#Local_News
Published 13 January 2026
■ ယနေ့ဇန်နဝါရီလ၁၃ရက် နံနက်ပိုင်းကမအူပင်မြို့နယ်အတွင်းမြစ်ကမ်းပါးပြိုကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
■ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ တလုပ်လပ်အနောက်ကျေးရွာအုပ်စု၊ အောက်ပိုင်းကျေးရွာ၌ ယနေ့နံနက်ပိုင်းက တိုးမြစ်ရေတိုက်စားမှုကြောင့် အလျား (၅၀) ပေ၊ အနံ (၂၀)ပေခန့် မြစ်ကမ်းပါးပြိုကျမှုဖြစ်ပွားခဲ့ပြီး မြစ်ကမ်းပါးပြိုကျမှုနှင့်နီးကပ်သည့် ဓနိမျုး၊ ဓနိကာ၊ ပျဉ်ခင်းနေအိမ် (၃)လုံး ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရကြောင်း သိရသည်။
■ အဆိုပါမြစ်ကမ်းပါးပြိုကျမှုကြောင့် ငွေကျပ်(၆၀၀၀၀ဝိ/) (ခြောက်သိန်းကျပ်)ခန့် ဆုံးရှုံးခဲ့ရပြီး ကြိုတင်ဖျက်သိမ်းခဲ့သည့် နေအိမ်ရှိမိသားစုဝင်များအား နီးစပ်ရာဆွေမျိုးများနေအိမ်တွင် ခေတ္တ ပြောင်းရွေ့နေထိုင်စေပြီး ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များဝင်များမှဘေးလွတ်ရာမြစ်ကမ်းနှင့်ဝေးကွာသည့်နေရာတွင် နေအိမ်များပြန်လည်ဆောက်လုပ်နေထိုင်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါဖြစ်စဉ်ကြောင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။
#YMG/SW #Yangon_Times
#World_News
Published 13 January 2026
■ အီရန်အစိုးရအပေါ် အမေရိကန်စစ်ရေးတုံ့ပြန်မှု ဆောင်ရွက်ရန်သင့်မသင့် သမ္မတဒေါ်နယ်ထရမ့် ချင့်ချိန်စဉ်းစားနေရပါတယ်။
■ အီရန်အစိုးရ ဆန္ဒပြပွဲများကို အကြမ်းဖက်နှိမ်နင်းခဲ့ရာမှာ လူ ၆၀၀ နီးပါးသေဆုံးခဲ့ပြီး ထောင်နဲ့ချီ ဖမ်းဆီးခံခဲ့ရပါတယ်။
■ အီရန်အနေနဲ့ အစိုးရဆန့်ကျင်ရေးဆန္ဒပြသူများကို အင်အားသုံးဖြိုခွဲကြောင်း တွေ့ရှိပါက စစ်ရေးဆောင်ရွက်မှု ပြုလုပ်မယ်လို့ ထရမ့်က အီရန်ကို အကြိမ်ကြိမ်သတိပေးထားပါတယ်။
■ အခုအခါ အီရန်က ဒါကိုကျော်လွန်လာပြီဖြစ်သဖြင့် နိုင်ငံတော်လုံခြုံရေးအဖွဲ့နဲ့ အရေးတကြီး စဉ်းစားနေရပြီလို့ ထရမ့်က ပြောပါတယ်။
■ လောလောဆယ်တော့ အမေရိကန်စစ်ရေးလှုပ်ရှားမှု အသင့်အနေအထားမှာပဲ ရှိနေသေးပြီး အီရန်အရာရှိပိုင်းတွေက အိမ်ဖြူတော်နဲ့ ဆွေးနွေးလိုတယ်လို့ ဆိုထားပါတယ်။
