#World_Science
Published 30 August 2026
■ သုတေသနပညာရှင် ဂေဘရီယယ်ဟယ်ရီက နေလုံးကြီး သက်တမ်းကုန်ဆုံး ပျက်စီးသွားချိန်မှာ ကမ္ဘာဂြိုဟ်လွတ်မြောက်ကျန်ရစ်ပြီး ၉.၁ ကွာဒရီလီယံနှစ်အထိ သက်ရှိများ နေထိုင်နိုင်ရေးအတွက် အင်ဂျင်နီယာစီမံကိန်းတစ်ခု အဆိုပြုထားပါတယ်။
■ နေက နောက်ထပ်နှစ်သန်းပေါင်းများစွာအကြာမှာ ရေဒီယိုဓာတ်ကြွမှု မြင့်မားတဲ့ Giant Red ကြယ်ကြီးအဖြစ်သို့ ကျယ်ပြန့်လာမှာဖြစ်ပြီး ကမ္ဘာဂြိုဟ်ကို ဝါးမျိုကာ သက်ရှိများရှင်သန်နိုင်စွမ်းကို ဖျက်ဆီးပစ်နိုင်တဲ့အန္တရာယ် ရှိနေပါတယ်။
■ စီမံကိန်းပထမအဆင့်အဖြစ် နေရောင်ခြည် ပြင်းထန်စွာဖြာထွက်မှုကို တားဆီးရန် လပတ်လမ်းအပြင်ဘက်မှာ ကီလိုမီတာ ၇ သိန်းကျယ်ဝန်းတဲ့ အလူမီနီယံနေကာဒိုင်းတစ်ခု တပ်ဆင်ရန် အဆိုပြုထားပါတယ်။
■ ထိုနေကာဒိုင်းကို Lagrange Point 1 မှာ ထားရှိမယ့် အလေးချိန်ရှိ ထိန်းညှိပစ္စည်းနဲ့ ချိတ်ဆက်ထားတဲ့ ကီလိုမီတာ ၂ သန်းရှည် လျှပ်စစ်စီးကေဘယ်ဖြင့် ချည်နှောင်ထားမှာ ဖြစ်ပါတယ်။
■ နေကာဒိုင်းကြောင့် ကမ္ဘာဂြိုဟ် အေးခဲမသွားစေရန် ဂျူပီတာဂြိုဟ်ပတ်လမ်းမှာ တပ်ဆင်ထားတဲ့ နျူကလီးယား ပေါင်းစပ်ဓာတ်ပေါင်းဖိုသုံး ဖန်တီးထားတဲ့ နေများမှတဆင့် ကမ္ဘာမြေပြင်သို့ အပူဓာတ် ထုတ်လွှတ်ပေးမှာ ဖြစ်ပါတယ်။
■ နေရဲ့ဝါးမျိုခြင်းကနေ လွတ်မြောက်ဖို့ ဂျူပီတာမှ ရရှိတဲ့ အောက်ဆီဂျင်သုံး အမှုန်တန်းများကို အသုံးပြုကာ ကမ္ဘာပတ်လမ်းကို 1.0 AU မှ 1.2 AU အထိ ဖြည်းဖြည်းချင်း အပြင်ဘက်သို့ တွန်းထုတ်သွားမှာ ဖြစ်ပါတယ်။
■ လက်ရှိမှာ စိတ်ကူးတောင် မယဉ်နိုင်သေးတဲ့ နည်းပညာများ လိုအပ်နေပေမယ့် တိုးတက်လာမယ့် အဖွဲ့အစည်းတွေဟာ စကြဝဠာအန္တရာယ်တွေကနေ ကမ္ဘာမြေကို ကာကွယ်မယ့် နည်းလမ်းများ အကောင်အထည် ဖော်နိုင်မယ်လို့ ယူဆနေပါတယ်။
Source: WION
#World_Health
Published 30 August 2026
■ မွေးကင်းစကလေးတွေရဲ့ အရေပြားဟာ သဘာဝအကာအကွယ်အလွှာ မဖွံ့ဖြိုးသေးတာကြောင့် ပါးလွှာပြီး ထိခိုက်လွယ်တဲ့အပြင် အပူချိန်၊ စိုထိုင်းဆ၊ နေရောင်ခြည်ဒဏ်တို့ကို ခံနိုင်ရည် မရှိပါဘူး။
■ ချွေးထွက်လွန်ပြီး ချွေးပေါက်များ ပိတ်ဆို့တဲ့အခါ အသားခေါက်တဲ့နေရာများ၊ လည်ပင်း၊ ဂျိုင်း၊ ပေါင်ခြံတို့မှာ မိတ်ထွက်တတ်ပါတယ်။
■ ကလေးအရေပြားအထူးကု ဆရာဝန်ကြီးများက လိုအပ်တာထက် ပိုသုံးစွဲခြင်းထက် ရိုးရှင်းတဲ့ ပြုစုစောင့်ရှောက်မှု ပုံစံမျိုးကိုသာ ကျင့်သုံးရန် အကြံပြုထားကြပါတယ်။
■ ကလေး အပူမများစေဖို့ ပေါ့ပါးပြီး ချောင်ချိတဲ့ အဝတ်အစားများ ဝတ်ဆင်ပေးသင့်ပါတယ်။
