မြန်မာနိုင်ငံကထွက်ရှိတဲ့ သရက်သီးတွေကို တောင်ကိုရီးယားနိုင်ငံက ကုမ္ပဏီတစ်ခုကဝယ်ယူဖို့ကမ်းလှမ်းလာတာကြောင့် ပြည်တွင်းက တင်ပို့လိုသူတွေကို အခုလနောက်ဆုံးထား လျှောက်ထားကြဖို့ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့က ဖိတ်ခေါ်ထားပါတယ်။
#Local_News
Published 26 September 2025
#တောင်ကိုရီးယား #သရက်သီး
#YMG/NN #Yangon_Times
တရုတ်ပြည်သူ့သမ္မတနိုင်ငံ မှာကျင်းပခဲ့တဲ့ (၂၂) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲမှာ မြန်မာ့ဆန်အမျိုးအစား (၂၀)ခန့် ပါဝင်ပြသခဲ့တယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ကသိရပါတယ်။
#Local_News
Published 26 September 2025
#တရုတ်ပြည်သူ့သမ္မတနိုင်ငံ #တရုတ်-အာဆီယံကုန်စည်ပြပွဲ
#YMG/NN #Yangon_Times
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြိုနယ်က ပြည်သူ့ရင်ပြင်မှာသီတင်းကျွတ် MSME ဈေးရောင်းပွဲတော်ကို လာမယ့် အောက်တိုဘာလ (၄) ရက်မှ (၇) ရက်အထိ (၄) ရက်တိုင်တိုင်ကျင်းပသွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရပါတယ်။
#Local_News
Published 26 September 2025
#MSME #သီတင်းကျွတ်ဈေးရောင်းပွဲတော်
#YMG/SW #Yangon_Times
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ မှ ထပ်မံတည်ဆောက်ပြီးစီးတဲ့ တိုက်(၅)လုံးကိုမဲနှိုက်နေရာချထားပေးသွားမယ်လို့ DUHG(Ygn)ကသိရပါတယ်။
#Local_News
Published 26 September 2025
#သုခဒဂုံပြည်သူ့အငှါးအိမ်ရာ # မဲနှိုက်နေရာချထားပေး
#YMG/SW #Yangon_Times
#Daily_News
Published 26 September 2025
၁။ သုခဒဂုံပြည်သူ့အငှါးအိမ်ရာမှ တိုက်(၅)လုံးကို မဲနှိက်နေရာချထားပေးမည်
၂။ သီတင်းကျွတ် MSME ဈေးရောင်းပွဲတော်ကို ကျင်းပမည်
၃။ တရုတ်-အာဆီယံ ကုန်စည်ပြပွဲ၌ မြန်မာ့ဆန်အမျိုးအစား(၂၀)ခန့် ပါဝင်ပြသ
၄။ ဂျပန်ကျူးကျော်ရက်စက်မှုများအကြောင်းကွက်ကွက်ကွင်းကွင်းတင်ဆက်ထားသည့် Dead To Rights ရုပ်ရှင် ဝင်ငွေယွမ်(၃)ဘီလီယံကျော်ခဲ့ပြီ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 26 September 2025
▪️ အာရှဘောလုံးအဖွဲ့ချုပ်(AFC)မှ ကြီးမှူးကျင်းပမည့် ဘောလုံးပြိုင်ပွဲများကို အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးထိန်လင်းက ပြောသည်။
▪️ ယမာန်နေ့ မနက် ၉ နာရီအချိန်က ရန်ကုန်မြို့ ဝေဇယန္တာလမ်းရှိ အမျိုးသား အားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏပတ္တမြားခန်းမ၌ကျင်းပခဲ့သည့်
(AFC) မှ ကြီးမှူးကျင်းပမည့် နိုင်ငံတကာဘောလုံးပြိုင်ပွဲများ၏ ပွဲစဉ်များကို အိမ်ရှင်အဖြစ် အောင်မြင်စွာလက်ခံကျင်းပနိုင်ရေး ပေါင်းစပ်ညှိနှိုင်းအစည်းအဝေး၌ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးထိန်လင်းက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
