#Local_News
Published 30 July 2025
▪️ တနင်္သာရီတိုင်း မြိတ်၌ ဆိုလာနည်းပညာဖြင့် (၂၀)မဂ္ဂါဝပ် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး စီမံကိန်း စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်းတိုင်းအစိုးရအဖွဲ့မှ သိရသည်။
▪️ အဆိုပါ မြိတ်မြို့နယ်၊ စန္ဒဝတ်ကျေးရွာတွင် ဆိုလာနည်းပညာဖြင့် (၂၀)မဂ္ဂါဝပ် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစီမံကိန်းအတွက် တနင်္သာရီတိုင်း အစိုးရအဖွဲ့နှင့် Southern Green Power Co.,Ltd တို့ကြား ဖြစ်မြောက်နိုင်စွမ်းရှိ/မရှိ အကြို စူးစမ်းလေ့လာမှုလုပ်ငန်းများဆောင်ရွက်ရန် နားလည်မှုမှတ်တမ်း F.S (MOU)လက်မှတ်ရေးထိုးခြင်းကို ဇူလိုင် ၂၉ ရက်က ကျင်းပရာ တိုင်းဝန်ကြီးချုပ်ဦးမြတ်ကိုတက်ရောက်၍ တနင်္သာရီတိုင်းအနေဖြင့် မဟာဓာတ်အားလိုင်းရောက်ရှိခြင်းမရှိသေးသဖြင့် တိုင်းအစီအစဉ်ဖြင့် လျှပ်စစ်ဓာတ်အားရရှိရေးအတွက်ကြိုးစားဆောင်ရွက်လျက်ရှိ ကြောင်း ပြောကြားသည်။
▪️ မြိတ်မြို့တွင်ဆိုလာနည်းပညာဖြင့် (၂၀)မဂ္ဂဝပ် ခင်းကျင်းနိုင်အောင် အမြန်ဆုံးအကောင်အထည် ဖော်နိုင်ရန် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကာ မကြာခင်ကာလ၌ ရေနက်ဆိပ်ကမ်းတွင် ၆၆၀ မဂ္ဂဝပ် လျှပ်စစ်ဓာတ် Power Plant ဆောင်ရွက်ထားသည်ဟုလည်း ဆို သည်။
▪️ ယင်းသို့ ဆောင်ရွက်ထား၍ လျှပ်စစ်ဓာတ်အားထွက်ရှိလာပါက တိုင်းသို့ National Grid မရရှိသော်လည်း တိုင်း Grid တစ်ခုရရှိပါက ဒေသအတွက် လျှပ်စစ်မီးပြည့်ဝစွာရရှိမည်ဖြစ်၍ လုပ်ငန်းအား ကြိုဆိုပြီး တိုင်းအစိုးရအဖွဲ့အနေဖြင့် လိုအပ်သော အကူအညီများဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
▪️ ထို့နောက် တနင်္သာရီတိုင်းအစိုးရအဖွဲ့နှင့် Southern Green PowerCo.,Ltd တို့၏တာဝန်ရှိသူများက ဆိုလာနည်းပညာဖြင့် (၂၀)မဂ္ဂါဝပ် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးစီမံကိန်းအတွက် ဖြစ်မြောက်နိုင်စွမ်းရှိ/မရှိ အကြိုစူစမ်းလေ့လာမှုလုပ်ငန်းများဆောင်ရွက်ရန် နားလည်မှုမှတ်တမ်း F.S(MOU)အား လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 30 July 2025
မြန်မာနိုင်ငံ၏ ဝါးအခန်းကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်စပ်ဌာန၊ အဖွဲ့အစည်းနှင့် ဒေသခံပြည်သူများ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယမန်နေ့ကနေပြည်တော်ရှိ သစ်တောဦးစီးဌာန အင်ကြင်းခန်းမ၌ကျင်းပသည့် ဝါးစိုက်ပျိုးပြုစုစီမံအုပ်ချုပ်ခြင်း၊ မျှစ်ထုတ်လုပ်ခြင်းနှင့် ဝါးလက်မှုကဏ္ဍနည်းပညာဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင်သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီကပြောကြားခဲ့သည်။
