#Local_News
Published 21 January 2025
▪️ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၃) ၏ စီမံကိန်းအတွင်း၌ဆေးဖက်ဝင်မျိုးစိတ် ၁၅၀ ကို စုဆောင်းနိုင်ခဲ့ပြီး လက်ဖက်မျိုးစိတ်နှစ်မျိုးကိုလည်း မှတ်တမ်းအသစ်တင်နိုင်ခဲ့ကြောင်းသိရသည်။
▪️ အဆိုပါ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အထူးရန်ပုံငွေအထောက်အပံ့ဖြင့် “မြန်မာနိုင်ငံ မဲခေါင်မြစ်ဝှမ်းဒေသအတွင်းရှိ သဘာဝဆေးဖက်ဝင်အပင် မျိုးစိတ်များ စဉ်ဆက်မပြတ်အသုံးပြုခြင်းနှင့် ထိန်းသိမ်းကာကွယ်ခြင်းစီမံကိန်း” ၏ စီမံကိန်းပြီးမြောက်ခြင်း အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားကို ယမာန်နေ့မနက်ပိုင်းက နေပြည်တော်ရှိ သစ်တောဦးစီးဌာန အင်ကြင်းခန်းမတွင် ကျင်းပသည်။
▪️ ဖွင့်ပွဲသို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှ သံအမတ်ကြီးနှင့် တာဝန်ရှိသူများ၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆက်စပ်ဌာနနှင့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ စီမံကိန်းဒေသမှ ဌာနေတိုင်းရင်းဆေးဆရာများ တက်ရောက်ကြသည်။
▪️ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက ယခုစီမံကိန်းကို ရှမ်းပြည်နယ်အရှေ့ပိုင်း မဲခေါင်မြစ်ဝှမ်းဒေသတွင် စီမံကိန်းကာလနှစ်နှစ်ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ စီမံကိန်းဒေသအတွင်းရှိ သဘာဝဆေးဖက်ဝင်အပင် မျိုးစုံမျိုးကွဲများအား စာရင်းကောက်ယူ၍ မျိုးခွဲစစ်ဆေးလေ့လာဖော်ထုတ်ခြင်း၊ ဌာနေတိုင်းရင်းသားများ လူမျိုးစုများ၏ ရိုးရာဓလေ့ထုံးတမ်းအစဉ်အလာအရ အသုံးပြုသောအပင်များအား လေ့လာဖော်ထုတ်ပြီး အပင်မျိုးစိတ်များ၏ ဓာတုဒြပ်ပေါင်းပါဝင်မှုကို သိပ္ပံနည်းကျစမ်းသပ်လေ့လာခြင်းများ ဆောင်ရွက်ခဲ့ကြောင်း၊ စီမံကိန်းဒေသမှ ဆေးဖက်ဝင်မျိုးစိတ် ၁၅၀ ကို စုဆောင်းနိုင်ခဲ့ပြီး ထူးခြားဂုဏ်သတ္တိရှိ ဓာတုဒြပ်ပေါင်းများပါဝင်မှုကို ဓာတ်ခွဲစမ်းသပ်ခဲ့ကြောင်း၊ အဆိုပါမျိုးစိတ်များတွင် အပင်မျိုးစိတ် ၁၆ မျိုးကို မြန်မာနိုင်ငံအတွက် အပင်မျိုးစိတ်မှတ်တမ်းအသစ်အဖြစ် လေ့လာဖော်ထုတ်မှတ်တမ်းတင်နိုင်ခဲ့ကြောင်း။
