#Local_News
Published 25 August 2026
■ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူးပြီး ဒိုင်ကော်မတီ နှင့် ဒိုင်ဌာနတို့ ပူးပေါင်း၍ ဖူဆယ်ဒိုင်လူကြီးမျိုးဆက်သစ်များ မွေးထုတ်ပေးနိုင်ရန်အတွက် MFF Basic Futsal Referee Course 2/2026 သင်တန်းကို သင်တန်းကြေးအခမဲ့ဖြင့် ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ရာစိတ်ပါဝင်စားသူများအနေဖြင့် စက်တင်ဘာလဆန်းမှစတင် လျှောက်ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။
■ အဆိုပါသင်တန်းကိုရန်ကုန်မြို့၊ သုဝဏ္ဏလူငယ်လေ့ကျင့်ရေးသင်တန်းခန်းမ၌ အောက်တိုဘာလ (၁) ရက်နေ့မှ (၇) ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းကြေး မှာ အခမဲ့ဖြစ်ကြောင်း သိရသည်။
■ သင်တန်းတက်ရောက်သူများသည် အသက် (၁၈) နှစ်ထက်မငယ်ရ၊ အသက် (၃၀) နှစ်ထက် မကြီးရဘဲ အနည်းဆုံးအခြေခံပညာအထက်တန်းအဆင့်ရှိသူဖြစ်ရမည်ဖြစ်ကာ ကျန်းမာကြံ့ခိုင်ပြီး ပြေးလွှားလှုပ်ရှားနိုင်သူ ဖြစ်ရမည်ဖြစ်ကြောင်းသိရသည်။
■ ထို့အပြင် စိတ်ပါဝင်စားသူများအနေဖြင့်လျှောက်လွှာများကို စက်တင်ဘာ(၁)ရက်နေ့မှစတင် ကာ လက်ခံသွားမည်ဖြစ်ပြီး စက်တင်ဘာ(၂၈)ရက်နေ့၌လျှောက်လွှာနောက်ဆုံးတင်ရမည် ဖြစ်ကြောင်းသိရသည်။
■ စိတ်ပါဝင်စားသူများအနေဖြင့် ဖုန်းနံပါတ် - ၀၉-၄၄၈၀၄၄၃၁၅ကိုဆက်သွယ်နိုင်ပြီး Viber မှတစ်ဆင့် ဆက်သွယ်လိုပါက ၀၉-၄၀၂၃၀၂၆၄၀ သို့ဆက်သွယ်နိုင်ကြောင်းသိရသည်။
#YMG/NN #Yangon_Times
#World_News
Published 25 August 2026
■ အီရန်နိုင်ငံဟာ သဘာဝဓာတ်ငွေ့ ကုဗပေ ၇.၅ ထရီလီယံကျော် ပါဝင်တဲ့ ဓာတ်ငွေ့ပြင်ကြီးတစ်ခုကို တွေ့ရှိကြောင်း ကြေညာခဲ့ပါတယ်။
■ အသစ်တွေ့ရှိတဲ့ ဓာတ်ငွေ့ပြင်ဟာ အီရန်နိုင်ငံတောင်ပိုင်း ဖားရ်စ်ပြည်နယ်မှာ တည်ရှိပါတယ်။
■ ရေနံဝန်ကြီး မိုဆင်ပက်နက်ဂျတ်ရဲ့ အဆိုအရ ဓာတ်ငွေ့ ကုဗပေ ၅.၇ ထရီလီယံခန့်ကို စီးပွားရေးအရ ထုတ်ယူနိုင်မှာ ဖြစ်ပါတယ်။
■ ထုတ်ယူနိုင်မယ့် ဓာတ်ငွေ့ပမာဏဟာ ဧရာမ ဆောက်သ်ပါးစ်ဓာတ်ငွေ့ပြင်ရဲ့ အဆင့်တစ်ခုမှ ၁၅ နှစ်စာ ထုတ်လုပ်မှုနဲ့ ညီမျှပါတယ်။
■ အဆိုပါဓာတ်ငွေ့ဟာ ပြုပြင်သန့်စင်ရန် နည်းပါးတဲ့ ဓာတ်ငွေ့အမျိုးအစားဖြစ်သဖြင့် ဖွံ့ဖြိုးရေးနဲ့ လုပ်ငန်းလည်ပတ်စရိတ်များကို သိသာစွာ လျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်။
■ ဓာတ်ငွေ့ပြင်မှာ စီးပွားရေးအတွက် ဒေါ်လာ ဘီလီယံပေါင်းများစွာ ဖန်တီးပေးနိုင်မယ့် ဓာတ်ငွေ့ရည်များစွာလည်း ပါဝင်ပါတယ်။
