ပဲခူးတိုင်းသို့ ဒေါ်လာသန်း(၂၀၀)ကျော်နဲ့ ကျပ်သန်းပေါင်း(၂)သိန်းကျော်တန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှုတွေ ငါးနှစ်တာအတွင်း ဝင်ရောက်ထားတယ်လို့ ပဲခူးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီကသိရပါတယ်။
#Local_News
Published 07 November 2025
#ပဲခူးတိုင်းဒေသကြီး
#YMG/NN #Yangon_Times
အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်နဲ့ ရထားလက်မှတ်များကို အွန်လိုင်းမှ တဆင့် ရောင်းချနိုင်ရေးအကောင်အထည်ဖော်ဆောင်ရွက်နေတယ်လို့ မြန်မာ့မီးရထားမှ သိရပါတယ်။
#Local_News
Published 07 November 2025
#ရထားလက်မှတ် #မြန်မာ့မီးရထား
#YMG/SW #Yangon_Times
နိုင်ငံတော်ရဲ့ အိမ်ရာချေးငွေလုပ်ငန်းဖွံဖြိုးတိုးတက်ရေးစီမံကိန်း အစီအစဉ်နဲ့ ရောင်းချခဲ့တဲ့ အခန်းများအား ယာယီနေထိုင်ခွင့် ထုတ်ပေးသွားမှာဖြစ်တယ်လို့ ဆောက်လုပ်ရေး၊အိမ်ရာနှင့် အခြေခံအဆောက်အအုံဖြစ်ရေးဘဏ် CHID က ထုတ်ပြန်လိုက်ပါတယ်။
#Local_News
Published 07 November 2025
#CHID #အိမ်ရာချေးငွေ
#YMG/SW #Yangon_Times
Ponnami အိမ်၊ကား၊အာမခံနဲ့ လူသုံးကုန်ပစ္စည်းများ တန်ဆောင်တိုင် ဈေးရောင်းပွဲတော်ကို ရန်ကုန်မြို့ရှိ Junction Square Open Plaza မှာ
ဒီကနေ့ ကနေစတင်ပြီး ကျင်းပနေတယ်လိံသိရပါတယ်။
#Local_News
Published 07 November 2025
#Junction_Square_Open_Plaza
#YMG/NN #Yangon_Times
#Daily_News
Published 07 November 2025
၁။ CHID ဘဏ်မှတဆင့်ရောင်းချခဲ့သောအခန်းများအား ယာယီနေထိုင်ခွင့် ထုတ်ပေးသွားမည်
၂။ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းကာရထားလက်မှတ်များကို အွန်လိုင်းမှတဆင့် ရောင်းချနိုင်ရေးဆောင်ရွက်နေ
၃။ ပဲခူးတိုင်းသို့ ဒေါ်လာသန်း(၂၀၀)ကျော်နှင့်ကျပ်သန်းပေါင်း(၂)သိန်းကျော်တန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်ထား
၄။ ဂျက်အင်ဂျင်စွမ်းအင်သုံးကျောပိုးစက်တပ်ပစ္စည်းအား တရုတ်သုတေသနအဖွဲ့အောင်မြင်စွာစမ်းသပ်... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 7 November 2025