■ ကလေးတွန်းလှည်းများကို အထည်များဖြင့် အုပ်ထားခြင်းမျိုးကို ရှောင်ကြဉ်ရပါမယ်။
■ တစ်နေ့တစ်ကြိမ် ရေချိုးပေးကာ အနံ့မပါတဲ့ ဆပ်ပြာအသုံးပြုပေးပြီး အသားခြောက်ခြင်းကလွဲလို့ ခရင်မ်များ မလိုအပ်ဘဲ မလိမ်းပေးသင့်ပါဘူး။
■ အသက် ၆ လအောက် ကလေးများကို အရိပ်ရအောင်ထားခြင်း၊ ဦးထုပ်ဆောင်းပေးခြင်း၊ နံနက်စောစော ညနေစောင်းအချိန်တွေမှသာ အပြင်ထွက်ပေးခြင်းတို့ဖြင့် နေရောင်ခြည် တိုက်ရိုက်ထိတွေ့မှုမှ ကာကွယ်ရပါမယ်။
■ သေးခံအထည်ကို မကြာခဏ လဲလှယ်ပေးသင့်ပြီး ကလေးကို ညင်သာစွာ သန့်စင်ပေးကာ အရေပြားလုံးဝခြောက်သွေ့သွားမှ သေးခံပြန်လည်ဝတ်ဆင်ရပါမယ်။
■ သေးခံကြောင့်ဖြစ်တဲ့ အနီကွက်တွေ ပိုဆိုးလာရင် ပြည်တည်လာရင် ပိုးဝင်တဲ့လက္ခဏာပြရင် ကလေးမအီမသာဖြစ်ရင် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။
Source: The Jerusalem Post
နေပြည်တော်၊ဩဂုတ် ၂၉
ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ် ဂန်ချောင်းကျေးရွာအနီးရှိ ညောင်တုန်းကျွန်းတာတွင် တိုးမြစ်ရေတိုက်စားမှုကြောင့် အလျားပေ ၃၀၀၊ အနံ ၄၅ ပေခန့်ရှိ တာကိုယ်ထည် ဩဂုတ် ၂၅ ရက်မှစ၍ ရေတိုက်စားခံခဲ့ရသဖြင့် အရေးပေါ်ကာကွယ်ပြုပြင်မှုများ အမြန်ဆုံးပြီးစီးရေးနှင့် အနာဂတ်ရေမြင့်တက်မှုကို ခံနိုင်ရည်ရှိစေရန် စနစ်တကျ ပြန်လည်တည်ဆောက်ရေး ဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ဩဂုတ် ၂၉ ရက်တွင် သွားရောက်စစ်ဆေး၍ တာဝန်ရှိသူများအား ညွှန်ကြားခဲ့သည်။
ရေတိုက်စားမှုသည် ဧရာဝတီမြစ်မှ ခွဲထွက်သည့် တိုးမြစ်၏ ရေစီးကြောင်းပြောင်းလဲမှုနှင့် မြစ်ကမ်းတိုက်စားမှုကြောင့် ညောင်တုန်းကျွန်းတာ တာမိုင် ၁၁/၆ နှင့် ၁၁/၇ ကြားတွင် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် တာခြေ၌ တုတ်တန်းရိုက်၍ သဲအိတ်ဖြည့်ခြင်း၊ သဲအိတ်ဖြင့် တာခြေထောက်ခြင်း၊ မူလတာ၏ ဒုတိယဆင်ခြေလျှောအခြေကို သဲအိတ်ထောက်ခြင်း၊ ယာယီပန်းတာနှင့် ကမ်းရင်းတာဆင်ခြေလျှော တည်ဆောက်ခြင်းအပြင် တိုက်စားမှုကာကွယ်ရန် Geo Textile ခင်းခြင်းတို့ ဆောင်ရွက်နေသည်။
တာဝန်ရှိသူများ၏ တင်ပြချက်အရ တိုးမြစ်၏ ရေနက်စီးကြောင်းသည် မာယူ/ချောင်းဖျား၊ ချောင်းကြီး၊ ဂန်ချောင်းနှင့် ထုံးဝကျေးရွာဘက်သို့ ရွေ့လျားလာသဖြင့် နှစ်စဉ် မြစ်ကမ်းပြိုကျမှုများ ဖြစ်ပေါ်နေသည်။ ဂန်ချောင်းကျေးရွာအနီးတွင် နှစ်စဉ် ကမ်းပါးပေ ၁၅၀ မှ ၂၆၅ ပေခန့်အထိ ပြိုကျခဲ့ပြီး ၁၉၈၀ ပြည့်နှစ်မှစ၍ နှစ်ပေါင်း ၄၀ ကျော်အတွင်း စိုက်ပျိုးမြေများအပါအဝင် မြေဧရိယာ ၁,၀၀၀ ဧကကျော်ခန့် ဆုံးရှုံးခဲ့ကာ မြစ်တစ်ဖက်ကမ်း၌ မြေနုကျွန်း ၈၅၀ ဧကခန့် ပေါ်ထွန်းလာကြောင်း သိရသည်။ ဒေသရေဘေးကာကွယ်ရေးအတွက် ၂၀၀၀-၂၀၀၁ ဘဏ္ဍာနှစ်မှ ယခုဘဏ္ဍာနှစ်အထိ ပန်းတာနှင့် ဖြတ်တာ စုစုပေါင်း ၁၂ ခုခန့် တည်ဆောက်ထားသည်။
