Nay Pyi Taw – August 7, 2025 — Myanmar's Pro Tempore President, U Myint Swe, passed away today, August 7, at 8:28 a.m. at the 1,000-bed No. 2 Military Hospital. He was 75 years old.
The National Defense and Security Council announced that a state funeral will be held for the pro tempore president. Additionally, a three-day national mourning period has been declared from August 7 to August 9, 2025. The national flag of the Republic of the Union of Myanmar is to be flown at half-staff during this time.
Since early 2023, U Myint Swe began experiencing sluggish movements and a weakened appetite, leading to medical examinations by a special team of senior specialists. Diagnostic tests revealed he was suffering from Parkinson's Disease and related neurological weakness. He received treatment at Singapore's Mount Elizabeth Medical Center from April 15-19, 2024, and then at the 1,000-bed No. 2 Military Hospital from May 27-June 18.
Following his discharge, a special medical team led by Union Minister of Health Professor Dr. Thet Khaing Win continued to monitor and treat him. However, his health did not improve. On July 18, 2024, he began receiving medical treatment and resting at home on sick leave.
In July24, 2025, U Myint Swe experienced weight loss, poor appetite, fever, and decreased brain activity. He was readmitted to the 1,000-bed No. 2 Military Hospital on July 24, where he remained until his death.
#ymg/ PP
#World_News
Published 07 August 2025
▪️ ဘရာဇီးလ်သမ္မတ လူးဝစ်ဇ်အင်နာစီယိုလူလာဒါဆေးလ်ဗားက ဗုဒ္ဓဟူးနေ့ ရိုက်တာသတင်းဌာနနဲ့ အင်တာဗျူးရာမှာ ယိုယွင်းနေတဲ့ကမ္ဘာကြီးမှာ နိုင်ငံပေါင်းစုံပေါင်းဝင်ရေးအတွက် သူ့ကိုယ်သူ ဦးဆောင်လမ်းပြအနေနဲ့ ဖော်ပြသွားပါတယ်။
▪️ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ချမှတ်လိုက်တဲ့ အခွန်ကိစ္စတွေနဲ့ ပတ်သက်ပြီး BRICS အဖွဲ့အစည်းအနေနဲ့ တုံ့ပြန်ဆောင်ရွက်ကြဖို့ တရုတ်နဲ့ အိန္ဒိယခေါင်းဆောင်တို့ကို ဖိတ်ခေါ်သွားဖို့ စီစဉ်နေပါတယ်။
▪️ သဘောတူညီချက်တွေကို နိုင်ငံပေါင်းစုံမှ ညှိနှိုင်းချမှတ်ရတဲ့ ဘက်ပေါင်းစုံလမ်းစဉ်ကို ထရမ့်က ဖျက်ဆီးချင်နေပြီး တစ်ဖက်သတ်ဝါဒနဲ့သာ အစားထိုးချင်နေတယ်လို့ လူလာက ပြောသွားပါတယ်။
