အစ္စရေးလ်စစ်တပ်က ထွက်ပြေးတိမ်းရှောင်ရန် အမိန့်ထုတ်ပြန်ပြီးနောက် ခဏအကြာမှာပဲ ဂါဇာကမ်းမြောင်မှ အမြင့်မားဆုံးအဆောက်အဦဖြစ်တဲ့ အယ်ဂါဖရီမျှော်စင်ဟာ တနင်္လာနေ့ကပြိုကျသွားပြီဖြစ်ပါတယ်။
#World_News
Published 19 September 2025
#အစ္စရေးလ်စစ်တပ် #အယ်ဂါဖရီမျှော်စင်
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 19 September 2025
၁။ ဆီကြိတ်ဖတ်များ သိုလှောင်ခြင်းမပြုရန်အသိပေး
၂။ "ငလျင်ဘေးအရေးပေါ်တုံ့ပြန်ပုံ လက်တွေ့လေ့ကျင့်ခြင်း"ပြုလုပ်မည်
၃။ တိုင်ဖွန်းမုန်တိုင်းအကြွင်းအကျန်ကြောင့် ရန်ကုန်တွင်မိုးများနိုင်
၄။ အစ္စရေးလ်တိုက်ခိုက်မှုကြောင့် ဂါဇာမှအမြင့်ဆုံးအဆောက်အဦပြိုကျ ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
မြန်မာနိုင်ငံက ဆန်ကြိတ်ခွဲထုတ်လုပ်ရေးနဲ့ ရောင်းချတဲ့လုပ်ငန်းတွေ အတွက် AI နည်းပညာနဲ့ ဆန်ရဲ့ ရူပအရည်အသွေးကို စစ်ဆေးနိုင်ပြီလို့ PHI Co., Ltd. ကနေသိရပါတယ်။
#Local_News
Published 19 September 2025
#AI #ဆန်
#YMG/NN #Yangon_Times
ဗီယက်နမ်နဲ့ လာအိုတို့မှတစ်ဆင့် ဝင်ရောက်လာနိုင်တဲ့ တိုင်ဖွန်းမုန်တိုင်းအကြွင်းအကျန်တွေကြောင့် မိုးရွာပြီး ရန်ကုန်မှာမိုးများကာရေကြီးနိုင်တယ်လို့ မိုးဇလပညာရှင်ဦးဝင်းနိုင်က သုံးသပ်ပြောကြားထားပါတယ်။
#Local_News
Published 19 September 2025
#တိုင်ဖွန်းမုန်တိုင်း #ဗီယက်နမ်နဲ့လာအို
#YMG/NN #Yangon_Times
"ငလျင်ဘေးအရေးပေါ်တုံပြန်ပုံ လက်တွေ့လေ့ကျင့်ခြင်း"အစီအစဉ်ကို အခုလ(၂၀)ရက်မှာ ဂျပန်ဖောင်ဒေးရှင်း၊ ရန်ကုန် (Hall)မှာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။
#Local_News
Published 19 September 2025
#ငလျင် #ဂျပန်ဖောင်ဒေးရှင်း
#YMG/SW #Yangon_Times
#Local_News
Published 19 September 2025
▪️ မွန်ပြည်နယ် မော်လမြိုင်မြို့၌ မြို့လုံးကျွတ်ဆွမ်းဆန်တော်လောင်းလှူပွဲ ကိုယနေ့ပြုလုပ်ခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ (၁၉၁)ကြိမ်မြောက် ဆွမ်းဆန်တော်လောင်းလှူပွဲကို စက်တင်ဘာလ(၁၉)ရက်မှ(၂၀)ရက်နေ့,နှစ်ရက်တိုင်တိုင်လောင်းလှူ ခြင်းဖြစ်ပြီး ပထမနေ့(၁၉)ရက်နေ့တွင် ဇေယျာသီရိရပ်ကွက်၊လောကမာရဇိန်စေတီမှစတင်၍ ဒိုင်းဝန်ကွင်းအောက်လမ်းမကြီး သာယာကုန်းဝတ်တော်ကြီး၊ဗဟိုလမ်း၊ပြည်နယ်အစိုးရရုံးရှေ့အထိ အလှုခံတော်မူခဲ့ကြောင်း သိရသည်။
