စားအုန်းဆီ တင်သွင်းသုံးစွဲမှု အခြေအနေနှင့်ပတ်သက်ပြီး နိုင်ငံတော်သမ္မတရုံး၏ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးက ရှင်းလင်းပြောကြား
#Local_News
Published 11 July 2026
■ မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီး၌ အောင်မြင်စွာမွေးဖွားခဲ့သည့် ရင်ချင်းဆက်အမြွှာအား ကလေးဆေးရုံကြီး (ရန်ကင်း)- မွေးကင်းစအထူးကြပ်မတ် ကုသဌာန၌ ဆက်လက်၍ ပြုစုကုသစောင့်ရှောက်ပေးနေကြောင်း သိရသည်။
■ ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်ကြာအင်းကျေးရွာနေ ဒေါ်ပပလှိုင် အသက် ၃၂ နှစ်သည်သားဦးအမြွှာ ကိုယ်ဝန်ဖြင့် လှည်းကူးမြို့ပြည်သူ့ဆေးရုံ၌ ကိုယ်ဝန်ဆောင်စောင့်ရှောက်မှုခံယူခဲ့ ပြီး ကိုယ်ဝန်ဆောင်ကာလ (၃၂)ပတ်ကျော်ချိန်တွင် ရေမြွှာပေါက်ခြင်းကြောင့် ၂၀၂၆ ခုနှစ် ဇူလိုင် ၄ ရက်တွင် လှည်းကူးမြို့ ပြည်သူ့ဆေးရုံမှတစ်ဆင့် မြောက် ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးသို့ အရေးပေါ် ဆေးရုံတက်ရောက်ခဲ့ပြီး ယင်းနေ့ ည ၇ နာရီ ၅ မိနစ်တွင် ရင်ချင်းဆက်အမြွှာ မိန်းကလေးနှစ်ဦး (ဝမ်းဗိုက်နေရာမှ ဆက်နေသော Omphalopagus Type)ကို အောင်မြင်စွာခွဲစိတ်မွေးဖွားပေးနိုင်ခဲ့ကြောင်း သိရသည်။
■ အဆိုပါကလေးငယ်များသည် လမစေ့မီမွေးဖွားပြီး ရင်ချင်းဆက်အမြွှာကလေးများဖြစ်သဖြင့် မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီး မွေးကင်းစကလေးအထူးကြပ်မတ်ဌာန၌ ထားရှိကာ လိုအပ်သောကုသမှုများ အချိန်နှင့်တစ်ပြေးညီဆောင်ရွက်ပေးခဲ့သည်။
■ ဇူလိုင် ၈ ရက်တွင် ခုတင်-၅၅၀ ဆံ့ ကလေးဆေးရုံကြီး (ရန်ကင်း)-ရန်ကုန်သို့ လွှဲပြောင်းကာ မွေးကင်းစအထူးကြပ်မတ် ကုသဌာန၌ ဆက်လက်၍ ပြုစုကုသစောင့်ရှောက်ပေးလျက်ရှိပြီး အဆိုပါရင်ချင်းဆက်အမြွှာ ကလေးများအား လိုအပ်သောဆေးကုသမှုများဆောင်ရွက်ရန်နှင့် ခွဲစိတ်ကုသမှု (Separation Surgery) ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများကို စီစဉ်ဆောင်ရွက်နိုင်ရန်အတွက် မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီး ဆေးရုံအုပ်ကြီး ဦးဆောင်၍ မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံ ကြီးနှင့် ခုတင်-၅၅၀ ဆံ့ ကလေးဆေးရုံကြီး(ရန်ကင်း)တို့မှ ဘာသာ ရပ်ဆိုင်ရာပညာရှင်များပါဝင်သော ဆေးကုသရေးအဖွဲ့ကိုဖွဲ့စည်းပြီး ကုသမှုများဆက်လက် ဆောင်ရွက်ပေးလျက်ရှိကာ ကလေးများ၏ ကျန်းမာရေးအခြေအနေကောင်းမွန်ကြောင်း သိရသည်။
Y#YMG/NN #Yangon_Times
#World_News
Published 11 July 2026
■ ဗြိတိန်ကာကွယ်ရေး ဝန်ကြီးဌာနက အမျိုးသမီး စစ်သည်များ ခက်ခဲပင်ပန်းတဲ့ စစ်ဘက်ဆိုင်ရာ တာဝန်များကို ထမ်းဆောင်နိုင်ရန် လမ်းညွှန်ချက် အသစ်များ ထုတ်ပြန်လိုက်ပါတယ်။
■ ဒီလုပ်ဆောင်ချက်အရ ထိပ်တန်း အထူးတပ်ရင်းတွေမှာ အမျိုးသမီး စစ်သည် အရေအတွက် တိုးမြှင့်ရန် ရည်ရွယ်ပါတယ်။
■ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က စည်းမျဉ်းအပြောင်းအလဲတစ်ခုကြောင့် အမျိုးသမီးများဟာ လေထီးတပ်ရင်းနဲ့ တော်ဝင်ရေတပ် အပါအဝင် အမျိုးသားများနဲ့တန်းတူ စစ်ဘက်ဆိုင်ရာ တပ်ဖွဲ့များသို့ လျှောက်ထားခွင့် ရရှိခဲ့ကြပါတယ်။
■ ဒါပေမဲ့လည်း ထိပ်တန်းအားကစား နောက်ခံရှိသူများသာ လက်တွေ့မြေပြင်မှာ စွမ်းဆောင်ရည် ပြည့်ဝစွာ အကောင်အထည်ဖော်နိုင်ခဲ့ကြပါတယ်။
■ ဒါကို ပြောင်းလဲရန် ကြိုးပမ်းတဲ့အနေဖြင့် ကာကွယ်ရေးဦးစီးချုပ်များဟာ အာဟာရနဲ့ အိပ်စက်ခြင်းဆိုင်ရာ လမ်းညွှန်ချက်အသစ်များကို ထုတ်ပြန်ပေးခဲ့ကြပါတယ်။
■ အမျိုးသမီးစစ်သည်များ ဒဏ်ရာရရှိမှု လျှော့ချရန်နဲ့ ဟော်မုန်းမမျှတမှုများ ထိန်းညှိရန် နေ့စဉ် ကယ်လိုရီစားသုံးမှု ၃,၅၀၀ အထိ တိုးမြှင့်ရန်နဲ့ ပိုမိုအိပ်စက်ကြရန် ကျန်းမာရေးလမ်းညွှန်ချက်အသစ်မှာ အကြံပြုထားပါတယ်။
■ အချက်အလက်များအရ အမျိုးသမီး ၂၅ ရာခိုင်နှုန်းဟာ ရာသီမမှန်ခြင်း ကြုံတွေ့ရပြီး ၅၀ ရာခိုင်နှုန်းကတော့ အလွန်အမင်း ရာသီပေါ်ခြင်း ခံစားရသဖြင့် စစ်မြေပြင်စွမ်းဆောင်ရည်ကို ထိခိုက်စေကြောင်း သိရပါတယ်။
■ ဝန်ကြီးဌာနအနေဖြင့် စစ်ေရးအသင့်ဖြစ်မှုကို မြှင့်တင်ရန်အတွက် သင့်လျော်မယ့် စစ်အသုံးအဆောင်ပစ္စည်းများနဲ့ အထူးပံ့ပိုးမှုများ ကတိပြုထားပါတယ်။
Source: WION
#World_Health
Published 11 July 2026
