#Local_News
Published 19 January 2025
▪️ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် မန္တလေးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးနှင့်အတူ ယမာန်နေ့မနက်ပိုင်းတွင် မန္တလေးငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/ အားကစားရုံများအား ငလျင်အပြီး ပြန်လည်ပြုပြင်ဆောင်ရွက်နေမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။
▪️ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်ရှိ မန္တလာသီရိအားကစားကွင်းသို့ သွားရောက်၍ ငလျင်အပြီး ပြန်လည်ပြုပြင်ဆောင်ရွက်နေမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး အားကစားကွင်း/အားကစားရုံများ သတ်မှတ်စံချိန်/စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီစေရေး၊ သတ်မှတ်ကာလအတွင်း အချိန်မီပြန်လည်ပြုပြင်ပြီးစီးနိုင်စေရေးအတွက် သက်ဆိုင်ရာကုမ္ပဏီ၊ အရည်အသွေးစစ်ဆေးသည့် (QC)ကုမ္ပဏီနှင့် ဝန်ကြီးဌာနမှ တာဝန်ရှိသူများက စိစစ်ကြပ်မတ်ဆောင်ရွက်သွားရန်လိုကြောင်း မှာကြားသည်။
▪️ ယင်းနောက် ချမ်းအေးသာစံမြို့နယ် ဗထူးအားကစားကွင်းရှိ ဗထူးမိုးလုံလေလုံအားကစားရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး မိုးလုံလေလုံအားကစားရုံ ရေရှည်တည်တံ့စေရေး၊ ခိုငှက်များ မဝင်ရောက်နိုင်စေရေးအတွက် သံဆန်ခါများဖြင့် စနစ်တကျကာရံသွားရန်၊ အားကစားရုံပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်မှုရှိစေရန်နှင့် ပြည်သူများ လာရောက်လေ့ကျင့်ကစားနိုင်စေရေးတို့အတွက် စနစ်တကျ ထိန်းသိမ်းဆောင်ရွက်သွားရန်လိုကြောင်း တာဝန်ရှိသူများအား မှာကြားပြီး မန္တလေးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ အရာထမ်း/အမှုထမ်းဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ ဝန်ထမ်းများ၏ လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
