#World_Science
Published 28 December 2025
■ ၂၀၂၇ ဩဂုတ် ၂ ရက်နေ့မှာဖြစ်ပေါ်မယ့် လုံးဝနေကြတ်ခြင်းဖြစ်စဉ်ဟာ ၆ မိနစ်နဲ့ ၂၃ စက္ကန့် ကြာမြင့်မှာဖြစ်ပြီး ရာစုနှစ်အတွင်း အရှည်ကြာဆုံးဖြစ်မယ်လို့ နာဆာက ဖော်ပြထားပါတယ်။
■ အီဂျစ်တောင်ပိုင်း လူဆာနဲ့ အက်စ်ဝမ်တို့မှာ အနီးကပ်ဆုံး တွေ့ရမှာဖြစ်ကာ နေရဲ့စက်ဝန်းရောင်ကို လနားမှာ မြင်နိုင်မှာဖြစ်ပြီး နေ့အလင်းရောင် သိသိသာသာ မှိန်သွားမှာဖြစ်ပါတယ်။
■ နေကြတ်ခြင်းလမ်းကြောင်းက အတ္တလန္တိတ်သမုဒ္ဒရာပေါ်ကနေ စတင်ကာ စပိန်တောင်ပိုင်း၊ မော်ရိုကို၊ အယ်ဂျီးရီးယား၊ တူနီးရှား၊ လစ်ဗျား၊ အီဂျစ်၊ ဆော်ဒီအာရေဗျ၊ ယီမင်တို့ကို ဖြတ်သန်းသွားပြီး ဆိုမာလီကမ်းရိုးတန်းတလျှောက် အဆုံးသတ်မှာဖြစ်ပါတယ်။
■ ထိုလမ်းကြောင်း အပြင်ဘက်နေရာတွေမှာတော့ တစ်စိတ်တစ်ပိုင်း နေကြတ်ခြင်းကိုသာ မြင်ရမှာပါ။
■ ကမ္ဘာ၊ လနဲ့ နေတို့ အလိုက်သင့်တန်းသွားတဲ့အတွက် နေကြတ်ချိန် ကြာရှည်မှာဖြစ်ပါတယ်။
■ ထိုဖြစ်စဉ်အတွင်း လက ကမ္ဘာနဲ့နီးစပ်ပြီး အနည်းငယ် ပိုပြီးတဲ့ပုံပေါ်ကာ ကမ္ဘာကတော့ နေနဲ့ အနည်းငယ်ကွာဝေးပြီး နေကသေးသွားသယောင် ဖြစ်ပေါ်စေမှာပါ။
■ လက နေကို ခါတိုင်းထက် ပိုပြီးပိတ်ကာနေမှာ ဖြစ်ပါတယ်။
■ ယခင်က အရှည်ကြာဆုံး နေကြတ်ခြင်းက ၁၉၉၁ ခုနှစ် ဇူလိုင် ၁၁ ရက်နေ့မှာ ၆ မိနစ် ၅၂ စက္ကန့်ရှိခဲ့ပါတယ်။
■ နေကြတ်ခြင်းကို ကြည့်ရှုလိုသူတွေအနေနဲ့ အသိအမှတ်ပြု ဆိုလာအကာအကွယ်များ မပါဘဲ တိုက်ရိုက်မကြည့်သင့်ပါဘူး။
■ လုံးဝနေကြတ်တဲ့အခါ ကောင်းကင်မှောင်မည်းသွားပြီး အပူချိန် ရုတ်တရက်ကျဆင်းခြင်း၊ အလင်းရောင် ရုတ်တရက်ပြောင်းလဲခြင်း၊ တိရိစ္ဆာန်တွေရဲ့ အပြုအမူ သိသိသာသာ ပြောင်းလဲခြင်းတို့ ဖြစ်နိုင်ပါတယ်။
■ အနာဂတ်မှာ နေကြတ်ခြင်းဖြစ်စဉ်တွေ အချိန်ကြာနိုင်မယ်လို့ ခန့်မှန်းရပေမယ့် ဇူလိုင် ၁၉၉၁ ဖြစ်စဉ်ကိုတော့ ကျော်နိုင်ဖွယ် မရှိပါဘူး။
Source: TimesNowNews
#World_Health
Published 28 December 2025
■ အက်စ်ပါတမီ၊ ဆူခရယ်လို့စ်နဲ့ အမျိုးမျိုးသော သကြားအယ်ကိုဟောတို့လို အချိုဓာတ်ပစ္စည်းတွေက သန့်စင်သကြားပါတဲ့ အစားအစာတွေထက် ကျန်းမာရေးပိုသင့်တော်မယ်လို့ ယူဆကြပါတယ်။
■ ဒါပေမဲ့ သကြားအယ်ကိုဟော ဆော်ဘီတိုလ်ဟာ အများယူဆထားသလို ဘေးအန္တရာယ်မရှိတာမျိုး မဟုတ်ဘူးလို့ သုတေသနအသစ်မှာ တွေ့ရှိလာပါတယ်။