▪️ အလားတူ လက်ဖက်မျိုးစိတ်နှစ်မျိုးအား မှတ်တမ်းအသစ်တင်နိုင်ခဲ့ပြီး ဓာတ်ခွဲစမ်းသပ်ချက်များအရ ရောဂါအမျိုးမျိုးကုသနိုင်သော ထူးခြားဂုဏ်သတ္တိရှိသည့် ဓာတုဒြပ်ပေါင်းများ ပါဝင်နေသည်ကို လေ့လာဖော်ထုတ်နိုင်ခဲ့ကြောင်း၊ စီမံကိန်းရလဒ်အနေဖြင့် ဆေးဖက်ဝင်အပင်များ၏ ဂုဏ်သတ္တိဆိုင်ရာ နည်းပညာဗဟုသုတများကို မြှင့်တင်ပေးသည့်အပြင် နောင်အနာဂတ်ဆေးဝါးသစ်များ ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသောအချက်အလက်များ ပံ့ပိုးပေးနိုင်မည်ဖြစ်ကြောင်း၊ စီမံကိန်းသုတေသနရလဒ်အဖြစ် “Medicinal Plants of Mekong Region in Myan-mar” ဆေးဖက်ဝင်အပင်စာအုပ် ထုတ်ဝေသွားမည်ဖြစ်ကြောင်း၊ ယခုစီမံကိန်းသည် မြန်မာနိုင်ငံနှင့် မဲခေါင်ဒေသအတွက် ရလဒ်ကောင်းများ ရရှိစေပြီး ရုက္ခဗေဒအချက်အလက်နှင့် အသုံးချဇီဝဗေဒသိပ္ပံဆောင်ရွက်နေသော နယ်ပယ်အသီးသီးအတွက်လည်း အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
▪️ ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးက မဲခေါင်မြစ်ဝှမ်းဒေသ၏ အရေးပါပုံနှင့် တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်မှု အခန်းကဏ္ဍအားပြောကြားပြီး စီမံကိန်းကာလအတွင်း ဆောင်ရွက်ချက်များအား Video Clip ပြသသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်သည်တော်များက ခင်းကျင်းပြသထားမှုနှင့် ပိုစတာများအား လှည့်လည်ကြည့်ရှုရာ တာဝန်ရှိသူများကရှင်းလင်းတင်ပြကြသည်။
▪️ ယင်းနောက် အလုပ်ရုံဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ တက်ရောက်လာသူများက မဲခေါင်မြစ်ဝှမ်းဒေသရှိ ဆေးဖက်ဝင်အပင်မျိုးစိတ်များ၊ လက်ဖက်မျိုးစိတ်များနှင့် မှတ်တမ်းအသစ်မျိုးစိတ်များ၊ ရိုးရာဓလေ့ဆေးဖက်အသုံးပြုမှုနှင့် သိပ္ပံနည်းကျဓာတ်ခွဲစမ်းသပ်ခြင်းမှ တွေ့ရှိချက်များကို နှိုင်းယှဉ်လေ့လာခြင်းများနှင့်ပတ်သက်၍ ဆွေးနွေးအကြံပြုကြကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 21 January 2026
▪️ ရုပ်ရှင်သရုပ်ဆောင်သဉ္ဇာဝင့်ကျော်နှင့်အကအဖွဲ့ဝင်များအား ကမာရွတ်မြို့နယ်ရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ၂၉၄(က)/၁၄၄ဖြင့် အမှုဖွင့်လှစ်ထားကြောင်း သိရသည်။
▪️ ယခုလ ၁၅ရက်က ကမာရွတ်မြို့နယ်ရှိ နိုဗိုတယ်ဟိုတယ်တွင်ပြုလုပ်သော Cloud Seven Production & Entertainment Founder & CEO၏ မွေးနေ့ပွဲနှင့်ရုပ်ရှင်ဇာတ်ကားမိတ်ဆက်ပွဲ၌ ရုပ်ရှင်သရုပ်ဆောင်သဉ္ဇာဝင့်ကျော်နှင့်အကအဖွဲ့ဝင်များသည် မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့် ဆန့်ကျင်၍ လိင်အသားပေးကပြ ဖျော်ဖြေခဲ့သောကြောင့် အမှုဖွင့်အရေးယူခြင်းဖြစ်ကြောင်း သိရသည်။
