#Local_News
Published 09 January 2026
▪️ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ရွာဟောင်းကြီး Buddhist Complex ရှိ တူးဖော် သုတေသနပြု လုပ်ငန်းများဆောင်ရွက်လျှက်ရှိရာ ယခုအခါရှေးဟောင်းအဆောက်အအုံအမှတ်-၁၇၈၉၊ ၁၇၉၀ (ဆင်ခံဘုရား)၊ စံကားကျောင်းတိုက်၏ မဟာ ရံတံတိုင်းအရှေ့ဘက်တို့အား တူးဖော်သုတေသနပြုဆောင်ရွက်လျက်ရှိကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ သိရသည်။
▪️ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲသည်သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ “နိုင်ငံဂုဏ်ပြု ယဉ်ကျေးမှု” ဆောင်ပုဒ်နှင့်အညီဦးစီးဌာန၏ ကြီးကြပ်ညွှန်ကြားမှုကိုခံယူ၍ မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသ မူလသွင်ပြင်စရိုက်လက္ခဏာများ မပျောက်ပျက်စေရေး၊ ရှေးဟောင်းအဆောက်အဦများ ရေရှည်တည်တံ့နေစေရေး တူးဖော်သုတေသနလုပ်ငန်းများ၊ ကာကွယ်ထိန်းသိမ်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း ၊၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ရန်ပုံငွေဖြင့် “ရွာဟောင်းကြီး Buddhist Complex ရှိ ရှေးဟောင်းစေတီပုထိုးများ၊ အုတ်ကျောင်းများ၊ တံတိုင်းများ ဖော်ထုတ်ထိန်းသိမ်းခြင်းနှင့် တူးဖော်သုတေသနပြုခြင်း (ဆွေးမြေ့အုတ်များ ဖယ်ရှားခြင်း၊ အုတ်အစားထိုးဖြည့်စီခြင်း)လုပ်ငန်း” အား ၂၀၂၅ ခုနှစ် ဩဂုတ်လ ၁၅ ရက်နေ့မှ စတင်၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
▪️ အဆိုပါ တူးဖော်သုတေသနပြု လုပ်ငန်းခွင်သို့ ရှေးဟောင်း သုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ပုဂံဌာနခွဲ တာဝန်ခံညွှန်ကြားရေးမှူး ဦးညီမွန်း ဦးဆောင်သည့် လုပ်ငန်းစစ်ဆေးရေးအဖွဲ့သည် ယနေ့ နံနက် ၉ နာရီအချိန်တွင် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ရှေးဟောင်းအဆောက်အအုံအမှတ်-၁၇၈၉၊ ၁၇၉၀ (ဆင်ခံဘုရား)၊ စံကားကျောင်းတိုက်၏ မဟာ ရံတံတိုင်းအရှေ့ဘက်တို့အား တူးဖော်သုတေသနပြု ဆောင်ရွက်ထားရှိမှုနှင့်ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းတို့ကို တာဝန်ယူဆောင် ရွက်လျက်ရှိသည့် ဦးစီးအရာရှိ(သုတေသန)နှင့် တာဝန်ရှိသူများက လိုက်ပါရှင်းလင်းပြသခဲ့ရာ လုပ်ငန်းစစ်ဆေးရေးအဖွဲ့က လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times
ယခုနှစ် ဇန်နဝါရီလ(၁)ရက်မှစတင်ကာ သွင်းကုန်လုပ်ငန်းရှင်များက လျှောက်ထားလာတဲ့ သွင်းကုန်ပါမစ်/လိုင်စင်တွေအတွက်သက်တမ်းကို ရက်ပေါင်း(၁၈၀) အထိသတ်မှတ်လိုက်တယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရပါတယ်။
