#Daily_News
Published 23 May 2025
၁။ ကွမ်တုံ၊ မကာအို ထုတ်ကုန်ပြပွဲတွင် စီးပွားရေးအခွင့်အလမ်းများ ရှာဖွေရန် မြန်မာကို ဖိတ်ခေါ်
၂။ MCEFနှင့် မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို)တို့ ညီနောင်အသင်းများအဖြစ် နားလည်မှုစာချွန်လွှာရေးထိုး
၃။ စက်သုံးဆီ ၁၆၀ ကျပ်အတွင်း ပြန်တက်
၄။ ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါသဘောတူညီချက်ကျင့်သုံးရန် ကမ္ဘာ့ကျန်းမာရေးညီလာခံဆုံးဖြတ် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 23 May 2025
ကိစ္စရပ်တစ်မျိုးတည်းအတွက် အသုံးပြုငွေပေးချေသည့် ကတ် ၄ ခုကို ဖျက်သိမ်းလိုက်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က မေ ၂၂ ရက်က အသိပေး ထုတ်ပြန်လိုက်သည်။
အဆိုပါ ကတ် ၄ခုအား ဖျက်သိမ်းရခြင်းမှာ အီလက်ထရောနစ်ကတ်နှင့် ငွေပေးချေမှု ဆိုင်ရာ ညွှန်ကြားချက်အရ ဗဟိုဘဏ်က ထုတ်ပြန်ထားသည့် စည်းမျဉ်း၊ စည်းကမ်း၊ အမိန့် နှင့် ညွှန်ကြားချက်များကို လိုက်နာမှုမရှိသည့် အတွက် ဖျက်သိမ်းခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထိုကတ် ၄ ခုမှာ Kispa Nadi Express လီမိတက်၏ ipay Card၊ San Yaung Ni Road Transport ကုမ္ပဏီလီမိတက်၏ K Card၊ Active Business Consolidation ကုမ္ပဏီလီမိတက်၏ ABC Gift Card၊ Integrated Smart Solution ကုမ္ပဏီလီမိတက်၏ AnyPay Prepaid Card တို့ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
၂၀၂၅ – ၂၀၂၆ ပညာသင်နှစ်အတွက် အခြေခံကျောင်းတွေ ကျောင်းအပ်နှံတာကိုယမန်နေ့က စတင်နေပြီဖြစ်ရာ ယင်းနေ့မှာပင်ကျောင်းအပ်နှံသူ ဦးရေ ၁၂ သိန်းကျော်အထိများပြားခဲ့တယ်လို့ ပညာရေးဝန်ကြီးဌာန ကသိရပါတယ်။
#Local_News
Published 23 May 2025
#ပညာရေးဝန်ကြီးဌာန #ကျောင်းအပ်နှံရေးပထမနေ့
#YMG/NN #Yangon_Times
ပြီးခဲ့တဲ့ အပတ်ကတွေက ဆက်တိုက်ကျဆင်းနေတဲ့ ရန်ကုန်အထိုင်စက်သုံးဆီဈေးနှုန်းတွေဟာ အခုတစ်ပတ်မှာတော့ တစ်လီတာကို ၁၂၀က နေ ၁၆၀ကျပ်အတွင်း ပြန်လည်မြင့်တက်လာတယ်လို့ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီက သိရပါတယ်။
#Local_News
Published 23 May 2025
#စက်သုံးဆီစျေးပြန်တက် #သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း
#YMG/NN #Yangon_Times
ကုန်အမှတ်တံဆိပ်တွေ မြှင့်တင်ဖို့နဲ့ စီးပွားရေးအခွင့်အလမ်းတွေ ရှာဖွေဖော်ထုတ်ဖို့အတွက် အရေးပါတဲ့ စင်္ကြံတစ်ခုဖြစ်လာမယ့် ကွမ်တုံနှင့်မကာအိုဒေသ ကုန်အမှတ်တံဆိပ်ထုတ်ကုန်ပြပွဲမှာမြန်မာနိုင်ငံမှ ထုတ်ကုန်တွေ ပါဝင်ပြသဖို့ ဖိတ်ခေါ်ထားတယ်လို့ သိရပါတယ်။