▪️ ထို့ပြင် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းတွင် မန္တလေးမြို့ရှိ ပုဂ္ဂလိကလုပ်ငန်းရှင်မှ ငှားရမ်းလုပ်ကိုင်ဆောင်ရွက်နေသော နိုင်ငံပိုင်ထွန်းလှဟိုတယ်သို့ သွားရောက်ကာ ခရီးသွားရာသီအတွင်း လာရောက်တည်းခိုကြသည့် ပြည်တွင်း ပြည်ပခရီးသွားဧည့်သည်များကို တန်းပြည့်ဝန်ဆောင်မှုပေး၍ လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေများ၊ တိုးချဲ့ဆောက်လုပ်မည့် စားသောက်ခန်းမနေရာများကို ကြည့်ရှုစစ်ဆေးသည်။
▪️ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဟိုတယ်ရှိ ဝန်ထမ်းများ၏ ဝန်ဆောင်မှုအရည်အသွေးများ ယခုထက်ပိုမို အဆင့်မီကောင်းမွန်စေရေးအတွက် လေ့ကျင့်ဆောင်ရွက်ပေးရန်၊ ဟိုတယ်ဝင်းအတွင်း သန့်ရှင်းသာယာလှပရေး၊ လာရောက်တည်းခိုသည့် ဧည့်သည်များအတွက် စိတ်အပန်းဖြေနိုင်ရေးအတွက် မြေယာရှုခင်းအလှများကို ဆောင်ရွက်ထားရှိရန်၊ ရေကူးကန်အတွင်းရှိ ရေများသန့်ရှင်းအောင်ဆောင်ရွက်ထားရှိပြီး ရေကူးသူများ ဘေးအန္တရာယ်ကင်းရှင်းစွာ ရေကူးနိုင်ရေးအတွက် သတိပေးဆိုင်းဘုတ်များ၊ အစောင့်ဝန်ထမ်းများကို စနစ်တကျထားရှိရန်၊ ကားရပ်နားရန်နေရာများကိုပါ စနစ်တကျဆောင်ရွက်သတ်မှတ်ထားရှိရန်၊ ဌာနေဒေသခံများအတွက် အလုပ်အကိုင်အခွင့်အလမ်းများရရှိစေနိုင်မည့် လုပ်ငန်းများကို တိုးချဲ့စီစဉ်အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရန်ကိစ္စရပ်များကို မှာကြားခဲ့ကြောင်းသိရသည်။
#YMG/NN #Yangon_Times
မြန်မာနိုင်ငံ ဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)မှ ကြီးမှူးကာ
မြန်မာနိုင်ငံအတွင်းက မြန်မာနိုင်ငံသားတိုင်း ပါဝင်ယှဉ်ပြိုင်နိုင်မယ့် (၂၁) ကြိမ်မြောက် ဂျပန်စာပေ ဘာသာပြန်ပြိုင်ပွဲကို လာမယ့်ဖေဖော်ဝါရီလ၁၄ရက်နဲ့၁၅ရက်တွေမှာ ကျင်းပသွားမယ်လို့သိရပါတယ်။
#Local_News
Published 19 January 2025
#ဂျပန်စာပေ #MAJA
#YMG/SW #Yangon_Times
#Daily_News
Published 19 January 2025
၁။ တိုင်းနှင့်ပြည်နယ်သုံးခုရှိ လွှတ်တော်ကိုယ်စားလှယ်အဖြစ် USDPပါတီမှ အများဆုံးရွေးကောက်တင်မြှောက်ခံရ
၂။ လျှပ်စစ်ဓာတ်အားကို တရားမဝင်ချိတ်ဆက်သုံးစွဲပါကထောင်ဒဏ် (၁၀)နှစ်အထိ ချမှတ်နိုင်
၃။ ဂျပန်စာပေ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည်
၄။ တိုရွန်တိုမြို့၌အင်အားကြီးဆောင်မုန်တိုင်းတိုက်ခတ်သဖြင့် သွားလာရေးများနှောင့်နှေးထိခိုက် ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 19 January 2026
