#Local_News
Published 16 September 2025
▪️ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွက်ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အသက် ၈၅ နှစ်နှင့်အထက်သက်ကြီးပုဂ္ဂိုလ်များအတွက် လူမှုရေးပင်စင်ထောက်ပံ့ခြင်းနှင့် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် ထောက်ပံ့ကြေးကျပ်သန်းပေါင်းထောင်ချီ၍ ယမာန်နေ့ကအခမ်းအနားပြုလုပ်ကာပေးအပ်ခဲ့ကြောင်းသိရသည်။
▪️ အဆိုပါ ထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားကိုယမာန်နေ့က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ကျင်းပခဲ့ကြောင်း သိရသည်။
▪️ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားပြီး ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အသက် ၈၅ နှစ်နှင့်အထက် လူမှုရေးပင်စင်အကျိုးခံစားခွင့်ရှိသူ သက်ကြီးပုဂ္ဂိုလ် ၁၇၉၀၃ ဦးအတွက် လူမှုရေးပင်စင်ထောက်ပံ့ကြေးငွေကျပ် ၁၀၆၅ သန်း၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများဖြစ်သော လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ ၄၂ ခု၊ မသန်စွမ်းပရဟိတဂေဟာတစ်ခု၊ အမျိုးသမီးဂေဟာတစ်ခုနှင့် ဘိုးဘွားရိပ်သာကိုးခု၊ စုစုပေါင်းဂေဟာ/ရိပ်သာ ၅၃ ခုနှင့် ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း ၆၉ ကျောင်းတို့အတွက် ထောက်ပံ့ကြေးငွေကျပ် ၅၈၈ ဒသမ ၉၇၂ သန်းနှင့် တိုက်ပွဲရှောင်ပြည်သူ ၄၈၅၅၅ ဦးအတွက် နိုင်ငံတော်ကထောက်ပံ့ငွေကျပ် ၂၉၁၃ ဒသမ ၃၀၀ သန်းကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ထံပေးအပ်ပြီး စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများမှ ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကားပြောကြားသည်။
▪️ အဆိုပါ အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးပုဂ္ဂိုလ်များအတွက် လူမှုရေးပင်စင်အကျိုးခံစားခွင့်ရှိသူ ၁၇၉၀၃ ဦး၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများက စောင့်ရှောက်ထားသူ ၄၅၄၈ ဦးနှင့် ယာယီနေရပ်စွန့်ခွာပြည်သူ ၄၈၅၅၅ ဦး စုစုပေါင်း ၇၁၀၀၆ ဦး အတွက် ထောက်ပံ့ငွေစုစုပေါင်းငွေကျပ် ၄၅၆၇ ဒသမ ၂၇၂ သန်း ထောက်ပံ့ပေးခဲ့သည်။
▪️ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် ရန်ကုန်မြို့ ဗိုလ်အောင်ကျော် TMT ဆိပ်ကမ်းသို့ရောက်ရှိကာ တရုတ်ပြည်သူ့သမ္မတနိုင်ငံကလှူဒါန်းထားပြီး လိုအပ်သောနေရာများ၌ ထပ်မံဖြည့်စွက်ဆောက်လုပ်ရန် နေရာရှင်းလင်းရေး ဆောင်ရွက်နေစဉ်ကာလအတွင်း ခေတ္တထားရှိသော Container Office များကိုကြည့်ရှုစစ်ဆေးကာ လိုအပ်နေရာများသို့ ရွှေ့ပြောင်းသယ်ယူမည့်အခြေအနေနှင့် အစီအမံတို့အပေါ် လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းပေးသည်။