#Local_News
Published 23 May 2025
#ကွမ်တုံ-မကာအို #စီးပွားရေးအခွင့်အလမ်း
#YMG/SW #Yangon_Times
#Local_News
Published 23 May 2025
▪️ ငလျင်လှုပ်ပြီး ၅၇ရက်အကြာတွင် မန္တလေးမြို့ Sky Villa အဆောက်အဦ၌ ေ_သဆုံးရုပ်အ_လောင်းတစ်ခုထပ်မံရရှိ ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ မေလ ၂၃ ရက်နေ့တွင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ ယန္တရားများနှင့်အတူ ရုပ်အလောင်းကျန်ရှိနေသော မန္တလေးမြို့ Sky Villa အဆောက်အဦ(B) အဆောင်အား ဖယ်ရှားရှင်းလင်းခြင်းနှင့် ရုပ်အလောင်းထုတ်ယူနိုင်ရေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
▪️ ထိုသို့ဆောင်ရွက်ခဲ့ရာ မနက် ၁၀ နာရီ ၃၀ မိနစ် အချိန်၌ B ဆောင် အခန်းအမှတ်I 3မှအမျိုးသားတစ်ဦး၏ ရုပ်အလောင်းကိုထုတ်ယူရရှိခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ် (MCEF)နဲ့ မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို)တို့ ညီနောင်အသင်းများအဖြစ် နားလည်မှုစာချွန်လွှာရေးထိုးပွဲအခမ်းအနားကို ယမန်နေ့က MCEF အစည်းအဝေးခန်းမမှာ ကျင်းပခဲ့ပါတယ်။
#Local_News
Published 23 May 2025
#MCEF #မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို)
#YMG/SW #Yangon_Times
#Local_News
Published 23 May 2025
▪️ အမျိုးသမီးစုံတွဲများကိုညစ်ညမ်းဗီဒီယိုရိုက်ကူးပြီး Live လွှင့် ကာ အကျိုးအမြတ်များကို ခေါင်းပုံဖြတ်ရယူခဲ့ကြသူများကို အလုပ်နှင့် ထောင်ဒဏ်နှစ် ၃၀ စီ ချမှတ်ခဲ့ကြောင်း သိရသည်။
▪️ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် အပြင်ပဒံကျေးရွာ ရွှေကမ်းသာယာအိမ်ရာ Block 84၊ တိုက်အမှတ်(၅)တွင် တရုတ်နိုင်ငံသားများဖြစ်ကြသည့် Mr. Wang Shaohua (၃၉ နှစ်)၊ (ဘ)ဦးဝမ်းရှင်းဖား ယူနန်ပြည်နယ် တရုတ်နိုင်ငံ၊ Mr. Yung Kun (၃၇ နှစ်)၊ (ဘ)ဦးရန်ပေါင်စွင့် တာ့လျန်ပြည်နယ် တရုတ်နိုင်ငံ၊ Mr. Zeng Yuan (၂၉ နှစ်)၊ (ဘ)ဦးကျင်းယုံကောင်း စီချွမ်ပြည်နယ် တရုတ်နိုင်ငံနှင့် အဲလစ်စစ်(ခ)နော်မူးရှီးဖော(ခ)ကျဲကျဲ(မ) (၃၂ နှစ်)၊ (ဘ)ဦးစောလားချရှီး ငပုတောမြို့နယ် ဧရာဝတီတိုင်းဒေသကြီးနေသူတို့က မြန်မာအမျိုးသမီးစုံတွဲလေးတွဲတို့ကို Sex Video ရိုက်ကူး၍ Live လွှင့်ကာ ရရှိသည့်အကျိုးအမြတ်များအား ခေါင်းပုံဖြတ်ရယူခဲ့ကြောင်း စိစစ်တွေ့ရှိရသဖြင့် လှိုင်သာယာ(အနောက်ပိုင်း)မြို့မရဲစခန်း(ပ)၈၇၆/၂၀၂၄၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၈(က)(ခ)ဖြင့် အမှုရေးဖွင့်တရားစွဲတင်ခဲ့ခြင်းဖြစ်သည်။
