#Local_News
Published 18 August 2025
▪️ ဒီဇင်ဘာလအတွက် ကျင်းပမည့် JLPT စာမေးပွဲအတွက် လျှောက်လွှာ လက်ခံ ကာလကို ထပ်မံ တိုးမြှင့်လိုက်ကြောင်း JLPT စာမေးပွဲကျင်းပရေးကော်မတီမြန်မာနိုင်ငံ ဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)က ထုတ်ပြန်ကြေညာလိုက်သည်။
▪️ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ စာမေးပွဲအတွက် သင်တန်းကျောင်း အလိုက်လျှောက်ထားမှုများအား ၅.၈.၂၀၂၅ ရက်နေ့မှ ၁၄.၈.၂၀၂၅ ရက်နေ့အထိ online system မှ လက်ခံခဲ့ပြီးဖြစ်သော်လည်း စာဖြေဌာနများတွင် ခုံနေရာ ထပ်မံတိုးမြင့်နေရာချ ထားနိုင်မည်ဖြစ်သောကြောင့် သင်တန်းကျောင်းအလိုက် လျှောက်ထားမှုများအတွက် လျှောက်ထားခြင်းကာလအား တိုးမြှင့် သက်မှတ်လက်ခံသွားမည် ဖြစ်ကြောင်းသိရသည်။
▪️ ထပ်မံလျှောက်ထားလိုသော စာဖြေသူများရှိသည့်သင်တန်းကျောင်းများအနေဖြင့် မိမိတို့ ဝယ်ယူလိုသည့် Level အလိုက် အရေအတွက်အား ရေးသားသတ်မှတ်ပြီး 09- 767 557 354 Viber နံပါတ်သို့ ၁၉.၈.၂၀၂၅ ရက်နေ့ ညနေ ၄နာရီ နောက်ဆုံးထား ပေးပို့ပေးရမည်ဖြစ်ကြောင်း၊ တိုးမြှင့်နိုင်သော စာဖြေဌာနနှင့် ထိုင်ခုံအရေအတွက်များအတိုင်းသာ ထပ်မံလက်ခံနိုင်မည် ဖြစ်သောကြောင့် သတ်မှတ်ထားသော level အလိုက် ထိုင်ခုံအရေအတွက် ပြည့်ပါက လျှောက်လွှာလက်ခံခြင်းအား ပိတ်သိမ်းမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းမှာ နောက်(၁၂) နာရီအတွင်း မုန်တိုင်းငယ်ဖြစ်လာနိုင်လို့ မိုးလေဝသနှင်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ကသိရပါတယ် ။
#Local_News
Published 18 August 2025
#ဘင်္ဂလားပင်လယ်အော် #မုန်တိုင်းငယ်ဖြစ်လာနိုင်
#YMG/NN #Yangon_Times
ကိုရီးယားသမ္မတနိုင်ငံမှ ခွင့်ဖြင့်ပြန်လည်ရောက်ရှိလာတဲ့ PJ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူတွေ လိုက်နာရမယ့်စည်းမျဉ်းတွေကို အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။
#Local_News
Published 18 August 2025
#ကိုရီးယားသမ္မတနိုင်ငံ #PJနိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူ
#YMG/SW #Yangon_Times
#Local_News
Published 18 August 2025
▪️ ဂျာမန်ဖိနပ်ထုတ်လုပ်သူက မြန်မာ့အရပ်အရှည်ဆုံးလူသားအတွက် အထူးချုပ် ဖိနပ်တစ်ရံကို ဂျာမနီသံရုံးမှတဆင့် ယနေ့ ထပ်မံပေးအပ်ခဲ့ကြောင်း သိရသည်။
▪️ မြန်မာနိုင်ငံတွင် အရပ်အရှည်ဆုံးပုဂ္ဂိုလ်များထဲမှ တစ်ဦးသာမက ဘော်လီဘော ကစားသမားတစ်ဦးလည်းဖြစ်သည့် ကိုကောင်းညွှန့်ဝေသည် အရပ် ၂ မီတာကျော် (၇ ပေ ၁ လက်မ)ရှိပြီး ဖိနပ်ဆိုဒ် ၅၂ ဖြစ်ရာ ၎င်းအတွက် သင့်လျော် သော ဖိနပ်ကိုရှာဖွေရာတွင် မလွယ်ကူခဲ့ခြင်းကြောင့် ကိုကောင်းညွန့်ဝေအတွက် ဂျာမန်ဖိနပ်ထုတ်လုပ်သူ Georg Wessels က စိတ်ကြိုက်ပြုလုပ်ပေးထားသော ဖိနပ်အသစ်တစ်ရံကို ဂျာမနီသံရုံးမှတဆင့် ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