နိုင်ငံတော်သမ္မတက အလားတူ တာဘောင်ရေတိုက်စားမှုနှင့် ရေကြီးရေလျှံမှုများ လျှော့ချနိုင်ရေးအတွက် မြစ်၊ မြစ်လက်တက်နှင့် ချောင်းများ၏ ရေစီးရေလာ၊ ရေဝင်ရေထွက်နှင့် မြစ်ကြမ်းပြင်အမြင့်အနိမ့်တို့ကို စဉ်ဆက်မပြတ် သုတေသနပြုမှတ်တမ်းတင်၍ လိုအပ်သည့် မြစ်ကြောင်းပြုပြင်ထိန်းသိမ်းမှုနှင့် နုန်းဆယ်မှုများကို နှစ်စဉ်စီမံချက်ဖြင့် ဆောင်ရွက်ရန် ညွှန်ကြားခဲ့သည်။ ရေလမ်းကြောင်းပိတ်ဆို့သည့် မြေနုကျွန်းများကို စနစ်တကျတူးဖော်ရှင်းလင်းရန်နှင့် ဧရာဝတီမြစ်အပါအဝင် နိုင်ငံတစ်ဝန်း မြစ်ချောင်းများ၌ သောင်တူးဖော်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်လည်း ပြောကြားခဲ့သည်။

ထို့ပြင် ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များကို ထည့်သွင်းတွက်ချက်၍ ရေတိုအရေးပေါ်လုပ်ငန်းများနှင့် ရေရှည်ကာကွယ်ရေးအစီအမံများကို တွဲဖက်ဆောင်ရွက်ရန်၊ အခြားတာရိုးများရှိ ရေတိုက်စားနိုင်သည့် နေရာများကို ကြိုတင်စစ်ဆေးကာကွယ်ရန်နှင့် လေးမျက်နှာမြို့နယ်ရှိ ငဝန်တာတမံ ရေတိုက်စားမှုကာကွယ်ရေးလုပ်ငန်းအပါအဝင် လက်ရှိလုပ်ငန်းများကို ရရှိနိုင်သည့် အင်အားစုများဖြင့် အရှိန်မြှင့်ဆောင်ရွက်ရန် ညွှန်ကြားခဲ့သည်။
ရေကြီးရေလျှံမှုကြောင့် ဒေသခံများ၏ နေအိမ်၊ စိုက်ပျိုးရေးနှင့် လူမှုစီးပွားဘဝ ထိခိုက်ဆုံးရှုံးမှုများကို စနစ်တကျ စာရင်းကောက်ယူ၍ လိုအပ်သည့် ကယ်ဆယ်ထောက်ပံ့မှုများ အချိန်မီပေးနိုင်ရေး ဆောင်ရွက်ရန်လည်း တာဝန်ရှိဌာနများကို မှာကြားခဲ့သည်။ ရန်ကုန်-မအူပင်လမ်းတစ်လျှောက် ရေဆင်းမြောင်းများ ပိတ်ဆို့မှုမရှိစေရေး ရှင်းလင်းရန်နှင့် ရေကျော်သည့် လမ်းပိုင်းများကို မြှင့်တင်ရန်လည်း ညွှန်ကြားခဲ့သည်။
ယင်းနောက် နိုင်ငံတော်သမ္မတသည် တာဘောင်ပြုပြင်ရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး လက်ရှိရေတိုက်စားမှုကိုသာ ဖြေရှင်းခြင်းမပြုဘဲ နောင်ရေမြင့်တက်လာပါက ခံနိုင်ရည်ရှိစေရန် ထည့်သွင်းတွက်ချက်၍ ပြန်လည်တည်ဆောက်ရန်၊ လိုအပ်သည့် စက်ယန္တရား၊ လူအင်အားနှင့် ပစ္စည်းများ စုစည်းအသုံးပြုကာ အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်ရန် မှာကြားခဲ့သည်။ ထို့နောက် ပြုပြင်ရေးနှင့် ရေဘေးကာကွယ်ရေးလုပ်ငန်းများတွင် ပါဝင်နေသည့် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအဖွဲ့များနှင့် ဒေသခံပြည်သူများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်