■ လတ်တလော စစ်ရေးပဋိပက္ခအတွင်း ပျက်စီးသွားတဲ့ စွမ်းအင်အခြေခံအဆောက်အအုံများကို ပြန်လည်ပြင်ဆင်နေချိန်မှာ အီရန်အနေဖြင့် ဒီဓာတ်ငွေ့ပြင်ကို အလျင်အမြန် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန် စီစဉ်နေပါတယ်။
■ ဒီသတင်းကြေညာချက်က အီရန်နိုင်ငံမှာ လျှပ်စစ်ဓာတ်အား လိုအပ်ချက်နဲ့ အမေရိကန်ရဲ့ နောက်ထပ်စီးပွားရေးပိတ်ဆို့မှုများကြောင့် စီးပွားရေးဖိအားများနဲ့ ရင်ဆိုင်နေရချိန် ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။
Source: Reuters
#World_Health
Published 25 August 2026
■ ဂျင်းပြုတ်ရည်သောက်ခြင်းက အစာခြေခြင်း၊ ကိုယ်အလေးချိန်ကျခြင်း၊ ကိုယ်ခံအားစနစ်တို့အတွက် အကူအညီ ဖြစ်စေနိုင်တယ်လို့ သုတေသန ထောက်ခံချက်တွေရှိထားပါတယ်။
■ ဂျင်းပြုတ်ရည်မှာ ဂျင်ဂျရောနဲ့ ရှိုဂေါလ်တို့လို ဓာတ်တိုးဆန့်ကျင်ပစ္စည်းများနဲ့ ရောင်ရမ်းမှုကို လျှော့ချပေးတဲ့ ဒြပ်ပေါင်းများ ပါဝင်ပါတယ်။
■ အစာအိမ်ထဲမှ အစာများကို အမြန်စုပ်ယူစေပြီး လေပွခြင်းနဲ့ အစာမကြေခြင်းတို့ကို သက်သာစေခြင်းဖြင့် အစာခြေစနစ် အထောက်အကူ ပြုစေပါတယ်။
■ ခရီးသွားစဉ် မူးဝေခြင်းနဲ့ကိုယ်ဝန်ဆောင်ချိန် မူးဝေအော့အန်ချင်စိတ်တို့ကို သက်သာစေပြီး ရှေးယခင်တည်းက သုံးစွဲခဲ့တဲ့ သဘာဝဆေးတစ်လက် ဖြစ်ပါတယ်။
■ ပုံမှန်သောက်သုံးပေးခြင်းဖြင့် သွေးဖိအား၊ ကိုလက်စထရော၊ သွေးတွင်းသကြားဓာတ်တို့ကို ကောင်းမွန်စေပြီး နှလုံးကျန်းမာရေးကို အထောက်အကူပြုနိုင်ပါတယ်။
■ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်ကို အနည်းငယ်မြှင့်တင်ပေးနိုင်ပေမယ့် ကိုယ်အလေးချိန် အများအပြားလျှော့ချဖို့အတွက်တော့ တစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။
■ ဂျင်းပြုတ်ရည် အလွန်အကျွံ သောက်သုံးရင်တော့ ရင်ပူခြင်း၊ ဗိုက်အောင့်ခြင်း၊ ဝမ်းလျှောခြင်းနဲ့ ပါးစပ်ယားယံခြင်းတို့လို ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်စေနိုင်ပါတယ်။
■ သွေးကျဲဆေး ဒါမှမဟုတ် ဆီးချိုဆေး သုံးစွဲနေသူများအနေဖြင့် ပမာဏများများ မသောက်သုံးမီ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။
■ ဂျင်းပြုတ်ရည် ပြုလုပ်ပုံကတော့ လှီးဖြတ်ထားတဲ့ ဂျင်းကို ရေထဲမှာ ၁၀-၁၅ မိနစ်ခန့် ဆူအောင်ပြုတ်ပြီး စစ်ယူရုံပါပဲ။
Source: India Today
#World_Health
Published 25 August 2026
■ အမျိုးသားများ ဖခင်မဖြစ်ခင် စားသောက်နေထိုင်မှုပုံစံတွေက မွေးလာတဲ့ကလေးတွေအပေါ် ရေရှည်သက်ရောက်မှု ဖြစ်စေတယ်လို့ သုတေသနအသစ်မှာ တွေ့ရှိထားပါတယ်။
