#World_Health
Published 24 January 2026
■ မနက်စာက ကျန်းမာကြံ့ခိုင်ခြင်းနဲ့ ဇီဝကမ္မဖြစ်စဉ်တို့အတွက် မရှိမဖြစ် အရေးကြီးတဲ့အရာလို့ နှစ်ပေါင်းများစွာ သတ်မှတ်ခဲ့ကြပေမယ့် အချိန်အပိုင်းအခြား အစားမစားခြင်းအလေ့အထ ခေတ်စားလာကာ အခုဆိုရင် မနက်စာ မစားကြတော့ပါဘူး။
■ ဒီအတွက် ကျန်းမာကြံ့ခိုင်ရေးအတွက် မနက်စာစားခြင်းက ထောက်ပံ့ပေးလား၊ မစားခြင်းက အကူအညီဖြစ်စေလားဆိုတာ သိချင်စရာဖြစ်လာပါတယ်။
■ မနက်စာစားခြင်းက တစ်ညလုံး မစားဘဲနေခဲ့ရာမှ အားအင်တွေ ပြန်ရစေပါတယ်။
■ သွေးတွင်းဂလူးကို့စ်ပမာဏ ပြန်လည်မြင့်တက်စေပြီး ကြွက်သားတွေအတွက် အားဖြည့်ပေးတယ်လို့ CK Birla ဆေးရုံမှ ဆီးချိုနှင့် ဟော်မုန်းဌာနမှ ဒေါက်တာ ဟေတက်ရှ်ဗီဂွန်ဒယ်လီယာက ပြောပါတယ်။
■ မနက်စာကို ပရိုတိန်း၊ ကာဗိုဟိုက်ဒရိတ်အုပ်စု၊ ကောင်းကျိုးပြုအဆီတို့ဖြင့် ညီညွတ်မျှတစွာ စားသုံးပါက ဆာလောင်စိတ်ကို ကောင်းစွာထိန်းချုပ်နိုင်ပြီး ကြွက်သားပြန်လည်သက်သာစေတယ်လို့ NutriDate တည်ထောင်သူ ပရီယန်ကာရှားကလည်း ပြောပါတယ်။
■ မနက်စာ မစားခြင်းကတော့ အချို့သောသူတွေမှာ အဆီကျဖို့ အထောက်အကူ ဖြစ်စေနိုင်ပြီး အစာမစားဘဲနေတဲ့အခါ ခန္ဓာကိုယ်က သိမ်းဆည်းထားတဲ့ အဆီတွေကို အားအင်အတွက် ဖြိုခွဲအသုံးပြုရကြောင်း CK Birla ဆေးရုံမှ ဒေါက်တာ ပွတ်ရှ်ကာဂူ့ပ်တာက ပြောပါတယ်။
■ အားအင်နည်းနေတဲ့အခါ မနက်စာ မစားမိပါက ဆာလောင်စိတ်မြင့်မားပြီး စွမ်းဆောင်ရည်တွေ ကျဆင်းနိုင်တယ်လို့ ကျွမ်းကျင်သူတွေ သတိပေးထားပါတယ်။
■ မနက်ပိုင်းလေ့ကျင့်ခန်းလုပ်သူတွေအနေနဲ့ မနက်စာစားခြင်းကနေ ကောင်းကျိုးရရှိနိုင်ပါတယ်။
■ ဒါကြောင့် စားသင့်လား မစားသင့်ဘူးလားဆိုတာက တသမတ်တည်းမရှိဘဲ မိမိရဲ့ လိုအပ်ချက်အတိုင်း ပြည့်မီဖို့နဲ့ ရေရှည်မှာ အသုံးဝင်ဖို့က အရေးကြီးဆုံးဖြစ်ကာ တစိုက်မတ်မတ် ကျင့်ကြံသွားသင့်တယ်လို့ အကြံပြုထားပါတယ်။
Source: India Today.