▪️ ဒုတိယဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် အောက်တိုဘာလနှင့် နိုဝင်ဘာလအတွင်း အာရှဘောလုံးအဖွဲ့ချုပ်(AFC)မှ ကြီးမှူးကျင်းပမည့် ဘောလုံးပြိုင်ပွဲများကို အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်ဖြစ်ရာ အောက်တိုဘာ ၁၃ ရက်မှ ၁၇ ရက်အထိ (AFC) U-17 Women’s Asian Cup China 2026 Qualifiers ပြိုင်ပွဲ၊ အောက်တိုဘာ ၁၄ ရက်တွင် (AFC) Asian Cup Saudi Arabia 2027 Qualifiers ပြိုင်ပွဲ၊ နိုဝင်ဘာ ၉ ရက်မှ ၁၅ ရက် အထိ Asian Women’s Cham-pions League (AWCL) 2025 Group Stage ပြိုင်ပွဲ၊ နိုဝင်ဘာ ၂၂ ရက်မှ ၃၀ ရက်အထိ AFC U-17 Asian Cup Saudi Arabia 2026 Qualifiers ပြိုင်ပွဲများကျင်းပမည်ဖြစ်ပါကြောင်း ပြောကြားသည်။
▪️ အဆိုပါပြိုင်ပွဲများ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ဘောလုံးပြိုင်ပွဲများ၏ လုံခြုံရေးကို ယခင်ဆောင်ရွက်ပေးသည်ထက် ပိုမိုဂရုစိုက် ဆောင်ရွက်ပေးစေလိုကြောင်း၊ သွားလာ/နေထိုင်စားသောက်ရေး ကိစ္စရပ်များ၊ အုပ်ချုပ်မှုပိုင်းဆိုင်ရာကိစ္စရပ်များ၊ ယာဉ်စည်းကမ်း/လမ်းစည်းကမ်းထိန်းသိမ်းရေးကိစ္စရပ်များ၊ ယာဉ်လမ်းကြောင်းပိတ်ဆို့မှုမဖြစ်ပေါ်စေရေးတို့ကို သက်ဆိုင်ရာဌာနများမှ ကဏ္ဍအလိုက် အလေးထားဆောင်ရွက်ပေးစေလိုကြောင်း၊ ပြိုင်ပွဲများအောင်မြင်စွာ လက်ခံကျင်းပနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့မှ ဝိုင်းဝန်းကူညီပူးပေါင်းညှိနှိုင်းဆောင်ရွက်ပေးစေလိုပါကြောင်းပြောကြားခဲ့ သည်။
▪️ ထို့နောက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် စီမံရေးရာနှင့်လုံခြုံရေးဌာနတာဝန်ခံက Video Clip ဖြင့် ပြိုင်ပွဲအစီအစဉ်များကို ရှင်းလင်းပြသပြီး အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြသည်။
▪️ ယင်းနောက် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်တို့က Asian Women’s Champions League (AWCL) 2025 Group Stage ပြိုင်ပွဲ ယှဉ်ပြိုင်အောင်နိုင်ရေးကိစ္စရပ်များကို ထပ်မံဖြည့်စွက်ပြောကြားပြီး ဒုတိယဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြား သည်။
▪️ အဆိုပါ အစည်းအဝေးသို့ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးထိန်လင်း၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 26 September 2025
▪️ မြန်မာနိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူများအနေဖြင့် မလေးရှားသို့ ကာလတို ၁၄ ရက်အလည်အပတ် သွားရောက်ရာတွင် ပြည်ဝင်ခွင့်ဗီဇာလိုအပ်ချက်များ ကင်းလွတ်ခွင့်ပြုကြောင်း ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ မလေးရှားသံရုံးက သတင်းထုတ်ပြန်ချက်အရ သိရသည်။
▪️ ထိုသို့ကင်းလွတ်ခွင့်ပြုရာတွင် အောက်တိုဘာ ၁ ရက်မှ စတင်ပြီး မြန်မာနိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူများအနေဖြင့် မလေးရှားနိုင်ငံသို့ ကာလတိုလူမှုရေး အလည်အပတ်ခရီးသွားရောက်ရန် ပြည်ဝင်ခွင့် ဗီဇာလိုအပ်ချက်များကို ကင်းလွတ်ခွင့်ပြုကာ ၁၄ ရက်အထိ နေထိုင်ခွင့်ပြုကြောင်း ဖော်ပြထားသည်။
▪️ ထို့ပြင် မလေးရှားနိုင်ငံသို့ ဝင်ရောက်ခွင့်သည် သတ်မှတ်ထားသည့် နိုင်ငံဝင်ပေါက်၊ ထွက်ပေါက်များရှိ လူဝင်မှုကြီးကြပ်ရေးအရာရှိ၏ အတည်ပြုမှုချက်အပေါ် မူတည်သဖြင့်ဗီဇာလိုအပ်ချက်များ ကင်းလွတ်ခွင့်ပြုခြင်းသည် မလေးရှားနိုင်ငံသို့ ဝင်ရောက်ခွင့်ရရန် အာမခံချက်မဟုတ်သည်ကို သတိပြုစေလိုကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 26 September 2025
