ခရီးသွားယာဉ်လိုင်းများကြောင့်နစ်နာဆုံးရှုးမှုတွေဖြစ်ပေါ်ပါကသက်သေနဲ့တကွ တိုင်ကြားနိုင်တယ်လို့ စားသုံးသူရေးရာဦးစီးဌာနမှ သိရပါတယ်။
#Local_News
Published 28 January 2026
#ခရီးသွားယာဉ်လိုင်း
#YMG/SW #Yangon_Times
ငွေဆောင်ကမ်းခြေသို့လာရောက်လည်ပတ်ကြတဲ့ ခရီးသွားတွေကို ဆွဲဆောင်နိုင်ဖို့ ညဈေးတန်းကဲ့သို့သော Night Life Activities များကိုဖန်တီးဖို့ လိုအပ်တယ်လို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးက တိုက်တွန်းလိုက်ပါတယ်။
#Local_News
Published 28 January 2026
#ငွေဆောင်ကမ်းခြေ #Night_Life_Activities
#YMG/NN #Yangon_Times
ကမ္ဘာ့ရွှေဈေး စံချိန်တင်မြင့်တက်ခြင်းနဲ့အတူ မြန်မာ့ရွှေဈေးမှာလည်း တစ်ကျပ်သားကို ကျပ်သိန်း(၁၁၀)သို့ရောက်ရှိတယ်လို့ ရွှေဈေးကွက်အတွင်းမှ သိရပါတယ်။
#Local_News
Published 28 January 2026
#မြန်မာ့ရွှေဈေး #ရွှေ
#YMG/SW #Yangon_Times
#Daily_News
Published 28 January 2025
၁။ နီပါးရ်ဗိုင်းရပ်စ်ရောဂါဖြစ်ပွားသည့်ဒေသများသို့ မလိုအပ်ဘဲခရီးမသွားရန်အသိပေး
၂။ ခရီးသွားယာဉ်လိုင်းများကြောင့်နစ်နာဆုံးရှုးမှုများဖြစ်ပေါ်ပါက တိုင်ကြားနိုင်
၃။ ငွေဆောင်ကမ်းခြေ၌ ခရီးသွားများကိုဆွဲဆောင်ရန် ညဈေးတန်းများ ဖန်တီးရန်လိုအပ်ဟုဆို
၄။ မြန်မာနိုင်ငံနှင့်ဘက်စုံမဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လုပ်ဆောင်မည်ဟု တရုတ်ပြော ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 28 January 2026
▪️ ပြည်ပမှ တင်သွင်းသည့်စားအုန်းဆီများကြည့်မြင်တိုင်မြို့နယ်၊KIP ဆိပ်ကမ်းသို့ ယခုလ၂၆ရက်ကရောက်ရှိလာကြောင်း သိရသည်။
▪️ စားအုန်းဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီသည် စားအုန်းဆီများသတ်မှတ်အရည်အသွေး၊ စံချိန်စံညွှန်းများနှင့် အညီ စားသုံးသူပြည်သူများ ကျန်းမာရေးနှင့်ညီညွတ်သော စားသုံးဆီများသုံးစွဲနိုင်ရေး၊ ဈေးနှုန်းတည်ငြိမ်စွာ ဝယ်ယူစားသောက်နိုင်ရေး ကြီးကြပ်ထိန်းကျောင်း၍ သက်ဆိုင်ရာကုမ္ပဏီများက စားအုန်းဆီများပြည်ပမှ တင်သွင်းလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး သီလဝါဆိပ်ကမ်း၊ ကြည့်မြင်တိုင်မြို့နယ် ဗားဂရာ (သဲကွင်း) ဆိပ်ကမ်း၊ ကြည့်မြင်တိုင်မြို့နယ် ကမ်းနားဈေးဆိပ်ကမ်း၊ KIP ဆိပ်ကမ်းသို့ ဆီသင်္ဘောများ ဆိုက်ကပ်လျှက်ရှိေကြာင်း သိရသည်။
