ဩဂုတ်၂၀၊၂၀၂၆ (မင့်စ်)
မြန်မာနိုင်ငံ၏ စိုက်ပျိုးမွေးမြူရေး၊ စက်မှုကုန်ထုတ်လုပ်ရေး၊ စွမ်းအင်၊ အခြေခံ အဆောက်အအုံ၊ ဒီဂျစ်တယ်နည်းပညာနှင့် AI အပါအဝင် စီးပွားရေးကဏ္ဍများတွင် ဘီလာရုစ် လုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ဖိတ်ခေါ်လိုက်ပြီး နှစ်နိုင်ငံ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကို မဟာဗျူဟာမြောက် တိုးချဲ့ရန် ဩဂုတ် ၂၀ ရက်က ဘီလာရုစ်နိုင်ငံ မင့်စ်မြို့၌ ကျင်းပသည့် မြန်မာ-ဘီလာရုစ် စီးပွားရေးဖိုရမ်တွင် တိုက်တွန်းခဲ့သည်။
President ဟိုတယ်၌ ကျင်းပသည့် ဖိုရမ်သို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၊ ဘီလာရုစ်ဝန်ကြီးချုပ် Alexander Turchin၊ နှစ်နိုင်ငံအစိုးရတာဝန်ရှိသူများနှင့် စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပြီး B2B ပူးပေါင်းဆောင်ရွက်မှု၊ ပူးတွဲစီးပွားရေးစီမံကိန်းများ ဖော်ဆောင်ရေး၊ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်း များ မျှဝေရေးနှင့် ကုန်သွယ်ရေးအတားအဆီးများ ဖြေရှင်းရေးတို့ကို ဆွေးနွေးခဲ့ကြသည်။
ဘီလာရုစ်ဝန်ကြီးချုပ် Alexander Turchin က စက်မှုကုန်ထုတ်လုပ်ရေး၊ အထည်အလိပ်နှင့် လူသုံးကုန်၊ စိုက်ပျိုးရေးနှင့် အစားအသောက်၊ ကျန်းမာရေးနှင့် ဆေးဝါးထုတ်လုပ်ရေး၊ အဆင့်မြင့်နည်းပညာနှင့် လူ့စွမ်းအားအရင်းအမြစ်ကဏ္ဍများတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် ရည်ရွယ်ထားကြောင်း ပြောကြားခဲ့သည်။
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ကလည်း လက်ရှိကမ္ဘာ့စီးပွားရေး အပြောင်းအလဲများကြားတွင် အပြန်အလှန်အကျိုးရှိသည့် မဟာဗျူဟာမြောက် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ လိုအပ်ကြောင်း ပြောကြားပြီး နှစ်နိုင်ငံစီးပွားရေးလုပ်ငန်းရှင်များအကြား တိုက်ရိုက်ချိတ်ဆက်မှု၊ ပူးတွဲစီမံကိန်းနှင့် ရင်းနှီး မြှုပ်နှံမှုများ တိုးမြှင့်ရန် တိုက်တွန်းခဲ့သည်။
မြန်မာနှင့် ဘီလာရုစ်တို့သည် ၁၉၉၉ ခုနှစ်တွင် သံတမန်ဆက်ဆံရေး စတင်ထူထောင်ခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် လက်မှတ်ရေး ထိုးခဲ့ သည်။ ထို့ပြင် ရင်းနှီးမြှုပ်နှံမှု၊ သိပ္ပံနှင့်နည်းပညာ၊ အကောက်ခွန်နှင့် ဘဏ္ဍာရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု သဘောတူညီချက်များ ချမှတ်ထားပြီး ၂၀၂၆-၂၀၂၈ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု လမ်းပြ မြေပုံတွင် ကုန်သွယ်ရေး၊ စိုက်ပျိုးရေး၊ ကျန်းမာရေး၊ ဘဏ်လုပ်ငန်း၊ ပညာရေးနှင့် ခရီးသွားလုပ်ငန်းတို့ကို ထည့်သွင်းထားသည်။