▪️ ထို့နောက် အင်းစိန်ခရိုင်တရားရုံးမှ စစ်ဆေးခဲ့ပြီး ၂၀၂၅ ခုနှစ် မေ ၂၀ ရက် တွင် တရားခံ Mr. Wang Shaohua ၊ Mr. Yung Kun ၊ Mr. Zeng Yuan နှင့် အဲလစ်စစ်(ခ) နော်မူးရှီးဖော(ခ)ကျဲကျဲ(မ)တို့ လေးဦးအား လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၈(က)အရ အလုပ်နှင့်ထောင်ဒဏ်နှစ် ၂၀ စီနှင့် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေ ပုဒ်မ၃၈(ခ) အရအလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်စီကို တစ်ပေါင်းတည်းကျခံစေရန် အမိန့်ချမှတ်ခဲ့ပြီး တိမ်းရှောင်တရားခံ သူသူရှိန်(မ)ကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၈၇/ ၈၈ အတည်ပြုထုတ်ဆင့်ခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
ဒါကာ၊ မေ ၂၃, ၂၀၂၅-
ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ကြားဖတ်အစိုးရ အကြီးအကဲ ပါမောက္ခ မိုဟာမက်ယူနွစ်ဟာ နိုင်ငံရေးဖိအားများ နှင့် ပြုပြင်ပြောင်းလဲရေး မအောင်မြင်မှုတွေကြောင့် ရာထူးမှ နှုတ်ထွက်ဖို့ ချိန်ဆနေပြီလို့ သိရပါတယ်။
ဒါဟာ ဘင်္ဂလားဒေ့ရှ်ရဲ့ နိုင်ငံရေးအသွင်အပြင်တွေကို ပြောင်းလဲသွားမယ့် အခြေအနေရောက်ရှိသွားနိုင် ပါတယ်။
အသက် ၈၄နှစ် ရှိပြီဖြစ်တဲ့ ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ယူနွတ်စ်ဟာ ၂၀၂၄ ဩဂုတ်လမှာ အာဝါမီ အဖွဲ့ချုပ် အစိုးရကို ဖြုတ်ချပြီး ပေါက်ပေါက်လာတဲ့ အရေးပေါ် အသွင်ကူးပြောင်းရေးအစိုးရရဲ့ ဦးဆောင်သူ ဖြစ်လာခဲ့ပါတယ်။
အသွင်ကူးပြောင်းရေး အစိုးရအဖွဲ့နှင့် နီးစပ်တဲ့ အရင်းအမြစ်များရဲ့ အဆိုအရ ယူနွတ်စ်ဟာ မကြာသေး မီက ကျင်းပခဲ့တဲ့ တံခါးပိတ်အစည်းအဝေးတွေမှာ မကျေမချမ်းဖြစ်နေခဲ့တယ်လို့ဆိုပါတယ်။ ရွေးကောက်ပွဲနှင့် အဖွဲ့အစည်းများပြုပြင်ပြောင်းလဲရေးအတွက် ညီညွတ်တဲ့ ကတိကဝတ်တွေ မရှိဘဲ နှင့် လက်ရှိ အကန့်အသတ်တွေကြားထဲ သူ့အနေနှင့် တာဝန်ခံပြီး ဦးဆောင်ဖို့ မဖြစ်နိုင်တော့ဘူးလို့ ယူနွတ် ကပြောခဲ့ကြောင်း အရင်းအမြစ်တွေကဆိုပါတယ်။
မကြာသေးမီ ရက်သတ္တပတ်များက အထွေထွေ ရွေးကောက်ပွဲ ချက်ခြင်းခေါ်ဆိုဖို့ကိစ္စတွေက အရှိန်မြင့် တက်လာခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ် အမျိုးသားပါတီ( ဘီအင်န်ပီ) နှင့် တပ်ခေါင်းဆောင်တွေက ၂၀၂၅ ဒီဇင်ဘာလမှာ ရွေးကောက်ပွဲလုပ်ဖို့ တွန်းအားပေးခဲ့ပါတယ်။