■ အီရန်အစိုးရဆီကနေ ကြားရတာက အကြောင်းတွေက သီးသန့်ရရှိတဲ့ သတင်းစကားတွေနဲ့ ကွဲလွဲနေပြီး သမ္မတက ဒါတွေကို စစ်ဆေးလိုတယ်လို့ အိမ်ဖြူတော် မီဒီယာဝန်ကြီး ကယ်ရိုလင်းလီဗစ်က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
■ အီရန်အစိုးရရဲ့ လုပ်ရပ်တွေကို အပြစ်ပေးတဲ့အနေနဲ့ အီရန်နဲ့ စီးပွားရေးလုပ်နေတဲ့ နိုင်ငံတွေကို ထရမ့်က ၂၅ ရာခိုင်နှုန်းအခွန်စည်းကြပ်ဖို့ ထုတ်ပြန်ခဲ့ပါတယ်။
■ မဟာမိတ်တွေကတော့ ထရမ့်ကို ပြတ်ပြတ်သားသား ဆောင်ရွက်ဖို့ တိုက်တွန်းနေပြီး အစိုးရက သံတမန်ရေးကစလို့ စစ်ရေးတိုက်ခိုက်မှုတွေအထိ အမျိုးမျိုးသောတုံ့ပြန်မှုတွေ ပြင်ဆင်နေပါတယ်။
■ ဆန္ဒပြပွဲတွေက အီရန်အစိုးရကို အားနည်းအောင် ပြုလုပ်နိုင်မယ့် အခွင့်အရေးလို့ မြင်နေကြသလို နောက်ဆက်တွဲဖြစ်ရပ်တွေလည်း စိုးရိမ်နေရတယ်လို့ မြင်နေကြပါတယ်။
Source: AP News
#Local_News
Published 13 January 2025
▪️ ကျေးဇူးတော်ရှင်ဝင်းစိန်တောရဆရာတော်ဘုရားကြီး၏သက်တော်(၁၀၅)နှစ်မြောက် ဝိဇာတမွေးနေ့ အလှူတော်မင်္ဂလာပွဲကို ပြာသိုလပြည့်ကျော် ၁၀ ရက်နေ့က မွန်ပြည်နယ်
မုဒုံမြို့ရှိ ဝင်းစိန်တောရ၌ ကျင်းပနေကြောင်းသိရသည်။
▪️ အဆိုပါ မွေးနေ့အလှူတော်မဂ်လာပွဲ၌ ကျေးရွာအလိုက် စတုဒီသာမဏ္ဍပ်ပေါင်း ၄၆ ခု ဖြင့် ကျွေးမွေးခဲ့ရာ လာရောက်သူများသိန်းချီ၍ များပြားခဲ့ကြောင်း သိရသည်။
▪️ မွန်-ဗမာ လူမျိုးဖြစ်သူဝင်းစိန် ဆရာတော်ဘုရားကို ဇန်နဝါရီ ၂၂၊ ၁၉၂၂ မြန်မာသက္ကရာဇ် ၁၂၈၃ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁ဝ ရက်နေ့တွင် မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ လက်တက်ကျေးရွာ၌ မွေးဖွားခဲ့ပြီး ဧပြီ ၂၆၊ ၂၀၁၅ (အသက် ၉၃) မြန်မာသက္ကရာဇ် ၁၃၇၇ ကဆုန်လဆန်း ၉ ရက် နေ့တွင် ဘဝနတ်ထံပျံလွန်တော်မူခဲ့ကြောင်း သိရသည်။
▪️ ထိုသို့ပျံလွန်တော်မူခဲ့သော်လည်း ဆရာတော်ဘုရားကြီး၏ မပုတ်မသိုးရုပ် ခန္ဓာ အား စံကျောင်းတော်တွင်ထားရှိရာ ရပ်ဝေးရပ်နီးမှ လာရောက်ဖူးမျှော်လျှက်ရှိကြောင်းသိရသည်။
▪️ ထို့အပြင် နာယကဆရာတော် ဘဒ္ဒန္တသောဟုလာ (ခ) ဦးဇင်းလေးကိုအမှူးထား၍