■ တနင်္လာနေ့မှာ အမေရိကန်ဒေါ်လာတန်ဖိုး ကျဆင်းလာပြီး သမ္မတဒေါ်နယ်ထရမ့်က ဂရင်းလန်းကိစ္စနဲ့ ပတ်သက်လို့ ဥရောပအပေါ် အခွန်စည်းကြပ်ရန် ခြိမ်းခြောက်တာတွေကြောင့် ရင်းနှီးမြှုပ်နှံသူတွေ ယုံကြည်မှုနည်းသွားကာ ခိုင်မာစိတ်ချရတဲ့ ဂျပန်ယန်းငွေနဲ့ ဆွစ်ဖရန့်ငွေတို့ကို မြှုပ်နှံလာကြပါတယ်။
■ အမေရိကန်သာ ဂရင်းလန်းကို ဝယ်ခွင့်မရပါက ဖေဖော်ဝါရီ ၁ ရက်နေ့မှစပြီး ဒိန်းမတ်၊ နော်ဝေး၊ ဆွီဒင်၊ ပြင်သစ်၊ ဂျာမနီ၊ နယ်သာလန်၊ ဖင်လန်တို့မှ ကုန်ပစ္စည်းများအပေါ် တင်သွင်းခွန် နောက်ထပ် ၁၀ ရာခိုင်နှုန်း စည်းကြပ်သွားမယ်လို့ ထရမ့်က ပြောထားပါတယ်။
■ ဥရောပသမဂ္ဂနိုင်ငံကြီးတွေက အဆိုပါ အခွန်စည်းကြပ်မှုတွေကို ရှုတ်ချလိုက်ကာ ပြင်သစ်ဆိုရင် ယခင်က မကျင့်သုံးဖူးတဲ့ တန်ပြန်ဆောင်ရွက်ချက်များ ပြုလုပ်ဖို့ အကြံပြုနေပါတယ်။
■ နိုင်ငံခြားငွေလဲလှယ်ရေးဈေးကွက်မှာ အာရှကုန်သွယ်ရေးအတွင်း ယူရိုငွေနဲ့ စတာလင် ရောင်းချဖို့ ဖြစ်ပါတယ်။
■ ရင်းနှီးမြှုပ်နှံသူတွေက ရေရှည်အကျိုးကို အကဲဖြတ်နေကြကာ ဒေါ်လာလည်း ဖိအားအောက် ရောက်ရှိလာပါတယ်။
■ ဒါကြောင့် ယူရိုနဲ့ စတာလင်ပေါင်တို့ ဆုံးရှုံးခဲ့တာတွေ ပြန်လည်သက်သာလာခဲ့ပါတယ်။
■ ကမ္ဘာတဝှမ်းကို ထရမ့်က အခွန်စည်းကြပ်မယ့် အစီအစဉ်ပြောလာပြီးနောက် အမေရိကန် ပိုင်ဆိုင်မှု တန်ဖိုးတွေအပေါ် ယုံကြည်မှုလျော့နည်းလာပါတယ်။
■ ဥရောပကို အခွန်စည်းကြပ်ဖို့ ခြိမ်းခြောက်နေပေမယ့် ဒေါ်လာကသာ ထိပါးနေတယ်လို့ ANZ မှ အာရှသုတေသနအကြီးအကဲ ခွန်ဂိုက ပြောသွားပါတယ်။
Source: Reuters
#World_Health
Published 19 January 2026
■ ဆေးဝါးတွေမတိုးတော့တဲ့ ကင်ဆာဆဲလ်တွေကို ပစ်မှတ်ထားနိုင်မယ့်နည်းလမ်းကို နိုင်ငံတကာသုတေသီအဖွဲ့ တွေ့ရှိထားပါတယ်။
■ ဒီတွေ့ရှိချက်တွေကို အစ္စရေးလ် ဝစ်ဇ်မန်းသိပ္ပံတက္ကသိုလ်က ကြေညာခဲ့တာ ဖြစ်ပါတယ်။
■ ကင်ဆာအများအပြားမှာ ယခင်က ကုထုံးအမျိုးမျိုးနဲ့ အလုပ်ဖြစ်ခဲ့တာတွေက ကုထုံးမတိုးတော့တဲ့ပြဿနာက အလွန်ကြီးမားနေပါတယ်။
■ ကြာလာတာနဲ့အမျှ ကင်ဆာဆဲလ်တွေ ဆင့်ကဲပြောင်းလဲလာပြီး ဒီကုသမှုတွေကို ရှောင်ရှားတတ်လာတာကြောင့် ဆေးဝါးတွေ အလုပ်မဖြစ်တော့တာ ဖြစ်ပါတယ်။