■ ပြုပြင်ဖန်တီးထားတဲ့ အစားအစာများကို ပိုမိုစားသုံးခြင်းက မွေးကင်းစကလေးရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံကို တိုက်ရိုက်သက်ရောက်မှုရှိကြောင်း လတ်တလောလေ့လာမှုတစ်ခုမှာ ဖော်ပြခဲ့ပါတယ်။
■ ပြုပြင်ဖန်တီးထားတဲ့ အစားအစာ အများအပြားစားသုံးတဲ့ ဖခင်များမှ မွေးဖွားလာတဲ့ ကလေးတွေဟာ မွေးဖွားချိန်မှာ ကိုယ်အလေးချိန်ပိုများပြီး အခြားနေရာတွေမှာ အဆီပိုများကြောင်း တွေ့ရှိရပါတယ်။
■ အသက်အရွယ်အစောပိုင်းကာလမှာ အဆီစုစည်းမှုမြင့်မားခြင်းဟာ အရွယ်ရောက်ချိန်မှာ နှလုံးနဲ့ ဇီဝရုပ်ဖြစ်ပျက်မှုဆိုင်ရာ ရောဂါများ ဖြစ်ပွားစေနိုင်တဲ့ အဓိကအကြောင်းအရင်းတစ်ခု ဖြစ်ပါတယ်။
■ သုတေသနတွေ့ရှိချက်များအရ ပြုပြင်ဖန်တီးထားတဲ့ အစားအစာများဟာ အမျိုးသားအနေဖြင့် ကလေးမယူမီ ပျမ်းမျှကယ်လိုရီစားသုံးမှုရဲ့ ၃၀ ရာခိုင်နှုန်းခန့် ရှိနေပါတယ်။
■ အဖေဖြစ်သူ အာဟာရချို့တဲ့မှုဟာ ရောင်ရမ်းမှုကို ဖြစ်ပေါ်စေပြီး သန္ဓေမအောင်မီ သုတ်ပိုးအရည်အသွေး ပြောင်းလဲစေပါတယ်။
■ DNA methylation လိုမျိုး မျိုးရိုးဗီဇဆိုင်ရာ ပြောင်းလဲမှုယန္တရားများမှတဆင့် ဖခင်များဟာ ပြောင်းလဲသွားတဲ့ ဗီဇလုပ်ဆောင်ချက်များကို သားသမီးများထံ တိုက်ရိုက်လက်ဆင့်ကမ်း ပေးကြပါတယ်။
■ ကျန်းမာရေးနဲ့ ညီညွတ်စွာ ကိုယ်ဝန်ဆောင်နိုင်ရန်အတွက် ကိုယ်ဝန်မယူမီ ကျန်းမာရေးလမ်းညွှန်ချက်များကို မိခင်ရော ဖခင်ပါ အဓိကထားလုပ်ဆောင်ရမယ်လို့ ကျွမ်းကျင်သူများ အလေးပေးပြောထားပါတယ်။
Source: Newsweek
အီရန်အပေါ် အမေရိကန်နဲ့ အစ္စရေးလ်တို စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်နေတာကြောင့် စွမ်းအင်လောင်စာဈေးနှုန်းများ မြင့်တက်နေခြင်းဟာ အမေရိကန်ရဲ့ ငွေကြေးဖောင်းပွမှုကို လျှော့ချရာမှာ အဓိကအဟန့်အတား ဖြစ်နေဆဲဖြစ်ပါတယ်။
#World_Economy
Published 24 August 2026
#အမေရိကန် #အစ္စရေးလ် #အီရန်
#YMG #Yangon_Times #Yangon_Media_Group
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြိုတွင် တိုင်းရင်းသားရေးရာနှင့်သက်မွေးပညာသင်တန်းစင်တာ (တောင်ငူ) ကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ခွင့်ပြုဘဏ္ဍာရန်ပုံငွေဖြင့် တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရပါတယ်။
#Local_News
Published 24 August 2026
#တောင်ငူ #ပဲခူးတိုင်းဒေသကြီး
#YMG/SW #Yangon_Times
#Local_News
Published 24 August 2026
#ဧရာဝတီအမျိုးသမီးအသင်း
#YMG/NN #Yangon_Times
