WASHINGTON, D.C., June 6, 2025 —– The United States government has officially suspended all visa entries for citizens of Myanmar, effectively barring them from entering the country either as immigrants or non-immigrants. The decision was announced by the White House on June 6, 2025, and came into effect immediately following a proclamation signed by President Donald Trump.
According to the proclamation, the suspension applies to all categories of Myanmar nationals seeking entry into the United States, citing high overstay rates as the primary reason. The document reveals that 27.07 percent of Myanmar citizens who were issued B‑1/B-2 visas—typically used for business and tourism purposes—were found to have overstayed their authorized period of stay. This implies that out of every 100 Myanmar nationals holding such visas, approximately 27 remained in the U.S. unlawfully beyond their visa expiration.
In addition to this, the overstay rate among Myanmar nationals who entered the United States on F, M, and J visas was recorded at an even higher level—42.17 percent. These visa categories are generally issued to academic students (F), vocational students (M), and exchange program participants (J), including their family members. The figures indicate that out of every 100 visa holders in these groups, roughly 42 failed to leave the United States within their permitted stay.
The presidential proclamation emphasized that such high violation rates undermined the integrity of the U.S. immigration system and necessitated immediate remedial action. As a result, Myanmar has now been added to a list of countries subject to full visa entry suspension.
Myanmar joins eleven other countries that have also been placed under complete visa bans. These countries include Afghanistan, Chad, the Democratic Republic of the Congo, Equatorial Guinea, Eritrea, Haiti, Iran, Libya, Somalia, Sudan, and Yemen.