အမေရိကန်နိုင်ငံမှာ အိမ်ရာဈေးတွေ အဆမတန်ကြီးမြင့်လာပြီး အလုပ်အကိုင်ရှားပါးလာတာကြောင့် အိုးမဲ့အိမ်မဲ့ပြဿနာက တော်တော်လေး ဆိုးရွားလာနေပါတယ်။
#World_News
Published 23 January 2026
#အမေရိကန် #အိုးမဲ့အိမ်မဲ့
#YMG #Yangon_Times #Yangon_Media_Group
သီလဝါစက်မှုဇုန်ရှိ ဆီသိုလှောင်ကန်တွေနဲ့ ရန်ကုန်မြို့တွင်းရှိ ဆီသိုလှောင်ကန်တွေကို စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းကြီးကြပ်ရေးကော်မတီရဲ့ ကြီးကြပ်မှုနဲ့လိုက်လံစစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
#Local_News
Published 23 January 2026
#သီလဝါ #ဆီသိုလှောင်ကန်
#YMG/NN #Yangon_Times
အိမ်ခြံမြေဈေးနှုန်းတွေ ဆက်တိုက်မြင့်တက်လျှက်ရှိရာမှာ ရန်ကုန်တိုင်းဒေသကြီး၊ဒဂုံ(အရှေ့)မြိုနယ်ရှိ ပေ၄၀×၆၀ မြေတစ်ကွက်လျှင် ကျပ်သိန်းတစ်သောင်းကျော်အထိဈေးရှိလာတယ်လို့ အိမ်ခြံမြေအကျိုးဆောင်အသိုင်းအဝိုင်းမှ သိရပါတယ်။
#Local_News
Published 23 January 2026
#အိမ်ခြံမြေဈေးနှုန်း #အရှေ့ဒဂုံ
#YMG/SW #Yangon_Times
ပြည်တွင်းကထွက်ရှိတဲ့ ထောပတ်သီးရာသီကုန်ချိန်မှာအထွက်နှုန်းနည်းပါးလာတာကြောင့် ဈေးနှုန်းရရှိလာတယ်လို့ မြန်မာနိုင်ငံထောပတ်သီးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းက သိရပါတယ်။
#Local_News
Published 23 January 2026
#ထောပတ်သီး
#YMG/NN #Yangon_Times
#Daily_News
Published 23 January 2025
၁။ သီလဝါနှင့်ရန်ကုန်မြို့တွင်းရှိ ဆီသိုလှောင်ကန်များအားလိုက်လံစစ်ဆေး
၂။ အရှေ့ဒဂုံရှိ ပေ၄၀×၆၀ မြေတစ်ကွက်လျှင် ကျပ်သိန်းတစ်သောင်းကျော်အထိဈေးတက်လာ
၃။ ထောပတ်သီးရာသီကုန်ချိန်၌ ဈေးကောင်းရလာ
၄။ အမေရိကန်မှာ အိုးမဲ့အိမ်မဲ့ပြဿနာပိုကြီးထွားလာနေ ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 23 January 2026
■ ယူကရိန်းသမ္မတ ဗိုလိုဒီမာဇယ်လန်စကီက ဒါဗို့စ်မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ယူကရိန်းလုံခြုံရေးအာမခံချက်များ အပြီးသတ် ပြောဆိုခဲ့ပေမယ့် နယ်မြေအရေးကြီးကိစ္စရပ်များ မပြေလည်သေးဘူးလို့ ကြာသပတေးနေ့က ပြောပါတယ်။
■ ကာလကြာရှည်နေတဲ့ စစ်ပွဲပြီး အဆုံးသတ်ဖို့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ ပြုလုပ်ရာမှာ တိုးတက်တဲ့လက္ခဏာတွေ တွေ့ရပြီး သောကြာနေ့နဲ့ စနေနေ့ အဘူဒါဘီမှာ ရုရှား၊ ယူကရိန်း၊ အမေရိကန်တို့မှ ညှိနှိုင်းသူများ သုံးနိုင်ငံအစည်းအဝေး ပြုလုပ်သွားမယ်လို့ ပြောပါတယ်။
■ ယူကရိန်းဘက်မှ အဆိုပြုချက်များပါဝင်တဲ့ ညှိနှိုင်းချက်က စစ်ပွဲအပြီး စီးပွားရေးနလန်ထူဖို့ အသင့်ဖြစ်နေစေမယ့် သဘောတူညီချက် ရရှိရန် နီးစပ်နေပြီလို့ ဆိုပါတယ်။