■ ဖရပ်တို့စ်ဟာ အသည်းနဲ့ အခြားခန္ဓာကိုယ် အစိတ်အပိုင်းတွေကို ဘယ်လိုသက်ရောက်စေသလဲဆိုတာ ဝါရှင်တန်တက္ကသိုလ် ဂယ်ရီပက်တီဓာတ်ခွဲခန်းမှ လေ့လာဖော်ပြထားပါတယ်။
■ အသည်းထဲက ဖရပ်တို့စ်တွေက ကင်ဆာဆဲလ်တွေ ကြီးထွားစေတယ်လို့ တွေ့ရှိခဲ့ပါတယ်။
■ ဆော်ဘီတိုလ်က အူထဲက အင်ဇိုင်းတွေကနေ ထုတ်လုပ်ပြီး အသည်းသို့ရောက်တာနဲ့ ဖရပ်တို့စ်အဖြစ်သို့ ပြောင်းလဲသွားပါတယ်။
■ စားပြီးသောက်ပြီးနောက်မှာ ဂလူးကို့စ်ကနေ ဆော်ဘီတိုလ်ကို အူထဲမှာ သဘာဝအတိုင်း ထုတ်လုပ်ပေးပါတယ်။
■ ဆော်ဘီတိုလ်ကနေ ဇီဝဖြစ်စဉ်လမ်းကြောင်းအမျိုးမျိုးကနေ ဖရပ်တို့စ် ထုတ်လုပ်နိုင်ပြီး အစားအစာ၊ အူလမ်းကြောင်း ဘက်တီးရီးယားတို့ကလည်း သက်ရောက်နေပါတယ်။
■ ဆော်ဘီတိုလ်ဟာ ဖရပ်တို့စ်မဖြစ်ခင် တစ်ဆင့်သာလိုအပ်ပြီး အသည်းနဲ့ ဇီဝကမ္မဖြစ်စဉ်တို့မှာ အလားတူ သက်ရောက်စေနိုင်ပါတယ်။
■ အူလမ်းကြောင်း ဘက်တီးရီးယားတွေ လုပ်ဆောင်နိုင်တာထက် ဆော်ဘီတိုလ်ပမာဏ များပြားသွားတဲ့အခါ ပြဿနာတွေ ဖြစ်လာနိုင်ပြီး အသည်းထဲမှာ ဖရပ်တို့စ်အဖြစ်သို့ ပြောင်းလဲစေပါတယ်။
■ ဆီးချိုနဲ့ ဇီဝဖြစ်စဉ်ရောဂါ ရှိသူတွေအတွက် သကြားအစားထိုးပစ္စည်းတွေရဲ့ ဘေးကင်းစိတ်ချရမှုက မေးခွန်းထုတ်စရာဖြစ်လာပြီး နောက်ထပ်သုတေသနများ ပြုလုပ်ဖို့ လိုအပ်လာတာကို မြင်နေရပါတယ်။
Source: SciTechDaily
ဂျပန်နိုင်ငံမှ တိုကျိုအီလက်ထရစ်ပါဝါကုမ္ပဏီ (TEPCO)က ၂၀၂၆ ဇန်နဝါရီ ၂၀ ရက်နေ့မှာ ကာရှီဝါဇာကီ-ကာရီဝါ နျူကလီးယားဓာတ်အားပေးစက်ရုံရဲ့ အမှတ် ၆ ဓာတ်ပေါင်းဖိုကို ပြန်လည်အသုံးပြုသွားမှာဖြစ်တယ်လို့ ဥက္ကဌ တိုမိုအာကီကိုဘာယာကာဝါက ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။
#Asia_Industry
Published 27 December 2025
#ဂျပန်နိုင်ငံ #TEPCO
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 27 December 2025
#ကျိုက်ထီးရိုးဘုရား #ကျိုက်ထိုမြို့နယ်
#YMG/NN #Yangon_Times
#Local_News
Published 27 December 2025
▪️ အမျိုးသမီးများအား တရုတ်ဇနီးမယားအဖြစ် လက်ထပ်ပေါင်းသင်းစေကာ ရရှိသော ငွေကြေးအကျိုးအမြတ်ကို ခေါင်းပုံဖြတ်ရယူရန် ဆောင်ရွက်ကြသူများအား လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