▪️ ထိုသို့ဆိုက်ကပ်လျှက်ရှိရာတွင် ၂၆.၁.၂၀၂၆ ရက်နေ့၌ ကြည့်မြင်တိုင်မြို့နယ် KIP ဆိပ်ကမ်းတွင် MV. TIRTASARI 01/2026 သင်္ဘောဖြင့် Star (3) ဆီကန်သို့ (2650) MT၊ Star (4) ဆီကန်သို့ (2650) စုစုပေါင်း (5300) MT ဝင်ရောက်လျက်ရှိလာကြောင်းသိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 28 January 2025
▪️ နီပါးရ်ဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားမှုရှိ၊ မရှိကို ဓာတ်ခွဲစစ်ဆေး သိရှိနိုင်ရန် အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနနှင့်ပြည်သူ့ ဆေးရုံများတွင် စစ်ဆေးကုသ နိုင်ရန် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားရှိကြောင်းကျန်းမာရေးဝန်ကြီးဌာနမှသတင်းဌာနများ၏ မေးမြန်းမှုအပေါ် ကျန်းမာရေးဝန်ကြီးဌာနက ပြန်လည်ဖြေကြားထားသည်။
▪️ မြန်မာနိုင်ငံတွင် နီပါးရ်ဗိုင်းရပ်စ်ရောဂါအပါအဝင် ကူးစက်ရောဂါများကြောင့် ဖြစ်ပွားတတ်သည့် လတ်တလော ဦးနှောက်ရောင်ရောဂါလက္ခဏာစု စောင့်ကြပ်ကြည့်ရှုခြင်းနှင့် ပြင်းထန် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို ဆေးရုံ၊ ဆေးခန်း၊ ကျန်းမာရေးဌာနများ၌ ပုံမှန်အားဖြင့် ဆောင်ရွက် နေရာ ယခုအချိန်ထိ နီပါးရ်ဗိုင်းရပ်စ်ရောဂါဖြစ်ပွားမှုနှင့် အလားတူလက္ခဏာများ ဆေးရုံတက်ရောက်မှုဖြစ်စဉ်များလည်းမရှိကြောင်း သိရသည်။
▪️ ထို့အပြင် သံသယလူနာများတွင် နီပါးရ်ဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားမှုရှိ၊ မရှိကို ဓာတ်ခွဲစစ်ဆေး သိရှိနိုင်ရန် အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနတွင် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားရှိပြီး ပြည်သူ့ဆေးရုံများရှိ ကူးစက်ရောဂါလူနာဆောင်များတွင် လိုအပ်သည့် ဆေးကုသမှုများ ဆောင်ရွက်ပေးနိုင်ရန် နီပါးဗိုင်းရပ်စ်ကို တိုက်ရိုက်သတ်နိုင်သည့် ဆေး မပေါ်ပေါက်သေး သော်လည်း ဝေဒနာသက်သာစေရန် (Supportive Care) ရောဂါကုထုံးများ နှင့် ကုသပေးနိုင်ရန် လိုအပ်သည့် ဆေးဝါးနှင့်ဆေးပစ္စည်းကိရိယာများလည်း ကြိုတင်ပြင်ဆင်ထားပြီးဖြစ်ကြောင်းဆိုထားသည်။