▪️ လူလာက ထရမ့်ရဲ့ အခွန်စည်းကြပ်မှုတွေကို ဖြေရှင်းဖို့အတွက် BRICS ဖွံ့ဖြိုးဆဲနိုင်ငံများနဲ့ စတင်ဆွေးနွေးသွားမယ်လို့ ဆိုပါတယ်။
BRICS အဖွဲ့ထဲမှာ ရုရှားနဲ့ အခြားစီးပွားရေးထွန်းကားနိုင်ငံများ ပါဝင်ပါတယ်။
▪️ ဂျီ ၂၀ အဖွဲ့ထဲမှာ BRICS က ၁၀ နိုင်ငံပါဝင်နေတယ်ဆိုတာကို အမှတ်ရနေသင့်တယ်လို့ ဆိုပါတယ်။
▪️ ထရမ့်က ဘာလို့ နိုင်ငံပေါင်းစုံပါဝင်ရေးဝါဒကို တိုက်ခိုက်နေပြီး ဘာရည်ရွယ်ချက်တွေ ရှိလဲဆိုတဲ့အကြောင်းကို ဆွေးနွေးချင်နေပါတယ်။
▪️ ထရမ့်ကတော့ BRICS အဖွဲ့အစည်းကို အမေရိကန်ဆန့်ကျင်ရေးအဖွဲ့လို သတ်မှတ်ထားပြီး ထိုအဖွဲ့ဝင်နိုင်ငံများထံမှ တင်သွန်းကုန်များအပေါ် နောက်ထပ် ၁၀ ရာခိုင်နှုန်း အခွန်ထပ်ဆောင်း သတ်မှတ်ဖို့ ခြိမ်းခြောက်နေပါတယ်။
▪️ ဒီစာရင်းထဲမှာ ဘရာဇီးလ်က ၅၀ ရာခိုင်နှုန်းဖြင့် ထိပ်ဆုံးက ရှိနေပါတယ်။
ဒါ့အပြင် အိန္ဒိယကို နောက်ထပ် ၂၅ ရာခိုင်နှုန်း၊ တရုတ်နဲ့ တောင်အာဖရိကတို့ကို ၃၀ ရာခိုင်နှုန်း ချမှတ်သွားဖို့ စီစဉ်နေပါတယ်။
Source: Reuters
#Local_News
Published 07 August 2025
▪️ ဩဂုတ်လ(၅)ရက်က မြန်မာပလာဇာကားပါကင်တွင်ဖြစ်ပွားခဲ့သောကိစ္စနှင့်ပတ်သက်၍ မြန်မာပလာဇာစီမံခန့်ခွဲမှုအဖွဲ့က ဩဂုတ်လ၆ရက် ညနေပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။
▪️ အဆိုပါ ထုတ်ပြန်ချက်ချက်၌ ၂၀၂၅ ခုနှစ် ဩဂုတ်လ (၅) ရက်နေ့၊ ညနေပိုင်းတွင် မြန်မာပလာဇာရှောပင်းမော်လ်၏ ယာဉ်ရပ်နားရန်နေရာတွင် အမျိုးသမီးတစ်ဦးအား ဓားဖြင့်ထိုးသည့် ဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့ရာ သက်ဆိုင်ရာလုံခြုံရေးဌာနမှ သိလျှင်သိချင်း လူနာအားအရေးပေါ်ကယ်ဆယ်နိုင်ရေးအတွက် ဆေးရုံသို့ပို့ဆောင်ခဲ့သော်လည်း လူနာမှာ ရရှိခဲ့သောဒဏ်ရာကြောင့် ကွယ်လွန်သွားခဲ့သည်ဟု သိရှိရကြောင်းသက်ဆိုင်ရာတာဝန်ရှိသူများ၏ အဆိုအရ အဆိုပါအမျိုးသမီးကို အမည်မသိ အမျိုးသားနှစ်ဦးမှ လုပ်ကြံတိုက်ခိုက်ခဲ့ကြောင်း သိရှိရကြောင်း၊ အခင်းဖြစ်လျှင်ဖြစ်ချင်း သက်ဆိုင်ရာလုံခြုံရေးဌာနမှ လူနာအားအရေးပေါ်ကယ်ဆယ်ရေးအတွက် ဆေးရုံသို့ပို့ဆောင်ခြင်း၊ သက်ဆိုင်ရာနယ်မြေရဲစခန်းသို့ သတင်းပို့ခြင်း စသည့် လုပ်ငန်းစဥ်များကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ခဲ့ကြောင်း၊ ဤဖြစ်စဥ်သည် မျှော်လင့်မထားသော ဖြစ်ရပ်တစ်ခုဖြစ်ပြီး မြန်မာပလာဇာအနေဖြင့်လည်း နစ်နာသူမိသားစုနှင့်ထပ်တူ ဝမ်းနည်းကြေကွဲရကြောင်း၊ သို့ဖြစ်ပါ၍ ကျူးလွန်သူများကို အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် သက်ဆိုင်ရာနယ်မြေရဲစခန်းနှင့် ပူးပေါင်းပြီး လုပ်ထုံးလုပ်နည်းများနှင့်အညီ လိုအပ်သည့်ပံ့ပိုးမှုများကို ဆောင်ရွက်လျက်ရှိနေကြောင်း ဖော်ပြထားသည်။