▪️ ထို့အပြင် ဒုတိယနေ့(၂၀)ရက်နေ့တွင်သာယာကုန်းဝတ်တော်ကြီးမှသီရိမြိုင်ရပ်ကွက်ရွှေလမ်းထိပ်မှအတုလမာန်အောင်စေတီတော်ထိအလှူခံကြွရောက်ခဲ့ကြောင်း သိရသည်။
▪️ ထိုဆွမ်းဆန်တော်လောင်းလှူပွဲသို့ ကျောင်းပေါင်း(၄၁၃)ကျောင်းမှ ရဟန်းသာမဏေပေါင်း(၈၃၁၄)ပါး ၊သီလရှင်ဆရာကြီး/လေးများ(၁၅၁၅)ပါး ကြွရောက်အလှူခံတော်မူခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 19 September 2025
▪️ AI ကာတွန်းပြိုင်ပွဲ ၌ မည် သူမဆို ဝင်ရောက်ယှဉ်ပြိုင် နိုင် ကြောင်း RecyGlo Myanmar မှသိရသည် ။
▪️ အဆိုပါပြိုင်ပွဲကို RecyGlo Myanmar ကအမှိုက်များ စနစ်တကျ စွန့်ပစ်ခွဲခြားခြင်းနှင့် ပတ်သက်သည့် အသိအမြင်များ မြှင့်တင်လိုခြင်း၊လူအများ၏ ရင်ထဲသို့ အချိန်ခဏအတွင်း သုတဖြစ်စေ၊ ရသဖြစ်စေ အချက်အလက်တစ်ခုကို ရောက်စေချင်ခြင်း စသည့်အချက်များအား ရုပ်ပြကာတွန်းများမှတဆင့်လျင်မြန်စွာရောက်ရှိရန် ရည်ရွယ်ချက်နှင့်ကျင်းပခြင်းဖြစ်သည်။
▪️ စိတ်ပါဝင်စားသည့် ပြိုင်ပွဲဝင်လက်ရာများကို လာမည့် စက်တင်ဘာလ(၂၃)ရက်အထိ လက်ခံသွားမည်ဖြစ်ကာပြိုင်ပွဲမှာ ဆုရရှိသူများကို ဆုကြေးငွေအပြင် Digital Achievement Certificate ကိုပါ ထည့်သွင်း ချီးမြှင့်မည်ဖြစ်ကြောင်းသိရသည်။
▪️ အဆိုပါ ပြိုင်ပွဲနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို RecyGlo Myanmar page ၌ သွားရောက်ကြည့်ရှုနိုင်ကြောင်း သိရသည် ။
#YMG/NN #Yangon_Times
ပြည်တွင်းတိရစ္ဆာန်အစာ လိုအပ်ချက်ရှိလာနိုင်တာကြောင့် ဆီကြိတ်ဖတ် တွေကို သိုလှောင်ခြင်းမပြုကြဖို့ မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်း က အသိပေးထုတ်ပြန်ထားပါတယ်။
#Local_News
Published 19 September 2025
#ဆီကြိတ်ဖတ် #မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်း
#YMG/NN #Yangon_Times
#World_News
Published 19 September 2025
▪️ လက်ယာနိုင်ငံရေးလှုပ်ရှားသူ ချာလီကာ့ခ် လုပ်ကြံခံရပြီးနောက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က လက်ဝဲဝါဒီအဖွဲ့များအပေါ် အရေးယူဆောင်ရွက်မှုအသစ်များ ပြုလုပ်သွားမယ့်သဘော ဗုဒ္ဓဟူးနေ့က ပြောသွားကာ ဖက်ဆစ်ဆန့်ကျင်ရေး(antifa) လှုပ်ရှားတဲ့အဖွဲ့ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ပစ်မှတ် လိုက်ပါတယ်။