#Local_News
Published 09 January 2026
#သွင်းကုန်ပါမစ် #ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
#YMG/SW #Yangon_Times
#Local_News
Published 09 January 2025
▪️ စားသုံးဆီကုမ္ပဏီများကို အမေရိကန်ဒေါ်လာ ၁ သန်းကျော် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ထုတ် ရောင်းပေးခဲ့ကြောင်းသိရသည်။
▪️ CMP ကုမ္ပဏီများထံမှ ဝယ်ယူထားသည့် နိုင်ငံခြားငွေများမှ အမေရိကန်ဒေါ်လာ ၁.၆၉၀ သန်းကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဇန်နဝါရီလ ၈ ရက်နေ့မှာ စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများထံ ထုတ်ရောင်းပေးခဲ့ခြင်းဖြစ်သည်။
▪️ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ဇန်နဝါရီလ ၈ ရက်နေ့၊ FX Trading Platform တွင် အမေရိကန်ဒေါ်လာငွေလဲနှုန်းကို ၃၆၄၉ ကျပ် သတ်မှတ်ရောင်းဝယ်ခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
ကရင်ပြည်နယ်မှာ အခုနှစ်ဆောင်းဆီထွက်သီးနှံ ဧက ၇၆,၀၀၀ကျော် စိုက်ပျိုးဖို့လျာထားရာ လက်ရှိမှာစိုက်ဧက ခုနှစ်သောင်းခွဲကျော်အထိ စိုက်ပျိုးထားပြီးဖြစ်တယ်လို့ သိရပါတယ်။
#Local_News
Published 09 January 2026
#ကရင်ပြည်နယ် #ဆောင်းဆီထွက်သီးနှံ
#YMG/NN #Yangon_Times
#Daily_News
Published 09 January 2026
၁။ သွင်းကုန်ပါမစ်သက်တမ်းကို ရက်ပေါင်း(၁၈၀) အထိသတ်မှတ်
၂။ ကျန်းမာရေး အခြေခံအဆောက်အအုံများ ပိုမိုအားကောင်းလာရန် ဆက်လက်ဆောင်ရွက်မည်
၃။ စက်သုံးဆီဈေး အားလုံးသုံးပတ်ဆက်တိုက်ကျဆင်း
၄။ ဂရင်းလန်းကျွန်းပိုင်ဆိုင်ရေးအတွက် ဒေါ်နယ်ထရမ့်အစိုးရအဖွဲ့ နည်းလမ်းအမျိုးမျိုးစဉ်းစား... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 09 January 2025
▪️ စားသုံးဆီများကို မသမာသော နည်းလမ်းများဖြင့် ဖြန့်ဖြူးရောင်းချမှုများကို စစ်ဆေးဖော်ထုတ်မှုများ ဆောင်ရွက်နေကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေကပြောသည်။
ယမာန်နေ့မွန်းလွဲပိုင်းက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ရုံးအမှတ်(၃)၌ ကျင်းပသည့် စားသုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းများနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေကထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