▪️ ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် မျှော့တောကျေးရွာနေ မ---(၁၉)နှစ်အား ပြင်ဦးလွင်မြို့နယ် ရပ်ကွက်ကြီး(၂၁) မိုးကြိုးရွာမကြီးနေ မနှင်းနွယ်ဦးနှင့် မနှင်းနှင်းရွှေတို့က ပြင်ဦးလွင်မြို့နယ် ရပ်ကွက်ကြီး(၂၁) လေးအိမ်စုကျေးရွာနေ မမာမာဝင်း(တရုတ်နိုင်ငံသို့ ရောက်ရှိနေသူ)နှင့် ချိတ်ဆက်ကာ လောက်ကိုင်မြို့ရှိ အကင်ဆိုင်တွင် အလုပ်လုပ်ရန် မမာမာဝင်း၏ ခင်ပွန်း ကိုပြည့်ဖြိုးအောင်(လိပ်စာတူ)မှတစ်ဆင့် ပို့ဆောင်ခဲ့ကြောင်း၊ထို့နောက် လောက်ကိုင်မြို့ရှိ အမည်မသိ ရခိုင်အမျိုးသမီး နေထိုင်သည့် အဆောင်သို့ ရောက်ရှိခဲ့ပြီး ၎င်းအားတရုတ်အမျိုးသားနှင့် လက်ထပ်ရမည်ဖြစ်ကြောင်းပြောဆိုသဖြင့် မယူလိုကြောင်း ငြင်းဆန်ခဲ့ရာ မူဆယ်မြို့ရှိ ကိုအေးကျော်ဌေး (ခ)ဗူးသီးထံ ဆက်လက်ပို့ဆောင်ခဲ့ကြောင်း၊ ကိုအေးကျော်ဌေး(ခ)ဗူးသီးက တရုတ်နိုင်ငံ ရွှေလီမြို့ရှိ တရုတ်အမျိုးသားတစ်ဦးထံပို့ပေးမည်၊ တရုတ်ယောက်ျားယူပါက ယွမ် ၁၀၀၀ ပေးမည်ဟု ပြောဆိုသဖြင့် တရုတ်ယောကျ်ားမယူလို၍ ထွက်ပြေးခဲ့ပြီး အမည်မသိတည်းခိုခန်း၌ တည်းခိုနေစဉ် သူငယ်ချင်းဖြစ်သူ၏ အကူအညီဖြင့် မန္တလေးမြို့သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း စိစစ်ပေါ်ပေါက်သဖြင့် အမှတ်(၁၁) လူကုန် ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု (မန္တလေး)မှ တရားလိုပြုလုပ် တိုင်တန်းခဲ့ရာ ပြင်ဦးလွင်မြို့မရဲစခန်း(ပ)၂၁၈/ ၂၀၁၅ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅/၄၄ ဖြင့် အမှုရေးဖွင့် တရားစွဲတင်ခဲ့ပြီး ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်တွင် ပြင်လွင်ဦးမြို့ ခရိုင်တရားရုံးက မနှင်းနွယ်ဦး၊ မနှင်းနှင်းရွှေနှင့် ကိုပြည့်ဖြိုးအောင်တို့သုံးဦးအား အလုပ်နှင့်ထောင်ဒဏ် နှစ် ၂၀ စီချမှတ်ခဲ့ပြီး တိမ်းရှောင်တရားခံ မမာမာဝင်းနှင့် ကိုအေးကျော်ဌေးတို့ နှစ်ဦးအား ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၈၇/၈၈ ထုတ်ဆင့်အတည်ပြုကာ အမည်မသိ ရခိုင်အမျိုးသမီးမှာ နေရပ်လိပ်စာစုံစမ်းမရသဖြင့် ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၈၇/၈၈ အတည်ပြုဆောင်ရွက်နိုင်ခြင်းမရှိခဲ့ကြောင်း သိရသည်။
▪️ ထို့အတူ မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ် ထွန်တုံးရပ်ကွက် နေ မ---(၂၂)နှစ်ကို မူဆယ်-မန္တလေး ခရီးသည်တင်ယာဉ်ပေါ်၌ ခင်မင်ခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် သင်တောကျေးရွာနေ မစံပယ်ထူး(ခ)မီးမီးက တရုတ်နိုင်ငံတွင် အလုပ်လုပ်ပါက ငါးလလျှင် ငွေကျပ်သိန်း ၁၀၀ ရရှိမည်၊ လစဉ်ငွေကျပ် သိန်း ၅၀ ရရှိမည်ဟု