NAY PYI TAW, Myanmar (September 19, 2025)-In a significant diplomatic gesture, Timor-Leste has pledged to the Myanmar government that it will not allow organizations opposing the government to open offices or conduct illegal protest activities within its borders. The promise was made by Mr. Bendito dos Santos Freitas, Timor-Leste's Minister of Foreign Affairs and Cooperation, during a working visit to Myanmar's capital.
The commitment was reportedly given to Myanmar’s Foreign Minister U Than Swe on September 18, according to an official press release from Myanmar’s Ministry of Foreign Affairs. The statement also noted that Minister Freitas extended an invitation for Myanmar to open an embassy in Dili, the capital of Timor-Leste.
During the meeting, the two foreign ministers emphasized their shared commitment to enhancing diplomatic relations based on the principles of the ASEAN Charter. They agreed to bolster ties while strictly adhering to the principle of non-interference in each other’s internal affairs.
Discussions also included potential agreements to boost cooperation, such as a visa exemption agreement for diplomatic and special passport holders and a separate visa exemption agreement to promote tourism between the two nations.
Minister Freitas and his delegation were in Myanmar for a working visit from September 17 to September 19, 2025.
#knl/ymg
တရုတ်ထိပ်တန်းလျှပ်စစ်ကားထုတ်လုပ်ရေး BYD က မျိုးဆက်သစ် e-Bus Platform 3.0 နဲ့ C11 မော်ဒယ်တိုကို မိတ်ဆက်လိုက်ကာ အောက်ခံထည်ဘက်ထရီနည်းပညာ ပေါင်းစပ်ထားတဲ့ ဘက်ထရီစနစ်နဲ့အတူ ဒိုမိန်း ၁၀၀၀ ဗိုအားဖြင့် တည်ဆောက်ထားတဲ့ ပထမဆုံးလျှပ်စစ်ဘတ်စ်ကား ဖြစ်လာပါတယ်။
#World_Industry
Published 18 September 2025
#BYD #လျှပ်စစ်ဘတ်စ်ကား
#YMG #Yangon_Times #Yangon_Media_Group
MSME လုပ်ငန်းများဖွံဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှ မတည်ထောက်ပံ့ငွေကျပ် ၁၇၀ ဘီလီယံကို ထူထောင်ထားတယ်လို့ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါ်သန်းသန်းလင်းက ပြောပါတယ်။
#Local_News
Published 18 September 2025
#MSME
#YMG/SW #Yangon_Times
အင်းလေးဒေသက ညောင်ရွှေဘုရားပွဲတော်နဲ့ အင်းလေးဖောင်တော်ဦးဘုရားပွဲတော်တွေမှာ ခြေနဲ့လှော်ခတ်တဲ့ အင်းသားရိုးရာလှေလှော်ပြိုင်ပွဲ ထည့်သွင်းကျင်းပသွားမယ်လို့ လှေလှော်ပြိုင်ပွဲကျင်းပရေးဆပ်ကော်မတီ က သိရပါတယ်။
#Local_News
Published 18 September 2025
#အင်းလေးဖောင်တော်ဦး #ညောင်ရွှေဘုရားပွဲတော်
#YMG/NN #Yangon_Times
#Local_News
Published 18 September 2025
▪️ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့တွင် ပြင်းထန်မြေငလျင်ကြောင့် ထိခိုက်ခံစားခဲ့ရသည့် ငလျင်ဘေးသင့် အိမ်ထောင်စုများ ပြန်လည်ထူထောင်ရေးအတွက် ဒုတိယအကြိမ် ငွေသားထောက်ပံ့ခြင်းအစီအစဉ်ကို စက်တင်ဘာလ(၁၇)ရက်က ပြုလုပ်ခဲ့ကြောင်း မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ သိရသည်။