ဒါပေမယ့် လိုအပ်တဲ့ တရားဥပဒေနှင့် ရွေးကောက်ပွဲဆိုင်ရာ မူဘောင်တွေကို အရင်ဆုံး ပြန်လည် တည်ဆောက်ဖို့ ယူနွတ်က ပြောခဲ့ပါတယ်။ အဲဒီလုပ်ငန်းစဉ်ဟာ ၂၀၂၆ခုနှစ်ထဲ အထိ ရောက်သွားနိုင် တာဖြစ်ပါတယ်။
ယူနွတ် နှုတ်ထွက်လိုက်ရင် နိုင်ငံရဲ့ မတည်ငြိမ်မှု ပိုမိုနက်ရှိုင်းလာလိမ့်မယ်လို့ နိုင်ငံရေး စောင့်ကြည့်သူတွေက သုံးသပ်နေကြပါတယ်။ “ သူ့ရဲ့ ခေါင်းဆောင်မှုဟာ အထိမခံတဲ့ အကူးအပြောင်း မှာ တရား ဝင်မှုရစေတယ်” လို့ ဒါကာ အခြေစိုက် နိုင်ငံရေး သုံးသပ်သူတစ်ဦးက ပြောပါတယ်။
“ သူမရှိရင် ထိပ်တိုက်ရင်ဆိုင်မှုအန္တရာယ်နှင့် စစ်တပ်ရဲ့ အလွန်အကျွံနေရာယူမှုတွေ တိုးလာလိမ့်မယ်” လို့ သူကပြောပါတယ်။
Source : International Media Outlets
Dhaka | May 23, 2025 — In a dramatic turn in Bangladesh’s political landscape, interim government chief Professor Muhammad Yunus is reportedly weighing resignation, citing mounting political pressure and stalled reform efforts.
The 84-year-old Nobel Peace Prize laureate, who took the reins of an emergency transitional administration in August 2024 after mass protests ousted the Awami League government, is said to be frustrated by widening rifts among political parties and growing resistance to his reform agenda.
According to sources close to the transitional cabinet, Yunus expressed dissatisfaction during recent closed-door meetings, warning that unless there is a unified commitment to electoral and institutional reform, he may “no longer be able to lead responsibly under current constraints.”
Calls for immediate general elections have intensified in recent weeks, with both the Bangladesh Nationalist Party (BNP) and military leadership pushing for a December 2025 timeline. Yunus, however, maintains that essential legal and electoral frameworks must be rebuilt first — a process that could extend into 2026.
Observers fear Yunus’s departure could plunge the country into deeper uncertainty. “His leadership gave legitimacy to a fragile transition,” said one political analyst in Dhaka. “Without him, the risk of confrontation or military overreach increases.”
As of now, there has been no official resignation letter, but cabinet insiders say the decision could come within days if consensus among factions cannot be reached.