■ ဂျပန်ယဥ်ကျေးမှုစင်တာ(JFYG)တွင် နာမည်ကြီးမန်းဂစာအုပ်များကို ဖတ်ရှုနိုင်မည့် MANGA DAY ပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။
■ ဂျပန်ဖောင်ဒေးရှင်းရန်ကုန်၊ ဂျပန်ယဥ်ကျေးမှုစင်တာ(JFYG)တွင် ဂျပန်နိုင်ငံ၏ယဥ်ကျေးမှုနှင့်ပတ်သက်ပြီး လစဥ်ပြခန်း၊ပြပွဲကိုပြုလုပ်ပေးသွားမည်ဖြစ်ပြီး ယခုတစ်ခေါက်ပြခန်းတွင် နာမည်ကြီးမန်းဂစာအုပ်များကို ဖတ်ရှုနိုင်ရန်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
■ "မန်းဂဆိုတာကတော့ ဂျပန်နိုင်ငံမှာ ရေးသားထုတ်လုပ်တဲ့ ရုပ်ပြကာတွန်းများ၊ ပုံပြပုံဝတ္ထုများ (Graphic Novel)အားလုံးကို ခြုံငုံခေါ်ဆိုခြင်းဖြစ်ပါတယ်။ အသက်အရွယ်တစ်ခုတည်းအတွက် ရည်ရွယ်တာမဟုတ်ဘဲ များပြားစုံလင်တဲ့ ပရိသတ်အမျိုးအစားတွေအတွက် ကွဲပြားတဲ့ မန်းဂ မြောက်များစွာရှိပြီးအသက်အရွယ်မရွေး ခုံမင်စွာဖတ်ရှုကြပါတယ်။
မန်းဂတွေကို ဖတ်ရှုရာမှာ မြန်မာနဲ့ အင်္ဂလိပ်ဘာသာမှာလို ဘယ်ကနေညာကို ဖတ်ရတာမဟုတ်ဘဲ ညာဘက်ကနေစပြီး ဘယ်ကိုဖတ်ရလေ့ရှိပါတယ်။ မန်းဂတွေကို Weekly Shonen Jumpလို မဂ္ဂဇင်းတွေမှာ အခန်းဆက်ထည့်သွင်းကြပြီး လူကြိုက်များလာတဲ့အခါ Tankoubon Volumeလို့ခေါ်တဲ့ သီးသန့်စာအုပ်အထူအဖြစ်စုစည်းထုတ်ဝေလေ့ရှိပါတယ်" ဟု
ဂျပန်ယဥ်ကျေးမှုစင်တာမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
■ ယခုလအတွင်း အပတ်စဥ်အင်္ဂါနေ့မှ စနေနေ့၊ မနက် ၉း၃၀ မှ နေ့လည် ၃း၃၀ အထိဂျပန်ဖောင်ဒေးရှင်းရန်ကုန်၊ ဂျပန်ယဥ်ကျေးမှုစင်တာ(JFYG)တွင် နာမည်ကြီးမန်းဂစာအုပ်များကို ထားရှိထားသောကြောင့် လွတ်လပ်စွာလာရောက်ဖတ်ရှုလေ့လာနိုင်ပြီး မိမိကြိုက်နှစ်သက်သည့် ဂျပန်မန်းဂကာရိုက်တာများကိုလည်း အမှတ်တရရေးဆွဲနိုင်မည်ဖြစ်ကြောင်းသိရသည်။
#YMG/SW #Yangon_Times
#World_Health
Published 07 November 2025
■ ဂျပန်နဲ့ အမေရိကန်သုတေသီတွေက အဆုတ်ကနေ အသက်မရှူနိုင်တဲ့သူတွေအတွက် ကုသနည်းတစ်မျိုး ဖန်တီးလိုက်ပါတယ်။
■ ပထမဆုံးလူသားစမ်းသပ်ချက်များအရ တင်ပါးနဲ့အသက်ရှူခြင်းနည်းလမ်းဟာ ဘေးကင်းစိတ်ချရပြီး အသက်ကယ်နည်းလမ်း ဖြစ်လာစေမှာ ဖြစ်ပါတယ်။