▪️ ထို့အပြင်မြန်မာပလာဇာစီမံခန့်ခွဲမှုအဖွဲ့၏ ထုတ်ပြန်ချက်၌ အဆိုပါ လုပ်ကြံမှု ဖြစ်စဉ်နှင့်ပတ်သက်၍ မြန်မာပလာဇာအနေဖြင့် စျေးဝယ်သူများနှင့် ဧည့်သည်တော်များ၏ ဘေးကင်းလုံခြုံရေးအတွက် စျေးဝယ်စင်တာအတွင်းရှိ ယာဉ်ရပ်နားရာနေရာများနှင့် အရေးကြီးနေရာများတွင် လုံခြုံရေးအပြည့်အဝချထားခြင်းနှင့် လုံခြုံရေးစနစ်များအား တိုးတက်ကောင်းမွန်အောင် ပြုလုပ်ခြင်းများကို ချက်ချင်း အကောင်အထည်ဖော်ဆောင်ရွက်ပြီးဖြစ်ကြောင်း၊ မြန်မာပလာဇာအနေဖြင့် အမှုမှန်ပေါ်ပေါက်ရေးအတွက် သက်ဆိုင်ရာနယ်မြေရဲစခန်းမှ စုံစမ်းစစ်ဆေးမှုလုပ်ငန်းစဉ်အတွင်း အလေးအနက်ထား၍ ဆက်လက်ပူးပေါင်းကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်းကိုလည်း အသိပေးဖော်ပြထားသည်။
#YMG/SW #Yangon_Times
#Local_News
Published 07 August 2025
▪️ ယာယီသမ္မတ ဦးမြင့်ဆွေသည် ယနေ့ သြဂုတ်လ ၇ ရက် နံနက် ၈ နာရီ ၂၈ မိနစ်တွင် အမှတ်(၂) တပ်မတော် ဆေး ရုံကြီး ခုတင် (၁၀၀၀) ၌ ကွယ်လွန်သွားကြောင်း သိရသည်။
▪️ ယာယီသမ္မတ ဦးမြင့်ဆွေ ၏ ဈာပနကို နိုင်ငံတော်ဈာပနအဖြစ် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ကသတင်း ထုတ်ပြန်ထားသည်။
▪️ ယာယီသမ္မတဦးမြင့်ဆွေသည် ၂၀၂၃ ခုနှစ်နှစ်ဆန်းပိုင်းမှစ၍ လှုပ်ရှားရာတွင် တုန့်နှေးခြင်းနှင့် အစာအာဟာရ စားသုံးနိုင်မှုအားနည်းလာခြင်းတို့ကို စတင်ခံစားခဲ့ရသည့်အတွက် အထူးကုဆရာဝန်ကြီးများပါဝင်သော အထူးဆေးကုသမှုအဖွဲ့မှ ကျန်းမာရေး စစ်ဆေးမှုများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
▪️ ကျန်းမာရေးစမ်းသပ်စစ်ဆေးချက် များအရ အာရုံကြောများ နှေးကွေးတုန့်ဆိုင်း သည့်ရောဂါ (Parkinson's Disease) ၊ ၎င်းနှင့်ဆက်စပ်ဖြစ်ပေါ်သော အာရုံကြောအားနည်းရောဂါတို့အား ခံစားနေရသည်ကို တွေ့ရှိသည့်အတွက် ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၅ ရက်မှ ၁၉ ရက်အထိ စင်ကာပူနိုင်ငံ Mount Elizabeth Medical Center တွင်လည်းကောင်း၊ မေလ ၂၇ ရက်မှ ဇွန်လ ၁၈ ရက်အထိအမှတ်(၂) တပ်မတော်ဆေးရုံကြီး ခုတင် (၁၀၀၀) တွင် လည်းကောင်း ဆေးကုသမှုများခံယူခဲ့ကြောင်း သိရသည်။