နီပေါဘက်ခြမ်းမှ စတင်ဖြစ်ပွားခဲ့တဲ့ မြေပြိုမှုဟာ ဗုဒ္ဓဟူးနေ့နံနက်ပိုင်းမှာ တိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ တရုတ်-နီပေါနယ်စပ်ရှိ ဂျီရုန်းဆိပ်ကမ်းကို ထိခိုက်ခဲ့ပါတယ်။
#World_Crisis
Published 29 August 2026
#တရုတ်_နီပေါ
#YMG #Yangon_Times #Yangon_Media_Group
ဧရာဝတီတိုင်းဒေသကြီး ၊လေးမျက်နှာမြို့နယ်၌ ရေပြန်လည်ကျဆင်းပါက စိုက်ပျိုးရေးလုပ်ငန်းများအတွက်အသုံးပြုရန် စက်ယန္တရား ၊မျိုးစေ့၊ သွင်းအားစုများ အသင့်စုဆောင်းထားရှိတယ်လို့ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော်က ပြောပါတယ် ။
#Local_News
Published 29 August 2026
#လေးမျက်နှာမြို့နယ် #ဧရာဝတီတိုင်းဒေသကြီး
#YMG/NN #Yangon_Times
ပို့ဆောင်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားအနေဖြင့် ရထားစီးခရီးသွားပြည်သူများနဲ့ ဒဂုံတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူတွေ အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် ရန်ကုန်-တိုးကြောင်ကလေး-ဒဂုံတက္ကသိုလ် လူစီးရထားခရီးစဉ်တွေကို စက်တင်ဘာ ၁ ရက်ကစပြီး တစ်ရက်လျှင် ၁၂ ခေါက် နေ့စဉ်ပြေးဆွဲပေးသွားမယ်လို့ သိရပါတယ်။
#Local_News
Published 29 August 2026
#ရန်ကုန်_ဒဂုံတက္ကသိုလ်
#YMG/SW #Yangon_Times
ရွှေကျင်နဲ့ဘီးလင်းမြစ်ရေတွေဟာ လာမယ့် ၃၆ နာရီအတွင်း စိုးရိမ်ရေမှတ်အထိ ရောက်ရှိလာနိုင်သလို ဘားအံနဲ့ မဒေါက်မြို့တွေမှာတော့ မြစ်ရေဟာ စိုးရိမ်ရေမှတ်အထက်ကျော်လွန်ရောက်ရှိနေပြီး ဆက်လက်မြင့်တက်လာနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ထုတ်ပြန်သတိပေးထားပါတယ်။
#Local_News
Published 29 August 2026
#ရွှေကျင်_ဘီးလင်း
#YMG/SW #Yangon_Times
#Daily_News
Published 29 August 2026
၁။ လေးမျက်နှာမြို့နယ်၌ ရေပြန်လည်ကျဆင်းပါကစိုက်ပျိုးရေးအတွက် စက်ယန္တရား ၊မျိုးစေ့၊ သွင်းအားစုများအသင့်စုဆောင်းထားရှိဟုဆို
၂။ ရန်ကုန်-ဒဂုံတက္ကသိုလ် ရထားခရီးစဉ်များတိုးချဲ့ပြေးဆွဲမည်
၃။ ရွှေကျင်နှင့်ဘီးလင်းမြစ်ရေစိုးရိမ်ရေမှတ်သို့ရောက်ရှိနိုင်ပြီးဘားအံနှင့်မဒေါက်တွင် စိုးရိမ်ရေမှတ်အထက်ကျော်လွန်