ရန်ကုန်မြို့ရှိ AWPT၊ MIP နဲ့ MITT ဆိပ်ကမ်းတွေမှာ ရောက်ရှိနေတဲ့ ID မရှိ၊ လိုင်စင်မရှိ ကုန်သေတ္တာ ၂၂ လုံးနဲ့ Shut Out Cargo ကုန်သေတ္တာ ၁ လုံးအတွင်းက ကုန်ပစ္စည်းတွေကိုအိတ်ဖွင့်တင်ဒါစနစ်နဲ့လေလံတင်ရောင်းချသွားမယ်လို့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က ထုတ်ပြန်ထားပါတယ်။
#Local_News
Published 24 August 2026
#ကုန်သေတ္တာ # အိတ်ဖွင့်တင်ဒါ
#YMG/SW #Yangon_Times
#Local_News
Published 24 August 2026
#AFC-Futsal_Level-1_Coaching_Certificate_Course
#YMG/NN #Yangon_Times
#Daily_News
Published 24 August 2026
၁။ တောင်ငူတွင် တိုင်းရင်းသားရေးရာနှင့်သက်မွေးပညာသင်တန်းစင်တာ တည်ဆောက်မည်
၂။ ဧရာဝတီအမျိုးသမီးအသင်း အုပ်စုသုံးပွဲအနိုင်ရရှိပြီး ပေးဂိုးမရှိဖြင့် ခြေစစ်ပွဲအောင်
၃။ ကုန်သေတ္တာ(၂၃)လုံးကို အိတ်ဖွင့်တင်ဒါဖြင့် လေလံတင်ရောင်းချမည်
၄။ အမေရိကန်နှင့်အစ္စရေးလ်စစ်ရေးလှုပ်ရှားမှုများကြောင့် အမေရိကန်ငွေကြေးဖောင်းပွမှုကျဆင်းရန်ခက်ခဲ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 24 August 2026
■ ညကောင်းကင်ကိုသိပ္ပံပညာဖြင့် အတူ ပြန်လည်ရှာဖွေကြမည့် Kalaw Astro Youth Camp 2026 အစီအစဉ်ကိုရန်ကုန်နှင့် ကလောမြို့တို့တွင် အဆင့်နှစ်ဆင့်ဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း Myanmar Astronomy & Science Enthusiasts Society (MASES) မှ သိရသည်။
■ လူငယ်များအကြား နက္ခတ္တဗေဒနှင့် STEM (Science, Technology, Engineering and Mathematics) အသိပညာများ ပိုမိုပြန့်ပွားစေရန်နှင့် စကြဝဠာအကြောင်းကို လက်တွေ့စူးစမ်းလေ့လာနိုင်မည့် အခွင့်အလမ်းများ ဖန်တီးပေးရန် ရည်ရွယ်ခြင်းဖြစ်ပြီး အဆိုပါအစီအစဉ်တွင် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း နက္ခတ္တဗေဒနှင့် STEM ဘာသာရပ်များကို စိတ်ဝင်စားသည့် လူငယ်များ ပါဝင်နိုင်မည်ဖြစ်ပြီး မြို့ပြမီးရောင်များနှင့်ဝေးကွာသည့် ကလောမြို့၏ ညကောင်းကင်အောက်တွင် Telescope များအသုံးပြု၍ ကြယ်များနှင့်ဂြိုဟ်များကို ကိုယ်တိုင်လေ့လာနိုင်မည့် အခွင့်အရေးများရရှိမည်ဖြစ်သည်။
■ ပထမအဆင့်အဖြစ် Yangon Workshop ကို စက်တင်ဘာ ၅ ရက်နှင့် ၆ ရက်တို့တွင် ကျင်းပမည်ဖြစ်ပြီး နက္ခတ္တဗေဒဆိုင်ရာ အခြေခံအယူအဆများ၊ STEM အသိပညာများနှင့် မြို့ပြဒေသများတွင် ကြုံတွေ့နေရသည့် အလင်းညစ်ညမ်းမှု (Light Pollution) အကြောင်းများကို လေ့လာဆွေးနွေးသွားမည်ဖြစ်သည်။