▪️ ထိုမှတစ်ဆင့် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ကျိုက်ဝိုင်းဘုရားလမ်းရှိ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဗဟိုသိုလှောင်ရုံ (ရန်ကုန်မြို့)သို့ ဆက်လက်သွားရောက်ကာ ကယ်ဆယ်ထောက်ပံ့ရေးပစ္စည်းများ သိုလှောင်ထားရှိမှုအခြေအနေနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံက ထပ်မံထောက်ပံ့လှူဒါန်းမည့် ရာဂီမုန်တိုင်းနှင့် ဆက်စပ်ဖြစ်ပွားခဲ့သော ရေဘေးသင့်ဒေသများအတွက် ရေသန့်စင်စက်တင်ယာဉ်၊ အသက်ကယ်ရော်ဘာလှေ၊ အသက်ကယ်ရော်ဘာဘောကွင်း အစရှိသည့် ရေဘေးအန္တရာယ်တုံ့ပြန်ရေးဆိုင်ရာ ပစ္စည်းများရောက်ရှိလာပါက ခေတ္တထားရှိနိုင်ရေး သိုလှောင်ရုံများ ကြိုတင်ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ဗဟိုသိုလှောင်ရုံဘေးရှိ အောင်သိဒ္ဓိချောင်း မြေထိန်းနံရံကာရံထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြကြောင်းသိရသည်။
#YMG/NN #Yangon_Times
#World_News
Published 16 September 2025
▪️ ရုရှားက ယူကရိန်းကို ပစ်ခတ်ဝင်ရောက်နိုင်ရန် ဘီလာရုစ်ကို စစ်ဗျူဟာမြောက်နေရာအဖြစ် အသုံးပြုလာပြီးနောက်ပိုင်း အမေရိကန်စစ်အရာရှိတွေက ယင်းနှစ်နိုင်ငံပူးတွဲစစ်လှုပ်ရှားမှုတွေကို စောင့်ကြည့်လေ့လာခဲ့ပါတယ်။
▪️ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတော့ ဘီလာရုစ်နဲ့ ဆက်ဆံရေးခိုင်မာအောင် ဆောင်ရွက်လာပါတယ်။
▪️ အမေရိကန်အရာရှိတွေ ရောက်လာတာက ဘီလာရုစ်နဲ့ ဆက်ဆံရေးကို ပြန်လည်လှုံ့ဆော်ဖို့ ကြိုးစားလာတဲ့သဘော မြင်နေရပါတယ်။
▪️ ပြီးခဲ့တဲ့ရက်သတ္တပတ်က ထရမ့်ရဲ့ကိုယ်စားလှယ် ဂျွန်ကိုးလ်က ဘီလာရုစ်မြို့တော်မင့်စ်ကို ရောက်ခဲ့ပြီး ထရမ့်က အဲဒီမှာ အမေရိကန်သံရုံးပြန်ဖွင့်လိုကာ ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်ဖို့နဲ့ ကုန်သွယ်ရေး ပြန်လည်လုပ်ဆောင်လိုနေကြောင်း ပြောသွားပါတယ်။
▪️ ဒါဟာ ထရမ့်က ဘီလာရုစ်ကို ရုရှားထံကနေ ဆွဲခွာဖို့ ကြိုးပမ်းနေတယ်လို့ သုံးသပ်နေကြပြီး အောင်မြင်နိုင်ဖွယ် မရှိဘူးလို့ ထင်နေကြပါတယ်။
▪️ အမေရိကန်အရာရှိနှစ်ဦးက ဘီလာရုစ်နဲ့ ရုရှားတို့ရဲ့ Zapad-2025 စစ်ရေးလေ့ကျင့်မှုတွေကို စောင့်ကြည့်ခဲ့ကြပြီး ရုရှားလက်ထောက်ကာကွယ်ရေးဝန်ကြီးလည်း ကြည့်ရှုနေခဲ့ပါတယ်။
▪️ ဒီလေ့ကျင့်မှုက ရုရှားနဲ့ ဘီလာရုစ်တို့ဟာ တိုက်ခိုက်ရန်အသင့်ရှိနေတယ်ဆိုတာကို စမ်းသပ်ပြခဲ့တာပဲ ဖြစ်ပါတယ်။
▪️ ရုရှားရဲ့ ကာလကြာရှည်မဟာမိတ်ဖြစ်နေတဲ့ ဘီလာရုစ်သမ္မတ အလက်ဇန်ဒါလူကာရှန်ကိုက ၂၀၂၂ ဖေဖော်ဝါရီမှာ ရုရှားတပ်သားတွေ ဘီလာရုစ်ကနေ ယူကရိန်းထံဝင်ရောက်ဖို့ ခွင့်ပြုခဲ့သလို ဗျူဟာမြောက်နျူကလီးယားလက်နက်များ စခန်းချဖို့ကိုလည်း ခွင့်ပြုခဲ့ပါတယ်။
Source: Reuters.