▪️ ဆေးရုံဆင်းပြီးနောက် ယာယီသမ္မတ ဦးမြင့်ဆွေအား ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်း ဦးဆောင်သော အထူးဆေး ကုသမှုအဖွဲ့ဖြင့်ကျန်းမာရေးစစ်ဆေးကုသမှုများ ဆက် လက်ပြုလုပ်ခဲ့သော်လည်း ကျန်းမာရေးအခြေအနေမှာ တိုးတက်ကောင်းမွန်လာခြင်းမရှိသည့် အတွက် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်မှ စတင်၍ နေအိမ်၌ပင်ဆေးခွင့်ဖြင့် အနားယူ၍ ဆေးကုသမှု ဆက်လက်ခံယူနေ ခဲ့ကြောင်း သိရသည်။
▪️ ယာယီသမ္မတ ဦးမြင့်ဆွေ သည် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လအတွင်း ကိုယ်အလေးချိန် လျော့ကျခြင်း၊ အစာကောင်းစွာ မစားနိုင်ခြင်း၊ အဖျားတက်ခြင်း၊ ဦးနှောက်နိုးကြားမှု လျော့နည်းလာခြင်းတို့ကြောင့် ဇူလိုင်လ ၂၄ ရက်တွင် အမှတ် (၂)တပ်မတော် ဆေးရုံကြီး ခုတင်(၁၀၀၀) ၌ ထပ်မံဆေးရုံတက်ရောက် ကုသမှုခံယူခဲ့သေးကြောင်း သိရသည်။
#Yangon_Times/PP
#World_Science
Published 07 August 2025
▪️ ရူပဗေဒပညာရှင်တွေဟာ နေ့စဉ်အသုံးပြုနေတဲ့ သတ္တုတွေမှာ သံလိုက်အချက်ပြမှုတစ်ခု ရှိသင့်တယ်ဆိုတာကို ရာစုနှစ်တစ်ခုကျော်တိုင်အောင် သိနေကြပေမယ့် တွေ့တော့မတွေ့ရှိခဲ့ပါဘူး။
▪️ အခုတော့ လေဆာအပြာတန်းတစ်ခု အသုံးပြုပြီး သမားရိုကျနည်းပညာကို နှိုးဆွအသုံးချခြင်းဖြင့် Hall effect ဆိုတဲ့ မတွေ့ရှိခဲ့တဲ့ဖြစ်စဉ်ကို တွေ့ရှိခဲ့ကြပါတယ်။
▪️ ဒီနည်းလမ်းဖြင့် သတ္တုပစ္စည်းတွေမှာ သံလိုက်လက္ခဏာတွေ ပုန်းကွယ်နေတာကို ထုတ်ဖော်ရုံမက ရူပဗေဒ၊ ကွမ်တန်နည်းပညာများ၊ အီလက်ထရွန်နစ်ဒီဇိုင်းတွေမှာပါ ကဏ္ဍအသစ် ဖြစ်လာနိုင်ပါတယ်။
▪️ သုတေသီအဖွဲ့တစ်ဖွဲ့က အလင်းနဲ့ မြင်ကွင်းနည်းစနစ်ကိုသာ အသုံးပြုပြီး နေ့စဉ်ထိတွေ့နေတဲ့ သတ္တုတွေထဲက သံလိုက်အချက်ပြလက္ခဏာ မှိန်မှန်လေးကို ကြံကြံဖန်ဖန် ဖန်တီးတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
▪️ ၄၄၀ နာနိုမီတာလေဆာနဲ့ သံလိုက်စက်ကွင်းချိန်ညှိချက်ပါဝင်တဲ့ MOKE စနစ်ဖြင့် သံလိုက်အားကို ဖမ်းယူခဲ့ပါတယ်။
▪️ ဒီတွေ့ရှိချက်က ဝင်ရိုးလည်ပတ်ခြင်း၊ ကွမ်တန်စနစ်များနဲ့ သံလိုက်မှတ်ဉာဏ်ပုံစံတို့နဲ့ ဆက်စပ်တဲ့အခြင်းအရာတွေ တွေ့ရှိလာပါတယ်။
▪️ ဒီနည်းလမ်းဟာ ဝါယာတွေအစား လေဆာများဖြင့် သံလိုက်အတိုင်းအတာတွေကို အကျယ်ချဲ့မြင်စေပြီး အီလက်ထရွန်နစ်နဲ့ ကွမ်တန်တွက်ချက်မှုတွေမှာ တိုးတက်မှုတွေကို အထောက်အကူ ဖြစ်စေပါတယ်။
▪️ ဒါက သံလိုက်စွမ်းအားကို စူးစမ်းခြင်း၊ လျင်မြန်စွာ တွက်ချက်မှုတွေ၊ စွမ်းအင်သက်သာစေမယ့် စနစ်တွေအတွက် ဖောက်ထွင်းစရာမလိုတဲ့ ကိရိယာ ဖြစ်လာစေမှာပါ။
Source: SciTechDaily.