In addition to these, the United States has imposed partial visa restrictions on seven other countries: Burundi, Cuba, Laos, Sierra Leone, Togo, Turkmenistan, and Venezuela. Citizens of these countries face more limited or conditional entry into the United States, depending on the visa type and specific circumstances.
The new immigration restrictions mark one of the most sweeping visa policy shifts in recent years and are expected to impact thousands of applicants from the affected countries.
#knl/ymg
စီးပွားရေးပြန်လည်ကောင်းမွန်လာစေဖို့ ပြည်တွင်းအသေးစား အငယ်စား အလတ်စား စီးပွားရေးလုပ်ငန်းတွေကို အထောက်အကူပြုစေဖို့အတွက် SKD ၊ CKD စနစ်နဲ့ တင်သွင်းမယ့်ယာဉ်တွေအတွက် အခွန်ငါးရာခိုင်နှုန်း အထိ ဖြေလျှော့ပေးလိုက်တယ်လို့ စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီးဌာနက ဇွန်လ၄ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။
#Local_News
Published 5 June 2025
#အခွန်ငါးရာခိုင်နှုန်းဖြေလျှော့ #SKD၊ CKD
#YMG/SW #Yangon_Times
မန္တလေးငလျင်ကြီးအပြီး ဆက်လက်မြင့်တက်နေတဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့အတွက် ဥရောပသမဂ္ဂက ရန်ပုံငွေ ယူရို ၅ သန်းပေးအပ်ကြောင်းကို ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) နဲ့ ဥရောပသမဂ္ဂ (EU) တို့က ယမန်နေ့က ပူးတွဲသတင်းထုတ်ပြန်လိုက်ပါတယ်။
#Local_News
Published 5 June 2025
#လိုအပ်ချက်များကိုဖြည့်ဆည်း #EUကယူရို၅သန်းပေး
#YMG/SW #Yangon_Times
#Local_News
Published 5 June 2025
▪️ မြန်မာနိုင်ငံတော်ဗဟိုဘဏ် အနေဖြင့် ထိုင်းဘတ် ငွေ ၂သန်းအပြင်အမေရိကန်ဒေါ်လာနှင့်တရုတ်ယွမ် ၇သိန်းကျော်ကို ဇွန်လ ၄ ရက်နေ့မှာ ထုတ်ရောင်းခဲ့ကြောင်း သိရသည်။
▪️ နိုင်ငံခြားငွေကြေးဈေးကွက် (FX Trading Platform) မှ စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ သန်း ၃၀ ရောင်းချပေးမည် ဖြစ်ကြောင်း ဇွန်လ ၄ ရက်နေ့က ကြေညာခဲ့ပြီးနောက် ထုတ်ရောင်းပေးခဲ့ကြောင်း သိရသည်။
▪️ ထိုသို့ရောင်းချရာတွင် ငွေလဲနှုန်း ၃၆၁၀ ကျပ်နှင့် အမေရိကန်ဒေါ်လာ ၄၂၂,၀၀၀ ၊ ငွေလဲနှုန်း ၅၄၈.၂၄ ကျပ်နှင့် တရုတ်ယွမ် ၃၄၅,၈၅၂ ၊ ငွေလဲနှုန်း ၁၃၂.၇၅ ကျပ်ဖြင့် ထိုင်းဘတ် ၂.၁၁၀ သန်းကိုလည်း ရောင်းချပေးခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 5 June 2025