■ ထရမ့် သမ္မတရာထူးပြန်ရပြီးနောက် ဇယ်လန်စကီနဲ့ တွေ့ဆုံတာ ဒါဇင်ဝက်ခန့် ရှိထားပြီး ယူကရိန်းအပေါ် အမေရိကန်ပေါ်လစီ ပြန်ပြောင်းဖြစ်အောင် လုပ်နေခဲ့ပေမယ့် ကြာသပတေးနေ့ ဆွေးနွေးမှုကတော့ အပြုသဘောဆောင်ခဲ့ပါတယ်။
■ ရုရှားတိုက်ခိုက်မှုတွေကြောင့် ယူကရိန်းမှာ စွမ်းအင်လောင်စာပြဿနာများ ဖြစ်နေတဲ့ကြားက ဇယ်လန်စကီက ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြုလုပ်ဖို့နဲ့ ပြန်လည်တည်ဆောက်ရေး ထောက်ပံ့ငွေများအကြောင်း တွန်းအားပေးနေပါတယ်။
■ အမေရိကန်က ငြိမ်းချမ်းရေးအစီအစဉ်များနဲ့ ပြန်လည်တည်ဆောက်ရေး ဆွေးနွေးဖို့ အထူးသံတမန် ဝစ်ကော့ဖ်နဲ့ ကုရှ်နာတို့ကို မော်စကိုမှာ ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ ဆွေးနွေးဖို့ စီစဉ်နေပါတယ်။
■ ရုရှားကတော့ ငြိမ်းချမ်းရေးသဘောတူညီချက်အနေဖြင့် ဒိုနက်စ်ဒေသတစ်စိတ်တစ်ပိုင်းကို ယူကရိန်းလက်လျှော့စေဖို့ အလိုရှိနေပါတယ်။
■ ယူကရိန်းကို ရုရှားလေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက်ပြုလုပ်နေပြီး အထိအခိုက်အပျက်အစီးများ ဖြစ်နေကာ လတ်တလော အိုဒီဆာ၊ ခရီဗီရိ၊ ကိဗ်တို့ကို တိုက်ခိုက်ထားပါတယ်
။
Source: Reuters
#Local_News
Published 23 January 2026
▪️ စွမ်းအင်ဆိုင်ရာကျွမ်းကျင်မှုသင်တန်းကျောင်းကို မကြာမီကာလအတွင်း ပြင်ဦးလွင်မြို့တွင် ဖွင့်လှစ်နိုင်ရန် စီမံဆောင်ရွက်လျက်ရှိကြောင်းစွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်ကပြောသည်။
▪️ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ဝန်ကြီးဌာနကြီးကြပ်မှုအောက်ရှိ ဦးစီးဌာန/လုပ်ငန်းများမှ တာဝန်ရှိသူများ၊ ဧည့်ပါမောက္ခအဖြစ် လာရောက်သင်ကြားပေးနေသော စွမ်းအင်ဝန်ကြီးဌာနမှ အငြိမ်းစားအရာရှိကြီးများလိုက်ပါလျက် ဇန်နဝါရီလ ၂၂ ရက်နေ့ တွင် နည်းပညာတက္ကသိုလ်(သန်လျင်)သို့ သွားရောက်ပြီး ပါမောက္ခချုပ်၊ ပါမောက္ခများ၊ ဆရာ/ဆရာမ များ၊ ကျောင်းသား/ကျောင်းသူများအား တွေ့ဆုံခဲ့စဉ်အထက်ပါကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။
▪️ ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် ရေနံနှင့်သဘာဝဓာတ်ငွေ့များ ရှာဖွေတူးဖော်ခြင်း၊ ဓာတ်ငွေ့ပိုက်လိုင်းကွန်ယက်များတည်ဆောက်ပြုပြင်ခြင်း၊ ပြည်တွင်းတွင် ကိုယ်တိုင်ချက်လုပ်သုံးစွဲနိုင်ရေးအတွက် ရေနံချက်စက်ရုံနှင့် ဓာတ်မြေဩဇာစက်ရုံများတည်ဆောက်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးသည် အဓိကအကျဆုံးဖြစ်သဖြင့် မျိုးဆက်သစ်အင်ဂျင်နီယာများ စိတ်ပါဝင်စား၍ လိုက်ပါဆောင်ရွက်လာစေရန်နှင့် စွမ်းဆောင်ရည်မြှင့်တင်နိုင်စေရန်အတွက် အားပေးအားမြှောက်ပြုလျက်ရှိပါကြောင်း၊ စွမ်းအင်ဆိုင်ရာကျွမ်းကျင်မှု