#Local_News
Published 24 July 2026

■ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် ရွှေလီမြို့ရှိ Jiegao International Jade & Jewelry Trade Center တွင် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို ဇူလိုင် ၂၂ ရက်က စတင်ကျင်းပခဲ့ကြောင်း သိရသည်။

■ အဆိုပါဖွင့်ပွဲအခမ်းအနားသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦးနှင့် ယူနန်ပြည်နယ်အုပ်ချုပ်ရေးမှူး Mr. Wang Yubo တို့ တက်ရောက်ခဲ့ကြသည်။

■ အခမ်းအနားတွင် ယူနန်ပြည်နယ်အုပ်ချုပ်ရေးမှူး Mr. Wang Yubo က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦးက မြန်မာ့ကျောက်မျက်ရတနာပြပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များ၊ မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

■ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ယူနန်ပြည်နယ်အုပ်ချုပ်ရေးမှူးတို့က ပြပွဲကို ဖွင့်လှစ်ပေးခဲ့ပြီး ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအရိုင်းတွဲများကိုလှည့်လည်ကြည့်ရှုခဲ့ကြသည်။

■ မြန်မာ့ကျောက်မျက်ရတနာပြပွဲကို ဇူလိုင် ၂၂ ရက်မှ ၂၅ ရက်အထိ Jiegao International Jade & Jewelry Trade Center တွင် ကျင်းပသွားမည်ဖြစ်ပြီး မြန်မာ့ကျောက်မျက်ရတနာများကို ပြသရောင်းချခြင်းနှင့် ကုန်သွယ်ရေးချိတ်ဆက်မှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။

■ ထို့ပြင် ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦးသည် Jincheng Dihai Hotel တွင် ယူနန်ပြည်နယ်အုပ်ချုပ်ရေးမှူး Mr. Wang Yubo နှင့် ကိုယ်စားလှယ်အဖွဲ့အား သီးခြားလက်ခံတွေ့ဆုံခဲ့ပြီး ကျောက်မျက်ရတနာပြပွဲ ကျင်းပရေးနှင့် မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်းသိရသည်။

#YMG/SW #Yangon_Times