၄။ တရုတ်-နီပေါမြေပြိုမှုအတွင်း ကယ်ဆယ်ရေးလုပ်ငန်းစဉ်များခက်ခက်ခဲခဲဆောင်ရွက်... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 29 August 2026
■ မြန်မာ ယူ-၁၇ အမျိုးသားဘောလုံးအသင်း ပါဝင်ယှဉ်ပြိုင်မည့် ၂၀၂၇ အာရှဖလား ယူ-၁၇ ပြိုင်ပွဲ ခြေစစ်ပွဲစဉ်များကို မြန်မာနိုင်ငံကအိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။
■ အဆိုပါ ပြိုင်ပွဲကို လာမည့်နိုဝင်ဘာ ၈ ရက်မှ ၂၀ ရက်အထိ ကျင်းပရန်လျာထားပြီးခြေစစ်ပွဲတွင် အသင်း ၃၅ သင်း ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး ငါးသင်းစီပါဝင်သော အုပ်စုခုနစ်ခုခွဲခြားကာ အိမ်ရှင်ခုနစ်နိုင်ငံ၌ ကျင်းပသွားမည်ဖြစ်သည်။
■ အာရှဘောလုံးအဖွဲ့ချုပ် (AFC) ၌ ဩဂုတ် ၂၇ ရက်ကပြုလုပ်ခဲ့သည့် အုပ်စုမဲခွဲပွဲရလဒ်အရ မြန်မာအသင်းသည် အာရှဒေသတွင်း ပြိုင်ဘက်အသင်းများဖြစ်သည့် အင်ဒိုနီးရှား၊ အာဖဂန်နစ္စတန်၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယားတို့နှင့်အတူ အုပ်စု (A) တွင်ကျရောက်နေသည်။
■ AFC ၏ သတ်မှတ်ချက်အရ ထိပ်ဆုံးခုနစ်သင်းသာ နောက်ဆုံးအဆင့် ပြိုင်ပွဲသို့ တိုက်ရိုက်တက်ရောက်ခွင့်ရရှိမည်ဖြစ်ကြောင်းသိရသည်။
#YMG/NN #Yangon_Times
#World_News
Published 29 August 2026
■ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန်နဲ့ ဗင်နီဇွဲလားတို့ကြား သမိုင်းဝင် ရေနံသဘောတူညီချက်တစ်ခု ကြေညာခဲ့ပါတယ်။
■ အမေရိကန်က ဗင်နီဇွဲလားရဲ့ ရေနံသိုလှောင်စည်ပေါင်း ၆၅ ဘီလီယံရဲ့ အများစုဖြစ်တဲ့ ၅၅ ရာခိုင်နှုန်းကို ထိန်းချုပ်ခွင့်ရရှိခဲ့ပါတယ်။
■ ဒီသဘောတူညီချက်က အမေရိကန်အခွန်ထမ်းများရဲ့ ကုန်ကျစရိတ် မရှိဘဲ နှစ် ၁၀၀ သက်တမ်းရှိ လုပ်ပိုင်ခွင့်များပါဝင်တဲ့ ပုဂ္ဂလိကစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖြစ် လည်ပတ်မှာ ဖြစ်ပါတယ်။
■ နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို၊ ကာကွယ်ရေးဝန်ကြီး ပီ့တ်ဟက်ဆက်နဲ့ ဗင်နီဇွဲလား ယာယီသမ္မတ ဒယ်စီရိုဒရီဂွက်ဇ်တို့ ညှိနှိုင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါတယ်။
■ ဒီသဘောတူညီချက်က အမေရိကန် ရေနံသိုလှောင်ပမာဏကို နှစ်ဆတိုးစေပြီး ပြည်တွင်းဓာတ်ဆီဈေးနှုန်းများ လျှော့ချရန်နဲ့ ရေနံအရန်စတော့များ ပြန်လည်ဖြည့်တင်းရန် ရည်ရွယ်ပါတယ်။