ရပ်ဝေး၊ရပ်နီးမှ တပည့်ဒါယိကာ ၊ဒါယိကာမများမှလည်း နှစ်စဉ် မွေးနေ့အလှူတော်မဂ်လာများကိုကျင်းပပေးလျှက်ရှိရာ လာရောက်ဖူးမျှော်သူများနှင့်စည်ကားများပြားလေ့ရှိကြောင်းသိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 13 January 2025
■ ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့တော်အနီး အီလ်ဆန်မြို့တွင်ပြုလုပ်မည့်
“နိုင်ငံတကာသစ်ပင်ပန်းမန်နှင့် ဥယျာဉ်ခြံစိုက်ပျိုးရေးဆိုင်ရာပစ္စည်းများပြပွဲ ဂိုယန်း၊ ကိုရီးယား ၂၀၂၆” ပြပွဲ တွင် ပါဝင်ပြသရန် စိတ်ပါဝင်စားသူများအား ဖိတ်ကြားထားကြောင်းသိရသည်။
■ အဆိုပါ “နိုင်ငံတကာသစ်ပင်ပန်းမန်နှင့် ဥယျာဉ်ခြံစိုက်ပျိုးရေးဆိုင်ရာ ပစ္စည်းများပြပွဲ ဂိုယန်း၊ ကိုရီးယား ၂၀၂၆” ပြပွဲကို ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့တော်အနီး အီလ်ဆန်မြို့ရှိ llsan Lake Park တွင် ဧပြီ (၂၄) ရက်နေ့ မှ မေလ(၁၀)ရက်နေ့ အထိကျင်းပပြုလုပ်မည် ဖြစ်သည်။
■ ယင်းပြပွဲတွင် ပါဝင်ပြသရန် မြန်မာနိုင်ငံမှ ပါဝင်ပြသရန် နိုင်ငံခြားရေးဝန်ကြီးဌာနမှဖိတ်ကြား
လာ ကြောင်းသိရသည်။
■ အဆိုပါပြပွဲရှိ နိုင်ငံအလိုက်ပြခန်း (National Pavillian) များတွင် မြန်မာနိုင်ငံမှပါဝင်ပြသရန် MFVP အသင်းဝင်များနှင့် စိတ်ပါဝင်စားသူများအား ထပ်ဆင့်အသိပေး ဖိတ်ကြားထားကြောင်း သိရသည်။
#YMG/NN #Yangon_Times
#World_Health
Published 13 January 2026
■ ကမ္ဘာပေါ်မှာ ကျောက်ကပ်ရောဂါဖြစ်ပွားသူ သန်း ၈၅၀ ကျော်ရှိနေပါတယ်။
■ ဆီးချိုသွေးတိုးရောဂါများ အဖြစ်များလာခြင်းက ကျောက်ကပ်ရောဂါ ဖြစ်လာစေပါတယ်။
■ နေ့စဉ်ပြုမူပုံတွေကို သတိပြုပြီး နာတာရှည်ကျောက်ကပ်ရောဂါ ဖြစ်နိုင်ခြေ လျှော့ချနိုင်ပါတယ်။
■ အမေရိကန်မှ ဒေါက်တာ ဂျွန်ဗယ်လင်တိုင်းက အသက် ၄၀ နောက်ပိုင်း အမျိုးသမီးတွေရဲ့ ကျောက်ကပ်ကျန်းမာရေး ထိခိုက်စေနိုင်တဲ့ အပြုအမူတွေကို ဖော်ပြထားပါတယ်။
■ (၁) အိုင်ဗျူပရိုဖန် အသုံးများခြင်း
အကိုက်အခဲပျောက်ဆေးတစ်မျိုးဖြစ်တဲ့ အိုင်ဗျူပရိုဖန်က ကျောက်ကပ်ဆီ သွေးစီးဆင်းမှု လျော့နည်းစေကာ ရေရှည်မှာ ကျောက်ကပ်ထိခိုက်စေသဖြင့် ဆေးကို ပမာဏနည်းနည်းဖြင့် ခဏတာသာ အသုံးပြုသင့်ပါတယ်။
■ (၂) ရေလုံလောက်စွာမသောက်ခြင်း
