင်း ကျောက်အရိုင်းတုံးနှင့်ဖြတ်စများအားပစ္စည်းလက်ခံလွှပြောင်းရေးအဖွဲ့ထံ လွှဲပြောင်းပေးအပ်ခဲ့ပြီး ပိုင်ရှင်ထံပြန်လည်အပ်နှံနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#YMG/NN #Yangon_Times
#World_News
Published 29 April 2025
▪️ ရုရှားသမ္မတ ဗလာဒီမာပူတင်က ဒုတိယကမ္ဘာစစ်မှာ ဆိုဗီယက်ပြည်ထောင်စုနဲ့ မဟာမိတ်တွေ အောင်ပွဲရတဲ့ နှစ် ၈၀ပြည့်အထိမ်းအမှတ်အနေဖြင့် ယူကရိန်းနဲ့စစ်ပွဲကို မေလအတွင်း ၃ ရက်တာအပစ်အခတ်ရပ်စဲဖို့ တနင်္လာနေ့က ကြေညာလိုက်ပါတယ်။
▪️ ဒါဟာ ရုရှားအနေနဲ့ ငြိမ်းချမ်းရေးအပေါ် စိတ်ဝင်စားနေဆဲဖြစ်တဲ့သဘော မြင်တွေ့နေရပြီး ယူကရိန်းနဲ့ ဥရောပမဟာမိတ်တို့ကတော့ အငြင်းပွားနေကြပါတယ်။
▪️ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတော့ ငြိမ်းချမ်းရေးအတွက် အားထုတ်မှုအခြေအနေနဲ့ ပတ်သက်ပြီး စိတ်မရှည်ဖြစ်လာပါတယ်။
▪️ ၇၂နာရီကြာရှည်ခံမယ့် အပစ်အခတ်ရပ်စဲရေးက နာဇီဂျာမနီတွေအပေါ် အောင်ပွဲရခဲ့တဲ့ အထိမ်းအမှတ် အခမ်းအနားအတွက် တရုတ်သမ္မတ ရှီကျင့်ဖျင်အပါအဝင် နိုင်ငံတကာခေါင်းဆောင်များကို ပူတင်က လက်ခံကျင်းပသွားမယ့် မေလ ၈ ရက်၊ ၉ ရက်တို့နဲ့ မေလ ၁၀ ရက်နေ့တို့မှာ အကျုံးဝင်မှာဖြစ်ပါတယ်။
▪️ သံတမန်ရေးလမ်းကြောင်း ဖြစ်လာနိုင်တဲ့ ရက် ၃၀ ကြာ ချက်ချင်းအပစ်အခတ်ရပ်စဲရေးအတွက်တော့ ပူတင်ဘာလို့ လက်မခံလဲဆိုတာကို ယူကရိန်းက မေးခွန်းထုတ်နေပါတယ်။
▪️ ဒီအတိုင်းဆိုရင် မေလ ၈ ရက်နေ့ကို စောင့်မျှော်ကြရပြီး ရုရှားတို့စစ်ရေးပြပွဲပြုလုပ်စဉ် ပူတင်စိတ်အေးလက်အေးရှိအောင် အပစ်အခတ်ရပ်စဲတဲ့သဘောပဲ ဖြစ်တယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာဇယ်လန်စကီက ပြောသွားပါတယ်။
▪️ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုနဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗ်ရော့တို့ တနင်္ဂနွေနေ့က ပြောဆိုကြပြီးနောက်မှာ ပူတင်မှ ကြေညာခဲ့တာ ဖြစ်ပါတယ်။
▪️ "သမ္မတထရမ့်က ဗလာဒီမာပူတင် စစ်ပွဲရပ်ဆိုင်းချင်တာကို ကြိုဆိုလိုက်ပေမယ့် အပြီးတိုင် အပစ်အခတ်ရပ်စဲရေးကိုပဲ အလိုရှိတယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ပြောထားပါတယ်" လို့ အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဘရိုင်ယန်ဟုချ်က ပြောပါတယ်။
▪️ ပြီးခဲ့တဲ့ရက်သတ္တပတ်က ယူကရိန်းကို ရုရှားတို့ အပြင်းအထန်တိုက်ခိုက်ခဲ့တဲ့အပေါ် ထရမ့်က ပူတင်ကို ဝေဖန်ထားပြီးနောက်မှာ အခုလို ယာယီအပစ်အခတ်ရပ်စဲဖို့ ကြေညာလာတာ ဖြစ်ပါတယ်။
