#World_Health
Published 29 June 2026
■ လူသားတွေမှာ တစ်ချိန်လုံး နှာချေနေပြီဆိုရင် ဓာတ်မတည့်တဲ့ကာလ ဖြစ်ပါတယ်။
ဒါပေမဲ့ အိမ်မွေးတိရိစ္ဆာန်တွေမှာလည်း ယားယံပြီး တစ်ညလုံးကုတ်နေကြတယ်ဆိုရင် ဓာတ်မတည့်တာမျိုး ဖြစ်နိုင်ပါတယ်။
■ ကြောင်၊ ခွေးအပါအဝင် အိမ်မွေးတိရိစ္ဆာန်တွေဟာ ဝတ်မှုန်၊ အစားအစာ၊ ခြနဲ့ လူအရေပြားဆဲလ်သေတို့လို အရာတွေနဲ့ ဓာတ်မတည့်ဝေဒနာ ခံစားရနိုင်ပါတယ်။
■ အိမ်မွေးတွေမှာ ဖြစ်ပွားတဲ့ ဓာတ်မတည့်မှုလက္ခဏာတွေက လူသားတွေနဲ့ ကွဲပြားပြီး အရေပြားရောင်ရမ်းခြင်း၊ လျှာဖြင့်လျက်ခြင်း၊ ကုတ်ခြင်း၊ ကိုက်ခြင်းတို့ ပြုလုပ်လာကာ ထိုကနေ ရောဂါပိုးဝင်ခြင်းတို့ ဖြစ်စေနိုင်ပါတယ်။
■ အိမ်မွေးတွေမှာ ဓာတ်မတည့်မှုကို အတည်ပြုနိုင်ဖို့အတွက် အရေပြားပိုးဝင်ခြင်း၊ မွှားကောင်များ၊ သန်းများ၊ ကင်ဆာလိုမျိုး ရောဂါအခြေအနေတွေ စတဲ့အကြောင်းအရင်းတွေကို အရင်ပယ်ထုတ်ရမှာ ဖြစ်ပါတယ်။
■ ဈေးကွက်အတွင်း ဝယ်ယူရရှိနိုင်တဲ့ အိမ်မွေးဓာတ်မတည့်မှု စစ်ဆေးချက်တွေဟာ စိတ်ချရခြင်းမရှိဘဲ တိရိစ္ဆာန်အရေပြားအထူးကုများရဲ့ အရေပြားအတွင်းပိုင်း စစ်ဆေးခြင်းကသာ အတိကျဆုံးနည်းလမ်း ဖြစ်ပါတယ်။
■ ကုသနည်း ရွေးချယ်စရာများ အနေဖြင့် ဆေးထိုးခြင်း၊ ဆေးသောက်ခြင်း၊ ခေါင်းလျှော်ရည်၊ စပရေးများ ပါဝင်ပြီး နောက်ပိုင်းထွက်ရှိလာတဲ့ ဆေးဝါးသစ်တွေဟာ ဘေးထွက်ဆိုးကျိုး နည်းပါးစွာဖြင့် ယားယံခြင်း၊ ရောင်ရမ်းခြင်းတို့ကို ပိုမိုထိရောက်စွာ သက်သာစေပါတယ်။
■ အပြင်ထွက်ချိန် နည်းပါးခြင်း၊ ပြုပြင်မွမ်းမံထားတဲ့ အစားအစာများ ကျွေးခြင်း၊ ရေခဏခဏချိုးပေးခြင်း၊ လူ့အရေပြားဆဲလ်သေများနဲ့ ထိတွေ့ရခြင်းတို့ အပါအဝင် ခေတ်သစ်လူနေမှုပုံစံတွေကြောင့် အိမ်မွေးတွေမှာ ဓာတ်မတည့်မှု အဖြစ်များလာပါတယ်။
Source: BBC
#World_Health
Published 29 June 2026
■ သွားတွေ အဝါရောင်သမ်းလာခြင်းဟာ ဆေးလိပ်သောက်ခြင်း တစ်ခုတည်းကြောင့် မဟုတ်ဘဲ နေ့စဉ်စားသုံးတဲ့ အစားအသောက်တွေကလည်း ဖြူနေတဲ့သွားတွေကို အရောင်စွန်းခြင်း၊ အဝါရောင်သမ်းခြင်း၊ ပျက်စီးခြင်းတို့ ဖြစ်စေနိုင်ပါတယ်။