သင်တန်းကျောင်းကိုလည်း မကြာမီကာလအတွင်း ပြင်ဦးလွင်မြို့တွင်ဖွင့်လှစ်နိုင်ရန် စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ စွမ်းအင်ဘာသာရပ်ဆိုင်ရာ ဘွဲ့လွန်ပညာရပ်များ၊ သင်တန်းများလည်းစေလွှတ်ပေးသွားမည်ဖြစ်ပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိတို့သင်ကြားလျက်ရှိသည့် ဘာသာရပ်များအလိုက် ထူးချွန်ထက်မြက်အောင်ကြိုးစားကြစေလိုကြောင်းနှင့် နိုင်ငံတော်ကိုအကျိုးပြုနိုင် သည့် အင်ဂျင်နီယာ ကျောင်းသား/ကျောင်းသူများဖြစ်ကြပါစေကြောင်း ပြောကြားခဲ့သည်။
▪️ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း လက်အောက် ရှိ ကမ်းလွန်ရေနံအခြေစိုက်စခန်း(သာကေတ)သို့ရောက်ရှိရာ အထွေထွေမန်နေဂျာက ဘဏ္ဍာရေးနှစ်အလိုက် အဆောက်အဦများတည်ဆောက်ပြီးစီးမှုအခြေအနေ၊ ရေယာဉ်နှင့် ရေလုံသင်္ဘောကျင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများနှင့်ဝန်ထမ်းအိမ်ရာများတွင် ပြုပြင်ဆောင်ရွက်ပေးခဲ့မှု အခြေအနေများကိုရှင်းလင်းတင်ပြရာပြည်ထောင်စုဝန်ကြီးက သတ်မှတ်စံချိန်စံနှုန်းများပြည့်မီစေရေး၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရေး ကြပ်မတ်ဆောင်ရွက်ကြရန်၊ စခန်းလုံခြုံရေးနှင့် မီးဘေးအန္တရာယ် တားဆီးကာကွယ်ရေး၊ ဝန်ထမ်းအိမ်ရာများ သန့်ရှင်းသပ်ရပ်ရေး၊ ဝန်ထမ်းများ၏ လိုအပ်ချက်များဖြည့်ဆည်းပေးရေး လမ်းညွှန်မှာကြားခဲ့ပြီး ကမ်းလွန်ရေနံအခြေစိုက်စခန်း (သာကေတ)အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 23 January 2025
▪️ ဧရာဝတီတိုင်းဒေသကြီး၊ငပုတောမြို့နယ်၌ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များကို One Stop Service ဖြင့် ဆောင်ရွက်ပေးနေကြောင်းသိရသည်။
▪️ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ယမာန်နေ့ မနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့သို့ သွားရောက်၍ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ငပုတောမြို့နယ်ဦးစီးမှူးရုံး၌ ဝန်ထမ်းများက အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြား ပျက်စီး/ ပျောက်ဆုံးသွားသည့် ဒေသခံပြည်သူများနှင့် အသက် (၁၈) နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား မလျှောက်ထား သေးသူများအား ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် ဆောင်ရွက်ပေးနေမှုကို ကြည့်ရှုအားပေးကာ လာရောက်ဆောင်ရွက်ကြသည့် ဒေသခံပြည်သူများကို ရင်းရင်းနှီးနှီးနှုတ်ဆက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