▪️ ထို့ပြင် အဆိုပါရုပ်ရှင်ဇာတ်ကားမိတ်ဆက်ပွဲ ပြုလုပ်ခြင်းအား ပွဲမိန့်ခွင့်ပြုချက်ရယူထားခြင်းမရှိကြောင်းလည်း သိရသည်။
▪️ သဉ္ဇာဝင့်ကျော်အား မြန်မာအမျိုးသမီးများစောင့်ထိန်းအပ်သည့် မြန်မာ့ယဉ်ကျေးမှုကို ထိခိုက်စေသော လိင်အသားပေးဓာတ်ပုံ၊ Video များကို လူမှုကွန်ရက်တွင် အခကြေးငွေရယူ ဖြန့်ဝေသည်ဆိုသော စွပ်စွဲချက်ဖြင့် ပြီးခဲ့သည့်၂၀၂၂ ခုနှစ် ဩဂုတ်လအတွင်း က တရားစွဲဆို ထိန်းသိမ်းခံ ပြီး ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်တွင် ရန်ကုန်မြို့ အင်းစိန်ထောင်တွင်း တရားရုံး၊ မရမ်းကုန်းမြို့နယ် တရားခွင်က ထောင်ဒဏ် ၅ နှစ်အမိန့် ချမှတ်ခံခဲ့ရကာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၄ ရက်လွတ်ငြိမ်းချမ်းသာတွင် ပြန်လည်လွတ်လာခြင်းဖြစ်သည်။
#YMG/SW #Yangon_Times
#World_News
Published 21 January 2026
■ အမေရိကန်က နေတိုး(NATO) ကွပ်ကဲရေးဌာနတွေမှာ တာဝန်ချထားတဲ့ စစ်မှုထမ်းတွေကို လျှော့ချသွားဖို့ စီစဉ်နေပါတယ်။
■ ဒါဟာ နေတိုးမဟာမိတ်အတွက် အမေရိကန်ရဲ့ အရေးစိုက်မှုအပေါ် ဥရောပရဲ့စိုးရိမ်မှုတွေ ပိုမိုဆိုးရွားလာစေမယ်လို့ သတင်းနီးစပ်သူ ၃ ဦးက ပြောပါတယ်။
■ ထရမ့်အစိုးရအဖွဲ့က ဥရောပမြို့တော်များကို ဆက်သွယ်ကာ စစ်ရေးနဲ့ ထောက်လှမ်းရေးတို့ကို ကြီးကြပ်နေတဲ့ နေတိုးအဖွဲ့တွေမှ နေရာပေါင်း ၂၀၀ ခန့်ကို ဖယ်ရှားသွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။
■ ဒီထဲမှာ အမေရိကန်အခြေစ်ိုက် NATO Intelligence Fusion Centre ၊ ဘရူဆဲလ်မှာရှိတဲ့ Allied Special Operations Forces Command တို့ ပါဝင်ပါတယ်။
■ ဒါ့အပြင် ရေကြောင်းစစ်ဆင်ရေးတွေကို ကွပ်ကဲတဲ့ ပေါ်တူဂီအခြေစိုက် STRIKFORNATO လည်း ပါဝင်ပါတယ်။
■ ဒီလိုလျှော့ချရတဲ့ အကြောင်းအရင်းကို အတိအကျ မသိရပေမယ့် ထရမ့်အစိုးရက ရင်းမြစ်တွေကို အနောက်တိုင်းဆီ ပိုမိုရယူလလိုတဲ့ဘဘော တွေ့နေရပါတယ်။
■ ဒါပေမဲ့ ဥရောပမှာ အမေရိကန်စစ်မှုထမ်းအရေအတွက်က ၈ သောင်းခန့် ရှိတာကြောင့် လျှော့ချမယ့်ပမာဏက အနည်းငယ်သာ ဖြစ်နေပါတယ်။
■ လျှော့ချသွားမယ့် အဖွဲ့အစည်းတွေမှာ အမေရိကန်စစ်မှုထမ်း ၄၀၀ ခန့် စခန်းချထားတာကြောင့် တဝက်လောက်လျော့သွားမယ့်သဘော ဖြစ်နေပါတယ်။
■ ထရမ့်ဟာ ပထမအကြိမ် သမ္မတတာဝန် ထမ်းဆောင်စဉ်ကလည်း နေတိုးကနေ နုတ်ထွက်ဖို့ ခြိမ်းခြောက်ခဲ့ပါသေးတယ်။
■ ထရမ့်အလိုရှိနေတဲ့ ဂရင်းလန်းသိမ်းယူရေးကိစ္စမှာ ဒိန်းမတ်ကို ထောက်ခံနေတဲ့ နေတိုးအဖွဲ့ဝင်နိုင်ငံတွေကို ထရမ့်က ဖေဖော်ဝါရီ ၁ ရက်ကစတင်ပြီး အခွန်စည်းကြပ်သွားမယ်လို့ ပြောထားပါတယ်။