■ အိုမီဂါ-၃ ဖက်တီးအက်ဆစ်လိုမျိုး ဦးနှောက်ကျန်းမာရေးအတွက် ဖြည့်စွက်အားဆေးတွေ ဈေးကွက်တွင်ကျယ်လာပေမယ့် သုတေသနပြုချက်အရ အကျိုးအာနိသင်နဲ့ ပတ်သက်ပြီး ရှုပ်ထွေးစရာ ဖြစ်လာပါတယ်။
■ သက်ကြီးရွယ်အိုတွေမှာ အိုမီဂါ-၃ သုံးစွဲခြင်းက ဦးနှောက်အသိစိတ်ကျဆင်းမှု ပိုမိုမြန်ဆန်စေပြီး ဦးနှောက်ဂလူးကို့စ်ဇီဝဖြစ်စဉ် လျော့ကျစေခြင်းတို့နဲ့ ဆက်စပ်နေတယ်လို့ လေ့လာချက်တစ်ခုမှာ တွေ့ရှိထားပါတယ်။
■ ဒါပေမဲ့ ငါးစားသုံးခြင်းနဲ့တော့ သက်ဆိုင်မနေဘဲ အိုမီဂါ-၃ ကို ဖြည့်စွက်ဆေးအနေဖြင့် အဓိကအသုံးမပြုသင့်ဘူးလို့ တွေ့ရှိထားပါတယ်။
■ နေ့စဉ်သုံး ဗိုက်တာမင်အမျိုးမျိုးက ဇီဝဖြစ်စဉ်အိုမင်းခြင်းလက္ခဏာများကို နှေးစေနိုင်ဖွယ်ရှိပေမယ့် ကျန်းမာရေးအာနိသင် ပေးနိုင်လားဆိုတာ သေချာမသိရပါဘူး။
■ ဖြည့်စွက်ဆေး သုတေသနထဲမှာ ဇီဝဖြစ်စဉ်သက်ရောက်မှုတွေက နေ့စဉ်လုပ်ငန်းဆောင်တာများ တိုးတက်စေတယ်လို့ ယူဆလို့မရပါဘူး။
■ ဒီဂျစ်တယ်စနစ်သုံး သိရှိမှုစွမ်းရည်ဆန်းစစ်ချက်များအရ ဖြည့်စွက်ဆေးတွေရဲ့ ထိရောက်မှုကို တိုင်းတာနိုင်ပေမယ့် သေချာစွာ စိစစ်အတည်ပြုရန် လိုအပ်ပါတယ်။
■ ကျန်းမာသန်စွမ်းတဲ့ လူကြီးများအတွက် ဒီစစ်ဆေးမှုတွေက တိကျမှုလျော့နည်းနိုင်ပါတယ်။
■ ဒီသုတေသနမှာ ဖြည့်စွက်ဆေးတွေက ဦးနှောက်လှုပ်ရှားမှုနဲ့ ဇီဝကမ္မဖြစ်စဉ်များအပေါ် သက်ရောက်မှုကို လေ့လာရန်အတွက် ဦးနှောက်လျှပ်စစ်လှိုင်းတိုင်းတာခြင်း(EEG)နဲ့ မက်တာဘိုလိုမစ် နည်းပညာတို့ကို အသုံးပြုထားပါတယ်။
■ ဖြည့်စက်ဆေးများကို ဦးနှောက်ကျန်းမာရေးအတွက် ဖြတ်လမ်းတစ်ခုအဖြစ် မမှတ်ယူသင့်ဘဲ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်းနဲ့ ကျန်းမာရေးအန္တရာယ်များ ထိန်းသိမ်းခြင်းတို့ကလည်း အရေးကြီးပါတယ်။
Source: Independent
#World_Health
Published 11 July 2026
■ ဖြည့်စွက်ဆေးတွေဟာ သွေးကြောထဲမရောက်မီ အသည်းမှာ ဦးစွာခြေဖျက်ရသဖြင့် အသည်းကို ဝန်ပိစေနိုင်ပါတယ်။
■ အချို့သောဆေးပစ္စည်းတွေဟာ ဇီဝကမ္မဖြစ်စဉ်ကို ထိခိုက်စေနိုင်ပြီး ပြင်းထန်တဲ့ ဒဏ်ရာတွေ ဖြစ်စေနိုင်ကြောင်း ဒေါက်တာ ရီရှမ်ရမ်ကစ်ဆွန်းက သတိပေးထားပါတယ်။
