#Daily_News
Published 1 November 2025
၁။ တောင်ကြီး-ပေါမူ-တောင်ကြီးခရီးစဉ် စတင်ပြေးဆွဲ
၂။ ရုပ်ရှင်သမိုင်းပြတိုက် ခေတ္တပိတ်ထားမည်
၃။ စက်သုံးဆီဈေးအားလုံးပြန်လည်မြင့်တက်လာ
၄။ နှစ်နိုင်ငံဆက်ဆံရေးလမ်းခရီးရှေ့ဆက်ဖြောင့်ဖြူးသင့်ကြောင်း ထရမ့်အားရှီကျင့်ဖျင်တိုက်တွန်း... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 01 November 2025
■ တရုတ်ဟာ ရှန်ကျိုး-၂၁ အာကာသယာဉ်ကို သောကြာနေ့က အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ပြီး အာကာသယာဉ်မှူး ၃ ဦးကို ၆ လတာ အာကာသမစ်ရှင်ထမ်းဆောင်ရန် အာကာသစခန်းသို့ စေလွှတ်ခဲ့ပါတယ်။
■ တရုတ်အနောက်မြောက်ပိုင်း ကျူကွမ်ဂြိုဟ်တုလွှတ်တင်ရေးဌာနကနေ ပေကျင်းစံတော်ချိန် ည ၁၁ နာရီ ၄၄ မိနစ်မှာ Long March-2F ဒုံးပျံဖြင့် အာကာသယာဉ်ကို လွှတ်တင်ခဲ့တာ ဖြစ်ပါတယ်။
■ နောက် ၁၀ မိနစ်အကြာမှာ အာကာသယာဉ်က ဒုံးပျံကနေ ခွဲထွက်သွားပြီး သတ်မှတ်ထားတဲ့ ပတ်လမ်းကြောင်းသို့ ဝင်ရောက်နိုင်ခဲ့ပါတယ်။
■ အာကာသယာဉ်မှူးတွေ အခြေအနေကောင်းမွန်ပြီး အာကာသယာဉ်လွှတ်တင်မှု အောင်မြင်ပြီးစီးခဲ့ကြောင်း တရုတ်အာကာသထိန်းချုပ်ရေးအေဂျင်စီ (CMSA)က ပြောပါတယ်။
■ ထို့နောက် အာကာသစခန်းရဲ့ အဓိကဗဟိုမိုဂျူး တီယန်ဟီမှာ ဆင်းသက်နိုင်ခဲ့ပြီး လုပ်ငန်းစဉ်တစ်ခုလုံး ၃ နာရီခွဲခန့် ကြာမြင့်ခဲ့ပါတယ်။
■ ရှန်ကျိုး-၂၀ အာကာသအဖွဲ့ဝင်တွေက ရှန်ကျိုး-၂၁ အဖွဲ့သားတွေ ရောက်ရှိလာတာကို ကြိုဆိုဖို့အသင့်ရှိနေပါတယ်။
■ ရှန်ကျိုး-၂၁ အာကာသခရီးစဉ်မှူး ကျန်းလူနဲ့ ယာဉ်မှူး ဝူဖေ၊ ကျန်းဟောင်ကျန်းတို့ဟာ အာကာသယာဉ်မောင်းနှင်သူ၊ ပျံသန်းရေးအင်ဂျင်နီယာတို့အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူတွေ ဖြစ်ပါတယ်။
■ အာကာသယာဉ်မှူးသစ်တွေက စနေနေ့နံနက်ပိုင်းမှာ ယခင်ရောက်ရှိနေသူတွေနဲ့ တွေ့ဆုံပြီး ပတ်လမ်းကြောင်းလက်လွှဲခြင်း စတင်ခဲ့ပါတယ်။
■ ၆ ဦးစလုံးက တရုတ်အာကာသယာဉ်သမိုင်းကြောင်းမှာ ၇ ကြိမ်မြောက် အာကာသထဲအတူဆုံတွေ့ခြင်းအတွက် ဓာတ်ပုံရိုက်ကူးခဲ့ကြပါတယ်။
■ တာဝန်များလက်လွှဲရေးနဲ့ လုပ်ငန်းတာဝန်များ လုပ်ဆောင်ဖို့အတွက် သူတို့ဟာ ၅ ရက်လောက် အတူတကွ နေထိုင်လုပ်ကိုင်သွားကြမှာ ဖြစ်ပါတယ်။
Source: Xinhua
#Local_News
Published 1 November 2025
▪️ ပြည်ထောင်စုနယ်မြေနေပြည်တော် ဒက္ခိဏသီရိမြို့နယ် မာရဝိဇယဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်အတွင်းရှိ မာရဝိဇယကျောင်းတော် ၂၀၂၅ ခုနှစ်ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို အောက်တိုဘာလ ၃၁ ရက် နံနက်ပိုင်းတွင် အဆိုပါမာရဝိဇယကျောင်းတော်၌ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
▪️ အခမ်းအနားသို့ ပျဉ်းမနားမြို့ ပါဠိတက္ကသိုလ်မင်္ဂလာဇေယျုံပရိယတ္တိစာသင်တိုက်ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမဇောတိကဓဇ ဘဒ္ဒန္တဝိမလဗုဒ္ဓိအမှူးပြုသည့် ပင့်သံဃာတော်များနှင့် မာရဝိဇယကျောင်း တော်တွင် သီတင်းသုံးတော်မူကြသည့် ဆရာတော်ကြီးများကြွရောက်ချီးမြှင့်တော်မူကြပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့နှင့်အတူ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောနှင့်ဇနီး၊ ကော်မရှင်အဖွဲ့ဝင် အမှုဆောင်ချုပ် ဦးအောင်လင်းဒွေးနှင့်ဇနီး၊ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်ဇနီး၊ ကော်မရှင်အဖွဲ့ဝင်များနှင့်ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများတက်ရောက်ကြကြောင်း သိရသည်။
▪️ အခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်ပြီး နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အခမ်းအနားတက်ရောက်လာကြသည့် ဧည့်ပရိသတ်အပေါင်းတို့သည် မာရဝိဇယကျောင်းတော် ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တနေမိန္ဒထံမှ ငါးပါးသီလခံယူဆောက်တည်၍ သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ်တော်မူသော မေတ္တသုတ် ပရိတ်တရားတော်များကိုနာယူကြကာပါဠိတက္ကသိုလ် မင်္ဂလာဇေယျုံပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော်ကြီးထံမှ ကထိန်အနုမောဒနာ တရားနာကြားကြကြောင်း သိရသည်။
▪️ ယနေ့ကျင်းပပြုလုပ်သည့် ၂၀၂၅ ခုနှစ် မာရဝိဇယကျောင်းတော် ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားတွင် ပဒေသာပင် ၁၂ ပင်၊ တန်ဖိုးငွေကျပ် ၂၅၁၆၇၆၀၀ နှင့် လှူဒါန်းငွေကျပ် ၂၈၃၃၃၄၀၀ ဖြစ်သဖြင့် စုစုပေါင်းလှူဒါန်းမှုမှာ တန်ဖိုးငွေကျပ် ၅၃၅၀၁၀၀၀ ဖြစ်ကြောင်း သိရသည်။
#YMG/PP #Yangon_Times
#World_Health
Published 1 Nov 2025
■ ဟော်မုန်းတွေက ခန္ဓာကိုယ်ပုံမှန်အလုပ်လုပ်နိုင်ဖို့အတွက် အရေးပါတဲ့ကဏ္ဍက ပါဝင်ပါတယ်။
■ ဒါပေမဲ့ တစ်ခါတလေမှာ စိတ်အခြေအနေနဲ့ စိတ်ကျန်းမာရေးတို့အပေါ် ဆိုးကျိုးသက်ရောက်စေနိုင်ပါတယ်။
■ ဟော်မုန်းတွေဆိုတာက ဂလင်းတွေ၊ အင်္ဂါတွေ၊ တစ်ရှူးတွေကနေ ထုတ်လွှတ်တဲ့ ဓာတုသတင်းပို့ပစ္စည်းများဖြစ်ပြီး သွေးထဲဝင်ရောက်ကာ ခန္ဓာကိုယ်အနှံ့ သွားလာကြပါတယ်။