▪️ အမေရိကန်ကတော့ ငြိမ်းချမ်းရေးအားထုတ်မှုတွေမှာ တကယ့်တိုးတက်မှုမရှိရင် လက်ရှောင်သွားမယ်လို့ အကြိမ်ကြိမ်ပြောထားပါတယ်။
#Source: Reuters
#Local_News
Published 29 April 2025
▪️ ယနေ့ဧပြီလ ၂၉ရက် နံနက်အစောပိုင်းက ရန်ကုန်မြို့တွင် လေပြင်းများတိုက်ခတ်ခဲ့ပြီး အပင်ကြီးများလဲကျမှုဖြစ်ပွါးခဲ့သည်။
▪️ ထို့သို့ဖြစ်ပွါးရာတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွှန့်မြို့နယ်အတွင်းရှိ ဖို့မြေရပ်ကွက်၊ကျီတော်ရပ်ကွက်များ၌လည်း ဖြစ်ပွါးခဲ့ခြင်းဖြစ်ပြီး ယနေ့ နံနက်၀၆ နာရီ၂၄မိနစ်အချိန်ခန့်က မင်္ဂလာတောင်ညွှန့်မြို့နယ် ၊ ကျီတော်ရပ်ကွက်၊ လိပ်ကန်လမ်းနှင့် ကွက်သစ်လမ်းထောင့်တွင် သစ်ပင်လဲကျပြီး လမ်းပိတ်နေကြောင်း သတင်းရသဖြင့် မင်္ဂလာတောင်ညွှန့်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published_29 April 2025
▪️ ရန်ကုန်-မန္တလေးရထားလမ်းပိုင်း ဧပြီလ ၂၈ ရက် နံနက် ၇ နာရီအချိန် က မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံရကြောင်း သိရသည်။
▪️ ကျောက်တံခါးဘူတာ မှ ထွက်ခွာလာသော အမှတ်(၉၀၂)အစုန်ကုန် ရထားသည် ရန်ကုန်-မန္တလေး ရထားလမ်း ပိုင်းအတွင်းရှိ ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ကျောက်တံခါးဘူတာနှင့် သူဌေးကုန်း ဘူတာအကြား၊ မိုင်တိုင် အမှတ် ၁၀၇/၄-၅ နေရာသို့ ရောက်ရှိချိန် တွင် အစုန်ရထားလမ်းပေါ်၌ အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့က ထောင်ထားသည့် မိုင်းပေါက်ကွဲမှုကြောင့် အစုန်ရထားလမ်း ထိခိုက်ပျက်စီးနေကြောင်းတွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
▪️ ယင်းကြောင့် ကျောက်တံခါးဘူတာသို့ ပြန်လည်ဆုတ်ခွာခဲ့ရပြီး ကျောက်တံခါးနှင့် သူဌေးကုန်းရထားလမ်းပိုင်းကို နံနက် ၇ နာရီ ၂၆ မိနစ် အချိန်တွင်ယာယီပိတ်ထားခဲ့ရကြောင်း မိုင်းပေါက်ကွဲမှု ဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ နယ်မြေဒေသတာဝန်ရှိသူများ၊ နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်တို့က နယ်မြေရှင်းလင်းစစ်ဆေးဆောင်ရွက်ခဲ့ရာ အစုန်လမ်း၏ အရှေ့ဘက်သံလမ်း၂ ပေခန့် ပြတ်ထွက်ခြင်း၊ အနောက်ဘက်သံလမ်း ၁၅ ပေခန့် ကွေး ကောက် ၍ လမ်းခင်းကျောက်နှင့် ကွန်ကရစ်ဇလီဖားတုံးအချို့ ပျက်စီးခြင်းတို့အပြင် အခင်းဖြစ်ပွားရာနေရာအနီး မပေါက်ကွဲသေးသည့် လက်လုပ်မိုင်းတစ်လုံးကို ထပ်မံတွေ့ရှိရကြောင်း သိရသည်။