▪️ တရုတ်နိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပပေးနေသည့် တရုတ်-အာဆီယံ ပိုက်ကျော်ခြင်းပြိုင်ပွဲ၌ မြန်မာပိုက်ကျော်ခြင်းအသင်းမှ ရွှေနှင့်ကြေးတံဆိပ်နှစ်ခုစီ စုစုပေါင်း ဆု လေးဆု ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ ပြိုင်ပွဲကို ဇွန် ၁ ရက်မှ ၄ ရက် အထိ ကျင်းပခဲ့ပြီးပြိုင်ပွဲအမျိုးအစား လေးမျိုးထည့်သွင်းကျင်းပရာ မြန်မာပိုက်ကျော်ခြင်းအသင်းသည် ယင်းလေးမျိုးစလုံးဆုတံဆိပ် ရယူနိုင်ခဲ့ခြင်းဖြစ်သည်။
▪️ ထိုသို့ ဆုရရှိရာတွင် မြန်မာပိုက်ကျော်ခြင်းအသင်းသည် အမျိုးသားသုံးယောက်တွဲပြိုင်ပွဲတွင် ရွှေတံဆိပ်ဆု၊ အမျိုးသားလေးယောက်တွဲပြိုင်ပွဲတွင် ရွှေတံဆိပ်ဆု၊ အမျိုးသမီးသုံးယောက်တွဲပြိုင်ပွဲတွင် ကြေးတံဆိပ်ဆု၊ အမျိုးသမီးလေးယောက်တွဲ ပြိုင်ပွဲတွင်ကြေးတံဆိပ်ဆုရရှိခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။
▪️ ထို့အပြင် အမျိုးသားသုံးယောက်တွဲပြိုင်ပွဲတွင် မြန်မာအသင်းကရွှေတံဆိပ်ဆု ရယူနိုင်ခဲ့ခြင်းဖြစ်ပြီး အုပ်စုအဆင့်တွင် အိမ်ရှင်တရုတ်အသင်းကို နှစ်ပွဲပြတ်၊ မလေးရှားအသင်းကို နှစ်ပွဲပြတ်အနိုင် ရရှိကာ အုပ်စုပထမဖြင့် ဆီမီးဖိုင်နယ်တက်ရောက်နိုင်ခဲ့သည်။
▪️ ဆီမီးဖိုင်နယ်တွင် လာအိုအသင်းကို နှစ်ပွဲပြတ်အနိုင်ရပြီး ဗိုလ်လုပွဲတွင် မလေးရှားအသင်းနှင့် ပြန်လည်တွေ့ဆုံရာ ၂-၁ ပွဲဖြင့် ထပ်မံအနိုင်ယူပြီး ရွှေတံဆိပ်ဆုရခဲ့ခြင်းဖြစ်သည်။လေးယောက်တွဲ အမျိုးသားပြိုင်ပွဲတွင် မြန်မာအသင်းသည် အုပ်စုပွဲစဉ်၌ မလေးရှားအသင်းကို နှစ်ပွဲပြတ်၊ ဗီယက်နမ်အသင်းကို ၂-၁ ပွဲဖြင့် အနိုင်ရရှိကာ ဆီမီးဖိုင်နယ် တက်ရောက်ခဲ့သည်။
▪️ ဆီမီးဖိုင်နယ် တွင်အိမ်ရှင် တရုတ်အသင်းကို ၁၅-၁၁ မှတ်၊ ၁၅-၅ မှတ်ဖြင့် နှစ်ပွဲ ပြတ်အနိုင်ရရှိပြီးဗိုလ်လုပွဲတွင် ဗီယက်နမ်အသင်းနှင့်ပြန်လည် တွေ့ဆုံခဲ့ရာ မြန်မာအသင်းသည် ပထမပွဲငယ်တွင် ၁၃-၁၅ မှတ်ဖြင့် အရေးနိမ့်သော် လည်း ဒုတိယပွဲငယ်တွင် ၁၅-၁၂ မှတ်၊ တတိယပွဲငယ်တွင် ၁၅-၁၀ မှတ်ဖြင့် ပြန်လည်အနိုင်ရရှိကာရွှေတံဆိပ်ဆုရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 5 June 2025
▪️ မြေနီကုန်းဂုံးတံတားအပေါ်လူတစ်ဦးအားကားတစ်စီးမှတိုက်ပြေးမှုတစ်ခု ယမန်နေ့ ညပိုင်းက ဖြစ်ပွါးခဲ့ကြောင်း သိရသည်။