▪️ ၎င်းအပြင် လူသားများ၏ ကျန်းမာရေး၊ တိရစ္ဆာန်ကျန်းမာရေး၊ ပတ်ဝန်းကျင်ကျန်းမာရေးတို့ကို တစ်ခုတည်းသော ကျန်းမာရေးပူးပေါင်းဆောင်ရွက်မှုမူဘောင်အရ နှီးနွှယ်ဌာနဆိုင်ရာများသည့်စိုက်ပျိုးရေး၊ မွေးမြူးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့နဲ့ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်နေကြောင်းဆိုသည်။
▪️ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ရောဂါဖြစ်ပွားရာနိုင်ငံဖြစ်သည် အိန္ဒိယနိုင်ငံကို သွားရောက်မည့် ခရီးသွားများနှင့်လာရောက်မည့်အိန္ဒိယမှဧည့်သည်များအတွက်လည်း ကျန်းမာရေး အသိပေးချက်များ ထုတ်ပြန်ထားရှိရန်ဆောင်ရွက်နေကြောင်း သိရသည်။
#YMG/NN #Yangon_Times
#World_News
Published 28 January 2026
■ အိန္ဒိယနဲ့ ဥရောပသမဂ္ဂ(EU)တို့ဟာ ကုန်ပစ္စည်းအများစုအပေါ် အခွန်စည်းကြပ်မှုများ လျှော့ချသွားမယ့် သဘောတူညီချက်တစ်ခုကို အင်္ဂါနေ့က ရရှိခဲ့ပြီး တစ်ကမ္ဘာလုံး ကုန်သွယ်ရေးတင်းမာမှု မြင့်တက်နေချိန် နှစ်ဦးနှစ်ဖက် ကုန်သွယ်ရေး မြှင့်တင်ရန်နဲ့ အမေရိကန်အပေါ် မှီခိုမှုလျှော့ချနိုင်ရန် ရည်ရွယ်တာ ဖြစ်ပါတယ်။
■ သဘောတူညီချက်အရ ၂၀၃၂ ခုနှစ်အရောက်မှာ ကုန်ပစ္စည်းတန်ဖိုးတွေရဲ့ ၉၆.၆ ရာခိုင်နှုန်း အခွန်လျှော့ချပယ်ဖျက်ခြင်းဖြင့် EU မှ အိန္ဒိယသို့ တင်ပို့ကုန်တွေကို နှစ်ဆဖြစ်လာစေမယ့် မျှော်မှန်းထားပြီး ဥရောပကုမ္ပဏီတွေအတွက် ယူရို ၄ ဘီလီယံခန့် သက်သာစေနိုင်ပါတယ်။
■ လာမယ့် ၇ နှစ်အတွင်း အိန္ဒိယကုန်ပစ္စည်း ၉၉.၅ ရာခိုင်နှုန်းမှာ အခွန်လျှော့ချဖို့နဲ့ အိန္ဒိယရဲ့ ပင်လယ်ထုတ်ကုန်တွေ၊ သားရည်၊ အထည်အလိပ်၊ ဓာတုတွေ၊ ရာဘာတွေ၊ သတ္တုနဲ့ ကျောက်မျက်ရတနာပစ္စည်းများအပေါ် အခွန်ပယ်ဖျက်သွားဖို့ အိန္ဒိယကုန်သွယ်ရေးဌာနက ဖော်ပြထားပါတယ်။
■ ဝန်ကြီးချုပ် နရန်ဒရာမိုဒီက ဥရောပသမဂ္ဂနဲ့ အိန္ဒိယကြား သဘောတူညီချက်ကြီးတစ်ရပ် လက်မှတ်ရေးထိုးခဲ့ပြီလို့ ပြောခဲ့ပြီး အိန္ဒိယမှလူပေါင်း ၁.၄ ဘီလီယံနဲ့ ဥရောပမှ သန်းပေါင်းများစွာသော လူတွေအတွက် အခွင့်အလမ်းကြီးတွေ ယူလာပေးလိမ့်မယ်လို့ ဆိုပါတယ်။
■ အိန္ဒိယသို့တင်သွင်းမယ့် EU ကားတွေရဲ့ အခွန်စည်းကြပ်မှုက ၅ နှစ်အတွင်း ၁၁၀ ရာခိုင်နှုန်း လျော့ကျလာနိုင်တဲ့အတွက် Volkswagen နဲ့ BMW တို့လို ကားကုမ္ပဏီတွေ အကျိုးရှိလာနိုင်ပါတယ်။