ယခုအလုပ်ရုံဆွေးနွေးပွဲကိုမျှစ်ထုတ်လုပ်မှု၊ ဝါးအခြေခံလက်မှု ပစ္စည်းများထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်စေရန်အတွက် နည်းပညာနှင့် စျေးကွက်အခွင့်အလမ်းများ ဆွေးနွေးဖလှယ်နိုင်ရန်နှင့် လုပ်ငန်းရှင်နှင့်ဆက်စပ်ဌာနများအကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရန်ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
ပြည်ထောင်စုဝန်ကြီးက ဝါးသည် မျှစ်ထုတ်လုပ်မှုမှစတင်၍ လက်မှုလုပ်ငန်း ထုတ်ကုန်အထိ စီးပွားရေးတန်ဖိုးတစ်ခုအဖြစ် ပြောင်းလဲနိုင်သည့် သဘာဝထုတ်ကုန် ဖြစ်ရာ မျှစ်နှင့် ဝါးထုတ်ကုန်များအား ပြည်တွင်း စျေးကွက်သာမက ပြည်ပစျေးကွက်များအထိရောက်ရှိ စေရေးအတွက် လုပ်ငန်းအဆင့်မြှင့်တင်မှု၊ နည်းပညာဖွံ့ဖြိုး တိုးတက်မှုနှင့် အရည်အသွေးစံနှုန်းပြည့်မီမှုများသည် များစွာအရေးကြီးကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် သစ်၊ ကြိမ်၊ ဝါးကုန်ကြမ်း များ အသုံးပြုထုတ်လုပ်နေသည့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကုန်ကြမ်းရရှိရေး၊ လုပ်ငန်းစဉ်များ အဆင်ပြေချောမွေ့စေရေးနှင့် နည်းပညာမြှင့်တင်နိုင်ရေး ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ပေါင်းစပ်ဆောင်ရွက်လျက်ရှိကြောင်းပြောကြားခဲ့သည်။
ကမ္ဘာပေါ်တွင် ဝါးမျိုးစု ၇၅ မျိုး နှင့် ဝါးမျိုးစိတ် ၁၂၅၀ ခန့်ရှိပြီး မြန်မာနိုင်ငံတွင် ဝါးမျိုးစု ၂၁ မျိုး နှင့် ဝါးမျိုးစိတ် ၁၀၂ မျိုးခန့် ပေါက်ရောက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံ၏ နှစ်စဉ် ဝါးတော ထွက်နှုန်းမှာ ဝါးလုံးရေ ၃၁၈ သန်းရှိကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 30 July 2025
▪️ ၂၀၂၅ -၂၀၂၈ ခုနှစ် ကာလအတွက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့် အိန္ဒိယသမ္မတနိုင်ငံတို့အကြား သိပ္ပံနှင့်နည်းပညာ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်- Programme of Cooperation (POC) in Science and Technology လက်မှတ်ရေးထိုးပွဲကို ယမန်နေ့နံနက်ပိုင်းတွင်နေပြည်တော်ရှိ ရုံးအမှတ် (၂၁) သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