ရေသောက်နည်းလွန်းရင် ရေဓာတ်ခန်းခြောက်ပြီး ဆီးသွားနည်းကာ ကျောက်တည်ခြင်း၊ ရောဂါကူးစက်ခြင်းတို့ ဖြစ်လာနိုင်ပါတယ်။
■ (၃) ပရိုတိန်းစားသုံးမှုများလွန်းခြင်း
ပရိုတိန်းက အရေးကြီးတဲ့ အာဟာရဖြစ်ပေမယ့် များလွန်းရင် ကျောက်ကပ်အတွက် ဝန်ဖြစ်စေပြီး အသက် ၄၀ နောက်ပိုင်း ဆီးစွန့်ထုတ်နိုင်စွမ်းကို ထိခိုက်စေပါတယ်။
■ (၄) မကြာခဏဆီးသွားခြင်း
အထူးသဖြင့် ညဘက်မှာ မကြာခဏ ဆီးသွားလိုခြင်းက ကျောက်ကပ်ရောဂါ လက္ခဏာ ဖြစ်နိုင်ပြီး ကျောက်ကပ်မှ ဆီးစွန့်ထုတ်ပစ္စည်းတွေ ထိခိုက်တဲ့အခါ ဆီးသွားလိုစိတ်ပြင်းထန်သလို ဆီးလမ်းကြောင်း ပိုးဝင်ခြင်း ဆီးကျိတ်ကြီးခြင်းတို့လည်း ဖြစ်နိုင်ပါတယ်။
■ (၅) ဆီးအောင့်ထားခြင်း
ဆီးအိမ်ထဲမှာ ဆီးထိန်းထားပါက ဘက်တီးရီးယား ပွားလာနိုင်ပြီး ကျောက်ကပ်တွေထဲ ရောက်ကာ ဆီးလမ်းကြောင်း ပိုးဝင်ခြင်း ဖြစ်နိုင်ပါတယ်။
■ မကြာခဏ ဒီလိုမျိုးဆီးအောင့်ထားပါက ကျောက်ကပ်မှာ ဒဏ်ရာစွဲမြဲထိခိုက်နိုင်ကာ ကျောက်ကပ်ရောဂါဖြစ်နိုင်ခြေ ၅ ဆလောက် ပိုများစေပါတယ်။
Source: NDTV
#World_Health
Published 13 January 2026
■ ယနေ့ခေတ် လျင်မြန်စွာ တိုးတက်နေတဲ့ကမ္ဘာကြီးမှာ အိပ်စက်ခြင်းဆိုတာက တန်ဖိုးကြီးလာပါတယ်။
■ အလုပ်တွေ ပိုပြီးမြောက်အောင် အိပ်ချိန်နဲ့ ပေးဆပ်လာကြပါတယ်။
■ ဒီအတွက် အိပ်ရေးပျက်လာပြီး ခန္ဓာကိုယ်စွမ်းဆောင်ရည်တွေ ကျဆင်းလာပါတယ်။
■ ရေရှည်အိပ်ရေးပျက်တဲ့အခါ ခန္ဓာကိုယ်ကနေ အာဟာရဓာတ်တွေ စုပ်ယူမှုကို ထိခိုက်လာပါတယ်။
■ အစာအိမ်အူလမ်းကြောင်းက ဦးနှောက်ရဲ့ အိပ်စက်မှု-နိုးထမှုစက်ဝန်းနဲ့ အတော်နီးစပ်ပြီး အိပ်ရေးမဝတဲ့အခါ အူလှုပ်ရှားမှု၊ အစာခြေအင်ဇိုင်းထုတ်လုပ်မှု၊ ပိုးမွှားစနစ်တို့ကို ထိခိုက်လာစေပါတယ်။
■ အိပ်ရေးပျက်တဲ့အခါ ဓာတ်တိုးမှုတွေဖြစ်ပြီး ဗိုက်တာမင်-စီတွေ အလျင်အမြန် ကုန်ခမ်းလာပါတယ်။
■ ဒါ့အပြင် ကယ်စီယံစုပ်ယူမှုကိုလည်း လျော့နည်းစေပြီး အရိုးအားနည်းခြင်းတွေ ဖြစ်လာပါတယ်။
■ မဂ္ဂနီဆီယံလည်း ဆုံးရှုံးစေသဖြင့် ကြွက်တက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ အိပ်မပျော်ခြင်းတို့ ဖြစ်စေကာ သံသရာလည်သွားပါတော့တယ်။