#World_Health
Published 07 August 2025
▪️ ရင်သားကြီးနေတဲ့ ယောက်ျားတစ်ယောက်က သူ့ရင်သားတွေကို ခွဲစိတ်ဖယ်ရှားပစ်ချင်နေတာကြောင့် အလှူငွေကောက်ခံနေပါတယ်။
အသက် ၃၁ နှစ်ရှိတဲ့ သာဘိုမက်သီက အသက် ၁၀ နှစ်တည်းက ရင်သားတွေ ဖွံ့ဖြိုးလာတာကို သတိပြုမိခဲ့ပါတယ်။
▪️ ကျောင်းမှာဆိုရင် တခြားကလေးတွေက သူ့ရင်သားဟာ မိန်းမတွေထက် ပိုကြီးတယ်လို့ လှောင်ပြောင်ခဲ့ကြပါတယ်။
▪️ သာဘိုဟာ အပေါ်အင်္ကျီကို အများရှေ့မှာ ချွတ်မပြရဲတာကြောင့် ရေကူးခြင်းလိုမျိုး အားကစားတွေမှာ မပါဝင်ခဲ့ပါဘူး။
▪️ ဆရာဝန်တွေနဲ့ ပြသရာမှာ ယောက်ျားတွေမှာ ရင်သားဂလင်းတစ်ရှူးတွေ များပြားနေတဲ့ gynaecomastia ရောဂါလို့ သိခဲ့ရပါတယ်။
▪️ ဒီအတောအတွင်း ရင်ဘတ်ကိုဖုံးကွယ်နိုင်ဖို့ တီရှပ်အင်္ကျီဆိုဒ်ကြီးတွေကိုသာ ဝတ်ဆင်နေထိုင်ခဲ့ပါတယ်။
▪️ ဒီအတွက် လိုအပ်တဲ့ ခွဲစိတ်မှုပြုလုပ်ဖို့ ၈,၇၄၁ ဒေါ်လာအတွက် GoFundMe အလှူခံကိစ္စ တည်ထောင်ထားပါတယ်။
▪️ အင်္ကျီချွတ်မပြချင်တာကြောင့် ဘယ်သူနဲ့မှမတွဲတာ ကြာခဲ့ပြီဖြစ်ပြီး တစ်ခါတလေမှာ ဓားဖြင့်လှီးဖြတ်ချင်စိတ် ပေါက်တယ်လို့ ဆိုပါတယ်။
▪️ အပြေးလေ့ကျင့်ခန်းတွေ၊ ဝိတ်မတာတွေလုပ်ခဲ့တဲ့အပြင် အမျှင်ဓာတ်များများဖြင့် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေ စတင်စားသောက်ခဲ့ပါသေးတယ်။
▪️ သူ့ရဲ့ရောဂါက ဟော်မုန်းမညီမျှခြင်းနဲ့ ဆက်စပ်နေတယ်လို့ ယူဆရပါတယ်။
▪️ ငွေအလုံအလောက် ရှိလာတဲ့အခါ ခွဲစိတ်မှုလုပ်ဖို့ ချက်ချင်းစာရင်းသွင်းသွားမယ်လို့ ပြောသွားပါတယ်။
Source: New York Post.
August 6, 2025,Nay Pyi Taw- Two private companies will begin exploration for oil and natural gas in three onshore blocks in the Pyae (Pyay) Sedimentary Basin region.
The two private companies, HNA Myanmar Oil & Gas Ltd and Future Engineering & Gold, Mining Co., Ltd, signed production sharing contracts with the Myanma Oil and Gas Enterprise, which is under the Ministry of Energy. The signing ceremony took place today, August 6, at the Ministry of Energy in Nay Pyi Taw.