▪️ အဆိုပါ Programme of Cooperation (POC) ကို ၂၀၁၂-၂၀၁၅ ခုနှစ်နှင့် ၂၀၁၈-၂၀၂၁ ခုနှစ်တို့အတွက် လက်မှတ်ရေးထိုးေဆာင်ရွက်ခဲ့ကြပြီးဖြစ်ရာ ယခု ၂၀၂၅ ခုနှစ်မှ ၂၀၂၈ ခုနှစ်ကာလအတွင်း သိပ္ပံနှင့်နည်းပညာနယ်ပယ်တွင် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေရန်ရည်ရွယ်၍ထပ်မံ လက်မှတ်ရေးထိုးချုပ်ဆိုခြင်းဖြစ်ပြီးသိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်နှင့်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး Mr Abhay Thakur တို့က သိပ္ပံနှင့်နည်းပညာ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်ကို လက်မှတ်ရေးထိုးကြကြောင်း သိရသည်။
▪️ ထို POC ကို လက်မှတ်ရေးထိုးခြင်းဖြင့် သိပ္ပံနှင့်နည်းပညာဆိုင်ရာနယ်ပယ်များ အထူးသဖြင့် အစားအသောက်၊ ဆေးဝါးနှင့်စိုက်ပျိုးရေးအပါအဝင် ဇီဝနည်းပညာ၊ နာနိုနည်းပညာ၊ Smart University အတွက် နည်းပညာများ၊ အစိမ်းရောင်နည်းပညာများ၊ စက်ရုပ်နည်းပညာ၊ ဉာဏ်ရည်တုနည်းပညာနှင့် Blockchain နည်းပညာ၊ Virtual Reality နှင့် Augmented Reality (3D ပုံရိပ်ဖော်နည်းပညာများ)၊ Advanced Material Science၊ ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်၊ လျှပ်စစ်ကားနည်းပညာ၊ ဓာတ်သတ္တုကဏ္ဍ၊ Geospatial Technology နှင့် သိပ္ပံနှင့် နည်းပညာဆိုင်ရာ မဟာဗျူဟာစီမံကိန်းများ လေ့လာဆန်းစစ်အကဲဖြတ်ခြင်း နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
ရုရှားနိုင်ငံကို ပြည်တွင်းထွက် သရက်သီးအနှစ်နဲ့အခြောက်တွေအပြင်အရည်အသွေးမြင့်ကော်ဖီကိုပါ တိုးမြှင့်တင်ပို့သွားမယ်လို့ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့က သိရပါတယ်။
#Local_News
Published 30 July 2025
#သရက်သီး #ကော်ဖီ
#YMG/NN #Yangon_Times
လာမယ့်ဩဂုတ်လဆန်းပိုင်းတွင် နေပြည်တော်နဲ့မန္တလေးမြို့တွေမှာ ဆန်ကိုသင့်တင့်မျှတတဲ့ ဈေးနှုန်းနဲ့ ရောင်းချပေးသွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်းက သိရပါတယ်။
#Local_News
Published 30 July 2025
#နေပြည်တော် #မြန်မာနိုင်ငံဆန်စပါးကုန်သည်
#YMG/SW #Yangon_Times
#Local_News
Published 30 July 2025
▪️ ဂျပန်နိုင်ငံ မိုးလေဝသနဌာနက ထုတ်ပြန်သည့်ဆူနာမီသတိပေးချက်ေကြာင့် ဂျပန်ရောက် မြန်မာနိုင်ငံသားများ သတိထားနေထိုင်ကြရန် ထုတ်ပြန်တိုကျိုမြို့ရှိမြန်မာသံရုံးက ထုတ်ပြန်ထားသည်။