ပြောဆိုစည်းရုံးကာ ရှမ်းပြည်နယ် (မြောက်ပိုင်း) တန့်ယန်းမြို့နယ် လွယ်ဝေါကျေးရွာအုပ်စု ကန်မိန်းကျေးရွာနေ မအေးမတ်၊ မအေးညွန့်(လိပ်စာတူ)နှင့် တရုတ်နိုင်ငံဖူကျန့်ပြည်နယ် ယုံတိမြို့နယ် လုံရန်မြို့ ဟောရှင်းအုပ်စုလီရှင်းကျေးရွာနေ နိုင်ငံကူးလက်မှတ်အမှတ် EX 9981800 ကိုင်ဆောင်သူ တရုတ် နိုင်ငံသား ကျိုးဝေချန့်တို့နှင့် မန္တလေးမြို့ နေအိမ်တစ်ခု၌ တွေ့ဆုံပေးခဲ့ကြောင်း၊ထို့နောက် ၎င်းတို့လေးဦးက ကြိုတင် ငွေများထုတ်ပေးခြင်း၊ တရုတ်ဇနီးမယားအဖြစ် တရုတ်နိုင်ငံသို့ သွားရောက်ရန်အတွက် မြဝတီမြို့သို့ သွားရောက်၍ ပတ်စ်ပို့ ပြုလုပ်စေခြင်း၊ တရုတ်ယောက်ျား မယူပါက ယွမ် ၁၅၀၀၀ ပေးလျော်ရမည်ဟု ခြိမ်းခြောက်ပြောဆို ရိုက်နှက်ခြင်း၊ အမည်မသိတရုတ်အမျိုးသားများနှင့် ပေါင်းသင်းနေထိုင်စေခြင်းများ စိစစ်ပေါ်ပေါက်သဖြင့် အမှတ်(၁၁) လူကုန် ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု (မန္တလေး)မှ တရားလိုပြုလုပ်တိုင်တန်း ခဲ့ရာ ချမ်းမြသာစည်မြို့နယ် အမှတ်(၁၁)နယ်မြေရဲစခန်း(ပ)၄၄/၂၀၁၅ လူကုန် ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၈(က)/၄၄ ဖြင့် အမှုရေးဖွင့်တရားစွဲတင် ခဲ့ပြီး ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်တွင် မဟာအောင်မြေခရိုင် တရားရုံးက မစံပယ်ထူး(ခ)မီးမီး၊ မအေးမတ်နှင့် မအေးညွန့်တို့သုံးဦးကို လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၈(က)အရ အလုပ်နှင့်ထောင်ဒဏ်နှစ် ၂၀ စီ ကျခံစေရန်နှင့် တရုတ်နိုင်ငံသားကျိုးဝေချန့်အား လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၅ အရ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်းသိရသည်။
#YMG/SW #Yangon_Times
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ ငွေဆောင်ကမ်းခြေသို့ ခရစ္စမတ်နေ့က ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည် (၃၅၀၅)ဦး လာရောက်လည်ပတ်ခဲ့တယ်လို့ သိရပါတယ်။
#Local_News
Published 27 December 2025
#ငွေဆောင် #ခရစ္စမတ်
#YMG/SW #Yangon_Times
#Daily_News
Published 27 December 2025
၁။ ခရစ္စမတ်ပိတ်ရက်တွင်ငွေဆောင်ကမ်းခြေသို့ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည် (၃၅၀၅)ဦး လာရောက်လည်ပတ်ခဲ့
၂။ ကျိုက်ထီးရိုးဘုရားဖူးများဘေးကင်းရန် အစားအသောက်ဆိုင်တန်းများအား စစ်ဆေးပေးနေ
