#Daily_News
Published 07 January 2026
၁။ အဆောက်အဦပြုပြင်ခြင်းဆိုင်ရာ(ပန်းရံ)ဆရာဖြစ် 𝐓𝐎𝐓 သင်တန်းဖွင့်လှစ်
၂။ မန်းရွှေစက်တော်ဘုရားကြီး၌ တည်းခိုဆောင်နှင့်ဈေးဆိုင်ခန်း(၁၃၀၀)ခန့်ဆောက်လုပ်နေ
၃။ ရှမ်းတောင်ရှိ Hi Avocado ထောပတ်သီးခြံအား GACC စစ်ဆေး
၄။ ဗင်နီဇွဲလားသမ္မတအဖမ်းဆီးခံရသည့်အပေါ် ပြည်သူများမကျေနပ်သဖြင့် ဆန္ဒပြ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 07 January 2026
■ ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း ဗင်နီဇွဲလားနိုင်ငံကို အမေရိကန်တပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ပြီး ဗင်နီဇွဲလားသမ္မတ နီကိုလတ်စ်မဒူရိုကို ဖမ်းဆီးခေါ်ဆောင်သွားပြီးတဲ့နောက် ဒဏ်ခတ်အရေးယူမှုအနေနဲ့ ဗင်နီဇွဲလားမှ အမေရိကန်သို့ပို့ဆောင်ရမယ့ ရေနံစည်ကို သန်း ၃၀ ကနေ သန်း ၅၀ အထိ ပြောင်းလဲသတ်မှတ်လိုက်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အင်္ဂါနေ့မှာ ပြောပါတယ်။
■ "ဒီရေနံတွေကို ဈေးကွက်ပေါက်ဈေးအတိုင်း ရောင်းချမှာဖြစ်ပြီး ဗင်နီဇွဲလားနဲ့ အမေရိကန်ပြည်သူတွေ အကျိုးစီးပွားအတွက် အမေရိကားပြည်ထောင်စုရဲ့ သမ္မတအနေနဲ့ ထိုမှရတဲ့ဝင်ငွေတွေကို ထိန်းချုပ်သွားမှာဖြစ်ပါတယ်" လို့ ထရမ့်က ဆိုရှယ်မီဒီယာတစ်ခုမှာ ပြောသွားပါတယ်။
■ ဗင်နီဇွဲလားဟာ သိုလှောင်ကန်တွေနဲ့ သင်္ဘောတွေပေါ်မှာ ရေနံစည်ပေါင်းသန်းနဲ့ချီရှိနေပြီး ထရမ့်ရဲ့ ပိတ်ဆို့ထားမှုကြောင့် တင်ပို့လို့မရဘဲ ဖြစ်နေပါတယ်။
■ ထရမ့်ကတော့ စွမ်းအင်ဝန်ကြီး ခရစ္စရိုက်ကို ဒီအစီအစဉ် အကောင်အထည်ဖော်ခိုင်းမှာဖြစ်ကာ ရေနံတွေကို သင်္ဘောတွေနဲ့ တင်ဆောင်ပြီး အမေရိကန်ရှိ ဆိပ်ကမ်းများသို့ တိုက်ရိုက်သယ်ယူသွားခိုင်းမယ်လို့ ပြောထားပါတယ်။
■ အစောပိုင်း တင်ပြချက်များအရ ဗင်နီဇွဲလားရေနံစိမ်းများကို အမေရိကန်မှာ ရေနံချက်ပြီး တရုတ်ထံကနေ လမ်းကြောင်းလွှဲကာ ဗင်နီဇွဲလားကုမ္ပဏီ PDVSA အနေနဲ့ ဖြတ်တောက်ခြင်းမခံရဖို့အတွက် ကရာကက်စ်နဲ့ ဝါရှင်တန်မှ အရာရှိများ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
■ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း တရုတ်က ဗင်နီဇွဲလားမှ ရေနံအများဆုံး ဝယ်ယူသူ ဖြစ်နေခဲ့ပါတယ်။
Source: Reuters
#World_News
Published 07 January 2026
■ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်မှ ဗင်နီဇွဲလားသမ္မတ နီကိုလတ်စ်မဒူရိုကို ဖမ်းဆီးပြီးနောက် မဒူရိုဟာ မူးယစ်ဆေးတရားစွဲဆိုချက်များမှာ အပြစ်မရှိဘူးလို့ ထွက်ဆိုဝန်ခံလိုက်ပါတယ်။
■ "ကျွန်ုပ် အပြစ်ကင်းစင်ပါတယ်။ သင့်တင့်လျောက်ပတ်တဲ့သူပါ။
ဒီနိုင်ငံရဲ့ သမ္မတဖြစ်နေတုန်းပါပဲ" လို့ မန်ဟက်တန် ဖက်ဒရယ်တရားရုံးမှာ အသက် ၆၃ နှစ်ရှိ မဒူရိုက စကားပြန်မှတဆင့် ပြောဆိုခဲ့ပါတယ်။
■ မဒူရိုရဲ့ဇနီး စီစီလီယာဖလော်ရက်စ်ကလည်း အပြစ်မရှိကြောင်း ဝန်ခံပြီး မတ်လ ၁၇ ရက်နေ့ကို နောက်ထပ်ရုံးချိန်လိုက်ပါတယ်။
■ အမှုမကြားနာခင် တရားရုံးအပြင်ဘက်မှာ မဒူရိုလိုလားသူတွေရော ဆန့်ကျင်သူတွေရော စုဝေးခဲ့ကြပါတယ်။
■ နာရီပိုင်းအကြာ ကရာကက်စ်မြို့မှာ မဒူရိုရဲ့ လက်ထောက်သမ္မတ ဒယ်စီရိုဒရီဂွက်ဇ်က ဗင်နီဇွဲလားကြားဖြတ်သမ္မတအဖြစ် သစ္စာဆိုခဲ့ပြီး မဒူရိုအတွက် ထောက်ခံစကားများ ဆိုခဲ့ပါတယ်။
■ အမေရိကန်ထောက်လှမ်းရေးတွေက ရိုဒရီဂွက်ဇ်ဦးဆောင်တာကို ထောက်ခံအားပေးတဲ့သဘော မြင်ရပါတယ်။
■ ဒါ့အပြင် ဒေါ်နယ်ထရမ့်ကလည်း ရိုဒရီဂွက်ဇ်နဲ့အတူ အလုပ်လုပ်ကိုင်လိုကြောင်း အကြံပြုထားပါတယ်။
■ မဒူရိုဟာ အကြမ်းသမားများ၊ သူပုန်အဖွဲ့များနဲ့ ဆက်နွယ်နေတဲ့ ကိုကိန်းဖောက်ကားရေးနယ်ပယ်ကွန်ရက်ကို ဦးဆောင်နေတယ်လို့ စွပ်စွဲခံထားရပါတယ်။
■ အမေရိကန်တိုက်ခိုက်မှုအတွင်း ထိခိုက်သွားတဲ့ ဗင်နီဇွဲလား ရေနံအဆောက်အဦများ ပြန်လည်တည်ဆောက်ဖို့အတွက် အမေရိကန်ရေနံကုမ္ပဏီများ ပါဝင်ပေးဖို့ ထရမ့်အစိုးရအဖွဲ့က စီစဉ်ထားပါတယ်။
■ မဒူရိုကို ဖမ်းဆီးခြင်းနဲ့ အမေရိကန် ဝင်ရောက်စွက်ဖက်မှုရဲ့ တရားဝင်မှုရှိမရှိကို ကမ္ဘာ့ခေါင်းဆောင်များနဲ့ ကျွမ်းကျင်သူများက မေးခွန်းထုတ်နေကြပါတယ်။
Source: Reuters
#World_Science
Published 07 January 2026
■ ပန်ဆယ်ဗေးနီးယားတက္ကသိုလ်နဲ့ မီချီဂန်တက္ကသိုလ်တို့မှ သိပ္ပံပညာရှင်များ ပူးပေါင်းကာ ပရိုဂရမ်ထည့်သွင်းလို့ရတဲ့ ကမ္ဘာ့အသေးငယ်ဆုံး စက်ရုပ်တွေ ထုတ်လုပ်လိုက်ပါတယ်။
■ အရွယ်အစားက (၀.၂ x ၀.၂ x ၀.၀၅ မီလီမီတာ)ခန့်သာရှိကာ ရွေ့လျားခြင်း၊ ပတ်ဝန်းကျင်ကို အာရုံခံနိုင်ခြင်း၊ တုံ့ပြန်ပြောင်းလဲနိုင်ခြင်းတို့ ပြုလုပ်နိုင်ပါတယ်။
■ အလွန်သေးငယ်သော ဦးနှောက်ဖြင့် အားဖြည့်လမ်းညွှန်ပေးထားပြီး ဆေးပညာပိုင်းမှာ များစွာသက်ရောက်စေနိုင်သလို သေးငယ်သော ပစ္စည်များထုတ်လုပ်ရာမှာလည်း အကူအညီဖြစ်နိုင်ပါတယ်။