မြန်မာနိုင်ငံသည် တရုတ်နှင့် အိန္ဒိယတို့အကြား တည်ရှိပြီး အရှေ့တောင်အာရှနှင့် တောင်အာရှ ဈေးကွက်များကို ချိတ်ဆက်နိုင်သည့် ပထဝီဝင်အနေအထားရှိကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင် လှိုင်က ပြောကြားခဲ့သည်။ စိုက်ပျိုးမွေးမြူရေးအခြေခံ စက်မှုနိုင်ငံအဖြစ် ဖော်ဆောင်ရာတွင် ဘီလာရုစ်၏ စိုက်ပျိုးရေးနည်းပညာ၊ ဓာတ်မြေဩဇာနှင့် လယ်ယာသုံးစက်ကိရိယာများကို အသုံးချ၍ Farming မှ Food Processing အထိ နည်းပညာနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရန် ဖိတ်ခေါ်ခဲ့ သည်။
ထို့အပြင် လယ်ယာသုံးစက်ယန္တရားများကို တင်သွင်းရောင်းချရုံသာမက မြန်မာနိုင်ငံ၌ ပူးတွဲထုတ်လုပ် ရန်၊ လူသုံးကုန်နှင့် ဆေးဝါးထုတ်လုပ်ရေး၊ သယ်ယူပို့ဆောင်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေး အခြေခံအဆောက်အအုံများတွင်လည်း ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ခဲ့သည်။
စွမ်းအင်ကဏ္ဍတွင် ရေအားလျှပ်စစ်၊ နေရောင်ခြည်၊ လေစွမ်းအင်နှင့် ဇီဝစွမ်းအင် စီမံကိန်းများ၌ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်ရန် ဖိတ်ခေါ်ခဲ့သကဲ့သို့ အစိုးရဝန်ဆောင်မှု ဒီဂျစ်တယ်အသွင်ကူးပြောင်း ရေး၊ ဆက်သွယ်ရေးနည်းပညာ၊ AI၊ ဒီဂျစ်တယ်ငွေပေးချေမှုနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ လုပ်ငန်းများ တွင်လည်း ဘီလာရုစ်လုပ်ငန်းရှင်များ ပူးပေါင်းရန် တိုက်တွန်းခဲ့သည်။
ရင်းနှီးမြှုပ်နှံမှုနေရာများအဖြစ် သီလဝါ၊ ထားဝယ်နှင့် ကျောက်ဖြူ အထူးစီးပွားရေးဇုန်များကို ဖော်ပြခဲ့ပြီး သီလဝါအထူးစီးပွားရေးဇုန်သည် အခြေခံအဆောက်အအုံနှင့် သယ်ယူပို့ဆောင်ရေး ချိတ်ဆက်မှု အားသာ ချက်ရှိကြောင်း ဆိုသည်။ ထားဝယ်ဒေသတွင်လည်း အကြီးစားစက်မှုလုပ်ငန်း၊ စက်ပစ္စည်းနှင့် ကုန်တင် ယာဉ်ထုတ်လုပ်ရေးအပြင် တနင်္သာရီတိုင်းအတွင်း သတ္တုတူးဖော်ရေးနှင့် ခရီးသွားလုပ်ငန်းများ၌ ရင်းနှီး မြှုပ်နှံရန် ဖိတ်ခေါ်ခဲ့သည်။
မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင်ဖြစ်ပြီး ဘီလာရုစ်သည် Eurasian Economic Union (EAEU) အဖွဲ့ဝင်ဖြစ်သဖြင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် အာဆီယံ၊ အာရှနှင့် EAEU ဈေးကွက်များကို အပြန်အလှန်ချိတ်ဆက်နိုင်မည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။
ဘီလာရုစ်၏ စက်မှုနှင့်နည်းပညာစွမ်းရည်ကို မြန်မာနိုင်ငံ၏ သဘာဝနှင့် လူ့စွမ်းအားအရင်းအမြစ်များနှင့် ပေါင်းစပ်ကာ ရေရှည်အကျိုးရှိသည့် ပူးတွဲစီးပွားရေးစီမံကိန်းများ ဖော်ဆောင်ရန် တိုက်တွန်းခဲ့ပြီး ဘီလာရုစ်လုပ်ငန်းရှင်များ၏ ရင်းနှီးမြှုပ်နှံမှုနှင့် လုပ်ငန်းလည်ပတ်မှုများအတွက် လိုအပ်သည့် ပံ့ပိုးမှုများ ဆောင်ရွက်ပေးမည်ဟု ဆိုသည်။