▪️ ယနေ့ ဇူလိုင်လ (၃၀) ရက် နံနက်ပိုင်းကရုရှားနိုင်ငံ၊ ကမ်ချတကျွန်းဆွယ်အနီးတွင် လှုပ်ခတ်ခဲ့သည့် ပြင်းအား ၈ ဒသမ ၇ မဂ္ဂနီကျုရှိသည့် ငလျင်ကြောင့် ဂျပန်နိုင်ငံ မိုးလေဝသနဌာနက ဂျပန်ကမ်းရိုးတန်းတလျှောက် ဟိုကိုင်းဒိုးပြည်နယ်မှ ဝါကာယာမပြည်နယ်အထိ ဆူနာမီသတိပေးချက် ထုတ်ပြန်ထားရာအဆိုပါဒေသတွင် နေထိုင်သည့် မြန်မာနိုင်ငံသားများအနေဖြင့် သတိပေးချက်များကို အလေးထားနားစွင့်ပြီး ကုန်းမြင့်ဒေသများတွင် နေထိုင်ကြရန်နှင့် ဆူနာမီ သတိပေးချက် ရုပ်သိမ်းခြင်းမပြုမီ ကမ်းရိုးတန်းဒေသများသို့ သွားလာခြင်းအား ရှောင်ရှားကြရန် အသိပေးနှိုးဆော်ထားခြင်းဖြစ်သည်။
#YMG/SW #Yangon_Times
မြန်မာနိုင်ငံနဲ့ အိန္ဒိယနိုင်ငံအကြားမြန်ဆန်စွာ အကျိုးဖြစ်ထွန်းစေမည့် စီမံချက်( Quick Impact Project) များ အကောင်အထည်ဖော်ရေးဆိုင်ရာသဘောတူစာချုပ် သက်တမ်းတိုးမြှင့် စာချွန်လွှာလဲလှယ်ခြင်းနှင့် မြန်မာ-အိန္ဒိယနယ်နိမိတ်မြေပုံ (၃၆) ချပ်အား နှစ်နိုင်ငံက အခွင့်အာဏာလွှဲအပ်ထားသော ကိုယ်စားလှယ်များအဆင့် လက်မှတ်ရေးထိုးခြင်းအခမ်းအနားကို နေပြည်တော်ရှိနိုင်ငံခြားရေးဝန်ကြီးဌာန၌ ယမန်နေ့က ပြုလုပ်ခဲ့ပါတယ်။
#Local_News
Published 30 July 2025
#Quick_Impact_Project #မြန်မာနှင့်အိန္ဒိယ
#YMG/SW #Yangon_Times
#World_News
Published 30 July 2025
▪️ ရုရှားအရှေ့ဘက်စွန်းစွန်း ကမ်ချက်ကာကျွန်းဆွယ်မှာ ဗုဒ္ဓဟူးနေ့က ပြင်းအားအဆင့် ၈.၈ ရှိတဲ့ မြေငလျင်လှုပ်ခတ်ခဲ့တာကြောင့် ၁၃ ပေလောက်မြင့်တဲ့ ဆူနာမီလှိုင်းတွေ ဖြစ်ပေါ်ခဲ့ပြီး အဆောက်အဦများ ထိခိုက်ပျက်စီးကာ ပစိဖိတ်သမုဒ္ဒရာတလျှောက် ဒေသတွေမှာ ထွက်ပြေးတိမ်းရှောင်ဖို့ အရေးတကြီးသတိပေးခဲ့ရပါတယ်။
▪️ ဝေးလံတဲ့ ရုရှားဒေသမှာ လူအများအပြား ဒဏ်ရာရခဲ့ပြီး ဂျပန်အရှေ့ဘက်ပင်လယ်ပြင်အများစုမှာ ထွက်ပြေးတိမ်းရှောင်ဖို့ ညွှန်ကြားခဲ့ကြပါတယ်။
▪️ ဒီမြေငလျင်က ဆယ်စုနှစ်တွေအတွင်း အပြင်းထန်ဆုံးဖြစ်တယ်လို့ ကမ်ချက်ကာ အုပ်ချုပ်ရေးမှူး ဗလာဒီမာဆိုလိုဒေါ့ဗ်က Telegram မှာ ဗီဒီယိုတင်ထားပါတယ်။
▪️ ကမ်ချက်ကာမှာ အမြင့် ၁၀-၁၃ ပေလောက်ရှိတဲ့ ဆူနာမီဖြစ်ပေါ်ခဲ့တယ်လို့လည်း အရေးပေါ်ဒေသတွင်းဝန်ကြီး ဆာဂေးလက်ဘီဒက်ဗ်ကပြောကာ ကမ်းရိုးတန်းတလျှောက်မှ လူတွေကို ရွှေ့ပြောင်းခိုင်းထားပါတယ်။
▪️ အမေရိကန်ဘူမိစစ်တမ်း ထုတ်ပြန်ချက်အရ ငလျင်ဟာ ပက်ထရိုပက်ဗ်လော့ဗ်ကမ်ချက်စကီ အရှေ့တောင်ဘက် ၁၁၉ ကီလိုမီတာမှာ ဗဟိုပြုကာ မြေမျက်နှာပြင်အောက် ၁၉.၃ ကီလိုမီတာအထိ ရှိခဲ့ပါတယ်။