#Local_News
Published 16 September 2025
▪️ မြန်မာနှင့်တရုတ် နှစ်နိုင်ငံအကြား စီးပွားရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုး တိုးတက် လာစေရန်ရည်ရွယ်၍ ဖွဲ့စည်းထားသည့် မြန်မာ-တရုတ်နှစ်နိုင်ငံ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးအသင်း၌ အသင်းဝင်ရောက်လိုသူများကို ဖိတ်ခေါ်နေကြောင်း သိရသည်။
▪️ ထို့အပြင် ယင်းအသင်းသည် နှစ်နိုင်ငံကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှု ပိုမိုတိုးတက်အဆင်ပြေချောမွေ့လာစေရန် နှင့် မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးပွားလာစေရန် ရည်ရွယ်၍လည်း “မြန်မာ-တရုတ် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးအသင်း (Myanmar-China Trade and Investment Promotion Association - MCTIP)"ကို မြန်မာနိုင်ငံမှ ကုမ္ပဏီများ(အကြီး၊ အလတ်၊ အငယ်) နှင့် တရုတ်နိုင်ငံမှ State-own ကုမ္ပဏီများနှင့် ပုဂ္ဂလိကကုမ္ပဏီများ (အကြီး၊ အလတ် ၊ အငယ်)တို့ဖြင့် ဖွဲ့စည်းနိုင်ရေးကို ဆောင်ရွက်လျက်ရှိခြင်းဖြစ်သည်။
▪️ ထို့ကြောင့် အသင်းဝင်ရောက်လိုသည့် လူပုဂ္ဂိုလ်/ကုမ္ပဏီ များအား MCTIP အသင်းတွင် အသင်းဝင်အဖြစ် ပါဝင်ရန်ဖိတ်ခေါ်ထားပြီး အသင်းဝင်နိုင်ရေးအတွက် ပူးတွဲပါအချက်အလက်များကို ဖော်ပြပါ phone, Email, Viber များသို့ ဆက်သွယ်၍ ပြန်လည်ပေးပို့ ပေးရန်လိုအပ်ကြောင်းသိရသည်။
#YMG/NN #Yangon_Times
#World_Health
Published 16 September 2025
▪️ အစိမ်းရောင်ဟင်းရွက်တွေနဲ့ ငှက်ပျောသီးလို အစားအစာတွေ စားခြင်းက နှလုံးရောဂါဖြစ်နိုင်ခြေ၊ နှလုံးခုန်မမှန်ခြင်း၊ စောစီးစွာ အသက်ဆုံးပါးခြင်းတို့မှ ၄ ပုံ ၁ ပုံခန့် လျှော့ချနိုင်ဖွယ် ရှိတယ်လို့ လေ့လာချက်အသစ်မှာ ဖော်ပြထားပါတယ်။
▪️ ပိုတက်ဆီယံကြွယ်ဝတဲ့ ဆော်လ်မွန်ငါး၊ ပန်းဂေါ်ဖီစိမ်း၊ ဟင်းနုနွယ်တို့ဆိုရင် ခန္ဓာကိုယ်ထဲကနေ ပိုလျှံတဲ့ဆားတွေကို ဖယ်ရှားပေးနိုင်ပြီး နှလုံးကြောင့်ဖြစ်တဲ့ ပြဿနာများကို ၂၄ ရာခိုင်နှုန်း လျှော့ချနိုင်ပါတယ်။
▪️ ယနေ့ခေတ် အစားအစာတွေက အဆင့်ဆင့်ထုပ်ပိုးစားစရာများပြားလာပြီး ဆိုဒီယံများလာကာ ပိုတက်ဆီယံ နည်းပါးလာပါတယ်။