According to a press release from the Ministry of Energy, HNA Myanmar Oil & Gas Ltd will carry out increased oil extraction operations in onshore blocks IOR-4 (Pyae region) Area-1 and IOR-6 (Myanaung region) Area-3. Meanwhile, Future Engineering & Gold, Mining Co., Ltd. will perform similar work in block IOR-7 (Shwepyithar region) Area-2.
Union Minister for Energy U Ko Ko Lwin, who presided over the contract signing ceremony, stated, "The Pyae, Myanaung, and Shwepyithar oil fields, which are located in the larger Pyae Sedimentary Basin, have a great history and good potential. We believe that if we can carry out exploration, evaluation, and drilling using modern technologies and equipment, it will be very beneficial for the state and will be successful."

Officials from the private companies and senior officials from the Ministry of Energy also attended the signing ceremony.
The Ministry of Energy has been allowing Local entrepreneurs to operate 10 onshore blocks in mature oil fields under a production sharing contract system. According to the Ministry's press release, the first block approved in October 2024 is already producing natural gas, which is being used to provide electricity to that region.
#ymg/knl
၆ ဩဂုတ် ၂၀၂၅
ကုန်းတွင်းလုပ်ကွက်တွေဖြစ်တဲ့ “ပြည်” အနည်ကျချိုင့်ဝှမ်းကြီး ဒေသ(၃)ခုတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့များထုတ်လုပ်နိုင်ရန် ပုဂ္ဂလိက ကုမ္ပဏီ(၂)ခုက စတင်ဆောင်ရွက်တော့မယ်လို့သိရ ပါတယ်။
အဆိုပါ ပုဂ္ဂလိက ကုမ္ပဏီ (၂)ခုကတော့ HNA Myanmar Oil & Gas Ltd နှင့် Future Engineering & Gold, Mining Co., ltd တို့ဖြစ်ကြပြီး စွမ်းအင်ဝန်ကြီးဌာနလက်အောက်ရှိ မြန်မာ့ရေနံနှင့်သဘာဝ ဓာတ်ငွေ့လုပ်ငန်းနှင့် ယင်းကုမ္ပဏီများ ဩဂုတ် ၆ ရက်က နေပြည်တော်ရှိ စွမ်းအင်ဝန်ကြီးဌာနတွင် စာချုပ်များလက်မှတ်ရေးထိုးချုပ်ဆိုခဲ့ကြပါတယ်။
HNA Myanmar Oil & Gas Ltd ကုမ္ပဏီသည် ကုန်းတွင်းလုပ်ကွက် IOR-4 (ပြည်ဒေသ) ဧရိယာ - ၁ နှင့် IOR-6 (မြန်အောင်ဒေသ) ဧရိယာ - ၃ တို့တွင်လည်း ကောင်း၊Future Engineering & Gold, Mining Co., ltd. သည် IOR-7 (ရွှေပြည်သာဒေသ) ဧရိယာ - ၂ တွင်လည်းကောင်း ရေနံ အထွက်တိုးရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် တိုးတက်ထွက်ရှိလာသော ရေနံနှင့် သဘာဝ ဓာတ်ငွေ့ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားသည့်စာချုပ်များ လက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ကြောင်း စွမ်း အင်ဝန်ကြီးဌာနရဲ့သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