▪️ ငွေသားထောက်ပံ့ခြင်းကို စစ်ကိုင်းမြို့ပေါ်ရပ်ကွက်များဖြစ်သည့် နန္ဒဝန်၊ မိုးဇာ ၊ ပန်းပဲတန်းရပ်ကွက်တို့တွင် ပေးဝေခဲ့ပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ အသင်းအလုပ်အမှုဆောင် ပါမောက္ခဒေါက်တာတင်မောင်လှိုင်က အဆိုပါရပ်ကွက်များမှ အိမ်ထောင်စုများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးကာ ငွေသားထောက်ပံ့ခြင်းကို ပြုလုပ်ခဲ့ကြောင်းသိရသည်။
▪️ ထောက်ပံ့ပေးဝေရာတွင် အိမ်ထောင်စုတစ်စုလျှင် ထောက်ပံ့ငွေကျပ်လေးသိန်း(၄၀၀,၀၀၀ိ/)နှုန်းဖြင့် အဆိုပါရပ်ကွက်များမှ အိမ်ထောင်စုပေါင်း(၅၈၂)စုအတွက် စုစုပေါင်းငွေကျပ်(၂၃၂,၈၀၀,၀၀၀ိ/)ကို လက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့ကြောင်း၊ ငွေသားထောက်ပံ့ခြင်းအစီအစဉ်တွင်ပါဝင်သည့် အိမ်ထောင်စုများရွေးချယ်ခြင်းကို ပြီးခဲ့သည့် မေလမှစ၍ ကြက်ခြေနီဝန်ထမ်းများနှင့်စေတနာလုပ်အားရှင်များက အသင်း၏စံသတ်မှတ်ချက်များနှင့်အညီ အိမ်တိုင်ရာရောက် ကွင်းဆင်းလေ့လာဆန်းစစ်ခြင်းများ စနစ်တကျပြုလုပ်ကာ ဦးစွာရွေးချယ်ခံရသူများကို အများပြည်သူမြင်သာသောနေရာများတွင် ပွင့်လင်းမြင်သာစွာဖော်ပြထားရှိပြီး ( Community Engagement and Accountability )လုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့်ရွေးချယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
စိုက်ပျိုးရေးနည်းပညာနဲ့ စိုက်ပျိုးရေးလုပ်ငန်းအတွက် အရေးကြီးတဲ့ သိပ္ပံပညာသစ်တွေ၊ စက်ယန္တရားပစ္စည်းနဲ့ သဘာဝထွက်ကုန်အမျိုးမျိုးကို တစ်နေရာတည်းမှာ အနီးကပ်တွေ့မြင်စေဖို့ ရည်ရွယ်ထားတဲ့ Agricultural Expo 2025 ကိုကျင်းပသွားမယ်လို့ သိရပါတယ်။
#Local_News
Published 18 September 2025
#Agricultural_Expo_2025 #စိုက်ပျိုးရေးနည်းပညာ
#YMG/SW #Yangon_Times
သဘာဝအလှတရားတွေ နဲ့ ကျယ်ပြန့်လှတဲ့ တိရစ္ဆာန်ဥယျာဥ် (ရန်ကုန်) အတွင်း နေရာအသီးသီးကို နှံစပ်စွာလည်ပတ်နိုင်ဖို့ ဥယျာဥ်အတွင်း Mini Buggy နဲ့ E Bike ငှားခြင်းဝန်ဆောင်မှုတို့ကို ထပ်တိုးဆောင်ရွက်ပေးနေပြီလို့ဆိုပါတယ်။
#Local_News
Published 18 September 2025
#Mini_Buggy #E-Bike
#YMG/NN #Yangon_Times
#Daily_News
Published 18 September 2025
၁။ တိရစ္ဆာန်ဥယျာဥ်အတွင်း Mini Buggy နှင့် E-Bike စီး၍လည်ပတ်နိုင်
၂။ “Agricultural Expo 2025” ကျင်းပမည်
၃။ ညောင်ရွှေနှင့်အင်းလေးဖောင်တော်ဦးဘုရားပွဲများ၌ အင်းသားရိုးရာခြေခတ်လှေလှော်ပြိုင်ပွဲ ကျင်းပမည်
၄။ အောက်ခံထည်ဘက်ထရီနည်းပညာပေါင်းစပ်ထုတ်လုပ်ထားသည့် BYDလျှပ်စစ်ဘတ်စ်ကား ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 18 September 2025
▪️ ရှမ်းပြည်နယ်မှ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များသည် ယမာန်နေ့ညနေပိုင်းက နေပြည်တော်ရှိ အထင်ကရနေရာများဖြစ်သို့သွား ရောက်လေ့လာကြကြောင်း သိရသည်။
▪️ ထိုသို့လေ့လာရာတွင် ဒက္ခိဏသီရိမြို့နယ် ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုပြီး နေပြည်တော်ရေပန်းဥယျာဉ်သို့ သွားရောက်လေ့လာကြသည်။