■ EU မှ ဝိုင်၊ အရက်ပျံနဲ့ အခြားသောပစ္စည်းတွေအတွက် အိန္ဒိယက အခွန်လျှော့ချသွားမှာဖြစ်ပေမယ့် အမဲသား၊ သကြား၊ နို့ထွက်ပစ္စည်းတွေတော့ မပါဝင်ပါဘူး။
■ သဘောတူညီချက် ရရှိခဲ့ပေမယ့် အိန္ဒိယကုမ္ပဏီတွေဟာ EU ရဲ့ Carbon Border Adjustment Mechanism(CBAM) လုပ်ငန်းစဉ် သက်ရောက်နေဦးမှာ ဖြစ်ပါတယ်။
■ EU က ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု လျှော့ချရေးမှာ ပါဝင်ကြိုးပမ်းတဲ့ အိန္ဒိယအတွက် ယူရိုသန်း ၅၀၀ ထောက်ပံ့သွားမှာ ဖြစ်ပါတယ်။
Source: Reuters
#World_Health
Published 28 January 2026
■ သစ်သီးတိုင်းက သွေးတွင်းသကြားဓာတ်ပမာဏ မြင့်မားစေတာ မဟုတ်ဘဲ သဘာဝသကြားဓာတ်၊ အမျှင်ဓာတ်၊ ဗိုက်တာမင်များ၊ သတ္တုဓာတ်များ၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ မျှတစွာ ပေးစွမ်းနိုင်တယ်လို့ ဝေါ့ခ်ဟာ့ဒ်ဆေးရုံမှ ဒေါက်တာ ပရာနက်ဗ်ဂိုဒီက ပြောပါတယ်။
■ အရေးကြီးတာက စားသုံးတဲ့ပမာဏနဲ့ မှန်ကန်တဲ့ အသီးတွေဖြစ်ဖို့ပဲလို့ ဆိုပါတယ်။
■ အင်ဆူလင်အလုပ်လုပ်စေပြီး သွေးတွင်းသကြားဓာတ်ထိန်းပေးနိုင်မယ့် အသီး ၆ မျိုးကို ဖော်ပြထားပါတယ်။
■ (၁) ပန်းသီး - အခွံနဲ့ပါ စားသုံးရင် အမျှင်ဓာတ်နဲ့ ပိုလီဖီနောတို့ ပါဝင်ကာ သွေးတွင်းသကြားဓာတ် မြင့်တက်ခြင်းကို လျှော့ချပေးပါတယ်။
■ (၂) ထောပတ်သီး - ကောင်းကျိုးပြု အဆီတွေ အမျှင်ဓာတ်တွေ ကြွယ်ဝပြီး ဂလူးကို့စ် တည်ငြိမ်စေပါတယ်။
■ (၃) ဘလူးဘယ်ရီ - ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပါဝင်ကာ အင်ဆူလင်ကို ဆဲလ်တွေ တုံ့ပြန်စေပါတယ်။
■ (၄) ဂရိတ်ဖရု - အင်ဆူလင် လုပ်ဆောင်မှုကောင်းစေတဲ့ သဘာဝဒြပ်ပေါင်း ပါဝင်ပါတယ်။
■ (၅) လိမ္မော်သီးအလုံးလိုက် - ဖျော်ရည်မဟုတ်ဘဲ အသီးလိုက်စားခြင်းက အမျှင်ဓာတ်နဲ့ ဗိုက်တာမင်-စီတို့ ပေးစွမ်းနိုင်ပြီး ဂလူးကို့စ်ညွှန်ကိန်း နည်းစေပါတယ်။
■ (၆) ပန်းသီးအစိမ်း - အချိုဓာတ်နည်းပါးကာ ဆာလောင်စိတ်ကို လျှော့ချပေးပါတယ်။
■ အင်ဆူလင်ယဉ်ပါးခြင်း၊ ဆီးချိုစတဲ့ ပြဿနာရှိသူတွေကတော့ အသီးဖျော်ရည်၊ သစ်သီးခြောက်တို့ ရှောင်ရှားသင့်ပါတယ်။
■ ဒါကြောင့် အသီးတွေကို သေချာရွေးချယ်ပြီး သတိထားစားသုံးပါက သွေးတွင်းသကြားဓာတ်ကို ထောက်ကူပေးနိုင်ပါတယ်။
Source: Indian Express.