Source Various International News Outlets
#World_News
Published 23 May 2025
▪️ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အစိုးရအဖွဲ့က ကြာသပတေးနေ့မှာ ဟားဗတ်တက္ကသိုလ်ကို နိုင်ငံတကာမှ ကျောင်းသားများ ကျောင်းအပ်နှံနိုင်ခွင့် ရုပ်သိမ်းလိုက်ကာ လက်ရှိနိုင်ငံခြားကျောင်းသားများကို အခြားကျောင်းများသို့ ပြောင်းရွှေ့စေပြီး ဒီလိုမှမဟုတ်ရင် ယင်းတို့ရဲ့ တရားဝင်နေထိုင်သင်ကြားခွင့် ဆုံးရှုံးစေမှာဖြစ်သလို အခြားကောလိပ်များအထိပါ ရှင်းထုတ်သွားဖို့ ခြိမ်းခြောက်နေပါတယ်။
▪️ ၂၀၂၅ - ၂၀၂၆ စာသင်နှစ်အတွက် ဟားဗတ်တက္ကသိုလ်ရဲ့ နိုင်ငံခြားကျောင်းသားများ တက်ရောက်ခွင့်အစီအစဉ်ကို သေချာထိရောက်စွာ အဆုံးသတ်ဖို့ နိုင်ငံ့လုံခြုံရေးဝန်ကြီး ခရစ္စတီနွန်းက ညွှန်ကြားလိုက်ကြောင်း ထုတ်ပြန်ထားပါတယ်။
▪️ ဒီတက္ကသိုလ်က အကြမ်းဖက်မှု၊ ဆန့်ကျင်ရေးဝါဒီတွေကို လက်ခံပျိုးထောင်နေပြီး တရုတ်ကွန်မြူနစ်ပါတီနဲ့ ပူးပေါင်းနေတယ်လို့ နွန်းက စွပ်စွဲလိုက်ပါတယ်။
▪️ နိုင်ငံခြားကျောင်းသား ထောင်ပေါင်းများစွာအပေါ် သက်ရောက်စေမယ့် အစိုးရလုပ်ရပ်ဟာ တရားဥပဒေမဲ့ပြီး လက်တုံ့ပြန်ချင်တဲ့သဘောလို့ ဟားဗတ်က ပြောပါတယ်။
▪️ ဒါဟာ မာဆာချူဆက်စ် ကိမ်းဘရစ်ချ်ရှိ နာမည်ကြီး Ivy League တက္ကသိုလ်ကို ဆန့်ကျင်တဲ့ ထရမ့်အစိုးရလုပ်ငန်းစဉ်တွေ သိသိသာသာ မြင့်တက်လာတဲ့သဘောဖြစ်ပြီး နွန်းက ဟားဗတ်ရှိ နိုင်ငံခြားကျောင်းသားဗီဇာ ကိုင်ဆောင်ထားသူများနဲ့ ပတ်သက်တဲ့ အချက်အလက်များကို တောင်းခံရာမှာ ဟားဗတ်က ငြင်းပယ်ခဲ့ပြီးနောက် အခုလိုကြေညာလိုက်တာ ဖြစ်ပါတယ်။
▪️ ဟားဗတ်မှာ ၂၀၂၄ - ၂၀၂၅ စာသင်နှစ်အတွင်း နိုင်ငံတကာမှ ကျောင်းသားပေါင်း ၆,၈၀၀ နီးပါး အပ်နှံတက်ရောက်ခဲ့ပါတယ်။
▪️ ၂၀၂၂ ခုနှစ်မှာ နိုင်ငံခြားကျောင်းသားများအနက် တရုတ်နိုင်ငံသား အများဆုံးပါဝင်ခဲ့ပါတယ်။
▪️ ဟားဗတ်ထံပေးပို့တဲ့ စာစောင်ထဲမှာ ပြီးခဲ့တဲ့ ၅ နှစ်အတွင်း နိုင်ငံခြားကျောင်းသားများရဲ့ ဆန္ဒပြလှုပ်ရှားမှု ဗီဒီယို အသံဖိုင်တွေအပါအဝင် မှတ်တမ်းများကို ၇၂ နာရီအတွင်းပေးအပ်ပါက နွန်းဟာ ဟားဗတ်ရဲ့ နိုင်ငံခြားကျောင်းသားတက်ရောက်ခွင့် ပြန်လည်ရရှိဖို့ အခွင့်အရေးပေးလိုက်ပါတယ်။
▪️ Fox News နဲ့အင်တာဗျူးမှာ အခြားတက္ကသိုလ်တွေမှာလည်း အလားတူလုပ်ရပ်မျိုး ပြုလုပ်ဖို့ အစီအစဉ်ရှိလားလို့ မေးမြန်းရာမှာ နွန်းက သေချာပေါက်ရှိပြီး ဒါဟာ အခြားတက္ကသိုလ်တွေအတွက် သတိပေးရာရောက်တယ်လို့ ပြောသွားပါတယ်။
#Source: Reuters