▪️ ဂျပန်မိုးလေဝသဌာနက ဆူနာမီလှိုင်းတွေ ၁၀ ပေလောက်အထိ မြင့်တက်လာနိုင်တယ်လို့ သတိပေးထားပြီး အစိုးရက ထွက်ပြေးတိမ်းရှောင်ရန် ညွှန်ကြားထားကြောင်း ဂျပန် NHK သတင်းဌာနက ဖော်ပြထားပါတယ်။
▪️ ပစိဖိတ်တလျှောက် ကမ်းရိုးတန်းဒေသတွေမှာ ဆူနာမီလှိုင်းလေးတွေ ဖြစ်ပေါ်နိုင်တယ်လို့ အမေရိကန် ဆူနာမီသတိပေးစနစ်က ဖော်ပြထားပါတယ်။
▪️ ဟာဝိုင်အီမှာ မြေနိမ့်ပိုင်းကလူတွေကို အမြင့်ပိုင်းထံ ရွှေ့ပြောင်းကြဖို့ သတိပေးထားပါတယ်။
▪️ ထိခိုက်ဒဏ်ရာရသူတွေရှိပေမယ့် ယခုထက်ထိ ပြင်းထန်စွာထိခိုက်ခြင်းမရှိသေးဘူးလို့ ဒေသတွင်းကျန်းမာရေးဝန်ကြီး အိုလက်မယ်နီကော့ဗ်က ပြောသွားပါတယ်။
#Source: Reuters
#World_Science
Published 30 July 2025
▪️ လေဆိပ်တွေအနီး လေယာဉ်ပျံများကို စောင့်ကြည့်စစ်ဆေးတဲ့ လေဆိပ်ရေဒါတွေက ဂြိုဟ်သားတွေနဲ့ အဆင့်မြင့်သက်ရှိအဖွဲ့အစည်းတွေထံ ကမ္ဘာမြေရဲ့တည်နေရာကို ဖော်ထုတ်နေနိုင်ဖွယ် ရှိတယ်လို့ လေ့လာချက်အသစ်တစ်ခုမှာ တွေ့ရှိထားပါတယ်။
▪️ ဒီရေဒါတွေကနေ လျှပ်စစ်သံလိုက်စွမ်းအင်တွေကို အာကာသထဲထံ ထွက်ရှိစေနိုင်ပြီး အလင်းနှစ် ၂၀၀ လောက်ကနေ ဖမ်းယူရရှိနိုင်ပါတယ်။
▪️ ဒီတွေ့ရှိချက်ကို ၂၀၂၅ တော်ဝင်နက္ခတ္တအဖွဲ့အစည်းရဲ့ အမျိုးသားနက္ခတ္တအစည်းအဝေးမှာ ထုတ်ဖော်ခဲ့တာ ဖြစ်ပါတယ်။
▪️ ဒီအဖွဲ့က သရုပ်ဖော်ပုံစံတူ ပြုလုပ်ပြီး ရေဒါအချက်ပြတွေကို နားလည်အောင် လေ့လာခဲ့ပါတယ်။
▪️ ရေဒါတွေကနေ ထုတ်လွှတ်လိုက်တဲ့ အချက်ပြချက်တွေကို အဝေးကြည့်မှန်ပြောင်းတွေကနေ ဖမ်းယူရရှိခဲ့ရာ ကမ္ဘာနဲ့ အလင်းနှစ် ၂၀၀ လောက်ဝေးကွာတဲ့ အနေအထားကနေ ဖမ်းယူနိုင်ပါတယ်။
▪️ စစ်တပ်ရေဒါစနစ်တွေကထွက်တဲ့ အချက်ပြတွေဆိုရင် ပိုပြီးတောင် စွမ်းအားကြီးပြီး အာကာသထဲကနေဆိုရင် အဆတစ်ရာလောက် ပိုများနိုင်ပါတယ်။
▪️ ရေဒါအချက်ပြတွေက ဉာဏ်ရည်မြင့်သက်ရှိတွေရဲ့ သဘောလက္ခဏာ ဖြစ်နိုင်တယ်လို့ သုတေသီအဖွဲ့က ကောက်ချက်ချလိုက်ပါတယ်။
▪️ အာကာသထဲမှာ အချက်ပြစနစ်တွေ ဘယ်လိုဖြတ်သန်းလဲဆိုတာ လေ့လာခြင်းဖြင့် အနာဂတ်မှာ ရေဒီယိုရောင်ဖြာတန်းတွေကို ဘယ်လိုကာကွယ်ရမလဲဆိုတာ သိရှိလာနိုင်ကြောင်း မန်ချက်စတာတက္ကသိုလ်မှ မိုက်ကယ်ဂါရက်က ပြောပါတယ်။
#Source: WION
#Local_News
Published_30 July 2025
▪️ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၌ PDF အဖွဲ့က “DENKO” စက်သုံး ဆီဆိုင်ကို ဓားပြဝင်တိုက်လုယက်ကာ ဝန်ထမ်းနှစ်ဦးအား ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။