■ ရေချိုငါးလေးတွေဆိုရင် ပါးဟက်ကနေ အသက်ရှူကြပေမယ့် အောက်ဆီဂျင်နည်းသွားတဲ့အခါ ရေမျက်နှာပြင်သို့ တက်လာပြီး လေကိုမျိုချကြပါတယ်။
■ လေက အစာခြေလမ်းကြောင်းကနေ ဖြတ်သန်းပြီး သွေးလမ်းကြောင်းထဲ အောက်ဆီဂျင်စုပ်ယူသွားကာ ကျန်တာတွေက စအိုကနေ ထွက်သွားပါတယ်။
■ အချို့သော သတ္တဝါတွေလည်း အဆုတ်က ကောင်းစွာမရှူနိုင်တဲ့အခါ အောက်ဆီဂျင်ကို အလားတူနည်းလမ်းတွေနဲ့ စုပ်ယူကြပါတယ်။
■ သိပ္ပံပညာရှင်တွေက လူတွေမှာ အသက်ရှူလမ်းကြောင်း ပိတ်တဲ့သူတွေ အဆုတ်ပိတ်ဆို့သူတွေမှာ အူလမ်းကြောင်းကနေ အသက်ရှူတဲ့နည်းလမ်း အသုံးပြုနိုင်မလားဆိုတာ လေ့လာခဲ့ကြပါတယ်။
■ စအိုထဲသို့ ပိုက်ပြွန်တစ်ခုဖြင့် အောက်ဆီဂျင်ပါတဲ့အရည်တွေကို ထည့်သွင်းခဲ့ကြပါတယ်။
■ အထဲမှာ အောက်ဆီဂျင်က အူနံရံတွေကို ဖြတ်သန်းပြီး သွေးလမ်းကြောင်းထဲ ရောက်ရှိသွားပါတယ်။
■ ကျန်းမာပြီးရဲရင့်တဲ့ အမျိုးသား ၂၇ ဦးက စမ်းသပ်မှုခံယူရန် သဘောတူညီခဲ့ကြပါတယ်။
■ အဓိကက ဒီနည်းလမ်းရဲ့ ဘေးကင်းစိတ်ချရမှုကို သိရှိရန်ဖြစ်ပြီး ထိရောက်မှုအကြောင်းတော့ မပါဝင်ဘူးလို့ ဒေါက်တာ တာကာနိုရီတာကဲဘဲက ပြောပါတယ်။
■ နောက်တစ်ကြိမ်မှာတော့ အောက်ဆီဂျင်ပါတဲ့ အရည်တွေနဲ့ အူလမ်းကြောင်းအသက်ရှူခြင်းကို စမ်းသပ်ဖို့ စီစဉ်နေကြပါတယ်။
■ ကိုဗစ်ကာလအတွင်း အသက်ရှူထောက်ကူကိရိယာတွေ ရှားပါးခဲ့တာကြောင့် လူနာအများအပြား အသက်ဆုံးပါးခဲ့ကြတယ်လို့ ပြောသွားပါတယ်။
Source: New York Post
#World_Science
Published 07 November 2025
■ ဗြိတိန်ဂျူရာဆစ်ကမ်းရိုးတန်းမှာ အရိုးငြမ်းတစ်ခု တွေ့ရှိခဲ့ရာ တစ်ချိန်က ပင်လယ်ပြင်ကို ကြီးစိုးခဲ့တဲ့ ရှေးခေတ်ပင်လယ်နေတွားသွားသတ္တဝါမျိုး အစ်ချ်ယိုဆောရဲ့ မျိုးစိတ်သစ်အဖြစ်တွေ့ရှိခဲ့ကြောင်း သိပ္ပံပညာရှင်တွေ သောကြာနေ့က ပြောပါတယ်။
■ အရွယ်အစားက လင်းပိုင်တစ်ကောင်လောက်ရှိပြီး Xiphodracon goldencapensis ခေါ် ဓားနဂါးလို့ အမည်ပေးထားပါတယ်။
■ ဒီလိုမျိုးစိတ်ရှိခဲ့တယ်ဆိုတဲ့ တစ်ခုတည်းသော ဥပမာဖြစ်ပြီး အစ်ချ်ယိုဆော ရုပ်ကြွင်းမှတ်တမ်းတွေထဲက အရေးကြီးတဲ့ကွက်လပ်ကို ဖြည့်ပေးနိုင်တယ်လို့ မန်ချက်စတာတက္ကသိုလ်က ပြောပါတယ်။