■ လက်ရှိ အမေရိကန်ပြည်ထောင်စုမှာ ဆေးဝါးကြောင့်အသည်းပျက်စီးမှုများရဲ့ ၁၆ ရာခိုင်နှုန်းကျော်ဟာ အာဟာရဖြည့်စွက်စာများကြောင့်ဖြစ်ပြီး အနာဂတ်မှာလည်း ပိုမိုမြင့်တက်လာနိုင်ပါတယ်။
■ (၁) လက်ဖက်စိမ်းရည်
လက်ဖက်စိမ်းရည် ဖြည့်စွက်စာများမှာ EGCG ပမာဏမြင့်မားစွာ ပါဝင်ပြီး ရိုးရိုးဖျော်သောက်တဲ့ လက်ဖက်ရည်ထက် အသည်းထိခိုက်နိုင်ခြေ ပိုများပါတယ်။
■ ဒါကြောင့် ဆေးတောင့်များထက်စာရင် လက်ဖက်စိမ်းကို ရိုးရိုးသောက်သုံးခြင်းက ဓာတ်တိုးဆန့်ကျင်ပစ္စည်း အာနိသင်များ ပိုမိုရရှိစေနိုင်မှာ ဖြစ်ပါတယ်။
■ (၂) ဗိုက်တာမင်-အေ
ဗိုက်တာမင်-အေက ကျန်းမာရေးအတွက် မရှိမဖြစ် လိုအပ်ပေမယ့် ခန္ဓာကိုယ်ထဲမှာ ပိုလျှံစွာသိုလှောင်ထားပါတယ်။
■ နေ့စဉ်ပမာဏ ၃,၀၀၀ mcg RAE ကျော်အောင် သုံးစွဲရင် အဆိပ်သင့်ခြင်း၊ ရောင်ရမ်းခြင်း၊ အသည်းထိခိုက်ခြင်းတို့ ဖြစ်နိုင်တာကြောင့် ဥ၊ နို့ထွက်ပစ္စည်းများ၊ ဟင်းရွက်များကနေ လိုအပ်တဲ့ပမာဏ ရရှိစေပါတယ်။
■ (၃) ငရုတ်ကောင်းပါဝင်သော နနွင်းဖြည့်စွက်ဆေး
ငရုတ်ကောင်း(ပိုက်ပရင်) ပါဝင်တဲ့ နနွင်းဖြည့်စွက်ဆေးတွေက အသည်းထိခိုက်ခြင်း အဖြစ်များစေပြီး အသည်းက မခြေဖျက်နိုင်တဲ့အခါ အဆိပ်သင့်လာနိုင်ပါတယ်။
■ ဒါကြောင့် နနွင်းကို ဖြည့်စွက်ဆေးထက်စာရင် ဟင်းခတ်အမွှေးအကြိုင်အဖြစ် အသုံးပြုဖို့ အကြံပြုထားပါတယ်။
■ (၄) အိန္ဒိယဂျင်ဆင်း
အာယုဗေဒ ပရဆေးပင်တစ်မျိုးဖြစ်ပြီး စိတ်ဖိစီးမှု၊ အိပ်မပျော်ခြင်းတို့အတွက် အသုံးပြုကြပေမယ့် ၃-၆ ဂရမ်ထက် ကျော်သွားရင် အသည်းထိခိုက်စေနိုင်ပါတယ်။
■ ဒါကြောင့် အသုံးပြုမယ်ဆိုရင် အသားဝါခြင်း၊ ဆီးရင့်ရောင်ဖြစ်ခြင်း စတဲ့လက္ခဏာတွေ စောင့်ကြည့်သင့်ပါတယ်။
■ ဒါကြောင့် ဖြည့်စွက်ဆေးတွေ အသုံးပြုမယ်ဆိုရင် FDA အသိအမှတ်ပြု ရှိလားဆိုတာကို အတည်ပြုသင့်သလို အာဟာရဖြည့်စွက်ဆေး မသုံးမီ အစားအစာများဖြင့် ဦးစားပေးဖြည့်စွက်သင့်ပါတယ်။
Source: Eating Well
ဥရောပမှာ ပြင်းထန်တဲ့ အပူလှိုင်းတစ်ခုဖြတ်သန်းနေပြီး အပူချိန်မြင့်တက်နေတာကြောင့် သေဆုံးမှုများရှိနေကာအစိုးရတွေကလည်း အရေးပေါ်သတိပေးချက်များ ထုတ်ပြန်နေပါတယ်။
#World_Climate