#World_Health
Published 23 May 2025
▪️ ဆားဆိုတာက အစားအစာတွေထဲမှာ မပါမဖြစ်ပစ္စည်းဖြစ်ပြီး အရည်ထိန်းသိမ်းမျှတစေခြင်း၊ အာရုံကြောလုပ်ဆောင်ချက် ထောက်ပံ့ခြင်း၊ သွေးပေါင်ချိန်းထိန်းညှိပေးခြင်းတို့မှာ ကူညီပေးပါတယ်။
▪️ ဒါပေမဲ့ ယနေ့ခေတ် ထုပ်ပိုးထုတ်လုပ်စားစရာတွေမှာ ဆားပါဝင်မှုအလွန်မြင့်မားလာပြီး သွေးတိုးနဲ့ နှလုံးသွေးကြောရောဂါများ ဖြစ်လာစေပါတယ်။
ဒါ့အပြင် ဦးနှောက်အပေါ် ဆားရဲ့သက်ရောက်မှုကလည်း စိုးရိမ်စရာ ဖြစ်လာပါတယ်။
▪️ ဟော်မုန်း၊ သွေးပေါင်ချိန်၊ ရောင်ရမ်းခြင်းတို့ကနေ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုပါ သက်ရောက်လာစေနိုင်ပါတယ်။
▪️ (၁) ဦးနှောက်အတွင်းရောင်ရမ်းစေခြင်း
ဆားလွန်ကဲခြင်းကြောင့် ဦးနှောက်ထဲမှာပါ ရောင်ရမ်းလာစေကာ စိတ်အခြေအနေနဲ့ မှတ်ဉာဏ်တို့ကို ထိန်းချုပ်ပေးတဲ့ ဦးနှောက်နေရာများရှိ နျူရွန်များကို ချို့ယွင်းစေနိုင်ပါတယ်။
▪️ (၂) ဦးနှောက်သို့သွေးစီးဆင်းမှုနည်းပါးခြင်း
ဆားဓာတ်များရင် သွေးဖိအားများစေသဖြင့် ဦးနှောက်သို့ သွေးစီးဆင်းမှုနည်းစေကာ ဦးနှောက်အသိဉာဏ်နဲ့ မှတ်ဉာဏ်ပြဿနာများ ဖြစ်နိုင်တဲ့အပြင် ဒီမန်ရှာရောဂါပါ ဖြစ်စေနိုင်ဖွယ်ရှိပါတယ်။
▪️ (၃) အူလမ်းကြောင်း-ဦးနှောက်ဝင်ရိုးထိခိုက်ခြင်း
ဝမ်းထဲက ပိုးမွှားစနစ်ကိုနှောင့်ယှက်ကာ အစာခြေလမ်းကြောင်းနဲ့ ဦးနှောက်ကြားရှိ အူလမ်းကြောင်း-ဦးနှောက်ဝင်ရိုးကိုပါ ထိခိုက်စေပြီး စိုးရိမ်ပူပန်ခြင်းနဲ့ စိတ်ကျလက္ခဏာများ ဖြစ်စေနိုင်ပါတယ်။
▪️ (၄) ကော်တီဆောလ်ပမာဏမြင့်တက်ခြင်း
ဆိုဒီယံများခြင်းကြောင့် ဖိစီးမှုဟော်မုန်းဖြစ်တဲ့ ကော်တီဆောလ်ပမာဏ မြင့်တက်စေကာ စိုးရိမ်ပူပန်ခြင်း၊ စိတ်ဆတ်ခြင်း၊ စိတ်ကျခြင်းတို့ ဖြစ်လာနိုင်ပါတယ်။
▪️ (၅) အိပ်စက်မှုပုံစံထိခိုက်ခြင်း
ရေဓာတ်ခန်းခြောက်စေကာ အိပ်ရေးပျက်ရာကနေ စိတ်ကျန်းမာရေးပြဿနာများ ဖြစ်လာစေနိုင်ပါတယ်။
▪️ (၆) အာရုံကြောဆုတ်ယုတ်နိုင်ဖွယ်ရှိခြင်း
ဆားဓာတ်များတဲ့အခါ နိုက်ထရစ်အောက်ဆိုဒ်ထုတ်လုပ်မှု ချို့ယွင်းစေသဖြင့် ဦးနှောက်လုပ်ဆောင်ချက် ထိခိုက်စေပြီး အာရုံကြောဆုတ်ယုတ်မှုများ ဖြစ်လာစေနိုင်ပါတယ်။
▪️ (၇) စိတ်မူမမှန်နိုင်ခြေများခြင်း
ဆိုဒီယံများတဲ့ အစားအစာတွေစားတဲ့သူတွေဟာ စိတ်အပြောင်းအလဲ ဖြစ်နိုင်ခြေပိုများနိုင်ပါတယ်။
▪️ ဆားက သင့်တင့်ရုံစားပေးဖို့ အရေးကြီးသလို လွန်ကဲသွားရင် ဦးနှောက်လုပ်ဆောင်ချက်များ ထိခိုက်စေနိုင်တာကြောင့် WHO က တစ်နေ့ကို ဆား ၅ ဂရမ်စားသုံးဖို့ အကြံပြုထားပါတယ်။
#Source: DoctorNDTV
Page 92 of 1744