▪️ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေက စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီအနေဖြင့် ပြည်တွင်းစားသုံးဆီ စားသုံးမှု၊ သုံးစွဲမှု၊ ထုတ်လုပ်နိုင်မှုနှင့်တင်သွင်းရန် လိုအပ်မှုတို့ကိုအခြေခံပြီး ပြည်ပမှစားသုံးဆီတင်သွင်းရန် လိုအပ်ချက်ကို တွက်ချက်ကာ တင်သွင်းခွင့်ပြုလျက်ရှိပါကြောင်း၊ ဖြစ်သင့်ဖြစ်ထိုက်သည့် ရည်ညွှန်းဈေးနှုန်းဖြစ်စေရေးအတွက် စားသုံးဆီရည်ညွှန်းဈေးနှုန်း စိစစ်တွက်ချက်ရေးအဖွဲ့မှ သေချာစွာစိစစ်တွက်ချက်၍ အပတ်စဉ်ထုတ်ပြန်ပေးလျက်ရှိကြောင်း၊ မလိုအပ်သော ကုန်ကျစရိတ်များကို လျှော့ချခြင်းနှင့် ပြည်ပ CIF ဈေးနှုန်းများ ပြန်လည်ကျဆင်းလာခြင်းတို့ကြောင့် စက်တင်ဘာလ စတုတ္ထပတ်မှ ဒီဇင်ဘာလအထိ စားသုံးဆီ တစ်ပိဿာဈေးနှုန်းမှာ ငွေကျပ် ၅၆၀ ကျဆင်းလာခဲ့ပါကြောင်း၊ ဈေးကွက်ဖြန့်ဖြူးမှုအနေဖြင့်လည်း တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် ခွဲဝေလျာထားသည့် ပမာဏအတိုင်း ရောက်ရှိနိုင်စေရန် တိုင်းဒေသကြီး စားအုန်းဆီဖြန့်ဖြူးမှု ကြီးကြပ်ရေးကော်မတီများ၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၊ ကုမ္ပဏီများနှင့်ညှိနှိုင်းပေးလျက်ရှိပါကြောင်း၊
အချို့သောမြို့နယ်များတွင် ကော်မတီမှ သတ်မှတ်သည့်ဈေးနှုန်းထက် မြှင့်တင်ရောင်းချလျက် ရှိသကဲ့သို့ အချို့မြို့နယ်များတွင် ခွဲတမ်းကို အပြည့်အဝရောင်းချမှုမရှိခြင်းတို့ကို ကြားသိရသည့်အတွက် သတ်မှတ်ကာလအတွင်း သက်ဆိုင်ရာဒေသသို့ သတ်မှတ်ဈေးနှုန်း၊ အရည်အသွေး၊ အခြင်အတွယ် မှန်ကန်စွာဖြင့် ရောင်းချစေရေးနှင့် မသမာသော နည်းလမ်းများဖြင့် ဖြန့်ဖြူးရောင်းချမှုများကို စစ်ဆေးဖော်ထုတ်မှုများ ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။သို့ဖြစ်ရာ ကုမ္ပဏီများအနေဖြင့် တင်သွင်းခွင့်ရရှိသော စားအုန်းဆီများကို ပြည်သူများထံ အပြည့်အဝ ဖြန့်ဖြူးရောင်းချခြင်း၊ မိမိတို့၏ လက်ကား/ လက်လီ ကိုယ်စားလှယ်များကို ကြီးကြပ်ထိန်းကျောင်းခြင်းတို့ ဆောင်ရွက်သွားကြစေလိုပါကြောင်းနှင့်တင်သွင်း ဖြန့်ဖြူးရာတွင် တွေ့ကြုံရသည့် အခက်အခဲများရှိပါက ဝန်ကြီးဌာန၏ သက်ဆိုင်ရာဦးစီးဌာနများနှင့် ဆက်သွယ်ပြီး ဆွေးနွေးကြစေလိုကြောင်းပြောကြားသည်။