■ ဗင်နီဇွဲလားရဲ့ စီးပွားရေးနဲ့ စွမ်းအင်ကဏ္ဍကို ပြန်လည်တည်ဆောက်ရန်အတွက် ဒေါ်လာဘီလီယံ ၁၀၀ နီးပါးရှိတဲ့ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုများကို လမ်းကြောင်းပေးမယ်လို့ ရူဘီယိုက ပြောပါတယ်။
■ ယခုနှစ်အစောပိုင်း သမ္မတဟောင်း နီကိုလတ်စ်မဒူရိုကို အမေရိကန်က ရာထူးမှဖယ်ရှားပြီးနောက် အခုလို သဘောတူညီချက် ရလာတာ ဖြစ်ပါတယ်။
■ ဗင်နီဇွဲလား အတိုက်အခံ ပုဂ္ဂိုလ်များနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ကျွမ်းကျင်သူများက ဒီသဘောတူညီချက်ကို ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီတဲ့ နယ်မြေသိမ်းပိုက်မှုအဖြစ် သတ်မှတ်ကာ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြပါတယ်။
Source: Reuters
#Local_News
Published 29 August 2026
■ မြန်မာနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ထိုင်းနိုင်ငံသံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီထားသည့် H.E. Mr. Tor Saralamba သည် ဩဂုတ် ၂၈ ရက် နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ၏ ဧည့်ဆောင်တော်၌ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ သံအမတ်ခန့်အပ်လွှာပေးအပ်ခဲ့ပြီး နှစ်နိုင်ငံကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် နယ်စပ်ဒေသ လုံခြုံတည်ငြိမ်ရေးအပါအဝင် မြန်မာ-ထိုင်း ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေးကို ဆွေးနွေးခဲ့သည်။
■ သံအမတ်ခန့်အပ်လွှာ ပေးအပ်ပြီးနောက် တွေ့ဆုံဆွေးနွေးရာတွင် မြန်မာနှင့်ထိုင်းနိုင်ငံအကြား ရှိရင်းစွဲ သံတမန်ဆက်ဆံရေး၊ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုခိုင်မာတိုးတက်ရေး၊ အိမ်နီးချင်းနိုင်ငံများအဖြစ် အပြန်အလှန်နားလည်ယုံကြည်မှု မြှင့်တင်ရေးတို့ကို အဓိကထား ဆွေးနွေးခဲ့ကြသည်။
■ ထို့ပြင်နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ရေး၊ နယ်စပ်ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးနှင့်နယ်စပ်ဒေသများ လုံခြုံတည်ငြိမ်အေးချမ်းရေး အတွက် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်သွားရေးကိုလည်းဆွေးနွေးခဲ့သည်။
■ နှစ်နိုင်ငံချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှု ဆက်လက်တိုးမြှင့်ရေးအပြင် နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန်သွားရောက်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြသည်။