Source: Reuters
#World_Health
Published 21 January 2026
■ မာလကာသီးက ဆေးပညာပြဿနာအများအပြားကို ကောင်းစွာထိန်းချုပ်နိုင်တာကြောင့် မာလကာသီးရဲ့ ကျန်းမာရေးအကျိုးကျေးဇူး ၃ မျိုးကို အာဟာရပညာရှင် ဒီ့ဆီခါဂျိန်းက ရှင်းပြထားပါတယ်။
■ မာလကာသီးမှာ လိုင်ကိုပင်းဆိုတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ပါဝင်တာကြောင့် ကိုလက်စထရော လျှော့ချပေးနိုင်သလို သွေးပေါင်ချိန်ကိုလည်း ကျစေနိုင်ပါတယ်။
■ ရောင်ရမ်းဆန့်ကျင်အာနိသင် အားကောင်းတာကြောင့် ဓမ္မတာလာစဉ် ကြွက်သားတောင့်ခြင်းကို လျော့ပါးစေသလို ကိုက်ခဲခြင်းလက္ခဏာများကို လျော့နည်းစေနိုင်ပါတယ်။
■ အမျှင်ဓာတ်ကြွယ်ဝပြီး အူကျန်းမာရေး တိုးတက်စေကာ ဝမ်းချုပ်ခြင်းကို သက်သာစေပြီး ဗိုက်တာမင်-စီလည်း ကြွယ်ဝတာကြောင့် ဆီးချိုရှိသူတွေအတွက် ကောင်းမွန်ပါတယ်။
■ မာလကာသီးကို အခွံပါစားသုံးရင် ပိုတက်ဆီယံ၊ ဇင့်တို့လို အာဟာရဓာတ်တွေ အပိုရနိုင်ကာ အခွံမှာ ဗိုက်တာမင်-စီ ကြွယ်ဝတာကြောင့် အသားအရည် ကောင်းမွန်စေပါတယ်။
■ ဒါပေမဲ့ ဆီးချိုနဲ့ ကိုလက်စထရောများသူတွေမှာတော့ အခွံမနွှာဘဲ မစားသင့်ကြောင်း၊ အခွံပါစားသုံးပါက ဆီးချိုနဲ့ ကိုလက်စထရောကို ပိုဆိုးစေနိုင်ကြောင်း သတိပေးထားပါတယ်။
■ ဒါကြောင့် ပညာရှင်တွေ အကြံပြုထားတာတွေကို စိတ်ထဲမှတ်သားပြီး မာလကာသီး စားသုံးခြင်းဖြင့် ကျန်းမာရေးအကျိုးကျေးဇူးများ ရယူသင့်ပါတယ်။
Source: NDTV
#World_Health
Published 21 January 2026
■ ဝမ်းဗိုက်မှာ ပိုလျှံနေတဲ့ အဆီတွေကို ဘီယာဗိုက်လို့ ခေါ်ကြပြီး လူတွေရဲ့နှလုံး အထူးသဖြင့် အမျိုးသားတွေမှာ ပုံစံပြောင်းလဲစေကာ နှလုံးရောဂါဖြစ်နိုင်ခြေ မြင့်တက်စေနိုင်ပါတယ်။
■ ဂျာမနီ ဟမ်းဘတ်အက်ပင်ဒေါ့ဖ်တက္ကသိုလ်ဆေးရုံမှ သုတေသီများက နှလုံးတစ်ရှူးများ ပြောင်းလဲပုံတွေကို တွေ့ရှိခဲ့ကြပါတယ်။
■ ဗိုက်ပူလာတဲ့အခါ နှလုံးကြွက်သား ထူထဲလာသဖြင့် နှလုံးခန်းတွေ ကျဉ်းလာကာ နှလုံးကနေ သွေးညှစ်ထုတ်နိုင်စွမ်း ထိခိုက်လာပြီး နှလုံးရောဂါ ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။
■ ခါး-တင်ပါးအချိုးအစား တိုင်းတာတဲ့အခါ လေ့လာချက်ထဲက အမျိုးသား ၉၁ ရာခိုင်နှုန်းနဲ့ အမျိုးသမီး ၆၄ ရာခိုင်နှုန်းတို့ဟာ အဝလွန်တဲ့ အခြေအနေတွေနဲ့ ကိုက်ညီနေပါတယ်။