■ လူတစ်ယောက်ရဲ့ ဖွံ့ဖြိုးမှု၊ လိင်ပိုင်းဆိုင်ရာ လုပ်ဆောင်ချက်၊ မျိုးပွားခြင်း၊ အိပ်စက်ခြင်း၊ စိတ်ကျန်းမာရေး စတဲ့ဖြစ်စဉ်ပေါင်းများစွာမှာ ထိန်းချုပ်ပေးပါတယ်။
■ ဟော်မုန်းအပြောင်းအလဲများ ဖြစ်တဲ့အခါမှာ စိတ်ဓာတ်ကျခြင်း၊ စိုးရိမ်ပူပန်ခြင်း၊ စိတ်ထိခိုက်ဖိစီးခြင်း စတဲ့စိတ်ကျန်းမာရေးပြဿနာများ ဖြစ်နိုင်ပါတယ်။
■ အထူးသဖြင့် အမျိုးသမီးတွေမှာ ဟော်မုန်းအပြောင်းအလဲဖြစ်ခြင်းက စိတ်ပြဿနာဖြစ်နိုင်ခြေနဲ့ ဆက်စပ်နေပါတယ်။
■ ကော်တီဆောလိုမျိုး ဖိစီးမှုဟော်မုန်းတွေက ဦးနှောက်နေရာတွေကို ဘေးအန္တရာယ်ဖြစ်စေပြီး အောက်ဆီတိုဆင်ကတော့ ဖိစီးမှုတွေကို တန်ပြန်ပေးပါတယ်။
■ အောက်ဆီတိုဆင်နှာခေါင်းဖျန်းဆေး ရှူရှိုက်ခြင်းဖြင့် စိတ်အခြေအနေ ကောင်းမွန်စေတာကို တွေ့ရှိထားပါတယ်။
■ သိုင်းရွိုက်ဟော်မုန်းတွေက စိတ်အခြေအနေကို သက်ရောက်ပြီး ညီမျှမှုမရှိပါက စိတ်ဓာတ်ကျခြင်း၊ စိုးရိမ်ပူပန်ခြင်းတို့ ဖြစ်လာစေနိုင်ပါတယ်။
■ ဟော်မုန်းသက်ရောက်မှုကို ပစ်မှတ်ထားကုသပေးတဲ့ Brexanolone နဲ့ HRT တို့က ထိရောက်မှုရှိကြောင်း တွေ့ရှိထားပါတယ်။
Source: BBC
#World_Health
Published 1 Nov 2025
■ လူအများစုဟာ နံနက်ခင်းမှာ ဝမ်းချုပ်တဲ့ပြဿနာ ဖြစ်တတ်ကြပါတယ်။
အစာခြေခြင်းက ခန္ဓာကိုယ်ရဲ့ သဘာဝစည်းချက်လမ်းစဉ်နဲ့ အတော်လေးပတ်သက်နေတာကို မသိရှိကြပါဘူး။
■ စားပုံ၊ နေထိုင်ပုံ၊ အိပ်စက်ပုံတို့မှာ အနည်းငယ်ပြောင်းလဲရုံဖြင့် အစာခြေစနစ်ကို များစွာသက်ရောက်စေပြီး အူလမ်းကြောင်းလှုပ်ရှားမှု ကောင်းမွန်စေမှာ ဖြစ်ပါတယ်။
■ (၁) နေ့စဉ် အိပ်ရာဝင်ချိန် အိပ်ရာထချိန်ကို အမြဲတမ်းအချိန်မှန်အောင် နေထိုင်ခြင်းဖြင့် ဝမ်းတွင်းလှုပ်ရှားမှု ပုံမှန်ဖြစ်စေပါတယ်။
■ (၂) ညနောက်ကျမှ အများအပြားစားခြင်းက အစာခြေခြင်းနဲ့ အိပ်စက်မှုကို နှောင့်ယှက်နိုင်တာကြောင့် အိပ်ချိန်နဲ့ အနည်းဆုံး ၃ နာရီလောက်ခွာပြီး ပေါ့ပေါ့ပါးပါးသာ စားသောက်သင့်ပါတယ်။
■ (၃) အမျှင်ဓာတ်က အူလမ်းကြောင်းအတွက် အထူးကောင်းမွန်စေတာကြောင့် ညနေစာစားတဲ့အခါ ဂျုံအုတ်၊ ပဲ၊ ဟင်းရွက်တို့ကို ထည့်သွင်းစားသုံးခြင်းဖြင့် အမျှင်ဓာတ်ရစေပြီး ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးပါတယ်။
■ (၄) ဆီကြော်တွေ၊ အဆင့်ဆင့်ထုတ်လုပ် စားစရာတွေက အစာခြေခြင်းကို နှောင့်နှေးစေပြီး ဝမ်းကျစ်စေတာကြောင့် ဝမ်းချုပ်စေတဲ့ အစားအစာတွေ ရှောင်ရှားသင့်ပါတယ်။
■ (၅) ရေဓာတ်က အစာခြေခြင်းမှာ အရေးပါပြီး ဝမ်းပျော့စေတာကြောင့် တစ်နေ့ကို ရေ ၁၁ - ၁၅ ခွက်ခန့် သောက်သုံးသင့်ပါတယ်။