Published 10 July 2026
#ဥရောပ
#YMG #Yangon_Times #Yangon_Media_Group
၁၀ ဇူလိုင်၊၂၀၂၆
စားအုန်းဆီ အား သတ်မှတ်ရည်ညွှန်းစျေးနှုန်းများဖြင့် ပြည်သူများအားဖြန့်ဖြူးပေးလျက်ရှိသော်လည်း တစ်ဆင့်တစ်ဆင့်ပြန်လည်ရောင်းချသူများမှ အမြတ်တင်ရောင်းချမှုကြောင့်စျေးနှုန်း အနည်းငယ်ကြီးမြင့် လျက်ရှိကြောင်းသတင်းရရှိသည်။
သက်ဆိုင်ရာ တာဝန်ရှိသူများက စားအုန်းဆီဈေးနှုန်းများပြန်လည်တည်ငြိမ်စေရေးအတွက် လိုအပ်သည် များကို ဆောင်ရွက်နေကြောင်းလည်း စုံစမ်းသိရှိရသည်။
#Local_News
Published 10 July 2026
■ အထူးကုဆေးရုံကြီး (ခုတင်-၅၀၀) ရန်ကုန်မြို့၌ အကြိမ် (၄၀) မြောက် အသည်းအစားထိုး ခွဲစိတ်ကုသမှုအဖြစ် အသက် (၄၈) နှစ်ရှိ အသည်းလူနာ အမျိုးသားနှင့် အသက် (၂၅) နှစ်ရှိ အသည်းအလှူရှင် အမျိုးသမီးတူအရီးတို့ကို ဇူလိုင် ၃ ရက်က ခွဲစိတ်ကုသဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။
■ လူနာနှင့်အသည်းအလှူရှင်နှစ်ဦးတို့အား အထူးကြပ်မတ်ကုသဌာနတွင်ထားရှိကာ လိုအပ်သောပြုစုကုသမှုများကို ဘာသာရပ်ဆိုင်ရာ ပါမောက္ခ/အထူးကု ဆရာဝန်ကြီးများ၊ ကျွမ်းကျင်သူနာပြုများက ဆက်လက်ဆောင်ရွက်ပေးလျက်ရှိပြီး နှစ်ဦးစလုံး ကျန်းမာရေးအခြေအနေ တည်ငြိမ်ကောင်းမွန်လျက်ရှိကြောင်း သိရပါတယ်။
■ အဆိုပါ အသည်းအစားထိုးခွဲစိတ်ကုသမှုကို ပြည်သူ့ဆေးရုံကြီးများတွင် အသည်းအစားထိုးခွဲစိတ်မှုအောင်မြင်စွာပြန်လည်ဆောင်ရွက်နိုင်ရေး လုပ်ငန်းအဖွဲ့ခေါင်းဆောင် ပါမောက္ခ/ဌာနကြီးမှူး (ဆေးလက်တွေ့) ပါမောက္ခဒေါက်တာမင်းဇော်ဦး ဦးဆောင်သောအဖွဲ့၊ ပါမောက္ခဒေါက်တာစိုင်းအောင်ညွန့်ဦး ဦးဆောင်သောအသည်းခွဲစိတ် ကုသမှုဆိုင်ရာလုပ်ငန်းအဖွဲ့၊ ပါမောက္ခဒေါက်တာဝင်းဝင်းဆွေ ဦးဆောင်သောအသည်းဆေးကုသမှုဆိုင်ရာလုပ်ငန်းအဖွဲ့၊ အငြိမ်းစားပါမောက္ခကြီးများဖြစ်သော ပါမောက္ခဒေါက်တာကြည်ကြည်စန်း၊ ပါမောက္ခဒေါက်တာမူမူနိုင်နှင့် ပါမောက္ခ/ ဌာနမှူး (မေ့ဆေး) ပါမောက္ခဒေါက်တာဖုန်းမြင့် ဦးဆောင်သောမေ့ဆေးဆိုင်ရာလုပ်ငန်းအဖွဲ့၊ ပါမောက္ခ ဒေါက်တာဝင်းဝင်းကျော် ဦးဆောင်သော