#World_Science
Published 05 January 2026
■ ကမ္ဘာပေါ်မှာ နှစ်စဉ် ရေခဲတောင်တန်များ အရည်ပျော်လာခြင်းက ၂၀၅၀ ဝန်းကျင်မှာ သိသိသာသာ မြင့်တက်လာနိုင်တယ်လို့ လေ့လာချက်တစ်ခုမှာ ဖော်ပြထားပါတယ်။
■ ရာသီဥတုပူနွေးမှုတွေအောက် ရေခဲတောင်တန်းပေါင်း ၂ သိန်းကျော်ကို သုတေသီများ ဆန်းစစ်ခဲ့ကြရာ ထိုသက္ကရာဇ်ဝန်းကျင်မှာ ရေခဲတောင်အများအပြား ပျောက်ကွယ်လိမ့်မယ်လို့ ETH ဇူးရစ်မှ ရေခဲတောင်ပညာရှင် လန်ဒါဗန်ထရစ်ချ်က ပြောပါတယ်။
■ ၁.၅ ဒီဂရီဆဲလ်စီးယပ်စ် ပူနွေးလာခြင်းနဲ့အတူ ၂၀၄၁ ခုနှစ်မှာ တစ်နှစ်ကို ရေခဲတောင်ပေါင်း ၂ ထောင်ခန့် ဆုံးရှုံးရနိုင်ပါတယ်။
■ ၂၀၅၀ ရာစုနှစ်ဝက်ခန့်မှာတော့ ဆုံးရှုံးမှုပိုကြီးမားလာကာ ရေခဲတောင်ပေါင်း ၄ ထောင်ခန့်အထိ ရှိလာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
■ ဥရောပအဲ့လ်စ်တောင်တန်း၊ သမပိုင်းအန်ဒက်စ်တောင်တန်းတို့လို ဒေသတွေမှာတော့ လာမယ့် ဆယ်စုနှစ် ၂ ခုအတွင်း ပျောက်ကွယ်လာနိုင်ပါတယ်။
■ ဂရင်းလန်း၊ အန္တာတိကတို့လို ရေခဲတောင်တန်းကြီးတွေကတော့ ရာစုနှစ်နောက်ပိုင်းလောက်မှ ပျောက်ကွယ်ဖို့ များပါတယ်။
■ ၂၀၀၀ ခုနှစ်မှ ၂၀၂၃ အတွင်း ကမ္ဘာတဝှမ်းမှာ ရေခဲတန်ချိန်ပေါင်း ၇၂၁၁ ဘီလီယံခန့် ဆုံးရှုံးထားတယ်လို့ ခန့်မှန်းထားပါတယ်။
■ ကမ္ဘာကြီးပူနွေးမှုကို ၁.၅ ဒီဂရီဆဲလ်စီးယပ်စ်မှာ ကန့်သတ်ထားရှိပါက ၂၁၀၀ ခုနှစ်မှာ ကျန်ရှိနိုင်တဲ့ ရေခဲတောင်အရေအတွက်ကို နှစ်ဆများစေနိုင်ပါတယ်။
■ ဒီလေ့လာချက်တွေအရ ရေခဲတောင်တန်းတွေရဲ့ ဂေဟစနစ် အရေးကြီးပုံကို သိရှိစေပြီး ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုတွေ လျှော့ချဖို့ အရေးတကြီး လိုအပ်နေပါတယ်။
Source: ABC News.