■ ဒီအတွက် အဓိကအကြောင်းအရင်းက ရောင်ခြယ်ပစ္စည်းတွေ၊ အက်ဆစ်ဓာတ်တွေကြောင့် ဖြစ်ပြီး သွားအပြင်ဘက်မှာ ကာကွယ်ပေးတဲ့ ကြွေလွှာကို ထိခိုက်စေပါတယ်။
■ ကြွေလွှာက အနည်းငယ်မျှ ကွာကျရုံဖြင့် အစားအသောက်တွေကရတဲ့ အရောင်တွေ စွန်းထင်းလွယ်လာပါတယ်။
■ ကော်ဖီ၊ လက်ဖက်ရည်တို့မှာ ပါဝင်တဲ့ တန်နင်ဓာတ်က သွားကြွေလွှာနဲ့ ဆက်စပ်နေပြီး အရောင်ကျွတ်ခြင်း ဖြစ်စေပါတယ်။
■ နနွင်း၊ မုန်ညင်း၊ ဝိုင်နီ၊ မုန်လာဥ၊ ကိုလာတို့ဆိုရင် ရောင်ခြယ်ပစ္စည်းနဲ့ အက်ဆစ်ဓာတ်တွေ များတာကြောင့် သွားတွေ အရောင်စွန်းစေပါတယ်။
■ ဒိန်ခဲအမာ၊ ပီကေတို့ကတော့ အက်ဆစ်ဓာတ်ကို ညီမျှစေပြီး တံတွေးထုတ်လုပ်မှု ကောင်းစေတာကြောင့် ကြွေလွှာကို ကာကွယ်ကာ အရောင်စွန်းခြင်းကို လျှော့ချပေးနိုင်ပါတယ်။
■ ဒီလိုပြောလို့ ကော်ဖီတွေ မုန်လာဥတွေ စားသောက်ခြင်းကို ရပ်တန့်ဖို့ မလိုပါဘူး။
■ အချိုရည်တွေ သောက်ပြီးနောက် ရေသောက်ခြင်း၊ အက်ဆစ်ဓာတ်ပါတဲ့ အရည်တွေ သောက်တဲ့အခါ ပိုက်ဖြင့်သောက်ခြင်း၊ အက်ဆစ်ပါတဲ့ အစားအစာတွေ စားပြီးနောက် ခဏအကြာမှ သွားတိုက်ခြင်း စတဲ့အလေ့အကျင့်များဖြင့် အရောင်စွန်းခြင်းကို လျော့ပါးစေနိုင်ပါတယ်။
Source: The Jerusalem Post
ကိုရီးယားသမ္မတနိုင်ငံသို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ(POEA)မှတဆင့်မြန်မာလုပ်သား(၆၀၀ကျော်ကို ထပ်မံစေလွှတ်ခဲ့ရာ ယခုလအတွင်း မြန်မာလုပ်သား၂၀၀ခန့် ကိုရီးယားနိုင်ငံလုပ်ငန်းခွင်မှာ ဝင်ရောက်အလုပ်လုပ်ကိုင်နေပြီဖြစ်တယ်လို့ ဆိုးလ်မြို့ရှိမြန်မာသံရုံးမှ သိရပါတယ်။
#Local_News
Published 28 June 2026
#POEA #ကိုရီးယား
#YMG/SW #Yangon_Times
#World_Science
Published 28 June 2026
■ သိပ္ပံပညာရှင်တွေဟာ ပင်လယ်မျှော့တစ်ခုရဲ့ ပြတ်တောက်ပျက်စီးနေတဲ့ အစိတ်အပိုင်းတစ်ခုဟာ ပင်လယ်ရေထဲမှာ ၃ နှစ်ကျော်ကြာအောင် ရှင်သန်နေခဲ့ပြီး ပါးစပ်မပါဘဲ အာဟာရများကို စုပ်ယူပြီးတော့ ဒဏ်ရာကို ပြန်လည်ကုစားနေတာကို တွေ့ရှိခဲ့ကြတယ်လို့ CNN မှာ ဖော်ပြထားပါတယ်။
■ ပြတ်နေတဲ့ တစ်ရှူးတွေဟာ စမ်းသပ်ကာလထက် များစွာပိုပြီး အသက်ရှည်ခဲ့ကြကာ နောက်ဆုံးမှာ စမ်းသပ်မှု ရပ်နားပြီးသည့်တိုင်အောင် ထိုတစ်ရှူးတွေဟာ ဆွေးမြည့်ပျက်စီးခြင်း လက္ခဏာရပ်များ လုံးဝမပြသတာကြောင့် ထာဝရ ဆက်လက်ရှင်သန်နိုင်မယ့် ပုံစံမျိုး ရှိပါတယ်။