▪️ ဇွန်လ ၄ရက်နေ့ ည၉နာရီ ၄၅မိနစ်အချိန်ခန့်က စမ်းချောင်းမြို့နယ် ပြည်လမ်း မြေနီကုန်းဂုံးတံတားပေါ်တွင် လူတစ်ဦးအား ကားတစ်စီးမှတိုက်ပြေးမှုဖြစ်ပွါးခဲ့ခြင်းကြောင့် အခင်းဖြစ်ပွားရာနေရာသို့ အနာဂတ်အလင်းတန်းပရဟိတအသင်းမှအရေးပေါ်လူနာတင်ယာဉ်တစ်စီးထွက်ခွါ၍ကူညီ လူနာအားလိုအပ်သည့်မြေပြင်ကုသမှုများပြုလုပ်ပေး၍ကူညီပေးခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ လူနာအား အခင်းဖြစ်ပွါးရာသို့ ကနဦးရောက်ရှိနေသည့်ပြည်သူ့+လူရွှင်တော်ပရဟိတအသင်းလူနာတင်ယာဉ်ဖြင့်ရန်ကုန်ဆေးရုံကြီးသို့ဆက်လက်၍ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
Crd - အနာဂတ်အလင်းတန်းပရဟိတအသင်း
#YMG/SW #Yangon_Times
#World_News
Published 05 June 2025
▪️ မြန်မာနိုင်ငံအပါအဝင် နိုင်ငံ ၁၂ ခုမှ နိုင်ငံသားများ အမေရိကန်သို့ ဝင်ရောက်ခွင့်ကို ပိတ်ပင်တားမြစ်မယ့် ထုတ်ပြန်ကြေညာချက်တစ်ခုကို သမ္မတဒေါ်နယ်ထရမ့်က ဗုဒ္ဓဟူးနေ့မှာ လက်မှတ်ရေးထိုးလိုက်ပါတယ်။
▪️ ဒီလိုလုပ်ရတာဟာ နိုင်ငံရပ်ခြားမှ အကြမ်းဖက်သမားများ၊ လုံခြုံရေးခြိမ်းခြောက်မှုများမှ ကာကွယ်ရန်အတွက် ဖြစ်တယ်လို့ ပြောသွားပါတယ်။
ဒီနိုင်ငံတွေထဲမှာ အာဖဂန်နစ္စတန်၊ ချက်ဒ်၊ ကွန်ဂို၊ အီကွေတိုရီယယ်ဂီနီ၊ အဲရီထရီယာ၊ ဟေတီ၊ အီရန်၊ လစ်ဗျား၊ ဆိုမာလီယာ၊ ဆူဒန်၊ ယီမင်နဲ့ မြန်မာတို့ ဖြစ်ပါတယ်။
▪️ နောက်ထပ် ၇ နိုင်ငံဖြစ်တဲ့ ဘူရွန်ဒီ၊ ကျူးဘား၊ လာအို၊ ဆီယာရာလီယွန်၊ တိုဂို၊ တာ့ခ်မင်နစ္စတန်၊ ဗင်နီဇွဲလားတို့မှ နိုင်ငံသားများဝင်ရောက်ခွင့်ကိုလည်း တစ်စိတ်တစ်ပိုင်း ကန့်သတ်လိုက်ကြောင်း CBS News က ဦးဆုံးဖော်ပြလာပါတယ်။
▪️ "ကျွန်ုပ်တို့ကို အန္တရာယ်ပြုလိုတဲ့သူတွေကို ဝင်ခွင့်ပေးမှာမဟုတ်ပါဘူး။ ဒီစာရင်းကို ပြန်လည်ဆန်းစစ်ကာ နောက်ထပ်နိုင်ငံများ ထပ်ထည့်နိုင်ပါတယ်" လို့ ထရမ့်က X ဆိုရှယ်မီဒီယာမှာ ဗီဒီယိုတင်ထားပါတယ်။
▪️ ဒီထုတ်ပြန်ကြေညာချက်ဟာ ၂၀၂၅ ဇွန်လ ၉ ရက်နေ့ နံနက်မိုးသောက် ၁၂ နာရီ ၁ မိနစ်ကစပြီး အသက်ဝင်လာမှာဖြစ်ကာ ထိုရက်စွဲမတိုင်ခင် ထုတ်ပေးခဲ့တဲ့ ဗီဇာတွေတော့ ရုပ်သိမ်းမှာမဟုတ်ဘူးလို့ သိရပါတယ်။
▪️ ဒေါ်နယ်ထရမ့် ပထမအကြိမ်သမ္မတဖြစ်စဉ်က မွတ်ဆလင်လူများစု ၇ နိုင်ငံမှ သွားလာဝင်ရောက်ခွင့်ကို ပိတ်ပင်ဖို့ အကြိမ်ကြိမ်ကြိုးပမ်းခဲ့ပြီး ၂၀၁၈ မှာ တရားရုံးချုပ်က ထောက်ခံခဲ့ပေမယ့် နောက်တက်လာတဲ့ သမ္မတဟောင်း ဂျိုးဘိုင်ဒင်က ၂၀၂၁ မှာ ဒီပိတ်ပင်ချက်ကို ပယ်ဖျက်ခဲ့ပါတယ်။