#World_Health
Published 05 January 2026
■ ဆံပင်ဖြူခြင်းက အသက်အရွယ်နဲ့ ဆိုင်တယ်ဆိုပေမယ့် စောစီးတဲ့အရွယ်တွေမှာလည်း ဖြစ်ပေါ်ကြပါတယ်။
■ သိပ္ပံနည်းကျ သုတေသနမှာ အာရှလူမျိုးတွေ အသက် ၂၅ နှစ်မတိုင်ခင်မှာ အရွယ်မတိုင်ခင် ဆံပင်ဖြူခြင်း အဖြစ်များလာပြီး ဒါဟာ အာဟာရဓာတ်ချို့တဲ့ခြင်းနဲ့ ဆက်စပ်နေပါတယ်။
■ မရှိမဖြစ် အာဟာရဓာတ်တွေက ဆံပင်မွေးညင်းပေါက်သို့ မရောက်ဘဲ ကျန်းမာရေးကို ထိခိုက်လာတဲ့ လက္ခဏာဖြစ်ပါတယ်။
■ အရွယ်မတိုင်ခင် ဆံပင်ဖြူခြင်းနဲ့ သဘာဝဆံပင်အရောင်တို့ကို ဆံပင်မွေးညင်းပေါက်ထဲက မယ်လနိုဆိုက်လို့ခေါ်တဲ့ ရောင်ခြယ်ထုတ်ဆဲလ်တွေက အဆုံးအဖြတ်ပေးပါတယ်။
■ ထိုထဲမှာပါတဲ့ ဆဲလ်နှစ်မျိုးက မယ်လနင်ထုတ်လုပ်မှု မလုပ်တော့တဲ့အခါ ဆံပင်တွေ စတင်ဖြူလာပါတယ်။
■ ၂၀၂၂ သုတေသနမှာ အရွယ်မတိုင်ခင် ဆံပင်ဖြူသူတွေက မရှိမဖြစ် အာဟာရဓာတ်တွေ အလွန်နည်းပါးနေတာနဲ့ ဆက်စပ်နေတာ တွေ့ရှိရပါတယ်။
■ ဒီလိုလူတွေမှာ ကြေးဝါ၊ ဇင့်၊ သံဓာတ်၊ မဂ္ဂနီဆီယံ၊ ဗိုက်တာမင်-ဘီ၁၂ တို့ သိသိသာသာ ချို့တဲ့နေတာ တွေ့ရပါတယ်။
■ ဒီအာဟာရဓာတ်တွေကို ဖြည့်စွက်အသုံးပြုခြင်းဖြင့် အရွယ်မတိုင်ခင် ဆံပင်ဖြူခြင်းကို ကာကွယ်နိုင်ဖွယ်ရှိပေမယ့် နောက်ထပ်သုတေသနတွေတော့ လိုအပ်ပါသေးတယ်။
■ အရွယ်မတိုင်ခင် ဆံပင်ဖြူခြင်းဟာ ကျန်းမာရေးပြဿနာအမျိုးမျိုး ဖြစ်နိုင်ပြီး စွမ်းအင်ဇီဝကမ္မဖြစ်စဉ် ယိုယွင်းခြင်း၊ ကိုယ်ခံအားလုပ်ဆောင်ချက် အားနည်းခြင်းစတာတွေလည်း ဖြစ်နိုင်ပါတယ်။
Source: WION
https://studio.youtube.com/video/Rl6pd66jbWs/edit
ဘဏ်ချိတ်စနစ်ဖြင့်ဝယ်ယူပြီး ငွေအကြေမပေးသွင်းတဲ့မော်တော်ယာဉ်များကို သိမ်းဆည်းသွားမယ်လို့နေပြည်တော်ဖွံဖြိုးရေးဘဏ်လီမိတက်က နိုင်ငံပိုင်သတင်းစာများမှတဆင့် သတိပေးထုတ်ပြန်ထားပါတယ်။
#Local_News
Published 15 January 2026
#မော်တော်ယာဉ် #နေပြည်တော်
#YMG/SW #Yangon_Times
ပြီးခဲ့တဲ့အပတ်ကကျဆင်းခဲ့တဲ့ စက်သုံးဆီဈေးအားလုံးဟာ အခုတစ်ပတ်မှာလည်း ဆက်လက်ကျဆင်းလာတယ်လို့ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီရဲ့ အခုတစ်ပတ်အတွက်ထုတ်
ပြန်တဲ့ စာရင်းတွေအရသိရပါတယ်။
#Local_News
Published 03 January 2026
#စက်သုံးဆီ
#YMG/NN #Yangon_Times
#World_Health
Published 04 January 2026