■ တစ်ရှူးအသစ် ပြန်ဖြစ်ပေါ်နိုင်စွမ်းရှိတယ်လို့ သိထားတဲ့ Psolus fabricii ပင်လယ်မျှော့ရဲ့ ပြတ်တောက်ပျက်စီးနေတဲ့ တစ်ရှူးတွေဟာ ဆွေးမြည့်မသွားဘဲ ယင်းတို့ကိုယ်တိုင် ပြန်လည်ပြုပြင် ကြီးထွားလာကြောင်း တွေ့ရှိခဲ့ကြပါတယ်။
■ ထိုတစ်ရှူးတွေဟာ ပျက်စီးသွားတဲ့ အစိတ်အပိုင်းများကို ဖယ်ထုတ်ပစ်ခြင်း၊ အပေါ်ယံ အရေပြားတစ်ရှူးများ ပိတ်ဆို့ခြင်းတို့ဖြင့် ဒဏ်ရာကို ပြန်လည်ကုသခဲ့ကြပါတယ်။
■ ဆဲလ်လုပ်ဆောင်ချက်များ ထိန်းသိမ်းပြီး ရှင်သန်နေနိုင်ခဲ့ပေမယ့် ထိုတစ်ရှူးတွေဟာ သက်ရှိအသစ်အဖြစ် ကြီးထွားလာတာမျိုး မဟုတ်တာကြောင့် မသေမျိုးတို့ရဲ့ ထာဝရရှင်သန်ခြင်းလားလို့ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။
■ ဒီရှာဖွေတွေ့ရှိမှုကနေ တစ်ရှူးပြန်လည်ဖြစ်ပေါ်မှု၊ ဆဲလ်ဇီဝဗေဒနဲ့ မူလသက်ရှိခန္ဓာကိုယ်မှ သီးခြားကွဲထွက်နေတဲ့ သက်ရှိတစ်ရှူးများရဲ့ အယူအဆတို့ကို နားလည်သဘောပေါက်စေဖို့အတွက် သက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်။
Source: Gizmodo
#World_Science
Published 28 June 2026
■ ခြင်ကြောင့်ဖြစ်တဲ့ ရောဂါတွေ လျှော့ချရန် စမ်းသပ်ချက်ခေါင်းစဉ်အောက်မှာ Google က ဖလော်ရီဒါနဲ့ ကယ်လီဖိုးနီးယားတို့မှာ ဓာတ်ခွဲခန်းဖောက် ခြင် ၃၂ သန်းကို ဖြန့်လွှတ်သွားဖို့ ခွင့်ပြုချက် တောင်းခံနေပါတယ်။
■ Google က ရောဂါဖြစ်စေတဲ့ ခြင်ကောင်ရေထိန်းချုပ်ဖို့ ရည်မှန်းတဲ့ နည်းပညာတွေကို လုပ်ဆောင်နေတာ ဆယ်စုနှစ်တစ်ခု ကျော်ပြီဖြစ်ပါတယ်။
■ Debug အစီအစဉ် လုပ်ဆောင်နေတဲ့ အဖွဲ့က ရောဂါပျံ့ပွားစေတဲ့ ခြင်တွေကိုထိန်းချုပ်ဖို့ သုတေသီများ၊ အသင်းအဖွဲ့များ၊ အစိုးရအေဂျင်စီများနဲ့အတူ နည်းလမ်းသစ်တွေ ရှာဖွေနေပြီး လူတွေကို အသက်ရှည်ကျန်းမာစေဖို့ ကူညီနေကြောင်း Debug ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။
■ လုပ်ငန်းစဉ်ကတော့ ခြင်ထီးတွေမှာ Wolbachia pipientis ဘက်တီးရီးယားမျိုးစိတ် ထည့်သွင်းလိုက်မှာ ဖြစ်ပါတယ်။