▪️ antifa ကို ငွေကြေးထောက်ပံ့သူတွေဟာ ဥပဒေစံနှုန်းသတ်မှတ်ချက်တွေဖြင့် အပြည့်အဝ စုံစမ်းစစ်ဆေးခံသွားရမယ်လို့ ထရမ့်က Truth Social မှာ ဖော်ပြခဲ့ပါတယ်။
▪️ Antifa က ရှင်းလင်းတဲ့ ခေါင်းဆောင်ပိုင်းဖွဲ့စည်းပုံစနစ်မရှိဘဲ လွတ်လပ်တဲ့ လှုပ်ရှားရေးတစ်ခုသာဖြစ်တယ်လို့ ကျွမ်းကျင်သူများ ဆိုထားပါတယ်။
▪️ ချာလီကာ့ခ်ကို လုပ်ကြံသူခဲ့သူကို ဥပဒေစွဲချက်တင်ပြီး တစ်ရက်အကြာမှာ အသက် ၂၂ နှစ်အရွယ် တိုင်လာရော်ဘင်ဆန်ကို ပြင်ပအဖွဲ့တစ်ခုနဲ့ ဆက်စပ်တဲ့ သက်သေအထောက်အထားတွေ မတွေ့ရသေးပါဘူး။
▪️ လုပ်ကြံရတဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီးလည်း မေးစရာတွေ ဖြစ်နေပါတယ်။
▪️ ထရမ့်နဲ့ ရာထူးမြင့်အရာရှိများကတော့ ကာ့ခ်လုပ်ကြံခံရမှုအပေါ် ရှေးရိုးစွဲဝါဒီတွေကို ရန်လိုစိတ်ရှိနေတဲ့ လက်ဝဲအုပ်စုများကိုပဲ အပြစ်တင်နေကြပါတယ်။
▪️ ဒုဥက္ကဌဂျေဒီဗန့်စ်ကလည်း ဒီလုပ်ကြံမှုအတွက် လက်ဝဲနိုင်ငံရေးသမားများကို အပြစ်တင်နေပါတယ်။
▪️ ကာ့ခ်လုပ်ကြံခံရတာကို အကြောင်းပြပြီး ထရမ့်ကပြိုင်ဘက်နိုင်ငံရေးသမားများကို ဖြိုခွင်းသွားနိုင်တယ်လို့ ဝေဖန်သူတွေ သုံးသပ်နေကြပါတယ်။
Source: Reuters
#Local_News
Published 19 September 2025
▪️ မြန်မာအစိုးရကို ဆန့်ကျင်သည့် အဖွဲ့အစည်းများရုံးဖွင့်လှစ်ခြင်းနှင့် တရားမဝင်ဆန့်ကျင်သည့် လှုပ်ရှားမှုများကို တီမောလက်စ်တေနိုင်ငံတွင် ခွင့်ပြုမည်မဟုတ်ကြောင်း မြန်မာနိုင်ငံသို့ အလုပ်သဘော ရောက်ရှိနေသည့် တီမောလက်စ်တေနိုင်ငံ နိုင်ငံခြားရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး မစ္စတာ ဘန်ဒီတို ဒို့စ်ဆန်းတို့စ်ဖရိတ်တက်စ်က မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေကို စက်တင်ဘာ ၁၈ ရက်က ကတိပေးပြောကြားပါတယ်။
▪️ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ တရားဝင်သတင်းထုတ်ပြန်ချက်မှာ ယင်းကိုဖော်ပြထားခြင်းဖြစ်ပြီး တီမောလက်စ်တေနိုင်ငံမြို့တော် ဒီလီ၌ မြန်မာသံရုံး လာရောက်ဖွင့်လှစ်ရန်လည်း တီမောလက်စ်တေနိုင်ငံခြားရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးက ကမ်းလှမ်းခဲ့တယ်လို့လည်း အဆိုပါသတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားပါတယ်။