▪️ ပိုတက်ဆီယံက နှလုံးလုပ်ဆောင်ချက်အတွက် အရေးကြီးကာ ပိုတက်ဆီယံစားသုံးမှု နည်းပါးပါက နှလုံးခုန်မမှန်ခြင်း၊ နှလုံးရောဂါ၊ အသက်အန္တရာယ်တို့အထိ ဖြစ်နိုင်ပါတယ်။
▪️ စမ်းသပ်ချက်ထဲမှာ စက်တပ်ထားတဲ့ လူနာ ၁,၂၀၀ ဖြင့်စမ်းသပ်ကာ လူ ၆၀၀မှာ ပိုတက်ဆီယံများပြီး အသားနည်းတဲ့ အစားအစာတွေ စားခိုင်းခဲ့ပါတယ်။
▪️ ပိုတက်ဆီယံ များများစားတဲ့အခါ နှလုံးရောဂါလူနာတွေအတွက်သာမက အားလုံးအတွက်ပါ အကျိုးရှိစေတာကြောင့် ဆိုဒီယံလျှော့ပြီး ပိုတက်ဆီယံ ပိုစားသင့်ပါတယ်။
▪️ အမေရိကန်ဂျာနယ်တစ်ခုရဲ့ ဖော်ပြချက်မှာလည်း ပိုတက်ဆီယံ ပိုစားခြင်းဖြင့် သွေးပေါင်ချိန် ကျစေနိုင်ပါတယ်။
▪️ ဒါကြောင့် ပိုတက်ဆီယံကြွယ်ဝတဲ့ ငှက်ပျောသီး၊ ပန်းဂေါ်ဖီစိမ်းတို့လို အစားအစာတွေ ပိုစားခြင်းဖြင့် သွေးပေါင်ချိန် အခြေအနေပိုကောင်းစေနိုင်တယ်လို့ သုတေသနယူဆထားပါတယ်။
Source: Independent .
#World_Health
Published 16 September 2025
▪️ ဘီယာသောက်ခြင်းက ပျော်ရွှင်မှု၊ စိတ်အပန်းဖြေမှုတို့ကို ပေးစွမ်းနိုင်တယ်ဆိုပေမယ့် ကျန်းမာရေးကို သိသိသာသာ ထိခိုက်စေနိုင်ပါတယ်။
▪️ အာဟာရပညာရှင် ဒေါက်တာ ရှီလ်ပါအာရိုရာက ဘီယာသောက်ခြင်းကြောင့် ဖြစ်လာနိုင်တဲ့ ကျန်းမာရေးပြဿနာများကို ဖော်ပြထားပါတယ်။
▪️ (၁) ဘီယာဗိုက်ထွက်လာခြင်း
▪️ (၂) အမျိုးသမီးတွေမှာ မိန်းမဟော်မုန်း၊ ဓမ္မတာ၊ စိတ်အခြေအနေတို့ ရှုပ်ထွေးစေခြင်း
▪️ (၃) အရိုးတွေ အားနည်းစေပြီး အသက် ၃၅ ကျော်တဲ့အခါ ဖြစ်နိုင်ခြေပိုများလာခြင်း
▪️ (၄) အမျိုးသားတွေမှာ မိန်းမဟော်မုန်းတိုးစေပြီး ကျားဟော်မုန်းလျော့နည်းစေကာ ခွန်အား၊ စွမ်းဆောင်ရည်၊ ယုံကြည်ချက်တို့ ကျဆင်းစေခြင်း
▪️ (၅) အချိန်ကြာလာတာနဲ့အမျှ အသည်းအဆီဖုံးနိုင်ခြင်းတို့ ဖြစ်ပါတယ်။
▪️ အယ်ကိုဟောက ဆီးရွှင်စေသဖြင့် ရေဓာတ်လုံလောက်စွာ မဖြည့်နိုင်ရင် ရေဓာတ်ခန်းခြောက်ပြီး ခေါင်းကိုက်ခြင်း၊ နွမ်းနယ်ခြင်းတို့ ဖြစ်နိုင်ပါတယ်။
▪️ ရေရှည်အထိ အလွန်အကြူးသောက်သုံးရင် အသည်းထိခိုက်စေကာ အသည်းခြောက်ခြင်း၊ အသည်းအဆီဖုံးခြင်း၊ အသည်းရောင်ရောဂါတို့ ဖြစ်လာနိုင်ပါတယ်။
▪️ ကြာလာရင် မှတ်ဉာဏ်ဆုံးရှုံးခြင်း၊ ဦးနှောက်အသိစိတ်ကျဆင်းခြင်းတို့အပြင် သွေးတိုး၊ လေဖြတ်၊ နှလုံးရောဂါတို့ပါ ဖြစ်လာနိုင်ပါတယ်။