■ ဒီဘက်တီးရီးယားသယ်ဆောင်တဲ့ ခြင်ထီးက ခြင်မနဲ့ မိတ်လိုက်တဲ့အခါ မျိုးဥမပေါက်နိုင် ဖြစ်သွားပါလိမ့်မယ်။
■ ကြာလာရင် ခြင်ကောင်ရေ လျော့နည်းလာပြီး ရောဂါပျံ့ပွားနှုန်းလည်း ကျဆင်းလာမှာ ဖြစ်ပါတယ်။
■ ပထမနှစ်အတွင်း ဓာတ်ခွဲခန်းဖောက် ခြင်ထီး ၁၆ သန်းကို ဖလော်ရီဒါနဲ့ ကယ်လီဖိုးနီးယားတို့မှာ လွှတ်မှာဖြစ်ပြီး ဒုတိယနှစ်မှာ နောက်ထပ် ၁၆ သန်း လွှတ်မှာ ဖြစ်ပါတယ်။
■ ဒီအဆိုပြုချက်ကို အမေရိကန် ပတ်ဝန်းကျင်ကာကွယ်ရေး အေဂျင်စီက လက်ရှိမှာ စစ်ဆေးသုံးသပ်နေပါတယ်။
■ ရောဂါပိုးတွေကို ပြုပြင်သားဖောက်တဲ့ နည်းလမ်းကို အသုံးပြုလာကြတာ ဆယ်စုနှစ်တွေ ကြာပြီဖြစ်ပြီး ယခင်က မွေးမြူရေးတိရိစ္ဆာန်တွေ၊ တောရိုင်းသတ္တဝါတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေမှာ အဓိကဖြစ်ပွားတဲ့ လောက်ကောင်ပျံတစ်မျိုးမှာလည်း အသုံးပြုဖြေရှင်းနိုင်ခဲ့ပါတယ်။
Source: NDTV
တရုတ်သမ္မတရှီကျင့်ဖျင်နဲ့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် တာရစ်ရာမန်တို့ သောကြာနေ့က ပေကျင်းမှာတွေ့ဆုံခဲ့ကာ တရုတ်-ဘင်္ဂလားဒေ့ရှ်ဆက်ဆံရေး တည်ဆောက်ခြင်းနဲ့အတူ နှစ်နိုင်ငံဆက်ဆံရေး မြှင့်တင်သွားဖို့ ခေါင်းဆောင်နှစ်ဦး ပူးတွဲကြေညာခဲ့ကြပါတယ်။
#Asia_Politics
Published 27 June 2026
#တရုတ် #ဘင်္ဂလားဒေ့ရှ်
#YMG #Yangon_Times #Yangon_Media_Group
မြန်မာသင်္ဘောသားများ MSME လုပ်ငန်းများဆောင်ရွက်နိုင်မယ့် သမဝါယမအသင်းဖော်ဆောင်သွားမယ်လို့ မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသားအလုပ်သမားများအဖွဲ့ချုပ် (MSF)ကသိရပါတယ်။
#Local_News
Published 27 June 2026
#MSME #မြန်မာသင်္ဘောသား
#YMG/NN #Yangon_Times
နိုင်ငံတကာမှ အရည်အသွေးမြင့် ကုန်ပစ္စည်းများကို ကိုရီးယားဈေးကွက်နှင့် ချိတ်ဆက်ပေးရန်၊ Global Supply Chain ချဲ့ထွင်ရန်နှင့် Business Matching အခွင့်အလမ်းများဖန်တီးပေးရန်ရည်ရွယ်တဲ့ တောင်ကိုရီးယားနိုင်ငံရဲ့တစ်ခုတည်းသော သွင်းကုန်အထူးပြု B2B ကုန်စည်ပြပွဲဖြစ်တဲ့တောင်ကိုရီးယားသွင်းကုန်ပြပွဲ ၂၀၂၆မှာ မြန်မာပြခန်းပါဝင်ပြသကာကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနဲ့ ခရီးသွားလာမှုမြှင့်တင်ရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။