■ သံအမတ်ခန့်အပ်လွှာ ပေးအပ်ခြင်းမပြုမီ ထိုင်းသံအမတ်ကြီးသည် ဂုဏ်ပြုဆောင်ခန်းမ၌ မြန်မာနှင့် ထိုင်းနိုင်ငံအလံများအား အလေးပြုခဲ့ပြီး ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူခဲ့သည်။ ဂုဏ်ပြုတပ်ဖွဲ့ကလည်း နှစ်နိုင်ငံ၏ နိုင်ငံတော်သီချင်းများကို တီးမှုတ်ခဲ့သည်။
■ အခမ်းအနားသို့ နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေ၊ သံတမန်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသက်ထွန်း၊ ထိုင်းသံအမတ်ကြီး၏ ဇနီးနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
#World_Health
Published 29 August 2026
■ အာဟာရပြည့်ဝတဲ့ အစားအစာတွေကနေ ဗိုက်တာမင်နဲ့ အာဟာရဓာတ်များ လုံလောက်စွာ ရရှိနိုင်တာကြောင့် ဖြည့်စွက်အားဆေးတွေကို အများအားဖြင့် မလိုအပ်ပါဘူး။
■ ဖြည့်စွက်အာဟာရအားဆေးတွေကတော့ သူတို့ရဲ့ အကျိုးပြုပုံတွေကို လွန်ကဲစွာ ကြော်ငြာထားကြပါတယ်။
■ ခန္ဓာကိုယ်ရဲ့ ကြွက်သားစွမ်းအင်ကို သဘာဝအတိုင်း ထောက်ပံ့ပေးတဲ့ ခရီယေတင်ဟာ ပြင်းထန်တဲ့ လေ့ကျင့်ခန်းများ ပြုလုပ်ရာမှာ စွမ်းဆောင်ရည်ကို အတိုင်းအတာတစ်ခုအထိ မြှင့်တင်ပေးပါတယ်။
■ ကော်လာဂျင်ဆိုရင် အရေပြား ရေဓာတ်ပြည့်ဝမှု၊ တင်းရင်းမှု၊ အဆစ်အမြစ် ပြန်လည်ကောင်းမွန်မှုတို့မှာ သာမန်မျှ တိုးတက်စေနိုင်ပေမယ့် နေ့စဉ်လုံလောက်တဲ့ ပရိုတိန်းဓာတ် စားသုံးမှုက ပိုပြီးအဓိကကျပါတယ်။
■ နေရောင်ခြည်သိပ်မရတဲ့ ဒေသများမှ လူတွေကတော့ ဗိုက်တာမင်-ဒီ ကို နေ့စဉ် ၁၀ မိုက်ခရိုဂရမ် သုံးစွဲဖို့ အကြံပြုထားပြီး လွန်ကဲစွာ အသုံးပြုရင်တော့ ခန္ဓာကိုယ်ထဲ စုပြုံလာကာ ဘေးထွက်ဆိုးကျိုးများ ဖြစ်စေနိုင်ပါတယ်။
■ အဆီများတဲ့ ငါး၊ ရေညှိဖြည့်စွက်ဆေးများဟာ အရေးပါတဲ့ EPA/DHA ဓာတ်များ ပေးစွမ်းနိုင်ပြီး အီလက်ထရိုလိုက်များကိုတော့ ချွေးအလွန်ထွက်ခြင်း၊ အားကစားပြင်းထန်စွာ ပြုလုပ်ခြင်းတို့ကလွဲပြီး ပုံမှန်သောက်သုံးဖို့ မလိုအပ်ပါဘူး။
■ Ashwagandha က စိတ်ဖိစီးမှုနဲ့ ကော်တီစောဟော်မုန်းကို လျှော့ချပေးနိုင်ကာ အမျှင်ဓာတ်က အစာချေဖျက်မှုကို ကူညီပေးပါတယ်။
■ သံဓာတ်က ပင်ပန်းနွမ်းနယ်မှုကို သက်သာစေရန် မရှိမဖြစ် လိုအပ်ပေမယ့် သံဓာတ်လွန်ကဲရင် အစာအိမ်ပြဿနာ ဖြစ်စေနိုင်သဖြင့် သွေးစစ်ဆေးပြီး လိုအပ်ချက်ရှိမှသာ သောက်သုံးသင့်ပါတယ်။
■ ပရိုတိန်း၊ ရောင်စုံသီးနှံများ၊ ကာဗိုဟိုက်ဒရိတ်နဲ့ ကျန်းမာရေးညီညွတ်တဲ့ အဆီဓာတ်များ ပါဝင်တဲ့ စားစရာများက ဗိုက်တာမင်ဆေးပြားများထက် ပိုမိုကောင်းမွန်တဲ့ အာဟာရဓာတ်များ ပေးစွမ်းနိုင်ပါတယ်။
Source: The Guardian
Page 39 of 2096