▪️ မြန်မာ့မီးရထား ဝန်ထမ်းများအနေဖြင့် လမ်းပိုင်းကိုအမြန်ဆုံး ပြန်လည်ဖွင့်လှစ်နိုင်ရေး စစ်ဆေး ဆောင်ရွက်ခဲ့ပြီး နောက် ကျောက်တံခါးနှင့်သူဌေးကုန်း ဘူတာအကြားအစုန်လမ်း၏ သံလမ်းအား လဲလှယ် ခြင်း၊ လမ်းပြုပြင် ခြင်းများကိုဆောင်ရွက်ခဲ့ပြီး မွန်းလွဲ ၂ နာရီ ၃၈ မိနစ် အချိန်တွင်ပြန်လည်ဖွင့်လှစ်၍ ရထားများ ပုံမှန်အတိုင်း ပြေးဆွဲ ပေးခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ မိုင်းပေါက်ကွဲမှုဖြစ်စဉ်ကြောင့် ရန်ကုန်-မန္တလေးရထားလမ်းပိုင်းအတွင်း ပြေးဆွဲလျက်ရှိသော အမှတ် (၁၁)အဆန်အမြန်ရထားသည်နှင့် အမှတ်(၇)အဆန် DEMU အမြန်ရထားတို့ကိုညောင်လေးပင်ဘူတာ၌ အသီးသီးရောက်ရှိရပ်တန့်ထားခဲ့ရပြီး လမ်းပိုင်းစစ်ဆေးပြုပြင်ပြီးစီး၍ နံနက် ၈ နာရီ ၅၇ မိနစ်အချိန်တွင်မှသာ ပြန်လည်ထွက်ခွာပေးနိုင်ခဲ့သဖြင့် လူစီးရထားများ ၁ နာရီခန့်စီ ကြန့်ကြာမှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
▪️ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ ယခုအချိန် အထိ မြန်မာ့မီးရထားလမ်းကွန်ရက်တစ်ခုလုံးတွင် ရထားလမ်းနှင့် ရထားဘူတာနယ်မြေအတွင်း မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံရခြင်း(၈၁)ကြိမ်၊ ရထားတံ တား၊သံလမ်းများမိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံရခြင်း(၁၇၅)ကြိမ်၊ ဘူတာအဆောက်အဦနှင့် ဝန်ထမ်းနေအိမ်များမီးရှို့ဖျက်ဆီးခံရခြင်း(၁၆)ကြိမ် ရှိပြီ ဖြစ်ကြောင်း သိရသည်။
#Yangon_Times/PP
#World_Health
Published 29 April 2025
▪️ နွေရာသီချွေးထွက်များတဲ့အချိန်မှာ ရေဓာတ်ပြည့်ဝအောင်နေဖို့က အရေးကြီးပါတယ်။
▪️ ရေဓာတ်လုံလောက်မှ ခန္ဓာကိုယ်အပူချိန် ထိန်းသိမ်းနိုင်ကာ ကိုယ်တွင်းလုပ်ဆောင်ချက်တွေကို ကူညီနိုင်မှာဖြစ်သလို ရေဓာတ်ခန်းခြောက်ခြင်း၊ အပူရှိန်ကြောင့် မောဟိုက်ခြင်းတို့မှ ကာကွယ်နိုင်မှာပါ။
▪️ ရေများများသောက်နိုင်တဲ့အပြင် ရေဓာတ်ကြွယ်ဝတဲ့ အသီးတွေကလည်း ရေဓာတ်ဖြည့်တင်းစေနိုင်ပါတယ်။
▪️ (၁) ဖရဲသီး - ဖရဲသီးမှာ ၉၂ ရာခိုင်နှုန်းက ရေဓာတ်ဖြစ်ပြီး လန်းဆန်းစေရုံမက မရှိမဖြစ် အာဟာရဓာတ်အများအပြားလည်း ပါဝင်ပါတယ်။
▪️ (၂) သခွားသီး - ရေဓာတ် ၉၅ ရာခိုင်နှုန်းပါဝင်တဲ့အပြင် ကယ်လိုရီနည်းပါးတာကြောင့် နွေရာသီအတွက် သင့်လျော်ပါတယ်။
▪️ (၃) စတော်ဘယ်ရီ - ရေဓာတ်ကြွယ်ဝသလို ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ၊ ဗိုက်တာမင်-စီ၊ ဖောလိတ်၊ ပိုတက်ဆီယံ၊ အမျှင်ဓာတ်များ ကြွယ်ဝပါတယ်။
▪️ (၄) သခွားမွှေးသီး - ချိုမွှေးပြီး ရေဓာတ်ပြည့်ဝကာ ကယ်လိုရီနည်းတဲ့အပြင် ဗိုက်တာမင်-အေ၊ ပိုတက်ဆီယံ၊ ဘီတာကယ်ရိုတင်းတို့ ပါဝင်ပါတယ်။