ဖိုရမ်အပြီးတွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များသည် ခင်းကျင်းပြသထားသည့် မြန်မာနိုင်ငံထုတ် ကုန်ပစ္စည်းပြခန်းများကို လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။
အင်အားကောင်းတဲ့ အနောက်တောင်မုတ်သုံလေနဲ့ အပူပိုင်းမုန်တိုင်းများကြောင့် ဖိလစ်ပိုင်တဝှမ်း ဒေသ ၈ ခုမှ လူပေါင်း ၃၈၀,၀၀၀ ကျော် ထိခိုက်ခံစားခဲ့ရကြောင်း တိုင်းဒေသကြီး အန္တရာယ်လျော့ပါးရေးနဲ့ စီမံခန့်ခွဲရေးကောင်စီ (NDRRMC)က တနင်္ဂနွေနံနက်ပိုင်းမှာ ထုတ်ပြန်ခဲ့ပြီး မြေပြိုမှု၊ ကျောက်ပြိုမှု၊ ရေနစ်မြုပ်မှု၊ လျှပ်စစ်ဓာတ်လိုက်မှုတိုကြောင့် ၆ ဦးသေဆုံးကာ ၇ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
#Asia_Disaster
Published 20 August 2026
#ဖိလစ်ပိုင် #အနောက်တောင်မုတ်သုံလေ
#YMG #Yangon_Times #Yangon_Media_Group
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ နှစ်(၁၀၀)နှင့်အထက် သက်တမ်းရှိသော ရှေးဟောင်းအဆောက်အအုံ ၁၅၃ လုံးကို ရှေးဟောင်းအဆောက်အအုံအဖြစ် သတ်မှတ်ခဲ့ပြီးဖြစ်တယ်လို့ ဟိုတယ်၊ ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနကနေ သိရပါတယ် ။
#Local_News
Published 20 August 2026
#ရန်ကုန်တိုင်းဒေသကြီး #ရှေးဟောင်းအဆောက်အအုံ
#YMG/NN #Yangon_Times
ရန်ကုန်မြို့မှာ ရေမီတာပျက်စီး၊ ပျောက်ဆုံး ဒါမှမဟုတ် ရေမီတာတပ်ဆင်ထားခြင်းမရှိတဲ့ ရေဆက်သွယ်မှုတွေကို အခြေခံရေသုံးစွဲမှုပမာဏရဲ့ ၆ ဆအထိ ရေဖိုးရေခကောက်ခံသွားမယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက အသိပေးထားပါတယ်။
#Local_News
Published 20 August 2026
#ရေမီတာ # မြို့တော်စည်ပင်
#YMG/SW #Yangon_Times
မအူပင်၊မဒေါက်နဲ့ငါးသိုင်းချောင်းမြို့နယ်အတွင်း မြေနိမ့်ပိုင်းတွင်နေထိုင်သူများအနေနဲ့ ရေဘေးလွတ်ရာသို့ ရှောင်ရှားကြပါရန် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဒီကနေ့ မနက် ၈ နာရီအချိန်က သတိပေးချက်ထုတ်ပြန်ထားပါတယ်။
#Local_News
Published 20 August 2026
#မအူပင်_မဒေါက်_ငါးသိုင်းချောင်း
#YMG/NN #Yangon_Times
စစ်ကိုင်းမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးတောင်သူများအား ယူရီးယားဓာတ်မြေဩဇာများ ဖြန့်ဝေပေးခြင်းနှင့်စိုက်ပျိုးရေးနည်းပညာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
#Local_News
Published 20 August 2026
#စစ်ကိုင်းမြို့နယ် #ယူရီးယားဓာတ်မြေဩဇာ
#YMG/SW #Yangon_Times
#Daily_News