■ သုတေသနပညာရှင် ဒင်းလိုမက်စ်က ရှေးဟောင်းရုပ်ကြွင်းပညာရှင် အဖွဲ့ ၃ ဖွဲ့ကိုဦးဆောင်ကာ ဆန်းစစ်ခဲ့ကြပါတယ်။
■ အစ်ချ်ယိုဆောတွေက ရေအောက်မှာနေကြပြီး ဒိုင်နိုဆောမျိုးအဖြစ် မသတ်မှတ်ပါဘူး။
■ ဓားနဂါးတွေဟာ လွန်ခဲ့တဲ့နှစ်သန်းပေါင်း ၁၉၀ ခန့်က ပလီယန်စ်ဘာချီယန်ခေတ်က ဖြစ်ပါတယ်။
■ ရုပ်ကြွင်းကို ၂၀၀၁ ခုနှစ်က ဒေါ်ဆက် ဂိုးလ်ဒင်းကပ်အနီးမှာ တွေ့ရှိခဲ့တာဖြစ်ပေမယ့် လတ်တလောကမှ ဆန်းစစ်ခဲ့ကြတာ ဖြစ်ပါတယ်။
■ ဦးခေါင်းခွံမှာ မျက်တွင်းပေါက်ကြီးနဲ့ ဓားလိုမျိုးနှာတံ ပါဝင်ပါတယ်။
■ ၃ မီတာခန့် ရှည်လျားနိုင်ပြီး ငါးတွေ ကင်းမွန်တွေကို စားသုံးခဲ့နိုင်တယ်လို့ ပြောပါတယ်။
■ ဒီအရိုးစုကို ကနေဒါ တိုရွန်တိုရှိ တော်ဝင်အွန်တာရီယိုပြတိုက်မှာ ပြသသွားဖို့ စီစဉ်ထားပါတယ်။
Source: NDTV
ယူကေရထားပေါ်က ဓားထိုးမှုကြောင့် ရထားလမ်းလုံခြုံရေးအပေါ် အများပြည်သူစိုးရိမ်မှု မြင့်တက်လာပြီး အနည်းဆုံး ၁၁ ဦးဒဏ်ရာရခဲ့ကာ စုံစမ်းစစ်ဆေးနေပါတယ်။
#World_News
Published 06 November 2025
#ဗြိတိန်ရထား #ယူကေရထား
#YMG #Yangon_Times #Yangon_Media_Group
အေးသာယာစက်မှုဇုန်မှာ တည်ဆောက်လျှက်ရှိတဲ့နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံတည်ဆောက်မှု ၈၀ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်တယ်လို့ သိရပါတယ်။
#Local_News
Published 06 November 2025
#အေးသာယာစက်မှုဇုန် #နေရောင်ခြည်စွမ်းအင်သုံး
#YMG/SW #Yangon_Times
တိုင်ဖွန်းမုန်တိုင်း “ခန့်မေဂီ” မှ ပြတ်ထွက်လာတဲ့ တိမ်တိုက်များကြောင့် ပြည်နယ်နဲ့တိုင်းဒေသကြီးအချို့မှာ ဒေသအလိုက်နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားပါတယ်။
#Local_News
Published 06 November 2025
#တိုင်ဖွန်းမုန်တိုင်း #ခန့်မေဂီ
#YMG/SW #Yangon_Times
နေပြည်တော်ကထွက်ရှိတဲ့ မွေးမြူရေးထွက်ကုန် အေးခဲသားများကို ပြည်ပသိုတိုက်ရိုက်တင်ပိုနိုင်ရေး ချိတ်ဆက်ညှိနှိင်းဆောင်ရွက်နေတယ်လို့စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနကသိရပါတယ်။
#Local_News
Published 06 November 2025
#နေပြည်တော် #မွေးမြူရေး
#YMG/NN #Yangon_Times
Page 39 of 1855