▪️ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဒေသခံပြည်သူများအနေဖြင့် အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံသားကတ်ပြား ပျက်စီး/ပျောက်ဆုံးမှုကြောင့် မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးနှင့် နိုင်ငံသားကတ်ပြား ကိုင်ဆောင်မဲပေးနိုင်ရေးအတွက် ဝန်ထမ်းများက နိုင်ငံသားကတ်ပြားပျက်စီး/ပျောက်ဆုံးသည့် ဒေသခံပြည်သူများအား ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားထုတ်ပေးနိုင်ရန် လုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်ကာ လုပ်ငန်းစဉ်အဆင့်ဆင့် ဆောင်ရွက်နေမှုနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ရရှိပြီးသူများအား e-ID စနစ်ဖြင့် Biographic/ Biometric ကောက်ယူကာ Unique ID နံပါတ်တစ်ပါတည်း ဆောင်ရွက်ထုတ်ပေးနေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးပြီး One Stop Service ဖြင့် ဆောင်ရွက်ပြီးဖြစ်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကာယကံရှင်တစ်ဦးချင်းထံပေးအပ်သည်။
▪️ ယင်းနောက် မြို့နယ်ရုံး၏ ရုံးခန်းများအတွင်း ရုံးစာရွက်စာတမ်းများနှင့် ရုံးသုံးပစ္စည်းများထိန်းသိမ်းထားရှိမှု၊ မှတ်တမ်းခန်းအတွင်း ကိုယ်ရေးမှတ်တမ်းများ စနစ်တကျ ထိန်းသိမ်းထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး စာရွက်စာတမ်းနှင့် စက်ပစ္စည်းကိရိယာများ လုံခြုံမှုရှိစေရေး၊ ငပုတောမြို့နယ်အနေဖြင့် အထွေထွေရွေးကောက်ပွဲ အပိုင်း (၃) ကျင်းပမည့်မြို့နယ်ဖြစ်သည်နှင့်အညီ မြို့နယ်အတွင်း မဲပေးပိုင်ခွင့်ရှိသူတိုင်း ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေးအတွက် အလေးထားဆောင်ရွက်ကြရန်မှာကြားကာ ဝန်ထမ်းများအတွက် ထောက်ပံ့ငွေနှင့်စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်သည်။
▪️ ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် ငပုတောမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များကို တွေ့ဆုံကာ ရွေးကောက်ပွဲတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်မဲပေးနိုင်ရေးနှင့် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအနေဖြင့် နိုင်ငံသားကတ်ပြား ပျောက်ဆုံး/ ပျက်စီးမှုရှိပါက သက်ဆိုင်ရာ လဝကရုံးသို့ ဆက်သွယ်လျှောက်ထားဆောင်ရွက်နိုင်ရေးအခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပြောကြားကာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးကြောင်း၊၎င်း နောက် ပြည်ထောင်စုဝန်ကြီးသည် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား စားသောက်ဖွယ်ရာပစ္စည်းများကို တစ်ဦးချင်းလိုက်လံဝေငှပေးအပ်ပြီး စစ်မှုထမ်းဟောင်းအဖွဲ့ရုံးနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့အတွက် ဆိုလာမီးများနှင့် ဆေးဝါးပစ္စည်းများကို တာဝန်ရှိသူများအား ထောက်ပံ့ပေးအပ်၍ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 23 January 2025