▪️ စိုးရိမ်ရေအမှတ်ကျော်လွန်နေသည့် စစ်တောင်းမြစ်ရေသည် လာမည့် ၂၄နာရီအတွင်း ထပ်မံမြင့်တက်လာနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။
▪️ မိုး/ဇလ၏ နံနက် ၇နာရီအချိန်ထုတ်ပြန်ချက်အရ စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် စိုးရိမ်ရေအမှတ်အထက်သို့ ပေဝက်ကျော် ကျော်လွန်နေပြီး နောက်တစ်ရက်အတွင်း ပေဝက်ခန့်ထပ်မံမြင့်တက်လာနိုင်ကာ မဒေါက်မြို့၏ စိုးရိမ်ရေအမှတ်အထက် ဆက်လက်တည်ရှိနေမည်ဖြစ်ကြောင်း သိရသည်။
▪️ ထို့ကြောင့် ဘားအံ့မြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့်မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် သတိပြုနေထိုင်ရန်နှင့် မဒေါက်မြို့အတွင်းရှိ မြစ်ကမ်းအနီးနှင့်မြေနိမ့်ပိုင်းနေထိုငိသူများအနေဖြင့်ရေဘေးလွတ်ရာများသို့ ရှောင်ရှားကြရန် အသိပေးထားသည်။
#YMG/SW #Yangon_Times
Putin Pledges Continued Discussion on Agreements Between Russia and Myanmar Governments to Senior General Min Aung Hlaing
Nay Pyi Taw, September 25 — Russian President Vladimir Putin told Senior General Min Aung Hlaing, who is on a working visit to the Russian Federation at President Putin's invitation, that they will proceed with detailed discussions to ensure the continued implementation of agreements already reached between the governments of Myanmar and Russia.
Senior General Min Aung Hlaing, the Acting President of the Republic of the Union of Myanmar and Chairman of the State Security and Peace Commission, met with President H.E. Vladimir Vladimirovich Putin this evening at the Kremlin Palace in Moscow.
The Senior General noted that the diplomatic relations between Myanmar and Russia span over 70 years, and that military-to-military diplomatic relations are also marked by strong friendship and joint cooperation efforts.
Following this, the two leaders exchanged views candidly and openly on matters concerning the promotion of friendship and cooperation between the two nations across various sectors. These included the peaceful use of nuclear energy, as well as cooperation in investment, electric power, health and pharmaceutical production, agriculture, education, strengthening defense cooperation, and collaborating with the international community regarding elections, among other areas.

Attending the meeting alongside the Senior General were Gen Ye Win Oo (Joint Secretary and Chief Executive of the Commission), Union Minister for Foreign Affairs U Than Swe (Commission Member), Union Ministers U Nyan Tun, U Ko Ko Lwin, Dr. Myo Thein Kyaw, Dr. Thet Khaing Win, Mandalay Region Chief Minister U Myo Aung, and Myanmar's Ambassador to the Russian Federation U Thit Lin Ohn, along with other officials.