#World_Health
Published 28 January 2026
■ သွေးတိုးရောဂါက ကမ္ဘာပေါ်မှာ အဖြစ်အများဆုံး နာတာရှည်ရောဂါတွေထဲက တစ်ခုဖြစ်ပြီး သွေးထိန်းဆေးတွေ အသုံးပြုနေကြပေမယ့် နှလုံးဖောက်ခြင်းတွေ၊ လေဖြတ်တာတွေ၊ နှလုံးသွေးကြောအန္တရာယ်တွေ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။
■ ဆေးဝါးတွေက သွေးပေါင်ချိန်နံပါတ်တွေကို လျှော့ချပေးနိုင်ပေမယ့် သွေးတိုးရတဲ့ တကယ့်အကြောင်းအရင်းကိုတော့ မဖြေရှင်းနိုင်ဘူးလို့ အရီဇိုးနားမှ နှလုံးအထူးကု ဒေါက်တာ ဂျက်ဝုဖ်ဆန်က ပြောပါတယ်။
■ ဒါကြောင့် သွေးပေါင်ချိန်ဂဏန်းတွေ မြင့်တက်နေတာကို လျှော့ချမယ့်အစား သွေးတိုးခြင်းဖြစ်စေတဲ့ အကြောင်းအရာကို ရပ်တန့်ဖို့ အရေးကြီးပါတယ်။
■ သွေးတိုးခြင်းရဲ့နောက်မှာ ဖိစီးခြင်း၊ ရောင်ရမ်းခြင်း၊ သွေးကြောပုံမမှန်ခြင်း၊ အာဟာရဓာတ်ချို့တဲ့ခြင်း၊ အဆိပ်အတောက်များ စတဲ့ ပြဿနာတွေ ဖြစ်နေနိုင်ပါတယ်။
■ ဒါကြောင့် ဆေးတွေနဲ့ သွေးတိုးကုနေတာဟာ ဘာကြောင့် သွေးတိုးရလဲဆိုတာကို ဖုံးကွယ်သလို ဖြစ်နေပါတယ်။
■ သွေးတိုးခြင်း အဓိကဖြစ်စေတဲ့အရာတွေထဲမှာ နာတာရှည်ဖိစီးခြင်း၊ အိပ်ရေးမဝခြင်းတို့ကြောင့် အာရုံကြောစနစ် အလန့်တကြားဖြစ်စေပြီး သွေးကြောတွေ ကျဉ်းလာစေတာ ဖြစ်ပါတယ်။
■ ဆားအစားများခြင်း၊ ပိုတက်ဆီယံနည်းခြင်း၊ လှုပ်ရှားမှုနည်းခြင်း၊ အထိုင်များတို့ကြောင့် သွေးကြောတွေ တောင့်တင်းလာကာ ကောင်းစွာ မလှုပ်ရှားနိုင်တော့ပါဘူး။
■ ဆီးချို၊ ကျောက်ကပ်ရောဂါ၊ ၊ နှလုံးရောဂါအခံ စသဖြင့် ဒီလိုလူနာတွေမှာ သွေးပေါင်ချိန် အမြဲမြင့်နေတယ်ဆိုရင် ဆေးဝါးတွေ လိုအပ်ပါတယ်။
■ ကိုယ်အလေးချိန်ထိန်းခြင်း၊ အစားအသောက်၊ အိပ်စက်မှု၊ လှုပ်ရှားမှုစတဲ့ နေထိုင်စားသောက်မှုပုံစံတို့ဖြင့် ဆေးဝါးလိုအပ်မှုကို လျှော့ချနိုင်ပါတယ်။
■ အထိရောက်ဆုံးကတော့ ဆေးဝါးရော နေထိုင်စားသောက်မှုပုံစံပါ ထိန်းချုပ်တာပဲ ဖြစ်ပါတယ်။
Source: Indian Express.