Published 20 August 2026
၁။ နှစ်(၁၀၀)နှင့်အထက် သက်တမ်းရှိအဆောက်အအုံ(၁၅၃)လုံးကို ရှေးဟောင်းအဆောက်အအုံအဖြစ်သတ်မှတ်
၂။ ရေမီတာများအမြန်ဆုံးတပ်ဆင်ရန် မြို့တော်စည်ပင်အသိပေး
၃။ မအူပင်၊မဒေါက်နှင့်ငါးသိုင်းချောင်းမြို့နယ်အတွင်း မြေနိမ့်ပိုင်းတွင်နေထိုင်သူများ ရေဘေးလွတ်ရာသို့ရှောင်ရှားရန်မိုးဇလသတိပေး
၄။ အနောက်တောင်မုတ်သုံလေနှင့်အပူပိုင်းမုန်တိုင်းများကြောင့် ဖိလစ်ပိုင်တွင်လူပေါင်းသိန်းချီအပေါ်သက်ရောက်... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 20 August 2026
■ ၂၀၂၆-၂၇ မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးဘောလုံးပြိုင်ပွဲအတွက် ပထမအကျော့ ပွဲစဉ်ဇယားကို ပြိုင်ပွဲဝင်အသင်းများနှင့် ညှိနှိုင်းဆွေးနွေးမှုအရ မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲကျင်းပရေးမှ ထုတ်ပြန်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။
■ အဆိုပါ ၂၀၂၆-၂၇ မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးဘောလုံးပြိုင်ပွဲကို ဩဂုတ် ၂၈ ရက်နေ့တွင် စတင်ကျင်းပသွားမည်ဖြစ်ပြီးအသင်းပေါင်း (၁၂) သင်း ပါဝင်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။
■ ၂၀၂၆-၂၇ မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲ ပထမအကျော့ကို ဩဂုတ် ၂၈ ရက်မှ ဒီဇင်ဘာ ၂၁ ရက်အထိ ရန်ကုန်မြို့ သုဝဏ္ဏကွင်း၊ YUSC ကွင်း၊ သီဟဒီပကွင်း၊ ပဒေသာကွင်း၊ မန္တလေးမြို့ရှိ ဗထူးကွင်း၊ ပဲခူးမြို့ရှိ Grand Royal ကွင်း၊ တောင်ကြီးမြို့ရှိ ပြည်နယ်အားကစားကွင်းနှင့် ပုသိမ်မြို့ရှိ ကျောက်တိုင်အားကစားကွင်းတို့၌ ကျင်းပသွားမည်ဖြစ်သည်။
■ အဆိုပါ ပွဲစဉ်ဇယားထုတ်ပြန်ရာတွင် လက်ရွေးစင်အသင်း၏ နိုင်ငံတကာပွဲစဉ်များ၊ AFC, AFF
ကလပ်အသင်းပြိုင်ပွဲများ၊ အိမ်ကွင်း၊အဝေးကွင်း သွားရောက်ကစားရမည့်အခြေအနေများနှင့် ရုပ်သံရိုက်ကူးထုတ်လွှင့်မှုအပိုင်းတို့တွင် အဆင်ပြေစေရန် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ကာ ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 20 August 2026
■ ရှမ်းပြည်နယ် (မြောက်ပိုင်း) နောင်ချိုမြို့နယ် ဘန့်ဘွေးဘိနယ်စခန်းရှိ လိပ်ကယ်ဆယ်ရေးစခန်း(ဘန့်ဘွေး)တွင် တရားမဝင်ကုန်သွယ်မှုပြုလုပ်ရာမှ ဖမ်းဆီးရမိသည့် လိပ်မျိုးစိတ်များအား ထိန်းသိမ်းစောင့်ရှောက်လျက်ရှိပြီး လက်ရှိတွင် လိပ်ကောင်ရေ ၆၃၂ ကောင်ကို ထိန်းသိမ်းထားရှိကြောင်း သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သိရသည်။