■ သံဓာတ်နဲ့ ဗိုက်တာမင်-ဘီအုပ်စု စုပ်ယူမှုလျော့နည်းလာကာ ပင်ပန်းနွမ်းနယ်ခြင်း၊ ကိုယ်ခံအားနည်းခြင်း၊ စိတ်အပြောင်းအလဲဖြစ်ခြင်းတို့ ဖြစ်လာစေပါတယ်။
■ အာဟာရဓာတ်တွေက အာရုံကြောပို့ဆောင်ပစ္စည်း ထုတ်လုပ်မှု၊ မိုင်ယာလင်ဖြစ်ပေါ်မှု၊ ဦးနှောက်ဆဲလ်တွေထဲက စွမ်းအင်ဖြစ်စဉ်တို့အတွက် အရေးပါပါတယ်။
■ ဒီအာဟာရဓာတ်တွေ ချို့တဲ့ရင် ခေါင်းကိုက်ခြင်း၊ ဦးနှောက်ထိုင်းမှိုင်းခြင်း၊ စိတ်မမှန်ခြင်း၊ အာရုံကြောချို့ယွင်းရောဂါတို့ ဖြစ်လာစေပါတယ်။
■ အိပ်ရေးပျက်လို့ ဇီဝဖြစ်စဉ်ယိုယွင်းခြင်းကို ဖြည့်စွက်ဆေးတွေနဲ့ လုံလောက်အောင် မဖြည့်ဆည်းနိုင်ပါဘူး။
■ အိပ်ချိန်မလုံလောက်ဘူးဆိုရင် အာဟာရမျှတအောင် စားသုံးလျှင်ပင် အာဟာရဓာတ်ချို့တဲ့နိုင်ပါသေးတယ်။
■ ဒီအတွက် တစ်နေ့ကို အိပ်ချိန် ၇-၉ နာရီခန့် ကောင်းစွာအိပ်စက်ဖို့ အရေးကြီးပါတယ်။
Source: Indian Express.
လတ်စ်ဗေးဂတ်စ်မှ ၂၀၂၆ သုံးစွဲသူ အီလက်ထရွန်နစ်ပြပွဲ(CES)မှာ ကုမ္ပဏီအများအပြားက ကျန်းမာရေးစောင့်ရှောက်မှုအပိုင်းမှာ AI ကို ဘယ်လိုအသုံးချမလဲဆိုတာနဲ့ ဒီဂျစ်တယ်ရုပ်ပွားများ အနာဂတ်မှာဖန်တီးမယ့် နည်းပညာတွေကို ပြသခဲ့ပါတယ်။
#World_Technology
Published 12 January 2026
#AI #လတ်စ်ဗေးဂတ်စ်အီလက်ထရွန်နစ်ပြပွဲ
#YMG #Yangon_Times #Yangon_Media_Group
(၇၃)ကြိမ်မြောက် ဘန်ကောက်ကျောက်မျက်ရတနာပြပွဲသို့ မြန်မာနိုင်ငံမှလုပ်ငန်းရှင်တွေ ပါဝင်ပြသသွားမယ်လို့ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှသိရပါတယ်။
#Local_News
Published 12 January 2026
#ဘန်ကောက်ကျောက်မျက်ရတနာ #မြန်မာနိုင်ငံ
#YMG/NN #Yangon_Times
ကိုဗစ်-၁၉ ကြောင့်ဖြစ်ပေါ်လာနိုင်တဲ့ စီးပွားရေးသက်ရောက်မှုတွေအပေါ် ကုစားဖို့ ထုတ်ချေးပေးထားတဲ့ လုပ်ငန်းတွေမှာ အတိုးအရင်းမပေးဆပ်သူ (၃၅၇)ဦး အထိရှိနေတယ်လို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန (MIFER) က သိရပါတယ်။
#Local_News
Published 12 January 2026
#ကိုဗစ်ချေးငွေ #ကိုဗစ်-၁၉
#YMG/NN #Yangon_Times
နေပြည်တော်မှာ တန်ဖိုးငွေ ကျပ်(၇၅)ဘီလီယံခန့်ရင်းနှီးမြုပ်နှံကာအဆောက်အုံများတည်ဆောက်သွားမယ်လို့ မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်မှ သိရပါတယ်။
