#Local_News
(နယ်စပ်ကုန်သွယ်ရေးနှင့် စီးပွားရေးစင်္ကြံများ)
++++++++++++++++++++++++++++++++
Published 31 July 2026

၁။ အရှေ့တောင်အာရှနှင့် တောင်အာရှ ချိတ်ဆက်ရေး

◾️ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး သယ်ယူပို့ဆောင်ရေး စီမံကိန်း - (၈၄၅) မိုင် (ကီလိုမီတာ ၁,၄၀၀ ခန့်) ရှည်လျားသည့် လမ်းကြောင်းဖြစ်ပြီး အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ ဝေးပြေးလမ်းမကြီးနှင့်အတူ အပြီးသတ်အကောင်အထည်ဖော်လျက် ရှိပါသည်။

◾️ဒေသတွင်း အကျိုးကျေးဇူး - အဆိုပါ လမ်းကြောင်းများသည် အရှေ့တောင်အာရှနှင့် တောင်အာရှကို ချိတ်ဆက်ပေးမည့် စီးပွားရေးစင်္ကြံများဖြစ်သည့်အတွက် ဒေသတွင်းမိတ်ဖက်နိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာစေရုံသာမက နယ်စပ်ကုန်သွယ်ရေးကိုပါ အရှိန်အဟုန်မြှင့် တိုးတက်စေမည်ဖြစ်ပါသည်။

၂။ မြန်မာ-တရုတ် စီးပွားရေးစင်္ကြံနှင့် မန္တလေး-မူဆယ် အမြန်ရထားလမ်း စီမံကိန်း

◾️မဟာဗျူဟာမြောက် ရပ်ဝန်းနှင့် ပိုးလမ်းမ စီမံကိန်း (BRI) ၏ အဓိက စီမံကိန်းတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံ၏ မြောက်ဘက်စီးပွားရေးတံခါးပေါက်ကို ဖွင့်လှစ်ပေးမည့် အသက်သွေးကြော စီမံကိန်း ဖြစ်ပါသည်။

◾️လမ်းကြောင်းအရှည် - မြန်မာ-တရုတ် နယ်စပ်ဖြစ်သည့် မူဆယ်မြို့မှ မန္တလေးမြို့အထိ စုစုပေါင်း ကီလို မီတာ (၄၁၀) ရှည်လျားပါသည်။

◾️နည်းပညာမြင့် ဒီဇိုင်း -ခရီးသည်တင် ရထားများအတွက် တစ်နာရီလျှင် ကီလိုမီတာ (၁၆၀) နှုန်း၊ကုန်စည်ပို့ဆောင်ရေး ရထားများအတွက် တစ်နာရီလျှင် ကီလိုမီတာ (၁၂၀) နှုန်းဖြင့် မောင်းနှင်နိုင်ရန် နည်းပညာမြင့် ဒီဇိုင်းရေးဆွဲထားပါသည်။

◾️စီးပွားရေးအကျိုးသက်ရောက်မှု - မြန်မာ-တရုတ် နှစ်နိုင်ငံ စီးပွားရေးနှင့် ကုန်သွယ်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို အရှိန်အဟုန်မြှင့်တင်ပေးနိုင်မည် ဖြစ်ပါသည်။

၃။ အခြားသော မဟာဗျူဟာမြောက် အခြေခံအဆောက်အအုံ စီမံကိန်းများ

◾️ဆိပ်ကမ်းနှင့် လမ်းကွန်ရက်များ - ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်း၊ ရန်ကုန်-မြဝတီ လမ်းကြောင်း စီမံကိန်းနှင့် ငွေဆောင်-ပုသိမ် လမ်းကြောင်း စီမံကိန်းများကိုလည်း ဖော်ဆောင်လျက် ရှိပါသည်။

◾️စိန်ခေါ်မှုများကို ကျော်လွှားရေး - နိုင်ငံရေးမတည်ငြိမ်မှုနှင့် ဘဏ္ဍာရေးဆိုင်ရာ စိန်ခေါ်မှုများကြောင့် နှောင့်နှေးမှုများကြုံတွေ့ခဲ့ရသော်လည်း အောင်မြင်အောင်ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

၄။ အဓိက အခြေခံလိုအပ်ချက်

◾️အဆိုပါ နိုင်ငံတကာ စီးပွားရေးစင်္ကြံများနှင့် အခြေခံအဆောက်အအုံ စီမံကိန်းကြီးများ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် နယ်မြေတည်ငြိမ်အေးချမ်းမှု ရှိရေး သည် အခြေခံအကျဆုံး လိုအပ်ချက်ဖြစ်ပါသည်။