▪️ Georg Wessels သည် ကမ္ဘာတစ်ဝှမ်းလုံးက အရပ်ရှည်သူများအတွက် အရွယ်အစားကြီးသော ဖိနပ်များကို ထုတ်လုပ်ရာမှာ ကျွမ်းကျင်သူတစ်ဦးဖြစ်ပြီး လွန်ခဲ့သည့် နှစ်အနည်းငယ်ကတည်းက မြန်မာနိုင်ငံရှိ အရပ်ရှည်သူများအတွက် အထူးဖိနပ်များကို ပံ့ပိုးပေးလျက်ရှိပြီး ကိုကောင်းညွန့်ဝေအတွက် ယခုအကြိမ်ပေးအပ်ခြင်းမှာ ဒုတိယအကြိမ်မြောက်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
၂၀၂၅ ခုနှစ်အတွက် လူထုအခြေပြုအမှိုက်စီမံခန့်ခွဲမှုသင်တန်းကို ပဲခူးတိုင်းဒေသကြီးမှာ ဖွင့်လှစ်သွားမှာဖြစ်တယ်လို့ သန့်မြန်မာအဖွဲအစည်းမှ သိရပါတယ်။
#Local_News
Published 18 August 2025
#အမှိုက်စီမံခန့်ခွဲမှုသင်တန်း #ပဲခူးတိုင်းဒေသကြီးဖွင့်လှစ်သွား
#YMG/SW #Yangon_Times
ရန်ကုန်တိုင်းတာမွေမြို့နယ်ရှိအလိုတော်ပြည့် ကျောင်းတိုက်မှ စာချနာယကဆရာတော်အရှင် ခေမိဿရ ၊ကံ့ကော်မြိုင်ဘုန်းဘုန်းလေးရဲ့ သက်တော်(၃၃)နှစ်ပြည့်ဝိဇာတမွေးနေ့အလှုတော်မဂ်လာမှာသံဃာ
တော်အပါး(၁၃၀)ကို စုပေါင်းဆွမ်းဆန်စိမ်းလောင်းလှုကုသိုလ်ပြုခဲ့တယ်လို့သိရပါတယ်။
#Local_News
Published 18 August 2025
#အရှင်ခေမိဿရဝိဇာတမွေးနေ့အလှူ #ဆွမ်းဆန်စိမ်းလောင်းလှု
#YMG/NN #Yangon_Times
#Local_News
Published 18 August 2025
▪️ ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏတွင်ကျင်းပသော ၂၀၂၅ ခုနှစ် တိုင်းနှင့်ပြည်နယ် မြန်မာ့သိုင်းပြိုင်ပွဲ၌ ရန်ကုန်တိုင်းအသင်းမှ စုပေါင်းတံခွန်စိုက်ဆုဖလားဆွတ်ခူးခဲ့ ကြောင်း မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်မှ သိရသည်။
▪️ အဆိုပါ မြန်မာ့သိုင်းပြိုင်ပွဲကို ဩဂုတ်လ၁၅ ရက်မှ ၁၇ရက်အထိ ကျင်းပခဲ့ခြင်းဖြစ်ကာ တိုင်းနှင့်ပြည်နယ်၁၄ခု(ကယားမပါ) အင်အား၃၅၁ကဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း ၊ဗန်တိုကျား၅၅ ယောက်နှင့် အမျိုးသမီး ၃၁ဦး စုစုပေါင်း၈၆ဦး၊ဓါး၁-၂ကျား/မ ပေါင်း၇၀ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်းသိရသည်။
▪️ " တိုင်းနဲ့ပြည်နယ် ၁၄ခုကဝင်ရောက်ယှည်ပြိုင်ကြပြီး ရန်ကုန်တိုင်း ကိုယ်စားပြုအသင်းက ယောက်ကျားလေးရောမိန်းကလေးရော အကုန်ဆုရရှိခဲ့ပါတယ် " ဟု (ကမ္ဘောဇ နန်းတွင်း လိုင်းခူးကါချန့် သိုင်းပြောင်းပြန် ပင်မဆရာကြီး)ဖြစ်သူ မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်၊ရန်ကုန်တိုင်းသိုင်းဆပ်ကော်မတီ နာယကဆရာကြီးဦးကြည်ဝင်းက YMG သို့ပြောသည်။
▪️ အဆိုပါ ဆုပေးပွဲအား သြဂုတ် ၁၇ ရက်ညနေပိုင်းကကျင်းပရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့်ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်တက်ရောက်ခဲ့ကြောင်း၊