#Local_News
Published 12 January 2026
#နေပြည်တော် #မြန်မာနိုင်ငံဆောက်လုပ်ရေး
#YMG/SW #Yangon_Times
၁၂ ဇန်နဝါရီ၊၂၀၂၆
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သူ၏ လူမှုကွန်ရက်ပလက်ဖောင်းဖြစ်သော Truth Social တွင် ရေးသားဖော်ပြချက်တစ်ခု၌ မိမိကိုယ်ကို "ဗင်နီဇွဲလားနိုင်ငံ၏ ယာယီသမ္မတ" ဟု ဖော်ပြခဲ့ပြီး ယင်းသည် ရေနံကြွယ်ဝသော တောင်အမေရိကနိုင်ငံအပေါ် ဝါရှင်တန်၏ အခန်းကဏ္ဍနှင့်ပတ်သက်၍ အငြင်းပွားဖွယ်ရာ အသစ်တစ်ရပ်ကို ဖြစ်ပေါ်စေခဲ့သည်။
တနင်္ဂနွေနေ့က မျှဝေခဲ့သော အဆိုပါ ပို့စ်တွင် ထရမ့်၏ တရားဝင် ရုပ်ပုံနှင့်အတူ "ဗင်နီဇွဲလားနိုင်ငံ၏ ယာယီသမ္မတ၊ ၂၀၂၆ ဇန်နဝါရီလ လက်ရှိတာဝန်ထမ်းဆောင်ဆဲ" ဟူသော ရာထူးအမည်ပါဝင်သည်။ ထို့အပြင် ပုံတွင် သူ့အား အမေရိကန်ပြည်ထောင်စု၏ ၄၅ ဦးမြောက်နှင့် ၄၇ ဦးမြောက် သမ္မတအဖြစ် ဖော်ပြထားပြီး ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ရာထူးစတင်လက်ခံခဲ့ကြောင်း မှတ်ချက်ပြုထားသည်။
အမေရိကန်ပြည်ထောင်စုက ဗင်နီဇွဲလားနိုင်ငံတွင် "အကြီးစား" စစ်ရေးတိုက်ခိုက်မှုဟု ခေါ်ဆိုသော စစ်ဆင်ရေးကို လုပ်ဆောင်ခဲ့ပြီး သီတင်းပတ်အနည်းငယ်အကြာတွင် ယခုကဲ့သို့ ထူးဆန်းသော ပြောဆိုမှု ပေါ်ထွက်လာခြင်းဖြစ်သည်။ စစ်ဆင်ရေးကာလအတွင်း ဗင်နီဇွဲလားခေါင်းဆောင် နီကိုးလပ်စ် မာဒူရို နှင့် သူ၏ဇနီး စီလီယာ ဖလိုရက်စ် တို့ကို ဖမ်းဆီးပြီး နယူးယောက်မြို့သို့ ခေါ်ဆောင်သွားခဲ့ရာ သူတို့နှစ်ဦးစလုံးသည် မူးယစ်ဆေးဝါးနှင့် အကြမ်းဖက်မှု ပူးပေါင်းကြံစည်မှု စွဲချက်များဖြင့် တရားစွဲဆိုခြင်းကို ရင်ဆိုင်နေကြရသည်။
ထရမ့်က အမေရိကန်ပြည်ထောင်စုအနေဖြင့် "ဘေးကင်းလုံခြုံ၍ သင့်လျော်မှန်ကန်ပြီး တရားမျှတသော အသွင်ကူးပြောင်းမှု" တစ်ရပ် မရရှိမချင်း ဗင်နီဇွဲလား၏ အုပ်ချုပ်ရေးကို ကြီးကြပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး နောက်ထပ် ခေါင်းဆောင်မှုကွက်လပ်တစ်ခု ဖြစ်ပေါ်စေခြင်းသည် ဗင်နီဇွဲလား၏ အကျိုးစီးပွားကို ထိခိုက်စေနိုင်သည်ဟု အကြောင်းပြခဲ့သည်။