Accompanying the President of the Russian Federation were the Deputy Chief of Staff of the Presidential Executive Office, the Assistant to the President of the Russian Federation, Ministers from the Ministries of Finance and Energy, along with other officials and heads of government agencies.
#ymg/knl
နေပြည်တော်၊ စက်တင်ဘာ - ၂၅
ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ အလုပ်သဘောခရီးရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနှင့် ရုရှားနှစ်နိုင်ငံအစိုးရနှစ်ရပ်အကြားရရှိထားသည့် သဘော တူညီချက် များကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွား နိုင်ရေး အသေးစိတ်ဆွေးနွေးသွားမယ်လို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာ ပူတင်က မော်စကို ကိုရောက်ရှိနေတဲ့ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ပြောကြားပါတယ်။

ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ အလုပ်သဘောခရီးရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့ညပိုင်းတွင် မော်စကို မြို့၊ ကရင်မလင်နန်းတော်၌ ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ H.E. Vladimir Vladimirovich Putin နှင့်တွေ့ဆုံဆွေးနွေးခဲ့တာဖြစ်ပါတယ်။
မြန်မာ -ရုရှားနှစ်နိုင်ငံ သံတမန်ဆက်ဆံရေးသည် နှစ်ပေါင်း ၇၀ ကျော်ကြာမြင့် ခဲ့ပြီဖြစ်ပြီး နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား စစ်ဘက်သံတမန်ဆက်ဆံရေးသည် လည်း ခိုင်မြဲ သော ချစ်ကြည်ရင်းနှီးမှုဖြင့် ပူးပေါင်းဆောင်ရွက်မှုများကို အတူတကွ ပူးပေါင်းလက်တွဲဆောင်ရွက်နေတယ်လို့ ဗိုလ်ချုုပ်မှူးကြီးကပြောပါတယ်။
ထို့နောက် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့်ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့် ဆောင်ရွက်ရေးဆိုင်ရေး၊ နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးပြုရေး ကဏ္ဍ၊ ရင်းနှီးမြှုပ်နှံမှုကဏ္ဍ၊ လျှပ်စစ်စွမ်းအင်ကဏ္ဍ၊ ကျန်းမာရေးနှင့် ဆေးဝါး ထုတ်လုပ် ရေးကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ ပညာသင်ကြား ရေးကဏ္ဍ၊ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးကဏ္ဍ၊ ရွေးကောက်ပွဲကို နိုင်ငံတကာနှင့် ပူးပေါင်းဆောင်မှုများနှင့် အခြား ကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့် လင်းစွာဖြင့် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါတယ်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ဗိုလ်ချုပ်မှူးကြီးနှင့်အတူ ကော်မရှင်အတွင်းရေးမှူး တွဲဖက် အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးဉာဏ်ထွန်း၊ ဦးကိုကိုလွင်၊ ဒေါက်တာ မျိုးသိမ်းကျော်၊ ဒေါက်တာ သက်ခိုင်ဝင်း၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးသစ်လင်းအုန်းနှင့် တာဝန်ရှိသူတို့ တက်ရောက်ကြပြီး ရုရှားဖက်ဒရေးရှင်း နိုင်ငံသမ္မတနှင့်အတူ သမ္မတအုပ်ချုပ်မှုရုံး ဒုတိယအကြီးအကဲ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ၏ လက်ထောက်အရာရှိ၊ ဘဏ္ဍာရေး၊ စွမ်းအင် ဝန်ကြီး ဌာနတို့မှ ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် အစိုးရအဖွဲ့အကြီးအကဲများ တက်ရောက် ကြပါတယ်။
#ymg/knl
#World_Health
Published 26 September 2025
▪️ ပထမဆုံးသော အမျိုးသားကိုယ်ဝန်တားဆေးဟာ လူသားစမ်းသပ်မှုပြုလုပ်ခွင့်ရထားပြီး မကြာခင်မှာ ကိုယ်ဝန်တားနည်းသစ် ပေါ်ထွက်လာဖို့ မျှော်လင့်ရပါတယ်။
▪️ YCT-529 ဆေးဟာ လက်ရှိမှာ လက်တွေ့စမ်းသပ်မှုကြီး ပြုလုပ်တော့မှာဖြစ်ပြီး ဆယ်စုနှစ်အကုန်ကျရင် ဈေးကွက်ထဲရောက်နေဖို့ ကျွမ်းကျင်သူတွေ မျှော်လင့်ထားပါတယ်။
▪️ ဟော်မုန်းတွေအပေါ် သက်ရောက်တဲ့ သာမန်တားဆေးတွေနဲ့ မတူတာက YCT-529 ဟာ တက်စ်တိုစတီရုန်းဟော်မုန်းကို မသက်ရောက်စေဘဲ သုတ်ပိုးထုတ်လုပ်မှုကို ယာယီရပ်တန့်စေတာ ဖြစ်ပါတယ်။
▪️ သုတ်ပိုးထုတ်လုပ်ရာမှာ အဓိကပါဝင်ပတ်သက်တဲ့ ရက်တီနိုအစ်အက်ဆစ်ရီဆပ်တာအယ်ဖာဆိုတဲ့ ပရိုတိန်းကို ပိတ်ဆို့လိုက်တာ ဖြစ်ပါတယ်။
▪️ အကောင်းဆုံးအချက်ကတော့ ပိတ်ဆို့မှုကို ပြန်ပြောင်းစေနိုင်တာပဲ ဖြစ်ပါတယ်။
▪️ ကြွက်ထီးတွေနဲ့ စမ်းသပ်ရာမှာ YCT-529 က သုတ်ပိုးထုတ်လုပ်မှုကို သိသိသာသာ လျှော့ချပေးပြီး ၄ ပတ်အတွင်း ဖြစ်စဉ်ကို ပြန်ပြောင်းနိုင်ပါတယ်။
▪️ ကြွက်မတွေနဲ့ မိတ်လိုက်ခိုင်းရာမှာ ကိုယ်ဝန်တားဆီးခြင်း ၉၉ ရာခိုင်နှုန်း ထိရောက်မှုရှိခဲ့တယ်လို့ တွေ့ခဲ့ပါတယ်။
▪️ လေ့လာချက်စစ်တမ်းများအရ အမျိုးသားတွေဟာ ကိုယ်ဝန်တားတဲ့နေရာမှာ လက်တွဲဖော်ရဲ့ ဝန်ထုပ်ဝန်ပိုးကို မျှယူချင်တယ်လို့ တွေ့ရှိရကြောင်း YourChoice Therapeutics စီအီးအို အာကက်ရှ်ဘက်ရှီက ပြောပါတယ်။
▪️ ပိုမိုဘေးကင်းပြီး ထိရောက်တဲ့ အမျိုးသားဆေးက စုံတွဲတွေ ကိုယ်ဝန်ထိန်းချုပ်ရာမှာ ပိုမိုရွေးချယ်စရာ ဖြစ်လာမှာပါ။
▪️ အခုဆိုရင် ကလေးမယူဖို့ ဆုံးဖြတ်ထားတဲ့ အမျိုးသား ၅၀ ကျော်မှာ စမ်းသပ်မှုကြီး ပြုလုပ်နေပြီဖြစ်ပါတယ်။
Source: New York Post.
တရုတ်ရေတပ်က တနင်္လာနေ့မှာ လေယာဉ်တင်သင်္ဘောဖူကျန်ပေါ်ကနေ J-15T ၊ J-35 နဲ့ KongJing-600 လေယာဉ်များရဲ့ ပထမဆုံးလျှပ်စစ်သံလိုက်ပင့်တင်ပျံတက်ခြင်းနဲ့ ဆင်းသက်လေ့ကျင့်မှုများ အောင်မြင်စွာပြီးစီးခဲ့ကြောင်း ပြောကြားလိုက်ပါတယ်။
#Asia_Military
Published 25 September 2025
#တရုတ်သင်္ဘောအခြေစိုက်တိုက်လေယာဉ် #လျှပ်စစ်သံလိုက်ပင့်တင်
#YMG #Yangon_Times #Yangon_Media_Group
Page 75 of 1856