▪️ (၇၈) ကြိမ်မြောက် တိပိဋကဓရ တိပိဋက ကောဝိဒ ရွေးချယ်ရေးစာမေးပွဲအောင်မြင်ခဲ့သည့်
တိပိဋကဓရ တိပိဋက ကောဝိဒ(၁၈) ပါးမြောက် ဆရာတော် အရှေ့ဒဂုံမြို့နယ်မှ ပေါ်ထွန်းခဲ့ ကြောင်းသာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနမှသိရသည်။
▪️ အဆိုပါ (၇၈) ကြိမ်မြောက် တိပိဋကဓရ တိပိဋက ကောဝိဒ ရွေးချယ်ရေးစာမေးပွဲ အောင်စာရင်းများကို တိပိဋကဓရ တိပိဋက ကောဝိဒ ရွေးချယ်ရေး ဩဝါဒါစရိယ ဆရာတော်ကြီးများနှင့် တိပိဋကဓရ တိပိဋက ကောဝိဒ ရွေးချယ်ရေးအဖွဲ့ ၊ နှစ်ဖွဲ့ပူးပေါင်း၍အစည်းအဝေးများပြုလုပ်ပြီး နောက်အောင်စာရင်းများကို ဇန်နဝါရီ ၂၂ ရက်တွင်ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။
▪️ (၇၈) ကြိမ်မြောက် တိပိဋကဓရ တိပိဋက ကောဝိဒ ရွေးချယ်ရေး စာမေးပွဲကို (၂၀၂၅) ခုနှစ်၊ ဒီဇင်ဘာ (၂၁) ရက်မှ (၂၀၂၆) ခုနှစ် ၊ ဇန်နဝါရီ (၂၂) ရက်ထိ (၃၃) ရက်တိုင်တိုင် အောင်မြင်စွာ ကျင်းပ ပြီးစီးခဲ့ခြင်း ဖြစ်ကြောင်း၊(၁၈) ပါးမြောက် တိပိဋကဓရ တိပိဋက ကောဝိဒ သာသနာ့ အာဇာနည် ဆရာတော်အဖြစ်ပေါ်ထွန်းခဲ့သည့် သံဃာတော်အရှင်သူမြတ်သည် ရန်ကုန်တိုင်း ဒေသကြီး၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ တိပိဋက မဟာဂန္ထဝင် နိကာယ်ကျောင်းတိုက်မှ အရှင် ဝိစိတ္တသာရသက်တော် (၅၁) နှစ်၊ သိက္ခာတော်(၃၁)ဝါဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါ တိပိဋကဓရ တိပိဋက ကောဝိဒ စာမေးပွဲပထမအကြိမ်မှ(၇၈) ကြိမ်အထိ တိပိဋကဓရ တိပိဋက ကောဝိဒ ဆရာတော် (၁၈) ပါးသာ ပေါ်ထွန်းခဲ့ခြင်းဖြစ်ကာ ပထမဆုံးပေါ်ထွန်းတော်မူခဲ့သည့် တိပိဋကဓရ တိပိဋကကောဝိဒ ဆရာတာ်မှာ မင်းကွန်းဆရာတော်ဘုရားကြီးဖြစ်ကြောင်းသိရသည်။
#YMG/NN #Yangon_Times
#World_Health
Published 23 January 2026
■ လွန်ခဲ့တဲ့နှစ်ပေါင်း ၇ သန်းခန့်က ရှေးဟောင်း အာဖရိက မြက်လွင်ပြင်ကျယ်ကြီးတွေနဲ့ တောအုပ်တွေထဲမှာ ချင်ပန်ဇီလိုမျက်နှာရှိတဲ့ သတ္တဝါငယ်လေးတစ်မျိုးက ခြေနှစ်ချောင်းဖြင့် မတ်တပ်ရပ်ပြီး လမ်းလျှောက်ခဲ့ရာ ဒါဟာ လူသားဆင့်ကဲပြောင်းလဲခြင်းမှာ အစောဆုံးပြောင်းလဲမှုလို့ သိပ္ပံပညာရှင်တွေ ယူဆလာကြပါတယ်။
■ အာဖရိကအလယ်ပိုင်း ဂျူရက်ကန္တာရမှာ လွန်ခဲ့တဲ့ ဆယ်စုနှစ် ၂ ခုကျော်လောက်က တွေ့ရှိခဲ့တဲ့ ရုပ်ကြွင်းတစ်ခုကြောင့် Sahelanthropus tchadensis မျိုးစိတ်က လူသားမျိုးနွယ်ထဲမှာ အစောဆုံးဖြစ်နိုင်လားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။
■ နယူးယော့ခ်တက္ကသိုလ်မှ ရှေးခေတ်သုတေသီများ လေ့လာချက်အသစ်အရ ဒါဟာ အခိုင်မာဆုံး အထောက်အထား ဖြစ်နေပါတယ်။