မာဒူရိုအား ဖယ်ရှားပြီးနောက် ဗင်နီဇွဲလား ဒုတိယသမ္မတနှင့် ရေနံဝန်ကြီးဖြစ်သူ ဒယ်လ်စီ ရိုဒရီဂွက်ဇ် သည် ပြီးခဲ့သည့် သီတင်းပတ်က နိုင်ငံ၏ ကြားဖြတ်သမ္မတအဖြစ် တရားဝင် ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။
ထို့ပြင် "အရည်အသွေးမြင့် ပိတ်ဆို့အရေးယူခံထားရသော ရေနံ" ဟု သူဖော်ပြသည့် ရေနံစည်ပေါင်း သန်း ၃၀ မှ ၅၀ ကြားကို ကြားဖြတ်အစိုးရက အမေရိကန်ပြည်ထောင်စုသို့ လွှဲပြောင်းပေးမည်ဟုလည်း ထရမ့် က ပြောဆိုခဲ့သည်။ သူ၏ အဆိုအရ ရေနံကို ပေါက်ဈေးအတိုင်း ရောင်းချမည်ဖြစ်ပြီး ရရှိလာသော ဝင်ငွေ များကို နိုင်ငံနှစ်ခုစလုံး အကျိုးရှိစေရန် အမေရိကန်အစိုးရက ထိန်းချုပ်သွားမည် ဖြစ်သည်။
စွမ်းအင်ဝန်ကြီး ခရစ်ရိုက်အား ဤအစီအစဉ်ကို ချက်ချင်း အကောင်အထည်ဖော်ရန် ညွှန်ကြားထား ပြီးဖြစ်ကာ ရေနံများကို သိုလှောင်သင်္ဘောများဖြင့် အမေရိကန် ဆိပ်ကမ်းများသို့ သယ်ယူပို့ဆောင်မည်ဟု သူက ပြောကြားခဲ့သည်။
Truth Social ပို့စ်နှင့်အတူ ကျူးဘားနိုင်ငံသို့ သတိပေးချက်များလည်း ပါဝင်ခဲ့ပြီး ဗင်နီဇွဲလားထံမှ ကျွန်းနိုင်ငံ (ကျူးဘား) သို့ ပေးပို့နေသော ရေနံထောက်ပံ့မှုများနှင့် ဘဏ္ဍာရေး အကူအညီများကို ဖြတ်တောက်မည်ဟု ထရမ့်က ပြောကြားခဲ့ရာ ယင်းသည် ဒေသတွင်း မူဝါဒ၏ ကျယ်ပြန့်သော အပြောင်း အလဲတစ်ခုကို ပြသနေသည်။
အွန်လိုင်းပေါ်တွင် ထိုသို့ ကြေညာခဲ့သော်လည်း Wikipedia သို့မဟုတ် အခြားသော တွင်ကျယ်စွာ အသုံးပြုသည့် အများပြည်သူဆိုင်ရာ မှတ်တမ်းများတွင် ထရမ့်အား ဗင်နီဇွဲလား၏ ယာယီသမ္မတအဖြစ် စာရင်းသွင်း ဖော်ပြထားခြင်း မရှိပေ။ ယင်းအစား မှတ်တမ်းတင်ထားသည်မှာ အမေရိကန်၏ စစ်ရေး လှုပ်ရှားမှု၊ မာဒူရို ဖမ်းဆီးခံရမှုနှင့် ကာရာကပ်စ်မြို့တွင် လက်ရှိ တာဝန်ယူထားသည့် အငြင်းပွားဖွယ်ရာ ကြားဖြတ်ခေါင်းဆောင်မှု အခြေအနေတို့သာ ဖြစ်သည်။
Source India-today
ပြင်ဦးလွင်၊ ကော်ဖီဥယျာဉ်သို့ ပိတ်ရက်တွေမှာတစ်ရက်ကို ခရီးသွားဧည့်သည် ၅၀၀ ကနေ ၁၀၀၀ခန့် အထိ လာရောက်လေ့လာကြတယ်လို့ စိုက်ပျိုးရေးဦးစီးဌာန ကော်ဖီရာသီသီးနှံဌာနခွဲကသိရပါတယ် ။
#Local_News
Published 12 January 2026
#ကော်ဖီဥယျာဉ် #ပြင်ဦးလွင်
#YMG/NN #Yangon_Times
Page 79 of 1950