ထိုသို့တက်ရောက်ပြီးနောက် စုပေါင်းတံခွန်စိုက်ဆုဖလားရရှိသည့် ရန်ကုန်တိုင်းအသင်းကို စုပေါင်းတံခွန်စိုက်ဆုဖလားပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။
▪️ ထို့ပြင် ရန်ကုန်တိုင်း၊ အားကစားနှင့်ကာယပညာကော်မတီနာယက၊ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်းမှလည်း အမျိုးသမီးတံခွန်စိုက်ဆုဖလားနှင့် အမျိုးသားတံခွန်စိုက်ဆုဖလားရရှိသည့် ရန်ကုန်တိုင်းအသင်းကို တံခွန်စိုက်ဆုဖလားများပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
▪️ ထို့အတူ အမျိုးသမီးတစ်ကိုယ်တော် ဓားတစ်လက် အပြပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီး တစ်ကိုယ် တော် လှံရှည်အပြပြိုင်ပွဲ၊ အမျိုးသားအတွဲလိုက် (၁+၃)ဓားရှည်ဝိုင်းထွက်ပြိုင်ပွဲ၊ အမျိုးသား/အမျိုး သမီး(၅၀-၅၅)ကီလို ဓားနှစ်လက်အတိုက်ပြိုင်ပွဲ၊ အမျိုးသမီး(၄၅-၄၉)ကီလိုအတိုက်ပြိုင်ပွဲ၊ အမျိုး သား(၄၉-၅၃)ကီလိုအတိုက်ပြိုင်ပွဲတို့တွင် ဆုရရှိသူများကို ဆုတံဆိပ်နှင့်ငွေသားဆုများကို တာဝန်ရှိသူများက အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 18 August 2025
▪️ ယနေ့ နံနက်ပိုင်းမှ စတင်ကာ မြန်မာ – ထိုင်း ချစ်ကြည်ရေးတံတား အမှတ် (၂)ကို မြန်မာဖက်ခြမ်းမှ ယာယီပိတ်လိုက်ကြောင်း သိရသည်။
▪️ မြန်မာ – ထိုင်း ချစ်ကြည်ရေးတံတား အမှတ် (၂)သည် မြန်မာ – ထိုင်းနယ်စပ် ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ မြဝတီမြို့မှ မဲဆောက်မြို့သို့ဖြတ်သန်းသွားလာရသော တံတားဖြစ်ပြီး လက်ရှိတွင် ထိုင်းဘက်မှ မြန်မာဘက်ခြမ်းသို့ဝင်မည့်ကုန် ကားများလည်း ပိတ်မိနေကြောင်း၊ မြဝတီ-မဲဆောက် အမှတ်(၂)ချစ်ကြည်ရေးတံတားအား ယာယီပိတ်လိုက်သော်လည်း ချစ်ကြည်ရေးတံတားအမှတ်(၁)တွင် ခရီးများနှင့်ခရီးသည်ပို့ဆောင်ရေး ယာဉ်များ ပုံမှန်သွားလာလျက်ရှိကြောင်း သိရသည်။
▪️ တံတားယာယီပိတ်ခြင်းမှာ မှန်ကန်ကြောင်း ၊ သို့သော် မည်သည့် အကြောင်းကြောင့် ပိတ်ခြင်းနှင့် မည်သည့်အချိန်တွင်ပြန်လည်ဖွင့်လှစ်မည်ကို မသိရှိရသေးကြောင်း မြဝတီမြို့ခံတစ်ဦးက ပြောသည်။
▪️ ထိုသို့ တံတားမပိတ်မီကပင် နှစ်နိုင်ငံနယ်စပ် ချစ်ကြည်ရေးတံတားအနီး မဲဆောက်မြို့ဘက်ခြမ်းတွင် မြန်မာဘက်သို့သွားမည့် ထိုင်းကုန်စည်တင်ကားအစီးရေ ၅၀၀ခန့် ပိတ်မိနေကြောင်း ထိုင်း PBS သတင်းတွင် ဖော်ပြထားသည်။
#YMG/SW #Yangon_Times
#Local_News
Published 18 August 2025
▪️ ယခုတစ်ပတ်အတွက် စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ အမြင့်ဈေး၌တန်းပြီးငြိမ်နေကြောင်း စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက အသိပေးထုတ်ပြန်ကြေညာထားသည်။
▪️ ယနေ့ ဩဂုတ် ၁၈ ရက်မှ ၂၄ အထိ ရောင်းချရမည့် ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင်