▪️ ကနဦးအနေဖြင့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များသည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညိုကြရာ ရှင်းလင်းဆောင်၌ ဘုရားကြီးဂေါပကအဖွဲ့ဝင်များက မာရဝိဇယဘုရားကြီး တည်ထားကိုးကွယ်ပူဇော် ရခြင်းရည်ရွယ်ချက်၊ ရုပ်ပွားတော်မြတ်ကြီးအား လုပ်ငန်းစဉ်အဆင့်ဆင့်ဖြင့် အောင်မြင်စွာတည်ထားပူဇော်နိုင်ခဲ့မှု၊ လက်ရှိထိန်းသိမ်းဆောင်ရွက်နေမှု၊ ကျောက်စာရုံစေတီတော်များ တည်ထားဆောင်ရွက်ခဲ့မှုနှင့် သာသနာရေးဆိုင်ရာ အခမ်းအနားကြီးများ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့မှုများကို ရှင်းလင်းပြောကြားပြီး မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အောင်မြင်စွာတည်ထားပူဇော်နိုင်ရန် အဆင့်ဆင့်ဆောင်ရွက်ခဲ့မှု မှတ်တမ်းဗီဒီယိုကို ပြသသည်။
▪️ ထို့နောက် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့မှ တာဝန်ရှိသူများက ကျေးဇူးတင်စကားပြောကြားပြီး ရုပ်ပွားတော်မြတ်ကြီး အောင်မြင်စွာတည်ထားပူဇော်ခဲ့မှုနှင့်စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားသည်။
▪️ ယင်းနောက် လေ့လာရေးအဖွဲ့က ဘုရားကြီးဘက်စုံပြုပြင်မွမ်းမံရန်အတွက် အလှူငွေများပေးအပ်လှူဒါန်းကြရာ ဂေါပကအဖွဲ့က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကြောင်း၊
ထို့နောက် လေ့လာရေးအဖွဲ့သည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုကြပြီး ပန်း၊ ရေချမ်း ကပ်လှူပူဇော်ကာ ဘုရားရင်ပြင်တော်ပတ်လည်၌ စကျင်ကျောက်များ အသုံးပြုတည်ဆောက်ထားသည့် ဂန္ဓကုဋိတိုက်များ၊ ခမ်းနားထည်ဝါစွာ တည်ထားပူဇော်ထားသော အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီး၊ ပါဠိအက္ခရာ၊ Romanize Language တို့ဖြင့် ထွင်းထုထည့်သွင်းတည်ဆောက်ထားသည့် ကျောက်စာရုံစေတီတော်များနှင့် အခြားသာသနိကအဆောက်အအုံများ၊ ပုံစံငယ်များနှင့် ရုပ်ပွားတော်မြတ်ကြီးတည်ထားပူဇော်မှု မှတ်တမ်းတင်ဓာတ်ပုံများကို လှည့်လည်ကြည့်ရှုကြပြီး နေပြည်တော်ရေပန်းဥယျာဉ်သို့ သွားရောက်လေ့လာခဲ့ကြကြောင်းသိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 18 September 2025
▪️ တံဆိပ်ခေါင်း စုဆောင်းသူ ဝါသနာရှင်များ တစ်စုတစ်စည်းတည်း စုဆောင်းနိုင်ကြရန် ရည်ရွယ်၍ မြန်မာ့စာတိုက်လုပ်ငန်းမှ ထုတ်ဝေခဲ့ပြီးသော မြန်မာနိုင်ငံ၌ တွေ့ရှိရသည့် လိပ်ပြာမျိုးစိတ် (၁၁)မျိုး တံဆိပ်ခေါင်းများကိုမြန်မာ့လိပ်ပြာမျိုးစိတ် ၂၀၀ ကျပ်တန် (၁၁)လုံးပါ Block of Stamp အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် (၁)မျိုး အဖြစ်စက်တင်ဘာလ (၂၀)ရက်တွင် စတင်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်း လက်အောက်ရှိ နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးတို့နှင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ စာတိုက်ကြီးများတွင် အဆိုပါနေ့နံနက် ၉ နာရီခွဲမှစတင်ကာ တစ်ပြိုင်တည်းရောင်းချပေးသွားမည်ဖြစ်သည်။