■ အိန္ဒိယ အိန္ဒြာပရက်စ်သာအပိုလိုဆေးရုံမှ ဒေါက်တာ မူကက်ရှ်ဂိုအယ်က နှလုံးကြွက်သားအားနည်းတဲ့ သူ့ရဲ့လူနာအားလုံးနီးပါးဟာ ခါးအရွယ်အစားကြီးမားတယ်လို့ ဆိုပါတယ်။
■ ဒါဟာ သက်လတ်ပိုင်း အမျိုးသားတွေ အထိုင်များတဲ့ နေထိုင်မှုပုံစံနဲ့ အယ်ကိုဟော အသောက်များခြင်းတို့နဲ့ သက်ဆိုင်နေပါတယ်။
■ ဝမ်းဗိုက်အဆီတွေကြောင့် နှလုံးကြွက်သားတွေ ထူထဲတောင့်တင်းလာကာ နှလုံးဖောက်နိုင်ခြင်း၊ နှလုံးအားနည်းခြင်း၊ နှလုံးခုန်မမှန်ခြင်းတို့ ဖြစ်လာနိုင်ပါတယ်။
■ ကိုယ်လက်လှုပ်ရှားခြင်း၊ ကျန်းမာရေးညီညွတ်စွာ စားသုံးခြင်း၊ ဖိစီးမှုထိန်းချုပ်ခြင်း စသဖြင့် နေထိုင်စားသုံးမှုပုံစံ ပြောင်းလဲခြင်းဖြင့် ခါးဗိုက်အတိုင်းအတာ လျှော့ချဖို့က နှလုံးအတွက် အလွန်အရေးကြီးပါတယ်။
■ အမျိုးသမီးတွေမှာလည်း မီးယပ်သွေးဆုံးချိန်မှာ ဝမ်းဗိုက်အဆီထွက်လာနိုင်ပြီး အမျိုးသားတွေလိုပဲ နှလုံးပြဿနာများ ဖြစ်နိုင်ပါတယ်။
Source: Indian Express
အမေရိကန်ထိန်းချုပ်မှာကို ဂရင်းလန်းသားတွေ အကြိမ်ကြိမ်ငြင်းဆန်နေကြပြီး ဒေသတွင်း သဘာဝရင်းမြစ်များအပေါ် စိုးရိမ်နေကြပါတယ်။
#World_Politics
Published 20 January 2025
#အမေရိကန် #ဂရင်းလန်း
#YMG #Yangon_Times #Yangon_Media_Group
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး (စကု)မြို့နယ်၊ မန်းရွှေစက်တော်ဘုရားကြီးအနီးရှိ ရွှေစက်တော်မန်းချောင်းအပန်းဖြေဆင်စခန်းမှာယခုနှစ် မန်းရွှေစက်တော်ဘုရားပွဲကာလတွင် ဆင်ပြတိုက်ကို ဖွင့်လှစ်ပေးသွားမယ်လို့ သိရပါတယ်။
#Local_News
Published 20 January 2025
#မန်းချောင်းအပန်းဖြေဆင်စခန်း #ဆင်ပြတိုက်
#YMG/SW #Yangon_Times
အခုနှစ်အတွက် ဂျပန်နိုင်ငံကနေမျှစ်ခြောက်တန်ချိန်(၂၀၀)အထိ အမှာရှိနေတယ်လို့ မျှစ်နှင့်ဝါးစိုက်ပျိုးထုတ်လုပ်သူများအသင်းကသိရပါတယ်။
#Local_News
Published 20 January 2025
#မျှစ်ခြောက် #ဂျပန်
#YMG/NN #Yangon_Times
#World_News
Published 20 January 2026
■ စပိန်တောင်ပိုင်းမှာ တနင်္ဂနွေညက အမြန်ရထားတစ်စင်း လမ်းလွဲပြီး ဆန့်ကျင်ဘက်လာနေတဲ့ ရထားတစ်စင်းနဲ့ တိုက်မိသဖြင့် အနည်းဆုံး လူ ၄၀ သေဆုံးကာ ဥရောပမှာ နှစ် ၈၀ အတွင်း အဆိုးရွားဆုံး ရထားမတော်တဆမှုဆွေထဲက တစ်ခုဖြစ်လာပါတယ်။
■ မက်ဒရစ်တောင်ပိုင်း ၃၆၀ ကီလိုမီတာခန့်က ကော်ဒိုဘာပြည်နယ် အက်ဒါမက်ဇ်အနီး ဖြစ်ပွားခဲ့တာဖြစ်ပြီး ၁၂ ယောက်ကို အထူးကြပ်မတ်ကုသနေရပါတယ်။