▪️ ထို့နောက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်းက စားသုံးဆီတင်သွင်းခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းနှင့်စပ်လျဉ်း၍ ဆောင်ရွက်ရမည့်စံလုပ်ငန်းစဉ် (SOP)များအား တိကျစွာလိုက်နာဆောင်ရွက်ရေး၊ စားသုံးဆီကဏ္ဍ အထောက်အကူပြုအဖွဲ့များဖြစ်သည့် ဆီကန်ကြီးကြပ်ရေးလုပ်ငန်းအဖွဲ့နှင့် လေ့လာစောင့်ကြည့် သုတေသနအဖွဲ့တို့အနေဖြင့် မြေပြင်အခြေအနေမှန်များအား တင်ပြရေး၊ မီဒီယာများနှင့်တွေ့ဆုံ၍ အများပြည်သူ သိသင့်သိထိုက်သည့် သတင်း အချက်အလက်များကို ရှင်းလင်းပြောကြားရေးနှင့် တိုင်းဒေသကြီး/ပြည်နယ်များသို့ ကွင်းဆင်းစစ်ဆေးရေး လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသည်။
▪️ ယင်းနောက် စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လှိုင်၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမောင်မောင်ဇော်နှင့် စားသုံးဆီတင်သွင်းဖြန့်ဖြူးသည့်ကုမ္ပဏီများမှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုအခြေအနေ၊ အခက်အခဲများနှင့်စပ်လျဉ်း၍ တင်ပြဆွေးနွေးမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#World_Health
Published 09 January 2026
■ အအေးမိတယ်ဆိုတာက ရေအေးကြောင့်မဟုတ်ဘဲ ဗိုင်းရပ်စ်ကြောင့် ဖြစ်ကာ ရေအပူချိန်က အအေးမိလက္ခဏာတွေကို ပိုဆိုးရွားစေရုံဖြစ်တယ်လို့ ဒေါက်တာ ပူရ်နာပရာနာက အင်စတာဂရမ်မှာ ပြောထားပါတယ်။
■ ဒါ့အပြင် မွမ်းဘိုင်းစင်ထရယ် ဝေါ့ခ်ဟာ့ဒ်ဆေးရုံမှ ဒေါက်တာ ရီတူဂျာအူဂယ်မူဂေးကလည်း အအေးမိခြင်းကြောင့် ရောဂါဘယဖြစ်စေတာ မဟုတ်ဘဲ ဗိုင်းရပ်စ်ဝင်လာတာကြောင့်လို့ ပြောပါတယ်။
■ ရေအေး၊ အဲကွန်း၊ မိုးရေ၊ ချမ်းအေးတဲ့ပတ်ဝန်းကျင်တို့က ခန္ဓာကိုယ်ထဲမှာ ဗိုင်းရပ်စ်ဖြစ်စေတာ မဟုတ်ဘဲ ရှိပြီးသားလက္ခဏာတွေကို ပိုဆိုးစေတာဖြစ်တယ်လို့ ဆိုပါတယ်။
■ လူတွေ နေရာထိုင်ခင်းထဲ နေခြင်း၊ အတူထိုင်ခြင်း၊ ဒီလေကိုပဲ ရှူမိခြင်း စတာတွေကြောင့် ဗိုင်းရပ်စ်အလွယ်တကူ ကူးစက်နိုင်ပါတယ်။
■ အအေးသောက်တဲ့အခါ လည်ချောင်းနာတတ်ခြင်း၊ နှာပိတ်ခြင်း၊ ချောင်းဆိုးခြင်းတို့ ယာယီဖြစ်တတ်ပေမယ့် ဒါဟာ ရောဂါကူးစက်မှုမဟုတ်ဘဲ ဗိုင်းရပ်စ်ကြောင့်သာ ဖျားနာခြင်း၊ ကိုက်ခဲခြင်း၊ နှာရည်ယိုခြင်းတို့ ဖြစ်စေတာလို့ ရှင်းပြပါတယ်။
■ လက်သန့်စင်စွာထားခြင်း၊ အရာဝတ္ထုမျက်နှာပြင် မကြာခဏထိတွေ့မှုမှ ရှောင်ရှားခြင်း၊ ချောင်းဆိုး နှာချေသူတွေနဲ့ ဝေးဝေးနေခြင်း၊ လေဝင်လေထွက်ကောင်းအောင် ထားခြင်းတို့ဖြင့် ဗိုင်းရပ်စ်ထိတွေ့ခြင်းမှ လျှော့ချနိုင်မှာ ဖြစ်ပါတယ်။
■ ခြောက်သွေ့အေးမြတဲ့ လေကိုရှူရှိုက်ခြင်းက အထူးသဖြင့် ရင်ကြပ်သမားတွေမှာ အသက်ရှူလမ်းကြောင်းတွေ ကြပ်သွားကြပြီး နွေးထွေးစွာနေခြင်း၊ ရေဓာတ်ဖြည့်ပေးခြင်းတို့ဖြင့် ခန္ဓာကိုယ် သက်တောင့်သက်သာ ရှိစေမှာ ဖြစ်တယ်လို့ ပြောပြသွားပါတယ်။
Source: Indian Express.