■ သိပ္ပံပညာရှင်တွေက ကင်ဆာအကျိတ်တွေ ကုသမှုယဉ်ပါးလာတဲ့အခါ ဖြစ်လာတဲ့ မျိုးဗီဇဆင့်ကဲပြောင်းလဲခြင်းကို လေ့လာထားကြပါတယ်။
■ ဒီပြောင်းလဲမှုတွေကနေ ကင်ဆာဆဲလ်တွေမှာ မော်လီကျူးအရာတွေ ကျန်ခဲ့ပါတယ်။
■ ဒီအရာတွေကို SpotNeoMet လို့ခေါ်တဲ့ စွမ်းအားမြင့်ကွန်ပျူတာကိရိယာဖြင့် ရှာဖွေပါတယ်။
■ ဒီနောက် ကုသမှုယဉ်ပါးတဲ့ ဆင့်ကဲပြောင်းလဲမှုတွေကို ရှာတွေ့နိုင်မယ့် အချက်အလက်တွေ ရှာဖွေပါတယ်။
■ ထိုအခါမှာ နီယိုအန်တီဂျင်လို့ခေါ်တဲ့ ပရိုတိန်း အပိုင်းအစတွေကို ထုတ်လုပ်ပေးကာ ဒီပစ္စည်းတွေက ကင်ဆာဆဲလ်တွေမှာပါ တွေ့ရပါတယ်။
■ ထိုနီယိုအန်တီဂျင်တွေကို ကိုယ်ခံအားကုသမှုအသစ်ပုံစံတွေ ဖြစ်လာအောင် လေ့ကျင့်ပေးပြီး ကင်ဆာဆဲလ်တွေကို တိုက်ခိုက်စေပါတယ်။
■ နောက်ထပ်လေ့လာစမ်းသပ်ချက်တွေ ပြုလုပ်ဖို့ လိုအပ်နေသေးကာ အခြားသော ကုထုံးယဉ်ပါးကင်ဆာတွေမှာ အသုံးပြုနိုင်ဖို့ ရည်ရွယ်ထားပါတယ်။
Source: India Today
#World_Health
Published 19 January 2026
■ သစ်သီးဝလံတိုင်း သွေးတွင်းသကြားဓာတ် တက်စေနိုင်တာ မဟုတ်ဘဲ သဘာဝအချိုဓာတ်၊ အမျှင်ဓာတ်၊ ဗိုက်တာမင်များ၊ သတ္တုဓာတ်များ၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ မျှတစွာ ပါဝင်ကြတယ်လို့ မွမ်ဘိုင်း ဝေါ့ခ်ဟဒ်ဆေးရုံမှ ဒေါက်တာ ပရာနက်ဗ်ဂိုဒီက ပြောပါတယ်။
■ စားသုံးတဲ့ပမာဏနဲ့ မှန်ကန်တဲ့အသီးမျိုး စားသုံးခြင်းဖြင့် သွေးတွင်းသကြားဓာတ် ထိန်းချုပ်နိုင်ပြီး အင်ဆူလင်ယဉ်ပါးခြင်းကို ထိန်းချုပ်နိုင်မယ့် အသီးတွေကို ဖော်ပြထားပါတယ်။
■ ပန်းသီး - အထူးသဖြင့် အခွံက အမျှင်ဓာတ်နဲ့ ပိုလီဖီနောကြွယ်ဝကာ သွေးတွင်းသကြားဓာတ် ထိန်းသိမ်းစေပါတယ်။
■ ထောပတ်သီး - ကောင်းကျိုးပြုအဆီနဲ့ အမျှင်ဓာတ် ကြွယ်ဝတာကြောင့် ဂလူးကို့စ်ကို ထိန်းသိမ်းပေးပါတယ်။
■ ဘလူးဘယ်ရီ - ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝပြီး ဆဲလ်တွေက အင်ဆူလင်ကို တုံ့ပြန်စေပါတယ်။
■ ဂရိတ်ဖရုသီး - နာရင်ဂျီနင် သဘာဝဒြပ်ပေါင်းက အင်ဆူလင်အလုပ်လုပ်စေပါတယ်။
■ လိမ္မော်သီး - အမျှင်ဓာတ်နဲ့ ဗိုက်တာမင်-စီ ပါဝင်ကာ သွေးတွင်းသကြားဓာတ်ပမာဏ နည်းစေပါတယ်။