“ယနေ့စာချုပ်ချုပ်ဆိုမည့် ပြည်ရေနံမြေ၊ မြန်အောင်ရေနံမြေနှင့် ရွှေပြည်သာရေနံမြေ တို့သည် ပြည်အနည်ကျချိုင့်ဝှမ်းကြီးအတွင်း တည်ရှိသည်ဖြစ်ရာ အစဉ်အလာကောင်းများနှင့် အလား အလာ ကောင်းများရှိသည့် ရေနံမြေများဖြစ်သဖြင့် ခေတ်မီနည်းပညာများ၊ ခေတ်မီစက်ကိရိယာများ အသုံး ပြု၍ ရှာဖွေခြင်း၊ အကဲဖြတ်ခြင်း၊ တူးဖော်ခြင်းတို့ကို ဆောင်ရွက်နိုင်မည်ဆိုပါက နိုင်ငံတော် အတွက် များစွာအထောက်အကူပြုမည်ဖြစ်ပြီး အောင်မြင်မည်ဟုလည်းယုံကြည်တယ်”လို့ အဆိုပါ စာချုပ်ချုပ် ဆိုပွဲကို ဦးဆောင်တက်ရောက်တဲ့ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က အခမ်း အနားမှာပြောကြားခဲ့ပါတယ်။
စာချုပ်ချုပ်ဆိုပွဲတွင် စွမ်းအင်ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးနှင့်အတူ အဆိုပါပုဂ္ဂလိကုမ္ပဏီ များမှ တာဝန်ရှိသူတွေ၊ စွမ်းအင်ဝန်ကြီးဌာန ဌာနဆိုင်ရာ အကြီးအကဲတွေ တက်ရောက်ခဲ့ကြပါတယ်။
စွမ်းအင်ဝန်ကြီးဌာနသည် သက်တမ်းရင့်ရေနံမြေများမှ ကုန်းတွင်းလုပ်ကွက်(၁၀)ကွက်ကို တိုင်းရင်းသားလုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ တိုးတက်ထွက်ရှိလာသော ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားသည့်စာချုပ်ဖြင့် လုပ်ငန်းများဆောင်ရွက်ခွင့်ပြုပေးလျက်ရှိတယ်လို့ လည်း သိရပါတယ်။
၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် ပထမအကြိမ်ခွင့်ပြုပေးခဲ့သည့် လုပ်ကွက်အနေဖြင့် ယခုအချိန်တွင် သဘာဝ ဓာတ်ငွေ့များထုတ်လုပ်နေပြီး ယင်းဒေသ၏ လျှပ်စစ်မီးရရှိရေးအတွက် အသုံးပြုလျက်ရှိနေပြီဖြစ်တယ်လို့လည်း စွမ်းအင်ဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
#ymg/knl
တရုတ်ပြည် ရှန်တုံပြည်နယ် ဟိုင်ယန်မြိုမှ ဟိုင်ယန်နျူကလီးယား ဓာတ်အားပေးစက်ရုံဟာ အမှတ် ၃ အတွက် အစိတ်အပိုင်းကြီးများအားလုံးကို အောင်မြင်စွာ တပ်ဆင်ပြီးမြောက်ခဲ့ပြီဖြစ်ပြီး စီမံကိန်းကြီး ဆောက်လုပ်ရေးရဲ့ အဓိကမှတ်ကျောက်တစ်ခု ဖြစ်လာပါတယ်။
#Asia_Industry
Published 06 August 2025
#တရုတ်ပြည်ရှန်တုံပြည်နယ် #ဟိုင်ယန်နျူကလီးယာ
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 06 August 2025
၁။မဲခေါင်-လန်ချန်း ရန်ပုံငွေဒေါ်လာ(၃.၃)သန်းကို တရားဝင်လွှဲပြောင်းပေးအပ်
၂။ ရှေးဟောင်းအမွေအနှစ်ပျက်စီးမှုများကိုဒုတိယအဆင့် စစ်ဆေးမှုပြုလုပ်မည်
၃။ ဆန်နှင့်ဆန်ကွဲ တန်ချိန်နှစ်သိန်းကျော်တင်ပို့ထားပြီး တရုတ်သို့ဆန်အများဆုံးတင်ပို့