■ ရထားလမ်းဆုံ ချွတ်ချော်မှုကြောင့် မတော်တဆမှု ဖြစ်ရတယ်လို့ ကျွမ်းကျင်သူတွေ ပြောပါတယ်။
■ "ရထားက တစ်ဖက်ကို စောင်းသွားပြီးတော့ အော်သံတွေ ကြားရတော့တာပဲ" လို့ ကြက်ခြေနီဌာနမှာ ကုသနေရတဲ့ အန်နာဂါစီယာအာရန်ဒါက ပြောပါတယ်။
■ အခုအချိန်အထိ ပျောက်ဆုံးသူတိုင်ကြားချက် ၄၃ ခု ရှိထားတယ်လို့ ရဲဌာနတွေဆိုပါတယ်။
■ ရထားတိုက်တဲ့နေရာက တောင်ကုန်းဖြစ်ပြီး ကားတစ်စီးစာလမ်းကြောင်းသာ ပေါက်ရောက်တာကြောင့် လူနာတင်ယာဉ်တွေ ရောက်ဖို့ခက်နေပါတယ်။
■ ဒရုန်းဗီဒီယိုရိုက်ချက်တွေထဲမှာ ရထားတစ်စင်းရဲ့ ရထားတွဲတွေ နှစ်ခြမ်းကွဲသွားပြီး စက်ခေါင်းက ကြေမွသွားပါတယ်။
■ လေ့လာချက်များအရ ရထားလမ်းကြောင်းပြောင်းတဲ့ အဆက်က ပျက်ယွင်းနေပါတယ်။
စပိန်အမြန်ရထားလမ်းကြောင်း ကွန်ရက်တွေက ဥရောပမှာ အကြီးဆုံးဖြစ်ပြီး ကမ္ဘာပေါ်မှာ တရုတ်ပြီးရင် ဒုတိယအကြီးဆုံး ဖြစ်ပါတယ်။
■ ယခု မတော်တဆဖြစ်ပွားတဲ့ Iryo ရထားဟာ သက်တမ်း ၄ နှစ်အောက်သာရှိပြီး အက်ဒါမက်ဇ်အနီး ရထားလမ်းကို ပြီးခဲ့တဲ့ မေလကမှ ပြုပြင်မွမ်းမံထားသလို ရထားကိုလည်း ဇန်နဝါရီ ၁၅ ရက်နေ့ကမှ စစ်ဆေးခဲ့ပါေသးတယ်။
Source: Reuters
ဒဂုံ(ဆိပ်ကမ်း)မြို့နယ်မှာ ဖွဲနုဆီကြိတ်ခွဲသန့်စင်စက်ရုံ တည်ဆောက်နေတယ်လို့ သိရပါတယ်။
#Local_News
Published 20 January 2025
#ဖွဲနုဆီ #ဒဂုံဆိပ်ကမ်းမြို့နယ်
#YMG/NN #Yangon_Times
#Local_News
Published 20 January 2025
▪️ မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဗိုလ်ချုပ်လှမိုး ASEAN Para Sports Federation (APSF) Board of Governor (BoG) အစည်းအဝေးတက်ရောက်ခဲ့ကြောင်းသိရသည်။
▪️ အဆိုပါ (၁၃) ကြိမ်မြောက် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင် ရေးအတွက် Asean Para Sports Fe-deration (APSF) Board of Governor (BoG) အစည်းအဝေးကို ယမာန်နေ့နံနက်ပိုင်းတွင် နာခွန်ရစ်ချာဆီးမား (ခိုရတ်) မြို့ Kantary Hotel ရှိ Lamtakong ခန်းမ၌ကျင်းပရာ အာဆီယံနိုင်ငံများမှ အားကစားအဖွဲ့ခေါင်းဆောင်များ၊ မြန်မာနိုင်ငံ မသန်စွမ်းအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဗိုလ်ချုပ်လှမိုးနှင့်အတူ မြန်မာမသန်စွမ်း အားကစားအဖွဲ့ခေါင်းဆောင် ဒုတိယဥက္ကဋ္ဌဒေါက်တာ တင်မောင်လှိုင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