▪️ ဝင်ခွင့်ကန့်သတ်ပိတ်ပင်ရတဲ့ ထိုနိုင်ငံတွေဟာ အကြမ်းဖက်သမား အများအပြားရှိနေခြင်း၊ ဗီဇာလုံခြုံရေးကိစ္စများမှာ ပူးပေါင်းနိုင်မှုမရှိခြင်း၊ ခရီးသွားများရဲ့ သက်သေခံအချက်အလက်များကို အတည်ပြုစစ်ဆေးနိုင်စွမ်းမရှိခြင်း၊ ရာဇဝတ်သမိုင်းကြောင်းများ လုံလောက်စွာ မှတ်တမ်းမထိန်းသိမ်းထားခြင်း၊ အမေရိကန်မှာ ဗီဇာရက်လွန်နေထိုင်မှုနှုန်း မြင့်မားခြင်းတို့ကြောင့် ဒီလိုဆုံးဖြတ်ရတာ ဖြစ်တယ်လို့ ထရမ့်ကဆိုပါတယ်။
#Source: Reuters
#World_Health
Published 05 June 2025
▪️ ဝါရှင်တန်ကျန်းမာရေးဌာနက ကိုဗစ်-၁၉ မျိုးဗီဇကွဲအသစ် တွေ့ရှိထားကြောင်း တနင်္လာနေ့က ပြောပါတယ်။
▪️ ဝါရှင်တန်မှာ NB.1.8.1 မျိုးဗီဇကွဲကို ၁၄ ယောက်မှာ တွေ့ရှိထားတယ်လို့ ဆိုပါတယ်။
▪️ အစောဆုံးအနေနဲ့ ဧပြီ ၇ ရက်နေ့ဖြစ်ပြီး ယခုနောက်ဆုံးတစ်ယောက်က မေလ ၂၀ ရက်နေ့က တွေ့ခဲ့တာဖြစ်ပါတယ်။
▪️ CDC ရဲ့ ဧည့်ခရီးသွားမျိုးဗီဇစစ်ဆေးရေး ပရိုဂရမ်အရ SEA လေဆိပ်မှ နမူနာများ စစ်ဆေးရာမှာ ၁၃ ဦးမှာ တွေ့ရှိခဲ့ပါတယ်။
▪️ နောက်တစ်ဦးကတော့ အမေရိကန် လေကြောင်းဆေးပညာမှ တင်ပြထားတာ ဖြစ်ပါတယ်။
▪️ ဝါရှင်တန်မှာ တွေ့ရှိတာဖြစ်ပေမယ့် သူတို့တွေက ဝါရှင်တန်မှာ နေထိုင်သူတွေလား ဒါမှမဟုတ် နမူနာရယူပြီးမှ ဝါရှင်တန်မှာ နေနေကြတာလားဆိုတာ မသိရသေးဘူးလို့ ကျန်းမာရေးအာဏာပိုင်များက ပြောပါတယ်။
▪️ NB.1.8.1 တွေ့ရှိရာနေရာမှာ အဖြစ်များလာတာကြောင့် WHO က မျိုးဗီဇကွဲအဖြစ် သတ်မှတ်ထားပေမယ့် ကျန်းမာရေးအန္တရာယ်ကတော့ နည်းပါးတယ်လို့ဆိုပါတယ်။
▪️ အချက်အလက်များအရ ယခုမျိုးဗီဇကွဲဟာ ယခင်ဟာတွေလောက် ရောဂါပြင်းထန်တဲ့သဘော မရှိပါဘူး။
▪️ လက်ရှိကာကွယ်ဆေး အမျိုးအစားတွေက NB.1.8.1 ကြောင့် ရောဂါလက္ခဏာပေါ်ခြင်းနဲ့ ရောဂါပြင်းထန်ခြင်းတို့မှ ကာကွယ်ပေးနိုင်မယ်လို့ ယူဆထားပါတယ်။
▪️ ဝါရှင်တန်ကျန်းမာရေးဌာနကတော့ ကိုဗစ်-၁၉ ကာကွယ်ဆေး နောက်ဆုံးထုတ်ပြန် သတင်းများအတိုင်း နေထိုင်ကြဖို့ တိုက်တွန်းထားပါတယ်။
#Source: King5
#Local_News
Published 5 June 2025
▪️ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အရေးပေါ်ကယ်ဆယ်ရေး ဆေးဘက်ဆိုင်ရာအဖွဲ့ (JDR) တွင် ပါဝင်ကူညီပေးခဲ့သော စကားပြန် ၂၃ ဦးကို မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံးဂုဏ်ပြုလွှာများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
▪️ အဆိုပါဂုဏ်ပြုလွှာများ ပေးအပ်ချီးမြှင့်ခြင်းအခမ်းအနားကိုမေလ ၃ဝ ရက်က ဂျပန်သံအမတ်ကြီးနေအိမ်၌ ကျင်းပခဲ့ခြင်းဖြစ်ကြောင်း ဂျပန်သံရုံးက ယမန်နေ့တွင် ထုတ်ပြန်ထားသည်။