▪️ ဇူလိုင်လ ၂၈ ရက်နေ့ ညနေ ၅ နာရီတွင် ညောင်ဦးမြို့နယ်၊ တောင်ဘကျေးရွာအနီး ညောင်ဦး-ကျောက်ပန်းတောင်းကားလမ်းဘေးရှိ “DENKO” စက်သုံးဆီဆိုင်သို့ PDF အဖွဲ့ အင်အားခြောက်ဦး (စိစစ်ဆဲ)က ဆိုင်ကယ် သုံးစီးဖြင့် ရောက်ရှိလာပြီး ဆီဆိုင်ဝန်ထမ်းများထံမှ လက်ကိုင်ဖုန်း ၄ လုံး၊ ရွှေနားကပ် ၂ ရံ၊ ဆိုင်ကယ် ၂ စီး၊ ဆီရောင်းချရငွေ ၅ သိန်းကျပ်နှင့် ဆီဖြည့်ရန် ရောက်ရှိနေသည့် ညောင်ဦးမြို့နယ်၊ ဘုန်းတော်ကျေးရွာနေ ဦးစန်း ယု(၃၈)နှစ်၏ HONDA Fit အမျိုးအစား အဖြူရောင် မော်တော်ယာဉ်တစ်စီးတို့ကို လုယက်ယူဆောင်ကာ ဆီဆိုင်ဝန်ထမ်းများအနက် ဆီဆိုင်မန်နေဂျာ ဖြစ်သူ ညောင်ဦးမြို့၊ အမှတ်(၅)ရပ်ကွက်နေ ဦးဝင်းမြင့်ထွန်း (ခ)ဦးညီညီထွန်း(၄၀)နှစ်နှင့် ဒုမန်နေဂျာ ဖြစ်သူ ညောင်ဦးမြို့နယ်၊ တောင်ဘကျေးရွာနေ ဦးဆန်းလွင်ဦး (၄၂)နှစ်တို့နှစ်ဦးအား ဖမ်းဆီး ခေါ်ဆောင်၍ ညောင်တိုကျေးရွာဘက်သို့ ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။
▪️ ယင်းသတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က နယ်မြေရှင်းရေးလုပ်ငန်းများလိုက်လံ ဆောင် ရွက်နေစဉ် အဆိုပါစက်သုံးဆီဆိုင်၏ အနောက်တောင်ဘက် ၅ မိုင်ခန့်အကွာ ကန်ပေါက်(အရှေ့)ကျေး ရွာနှင့် ကျောက်ကန်ကျေးရွာ ကြားအရောက် PDF အမည်ခံ အကြမ်းဖက်သမားလေးဦး(စိစစ်ဆဲ)က လက်နက် ငယ် များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်ရှင်းလင်းခဲ့ရာ PDF နှစ်ဦး အား MA-13 သေနတ် ၁ လက်၊ ၎င်းကျည် ၁၀ တောင့်၊ ကျည်အိမ် ၁ ခု၊ MA- 1 သေနတ် ၁ လက်၊ ၎င်းကျည် ၁၀ တောင့်နှင့် ကျည်အိမ် ၁ ခုတို့နှင့်အတူ အသေပစ်ခတ် ဖမ်းဆီးရမိခဲ့ပြီး ကျန်အကြမ်းဖက်သမားနှစ်ဦးမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း သိရသည်။
▪️ ယခုအခါ ၎င်းတို့ကို ဖမ်းဆီးရမိနိုင်ရေး ညောင်ဦးမြို့မရဲစခန်း၌ (ပ)၆၂/၂၀၂၅၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀(ခ) ဖြင့် အမှုဖွင့်ဆောင်ရွက်ထားရှိပြီး ဖမ်းဆီးခံရသူများအား ပြန်လည်ကယ်တင်နိုင်ရေးနှင့် အကြမ်းဖက်လုယက်ယူဆောင်သွားသည့် ပစ္စည်းများ ပြန်လည်သိမ်းဆည်းရရှိရေးအတွက် လုံခြုံရေး တပ်ဖွဲ့ ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#Yangon_Times/PP
#World_Health
Published 30 July 2025