■ ပန်းသီးစိမ်း - အချိုနည်းပြီး ဆာလောင်စိတ်ကို လျှော့ချပေးပါတယ်။
■ ဆီးချိုသမားတွေကတော့ အသီးဖျော်ရည်တွေ အသီးခြောက်တွေကို ရှောင်ရှားသင့်ပါတယ်။
အလုံးလိုက်ဆိုရင်တော့ သင့်တင့်တဲ့ပမာဏ စားခြင်းဖြင့် အမျှင်ဓာတ်ရရှိစေပြီး သွေးတွင်းသကြားဓာတ်ပမာဏ ကျဆင်းစေပါတယ်။
■ ဒါကြောင့် အသီးတွေကို ဂရုတစိုက်ရွေးချယ် စားသုံးပါက အာဟာရဓာတ်ကို အထောက်အကူ ဖြစ်စေပါတယ်။
Source: Indian Express
စားအုန်းဆီဖြန့်ဖြူးရောင်းချတဲ့ ကုမ္ပဏီများ၊ လက်ကား/ လက်လီကိုယ်စားလှယ်များအနေနဲ့ အရေအတွက်မှန်၊ ဈေးနှုန်းမှန်၊ အခြင်အတွယ်မှန်၊ အရည်အသွေးမှန်စတဲ့ မှန် (၄) မှန်နဲ့ ပြည်သူများထံသို့ စားအုန်းဆီများ ပျံ့ပျံ့နှံနှံရောက်ရှိစေရေးမှန်မှန်ကန်ကန်ဖြန့်ဖြူးရောင်းချပေးရန် လိုအပ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်က တိုက်တွန်းပြောကြားလိုက်ပါတယ်။
#Local_News
Published 17 January 2025
#စားအုန်းဆီ #ရန်ကုန်တိုင်းဒေသကြီး
#YMG/SW #Yangon_Times
#World_Health
Published 18 January 2026
■ လူတွေရဲ့ စားပုံ၊ သွားလာပုံ၊ အိပ်စက်ပုံ၊ အနားယူပုံတို့နဲ့ ပတ်သက်ပြီး ဆရာဝန်တွေ စိုးရိမ်နေကြပါတယ်။
■ ဒီအတွက် ၂၀၂၅ ခုနှစ်မှာ ဆရာဝန်တွေ သတိပေးထားတဲ့ အလေ့အကျင့် ၅ မျိုးကို ဖော်ပြထားပါတယ်။
■ (၁) ညမအိပ်ခင် ဖုန်းသုံးခြင်း
ညဘက် နောက်ကျမှ အစားစားခြင်း၊ ဖုန်းအသုံးပြုခြင်းတို့ကြောင့် ဦးနှောက်ဟာ နေ့ခင်းဘက်ပဲရှိသေးတယ်လို့ သိမြင်သွားပြီး အိပ်စက်မှုဟော်မုန်း ထုတ်လွှတ်မှုကို နှောင့်ယှက်စေကာ ကောင်းစွာမအိပ်နိုင်ခြင်း၊ အာရုံမစူးစိုက်နိုင်ခြင်းတို့ ဖြစ်နိုင်ပါတယ်။
■ (၂) ညစာနောက်ကျလွန်းမှစားခြင်း
ညအချိန်နောက်ကျမှ များများစားမိခြင်းဟာ အစာအိမ်ကောင်းစွာ မရှင်းလင်းနိုင်ခြင်း၊ အက်ဆစ်လျှံတက်ခြင်း၊ ခန္ဓာကိုယ်တွင်း ပြုပြင်ဖြစ်စဉ်များနှောင့်ယှက်ခြင်းတို့ ဖြစ်နိုင်ကာ အစာခြေခြင်းကို ထိခိုက်တာကြောင့် အဝလွန်ခြင်းလည်း ဖြစ်လာနိုင်ပါတယ်။
■ (၃) အထိုင်များလွန်းခြင်းနှင့် လှုပ်ရှားမှုမရှိခြင်း