■ စက်ရုပ်တွေက ရှုပ်ထွေးတဲ့ပုံစံတွေဖြင့် လှုပ်ရှားနိုင်ကာ ငါးတွေလိုမျိုး ပူးပေါင်းသွားလာနိုင်ပါတယ်။
■ အလွန်ကြံ့ခိုင်ရည်ရှိပြီး လွှဲပြောင်းရလွယ်ကူကာ လနဲ့ချီအောင် ကူးလူးသွားလာနိုင်ပါတယ်။
■ စက်ရုပ်ထုတ်လုပ်မှုတွေက ဆယ်စုနှစ်များအတွင်း တဖြည်းဖြည်း သေးငယ်လာကာ မီချီဂန်တက္ကသိုလ်မှ ပရော်ဖက်ဆာ ဒေးဗစ်ဘလောနဲ့ ဒင်းနစ်ဆေးလ်ဗက်စတားတို့က မီလီမီတာအရွယ်အစားရှိတဲ့ ကွန်ပျူတာများ ထုတ်လုပ်လာနိုင်ပါတယ်။
■ ပန်ဆယ်ဗေးနီးယား အင်ဂျင်နီယာပညာရဲ့ တွန်းကန်စနစ်နဲ့ ယင်းတို့ရဲ့ သေးငယ်တဲ့ ကွန်ပျူတာတွေက အလိုက်သင့် ပေါင်းစပ်နိုင်ခဲ့တယ်လို့ ဘလောက ပြောသွားပါတယ်။
■ စက်ရုပ်ငယ်တွေက လျှပ်စစ်စက်ကွင်းဖန်တီးပြီး အိုင်းယွန်းတွေကနေ အနီးနားက ရေမော်လီကျူးများကို တွန်းပို့ကာ စက်ရုပ်ရွေ့လျားစေတာ ဖြစ်ပါတယ်။
■ စက်ရုပ်ပရိုဂရမ် လည်ပတ်နိုင်ဖို့ ဓာတ်အား ၇၅ နာနိုဝပ်သာ လိုအပ်ပြီး စမတ်နာရီတစ်လုံး လိုအပ်ချက်ထက် အဆတစ်သိန်းလောက် ပိုနည်းပါတယ်။
■ စက်ရုပ်တွေကို အလင်းခုန်နှုန်းတွေဖြင့် ပရိုဂရမ်ပေးထားပြီး တစ်ခုချင်းစီအတွက် ပရိုဂရမ်ဆွဲထားကာ စက်ရုပ်အဖွဲ့လိုက်အနေဖြင့် မတူညီတဲ့တာဝန်တွေ ပြုလုပ်နိုင်စေမှာ ဖြစ်ပါတယ်။
Source: NDTV
#World_Health
Published 07 January 2026
■ အာဟာရဓာတ် ချို့တဲ့လာကြတဲ့ သက်ကြီးရွယ်အိုတွေဟာ ဗိုက်တာမင်အားဆေးများ မှီခိုနေရပါတယ်။
■ ဘော့စ်တွန် မတ်စ်ဂျန်နရယ်ဘရစ်ဂမ်မှ သုတေသနတစ်ခုမှာ ဗိုက်တာမင်မျိုးစုံ ဖြည့်စွက်ဆေးများ ရေရှည်အသုံးပြုပါက သွေးဖိအားများခြင်းနဲ့ သွေးတိုးနိုင်ခြေတို့ကို လျှော့ချပေးနိုင်တယ်လို့ ယူဆရပါတယ်။
■ မဂ္ဂနီဆီယံ၊ ပိုတက်ဆီယံ၊ ဗိုက်တာမင်တို့လို သတ္တုဓာတ်တွေ ချို့တဲ့ခြင်းကို ဖြည့်စွက်စားသုံးခြင်းဖြင့် သွေးပေါင်ချိန်ကို ထိန်းညှိပေးတာ ဖြစ်ပါတယ်။
■ အသက် ၆၀ အထက် အမျိုးသမီး ၈,၉၀၀ ခန့်ကို ခေါ်ယူပြီး ဗိုက်တာမင်အမျိုးမျိုး ဖြည့်စွက်ဆေးများ အသုံးပြုစေရာမှာ သွေးပေါင်ချိန် အတိုင်းအတာတွေနဲ့ ပတ်သက်ပြီး တိုးတက်မှုတွေ ရှိခဲ့တာ တွေ့ရပါတယ်။
■ ဒါပေမဲ့ Max Healthcare မှ နှလုံးသိပ္ပံဥက္ကဌ ဒေါက်တာ ဘာဘီယာဆင်းက ဗိုက်တာမင်ဖြည့်စွက်ဆေးတွေဟာ ခန္ဓာကိုယ်အတွက် သိပ်ပြီးသက်ရောက်မှုမရှိဘဲ အရင်ဆုံး အစားအစာဖြင့်သာ ကြိုးစားကြည့်သင့်ပြီး မလုံလောက်မှသာ ဖြည့်စွက်ဆေးအားကိုးသင့်တယ်လို့ ဆိုပါတယ်။