၃။ စက်သုံးဆီဈေး အားလုံးကျဆင်း
၄။ ဂျပန်နိုင်ငံ၏အကြီးမားဆုံးနျူကလီးယားစက်ရုံမှအမှတ်(၆)ဓာတ်ပေါင်းဖို ပြန်လည်စတင်တော့မည်... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ဆူညံသံဖြစ်ပေါ်စေတဲ့ ကိရိယာတွေတပ်ဆင်အသုံးပြုတဲ့ယာဥ်တွေကို ထိရောက်စွာ အရေးယူသွားမယ်လို့ယာဥ်ထိန်းရဲတပ်ဖွဲ့မှ သိရပါတယ်။
#Local_News
Published 27 December 2025
#ယာဥ်ထိန်းရဲတပ်ဖွဲ့ #ယာဥ်
#YMG/SW #Yangon_Times
#World_News
Published 27 Decembed 2025
■ ယူကရိန်းသမ္မတ ဇယ်လန်စကီက စစ်ပွဲအဆုံးသတ်ရေး နယ်မြေကိစ္စများကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တနင်္ဂနွေနေ့မှာ ဆွေးနွေးလိုနေပါတယ်။
■ အချက် ၂၀ ပါ ငြိမ်းချမ်းရေးမူဘောင်နဲ့ လုံခြုံရေးအာမခံချက် သဘောတူညီချက်တို့က ပြီးမြောက်ဖို့ နီးစပ်နေပြီဖြစ်ပါတယ်။
■ နှစ်သစ်ကူးမတိုင်ခင် အကြောင်းအရာ အများအပြား ဆုံးဖြတ်ချက် ချသွားနိုင်တယ်လို့ ဇယ်လန်စကီ ပြောပါတယ်။
■ အမေရိကန်နဲ့ ယူကရိန်းတို့ကြား လုံခြုံရေးအာမခံချက်က အဆင်သင့်နီးပါး ဖြစ်နေကာ အချက် ၂၀ ပါဝင်တဲ့မူကြမ်းကလည်း ၉၀ ရာခိုင်နှုန်း ပြီးမြောက်နေပြီလို့ ဆိုပါတယ်။
■ ထရမ့်ကတော့ သူအသိအမှတ် မပြုခင်အထိ ဇယ်လန်စကီ ဘာမှမရနိုင်ဘူးလို့ ဆိုပါတယ်။
■ ယခင်က မဟာမိတ်များ လုံခြုံရေးအာမခံချက် ပျက်ယွင်းခဲ့တာကို စဉ်းစားပြီး ယူကရိန်းက တရားဝင်ခိုင်မာတဲ့ သဘောတူညီချက်မျိုး လိုချင်တာ ဖြစ်ပါတယ်။
■ ဇယ်လန်စကီနဲ့ အစည်းအဝေးမှာ မူကြမ်းထဲကကိစ္စမျ အချောသတ်ဖို့ ဆွေးနွေးသွားမယ်လို့ ထရမ့်ပြောပါတယ်။
■ ညှိနှိုင်းမှုများ ပြုလုပ်ရာမှာ နယ်မြေကိစ္စက ခက်ခဲတဲ့အခြေအနေ ရှိနေပြီး ရုရှားတို့က ဒိုနက်စ်အရှေ့ဘက်ကနေ ယူကရိန်းတို့ ဆုတ်ခွာပေးဖို့ အလိုရှိနေပါတယ်။
■ ယူကရိန်းက လက်ရှိမှာ တိုက်ခိုက်မှုတွေကို ရပ်တန့်လိုနေပါပြီ။
■ ယင်းတို့နှစ်ယောက် ဆွေးနွေးပွဲကို ဥရောပခေါင်းဆောင်တွေကလည်း အွန်လိုင်းကနေ ပါဝင်ဖွယ်ရှိနိုင်ပါတယ်။
■ ဇယ်လန်စကီက ထရမ့်နဲ့အတူ ရုရှားကို ဆက်လက်ဖိအားပေးသွားဖို့ စီစဉ်နေပါတယ်။
Source: Reuters
#Local_News
Published 27 December 2025
■ ကမ္ဘာ့နိုင်ငံအချို၌ ကူးစက်မှုမြင့်တက်နေသော တုပ်ကွေးရောဂါပိုး Influenza A H3N2 သည် ၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံ၌လည်း ကူးစက်ဖြစ်ပွားနေသော ရောဂါပိုးအမျိုးအစားဖြစ်ပြီး Subclade K ကို မတွေ့ရှိရသေးကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးရုံးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးက
ပြောသည်။
■ ဒီဇင်ဘာ၂၃ ရက် နံနက်ပိုင်းတွင် နေပြည်တော်တုံဂပူရိဟိုတယ်၌ ကျင်းပပြုလုပ်သည့်
ကျန်းမာရေးဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသော တုပ်ကွေးရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများ ပိုမိုအားဖြည့်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေး၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည် ။
■ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မြတ်ဝဏ္ဏစိုးက ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ရာသီတုပ်ကွေးရောဂါအပါအဝင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများ ဖြစ်ပွားမှုကို စဉ်ဆက်မပြတ် စောင့်ကြပ်ကြည့်ရှုလျက်ရှိကြောင်း၊ လတ်တလောကမ္ဘာ့မီဒီယာများတွင် ဖော်ပြနေသည့် နိုင်ငံအချို့၌ ကူးစက်မှုမြင့်တက်နေသော တုပ်ကွေးရောဂါပိုး Influenza A H3N2 သည် ၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံ၌လည်း ကူးစက်ဖြစ်ပွားနေသော ရောဂါပိုးအမျိုးအစားဖြစ်ပြီး Subclade K ကိုမတွေ့ရှိရသေးကြောင်း၊ သို့ရာတွင် လူထုအတွင်း ရောဂါပိုးကို ကာကွယ်နိုင်မည့် ကိုယ်ခံစွမ်းအား အသင့်အတင့်ရှိနေမည်ဖြစ်ခြင်း၊ လက်ရှိအသုံးပြုနေသည့် တုပ်ကွေးရောဂါကာကွယ်ဆေးများနှင့် ကုသသည့်ဆေးဝါးများဖြင့်လည်း ကာကွယ်ကုသနိုင်ခြင်း တို့ကြောင့် ပြည်သူလူထုအနေဖြင့် အထူးစိုးရိမ်ရန် မလိုအပ်ပါကြောင်း၊ ပြင်းထန်တုပ်ကွေးရောဂါလက္ခဏာများ ဖြစ်ပွားလာပါက ပြည်သူ့ဆေးရုံများတွင် တုပ်ကွေးရောဂါကုသဆေးများဖြင့် ကုသပေးနိုင်ရေးနှင့် အထူးကြပ်မတ်ကုသပေးနိုင်ရေး အသင့်ပြင်ဆင်ထားရှိပါကြောင်း၊ ပြည်သူလူထုထံ အချိန်နှင့်တစ်ပြေးညီ သတင်းထုတ်ပြန်ပေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်သွားရန်အတွက် ပေါင်းစပ်ဆောင်ရွက်သွားရန် ပြောကြားသည်။
■ အဆိုပါ အစည်းအဝေးသို့ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တုပ်ကွေးရောဂါ စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းဆောင်ရွက်နေကြသော ဗဟိုအဆင့်နှင့် တိုင်းဒေသကြီး/ပြည်နယ်များမှ ဆေးရုံအုပ်ကြီးများ၊ ပါမောက္ခများ၊ အထူးကုဆရာဝန်ကြီးများ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကုသရေးဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးများ၊ နေပြည်တော်နှင့်တိုင်းဒေသကြီး/ပြည်နယ်များမှ ဒုတိယတိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများနှင့် ကူးစက်ရောဂါစောင့်ကြပ်ကြည့်ရှုရေးဆိုင်ရာတာဝန်ခံများ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ တာဝန်ရှိသူနှင့် အခြားဖိတ်ကြားထားသော တာဝန်ရှိသူများတက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 27 December 2025
▪️ အင်းစိန်မြို့နယ်၊ ပုလဲလမ်းတွင် ယာဉ်တိုက်မှုဖြစ်ပွားပြီးတစ်ဦးေ-သဆုံးမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်းသိရသည်။
▪️ ဒီဇင်ဘာ ၂၆ ရက်နေ့၊ ည ၁၀နာရီ အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ရွာမအနောက်ရပ်ကွက်၊ ပုလဲလမ်းတွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး လူညှပ်နေကြောင်း သိရသည်။
▪️ အဆိုပါသတင်းရရှိဖြင့် အင်းစိန်မြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေး(၁)စီးဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
▪️ ယင်းဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ ယာဉ်မောင်း ကျား(၁) ေ-သဆုံးအား ကနောင်လူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် အင်းစိန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 27 December 2025
ကရင်ပြည်နယ်၊ဘားအံ၊ကြာအင်းတောင်ပေါ်မှ အမျိုးသားတစ်ဦး ပြုတ်ကျမှုယမန်ေန့ကဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှသိရသည်။
၂၆.၁၂.၂၀၂၅ ရက်နေ့၊ ညနေ၄နာရီ ၁၅ မိနစ်အချိန်ခန့်က ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ်(၉)ရပ်ကွက်၊ ကြာအင်းတောင်ပေါ်မှ ကျား(၁)ဦး ပြုတ်ကျမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ဘားအံခရိုင်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များသည် မာဃလူမှုကူညီရေးအသင်း၊ မြန်မာနိုင်ငံလူမှုကူညီရေးအသင်းတို့မှ အသင်းသားများနှင့် ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိသူ ကျား(၁)ဦးအား မာဃလူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် ဘားအံပြည်သူ့ဆေးရုံကြီးသို့ ပိုဆောင်ပေးခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times
Page 92 of 1950