▪️ နှစ်နိုင်ငံဆက်ဆံရေးကို အာဆီယံပဋိညာဉ်၊ အခြေခံမူများ၊ စံနှုန်းသတ်မှတ်ချက်များနှင့်အညီ တစ်နိုင်ငံ၏ ပြည်တွင်းရေးကို တစ်နိုင်ငံက ဝင်ရောက်စွက်ဖက်မှုမပြုဘဲ နှစ်နိုင်ငံသံတမန်ဆက်ဆံရေးကို တိုးမြှင့်သွားကြရန်လည်း နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးတွေ စက်တင်ဘာ ၁၈ ရက်က နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ပြုလုပ်တဲ့ဆွေးနွေးပွဲမှာ အလေးထား ဆွေးနွေးသဘောတူခဲ့တယ်လို့ သိရပါတယ်။
▪️ ယင်းအပြင် အာဆီယံနိုင်ငံများအကြား ချုပ်ဆိုကြသည့် နှစ်နိုင်ငံ သံတမန်နှင့် အထူးနိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများအတွက် ပြည်ဝင် ဗီဇာကင်းလွတ်ခွင့် သဘောတူစာချုပ် လက်မှတ်ရေးထိုးနိုင်ရေးနှင့် နှစ်နိုင်ငံအကြား ခရီးသွားလုပ်ငန်းတိုးမြှင့်ရေးအတွက် ပြည်ဝင်ဗီဇာ ကင်းလွတ်ခွင့် သဘောတူ စာချုပ်တို့ကို ချုပ်ဆိုနိုင်ရေးကိုလည်းကောင်း ဆွေးနွေးခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
▪️ တီမောလက်စ်တေဒီမိုကရက်တစ်သမ္မတနိုင်ငံ နိုင်ငံခြားရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး မစ္စတာ ဘန်ဒီတို ဒို့စ် ဆန်းတို့စ် ဖရိတ်တက်စ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ ၁၇-၉-၂၀၂၅ ရက်မှ ၁၉-၉-၂၀၂၅ ရက်အထိ အလုပ်သဘောခရီးစဉ် လာရောက်ခဲ့တာဖြစ်ပါတယ်။
#YMG/KNL #Yangon_Times
#World_Health
Published 19 September 2025
▪️ ကလေးတွေ ဗိုက်ဆာတယ်ပြောရင် မိဘတွေက မုန့်ထုပ်တွေကျွေးလေ့ရှိကြပါတယ်။
▪️ ဒါပေမဲ့ ဒါဟာ ကလေးဘဝတည်းက အဝလွန်ခြင်းနဲ့ သက်ဆိုင်တဲ့ပြဿနာအချို့ ဖြစ်လာနိုင်ပါတယ်။
▪️ မုန့်တွေက ကလေးတွေရဲ့ နေ့စဉ်စားသောက်စရာထဲမှာ ဖြည်းဖြည်းချင်း ပါဝင်ပတ်သက်လာပါတယ်။
▪️ ကလေးစားတဲ့ မုန့်အများစုဟာ အဆင့်ဆင့်ထုပ်ပိုးထုတ်လုပ်ပြီး သကြား၊ ဆား၊ ပြည့်ဝဆီ၊ စွဲလမ်းစေတဲ့အရာများ အများအပြားပါဝင်ပါတယ်။
▪️ မုန့်တွေ၊ အချိုရည်တွေ စားသုံးမှုများခြင်းနဲ့ အဝလွန်ခြင်း၊ ဆီးချို၊ သွေးတိုး၊ ဦးနှောက်အသိဉာဏ် ဖွံ့ဖြိုးမှုပြဿနာများကြား တိုက်ရိုက်ဆက်စပ်နေကြောင်း ဖော်ပြလာကြပါတယ်။
▪️ အစ္စရေးလ်ကျန်းမာရေးဝန်ကြီးဌာန အချက်အလက်များအရ အသက် ၆ နှစ် ၁၁ နှစ်ကြား ကလေး ၃ ပုံ ၁ ပုံလောက်ဟာ အဝလွန်ခြင်း ခံစားနေရတယ်လို့ ဆိုပါတယ်။
▪️ လူကြီးတွေမှာ ဖြစ်တတ်တဲ့ ဆီးချိုအမျိုးအစား(၂)ဟာ ကလေးတွေမှာလည်း အဖြစ်များလာပါတယ်။