#Local_News
Published 27 June 2026
#တောင်ကိုရီးယားသွင်းကုန်ပြပွဲ
#YMG/SW #Yangon_Times
အမေရိကန်ဒေါ်လာနဲ့ ငွေထုတ်ပေးမယ့် မြန်မာသင်္ဘောသားများအတွက်ပင်စင်စနစ်ဖော်ဆောင်ဖို့ဆောင်ရွက်နေတယ်လို့ မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသားအလုပ်သမားများအဖွဲချုပ် (MSF)ကသိရပါတယ်။
#Local_News
Published 27 June 2026
#သင်္ဘောသား #ပင်စင်
#YMG/NN #Yangon_Times
#Daily_News
Published 27 June 2026
၁။ သင်္ဘောသားများ MSME လုပ်ငန်းများဆောင်ရွက်နိုင်မည့် သမဝါယမအသင်းဖော်ဆောင်မည်
၂။ တောင်ကိုရီးယားသွင်းကုန်ပြပွဲ ၂၀၂၆တွင် မြန်မာ့ထုတ်ကုန်များပါဝင်ပြသ
၃။ သင်္ဘောသားများအတွက်ဒေါ်လာဖြင့်ပေးမည့် ပင်စင်စနစ်ဖော်ဆောင်ရန်ဆောင်ရွက်နေ
၄။ နှစ်နိုင်ငံဆက်ဆံရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးများတိုးချဲ့မြှင့်တင်ရန် တရုတ်နှင့်ဘင်္ဂလားဒေ့ရှ်ခေါင်းဆောင်တို့ပေကျင်း၌တွေ့ဆုံ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 27 June 2026
■ FIFA ယူ-၁၅ ကမ္ဘာ့ဖလား နှင့် ဘောလုံးပွဲတော်တွင် မြန်မာ ယူ-၁၅ အသင်း ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ရာ အဆိုပါအသင်းအားစုစုပေါင်း အဖွဲ့ဝင် ၂၀ ဦး ဖြင့် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ထားသည်။
■ အောက်တိုဘာ ၂၂ ရက်မှ ၃၁ ရက်အထိ အဇာဘိုင်ဂျန်နိုင်ငံတွင် ၁၀ ရက်ကြာ ကျင်းပသွားမည့်အဆိုပါပြိုင်ပွဲအတွက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)အနေဖြင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) ထံ မြန်မာယူ၁၅ အသင်းပါဝင်ယှဉ်ပြိုင်ရေးအတွက် တရားဝင်အကြောင်းကြားစာ ပေးပို့ထားပြီး MFF အနေဖြင့်လည်းပါဝင်ယှဉ်ပြိုင်ရန် တရားဝင်ဆက်သွယ်ဆောင်ရွက်ခဲ့ပြီး ဖြစ်ရာ MFF သည် ပြီးခဲ့သည့် ၃ နှစ်တာအတွင်း မြန်မာ ယူ၁၅ လိဂ်ပြိုင်ပွဲများအား ရန်ကုန်၊ မန္တလေး၊ တောင်ကြီး ဇုန်များတွင် နှစ်စဉ်ကျင်းပလျက်ရှိသလို ယခု ၂၀၂၆ လိဂ်ပြိုင်ပွဲကိုလည်း ယခင်နှစ်ကထက် ပြိုင်ပွဲဝင်အသင်း ပိုမိုများပြားစွာဖြင့်ကျင်းပပေးလျက်ရှိကြောင်း သိရသည်။