■ ကင်ဆာလူနာတွေဟာ ဉာဏ်ရည်တု(AI)စနစ်ဖြင့် ဓာတုကုထုံးတွေ ပိုမိုထိရောက်အောင် ပြုလုပ်နိုင်ခြင်း၊ ကုသစရာမလိုခြင်းတို့ ဖြစ်လာနိုင်ပါတယ်။
■ နော်ဝေးကုမ္ပဏီတစ်ခုက AI ကို အသုံးပြုပြီး အူမကြီးကင်ဆာစစ်ဆေးမှု ပိုမိုထိရောက်စေကာ မလိုလားအပ်တဲ့ ကုသမှုတွေကို လျှော့ချပေးနိုင်ပါတယ်။
■ DoMore Diagnostics က သာမန်မျက်စိထက် များစွာတိကျစွာ တစ်ရှူးတွေကို ဆန်းစစ်နိုင်မယ့် AI နည်းပညာကို ထုတ်လုပ်နေတာ ဖြစ်ပါတယ်။
■ ကင်ဆာလူနာတွေထဲမှာ အကျိုးမရှိတဲ့ ကုသမှုတွေ ခံယူနေရသူ အများကြီးရှိနေတယ်လို့ DoMore Diagnostics စီအီးအို တော့ပ်ဂျွန်ဖူရူဆက်သ်က ပြောပါတယ်။
■ အူမကြီးကင်ဆာဟာ ကမ္ဘာပေါ်မှာ တတိယမြောက် အဖြစ်အများဆုံးနဲ့ ဒုတိယမြောက် သေဆုံးမှုအများဆုံးကင်ဆာ ဖြစ်ကြောင်း WHO က ဖော်ပြထားပါတယ်။
■ ဒီနည်းပညာကို အောက်စ်ဖို့ဒ်တက္ကသိုလ်၊ အော့စ်လိုတက္ကသိုလ်ဆေးရုံ၊ လန်ဒါတက္ကသိုလ်ကောလိပ်တို့က ပူးပေါင်းထုတ်လုပ်နေတာ ဖြစ်ပါတယ်။
■ AI နည်းပညာအသုံးပြုခြင်းဖြင့် ဓာတုကုထုံးတွေ မလိုအပ်နိုင်တော့သလို ဘေးထွက်ဆိုးကျိုးတွေလည်း လျော့ကျလာနိုင်ပါတယ်။
■ ဒီ AI ကို ပုံရိပ်နဲ့ လူနာရလဒ်ပေါင်း ထောင်ချီအသုံးပြုလေ့ကျင့်ထားကာ ကင်ဆာပြန်ဖြစ်နိုင်ခြေများတာတွေ အသက်အန္တရာယ်များတာတွေကို တွေ့ရှိနိုင်မှာ ဖြစ်ပါတယ်။
■ DoMore Diagnostics ရဲ့ အူမကြီးကင်ဆာစစ်ဆေးနည်းက ဥရောပ၊ အမေရိကန်၊ ဂျပန်၊ မက္ကဆီကိုတို့ရှိ ဆေးရုံတွေမှာ အတည်ပြုစစ်ဆေးနေပါတယ်။
Source: EuroNews.
တရုတ်ဟောင်ကောင် အထူးအုပ်ချုပ်ရေးဒေသ(HKSAR) ၈ ကြိမ်မြောက် ဥပဒေပြုကောင်စီအဖွဲဝင်များရဲ့ ကျမ်းသစ္စာဆိုအခမ်းအနားပွဲကို ကြာသပတေးနေ့က ကျင်းပခဲ့ပြီး ၄ နှစ်တာသက်တမ်း စတင်လိုက်ပြီဖြစ်ပါတယ်။
#Asia_Politics
Published 03 January 2026
#တရုတ်ဟောင်ကောင် #HKSAR
#YMG #Yangon_Times #Yangon_Media_Group
အခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့မှာ ဖွင့်လှစ်မယ့် (၈၃) ကြိမ်မြောက် ကျပ် ၁၀၀၀ တန် အောင်ဘာလေသိန်းဆု ထီဖွင့်ပွဲအတွက် ထီလက်မှတ်များကို အက္ခရာ (၁၃) လုံးအထိ တိုးမြှင့်ထုတ်ဝေသွားမယ်လို့ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ အောင်ဘာလေသိန်းဆုဌာနခွဲက အသိပေးထားပါတယ် ။
#Local_News
Published 03 January 2026
#အောင်ဘာလေထီ #ထီလက်မှတ်
#YMG/NN #Yangon_Times