■ (၆) ရေနွေးလိုအရာက အစာအိမ်ကို ငြိမ်သက်စေပြီး အူလမ်းကြောင်းကြွက်သားတွေ ပြေလျော့စေတာကြောင့် အိပ်ရာမဝင်ခင် ရေနွေးသောက်သင့်ပါတယ်။
■ (၇) ညစာစားပြီးနောက် ညင်သာစွာလမ်းလျှောက်ခြင်းက အူလမ်းကြောင်းလှုပ်ရှားစေရန် လှုံ့ဆော်ပေးပြီး လေပွခြင်းကို ကာကွယ်ပေးပါတယ်။
■ (၈) ဝမ်းဗိုက်ကို ညင်သာစွာ နှိပ်နယ်ခြင်းက အူလမ်းကြောင်းလှုပ်ရှားမှု ကောင်းမွန်စေကာ မအီမသာဖြစ်ခြင်းကို သက်သာစေတာကြောင့် ပုံမှန်လုပ်ပေးခြင်းဖြင့် အူလမ်းကြောင်းပုံမှန်ထောက်ပံ့ပေးပါတယ်။
■ (၉) ကော်တီဆောဟော်မုန်းများပြီး စိတ်ဖိစီးမှုမြင့်တက်နေရင် အစာခြေစနစ်ကို ပြဿနာဖြစ်စေတာကြောင့် ညနေပိုင်းမှာ တရားထိုင်ခြင်း၊ အသက်ပြင်းပြင်းရှူခြင်း၊ ယောဂကျင့်ခြင်းတို့ဖြင့် ဖိစီးမှုဖြေလျှော့သင့်ပါတယ်။
■ (၁၀) ဆီးသီးဖျော်ရည်က ဝမ်းချုပ်ခြင်းအတွက် သဘာဝကျကျ ထိရောက်တဲ့နည်းလမ်းဖြစ်ပြီး ညနေခင်းမှာ တစ်ခွက်သောက်သုံးခြင်းဖြင့် နံနက်ပိုင်းမှာ ဝမ်းသွားရန် ထောက်ကူပေးနိုင်ပါတယ်။
Source: India Today
အမေရိကန် e-commerce ကုမ္ပဏီကြီး Amazon က အင်္ဂါနေ့မှစတင်ကာ ဝန်ထမ်း (၃)သောင်းခန့် လျှော့ချသွားဖို့စီစဉ်ထားကြောင်းဒေသတွင်းမီဒီယာတစ်ခုက ဖော်ပြခဲ့ပါတယ်။
#World_Business
Published 31 October 2025
#အမေရိကန် #Amazon
#YMG #Yangon_Times #Yangon_Media_Group
သာစည်-ရွှေညောင် လူစီးရထားကိုတောင်ကြီးအထိ ဒီကနေ့ကစတင်ပြီး ပြေးဆွဲပေးသွားမယ်လို့ မြန်မာ့မီးရထားကသိရပါတယ်။
#Local_News
Published 31 October 2025
#သာစည်_ရွှေညောင် #ရထား
#YMG/NN #Yangon_Times
ငလျင်သင့်စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပြန်လည်ထူထောင်ရေးနဲ့ တည်ဆောက်ရေးလုပ်ငန်းတွေအတွက် လိုအပ်တဲ့ ဘိလပ်မြေတွေကို အထူးကုန်ရထားနဲ့ ပို့ဆောင်ပေးလျှက်ရှိတယ်လို့သိရပါတယ်။
#Local_News
Published 31 October 2025
#ငလျင် #စစ်ကိုင်းတိုင်းဒေသကြီး
#YMG/SW #Yangon_Times
ပုလဲ၊ ကျောက်မျက်နှင့် ကျောက်စိမ်းအတွဲတွေကို ပြသရောင်းချမယ့် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နေပြည်တော်မှာကျင်းပသွားမယ်လို့ မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီက ယမန်နေ့က အသိပေးထုတ်ပြန်ထားပါတယ်။
#Local_News
Published 31 October 2025
#ပုလဲ #ကျောက်မျက်ရတနာ
#YMG/SW #Yangon_Times
ခြောက်ရက်အတွင်းနေရာကွက်၍ မိုးကြီးနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယမာန်နေ့ကထုတ်ပြန်တဲ့ အထူးမိုး