▪️ (၅) ခရမ်းချဉ်သီး - ဗိုက်တာမင်-စီမြင့်မားတဲ့ ခရမ်းချဉ်သီးက ရေဓာတ်များပြားကာ အမျိုးမျိုးပြင်ဆင်စားသုံးနိုင်ပါတယ်။
▪️ ဒီအသီးတွေစားပေးရင် ရေဓာတ်ပြည့်ဝနိုင်ပေမယ့် ရေကိုလည်းပုံမှန်သောက်သုံးဖို့က အရေးကြီးပါတယ်။
#Source: DoctorNDTV
#World_Health
#
Published 29 April 2025
▪️ အာဟာရဓာတ်ချို့တဲ့တဲ့ ဆယ်ကျော်သက်တွေနဲ့ ငယ်ရွယ်သူတွေမှာ အဓိကဖြစ်ပွားလေ့ရှိတဲ့ ဆီးချိုရောဂါသစ်တစ်မျိုးကို ဆီးချိုအမျိုးအစား(၅)လို့ တရားဝင်သတ်မှတ်လိုက်ပါတယ်။
▪️ ဘန်ကောက်မှာပြုလုပ်တဲ့ ကမ္ဘာ့ဆီးချိုကွန်ဂရက်၂၀၂၅မှာ ဒါကိုကြေညာသွားပါတယ်။
▪️ ဆီးချိုအမျိုးအစား(၅)က ကမ္ဘာတဝှမ်းမှလူပေါင်း ၂၅ သန်းမှာဖြစ်ပွားနေပြီး အများစုက အင်ဆူလင်မလိုအပ်ကြပါဘူး။
▪️ ဒီအမျိုးအစားကို အာရှနဲ့ အာဖရိကတို့လို နိုင်ငံတွေမှာ တွေ့ရတာကြာပြီဖြစ်ပြီး အမျိုးအစား(၁)၊ (၂)တို့နဲ့ မှားယွင်းသတ်မှတ်လေ့ရှိကြပါတယ်။
▪️ ကလေးဘဝမှာ အာဟာရချို့တဲ့မှု ကြာရှည်ခံစားခဲ့ရတဲ့ လူတွေမှာ ဆီးချိုအမျိုးအစား(၅)ရောဂါ တွေ့ရတတ်ပါတယ်။
▪️ ဆီးချိုအမျိုးအစား(၂)နဲ့ မတူတာက ဒီအမျိုးအစားရောဂါဟာ နှစ်တွေကြာအောင် အာဟာရချို့တဲ့ခဲ့ပြီး ပန်ကရိယကောင်းစွာ မဖွံ့ဖြိုးတာကြောင့် ဖြစ်ရပါတယ်။
▪️ ဒီလူနာတွေဟာ အင်ဆူလင်ထိုးခြင်း မလိုအပ်တာများပြီး သောက်ဆေးများဖြင့် ကုသနိုင်ပါတယ်။
▪️ ကမ္ဘာတဝှမ်းမှာ ဆီးချိုအမျိုးအစား(၅)ရှိနေသူ သန်း ၂၀ မှ ၂၅ သန်းကြားရှိနိုင်တယ်လို့ ခန့်မှန်းရပြီး အများစုက ရောဂါရှိမှန်းမသိကြပါဘူး။
▪️ အာဟာရချို့တဲ့မှုကြောင့်ဖြစ်တဲ့ ဆီးချိုရောဂါကို ၁၉၅၀ ဝန်းကျင်က ပထမဆုံးသိခဲ့ပေမယ့် နိုင်ငံတကာသုတေသနတွေမှာ အရေးစိုက်မခံခဲ့ရပါဘူး။
▪️ နယူးယော့ခ် အယ်ဘတ်အိုင်းစတိုင်းကောလိပ်မှ ဒေါက်တာ မဲဒစ်ဟော်ကင်စ်က ၂၀၁၀မှာ ဒီအမျိုးအစားကို စတင်သုတေသနပြုလုပ်ခဲ့ပြီး ၂၀၂၂မှာ အောင်မြင်မှုရလာကာ ထိုလူနာတွေက အင်ဆူလင်ပမာဏ အလွန်နည်းနေတာ အတည်ပြုခဲ့ပါတယ်။
▪️ ၂၀၂၅ ဇန်နဝါရီမှာတော့ အိန္ဒိယမှာ ဆီးချိုပညာရှင်များ အစည်းအဝေးပြုလုပ်ခဲ့ပြီး ဒီအမျိုးအစားကို သီးခြားဆီးချိုအမျိုးအစားအဖြစ် သတ်မှတ်ဖို့ တညီတညွတ်တည်း ဆန္ဒပြုခဲ့ကြပါတယ်။
#Source: India Today
Nay Pyi Taw, April 28, 2025 —Myanmar authorities have repatriated 255 foreign nationals involved in online scams and gambling operations, according to an official announcement. The individuals had illegally entered the country through border routes and committed criminal activities in Myawaddy Township, particularly in Min Let Pan, Met Htaut Thalay, and Kyauk Khet areas.