တစ်လကျော်ကြာကျင်းပမယ့် မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံမြိုဟောင်းရှိ အာနန္ဒာဘုရားကြီးရဲ့ ဗုဒ္ဓပူဇနိယပွဲတော်ကို ယခုလ၂ရက်မှာ စတင်ကျင်းပနေပြီဖြစ်တယ်လို့ သိရပါတယ်။
#Local_News
Published 03 January 2026
#ပုဂံအာနန္ဒာဘုရားပွဲ #မန္တလေးတိုင်းဒေသကြီး
#YMG/SW #Yangon_Times
ယခုတစ်ပတ်အတွက် စားအုန်းဆီအခြေခံလက်ကားရည်ညွှန်းဈေးနှုန်းထုတ်ပြန်ရာမှာ ယခင်တစ်ပတ်အတိုင်းသာ ဈေးနှုန်းမပြောင်းလဲဘဲတည်ရှိနေပါတယ်။
#Local_News
Published 03 January 2026
#စားအုန်းဆီ
#YMG/SW #Yangon_Times
#Daily_News
Published 03 January 2026
၁။ ယခုတစ်ပတ်အတွက် စားအုန်းဆီအခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမပြောင်းလဲ
၂။ တစ်လကျော်ကြာကျင်းပမည့် ပုဂံအာနန္ဒာဘုရားပွဲတော်စတင်ကျင်းပ
၃။ (၈၃) ကြိမ်မြောက် အောင်ဘာလေထီဖွင့်ပွဲအတွက် ထီအက္ခရာ (၁၃) လုံး ဖြင့်ထုတ်ဝေမည်
၄။ ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသ(၈)ကြိမ်မြောက်ဥပဒေပြုကောင်စီအဖွဲဝင်များ ကျမ်းသစ္စာဆိုပွဲကျင်းပ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#World_Science
Published 03 January 2026
■ ၂၀၂၆ ဖေဖော်ဝါရီ ၁၇ ရက်နေ့ နေကြတ်ခြင်းဖြစ်စဉ်ကနေ ကောင်းကင်မှာ မီးဝိုင်းကြီးတစ်ခု ပေါ်လာနိုင်ပြီး လက နေရှေ့သို့ရောက်လာကာ အနားသတ်တလျှောက် နေအလင်းတန်း ဖြစ်ပေါ်မှာ ဖြစ်ပါတယ်။
■ လက နေကို လုံးဝပိတ်ကွယ်မှာမဟုတ်ဘဲ ၉၆ ရာခိုင်နှုန်းကို ဖုံးကွယ်မှာဖြစ်ပါတယ်။
■ မီးဝိုင်းပုံသဏ္ဍာန်ကြီးက ၂ မိနစ်နဲ့ ၂၀ စက္ကန့်လောက် ကြာမြင့်နိုင်ဖွယ်ရှိပြီး အန္တာတိကကနေ မြင်နိုင်မှာ ဖြစ်ပါတယ်။
■ သုတေသနစခန်းတွေမှ သိပ္ပံပညာရှင်အနည်းစုနဲ့ တောင်သမုဒ္ဒရာမှ စွန့်စားလိုတဲ့ ခရီးသည်အချို့သာ မြင်နိုင်မှာပါ။
■ တောင်အာဖရိက၊ တောင်အမေရိက တောင်ပိုင်းစွန်းတွေနဲ့ တောင်သမုဒ္ဒရာဘက်တွေကတော့ တစ်စိတ်တစ်ပိုင်းနေကြတ်ခြင်းကို မြင်ရနိုင်ပါတယ်။
■ နေက လထက် အဆ ၄၀၀ လောက်ကြီးသလို အဆ ၄၀၀ ခန့် ဝေးကွာပေမယ့် ကမ္ဘာမြေကကြည့်ရင် လက နေကိုဖုံးကာသွားတဲ့ စီတန်းပုံက စိတ်ဝင်စားစရာ ဖြစ်စေတာပါ။
■ နေရဲ့ တောက်လောင်တဲ့ မီးဝိုင်းနဲ့ အန္တာတိကရဲ့ ရေခဲရှုခင်းတွေက မှင်သက်စရာမြင်ကွင်း ဖြစ်လာနိုင်ပါတယ်။
■ ၂၀၂၆ ဩဂုတ် ၁၂ ရက်နေ့မှာတော့ ဂရင်းလန်း၊ အိုက်စ်လန်း၊ စပိန်တို့မှာ နေက ၂ မိနစ်ကျော်ကြာအောင် လုံးဝပျောက်ကွယ်ပြီး ခဏတာ အမှောင်လွှမ်းသွားမှာ ဖြစ်ပါတယ်။