■ အဆိုပါ လိပ်ကယ်ဆယ်ရေးစခန်း(ဘန့်ဘွေး)၌ လိပ်များအား မျိုးစိတ်အလိုက် ထိန်းသိမ်းစောင့်ရှောက် မွေးမြူထားမှုကို သယံဇာတနှင့်သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦးသည် ဩဂုတ် ၁၈ ရက်နေ့ နံနက်ပိုင်းကသွားရောက်ကြည့်ရှုစစ်ဆေးသည်။
■ ထို့ပြင် မေမြို့ထင်းကြိုးဝိုင်းတွင် မြို့အထူးစိမ်းလန်းစိုပြည်ရေးအတွက် ယခုနှစ်တွင် သစ်တောစိုက်ခင်း ဧက ၂၇၀ တည်ထောင်ထားရှိမှုနှင့် သစ်ပင်စိုက်ပျိုးထားသည့်အခြေအနေကို ကြည့်ရှုစစ်ဆေးသည်။
■ မွန်းလွဲပိုင်းတွင် ပြင်ဦးလွင်မြို့ရှိ မြန်မာနိုင်ငံသစ်တောကျောင်း၌ ဝန်ကြီးဌာနအောက်မှ ဝန်ထမ်းများကို သွားရောက်တွေ့ဆုံအမှာစကားပြောကြားပြီး မြန်မာနိုင်ငံသစ်တောကျောင်းဝင်းအတွင်း စာသင်ဆောင်၊ သင်တန်းသား အိပ်ဆောင်နှင့် စုဝေးခန်းမတည်ဆောက်မည့်နေရာနှင့် မြန်မာနိုင်ငံ မြေတိုင်းသင်တန်းကျောင်းတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 20 August 2026
■ လယ်ဝေးမူလတန်းကြိုကျောင်း ဆောက်လုပ်ရေးစီမံကိန်းကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွင်း အိန္ဒိယနိုင်ငံအစိုးရ၏ ထောက်ပံ့ငွေ ကျပ် ၁၀၉၁ ဒသမ ၄၇၅ သန်းဖြင့် အကောင်အထည်ဖော် ဆောက်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
■ အဆိုပါစီမံကိန်းတွင် ပေ ၉၀ x ၃၀ x ၂၄ အရွယ်အစားရှိ Steel Structure နှစ်ထပ်အဆောက်အအုံ ၂ လုံး ဆောက်လုပ်သွားမည်ဖြစ်သည်။
■ လယ်ဝေးမူလတန်းကြိုကျောင်း ဆောက်လုပ်ရေးစီမံကိန်း ပန္နက်ရိုက်အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အိန္ဒိယ-မြန်မာ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်အရ ကျင်းပခဲ့ပြီး ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်က အိန္ဒိယအစိုးရနှင့် ပြည်သူများအား ကျေးဇူးတင်ရှိကြောင်းနှင့် နှစ်နိုင်ငံချစ်ကြည်ရေး ရေရှည်တည်တံ့ခိုင်မြဲစေရန် ဆုတောင်းမေတ္တာပို့သကြောင်း ပြောကြားခဲ့သည်။
■ ထို့အပြင် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီးက စီမံကိန်းအတွက် အကူအညီပေးရေးအစီအစဉ်များကို ရှင်းလင်းပြောကြားပြီး ကလေးငယ်များ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
■ ယင်းနောက် ဒုတိယဝန်ကြီး၊ အိန္ဒိယနိုင်ငံသံအမတ်ကြီးနှင့် အခမ်းအနားတက်ရောက်သူများက ကျောင်းဆောက်လုပ်မည့်နေရာ၌ ပန္နက်ရိုက်ခြင်းနှင့် အမွှေးနံ့သာရည်များ ပက်ဖျန်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 20 August 2026
■ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့အနီး မြန်မာ့ပင်လယ်ပြင်တွင် Tri Star 3 အမည်ရှိ ခရီးသည်တင်အမြန်ရေယာဉ် ရေဝင်နစ်မြုပ်မှုဖြစ်ပွားခဲ့ပြီး ရေယာဉ်ပေါ်ပါ လူ ၂၀ ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။