▪️ ဝက်ရူးပြန်ခြင်း၊ အာရုံကြောနာကျင်ခြင်း၊ ခြေထောက်ကဏာမငြိမ်ခြင်းတို့ကို ကုသရာမှာ အသုံးပြုတဲ့ ဂါဘာပန်တင်ဆေးဟာ ဦးနှောက်နဲ့ အာရုံကြောတို့ရှိ ဓာတုသတင်းပို့ပစ္စည်းများကို သက်ရောက်စေပါတယ်။
▪️ ဘေးထွက်ဆိုးကျိုးအနေနဲ့ မူးဝေခြင်း၊ ငိုက်မျဉ်းခြင်း၊ ခေါင်းကိုက်ခြင်း၊ အော့အန်ခြင်းတို့ ဖြစ်နိုင်သလို ခါးအောက်ပိုင်းနာခြင်းအတွက် အသုံးပြုနေတဲ့သူတွေမှာ ဒီမန်ရှာရောဂါနဲ့ အသိဉာဏ်ချို့ယွင်းခြင်းတို့ ဖြစ်နိုင်ခြေ သိသိသာသာ များစေနိုင်ကြောင်း ကလိဗ်လန်း ကေ့စ်ဝက်စ်တန်းရီဆာ့တက္ကသိုလ်မှ သတိပေးထားပါတယ်။
▪️ သုတေသီတွေက ၂၀၀၄ မှ ၂၀၂၄ အတွင်း ခါးအောက်ပိုင်းနာကျင်လို့ ဂါဘာပန်တင် အသုံးပြုသူ ၂၆,၄၀၀ ကျော်နဲ့ အသုံးမပြုသူ ၂၆,၄၀၀ ကို လေ့လာခဲ့ကြပါတယ်။
▪️ ထိုအခါမှာ ဂါဘာပန်တင် ၆ ကြိမ်နဲ့အထက် ဆေးညွှန်းသောက်သုံးသူတွေက ဒီမန်ရှာဖြစ်နိုင်ခြေ ၂၉ ရာခိုင်နှုန်ပိုများတာ တွေ့ရပါတယ်။
▪️ ဒါ့အပြင် ခါးကိုက်ခါးနာဝေဒနာဖြစ်တဲ့ ၁၀ နှစ်အတွင်း ဦးနှောက်အသိဉာဏ်ချို့ယွင်းမှုလည်း ဖြစ်နိုင်ခြေ ၈၅ ရာခိုင်နှုန်း ပိုများနေပါတယ်။
▪️ ၁၂ ကြိမ်နဲ့အထက် ဆေးညွှန်းသောက်သုံးရသူတွေက ၃ ကြိမ်မှ ၁၁ ကြိမ်အောက် အသုံးပြုသူတွေထက် ဒီမန်ရှာ ၄၀ ရာခိုင်နှုန်းနဲ့ ဦးနှောက်အသိဉာဏ်ချို့ယွင်းခြင်း ၆၅ ရာခိုင်နှုန်း ပိုများနေပါတယ်။
▪️ ၁၉၉၃ ခုနှစ်မှာ အမေရိကန် အစားအစာနဲ့ ဆေးဝါးကွပ်ကဲရေးက အသက် ၁၂ နှစ်အထက် ဝက်ရူးပြန်လူနာတွေမှာ လက္ခဏာထိန်းချုပ်နိုင်ဖို့ ဂါဘာပန်တင်ကို အသိအမှတ်ပြုပေးခဲ့ပါတယ်။
▪️ ဒီလေ့လာချက်က ဂါဘာပန်တင်အသုံးပြုတဲ့သူတွေမှာ ဦးနှောက်အသိဉာဏ် ကျဆင်းလာနိုင်ခြေကို သေချာစောင့်ကြည့်ဖို့ အားပေးရာရောက်ပါတယ်။
▪️ ဒီပြဿနာလျှော့ချနိုင်ဖို့ ကျန်းမာရေးညီညွတ်သော အစားအစာ၊ ပုံမှန်လေ့ကျင့်ခန်း၊ လူမှုပေါင်းသင်းရေး၊ စီးကရက် အရက်သေစာဖြတ်ခြင်းတို့ ပြုလုပ်နိုင်ပါတယ်။
#Source: New York Post
YANGON, July 29, 2025 – Myanmar's State Administration Council (SAC) today enacted a new law that mandates the death penalty for anyone causing a fatality while obstructing, hindering, or destroying the election process.
The law, officially titled "Law on Protecting Multi-Party Democratic General Elections from Obstruction, Hindrance, and Destruction," is designated as SAC Law No. 48/2025.
Section 27 of the law explicitly states: "If any offense under this Law results in the death of an individual, all participants in the offense shall be sentenced to death."