အထိုင်များခြင်းကြောင့် ဇီဝကမ္မဖြစ်စဉ် နှောင့်နှေးခြင်း၊ သွေးလှည့်ပတ်မှုနည်းခြင်း၊ အဆစ်တောင့်တင်းခြင်း၊ နှလုံးရောဂါဖြစ်နိုင်ခြင်းတို့ ဖြစ်စေနိုင်ကာ သွေးကြောတွေထဲ အဆီတွေအနည်ထိုင်ပြီး သွေးကြောကျဉ်းစေနိုင်ပါတယ်။
■ (၄) အိပ်ချိန်မမှန်ခြင်း
ဘယ်လောက်ကြာအောင် အိပ်တယ်ဆိုတာထက် ဘယ်အချိန်အိပ်လဲဆိုတာက ပိုအရေးကြီးပြီး အိပ်ချိန်မှာ မအိပ်ပါက ကိုယ်ခံအားနည်းခြင်း၊ တုံ့ပြန်မှုနှုန်းနှေးခြင်းတို့ ဖြစ်တတ်ပါတယ်။
■ (၅) အဆင့်ဆင့်ထုပ်ပိုးစားစရာများ စားလွန်းခြင်း
အသင့်စား စားစရာများနဲ့ အဆင့်ဆင့်ထုတ်လုပ်စားစရာများ စားလွန်းခြင်းကိုလည်း ဆရာဝန်တွေ စိုးရိမ်နေကြကာ အဆိပ်အတောက်များ ဝင်ရောက်ခြင်း၊ ရောင်ရမ်းခြင်း၊ နှလုံးရောဂါဖြစ်နိုင်ခြင်းတို့ မြင့်မားစေပါတယ်။
Source: Indian Express.
#World_Science
Published 18 January 2026
■ သမိုင်းဝင် Lake Otero ရေကန်ရဲ့ ခမ်းခြောက်နေတဲ့ကြမ်းပြင်ကို သုတေသီများ လေ့လာခဲ့ရာမှာ ရှေးခေတ်ခြေရာတွေ ဒါဇင်ခန့်နစ်မြုပ်နေတာကို တွေ့ရှိခဲ့ကြပါတယ်။
■ ရေဒီယိုကာဗွန်အစေ့တွေကိုကြည့်ပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၆,၅၀၀ မှ ၁၉,၀၀၀ အတွင်း ကာလအချိန်က ဖြစ်မယ်လို့ ခန့်မှန်းရပါတယ်။
■ ယခင်ယူဆချက်တွေမှာ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၆,၀၀၀ ထက်စောပြီး မြောက်အမေရိကမှာ လူတွေမရှိခဲ့တာကြောင့် ယခုလေ့လာချက်က ဒီထက် နှစ်ပေါင်း ၇,၀၀၀ စောပြီး နယူးမက္ကဆီဒေသမှာ နေထိုင်ခဲ့ကြတယ်လို့ ဘုန်းမောက်တက္ကသိုလ်မှ ပရော်ဖက်ဆာ မက်သရူးဘန်းနက်ဦးဆောင်တဲ့ အဖွဲ့က တွေ့ရှိခဲ့ပါတယ်။
■ ခြေရာအလွှာတွေ အောက်နဲ့အပေါ်တို့မှာ တွေ့ရတဲ့ Ruppia cirrhosa အစေ့တွေရဲ့ သက်တမ်းကို ခန့်မှန်းကြည့်ရင် နှစ်ပေါင်း ၂၃,၀၀၀ နဲ့ ၂၁,၀၀၀ ကြားဖြစ်နိုင်ပါတယ်။
■ ခြေရာအများစုက ဆယ်ကျော်သက်တွေနဲ့ ကလေးတွေ ဖြစ်တာကြောင့် ထိုနေရာဟာ လူတွေနေထိုင်ခဲ့တဲ့ ပတ်ဝန်းကျင် ဖြစ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။
■ အမွှေးရှည်ဆင်၊ ဒိုင်းယားဝံပလွေတို့လို မျိုးသုဉ်းတိရိစ္ဆာန်တွေရဲ့ ခြေရာတွေလည်း တွေ့ရှိရပါတယ်။
■ ခြေရာတွေကိုကြည့်ပြီး ယခင်အကြောင်းအရာတွေကို ပြန်လည်သိရှိနိုင်မယ့် အခွင့်အရေးဖြစ်ပေမယ့် ထိုဒေသရဲ့ မျက်နှာပြင်က တိုက်စားမှုခံရပြီး ခြေရာတွေ ပျက်စီးကုန်ရပါတယ်။