■ ဒီဖြစ်စဉ်တွေမှာ မျက်လုံးကို အကာအကွယ်မပါဘဲ နေကိုတိုက်ရိုက် မကြည့်သင့်ပါဘူး။
■ မီးဝိုင်းဖြစ်စဉ်ကို လူအများကြီး မမြင်ရနိုင်ပေမယ့် ယခုနှစ်ရဲ့ ရှားပါးတဲ့အလှတရားမြင်ကွင်း ဖြစ်လာနိုင်ပါတယ်။
Source: India Today
#World_Health
Published 03 January 2026
■ အိန္ဒိယမှာ သားအိမ်ခေါင်းကင်ဆာက အမျိုးသမီးတွေမှာ အဖြစ်အများဆုံး ကင်ဆာတွေထဲက တစ်ခုဖြစ်နေပါတယ်။
■ နှစ်စဉ်နှစ်တိုင်း ထိုရောဂါဖြစ်ပွားသူ ၁.၂၇ သိန်းရှိနေပြီး ၇၉,၀၀၀ နီးပါးလောက် အသက်ဆုံးရှုံးနေကြပါတယ်။
■ သားအိမ်ခေါင်းကင်ဆာနဲ့ ပတ်သက်ပြီး အန္တရာယ်များတဲ့အကြောင်းက နှစ်တွေကြာအောင် ရောဂါလက္ခဏာ သိသိသာသာ မပြတာပဲ ဖြစ်ပါတယ်။
■ ဒါပေမဲ့ ကာကွယ်လို့ရနိုင်ပြီး HPV ကာကွယ်ဆေးထိုးခြင်း၊ ပုံမှန်းဆေးစစ်ခြင်း၊ စောစီးစွာ သိရှိခြင်းတို့ ပြုလုပ်နိုင်ပါတယ်။
■ (၁) သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားမှုရဲ့ ၈၀ ရာခိုင်နှုန်းက HPV ဗိုင်းရပ်စ်ကြောင့်ဖြစ်ပြီး အရေပြားချင်းကနေ ကူးစက်နိုင်တာကို သိရှိထားပါက ရောဂါမကူးစက်စေအောင် နေထိုင်ပြီး ကင်ဆာကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
■ (၂) HPV ကာကွယ်ဆေးက သားအိမ်ခေါင်းကင်ဆာမဖြစ်အောင် ၉၀ ရာခိုင်နှုန်းနီးပါး ကာကွယ်နိုင်တယ်ဆိုပေမယ့် အချို့အမျိုးသမီးတွေက ကိုယ်ဝန်ဆောင်ခြင်း၊ ဘေးကင်းစိတ်ချရခြင်းတို့နဲ့ ပတ်သက်လို့ အထင်လွဲနေကြတာကြောင့် ကာကွယ်ဆေး မထိုးဖြစ်ကြတာ ရှိပါတယ်။
■ (၃) ကာကွယ်ဆေးတင်မကဘဲ HPV စစ်ဆေးမှုတွေကို ပုံမှန်ပြုလုပ်ခြင်းဖြင့် ရောဂါလက္ခဏာ မပေါ်ခင်မှာပင် တွေ့ရှိနိုင်ပြီး စောစီးစွာ ကုသနိုင်မှာ ဖြစ်ပါတယ်။
■ (၄) ဆေးလိပ်သောက်၊ သန့်ရှင်းရေးမကောင်း၊ ကိုယ်ခံအားနည်းခြင်း စတာတွေက HPV ဝင်နိုင်ခြေများပြီး ဒါတွေကို ထိန်းသိမ်းနေထိုင်ဖို့က အရေးကြီးသလို ကာကွယ်ဆေးနဲ့ ရောဂါစစ်ဆေးခြင်းတို့ကလည်း အရေးပါပါတယ်။
■ (၅) ဆေးရုံ၊ ကျောင်း၊ အဖွဲ့အစည်း၊ ဆရာဝန်တွေ ပူးပေါင်းကာ အမျိုးသမီးတွေအတွက် ကျန်းမာရေးစောင့်ရှောက်ပေးနိုင်ပြီး လူမှုစီးပွားရေး အခက်အခဲတွေ ဘယ်လိုပဲဖြစ်ပါစေ အမျိုးသမီးတွေကို ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။
Source: India Today.
Page 89 of 1953