လေဝသသတင်းအရ သိရပါတယ်။
#Local_News
Published 31 October 2025
#မိုး #မိုးလေဝသ
#YMG/NN #Yangon_Times
#Daily_News
Published 31 October 2025
၁။ ပုလဲ၊ ကျောက်မျက်နှင့် ကျောက်စိမ်းအတွဲများရောင်းချမည့် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ကျင်းပမည်
၂။ ငလျင်သင့်စစ်ကိုင်းတိုင်းဒေသကြီးအတွက် ဘိလပ်မြေများ အထူးကုန်ရထားဖြင့်ပို့ဆောင်ပေးနေ
၃။ သာစည်-ရွှေညောင် လူစီးရထား တောင်ကြီးအထိစတင်ပြေးဆွဲ
၄။ Amazon ကဝန်ထမ်းသုံသောင်းခန့် ထပ်မံလျှော့ချမည်... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 31 October 2025
▪️ ပန်ဒါနီလေးများ တိရစ္ဆာန်ဥယျာဉ် ( ရတနာပုံ ) သို့ ရောက်ရှိလာတော့မည် ဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါ ပန်ဒါနီလေးများကိုတိရစ္ဆာန်ဥယျာဥ် ( ရတနာပုံ )တွင် ယခင်က ထိန်းသိမ်းမွေးမြူ ပြသခဲ့ဖူးခြင်းမရှိကြောင်းသိရသည်။
▪️ ပန်ဒါနီလေးများသည် အအေးပိုင်းဒေသမှလာပြီး အေးချမ်းမှုကို ကြိုက်နှစ်သက်သည့် အကောင်ငယ်လေးများဖြစ်သည့်အတွက် တိရစ္ဆာန်ဥယျာဥ် ( ရတနာပုံ ) ၌ ထားရှိရာတွင်လည်း အဆင်ပြေပြေ ၊ သက်သောင့်သက်သာဖြင့် အေးချမ်းစွာနေထိုင်နိုင်ရန်အတွက်သီးသန့်
ပန်ဒါနီအိမ်လေးများကို သေသေချာချာ ပြင်ဆင်ထားလျက်ရှိကြောင်း သိရသည် ။
▪️ ယခုအခါတွင် MAI လေယာဥ် ခရီးစဉ်အမှတ် 8M-623 ဖြင့် ပန်ဒါနီလေးများကို မြစ်ကြီးနားမှ တိရစ္ဆာန်ဥယျာဥ် ( ရန်ကုန် ) သို့ ခေါ်ဆောင်လာနေပြီး ၊ တိရစ္ဆာန်ဥယျာဥ် ( ရန်ကုန် ) မှတဆင့် တိရစ္ဆာန်ဥယျာဥ် ( ရတနာပုံ ) သို့ ဂရုတစိုက်ဖြင့် ပြန်လည်ခေါ်ဆောင်သွားမည်ဖြစ်သည်။
▪️ ပန်ဒါနီလေးများသည် မျိုးသုဥ်းမည့် အန္တရာယ် နှင့် ရင်ဆိုင်နေရသည့် ကမ္ဘာပေါ်ရှိ ရှားပါးမျိုးစိတ်တွေထဲကမှ တစ်ခုအပါအဝင်ဖြစ်ပြီး တိရစ္ဆာန်ဥယျာဥ်များတွင် ပန်ဒါနီလေးများကို ထိန်းသိမ်းစောင့်ရှောက်၍ ပြသထားခြင်းသည် ပန်ဒါနီလေးများအတွက် မျိုးဆက်ထိန်းသိမ်းခြင်း ၊ သားဖောက်ခြင်း နှင့် မျိုးသုဥ်းခြင်း ဘေးအန္တရာယ်မှ ကာကွယ်နိုင်ရန် ရည်ရွယ်ချက်ကြောင့် ဖြစ်သည်။
▪️ အဆိုပါ သဘာဝအခြေအနေကြားထဲမှာ အခက်အခဲတွေကို ရင်ဆိုင်နေရသော အလွန်ချစ်စဖွယ်ကောင်းသည့် ပန်ဒါနီလေးများ တိရစ္ဆာန်ဥယျာဥ် ( ရတနာပုံ ) သို့ မကြာမှီ ရောက်ရှိလာတော့မည် ဖြစ်သောကြောင့် ကိုယ်တိုင် မြင်တွေ့လိုသူတွေအတွက် တိရစ္တာန်ဥယျာဥ် ( ရတနာပုံ ) သို့ လာရောက်လည်ပတ်ရင်း ကြည့်ရှုဖို့ဖိတ်ခေါ်ထားကြောင်း သိရသည်။
#YMG/NN #Yangon_Times
Page 42 of 1855