▪️ အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး၏အကြီးအကဲ မစ္စတာ ယိုရှိတခဲ ရှိုးဂိုသည် သဘာဝဘေး အန္တရာယ်ဆိုင်ရာ အရေးပေါ်ကယ်ဆယ်ရေး ဆေးဘက်ဆိုင်ရာအဖွဲ့ (JDR) တွင် ပါဝင်ကူညီ ပေးခဲ့သော စကားပြန် ၂၃ ဦးကို ကျေးဇူးတင် ဂုဏ်ပြုစကားပြောကြားခဲ့ကာဂုဏ်ပြုလွှာများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
▪️ မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံးဂုဏ်ပြုလွှာကို ဂျပန်သံရုံး၏ သံတမန် ရေးရာလုပ်ငန်းများတွင် အရေးပါသောအခန်းကဏ္ဍမှ ပူးပေါင်းပါဝင်ကူညီပေးသော လူပုဂ္ဂိုလ် တစ်ဦးချင်းနှင့် အသင်းအဖွဲ့များသို့ ကျေးဇူးတင်ဂုဏ်ပြုသည့်အနေဖြင့် ချီးမြှင့်ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#World_Science
Published 05 June 2025
▪️ နာဆာစက်ရုပ်အာကာသယာဉ်နှစ်စီးကနေ ရရှိတဲ့ အချက်အလက်များဖြင့် လကမ္ဘာဆွဲအားစစ်ဆေးခဲ့ရာမှာ ဘာကြောင့် လကမ္ဘာမျက်နှာပြင်နှစ်ခု ဒီလောက်ကွာခြားနေလဲဆိုတဲ့အကြောင်း အရိပ်အမြွက် သိလာစေပါတယ်။
▪️ အမေရိကန် အာကာသအေဂျင်စီ GRAIL ရဲ့ အချက်အလက်အရ လကမ္ဘာအတွင်းနက်ပိုင်းမှာ ဘက်မညီတဲ့ တည်ဆောက်ပုံရှိနေပြီး လွန်ခဲ့တဲ့နှစ်ဘီလီယံခန့်က မီးတောင်ဖြစ်စဉ်ကြီးများကြောင့် မျက်နှာသွင်ပြင်အနေအထား ပြောင်းလဲသွားဟန်ရှိပါတယ်။
▪️ လက ကမ္ဘာဂြိုဟ်နားတဝိုက် အဝိုင်းပုံသဏ္ဍာန်လည်ပတ်နေစဉ် ကမ္ဘာနဲ့နီးတဲ့ လမျက်နှာပြင်က တခြားမျက်နှာပြင်ထက် အနည်းငယ်ပိုခုံးနေပြီး ဒါဟာ ကမ္ဘာဂြိုဟ်ရဲ့ ဆွဲအားသက်ရောက်မှုကြောင့်ဖြစ်ကာ လအတွင်းပိုင်း မျက်နှာပြင်နှစ်ဖက်ကို ကွာခြားသွားစေတာ ဖြစ်တယ်လို့ တွေ့ရှိခဲ့ကြပါတယ်။
▪️ ဒါ့အပြင် ကမ္ဘာနဲ့နီးတဲ့ လမျက်နှာပြင်အတွင်းပိုင်းက ပိုမိုပူနွေးပြီး ဘူမိဗေဒအရ ပိုမိုနက်ရှိုင်းနေတယ်လို့ နာဆာဓာတ်ခွဲခန်းမှ ဆိုလာစနစ်ဒိုင်နမစ်အဖွဲ့ရဲ့ ကြီးကြပ်ရေးမှူး ရိုင်ယန်ပတ်ခ်က ပြောပါတယ်။
▪️ ကမ္ဘာနဲ့နီးစပ်တဲ့ လဖက်ခြမ်းမှာ အရည်ပူကျောက်များ အေးခဲသွားရာကနေ ဖြစ်လာတဲ့ ကွင်းပြင်ကျယ်ကြီးတွေ ဖုံးအုပ်နေပြီး အဝေးဖက်ခြမ်းကတော့ မျက်နှာပြင် ပိုမိုကြမ်းတမ်းပါတယ်။
▪️ အနီးဖက်ခြမ်းမှာ မီးတောင်ဖြစ်စဉ်များကနေ ရေဒီယိုသတ္တိကြွများ ထွက်လာပြီး အပူထုတ်ပေးတဲ့ဒြပ်စင်များ စုပြုံလာသဖြင့် ကွဲပြားတာဖြစ်တယ်လို့ သိပ္ပံပညာရှင်အချို့ ယူဆထားပါတယ်။
▪️ လမျက်နှာပြင်နှစ်ဖက်ဟာ အတော်လေးကွဲပြားနေပြီး မြေမျက်နှာသွင်ပြင်၊ အလွှာအထူ၊ အပူထုတ်ဒြပ်စင်ပမာဏတို့မှာ ကွာခြားနေတယ်လို့ ပတ်ခ်ကပြောပါတယ်။