■ သွေးပေါင်ချိန် ထိန်းသိမ်းဖို့အတွက် အရေးကြီးတဲ့ အာဟာရဓာတ်တွေက ဗိုက်တာမင်-ဘီ၆ ဘီ၉ ဘီ၁၂၊ ပိုတက်ဆီယံ၊ မဂ္ဂနီဆီယံတို့ ပါဝင်ပြီး ကယ်စီယံ၊ ဗိုက်တာမင်-ဒီနဲ့ စီတို့လည်း အရေးကြီးပါတယ်။
■ အသက်ကြီးသူတွေမှာ အာဟာရဓာတ်စုပ်ယူမှု အားနည်းသလို လှုပ်ရှားမှုတွေ ကြွက်သားတွေလည်း လျော့နည်းသွားတာကြောင့် အာဟာရလိုအပ်ချက် ဖြစ်တတ်ကြပါတယ်။
■ သက်ကြီးရွယ်အိုတွေမှာ နေ့စဉ် ဗိုက်တာမင်-ဘီ ၁၀-၁၂ မိုက်ခရိုဂရမ် လိုအပ်နိုင်ပြီး ငါး၊ ဥ၊ နို့ထွက်ပစ္စည်းများ၊ အစိမ်းရောင်ဟင်းရွက်များ၊ ဆန်ဂျုံပြောင်း၊ ပဲအမျိုးမျိုး၊ အခွံမာသီးများကနေ ရရှိနိုင်ပါတယ်။
■ ဖြည့်စွက်ဆေးတစ်ခုတည်းနဲ့တော့ သွေးပေါင်ချိန်တိုးတာကို အလိုအလျောက် ချပေးနိုင်မှာမဟုတ်ဘဲ ဆရာဝန်တွေနဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
Source: Indian Express
စနေနေ့က အမေရိကန် တိုက်ခိုက်မှုတွေကြောင့် ဗင်နီဇွဲလား ရေနံချက်ထုတ်လုပ်မှု ထိခိုက်ခြင်းမရှိဘူးလို ဖော်ပြနေကြပေမယ့် ရေနံတင်ပိုနိုင်ငံများအဖွဲအစည်း OPEC ကတော့ ရေနံကဏ္ဍအပြောင်းအလဲနဲ့ ရင်ဆိုင်ရဖွယ်ရှိနေပါတယ်။
#World_News
Published 06 January 2026
#ဗင်နီဇွဲလားရေနံစက်ရုံ #အမေရိကန်
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 06 January 2026
၁။ သီတဂူ မျက်စိအလင်းအလှူတော်၌ လူဦးရေ(၁၅၀၀)ကို ကုသပေးမည်
၂။ ကလော- ရွှေညောင်-ကလော ရှုခင်းကြည့် အထူးရထား စင်းလုံးငှားရမ်းနိုင်
၃။ မော်တော်ယာဉ် ဖောင်းကြွနံပါတ်ပြားဈေးနှုန်းများ တိုးမြှင့်ပြောင်းလဲကောက်ခံမည်
၄။ ဗင်နီဇွဲလားရေနံစက်ရုံတွေကိုအမေရိကန်ထိန်းချုပ်မည့်အပေါ် OPECအခက်တွေ့... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ယခုနှစ် ဇန်နဝါရီလ ၁ ရက်မှ စကာ မော်တော်ယာဉ် ဖောင်းကြွနံပါတ်ပြားဈေးနှုန်းတွေကို တိုးမြှင့်ပြောင်းလဲကောက်ခံလျှက်ရှိတယ်လို့ကုန်းလမ်းပို့ဆောင်ရေးဦးစီးဌာနမှသိရပါတယ်။
#Local_News
Published 06 January 2026
#မော်တော်ယာဉ် #ဖောင်းကြွနံပါတ်ပြား
#YMG/SW #Yangon_Times
ကလော- ရွှေညောင်-ကလောရှုခင်းကြည့် Sightseeing အထူးရထားပြေးဆွဲပေးနေရာ ခရီးသွားကုမ္ပဏီနဲ့အေဂျင်စီတွေ ၊ ပုဂ္ဂလိကကျောင်းတွေအနေနဲ့ စိတ်ပါဝင်စားပါက ရထားအဆိုင်းလိုက်(စင်းလုံး)ငှားရမ်းနိုင်တယ်လို့ မြန်မာ့ မီးရထားကသိရပါတယ်။