ငွေကျပ် ၆၂၈၅ အဖြစ်သတ်မှတ်ထားသည်။
▪️ စားအုန်းဆီ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ ပြီးခဲ့တဲ့လနှောင်းပိုင်းကစတင်မြင့်တက်လာခဲ့ရာ လေးပတ်တာအတွင်း
တစ်ပိဿာကို ကျပ် ၂၃၀ မြင့်တက်လာခဲ့ကြောင်းသိရသည်။
▪️ ထိုသို့မြင့်တက်လာခဲ့သော်လည်း ယခုအပတ်တွင်မူ ယခင်အပတ်နှုန်းထားအတိုင်းတစ်ပိဿာလျှင် ၆၂၈၅ ကျပ်အထိသာ ဈေးငြိမ်နေကြောင်း သိရသည်။
▪️ အဆိုပါထုတ်ပြန်ကြေညာထားသည့် စျေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းအပါအဝင် မသမာသည့် လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဟုလည်း ထုတ်ပြန်ချက်တွင် အသိပေးထားသည်။
▪️ စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို အပတ်စဉ်တနင်္လာနေ့တိုင်း ထုတ်ပြန်ကြေညာလျက်ရှိပြီး စားသုံးသူပြည်သူများအနေဖြင့် စားသုံးသူရေးရာဦးစီးဌာန၏ Website ဖြစ်သော www.doca.gov.mm၊ Facebook Page နှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ Facebook Page တို့တွင် ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#World_News
Published 18 August 2025
▪️ အလက်စ်ကာ ထိပ်သီးအစည်းအဝေးပွဲမှာ ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ကနေ ငြိမ်းချမ်းရေးအဆိုပြုချက်များ ဆွေးနွေးရာမှာ ရုရှားတို့ သိမ်းပိုက်ထားတဲ့ ယူကရိန်းနယ်မြေအနည်းစုကို လက်လျှော့ဖို့နဲ့ ယူကရိန်းအနေနဲ့ ရုရှားတို့ မသိမ်းပိုက်နိုင်ခဲ့တဲ့ အရှေ့ဘက်နယ်မြေတလျှောက်ကို စွန့်လွှတ်ပေးရမယ်လို့ ဖော်ပြလာပါတယ်။
▪️ အမေရိကန်သမ္မတနဲ့ ရုရှားသမ္မတတို့ အလက်စ်ကာရှိ လေတပ်စခန်းတစ်ခုမှာ တွေ့ဆုံဆွေးနွေးပြီးနောက် အခုလို ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
▪️ ယူကရိန်းသမ္မတ ဗိုလိုဒီမာဇယ်လန်စကီကလည်း စစ်ပွဲအဆုံးသတ်ရေးအတွက် ထရမ့်နဲ့တွေ့ဆုံဖို့ တနင်္လာနေ့မှာ ဝါရှင်တန်သို့ သွားရမှာပါ။
▪️ အစည်းအဝေးမှာလိုချင်တဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် မရရှိခဲ့ပေမယ့် နယ်မြေဖလှယ်ရေးနဲ့ ယူကရိန်းအတွက် လုံခြုံရေးအာမခံချက်များ ဆွေးနွေးခဲ့တယ်လို့ ထရမ့်က ပြောပါတယ်။
▪️ ပူတင်ရဲ့ အဆိုပြုချက်တွေက ဥရောပခေါင်းဆောင်များ၊ အမေရိကန်၊ ယူကရိန်းတို့ကြား ဆွေးနွေးမှုများအပေါ် အများစုအခြေခံထားတယ်လို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။
▪️ အဆိုပြုချက်တွေက ယူကရိန်းအတွက်တော့ လက်ခံဖို့ ခက်ခဲနေနိုင်ပါတယ်။
▪️ ရုရှားအဆိုပြုချက်အရ ယူကရိန်းအနေနဲ့ ဒိုနက်စ်နဲ့ လူဟန့်စ်ဒေသတို့ကနေ အပြည့်အဝ ဆုတ်ခွာပေးရမှာ ဖြစ်ပါတယ်။
▪️ ဒါ့အပြင် ပူတင်ဟာ ရုရှားအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ဖယ်ရှားပေးစေချင်တာတွေလည်းပါဝင်ပါတယ်။
Source: Reuters