The law prohibits any individual from causing the failure of the multi-party democratic general election processes, or any part thereof, by speaking, saying, organizing, inciting, protesting, or distributing written materials through any means.
Furthermore, the law forbids direct or indirect actions such as threatening, obstructing, or using undue influence, or voluntarily causing hurt or grievous hurt, with the intent to:
▪️Prevent a voter from casting their ballot.
▪️Prevent a presiding officer, polling station member, or any person assigned by the commission or sub-commission from performing their duties.
▪️Prevent any election commission or sub-commission member from performing their duties.
▪️Prevent a parliamentary (Hluttaw) candidate from campaigning in accordance with the law.
The law also prohibits anyone from willfully destroying, damaging, or causing loss to ballot papers, ballot boxes, voting machines, equipment, and accessories by any means.
Additionally, it bans the destruction, damage, or causing of loss to election commission offices, sub-commission offices, polling stations, buildings used as polling stations, or buildings where ballot papers, ballot boxes, voting machines, equipment, and accessories are stored, by any means.
The law further stipulates that anyone who attempts to commit any offense under this law, conspires to commit it, or aids and abets in its commission shall be liable to the same penalty prescribed for the original offense.
Under this law, penalties range from a minimum of three years imprisonment to a maximum of the death penalty, depending on the offense committed.
Multi-party democratic general elections are planned to be held in Myanmar between December of this year and January 2026. Some organizations and individuals have openly stated their intent to disrupt the elections.
#ymg/knl
Page 94 of 1815