နှလုံးနှင့်သွေးကြောခွဲစိတ်မှုဆိုင်ရာလုပ်ငန်းအဖွဲ့၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ဓာတ်ခွဲ) ပါမောက္ခ ဒေါက်တာစောဝတ်မှုန် ဦးဆောင်သော ရောဂါရှာဖွေရေးဆိုင်ရာလုပ်ငန်းအဖွဲ့၊ ပါမောက္ခဒေါက်တာအောင်ချိုထွန်း ဦးဆောင်သော ဓာတ်မှန်ပညာဆိုင်ရာလုပ်ငန်းအဖွဲ့၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ အမျိုးသားသွေးဌာန ပါမောက္ခဒေါက်တာဆွေဇင်မြင့် ဦးဆောင်သောသွေးနှင့်သွေးပစ္စည်းဆိုင်ရာ အထောက်အကူပြုလုပ်ငန်းအဖွဲ့၊ အထူးကုဆေးရုံကြီး (ခုတင်-၅၀၀)၊ ရန်ကုန်မြို့မှ ဆေးရုံအုပ်ကြီး ဒေါက်တာအိသန္တာထွေးနှင့် စီမံခန့်ခွဲမှုအဖွဲ့များ၊ သူနာပြုများအဖွဲ့၊ ကျွမ်းကျင်ဝန်ထမ်းများနှင့် အထောက်အကူပြုဝန်ထမ်းများ အားလုံးပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပြီး တောင်ကိုရီးယားနိုင်ငံ Seoul National University Hospital မှ Professor Kwang Woong Lee ကလည်း ပူးပေါင်းဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်။
■ အသည်းအစားထိုးခွဲစိတ်ကုသမှုများကို ၂၀၀၄ ခုနှစ်မှစတင်၍ ရန်ကုန်အထွေထွေရောဂါကုဆေးရုံသစ်ကြီး၌ နှစ်တွဲ၊ အထူးကုဆေးရုံကြီး (ခုတင်-၅၀၀) ရန်ကုန်မြို့၌ ယခုဆောင်ရွက်သည့် ခွဲစိတ်ကုသမှုအပါ အဝင် ၃၈ တွဲ စုစုပေါင်း ၄၀ ကို ခွဲစိတ်ကုသပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိပါတယ်။
#YMG/MNN #Yangon_Times
#Yangon_Media_Group
#Local_News
Published_ 10 July 2026
■ ရန်ကုန်တိုင်းဒေသကြီး၌ ဧပြီ ၂၀ ရက်မှ ဇူလိုင် ၇ ရက်အထိ ၂လကျော်ကာလအတွင်း ခါးပိုက်နှိုက်မှု ၁၁၇ မှုမှ တရားခံ ၉၉ ဦးကို ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း သိရပါတယ်။
■ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့အနေဖြင့် ပြည်တွင်းလုံခြုံရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ၌ YBS ယာဉ်လိုင်းများ၊ ကားမှတ်တိုင်များနှင့် အများပြည်သူ သွားလာလျက်ရှိသည့် နေရာများတွင် အုပ်စုဖွဲ့ ခါးပိုက်နှိုက်ကျူးလွန်မှုများ လျော့နည်းကျဆင်းစေရန်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက သတင်းရယူစုံစမ်းခြင်း၊ အသွင်ယူစောင့်ကြည့်ခြင်းများ ဆောင်ရွက်ခဲ့ပြီး ပြစ်မှုကျူးလွန်သူ တရားခံများကို ဖော်ထုတ်ဖမ်းဆီးအရေးယူခဲ့တာ ဖြစ်ပါတယ်။