#World_Health
Published 09 January 2026
■ တစ်နေ့တာ အလုပ်ခွင်ကြာရှည်ခြင်း၊ ညနက်တဲ့အထိ ဖုန်း ကွန်ပျူတာကြည့်ခြင်း စတာတွေကြောင့် ညစာစားချိန်နောက်ကျပြီး အိပ်ချိန်နဲ့ အလွန်နီးသွားတတ်ကြပါတယ်။
■ ဒါဟာ ဂလူးကို့စ်ဖြစ်စဉ်၊ အက်ဆစ်လျှံတက်ခြင်း၊ အိပ်စက်မှုအခြေအနေတို့ကို သက်ရောက်စေပါတယ်။
■ ညစာစားချိန်နဲ့ အိပ်ချိန်ကြား ၂ နာရီခြားခြင်းဖြင့် အစာချေဖျက်ရန် အချိန်ရစေတဲ့အပြင် အခြားသော အကျိုးကျေးဇူးတွေလည်း ရနိုင်ပါတယ်။
■ (၁) ညစာစားပြီး အနည်းဆုံး ၂ နာရီကြာတဲ့အထိ ခန္ဓာကိုယ်မတ်နေခြင်းဖြင့် အစာအိမ်အက်ဆစ် လျှံတက်ခြင်းကို လျှော့ချနိုင်ကာ အစာကြေစေပါတယ်။
■ (၂) နောက်ကျမှ စားခြင်းက သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်ဖို့ ခက်ခဲတာကြောင့် စောစောစားခြင်းဖြင့် ညဘက်မှာ သွေးတွင်းသကြားဓာတ် တည်ငြိမ်အောင် ကူညီပေးပါတယ်။
■ (၃) နောက်ကျမှ စားခြင်းဟာ ကယ်လိုရီတွေက အဆီအဖြစ်သိမ်းဆည်းသွားကာ အချိန်မှန်စားရင်တော့ ကယ်လိုရီထိန်းချုပ်ပေးပြီး ကိုယ်အလေးချိန် ကျန်းမားရေးညီညွတ်စေပါတယ်။
■ (၄) အစားများများစားတဲ့အခါ စွမ်းအင်လိုအပ်ပြီး ခန္ဓာကိုယ်တွင်း လှုပ်ရှားစေကာ အိပ်စက်မှုဟော်မုန်းကို နှောင့်ယှက်တာကြောင့် အချိန်ခြားပြီးစားခြင်းဖြင့် ခန္ဓာကိုယ် အနားရစေကာ ကောင်းစွာအိပ်စက်စေပါတယ်။
■ (၅) နောက်ကျမှစားတဲ့အခါ သွေးပေါင်ချိန်၊ ကိုလက်စထရောတို့ မြင့်တက်စေတာကြောင့် အချိန်ခြားပြီးစားခြင်းဖြင့် နှလုံးလုပ်ဆောင်ချက် ကောင်းမွန်စေမှာ ဖြစ်ပါတယ်။
■ (၆) အိပ်ချိန်နီးကပ်မှ စားခြင်းဖြင့် ကောင်းစွာအစာမကြေဘဲ လေပွခြင်း၊ မအီမသာဖြစ်ခြင်းတို့ ကြုံရနိုင်ကာ ၂ နာရီခြားစားခြင်းဖြင့် လေတွေကျေပျက်ဖို့ အချိန်ရရှိစေပါတယ်။
■ (၇) တစ်ရှူးပြုပြင်ခြင်းနဲ့ အဆီဖြစ်စဉ်တို့မှာ ပါဝင်တဲ့ ကြီးထွားမှုဟော်မုန်းတွေလိုမျိုး ဟော်မုန်းတွေကို ထိန်းညှိပေးကာ စားချင်စိတ်ကို ထိန်းသိမ်းပေးပါတယ်။
■ (၈) နောက်ကျမှစားခြင်းကြောင့် အသည်းကို ဝန်ထုပ်ဝန်ပိုးဖြစ်စေကာ ကြာလာရင် အသည်းမှာ အဆီစုပြုံလာနိုင်ပါတယ်။