၄။ တရုတ်ပြည်ရှိ ဟိုင်ယန်နျူကလီးယားဓာတ်အားပေးစက်ရုံအမှတ်(၃)အတွက် အစိတ်အပိုင်းကြီးများအားလုံးတပ်ဆင်ပြီးမြောက် ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 06 August 2025
▪️ မကွေးတိုင်းဒေသကြီး၊မင်းဘူး(စကု)မြို့နယ်၌ယခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် လျှပ်စစ်ရေတင်လုပ်ငန်းပေါင်းသုံးခုမှ စိုက်ပျိုးရေများ ဖြန့်ဝေပေးနေကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
▪️ ယခုနှစ်မိုးစပါးစိုက်ပျိုးရာသီတွင် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်) လက်အောက်ရှိ ကြီးပင်ကန်(အနောက်) ကျေးရွာအနီး အောင်ပင်လယ်လျှပ်စစ်ရေတင်လုပ်ငန်းအပါအဝင် လျှပ်စစ်ရေတင်လုပ်ငန်းပေါင်းသုံးခုမှ ဒေသခံတောင်သူများအတွက် စိုက်ပျိုးရေများ ဖြန့်ဝေပေးနေခြင်းဖြစ်သည်။
▪️ ထိုသို့ စိုက်ပျိုးရေများ ဖြန့်ဝေပေးရာတွင် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်) မှ ခရိုင်နှင့် မြို့နယ်တာဝန်ခံအရာရှိများက အနီးကပ်ကြီးကြပ်၍ အောင်ပင်လယ်လျှပ်စစ်ရေတင်လုပ်ငန်း စီမံကိန်းဧရိယာအတွင်းရှိ ဒေသခံတောင်သူများ သီးနှံစိုက်ပျိုးချိန် ရာသီအလိုက် စိုက်ပျိုးရေရရှိရေးအတွက် စနစ်တကျဖြန့်ဝေပေးလျက်ရှိကြောင်း၊ ယခုနှစ်စိုက်ပျိုးရာသီတွင် အောင်ပင်လယ်လျှပ်စစ်ရေတင်လုပ်ငန်းဧရိယာအတွင်း အကျိုးပြုဧရိယာဧကပေါင်း ၁၅၀ ရှိသည့်အနက် မိုးစပါး ၇၈ ဧကနှင့် အခြားသီးနှံ ၇၂ ဧကကို လျာထားစိုက်ပျိုးလျက်ရှိရာ ယနေ့အထိ ဧကပေါင်း ၈၈ ဧက စိုက်ပျိုးပြီးစီးသွားပြီဖြစ်ကြောင်းသိရသည်။
▪️ အဆိုပါ မင်းဘူး(စကု) မြို့နယ်၌ အောင်ပင်လယ်လျှပ်စစ်ရေတင်လုပ်ငန်း၊ ကျောက်စံလျှပ်စစ်ရေတင်လုပ်ငန်းနှင့် ကမ်းနီလျှပ်စစ်မြစ်ရေတင်လုပ်ငန်းဟူ၍ စီမံကိန်းလုပ်ငန်းပေါင်းသုံးခုရှိပြီး ယင်း စီမံကိန်းလုပ်ငန်းများတွင် အကျိုးပြုဧရိယာပေါင်း ၁၆၆၂ ဧကရှိသည့်အနက် ၂၀၂၅-၂၀၂၆ ခုနှစ် စိုက်ပျိုးရာသီတွင် မိုးစပါး ၁၀၀၆ ဧကနှင့် အခြားသီးနှံ ၆၅၆ ဧကကို လျာထားစိုက်ပျိုးလျက်ရှိရာ ယနေ့အထိ မိုးစပါးဧကပေါင်း ၃၇၂ ဧကအထိ စိုက်ပျိုးပြီးဖြစ်ကြောင်းသိရသည်။
▪️ ယင်းသီးနှံစိုက်တောင်သူများအတွက် သီးနှံစိုက်ပျိုးချိန်ကာလအတွင်း စိုက်ပျိုးရေများ လုံလောက်စွာ ဖြန့်ဝေဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
ငလျင်ဘေးကျရောက်တဲ့ဒေသများရှိ အာမခံအလုပ်သမားများ သဘာဝဘေးအန္တရာယ် ကျရောက်မှုဆိုင်ရာ မိသားစုထောက်ပံ့မှုအကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်း လျှောက်လွှာတွေကို စတင်လျှောက်ထားနိုင်ပြီဖြစ်တယ်လို့အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။
#Asia_Industry
Published 06 August 2025
#အာမခံလုပ်သားများအကျိုးခံစားခွင့် #ငလျင်ဘေးအန္တရာယ်
#YMG/SW #Yangon_Times
Page 85 of 1815