■ ဧပြီ ၂၀ ရက်မှ ဇူလိုင် ၇ ရက်အထိ တိုင်းဒေသကြီးအတွင်းရှိ ထန်းတပင်၊ အင်းစိန်၊ လှိုင်သာယာ(အရှေ့ပိုင်း)၊ လှိုင်သာယာ(အနောက်ပိုင်း)၊ သင်္ဃန်းကျွန်း၊ ဗိုလ်တထောင်၊ ဒေါပုံ၊ သာကေတ၊ လသာ၊ မင်္ဂလာတောင်ညွန့်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)၊ ပန်းဘဲတန်း၊ လမ်းမတော်၊ ကြည့်မြင်တိုင်၊ စမ်းချောင်း၊ မရမ်းကုန်း၊ မြောက်ဥက္ကလာပ၊ ကမာရွတ်နှင့် ဗဟန်းမြို့နယ်တို့၌ အမှုစုစုပေါင်း ၁၁၇ မှုနှင့် ကျူးလွန်သူ တရားခံကျား ၉၄ ဦး၊ မ ၅ ဦး၊ စုစုပေါင်း ၉၉ ဦးတို့ကို ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ခဲ့တာပါ။
■ ခါးပိုက်နှိုက်မှုကျူးလွန်ရာမှ ရရှိခဲ့သည့် သက်သေခံပစ္စည်းများဖြစ်သော လက်ကိုင်ဖုန်းအလုံး ၁၄၀ နှင့် ငွေကျပ် ၆၅၇၀၀၀၀ တို့အားသိမ်းဆည်းရမိခဲ့ပါတယ်။
■ ရန်ကုန်တိုင်းဒေသကြီးအတွင်း မှုခင်းကျဆင်းရေးနှင့် ဒုစရိုက်မှုများ ကင်းစင်စေရေးအတွက် ခရိုင်များအလိုက် သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များနှင့် ပူးပေါင်း၍ လှည့်ကင်း၊ ရပ်ကင်း၊ ဝပ်ကင်းများ ဆောင်ရွက်ခြင်း၊ ဧည့်စာရင်းစစ်ဆေးခြင်း၊ မှုခင်းအသိပညာပေး ဟောပြောခြင်း၊ အသိပညာပေး လက်ကမ်းစာစောင်များဝေငှခြင်း၊ သက်ဆိုင်ရာ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့များနှင့် ပူးပေါင်း၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောခြင်း၊ စည်းကမ်းမဲ့ယာဉ်များ ဖမ်းဆီးခြင်းများ နေ့စဉ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါတယ်။
#YMG/MNN #Yangon_Times
#Yangon_Media_Group
#Local_News
Published 10 July 2026
■ မြန်မာ့ပင်လယ်ပြင်တွင် ရေဝင်နစ်မြုပ်နေတဲ့ ကုန်တင်သင်္ဘောပေါ် လိုက်ပါလာသူ ၁၂ ဦးကို တပ်မတော်(ရေ)မှ စစ်ရေယာဉ်ဖြင့် ကူညီကယ်ဆယ်နိုင်ခဲ့ကြောင်းသိရပါတယ်။