■ (၉) အူလမ်းကြောင်း ပိုးမွှားစနစ်က တစ်နေ့တာအချိန်မှန် လှုပ်ရှားတဲ့စနစ်ဖြစ်တာကြောင့် အချိန်မှန်စားမှ အူလမ်းကြောင်း၊ ရောင်ရမ်းမှု၊ ကိုယ်ခံအားစနစ်တို့ ဟန်ချက်ညီမှာ ဖြစ်ပါတယ်။
■ (၁၀) ညစာအချိန်မှန်စားခြင်းဖြင့် အချိန်မတော်ကြီး မုန့်ထစားတတ်တဲ့အကျင့် လျော့စေကာ မကောင်းတဲ့အဆီတွေ အချိုတွေ အငန်တွေ မစားမိစေတော့ပါဘူး။
Source: NDTV.
ဗင်နီဇွဲလားသမ္မတ နီကိုလတ်စ်မဒူရိုနဲ့ ဇနီးသည်တို့ အမေရိကန်ကို ခေါ်ဆောင်သွားပြီးနောက် ဗင်နီဇွဲလားအစိုးရအဖွဲက နိုင်ငံရေးတည်ငြိမ်မှုရဖိုအတွက် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းစဉ်များ အရှိန်မြှင့်လုပ်ဆောင်နေပါတယ်။
#World_Politics
Published 08 January 2026
#ဗင်နီဇွဲလားသမ္မတ #အမေရိကန်
#YMG #Yangon_Times #Yangon_Media_Group
Rice Export Zone များကို စိုက်ဧကသုံးသိန်းကျော်နဲ့ စတင်စိုက်ပျိုးသွားမှာဖြစ်ပြီးတစ်ဧကကို လေးသိန်းခွဲနှုန်းနဲ့ စိုက်ပျိုးထုတ်လုပ်မှု အထောက်အကူပြု ပံ့ပိုးကူညီမှုတွေပြုလုပ်သွားမယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က သိရပါတယ်။
#Local_News
Published 08 January 2026
#Rice_Export_Zone #ဆန်စပါး
#YMG/NN #Yangon_Times
(၇၁) ကြိမ်မြောက် အောင်ဘာလေထီဆုမဲပေါင်း ၁၇,၀၀၀ ကျော် လာရောက်ထုတ်ယူဖို့ ကျန်ရှိနေပြီး သတ်မှတ်ရက်အတွင်း လာရောက်ထုတ်ယူခြင်းမရှိပါက အခွန်ဘဏ္ဍာအဖြစ် သိမ်းယူသွားမယ်လို့ အောင်ဘာလေထီရုံးကနေ သိရပါတယ်။
#Local_News
Published 08 January 2026
#အောင်ဘာလေထီဆု #အခွန်ဘဏ္ဍာ
#YMG/NN #Yangon_Times
ကုန်စည်ဈေးကွက်အတွင်း စစ်ဆေးရေးအရာရှိ ၅၆၆ ဦးနဲ့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရေးလုပ်ငန်း တွေဆောင်ရွက်သွားမယ်လို့ ယမန်နေ့ကပြုလုပ်တဲ့မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်လုပ်ငန်းညှိနှိင်းအစည်းအဝေး (၁/၂၀၂၆)မှ သိရပါတယ်။
#Local_News
Published 08 January 2026
#စားသုံးသူကာကွယ်ရေး #ကုန်စည်ဈေးကွက်
#YMG/SW #Yangon_Times
Page 82 of 1950