▪️ အထူးအစီအစဉ် တစ်ရပ်အနေဖြင့် နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့တွင် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ (၂၀)ရက် (စနေနေ့)တွင် ဝယ်ယူသော စာပို့တံဆိပ်ခေါင်းများပေါ်တွင် နေ့စွဲအမှတ်အသားတံဆိပ် ရိုက်နှိပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 18 September 2025
▪️ မလေးရှားနိုင်ငံ မနီလာမြို့ရှိ One Ayala Mall ၌ကျင်းပပြုလုပ်ခဲ့သည့်
အာဆီယံကော်ဖီနှင့်လက်ဖက်ရည် သံတမန်ပြပွဲ၌ မြန်မာ့ကော်ဖီနှင့်လက်ဖက်ရည်ရိုးရာယဉ်ကျေးမှုဓလေ့ကို ဖော်ထုတ်ပြသခဲ့ကြောင်း
နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်မှုအရသိရသည်။
▪️ အဆိုပါ အာဆီယံကော်ဖီနှင့် လက်ဖက်ရည် သံတမန်ပြပွဲ (ASEAN Coffee and Tea Diplomacy နှင့် Malaysia Tourism, Arts, Culture and Food Festival 2025) ကို စက်တင်ဘာလ ၁၂ ရက်နှင့် ၁၃ ရက်တို့တွင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
▪️ ထိုပြပွဲ၌ မြန်မာ့ကော်ဖီနှင့် လက်ဖက်ရည် ရိုးရာယဉ်ကျေးမှုဓလေ့ တို့ကို မြန်မာသံရုံးမှ ဖော်ထုတ်ပြနိုင်ခဲ့ကာ နိုင်ငံ့ယဉ်ကျေးမှုအမွေအနှစ်ကို မြှင့်တင်နိုင်ခဲ့ကြောင်းသိရသည်။
▪️ ထိုသို့ပြသရာတွင် မြန်မာသံရုံးအနေဖြင့် မြန်မာ့ထွက်ကုန်ဖြစ်သည့် ဉာဏ်ကြီးရှင် ရှမ်းတောင်မြင့်ကော်ဖီနှင့် Royal Myanmar Teamix တို့ကို ဈေးကွက်မိတ်ဆက်ပြသခဲ့သလို ဧည့်သည်တော်များအား မြန်မာ့လက်ဖက်ရည်ရဲ့ ထူးခြားသောအရသာကို မိတ်ဆက်ပေးခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#World_News
Published 18 September 2025
▪️ ပန်ဆယ်ဗေးနီးယားမှာ ဗုဒ္ဓဟူးနေ့က ပစ်ခတ်မှုဖြစ်ပွားခဲ့ရာမှာ ရဲအရာရှိ ၃ ဦးအသက်ဆုံးပါးခဲ့ပြီး ၂ ဦးအပြင်းအထန် ဒဏ်ရာရခဲ့ကာ သေနတ်သမားလည်း ပစ်သတ်ခံလိုက်ရကြောင်း အရာရှိတွေ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
▪️ ပါဝင်ခဲ့တဲ့ အရာရှိတွေက အစောပိုင်းစုံစမ်းရေးတာဝန်တွေရှိနေခဲ့တဲ့ အခင်းဖြစ်ပွားရာနေရာသို့ ပြန်ရောက်လာချိန် ပန်ဆယ်ဗေးနီးယား အရှေ့တောင်ပိုင်း ကိုဒိုရပ်စ်မြို့နယ်မှာ ပစ်ခတ်မှုဖြစ်ပွားခဲ့တာဖြစ်ကြောင်း ပြည်နယ်ရဲမှူးဗိုလ်မှူးကြီး ခရစ္စတိုဖာပဲရစ်က ပြောပါတယ်။
▪️ ရဲအရာရှိတွေဟာ မနေ့ကစတင်ခဲ့တဲ့ စုံစမ်းစစ်ဆေးမှုကို လိုက်ဖို့ရောက်ရှိခဲ့တာဖြစ်ကြောင်း ပြောခဲ့ပြီး အခြေအနေအသေးစိတ်ကိုတော့ မပြောသွားပါဘူး။
▪️ သေနတ်ဒဏ်ရာရခဲ့တဲ့ အရာရှိ ၂ ဦးကို အနီးအနားဆေးရုံသို့ ပို့ဆောင်ခဲ့ကာ အရေးပေါ်အခြေအနေဆိုပေမယ့် အခြေအနေတည်ငြိမ်နေပါတယ်။
▪️ ပစ်ခတ်မှုဖြစ်ပွားချိန်မှာ အရာရှိတွေက ဝရမ်းထုတ်ဖို့လုပ်နေခဲ့တာဖြစ်တယ်လို့ ဒေသတွင်းမီဒီယာတစ်ခုက ဖော်ပြထားပါတယ်။
▪️ တရားခံအကြောင်းကို လူသိရှင်ကြား ထုတ်မပြောထားသလို အရာရှိတွေ ဘယ်ဌာနကလဲဆိုတာလည်း မပြောပါဘူး။
▪️ အုပ်ချုပ်ရေးမှူး ဟို့ရှ်ရှပီရိုက ပန်ဆယ်ဗေးနီးယားရဲ့ အေးချမ်းတည်ငြိမ်ရေးအတွက် စိတ်ပျက်ဖွယ်ရာ သတင်းဖြစ်ပြီး ကျဆုံးသွားသော အရာရှိများကို လေးစားဦးညွတ်ကြောင်း ပြောထားပါတယ်။
▪️ ဆုံးရှုံးသွားရတဲ့ မိသားစုဝင်တွေ အလွန်ကြေကွဲနေမှာကို သိရှိကြောင်း၊ ယူနီဖောင်းဝတ်ပြီး အများပြည်သူ ဘေးကင်းလုံခြုံအောင် ကာကွယ်ပေးနေသူတွေအတွက် ဂုဏ်ယူနေကြမှာဖြစ်ကြောင်း ပြောသွားပါတယ်။
Source: Reuters
Page 83 of 1856