■ MV ATK Nyein ကုန်တင်သင်္ဘောသည် ပင်လယ်ပြင်၌ ရေဝင်နစ်မြုပ်နေကြောင်း MV Oceanstar ကုန်တင်သင်္ဘောရဲ့သတင်းပေးပို့ချက်အရ မြန်မာ့ပင်လယ်ပြင်အတွင်း လုံခြုံရေးဆောင်ရွက်နေတဲ့ တပ်မတော်ရေမှ တပ်ဖွဲ့ဝင်များသည် ဇူလိုင် ၈ ရက်၊ ည ၆ နာရီခွဲတွင် သွားရောက် ကယ်တင်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။
■ တနင်္သာရီတိုင်းဒေသကြီး ဟိန်းဇဲဘုတ်ကျွန်းအနီး မြန်မာ့ပင်လယ်ပြင်အတွင်း လုံခြုံရေးဆောင်ရွက်နေတဲ့ တပ်မတော်(ရေ)မှ တပ်ဖွဲ့ဝင်များသည် ကုလားကုတ်ကျွန်း၏ အနောက်ဘက် ရေမိုင် ၂၇ ဒသမ ၅ မိုင်အကွာ၌တွင် MV ATK Nyein အမည်ရှိ ကုန်တင်ရေယာဉ်တစ်စင်း ရေဝင်နစ်မြုပ်နေကြောင်း MV Oceanstar ကုန်တင်ရေယာဉ်ရဲ့ သတင်းပေးပို့ချက်အရ သွားရောက်၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း များဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
■ ရေဝင်နစ်မြုပ်နေတဲ့ ကုန်တင်ရေယာဉ်အား ဇူလိုင် ၈ ရက်၊ ည ၆ နာရီခွဲတွင် တွေ့ရှိခဲ့ပြီး ကုန်တင်ရေယာဉ်ပေါ်တွင် လိုက်ပါလာသော အမှုထမ်း ၁၂ ဦးအား စစ်ရေယာဉ်ပေါ်သို့တင်ဆောင်ကာ လိုအပ်သည့် ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးပြီး အဝတ်အထည်နှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ပါတယ်။
■ ကူညီကယ်ဆယ်လာသူများကို ဇူလိုင် ၉ ရက်၊ နံနက် ၁၀ နာရီတွင် မော်လမြိုင်မြို့၊ ရာဇာမင်းတံတား၌ သက်ဆိုင်ရာတာဝန်ရှိသူများထံ စနစ်တကျလွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိပါတယ်။
#YMG/MNN #Yangon_Times
#Yangon_Media_Group
ဒေသအချို့မှာ အခုကိုးရက်တာအတွင်း နေရာကွက်၍ မိုးကြီးလေထန်နိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ဒီကနေ့ထုတ်ပြန်တဲ့ မိုးကြီးမယ့် သတိပေးချက်အမှတ်စဉ်(၁၁/၂၀၂၆)အရသိရပါတယ်။
#Local_News
Published 10 July 2026
#မိုးကြီးလေထန်
#YMG/NN #Yangon_Times
သီတဂူစက္ခုဒါနဆေးရုံ (ရန်ကုန်)ရဲ့(၁၉) ကြိမ်မြောက် မျက်စိအလင်းအလှူအတွက် မျက်စိဝေဒနာရှင်များကို ယမာန်နေ့ကစတင်ပြီး စာရင်းလက်ခံနေပြီလို့ သိရပါတယ်။
#Local_News
Published 10 July 2026
#သီတဂူစက္ခုဒါနဆေးရုံ
#YMG/NN #Yangon_Times
Page 83 of 2096