#Local_News
Published 06 January 2026
#ကလော_ရွှေညောင်_ကလော
#YMG/NN #Yangon_Times
#Local_News
Published 06 January 2026
#သီတဂူမျက်စိအလင်း #ရန်ကုန်မြို့
#YMG/NN #Yangon_Times
ယခုတစ်ပတ်အတွင်း ဆက်လက်တိုးဝင်နေတဲ့ လေအေးတွေကြောင့် မနက်အစောပိုင်းတွေ အေးနေဦးမယ်လို့ မိုးဇလပညာရှင်ဦးဝင်းနိုင်က သုံးသပ်ပြောကြားထားပါတယ်။
#Local_News
Published 06 January 2026
#လေအေး
#YMG/SW #Yangon_Times
#Local_News
Published 06 January 2026
▪️ ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအတွက် ဆောင်ရွက်ပေးလျှက်ရှိသည့် မည်သူ မည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (Certificate of Identity CI) ထုတ်ေပးခြင်းကို ဒုတိယအကြိမ်ထပ်မံရက်တိုးဆောင်ရွက်ပေးမည်ဖြစ်ကြောင်းအလုပ်သမားညွှန်ကြားရေးဦးစီးဌာနက အသိပေးထုတ်ပြန်ထားသည်။
▪️ ပထမအကြိမ်ရက်တိုးမြှင့်ဆောင်ရွက်ပေးခဲ့ရာ ဒီဇင်ဘာလ ၃၁ ရက်တွင် ပြီးဆုံးပြီဖြစ်သော်လည်း အလုပ်အကိုင်အခွင့် အလမ်းများ နစ်နာဆုံး ရှုံးမှုမရှိစေရေးအတွက် Cl သက်တမ်းတိုးခြင်းကို ထပ်မံရက်တိုး၍ ယခုလ ၁၆ ရက်အထိ တိုးမြှင့်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။
▪️ ထိုင်းနိုင်ငံတွင် CI သက်တမ်းတိုး ထုတ်ပေးခြင်းလုပ်ငန်းစဉ်များကို CIထုတ်ပေး ရေးစခန်း ၄ ခုဖြစ်သည့် စမုစခွန်၊ စမုပရာကန်၊ ချင်းမိုင်၊ ဆူရတ်ဌာနီမြို့များ နှင့် Mobile Unit ၁ ခုကို ကရာဘီမြို့တွင် ဖွင့်လှစ် ဆောင်ရွက်ပေးခဲ့ပြီး ဒီဇင်ဘာလ(၂၁)ရက်တွင် ပြီးစီးခဲ့ရာ ဒီဇင်ဘာလ၃၁ရက်အထိ ထပ်တိုးဆောင်ရွက်ပေးသော်လည်း လက်ရှိတွင် Cl သက်တမ်းတိုးပြုလုပ်ရန် 7-Eleven ဆိုင်များတွင် ငွေပေးသွင်းပြီးသူများ ကျန်ရှိနေသည့်အတွက် ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားများ အလုပ်အကိုင်အခွင့်အလမ်းများ နစ်နာဆုံးရှုံးမှုမရှိစေရေးအတွက် လုပ်ငန်းဆောင်ရွက်မှုကာလကို ဇန်နဝါရီလ ၁၆ ရက်အထိ ထပ်မံတိုးမြှင့်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြထားချက်အရ သိရသည်။
▪️ CI သက်တမ်းတိုး ရန်ကျန်ရှိနေသည့် မြန်မာအလုပ်သမားများအနေဖြင့် သတ်မှတ် ကာလအမီ CI သက်တမ်းတိုး အမြန်ဆုံးသွားရောက်လျှောက်ထားရန်လည်း အလုပ်သမားညွှန်ကြားရေးဦးစီးဌာနကနှိုးဆော်တိုက်တွန်းထားသည်။
#YMG/SW #Yangon_Times
Page 84 of 1950