Source: Daily Galaxy
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာလော့ဂိတ်ကတဆင့် တရုတ်နိုင်ငံကို တင်ပို့နေတဲ့ ရွှေသခွားမွှေးဈေးနှုန်းတွေကျဆင်းနေတယ်လို့ နယ်စပ်ပွဲရုံတွေက သိရပါတယ်။
#Local_News
Published 17 January 2025
#ရွှေသခွားမွှေး #ရှမ်းပြည်နယ်
#YMG/NN #Yangon_Times
ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ်(OWIC)လျှောက်ထားရာမှာအလုပ်ရှင် သို့မဟုတ် HR တို့ထံဆက်သွယ်နိုင်မယ့် ဖုန်းနံပါတ်နဲ့Email လိပ်စာတွေ ထည့်ပေးဖို့လိုအပ်တယ်လို့ အလပ်သမားဝန်ကြီးဌာန၊Safe Migration Channel ကနေ အသိပေးထုတ်ပြန်ထားပါတယ်။
#Local_News
Published 17 January 2025
#OWIC #Safe_Migration_Channel
#YMG/SW #Yangon_Times
#Local_News
Published 17 January 2026
▪️ ၂၀၂၅ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲအတွက်ရုပ်ရှင်ဇာတ်ကား ၂၂ ကားကို ဒုတိယအကြိမ် ပြန်လည်ကြည့်ရှု အကဲဖြတ်နေကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ သိရသည်။
▪️ ၂၀၂၅ ခုနှစ် တွင် ရုံတင်ဇာတ်ကား ရုပ်ရှင်ဇာတ်ကား ၇၂ ကားကို ပထမအဆင့်အကဲဖြတ်ကြည့်ရှုခဲ့ပြီးေနာက် ထိုထဲမှ ၂၂ ကားကို မြန်မာ့ရုပ်ရှင်ထူးချွန်ဆု စိစစ်အကဲဖြတ်ရေးအဖွဲ့က ဒုတိယ အကြိမ်ပြန်လည် ကြည့်ရှုအကဲဖြတ်ခြင်းဖြစ်ကြောင်း သိရသည်။
▪️ ဒုတိယအကြိမ် ပြန်လည်ကြည့်ရှု အကဲဖြတ်သည့်ဇာတ်ကားများမှာ မေတ္တာအမွေ ပုဂံမြေ၊ ပြုစား၊ ဗြောသံ၊ ရာသက်ပန် ငါ့ကောင်မလေး၊ ဖီလင်၊ မြေစာ၊ မောင့်မိဖုရား၊ ကံ့ကော်နီ၊ ဂုဏ်၊ ပန်းမြိုင်လယ်မှ ဥယျာဉ်မှူး၊ နတ်ဝင်သည်၊ ဆရာမ-၂၊ နှင်းပွင့်စေရာ၊ ဘဝကိုစားသော ကိန်းဂဏန်းများ၊ မြစ်လက်တက်ပေမဲ့ ရေစီးကကြမ်းတယ်၊ သူတော်တစ္ဆေ၊ ပဉ္စလက်မိုး၊ ညမင်္ဂလာ၊ အနှစ်၊ ပြန်မပြောရ၊ မြို့ပြထဲကလမ်းမနှင့် အဆိပ်တို့ဖြစ်ကြောင်း၊မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကို ဖေဖော်ဝါရီလ ၇ ရက်တွင် နေပြည်တော်ရှိ MICC – 1 ၌ ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။
#YMG/SW #Yangon_Times
Page 74 of 1950