■ ထို့ကြောင့် မြန်မာယူ ၁၅ အသင်းကို အသင်းတစ်သင်းလျှင် ကစားသမား ၁၄ ဦး (အနည်းဆုံး ဂိုးသမား ၂ ဦး ပါဝင်ရမည်) နှင့် အသင်းအရာရှိ/ဝန်ထမ်း ၆ ဦး၊ စုစုပေါင်း အဖွဲ့ဝင် ၂၀ ဦး ဖြင့် ဖွဲ့စည်းသွားမည်ဖြစ်ပြီး မြန်မာ ယူ၁၅ ပဏာမ ကစားသမားရွေးချယ်ရာတွင် တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးမှ ထူးချွန်လူငယ်များ၊ ပါရမီရှင် ရွက်ပုန်းသီး လူငယ်များမကျန် စနစ်တကျ ရွေးချယ်မှုများပြုလုပ်မည်ဖြစ်ကြောင်း၊ အဆိုပါကမ္ဘာ့အဆင့် လူငယ်ဘောလုံးပွဲတော်ကြီးသည် မြန်မာ့လူငယ်ကစားသမားများအတွက် နိုင်ငံတကာအတွေ့အကြုံကောင်းများစွာ ရရှိစေမည့်အပြင် အနာဂတ် ယူ-၁၇ ကမ္ဘာ့ဖလားပြိုင်ပွဲများအတွက်ပါအရေးပါသည့် ခြေလှမ်းတစ်ရပ် ဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 27 June 2026
■ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် အောင်ဆန်းအားကစားကွင်းအတွင်းရှိ ဌာနပိုင် အဆောက်အအုံဟောင်းများ ဖျက်သိမ်း၍ လေလံတင်ရောင်းချနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမာန်နေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏရှိ ပတ္တမြားခန်းမ၌ ကျင်းပသည်။
■ အစည်းအဝေးတွင် လေလံတင်ရောင်းချရေးကော်မတီဥက္ကဋ္ဌ အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညီညီက အမှာစကားပြောကြားပြီး အားကစားနှင့်ကာယပညာဦးစီးဌာန တာဝန်ရှိသူများ၏ အောင်ဆန်းအားကစားပြိုင်ဝင်း၏ သမိုင်းအကျဉ်း၊ တည်နေရာ၊ ဖျက်သိမ်းမည့် အဆောက်အအုံများ၊ လုပ်ငန်းကော်မတီများနှင့် ဆပ်ကော်မတီဖွဲ့စည်းထားရှိမှု၊ အဆောက်အအုံဟောင်းများနှင့် အားကစားဆိုင်ရာ အဆောက်အအုံများစနစ်တကျ လေလံတင်ရောင်းချဖျက်သိမ်းနိုင် ရေး ဆောင်ရွက်ထားရှိမှု၊ ဌာနပိုင်အဆောက်အအုံဟောင်းများ လေလံတင်ရောင်းချနိုင်ရေးနှင့် ဆိုင်ခန်းများ ဖယ်ရှားရှင်းလင်းနိုင်ရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးမှုများအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
Page 94 of 2096