▪️ အယ်ကိုဟောဖြတ်တာ ၆ လလောက်ကြာတဲ့အခါ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးတွေမှာ ကောင်းကျိုးတွေဖြစ်လာနိုင်ပြီး အသည်းဆိုရင် လုပ်ဆောင်ချက်တွေ တဖြည်းဖြည်း တိုးတက်လာပါမယ်။
Source: Indian Express
တရုတ်နဲ့အင်ဒိုနီးရှားဘဏ်တွေက နှစ်နိုင်ငံကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုပိုင်းမှာ ဒေသတွင်းငွေကြေးများ ဆက်လက်အသုံးပြုနိုင်ရန် ရည်ရွယ်ပြီး ဒေသတွင်းငွေကြေးဆိုင်ရာ ငွေကြေးပေးချမှုမူဘောင် (LCT)ကို ကြာသပတေးနေ့က တရားဝင်စတင်လိုက်ပါတယ်။
#Asia_Business
Published 15 September 2025
#တရုတ် #အင်ဒိုနီးရှား
#YMG #Yangon_Times #Yangon_Media_Group
ကမ္ဘာ့ရွှေဈေး စံချိန်တင်မြင့်တက်လာပြီးနောက် မြန်မာ့ရွှေပြင်ပပေါက်ဈေးမှာလည်း တစ်ကျပ်သားကို ကျပ်(၇၉)သိန်းကျော်လာတယ်လို့ ဈေးကွက်အတွင်းက စုံစမ်းသိရှိရပါတယ်။
#Local_News
Published 15 September 2025
#ကမ္ဘာ့ရွှေဈေး #မြန်မာ့ရွှေဈေး
#YMG/SW #Yangon_Times
ပြည်ပနိုင်ငံတွေကိုလာမယ့် အောက်တိုဘာလကစတင်ပြီးတစ်လကို ဆန်တန်ချိန်(၃)သိန်းစီ တင်ပို့နိုင်ရေ ကြိုးပမ်းနေတယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က သိရပါတယ် ။
#Local_News
Published 15 September 2025
#ဆန် #မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်
#YMG/NN #Yangon_Times
နိုင်ငံသားစိစစ်ရေးကတ်ပြားလျှောက်ထားရာမှာ သတ်မှတ်နှုန်းထက်ပိုမိုတောင်းခံပါက တိုင်ကြားနိုင်တယ်လို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှတာဝန်ရှိသူက ပြည်တွင်းသတင်းမီဒီယာရဲ့မေးမြန်းမှုကိုပြန်လည်ဖြေကြားထားပါတယ်။
#Local_News
Published 15 September 2025
#နိုင်ငံသားစိစစ်ရေးကတ်ပြား
#YMG/SW #Yangon_Times
ကောက်စောစပါးစတင်ထွက်ရှိချိန်ဈေးကွက်ဝယ်လိုအား မြှင့်တင်ရန် Exporter ကုမ္ပဏီကြီးများအား မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က တိုက်တွန်းထားပါတယ်။
#Local_News
Published 15 September 2025
#ကောက်စောစပါး #Exporterကုမ္ပဏီ
#YMG/NN #Yangon_Times
#Daily_News
Published 15 September 2025
၁။ ကောက်စောစပါးစတင်ထွက်ရှိချိန်ဈေးကွက်ဝယ်လိုအား မြှင့်တင်ရန်
Exporter ကုမ္ပဏီကြီးများအားတိုက်တွန်း