■ နည်းပညာမြင့် 3D ပုံရိပ်များအသုံးပြုပြီး အရိုးတွေကို နှိုင်းယှဉ်ကြည့်တဲ့အခါ ပေါင်ရိုးတွေနဲ့ အရွတ်တွေက ခန္ဓာကိုယ်ကို မတ်တပ်အနေအထား တည်မြဲစေရန် ထောက်ပံ့ပေးနေပြီး ဒီမတိုင်ခင်ကတော့ နှောင်းပိုင်းလူသားမျိုးနွယ်တွေမှာသာ တွေ့ရှိထားတာ ဖြစ်ပါတယ်။
■ ဒါ့အပြင် ခြေထောက်ကို ရှေ့သို့ ချောမွေ့စွာ လမ်းလျှောက်စေနိုင်ရန်နဲ့ ဟန်ချက်ညီစေဖို့လည်း အရိပ်အယောင်တွေ တွေ့ရပါတယ်။
■ ယနေ့ခေတ် ချင်ပန်ဇီတွေနဲ့ယှဉ်ရင် Sahelanthropus က လက်ထက် ခြေတွေက ပိုရှည်ပြီး လမ်းလျှောက်လို့ကောင်းအောင် ဖန်တီးသလို ဖြစ်နေပါတယ်။
■ ဒီသတ္တဝါတွေဟာ သစ်ပင်ပေါ်မှာပဲ နေတာများပေမယ့် လိုအပ်လာရင် မတ်တပ်လမ်းလျှောက်နိုင်ပါတယ်။
■ ဒီတွေ့ရှိချက်ဟာ ယခင်ကထင်ထားတာထက် များစွာပိုစောပြီး ဆင့်ကဲပြောင်းလဲမှု ဖြစ်ပေါ်တယ်ဆိုတဲ့ အထောက်အထား မြင်တွေ့နေရပါတယ်။
Source: India Today
#World_Health
Published 23 January 2026
■ ကိုယ်ခံအားမြှင့်တင်ရေး၊ အရေပြားကျန်းမာရေး၊ နွမ်းနယ်မှုဖြေဖျောက်ရေးတို့နဲ့ ပတ်သက်လာရင် ဗိုက်တာမင်-စီက အရေးကြီးဆုံးဖြစ်ပါတယ်။
■ ဆောင်းတွင်းရောက်ရှိနေချိန် ရောဂါကူးစက်မှုတွေ မကြာခဏ ဖြစ်နေရာ ဗိုက်တာမင်-စီ အများဆုံးပါဝင်တဲ့ အသီးတွေက အရေးပါလာပါတယ်။
■ ဗိုက်တာမင်-စီဖြစ်တဲ့ အက်စ်ကောဘစ်အက်ဆစ်ဟာ စွမ်းအားမြင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းဖြစ်ပါတယ်။
■ ဗိုက်တာမင်-စီ အများဆုံးပါဝင်တဲ့ အသီး ၃ မျိုးကို အသီး ၁၀၀ ဂရမ်နှုန်းဖြင့် နှိုင်းယှဉ်ကြည့်ရာမှာ..
- ကီဝီက ၉၂-၉၅ မီလီဂရမ်
- စတော်ဘယ်ရီက ၅၈-၆၀ မီလီဂရမ်
- လိမ္မော်သီးက ၅၀-၅၃ မီလီဂရမ်တို့ ဖြစ်နေတာကြောင့် ကီဝီက သိသိသာသာ ပိုများနေပါတယ်။
■ ဗိုက်တာမင်-စီ အများဆုံးပါတဲ့ ကီဝီက ကိုယ်ခံအားမြှင့်တင်ပေးခြင်း၊ အူလမ်းကြောင်း ကောင်းမွန်စေခြင်း၊ နှလုံးကျန်းမာရေး ကောင်းစေခြင်း၊ အရေပြားတောက်ပစေခြင်းနဲ့ ကော်လာဂျင်ထုတ်လုပ်ခြင်းတို့ ပေးစွမ်းနိုင်ပါတယ်။
■ စတော်ဘယ်ရီကတော့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း များစွာပါဝင်ကာ နှလုံးကျန်းမာရေး၊ သွေးတွင်းသကြားဓာတ်၊ အရေးပြားနဲ့ ဆံကေသာကျန်းမာရေး၊ ရောင်ရမ်းဆန့်ကျင်အာနိသင်တို့ ပေးစွမ်းနိုင်ပါတယ်။
■ လိမ္မော်သီးက ကိုယ်ခံအားကို ထိရောက်စွာ မြှင့်တင်ပေးနိုင်ကာ ရေဓာတ်ဖြည့်ပေးနိုင်သလို သံဓာတ်စုပ်ယူမှု၊ အလွယ်တကူ စားသုံးနိုင်ခြင်းတို့ ပေးစွမ်းနိုင်ပါတယ်။
■ ဒီအတွက် ဗိုက်တာမင်-စီ အများဆုံးလိုချင်ရင် ကီဝီ၊ အာဟာရမျှတမှုအတွက် စတော်ဘယ်ရီ၊ နေ့စဉ် သက်သာစွာစားသုံးနိုင်ရေးအတွက် လိမ္မော်သီးတို့ အသင့်တော်ဆုံး ဖြစ်ပါတယ်။
Source: India Today
Page 69 of 1950