▪️ ကလေးတစ်ယောက် မုန့်ကို ပုံမှန်စားတဲ့အခါ ကာဗိုဟိုက်ဒရိတ်မရဘဲ ထုတ်လုပ်တဲ့အဆီတွေသာစားမိပြီး ကိုယ်အလေးချိန် မြင့်တက်လာစေပါတယ်။
▪️ ဒီလိုကလေးဟာ အခြားအစားအစာတွေ မစားလိုတော့ဘဲ မုန့်ကိုပဲ စားချင်နေပါတယ်။
▪️ ယနေ့ခေတ်မှာ ကိုယ်လက်လှုပ်ရှားမှု နည်းလာသလို ဒီဂျစ်တယ်ပစ္စည်းကြည့်ရှုချိန် များလာတဲ့အတွက်လည်း ကလေးတွေမှာ ကျန်းမာရေးနဲ့ မညီညွတ်တော့ပါဘူး။
▪️ မုန့်တွေကို လုံးဝမကျွေးဘဲနေဖို့ကတော့ လက်တွေ့မဆန်တာကြောင့် အကန့်အသတ်ဖြင့် သတ်မှတ်ပေးသင့်ပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဟင်းရွက်တွေ၊ အသီးအနှံတွေ၊ ပရိုတိန်းတွေကို ဦးစားပေးကျွေးသင့်ပါတယ်။
Source: The Jerusalem Post
#World_Health
Published 19 September 2025
▪️ လေ့လာချက်တစ်ခုအရ အိမ်သာထဲ စမတ်ဖုန်းအသုံးပြုသူတွေဟာ လိပ်ခေါင်းဖြစ်နိုင်ခြေ ၅၀ ရာခိုင်နှုန်း ပိုများစေတယ်လို့ တွေ့ရှိထားပါတယ်။
▪️ လူ ၁၂၅ ယောက်ကို အိမ်သာထဲ ဖုန်းယူခိုင်းပြီး ဆန်းစစ်ရာမှာ ၃ ပုံ ၂ ပုံက အိမ်သာတက်ရင်း ဖုန်းအသုံးပြုတယ်လို့ ဝန်ခံခဲ့ပါတယ်။
▪️ ဒီနောက် သူတို့ရဲ့ အိမ်သာတက်တဲ့ အလေ့အကျင့်တွေ၊ ကျန်းမာရေးအခြေအနေ၊ ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုများနဲ့ ပတ်သက်ပြီး မေးခွန်းမေးခဲ့ကြကာ အူမကြီးမှန်ပြောင်းကြည့်ခဲ့ကြပါတယ်။
▪️ သူတို့ထဲက ၃၇ ရာခိုင်နှုန်းက ၅ မိနစ်ကျော်အောင် အိမ်သာထဲထိုင်ခဲ့ကြကာ သူတို့ဟာ ဖုန်းအသုံးပြုခြင်းကြောင့် အိမ်သာတက်ချိန် ကြာမြင့်လာတာကို သတိမထားမိကြပါဘူး။
▪️ ဒီအတွက် ဒီလိုမျိုး အိမ်သာတက်ချိန် ကြာမြင့်သူတွေမှာ လိပ်ခေါင်းဖြစ်နိုင်ခြေ ၄၆ ရာခိုင်နှုန်း ပိုများနေတယ်လို့ တွေ့ခဲ့ကြပါတယ်။
▪️ ဒီလေ့လာချက်ကို အသက် ၄၅ နှစ်နဲ့အထက် လူတွေမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ငယ်ရွယ်သူတွေနဲ့သာ စမ်းသပ်ရင် အိမ်သာတက်ရင်း ဖုန်းမသုံးသူ ရှိမှာမဟုတ်ပါဘူး။
▪️ အိမ်သာတက်ရင်း ဖုန်းအသုံးပြုခြင်းနဲ့ လိပ်ခေါင်းဖြစ်ခြင်းတို့ကြား ဆက်စပ်မှုသေချာအောင် အိမ်သာထဲမှာ ဖုန်းအသုံးမပြုခိုင်းဘဲနဲ့ စမ်းသပ်သွားဦးမှာလည်း ဖြစ်ပါတယ်။
▪️ ဝမ်းသွားရခက်ခဲခြင်းမျိုးက လိပ်ခေါင်းဖြစ်စေတယ်ဆိုတဲ့ အယူအဆကိုတော့ ပယ်ချလိုက်ကာ အိမ်သာထဲ ကြာကြာထိုင်ခြင်းက ပိုပြီးအန္တရာယ်များတယ်လို့ ဖော်ပြထားပါတယ်။
Source: WION.
Page 82 of 1856