၂။ နိုင်ငံသားစိစစ်ရေးကတ်လျှောက်ထားရာတွင် သတ်မှတ်နှုန်းထက်ပိုမိုတောင်းခံပါကတိုင်ကြားနိုင်
၃။ ဆန်တန်ချိန် တစ်လ(၃)သိန်းစီ တင်ပို့ရန် ကြိုးပမ်းနေ
၄။ တရုတ်နှင့်အင်ဒိုနီးရှားဒေသတွင်း ငွေကြေးများဖြင့်ငွေပေးချေမှုပုံစံမူဘောင်စတင်ကျင့်သုံး ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 15 September 2025
▪️ အာရပ်နဲ့ အစ္စလာမ်နိုင်ငံများမှ ခေါင်းဆောင်များဟာ ကာတာနိုင်ငံအပေါ် အစ္စရေးတိုက်ခိုက်မှုနဲ့ အခြားသော ရန်လိုသော လုပ်ရပ်တွေက ဒေသတွင်း ဆက်ဆံရေးများကို ပုံမှန်ပြန်ဖြစ်အောင် ကြိုးပမ်းမှုများနဲ့ အတူတကွ တည်ရှိမှုကို ခြိမ်းခြောက်နေတယ်ဆိုတာကို သတိပေးသွားမှာ ဖြစ်တယ်လို့ တနင်္လာနေ့ အာရပ်-အစ္စလာမ် ထိပ်သီးအစည်းအဝေးမှာ တင်ပြမယ့် ဖြေရှင်းရေးဆုံးဖြတ်ချက် မူကြမ်းအရ သိရပါတယ်။
▪️ ပါလက်စတိုင်း ဟားမတ်စ်ခေါင်းဆောင်များကို အစ္စရေးလ်တို့ ပစ်မှတ်ထား တိုက်ခိုက်လာချိန်မှာ ကာတာကို ထောက်ခံတဲ့အနေနဲ့ ဒိုဟာမှာ ထိပ်သီးအစည်းအဝေး ကျင်းပနေတာ ဖြစ်ပါတယ်။
▪️ ဒီလိုတိုက်ခိုက်မှုကြောင့် ယူအေအီးနဲ့ အစ္စရေးလ်တို့ကြား ၂၀၂၀ က ပုံမှန်ပြန်ဖြစ်ခဲ့တဲ့ ဆက်ဆံရေးမှာ တင်းမာမှု ဖြစ်လာနိုင်စေပါတယ်။
▪️ ရိုက်တာသတင်းဌာန တွေ့ခဲ့တဲ့ အဆိုပြုချက်မူကြမ်းမှ ကောက်နှုတ်ချက်တစ်ခုမှာ ကာတာနိုင်ငံအပေါ် အစ္စရေးရဲ့ ရက်စက်တဲ့ တိုက်ခိုက်မှုနှင့် လူမျိုးတုံးသတ်ဖြတ်မှု၊ လူမျိုးစုသုတ်သင်မှု၊ ငတ်မွတ်မှု၊ ဝိုင်းရံမှု၊ ကိုလိုနီပြုလုပ်မှုများနဲ့ တိုးချဲ့ရေးမူဝါဒများ အပါအဝင် ရန်လိုတဲ့ လုပ်ရပ်များဆက်လက်ဆောင်ရွက်နေတာဟာ ဒေသတွင်း ငြိမ်းချမ်းရေးနှင့် အတူယှဉ်တွဲနေထိုင်ရေး အလားအလာများကို ခြိမ်းခြောက်နေတယ်လို့ ဖော်ပြထားပါတယ်။
▪️ ထိပ်သီးအစည်းအဝေးမတိုင်မီ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ ရေးဆွဲခဲ့တဲ့ မူကြမ်းအရ ဒီလုပ်ရပ်တွေဟာ လက်ရှိသဘောတူညီချက်များနဲ့ အနာဂတ်သဘောတူညီချက်များ အပါအဝင် အစ္စရေးနဲ့ ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်အောင် ဆောင်ရွက်ထားသမျှကို ခြိမ်းခြောက်နေတယ်လို့ ဆိုထားပါတယ်။
▪️ ဂါဇာမှာရှိတဲ့ ပါလက်စတိုင်းတွေကို လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်တယ်ဆိုပြီး အစ္စရေးလ်ကို စွပ်စွဲနေကြပါတယ်။
Source: Reuters
Page 44 of 1814