▪️ Board of Governor (BoG) Chairman Dr. Kittipong Potimu က အဖွင့်အမှာစကားပြောကြားပြီး Thailand ASEAN Para Games Organization Committee (THASOC)မှ တာဝန်ရှိသူ တစ်ဦးက (၁၃) ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲကျင်းပမည့် အစီအစဉ်များနှင့် ပြင်ဆင်ဆောင်ရွက် ထားရှိမှုများ၊ ၂၀၂၇ ခုနှစ်တွင် (၁၄) ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် မလေးရှားနိုင်ငံမှ Board of Governor (BoG) က ပြိုင်ပွဲဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းတင်ပြဆွေးနွေးသည်။
▪️ ထို့နောက် တက်ရောက်လာသူများ က 31st ASEAN Para Sports Federa-tion(APSF) Board of Governor (BoG) အစည်းအဝေးမှတ်တမ်းကိုလည်းကောင်း၊ 36th EXCO အစည်းအဝေးမှတ်တမ်းနှင့် ၂၀၂၆ ခုနှစ် ဇွန်လတွင် APSF အထွေထွေ ညီလာခံကို အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပနိုင်ရေးကိုလည်းကောင်း ဝိုင်းဝန်းဆွေးနွေးအတည်ပြုခဲ့ပြီး Board of Governor (BoG) Chairman က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး အားကစားအဖွဲ့ခေါင်းဆောင်များ (Chef-de-Mission) အစည်းအဝေးကို Kantary Hotel (Korat) ရှိ Lamtakong ခန်းမ၌ကျင်းပရာ မြန်မာနိုင်ငံ မသန်စွမ်းအားကစားအဖွဲ့ခေါင်းဆောင် ဒေါက်တာတင်မောင်လှိုင်အပါအဝင် အာဆီယံနိုင်ငံများမှ အားကစားအဖွဲ့ခေါင်းဆောင်များတက်ရောက်ကြသည်။
▪️ အဆိုပါအစည်းအဝေးတွင် အားကစားသမားများ တည်းခိုနေထိုင်စားသောက်ရေး ဆိုင်ရာကိစ္စရပ်များ၊ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၀ ရက်တွင်ကျင်းပမည့် (၁၃) ကြိမ်မြောက် အာဆီယံ မသန်စွမ်းအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားအစီအစဉ်များနှင့်ပတ်သက်၍ သက်ဆိုင်ရာကော်မတီများက ရှင်းလင်းပြောကြားပြီး တက်ရောက်လာသည့် အာဆီယံနိုင်ငံများမှ အားကစားအဖွဲ့ခေါင်းဆောင်များက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
#YMG/NN #Yangon_Times
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့မှ တရုတ်နိုင်ငံရွှေလီမြို့သို့ သွားရောက်အလုပ်လုပ်သူ၊ ကျန်းမာရေး၊ လူမှုရေးနှင့်အလည်အပတ်သွားရောက်မယ့်သူတွေအတွက် မြန်မာ-တရုတ်နယ်စစ်သွားလာခွင့်လက်မှတ် BP စာအုပ်တွေကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မူဆယ်ခရိုင်ဦးစီးမှူးရုံးက ပိတ်ရက်မရှိ ဆောင်ရွက်ပေးလျက်ရှိတယ်လို့သိရပါတယ်။
#Local_News
Published 20 January 2025
#မြန်မာ_တရုတ် #BPစာအုပ်
#YMG/SW #Yangon_Times
Page 72 of 1950