#World_Health
Published 18 August 2025
▪️ ချစ်ရသူကို ဆုံးရှုံးလိုက်ရလို့ အပြင်းအထန် ပူဆွေးဝမ်းနည်းသူတွေဟာ ဆယ်စုနှစ်အတွင်း အသက်ဆုံးရှုံးနိုင်ခြေ နှစ်ဆနီးပါးရှိတယ်လို့ လေ့လာချက်အသစ်မှာ ဖော်ပြထားပါတယ်။
▪️ ရလဒ်များအရ ချစ်ခင်ရသူဆုံးရှုံးပြီးနောက် နှစ်အနည်းငယ်အတွင်း ပူဆွေးဝမ်းနည်းမှု မြင့်မားနေဆဲဖြစ်ကာ ဆယ်နှစ်အတွင်း အသက်ဆုံးပါးနိုင်ခြေ ၈၈ ရာခိုင်နှုန်းရှိပါတယ်။
▪️ ဒါ့အပြင် စိတ်ကျန်းမာရေးတိုင်ပင်ရနိုင်ခြေ ၃ ဆနီးပါး၊ စိတ်ကျရောဂါပျောက်ဆေး အသုံးပြုရမှု ၅ ဆကျော်နီးပါး၊ အိပ်ဆေးသောက်ရနိုင်ခြေ ၂ ဆကျော်လောက် ပိုများပါတယ်။
▪️ သုတေသီတွေက ဒိန်းမတ်မှ ပျမ်းမျှအသက် ၆၂ နှစ်ရှိတဲ့ ဝမ်းနည်းပူဆွေးသူပေါင်း ၁,၇၀၀ ကျော် ခေါ်ယူခဲ့ပါတယ်။
▪️ ၆၆ ရာခိုင်နှုန်းက လက်တွဲဖော်ဆုံးရှုံးထားကာ ၂၇ ရာခိုင်နှုန်းက မိဘတစ်ဦးဦးနဲ့ ၇ ရာခိုင်နှုန်း အခြားသော ချစ်ခင်သူတွေကို ဆုံးရှုံးထားကြပါတယ်။
ချစ်ရသူကို ဆုံးရှုံးပြီးနောက် ၃ နှစ်အတွင်း သူတို့ရဲ့ ပူဆွေးမှုအတိုင်းအတာကို ဆန်းစစ်ခဲ့ကြပါတယ်။
▪️ နောက်ထပ် ၁၀ နှစ်တိုင်အောင် စောင့်ကြည့်ခဲ့ကြရာ ပူဆွေးမှုကြီးမားလွန်းသူတွေဟာ စောစီးစွာ အသက်ဆုံးပါးနိုင်ခြင်း၊ စိတ်ကျန်းမာရေးအကူအညီ လိုအပ်ခြင်းတို့ ဖြစ်ပေါ်လာပါတယ်။
▪️ ပူဆွေးဝမ်းနည်းမှု လက္ခဏာမြင့်မားခြင်းနဲ့ နှလုံးသွေးကြောရောဂါ ဖြစ်နိုင်ခြေများခြင်း၊ စိတ်ကျန်းမာရေး ပြဿနာများ၊ သေကြောင်းကြံစည်မှုတို့ကြား ဆက်စပ်မှုရှိတာကိုလည်း ယခင်က တွေ့ရှိထားပါတယ်။
▪️ ပူဆွေးကြီးသူတွေဟာ ပျမ်းမျှအားဖြင့် ပညာရေးအားနည်းခြင်း၊ ဆေးဝါးများ မကြာခဏသုံးစွဲရခြင်းတို့ မြင်တွေ့ရတယ်လို့လည်း သုတေသီများ ပြောထားပါတယ်။
Source: UPI.
၁၈ ဩဂုတ် ၂၀၂၅
မြန်မာနိုင်ငံတွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို ၂၀၂၅ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်၊ တနင်္ဂနွေနေ့တွင် စတင်ကျင်းပမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ယနေ့ ဩဂုတ် ၁၈ ရက်နေ့တွင် သတင်းထုတ်ပြန်ကြေညာပါတယ်။
အဆိုပါဒီဇင်ဘာ ၂၈ ရက်နေ့သည် အထွေထွေရွေးကောက်ပွဲ အပိုင်း၁ ဖြစ်၍ ဆက်လက်ကျင်းပမည့် အပိုင်းလိုက်နေ့ရက်များကို ထုတ်ပြန်ပေးသွားမယ်လို့လည်း ရွေးကောက်ပွဲကော်မရှင်ရဲ့ထုတ်ပြန်ကြေညာ ချက်မှာဖော်ပြပါရှိပါတယ်။
မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာနောက်ဆုံးပတ်နှင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီပထမပတ်များအတွင်း အထွေထွေရွေးကောက်ပွဲများကို ကျင်းပပေးသွားမယ်လို့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောဆိုထားပြီးနောက် ရွေးကောက်ပွဲကော်မရှင်၏ ယခုကြေညာချက်ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။
#ymg/knl

Page 74 of 1815