ပေကျင်း၊ ဇန်နဝါရီ ၂၆ (ဆင်ဟွာ) မြန်မာနိုင်ငံမှာ အထွေထွေရွေးကောက်ပွဲကတစ်ဆင့် ပိုမိုကျယ်ပြန့်ခိုင်မာပြီး ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးနဲ့ ရင်ကြားစေ့ရေးကို ဖော်ဆောင်နိုင်ဖို့၊ အခြေအနေတွေကို အမြန်ဆုံး လျှော့ချနိုင်ဖို့အတွက် အဖွဲ့အစည်းအားလုံးကို တရုတ်နိုင်ငံက ထောက်ခံအားပေးတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက တနင်္လာနေ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
ပြောရေးဆိုခွင့်ရှိသူ ကော်ကျားကွန်း (Guo Jiakun) က မြန်မာနိုင်ငံ အထွေထွေရွေးကောက်ပွဲရဲ့ တတိယအဆင့် မဲပေးမှုတွေ ပြီးဆုံးသွားတာနဲ့ ပတ်သက်ပြီး မေးမြန်းမှုကို အခုလို ပြန်လည်ဖြေကြားခဲ့တာပါ။
"ဒီရွေးကောက်ပွဲကို တရုတ်၊ ရုရှား၊ အိန္ဒိယ၊ သက်ဆိုင်ရာ အာဆီယံနိုင်ငံတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက လေ့လာစောင့်ကြည့်သူတွေ စေလွှတ်ခဲ့ကြပါတယ်။ ရွေးကောက်ပွဲလုပ်ငန်းစဉ်ဟာ ချောချောမွေ့မွေ့နဲ့ စနစ်တကျ ရှိခဲ့သလို မဲဆန္ဒရှင်တွေလည်း တက်တက်ကြွကြွ ပါဝင်ခဲ့ကြတဲ့အတွက် တရုတ်နိုင်ငံက ဂုဏ်ယူပါတယ်" လို့ ကော်ကျားကွန်းက ပြောပါတယ်။
ဒါ့အပြင် မြန်မာပြည်သူတွေရဲ့ ရွေးချယ်မှုကို လေးစားဖို့အတွက် နိုင်ငံတကာအသိုက်အဝန်းနဲ့ လက်တွဲလုပ်ဆောင်သွားမှာဖြစ်သလို၊ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေ ပြန်လည်ရရှိလာဖို့ အပြုသဘောဆောင်တဲ့ အကူအညီတွေကို ဆက်ပြီးပေးအပ်သွားဖို့ ဆန္ဒရှိတယ်လို့လည်း သူက မှတ်ချက်ပြုခဲ့ပါတယ်။
Source Xinhua
ဆူဒန်နိုင်ငံမှာ နိုင်ငံခြားငွေအဓိကရပေါက်ဖြစ်တဲ့ ရွှေလုပ်ငန်းကဏ္ဍဟာ ပဋိပက္ခတွေ၊ ကုန်သွယ်မှုဆက်ဆံရေး ထိခိုက်မှုတို့ကြောင့်ဆုတ်ယုတ်လာပါတယ်။
#World_Business
#ဆူဒန်နိုင်ငံ #ရွှေလုပ်ငန်း
Published 27 January 2026
#YMG #Yangon_Times #Yangon_Media_Group
(၇၉)ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားကို ရန်ကုန်မြို့ရှိ အမျိုးသားဇာတ်ရုံမှာ ဖေဖော်ဝါရီလ(၂)ရက်နေ့မှာ ကျင်းပသွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး၊မွန်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့က သိရပါတယ် ။
#Local_News
Published 27 January 2026
#မွန်အမျိုးသားနေ့ #အမျိုးသားဇာတ်ရုံ
#YMG/NN #Yangon_Times
Page 65 of 1950