▪️ အဆင့်မြှင့်တင်ထားတဲ့ ဆွဲငင်အားမြေပုံက လကမ္ဘာနေရာ၊ လမ်းညွှန်မှု၊ အချိန်စနစ်တို့ ထုတ်လုပ်ရာမှာ အရေးကြီးတဲ့အခြေခံဖြစ်ပြီး အနာဂတ်လကမ္ဘာ ရှာဖွေစူးစမ်းရေးအလုပ်တွေ အောင်မြင်ဖို့အတွက် အလွန်အရေးပါတယ်လို့ ပြောပါတယ်။
▪️ ဒီလိုနည်းလမ်းနဲ့ပဲ လကမ္ဘာအတွင်းပိုင်းကိုလည်း ဆွဲအားအချက်အလက်များဖြင့် ဆန်းစစ်နိုင်မယ်လို့ သုတေသီများ ပြောသွားပါတယ်။
#Source: Reuters
ကမ္ဘာပေါ်က အကြီးမားဆုံး အီလက်ထရွန်နစ်ဈေးတွေထဲက တစ်ခုဖြစ်တဲ့ ဟွာချန်ပေဟာ တရုတ်တောင်ပိုင်း ကွမ်တုံပြည်နယ် ရှန်ကျန်မှာရှိပြီး နိုင်ငံခြားဧည့်ခရီးသွားများ မဖြစ်မနေသွားကြတဲ့နေရာ ဖြစ်လာပါတယ်။
#World_Technology
Published 4 June 2025
#နိုင်ငံခြားခရီးသွား #တရုတ်ကွမ်တုံမှအီလက်ထရွန်နစ်ဈေး
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 4 June 2025
▪️ ဂျပန်နိုင်ငံသို့ သွားရောက်မည့် အမျိုးသမီးလုပ်သား၁၂၂ ဦးကို OWIC ကတ်ပြုလုပ်ခွင့်ထပ်မံခွင့်ပြုလိုက်ကြောင်း အလုပ်သမားဝန်ကြီးဌာနမှ သိရသည်။
▪️ ဂျပန်နိုင်ငံသို့ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရအေဂျင်စီများမှတစ်ဆင့် သွားရောက်အလုပ်လုပ်ကိုင်နိုင်ရေး ပြည်ပအလုပ်အကိုင် လမ်းညွှန်သင်တန်းတက်ရောက်ခွင့်နှင့် ပြည်ပအလုပ်အကိုင် အလုပ်သမား သက်သေခံကတ် ( OWIC) ပြုလုပ်ခွင့် တင်ပြထားလျှောက်ထားလာကြသည့် အေဂျင်စီ ၃၇ ခုမှ အမျိုးသမီး အလုပ်သမား ၁၂၂ ဦး အတွက် ပြည်ပအလုပ်အကိုင် လမ်းညွှန်သင်တန်းတက်ရောက်ခွင့်နှင့် OWIC ကတ် ပြုလုပ်ခွင့်ပြုသည့် စာရင်းကို အလုပ်သမားဝန်ကြီးဌာန၏ Safe Migration Telegram channel မှ ယနေ့ ထုတ်ပြန်ပေးလိုက်ခြင်းဖြစ်သည်။
▪️ အဆိုပါအမည်စာရင်းတွင် ပါဝင်သူများသည် ပြည်ပအလုပ်အကိုင် လမ်းညွှန်သင်တန်းကို ၅-၆-၂၀၂၅ ရက်တွင်တက်ရောက်ရမည်ဖြစ်ပြီး
OWIC ကတ်ကို ၆-၆-၂၀၂၅ ရက်နေ့တွင် ပြုလုပ်ရမည်ဖြစ်ကြောင်း ၊သတ်မှတ်နေ့ရက်တွင် သင်တန်းတက်ရောက်ခြင်း၊ OWIC ကတ် ပြုလုပ်နိုင်ခြင်းမရှိပါက ပြန်လည်တင်ပြရမည်ဖြစ်ေကြာင်း သိရသည်။
▪️ ထို့ပြင်အေဂျင်စီများအနေဖြင့် OWIC ရရှိပြီးသည့်အလုပ်သမားများအတွက် စေလွှတ်ခွင့်အား ထွက်ခွာလိုသည့်ရက် (ရက်သတ္တ တစ်ပတ်အတွင်း ) ဖော်ပြပြီး စေလွှတ်မည့်အလုပ်သမားစာရင်း၊ နိုင်ငံကူးလက်မှတ် မိတ္တူ၊ OWIC ကတ် မိတ္တူတိုနှင့်အတူ Excel Soft Copy ပြုစု၍ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊
#YMG/SW #Yangon_Times
Page 80 of 1745