■ ဒုတိယအဆင့်ဖြစ်သည့် Kalaw Practical Workshop ကို ဒီဇင်ဘာလလယ်တွင် ကလောမြို့၌ ဆက်လက်ကျင်းပသွားမည်ဖြစ်ပြီး Telescope များအသုံးပြု၍ ကြယ်များနှင့် ဂြိုဟ်များကို လက်တွေ့ကြည့်ရှုလေ့လာခြင်း၊ Astrophotography အခြေခံများနှင့် ညကောင်းကင်ယံ စူးစမ်းလေ့လာမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
■ အဆိုပါ Kalaw Astro Youth Camp 2026 သည် လူငယ်များအား နက္ခတ္တဗေဒဆိုင်ရာ အသိပညာများသာမက သိပ္ပံနည်းကျ စူးစမ်းလေ့လာမှုအတွေ့အကြုံများ ရရှိစေရန် ရည်ရွယ်သည့် အစီအစဉ်တစ်ရပ်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#World_News
Published 24 August 2026
■ အမေရိကန်က အီရန်နဲ့ ကုန်သွယ်ဖက်နိုင်ငံများကို ပစ်မှတ်ထားပြီး ပြင်းထန်တဲ့ စီးပွားရေးပိတ်ဆို့မှုများ ပြုလုပ်မယ့် ဘဏ္ဍာရေးဆိုင်ရာ ထိုးစစ်ကြီးတစ်ခုကိုကြေညာခဲ့ပါတယ်။
■ အီရန်စီးပွားရေးမှာ ဆက်လက်ပါဝင်ပတ်သက်နေတဲ့ နိုင်ငံများအနေဖြင့် အကျိုးဆက်ကြီးကြီးမားမား ရင်ဆိုင်ရမယ်လို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်ဆန့်က သတိပေးခဲ့ပါတယ်။
■ စီးပွားရေးစစ်ပွဲ ဆက်လက်ဖြစ်ပွားနေပါက ပါရှန်းပင်လယ်ကွေ့မှ ရေနံတင်ပို့မှုအားလုံးရပ်ဆိုင်းပြီး ဟော်မုဇ် ရေလက်ကြားကို ပိတ်ဆို့သွားမယ်လို့ အီရန်က ခြိမ်းခြောက်ခဲ့ပါတယ်။
■ အမေရိကန်ရဲ့ စီးပွားရေးဖိအားပေးမှုကို ကူညီပံ့ပိုးပေးတဲ့ ဘယ်နိုင်ငံမဆို စစ်မီးမွှေးတဲ့ လုပ်ရပ်အဖြစ် သတ်မှတ်သွားမယ်လို့ အီရန်က သတိပေးလိုက်ပါတယ်။
■ သီတင်းပတ်ပေါင်းများစွာ ကြာမြင့်နေတဲ့ အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ လေကြောင်းတိုက်ခိုက်မှုများကြောင့် လူပေါင်းထောင်ချီ သေဆုံးခဲ့ပြီး အီရန်စစ်ရေးစွမ်းရည် ကျဆင်းခဲ့ကာ အရေးပါတဲ့ ခေါင်းဆောင် အယာတိုလာအလီခါမေနီလည်း သေဆုံးခဲ့ရပါတယ်။
■ စစ်ရေးအရဆုံးရှုံးမှုများရှိခဲ့ပေမယ့် အီရန်ဟာ သင်္ဘောသွားလာရေးခြိမ်းခြောက်ပြီး ကမ္ဘာ့စက်သုံးဆီဈေးနှုန်းများ မြင့်တက်စေရန် ဒရုန်းနဲ့ ဒုံးကျည်စွမ်းရည်များကို လုံလောက်စွာ ထိန်းသိမ်းထားနိုင်ဆဲ ဖြစ်ပါတယ်။
■ အီရန်စီးပွားရေးဟာ အခြေခံအဆောက်အအုံ ပျက်စီးမှုများ၊ ကုန်ဈေးနှုန်း ကြီးမြင့်မှုနဲ့ ယခင်တည်းက နိုင်ငံတကာပိတ်ဆို့မှုများကြောင့် ပြင်းထန်တဲ့ ဖိအားများနဲ့ ရင်ဆိုင်နေရပါတယ်။
■ ပါကစ္စတန်၊ ကာတာနဲ့ တူရကီတို့လို နိုင်ငံများက သံတမန်ရေးအရ စေ့စပ်ညှိနှိုင်းပေးရန် ကြိုးပမ်းနေပေမယ့် ဇွန်လနောက်ပိုင်း အမေရိကန်နဲ့အီရန်တို့ကြား တိုက်ရိုက်ဆွေးနွေးမှုများ မရှိသေးပါဘူး။
Source: Reuters
Page 44 of 2096