■ မီးပြကျွန်း၏ အရှေ့ဘက် ရေမိုင် ၀ ဒသမ ၄ မိုင်ခန့်အကွာတွင် အဆိုပါရေယာဉ် ရေဝင်နစ်မြုပ်နေကြောင်း ဒေသခံများ၏ သတင်းပေးပို့ချက်အရ လုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော်(ရေ)မှ တပ်ဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
■ ယမန်နေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် ရေဝင်နစ်မြုပ်နေသည့် ရေယာဉ်ကို တွေ့ရှိခဲ့ပြီး ရေယာဉ်အမှုထမ်း ၁ ဦးနှင့် ခရီးသည် ၁၉ ဦး စုစုပေါင်း ၂၀ ဦးကို စစ်ရေယာဉ်ပေါ်သို့ တင်ဆောင်ကယ်ဆယ်ခဲ့ကြောင်း သိရသည်။
■ ကယ်ဆယ်ခဲ့သူများအား လိုအပ်သည့် ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ပေးခဲ့ပြီး အဝတ်အထည်နှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးကာ သက်ဆိုင်ရာတာဝန်ရှိသူများထံ စနစ်တကျ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#World_News
Published 20 August 2026
■ အစ္စရေးလ်သူလျှိုအဖွဲ့အစည်း မော့ဆက်ဒ်ရဲ့ အကြီးအကဲဖြစ်သူ ရိုမန်ဂေါ့ဖ်မန်ဟာ ဩဂုတ်လ ၁၄ ရက်နေ့မှာ ဆီးရီးယား နိုင်ငံခြားရေးဝန်ကြီး အာဆက်အယ်ရှိုင်ဘာနီနဲ့ ဖုန်းပြောဆိုခဲ့ပါတယ်။
■ ဒီထဲမှာ ဆီးရီးယားအတွင်း တူရကီစစ်ရေးတိုးချဲ့လာမှုနဲ့ လက်နက်ထောက်ပံ့ပေးနေမှုများအပေါ် စိုးရိမ်ပူပန်မှုများနဲ့ ပတ်သက်ပြီး အဓိကထား ဆွေးနွေးခဲ့ပါတယ်။
■ အဆိုပါ ဖုန်းဆက်သွယ်မှုဟာ အစ္စရေးလ်နဲ့ ဆီးရီးယား အစိုးရသစ်တို့ကြား အဆင့်မြင့်ဆုံး သံတမန်ရေးရာ ဆက်သွယ်မှုတွေထဲက တစ်ခုဖြစ်ပါတယ်။
■ ၄ ရက်အကြာမှာ အစ္စရေးလ်ဟာ အိဒ်လစ်ရှိ ဆီးရီးယားတို့ရဲ့ အဘူအယ်ဒူဟာ စစ်လေတပ်စခန်းကို လေကြောင်းမှ တိုက်ခိုက်ခဲ့ပါတယ်။
■ အစ္စရေးလ်ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟူက ဆီးရီးယားအနေဖြင့် တူရကီတပ်ဖွဲ့များကို တပ်စွဲခွင့်ပြုခဲ့ခြင်းကြောင့် တုံ့ပြန်တိုက်ခိုက်ခဲ့ရခြင်းဖြစ်ကြောင်း ပြောပါတယ်။
■ အစ္စရေးလ်အနေဖြင့် မြောက်ဘက်နယ်စပ်တလျှောက် တူရကီစစ်ရေးအခြေချမှုကို လုံးဝလက်ခံမှာမဟုတ်ကြောင်း နေတန်ယာဟူက သတိပေးပါတယ်။
■ ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီးကတော့ အဆိုပါ လေကြောင်းတိုက်ခိုက်မှုဟာ တရားမျှတမှုမရှိဘဲ ယင်းတို့ရဲ့ နိုင်ငံတော်အချုပ်အခြာအာဏာကို ချိုးဖောက်ခြင်းဖြစ်ကြောင်း ပြစ်တင်ရှုတ်ချခဲ့ပါတယ်။
■ တူရကီက အစ္စရေးလ်ရဲ့ စွပ်စွဲချက်များကို ငြင်းဆိုခဲ့ပြီး ဆီးရီးယားအတွင်း တရားမဝင်စစ်ရေးလုပ်ဆောင်မှုများကို တရားနည်းလမ်းကျကြောင်း ပြသဖို့အတွက် ကြိုးပမ်းမှုတစ်ခုမျှသာဖြစ်ကြောင်း တုံ့ပြန်ပြောကြားလိုက်ပါတယ်။
Source: Reuters
Page 48 of 2096