The repatriation was conducted via the Myanmar–Thailand Friendship Bridge No. 2, in accordance with humanitarian principles, international cooperation, and legal procedures. Three additional foreign nationals were also newly identified and detained during ongoing investigations.
Earlier in the day, the Karen State Minister for Social Affairs convened a coordination meeting with departmental officials to ensure that personal data, supporting documents, and repatriation procedures were complete and compliant with legal standards.
Following the meeting, a formal handover ceremony was held, attended by officials from Myanmar, relevant foreign embassies, and Thailand’s immigration authorities. Myanmar officials officially transferred custody of the repatriated individuals to representatives of the respective countries.
Separately, three Indonesian nationals attempting to enter Myanmar illegally through unauthorized routes in the KK Park area of Myawaddy Township were apprehended.
From January 30 to April 28, 2025, a total of 9,043 foreign nationals who entered Myanmar illegally have been detained. Of these, 7,567 individuals have been repatriated through Thailand to their home countries, while 1,475 remain in custody pending repatriation.
The detained nationals originate from countries including China, Indonesia, Vietnam, Malaysia, Pakistan, India, Uganda, Ethiopia, Nepal, Thailand, Rwanda, Kenya, Kazakhstan, Cambodia, Ghana, Bangladesh, Japan, Sri Lanka, South Africa, Tunisia, Algeria, Congo, Cameroon, Uzbekistan, Nigeria, Kyrgyzstan, Namibia, Madagascar, Romania, Liberia, Russia, the Philippines, Zimbabwe, Malawi, Sierra Leone, Burundi, and Chinese Taipei.
Authorities affirmed that efforts to identify and repatriate foreign nationals entering Myanmar illegally will continue through close interagency cooperation.
#ymg/knl
Page 37 of 1662